← Chapters

ပုန်ကန်မှုများ ပေါ်လာလေပြီ

Vol. 12 Ch. 165

ပုန်ကန်မှုများ ပေါ်လာလေပြီ

Vol. 12 Ch. 165

“ကြိုဆိုပါတယ် သခင်လေး”ဟု မိုခီက ခရီးဦးကြိုပြုချိန်တွင် ကျန်သောမိသားစုဝင်များလည်း တညီတညာတည်း အရိုအသေပေးကြသည်။သူတို့၏ စိတ်ထဲမှာ ဖန့်ကြွယ်ယွီအား သခင်လေးဟု မသတ်မှတ်ချင်သော်ငြား လာဒီးနစ်မိသားစု၏ လက်ရှိခေါင်းဆောင် အစ်ပိုကိုယ်တိုင် လက်ခံထားတာမို့ သူတို့လည်း မတတ်သာတော့ဘဲ တရိုတသေဆက်ဆံကြရသည်။

“ခုက ဘယ်ခေတ်ရောက်နေလို့ သခင်လေးလို့ ခေါ်နေကြဦးမှာလဲ” ဖန့်ကြွယ်ယွီက လက်ကာပြသည်။ သူ့ကို ကျွမ်းရီနှင့် ကူးရီတို့က သခင်လေးဟု တောက်လျှောက်ခေါ်ဝေါ်နေကြသည်။ နာမည်က အခေါ်အဝေါ်တစ်ခုသာဖြစ်ပြီး လေးစားမှုကတော့ ရင်ထဲမှလာရမည်မဟုတ်လား။

“သခင်လေး..ဒါက လာဒီးနစ်မိသားစုလိုက်နာရမယ့် ကျင့်ဝတ်တွေပါ။ အသက်အရွယ် ကြီးတာငယ်တာ ကျား/မဖြစ်တာဆိုပြီး မခွဲခြားပါဘူး။ ငါတို့အဖေက ဒီမှာရှိနေလည်းသခင်လေးလို့ ခေါ်ဝေါ်နေဦးမှာပဲ”

“မိုခီက မဆိုးဘူးပဲ။ငါ့အပေါ်တော့ရိုသေသားပဲ” ဟု ဖန့်ကြွယ်ယွီ၏ စိတ်ထဲမှာကောက်ချက်ချမိသည်။ မိုခီက အပေါ်ယံဟန်ဆောင်ပြီးရိုသေတာမျိုးမဟုတ်ဘဲ စိတ်ထဲမှအမှန်တကယ် လေးစားသည်ဟု ခံစားမိသည်။

လာဒီးနစ်မိသားစု၏ အခုလက်ရှိခေါင်းဆောင် အစ်ပိုပြီးနောက် မိုခီကသာ ခေါင်းဆောင်ဖြစ်ထိုက်ပေသည်။ သူ့အစွမ်းအစကို မသိသော်လည်း သစ္စာရှိမှုက အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်သည်။

“မစ္စတာအစ်ပိုက ဆေးရုံတင်ရတယ်လို့ကြားတယ်။ အခုဘယ်လိုအခြေအနေရှိလဲ” ဟု ဖန့်ကြွယ်ယွီက သတင်းမေးသည်။

“ကျေးဇူးပါဗျာ။ အဖေက အသက်လည်းကြီးလာပြီလေ။ ငယ်တုန်းကရခဲ့တဲ့ ဒဏ်တွေပေါ့ဗျာ။ နည်းနည်းအေးလာပြီဆို အဖေ့အဆုတ်က နည်းနည်းအခြေအနေမကောင်းချင်တော့ဘူး။ ရောဂါဟောင်းတွေပြန်ပေါ်လာတဲ့ သဘောထင်ပါရဲ့”

အစ်ပိုသည် လျှို့ဝှက်စွမ်းအားရှင်တစ်ဦးဖြစ်သည်။ သူကကျန်းမာရေးကောင်းမွန်စွာနှစ်ပေါင်းများစွာရှင်သန် နေထိုင်သင့်သည်။

သူက ငယ်ရွယ်တုန်းမှာရခဲ့သည့်ရောဂါရှိသော်လည်း အသက်ရှစ်ဆယ်ကျော်လောက်မှာ အဆုတ်ရောဂါအဖြစ် ဘာကြောင့်များ ပြန်ပေါ်လာရသနည်း။

“သခင်လေး။ တစ်ခုခုတော့ မူမမှန်ဘူး။ လျှို့ဝှက်စွမ်းအားရှင်ရဲ့ ဆဲလ်တွေက ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို ခံနိုင်ရည်ရှိတယ်။ အကယ်၍ ဒဏ်ရာရပါစေဦးတော့ ဆဲလ်တွေရဲ့ အလိုအလျောက်ခုခံနိုင်စွမ်းက မလျော့သွားသင့်ဘူးလေ။ရာသီဥတုအပြောင်းအလဲကြောင့် နာမကျန်းဖြစ်တယ်ဆိုတာပိုလို့တောင်မဖြစ်သင့်သေးတယ်” ဟု ကူးရီက ဆိုသည်။

“ဒါဆို တစ်ခုခုလွဲမှားနေတယ်ဆိုတဲ့ သဘောလား”

“ခုချိန်မှာ ပြောဖို့ခက်သေးတယ်။ နည်းနည်းစောင့်ကြည့်ဖို့တော့လိုမယ် သခင်လေး”

“သခင်လေး အပြင်မှာနည်းနည်းအေးတယ်။ အရင်ဆုံး အိမ်ကိုသွားကြတာပေါ့”

ဟု ဆိုကာ မိုခီက ဦးဆောင်ပြီးခေါ်သွားသည်။

လာဒီးနစ်မိသားစု၏ စံအိမ်သည်မြို့သေးသေးလေးတစ်ခုကဲ့သို့ ဖြစ်ပြီး လေယာဉ်ကွင်းမှ အနည်းငယ်ကွာဝေးသော နေရာတွင် တည်ရှိသည်။

“အင်း” ဖန့်ကြွယ်ယွီနှင့်အတူ ကူးရီနှင့် ကျွမ်းရီတို့က အရှေ့ဆုံးကားမှာလိုက်ပါလာသည်။ ရီနိုနှင့် အီဗာလာက ဒုတိယကားမှာ လိုက်ပါလာပြီး မိုခီနှင့် နာရှာက တတိယကားတွင် လိုက်ပါလာသည်။

“အကိုကြီး..ဖန့်မိသားစု သခင်လေးက ဒီအချိန်မှရောက်လာတာ ဘာသဘောလဲ”အီဗာလာက စိတ်ထဲမအောင့်နိုင်တော့ပဲ မေးမိသည်။

ဖန့်ကြွယ်ယွီက သူတို့ဆီလာမည်ဟု သတင်းရသည့်နေကတည်းက အိပ်မပျော်သည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။

“မင်းက ဒီမေးခွန်းကို ငါ့ကိုလာမေးနေတယ်။ မင်းက ကော့တ်ကို ထိန်းသိမ်းထားလို့ သူရောက်လာတာများလား။ ငါတို့လာဒီးနစ်မိသားစုနဲ့ ဖန့်မိသားစုကြားက ဆက်သွယ်မှုတွေကို ကော့တ်ကနေတစ်ဆင့်သွားရတာလေ။ ငါတို့မိသားစုထဲမှာအချင်းများနေကြတယ်ဆိုတာ ကျွမ်းမိသားစုက မသိဘူးထင်နေလား”

“ဘာလို့ ငါ့ကိုအပြစ်ပြောနေရတာလဲ” အီဗာလာက ချက်ချင်းတုံ့ပြန်သည်။

“ငါတို့မိသားစုက ဖန့်မိသားစုကို နှစ်ပေါင်းများစွာ သိတတ်ခဲ့ပြီလေ။ ငါတို့ဘိုးဘေးတွေအပေါ် တင်နေတဲ့ ကျေးဇူးကြွေးတွေကို ဒီလောက်နှစ်ပေါင်းများစွာ အလုပ်အကြွေးပြုလာတာမို့ ကျေပြီလေ”

“အကိုကြီး..အဖေက သူငယ်နာပြန်နေတာ။ အကိုကြီးလည်း သူငယ်နာပြန်ချင်နေတာလား”

အီဗာလာက ပြောရင်းဆိုရင်း ဒေါသထွက်လာသည်။

“ဖန့်မိသားစုက ငါတို့လာဒီးနစ်မိသားစု အာဏာရှိဖို့အတွက်ဟိုးအရင်တုန်းက ငွေကြေးထောက်ပံ့ပေးတာအပြင် ဘာတွေများကူညီပေးခဲ့လို့လဲ။ ဒီနေ့ ဒီအချိန်ထိ ဒီနေရာမှာ လာဒီးနစ်မိသားစုဆိုပြီးရပ်တည်နေနိုင်တာ ငါတို့ အစွမ်းအစနဲ့ ငါတို့ပါ။ သူတို့က ဘာတွေများ ကူညီပေးခဲ့လို့လဲ ပြောပါဦး”

အက်တမ်ကို ရှင်းပစ်ပြီးနောက် လာဒီးနစ်မိသားစုအတွက် မက်လောက်ဖွယ်ပမာဏဖြစ်သော ယူရို ၂၀၀ဘီလီယံကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ကော့တ်က မိသားစုနှင့် တစ်ချက်တောင်မတိုင်ပင်ဘဲ ဖန့်ကြွယ်ယွီကို လွှဲပေးခဲ့သည်။

သူက ဖန့်မိသားစုဝင်မဟုတ်ပေ။ သူသည် လာဒီးနစ်မိသားစုဝင်ဖြစ်သည်။ အနည်းဆုံးတော့ ကိုယ့်မိသားစုအတွက် အရင်ဦးဆုံးထည့်စဉ်းစားပေးသင့်သည်မဟုတ်ပါလော။ ဖန့်မိသားစုအတွက် ထိုပမာဏသည် မက်လောက်ဖွယ်အနေအထားမဟုတ်ပေ။

ရီနိုက ဘာမှမပြောဘဲ အသံတိတ်နေသည်။ မိသားစုထဲမှာ အကြီးဆုံးဖြစ်တာမို့ သူ့ဘက်က တစ်ခွန်းတစ်ပါဒမှ မထွက်တာဖြစ်နိုင်သည်။သို့သော် ရီနိုကလည်း ထိုကဲ့သို့ တွေးမြင်သင့်သည် မဟုတ်ပါလော။

နှစ်ပေါင်းများစွာကြာပြီးနောက် လာဒီးနစ်မိသားစုသည် စီးပွါးရေးအရရော နိုင်ငံရေးအရပါ တန်ခိုးကြီးထွားလာသည်။ သူတို့၏ ပိုင်ဆိုင်မှုတစ်ခုတည်းနှင့်ပင် ယူရိုနှစ်ထရီလီယံကျော်ရှိသည်။ အသက် ၂၀အရွယ်ကောင်လေးကို ဟိုးယခင်ဘိုးဘွားများ၏ ခင်မင်မှုနှင့်လေးစားမှုကြောင့် ထားရှိခဲ့သော စည်းမျဉ်းအရ ဘာကြောင့်များ တရိုတသေဆက်ဆံသင့်သနည်း။

“အကိုကြီး.. သူ့ကို တစ်ဘဝလုံး သစ္စာစောင့်သိတဲ့ခွေးလို အစေခံမျိုး တစ်မိသားစုလုံးကို ဖြစ်စေချင်တာလား”

အီဗာလာက သူမ၏ အတွေးကို ပြောပြသည်။

“ဒါဆို ငါတို့ကဘာများတတ်နိုင်မှာမို့လို့လဲ” ရီနိုက သက်ပြင်းချသည်။

“ဟူးး ငါတို့ဘိုးဘေးတွေ သင်ပေးခဲ့တဲ့ စည်းကမ်းတွေကို မေ့ပစ်ရတော့မှာလား။ တရုတ်က ဖန့်မိသားစုအပေါ် သစ္စာမဖောက်နဲ့လို့ဆိုပြီး တဖွဖွမှာခဲ့ကြတာလေ။ ငါတို့ဘိုးဘေးတွေကို မလေးမစားပြုလုပ်ရာ ကျနေမလား”

“အကိုကြီးကခုထိ ခေတ်နောက်ပြန်ဆွဲနေတာပဲ။ တစ်မိသားစုလုံးကို တစ်သက်လုံးအစေခံဘဝကိုရောက် စေချင်တာလား”

“အစေခံ”ဟူသော စကားလုံးကိုကြားပြီး အသံတိတ်သွားသည်။ ဥရောပမှာ ဩဇာတိက္ကမကြီးမားသော လာဒီးနစ်မိသားစုက ဒီကောင်လေးရှေ့တွင် အစေခံသာသာပဲရှိတော့သည်။

“ဒါဆို နင်ဘာလုပ်ဖို့ စီစဉ်ထားလဲ” ဟု ရီနိုကမေးသည်။

“အကိုကြီးကို ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ အဖေဆေးရုံတက်ရတယ်ဆိုတာ ရောဂါကြောင့်မဟုတ်ဘူး။ ဇီဝအဆိပ်သင့်လို့ဖြစ်တာ။ အဲ့အဆိပ်က သူ့ကိုယ်ထဲက စွမ်းအင်တွေကို ဖျက်စီးပစ်ပြီး သာမန်လူထက်အားနည်းအောင် လုပ်ပစ်တာ”

“နင်..နင်လုပ်လိုက်တာလား” ကြားလိုက်ရသည့် စကားလုံးများကို ရီနိုအနေဖြင့် မယုံကြည်နိုင်ပေ။ သူ့ညီမလေးကို ဒီလောက်ထိ လုပ်ရက်မည်ဟု မထင်ပေ။

ဒါကြောင့် အမြဲလိုလိုကျန်းမာနေသော အစ်ပိုက ရုတ်တရက် အဆုတ်ရောဂါဖြင့် ဆေးရုံတက်လိုက်ရခြင်းဖြစ်သည်။

“အကိုကြီး..အဖေက ရှေးဘိုးဘေးတွေစကားကို တသွေမတိမ်းနားထောင်တာ အကိုကြီးအသိပဲလေ။ သူသာဆက်ရှိနေမယ်ဆို ငါတို့ ဒီမိသားစုကို ဘယ်လိုထိန်းချုပ်မလဲ။ အကိုလတ်နဲ့ အကိုငယ်ကလည်း သူ့လိုပဲလေ။ အဖေသာဆက်ရှိနေမယ်ဆို အကိုလေးက မိသားစုခေါင်းဆောင်ဖြစ်လာမှာ။ အကိုကြီးက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး”

ထိုစကားက ရီနို၏ အရှိုက်ကိုအထိနာစေသည်။

လာဒီးနစ်မိသားစု၏ ခေါင်းဆောင် အရိုက်အရာကို သားအကြီးဆုံးက ဆက်ခံရသည်မဟုတ်ပေ။ ရီနိုက စီးပွါးရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်သော်လည်း မိုခီက ကျန်မိသားစု(၆)ခုနှင့် ဆက်ဆံမှုအတွက် အဓိက တာဝန်ယူရသည်။ ဖန့်မိသားစုဝင်များ၏ လိုအပ်ချက်ကိုဖြည့်တင်းမှုအတွက်လည်း အမြဲလိုလို ဦးဆောင်ရသည်။

အစ်ပိုပြီးနောက် မိသားစုခေါင်းဆောင်နေရာကို ရီနိုရမည်မဟုတ်ဘဲ မိုခီက ရလိမ့်မည်ဟု ကျိန်းသေပေါက် ဆိုနိုင်သည်။

ရီနိုသည် ဖန့်မိသားစုဝင်များကို တရိုတသေ ဦးညွှတ်နှုတ်ဆက်နိုင်သည်။ ဒါ့အပြင် သူတို့နှင့် ဖန့်မိသားစုကြား တစ်ခါမှ ပဋိပက္ခဖြစ်ခဲ့တာမျိုးလည်းမရှိပေ။

မိသားစုခေါင်းဆောင် အရိုက်အရာအတွက်ရီနိုက အလွယ်တကူမစွန့်လွှတ်လိုပေ။

“ဒါဆို နင့်အကြံအစည်ငါ့ကိုပြောပြ”

All Chapters