ကူးရီ…မင်း….
Vol. 12 Ch. 161
အက်တမ်က ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ ဖန့်ကြွယ်ယွီက ဘာမှမလုပ်လိုက်ဘဲနှင့် ကျည်အိမ်ထဲက ကျည်ဆန်ကို အမှုန့်ချေခဲ့သည်။ဒါဆို သူ့အတွက် အက်တမ်ကို သတ်ဖို့ဆိုတာ အလွယ်လေးမဟုတ်ပါလော။
“ဘာတွေဖြစ်နေတာလဲ။မင်းပြောတော့ သူကစွမ်းအားရှင်မဟုတ်ဘူးဆို”
အက်တမ်က သူ၏နောက်မှာရှိနေသော စွမ်းအားရှင်အုပ်စုလိုက်ကိုကြည့်နေသည်။ ဖန့်ကြွယ်ယွီ သုံးလိုက်သောအစွမ်းက သာမန်မဟုတ်ပေ။
“ဒါပေမဲ့ မစ္စတာအက်တမ်..စွမ်းအားတွေလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတဲ့ အရိပ်အယောင်တစ်ခုမှမမြင်ရဘူးလေ”
စွမ်းအားရှင်ခြောက်ဦးလည်း ဝေခွဲမရဖြစ်နေသည်။ သူတို့က မရိပ်မိအောင် ဘယ်လိုများ
အစွမ်းကိုထုတ်သွားသနည်း။
SSSအဆင့်စွမ်းအားရှင်တောင်မှ ထိုအစွမ်းကို မသုံးနိုင်ဘူး မဟုတ်ပါလော။
“ငါ မင်းကိုပြောသားပဲ။ မင်း မကြာခင်သိလာရပါမယ်လို့။အခုတော့ ယုံပြီမဟုတ်လား”
စွမ်းအားရှင်ခြောက်ဦးက အက်တမ်၏ဘေးနားမှာ အသင့်အနေအထားဖြင့် ဝိုင်းရံလိုက်ကြသည်။ထိုလူက မည်မျှပင် အစွမ်းထက်နေစေကာမူ သူတို့၏ ကာကွယ်မှုကို ဖောက်ထွက်ပြီး
အက်တမ်ကိုသတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
“ကူးရီ..ထွက်လာတော့။ သူတို့ကို ထပ်မခြောက်နဲ့တော့။ အက်တမ်က ကြောက်စိတ်ကြောင့် နှလုံးခုံရပ်ပြီး သေသွားရင် ငါ့လောင်းကြေးရှုံးနေဦးမယ်။ ငါ့သိက္ခာတော့အကျခံလို့မရဘူးလေ”
“ဪ မေ့နေလိုက်တာ။ ဒီခြောက်ယောက်ကို အရင်ရှင်းလိုက်”
သူ့စကားဆုံးသည်နှင့် အက်တမ်နှင့် စွမ်းအားရှင် ၆ ဦးရပ်နေသော နေရာတွင် ကြက်သွေးရောင် စက်ဝိုင်းတစ်ခုပေါ်လာသည်။
“ဟာ ဒီအကွက်ကမိုက်လှချည်လား”ကူးရီက ဒီအကွက်ကို တစ်ခါမှမသုံးဖူးပေ။ ကူးရီက တကယ့်ကိုအစွမ်းထက်တာပါပဲလား။
ရုတ်တရက်ဆိုသလို ထိုစက်ဝိုင်းထဲမှ လက်ခြောက်ချောင်းပေါ်လာပြီး စွမ်းအားရှင်ခြောက်ဦးကို အပေါ်သို့မြင့်မြင့်ရောက်အောင် မလိုက်သည်။
ထိုခြောက်ယောက်က အသားကုန်ကြိုးစားရုန်းကန်သော်လည်း အချည်းအနှီးပင်ဖြစ်သည်။ သူတို့ မည်မျှပင်ကြိုးစားစေကာမူ ထိုလက်များထဲမှ မလွတ်မြောက်ပေ။
လက်များမှ ထွက်လာသော စူးရှရှလက်သည်းရှည်ကြီးများက သူတို့၏ အစွမ်းကို ဝါးမျိုနေသလို ခံစားရသည်။
ဘယ်လိုအစွမ်းပါလိမ့်?
SSSအဆင့် စွမ်းအားရှင်တောင်မှ ထိုအစွမ်းမျိုးကို ထုတ်သုံးတာမတွေ့ဖူးပေ။
အော်ဟစ်ငြီးတွားသံများကြားတွင် စွမ်းအားရှင်ခြောက်ဦးက အင်အားများကုန်ခမ်းသွားသဖွယ်ခံစားရသည်။ အဆုံးသတ်တွင် အလောင်းတောင်မကျန်ဘဲ သူတို့ဝတ်ဆင်ခဲ့သော အဝတ်အစားများသာကျန်နေသည်။
“မစ္စစကားလက် မကြောက်ပါနဲ့။ သူက ငါ့ရဲ့သက်တော်စောင့်ပါ”
ကူးရီက အစွမ်းများက ထူးခြားအံ့ဩဖွယ်ကောင်းရုံသာမက အလွန်အမင်းကြောက်စရာကောင်းပေသည်။
“ယန်ရွှမ်းယင်..ဒါတွေက မင်းသက်တော်စောင့်က လုပ်လိုက်တာလား”ဟု စကားလက်က တအံ့တဩဖြစ်ပြီး မေးတော့သည်။
“သခင်လေး..ဒီလူနဲ့ နောက်ထပ်လူ ၁၄ယောက်က ဒီအိမ်ထဲမှာရှိနေပါတယ်။ အားလုံးကို ကြည့်ပြီးစီစဉ်လိုက်ပါ့မယ်”
ကူးရီက သူ့အနောက်မှာရပ်ပြီး အရိပ်တစ်ခုလို ကာကွယ်ပေးနေသည်။
“မင်း အစွမ်းအစတွေက တယ်မိုက်သကိုး” ဟု ဖန့်ကြွယ်ယွီက ချီးမွမ်းခန်းဖွင့်သည်။
“ကျွန်တော့်ရဲ့ပါရမီ၊ အတွေ့အကြုံနဲ့ ကြိုးစားမှုတို့ကြောင့် ဒီလိုလုပ်နိုင်တာပါ”ဟု ကူရီးက
ပြန်ဖြေသည်။ သို့သော် သူတစ်ခါမှ မမြင်ဖူးသော အစွမ်းကို ကူးရီးကသုံးနိုင်သည်မှာ သူ့အကြောင်းနှင့်သူရှိရမည်။
“မစ္စစကားလက် နောက်မှ ဆက်ပြောတာပေါ့ဗျာ”
ဖန့်ကြွယ်ယွီက ဝိုင်ခွက်ကိုချပြီး အက်တမ်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ ထိုအချိန်တွင် အက်တမ်ကသွေးပျက်မတတ် ကြောက်လန့်နေသည်။
ကူးရီသုံးလိုက်သော နည်းလမ်းက သူ့ကို မထိခိုက်သော်လည်း သူ့ဘဝမှာတစ်ခါမှ မကြုံဖူးပေ။
“မစ္စတာအက်တမ်..ဒီနေ့လေလံပွဲကို ငါ တက်လာခဲ့တာက ပစ္စည်းကောင်းလေးတွေတွေ့ရင်ဝယ်မယ်။ ပိုက်ဆံကို လိုသလောက်သုံးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိတာ။ မင်းကို ပြသနာရှာဖို့ ရည်ရွယ်ချက်မရှိဘူး။ အဲ့တာကို မင်းဘာကြောင့် ငါ့ကိုဒုက္ခပေးချင်ရတာလဲ”
“ငါက လာဒီးနစ် မိသားစုဝင်လည်းမဟုတ်။ စစ်တပ်ကလည်း မဟုတ်ဘဲနဲ့ အဲ့အခန်းထဲ ဘာကြောင့်ရောက်နေလဲဆိုတာ သိချင်နေမှာပေါ့”
အက်တမ်က ခေါင်းထောင်လာသည်။ ယခုအချိန်မှာ သူက တရုတ်လူမျိုးဖြစ်သည်ဆိုသောအချက်လွဲပြီး ကျန်သောအချက်များ တစ်ခုမှမသိပေ။
“တကယ်တော့ ပြောလည်းဘာမှမဖြစ်ပါဘူး။ လာဒီးနစ်တစ်မိသားစုလုံးက ငါ့ရဲ့ အစေခံတွေလေ။သူတို့မိသားစု ပိုင်ဆိုင်သမျှအရာအားလုံးကို ငါပိုင်တယ်ပဲဆိုပါတော့”
“ဘာ ဘယ်လို..”လုံးဝယုံကြည်ဖို့ ခဲယဉ်းသော အကြောင်းအရာတစ်ခုကို သူ့နားနှင့် ဆက်ဆက်ကြားလိုက်ရသည်။
လာဒီးနစ်မိသားစုဆိုသည်မှာ ဥရောပတစ်ခွင် ဖိတ်ဖိတ်တုန်အောင် ကြောက်ရသော ဩဇာတိက္ကမကြီးမားသည့် မိသားစုတစ်စုဖြစ်သည်။တစ်ကမ္ဘာလုံးအနေအထားအရကြည့်လျှင် ထိပ်သီးမိသားစုဟု သတ်မှတ်နိုင်သည်။
သို့သော် သူ့ရှေ့မှာရှိနေသော ထိုကောင်လေးက လာဒီးနစ်မိသားစုက သူ၏အစေခံဟုဆိုနေသည်။ဒါက ဘယ်လိုဟာသမျိုးပါလိမ့်။
“ဟား ဟား ဟား မင်းအတော်နောက်တဲ့ကောင်ပဲ”
“မယုံဘူးပေါ့။ ဟုတ်ပြီလေ။ ကော့တ် ဝင်လာခဲ့ပါဦး”
“ကျွီ” တံခါးပွင့်လာသောအခါ အခြားကိစ္စများပြီးစီးသဖြင့် အခန်းရှေ့မှာစောင့်နေသော ကော့်တ်ကိုတွေ့ရသည်။
“လာဒီးနစ်မိသားစုတံဆိပ်ပါလား”
ကော့တ်၏ ဝတ်စုံပေါ်တွင် တပ်ဆင်ထားသော တံဆိပ်ကိုတွေ့ကြရသည်။ ထိုတံဆိပ်ကို ဥရောပတစ်ခွင်တွင် လာဒီးနစ်မိသားစုသာ သုံးပိုင်ခွင့်ရှိသည်။
“မင်းကလာဒီးနစ်မိသားစုကလား” ဟုအက်တမ်ကမေးသည်။
“အက်တမ်..မင်းတကယ့်ကို ရူးတယ်လို့ ငါပြောပါရစေ။ လူကြီးမင်းက မင်းကိုဒုက္ခပေးဖို့ ရည်ရွယ်ချက်မရှိဘူး။ဒါပေမဲ့ မင်းကသူ့ကို ဒုက္ခရောက်အောင်တွန်းပို့နေတာ။ မင်းတကယ်ပဲ ဥရောပမှာ နေရတာပျင်းလာလို့ ကိုယ့်သေတွင်းကိုယ်တူးတာလား”ဟု ကော့တ်က မေးသည်။
“သူက တကယ်ပဲလုပ်တော့…”
“မစ္စစကားလက်..ဒီက မြန်မြန်သွားကြမယ်။ သိပ်မကြာခင် ဒီနေရာမှာ သွေးချောင်းစီးတော့မှာ”
စကားလက်ကဘာမှ မပေးနိုင်ဘဲ ဖန့်ကြွယ်ယွီ၏နောက်ကို
လိုက်လာခဲ့သည်။
“ကူးရီ..ငါမှာထားတာမမေ့နဲ့။ သူ့အမှားသူပြန်မြင်ပါစေ”
ဟုဆိုကာ အခန်းထဲက ထွက်လာသည်။
“မစ္စစကားလက်..ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့။ နှုတ်ဆက်ပါတယ်”
“ဂုဏ်ယူပါတယ် သခင်လေးရဲ့ဘဏ်အကောင့်ထဲကို အရံနိုင်ငံခြားငွေအဖြစ် ယူရို ၂၁၀ဘီလီယံ ဝင်လာပါတယ်။ ခုဆို သခင်လေးပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၆၆၆.၆ ဘီလီယံ ဖြစ်သွားပါပြီ”
“ဘယ်လိုကြီး။ အခုလေးတင် ဘီလီယံ ၁၀၀ကျော်သုံးလိုက်တာလေ။ ဒီလောက်သုံးနေတာကို ဘာလို့ ပိုက်ဆံက တဖြည်းဖြည်းတိုးလာတာလဲ”
“သခင်လေး..အက်တမ်ရဲ့ ပိုင်ဆိုင်မှုတွေကို ကူးရီကနေတစ်ဆင့် ကော့တ်ကို လွှဲပေးခဲ့တာပါ။ ကနဦးတွက်ချက်မှုအရဆို ပိုင်ဆိုင်မှုတွေက ယူရို ၂၁၀ဘီလီယံကျော်ရှိပါတယ်။ ပိုင်ဆိုင်မှုတွေက ဥရောပမှာရှိတာမို့ လာဒီးနစ်မိသားစုကပဲ စီမံခန့်ခွဲမှာပါ”
“ဒါဆို ဘာလို့ ငါ့အကောင့်ထဲဝင်လာတာလဲ”
“ဘာလို့လဲဆိုတော့ ကူးရီစီမံရတဲ့ အရာတွေက တရုတ်ဘက်ခြမ်းက ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ပါတယ်”
“ကဲ ငါတော့ ပိုက်ဆံကိုလွယ်လွယ်ကူကူသုံးဖြုန်းနိုင်ဖို့ ဖြစ်နိုင်ပါတော့မလား။ ကူးရီ မင်းအတော်နှောင့်ယှက်တာပဲ”