← Chapters

လာဒီးနစ်မိသားစု

Vol. 12 Ch. 164

လာဒီးနစ်မိသားစု

Vol. 12 Ch. 164

“ညီလေးဖန့် ပြိုင်ပွဲက မကြာခင်စတော့မှာ။ မင်း မသွားခင် ဆီမီးဖိုင်နယ်ပွဲလေး ကြည့်သွားပါလား”

“ငါ့မှာအရေးကြီးကိစ္စလေးပေါ်လာလို့ပါ။ နောက်မှ ကြည့်တော့မယ်”

ရှောင်းရီက ပို့ပေးထားသော နည်းပညာညွှန်ကြားချက်နှင့်ဆို STTအသင်းက ZZအသင်းကို အနိုင်မရနိုင်ပေ။

“မင်းရဲ့ အသင်းသားတွေကို စိတ်အေးအေးထားပြီးကစားဖို့နဲ့ ငါပြန်လာတဲ့အချိန်ကျရင် တစ်ဖက်အသင်းက ငါတို့အသင်းအတွက် ဖိုင်နယ်ညကျရင် မိန်းကလေးလိုဝတ်စားပြီး အားပေးဖို့ မျှော်လင့်တယ်”

“ဟားဟုတ်ပါပြီကွာ။ မင်းလုပ်စရာရှိတာသာ ပြီးပြတ်အောင်လုပ်ခဲ့။ ဟုတ်ပြီလား။ သူတို့ကို ငါ့တာဝန်ထားလိုက်။ မင်းစိတ်ပျက်အောင် မလုပ်စေရဘူး”

ဖန့်ကြွယ်ယွီမှာ အရေးတကြီးကိစ္စရှိနေသည်ဟု ထင်ရသဖြင့် ပွဲကြည့်ဖို့ အတင်းအကြပ်မတိုက်တွန်းလိုပေ။

ဖန့်ကြွယ်ယွီသွားလာဖို့ လေယာဉ်ကို ဆိုင်းလုခ်နိုင်ငံလေဆိပ်တွင် အဆင်သင့်ပြင်ထားသည်။ အချိန်နီးကပ်မှ စီစဉ်ရသော်ငြား လေယာဉ်၏ အပြင်အဆင်နှင့် လုပ်ဆောင်ချက်က ထိပ်တန်းအဆင့်ဖြစ်သည်။

“အမရီ..အစောတည်းက ကြိုပြင်ပေးထားတာပေါ့”

လာဒီးနစ်မိသားစုဆီ အလည်သွားခြင်းက သားရဲတွင်းထဲ ခုန်ဆင်းသလိုဖြစ်နေမည်ဆိုတာ သိသည်။ သူ့အပေါ်ကို အပေါ်ယံမှာတော့ လေးစားသယောင်ရှိသော်လည်း မမျှော်လင့်နိုင်သောဖြစ်ရပ်များက ပေါ်တတ်စမြဲဖြစ်သည်။

ဖန့်မိသားစုက မိသားစုကြီးတစ်ခုမဟုတ်ပေ။ မျိုးဆက်တစ်ခုမှာ မိသားစုဝင်တစ်ဦးတည်းသာရှိသည်။သူတို့က ဖန့်ကြွယ်ယွီကို ထိန်းသိမ်းထားနိုင်ပါက လာဒီးနစ်မိသားစုသည် လွတ်လပ်ခွင့်ရရှိပြီး တစ်မိသားစုလုံးက လူတစ်ဦးတည်းကို အရှင်ဘုရင်သဖွယ်ကိုးကွယ်စရာမလိုတော့ပေ။

“ကူးရီ လာဒီးနစ်မိသားစုဝင်တွေကိုမင်းသိလား”

“ဟုတ်။ သူတို့မှာ လျှို့ဝှက်စွမ်းအားရှိသူတွေအတွက် ကိုယ်ပိုင်ကျင့်စဉ်တွေတောင်ရှိပါတယ်။ သူတို့က စွမ်းအားရှင်ပေါင်း ၅၀၀ကိုလေ့ကျင့်ပေးပြီးပြီလို့ဆိုပါတယ်။ ဒါပေမဲ့ တစ်ဝက်ကျော်ကျော်လောက်က အခြေခံအဆင့်မှာပဲရှိပါသေးတယ်။အလယ်အလတ်အဆင့်က ၂၀ထက်မပိုဘူး။ အဆင့်မြင့်အနေအထားက အရမ်းနည်းပါသေးတယ်”

“ဒါဆို လျှို့ဝှက်စွမ်းအားရှင်တွေကို အဆင့်ခွဲထားသေးတာလား”

“ဟုတ်ပါတယ်။ သခင်လေးရဲ့ ဘိုးဘေးက လာဒီးနစ်မိသားစုအတွက် ချန်ထားပေးခဲ့တဲ့ ညွှန်ကြားချက်မှာ ကနဦးသတ်မှတ်ချက်ပဲပါတာပါ။ အဆင့်မြင့်စွမ်းအားရှင်တစ်ဦးဆိုတာက သူတို့ရဲ့ အမြင့်ဆုံးသတ်မှတ်ချက်ပါ”

“မင်းရောဘယ်လိုလဲ” ဟု ဖန့်ကြွယ်ယွီက မေးသည်။

“သခင်လေး။ ကူးရီနဲ့ ကူးမိသားစုဆိုတာ ဖန့်မိသားစုကို သစ္စာအရှိဆုံးနောက်လိုက်တွေပါ။ ဒါတွေကို ကူးမိသားစုဘိုးဘေးတွေက နှစ်နဲ့ချီပြီး သက်သေပြခဲ့ပါတယ်”

“လွန်ခဲ့တဲ့နှစ်တွေက ကူးမိသားစုက စွမ်းအားရှင်ညွှန်ကြားချက်နည်းလမ်းများရဲ့ ဒုတိယအပိုင်းကိုရခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်က အဆင့်မြင့်စွမ်းအားရှင်အဆင့်ကို ရောက်ပြီးပါပြီ။အဆင့်သတ်မှတ်ချက်အရဆို ပင်မစွမ်းအားအသုံးပြုသူတစ်ဦးနေရာမှာရှိနေပါပြီ”

“မင်းတို့ဟာတွေကလည်းရှုပ်တာကွာ”

“ပိုင်ရှင်..ဒါက စွမ်းအားမြင့်လူသားဖွံ့ဖြိုးမှုရဲ့ အဆင့်ခွဲခြားချက်တွေပါ။ ပင်မစွမ်းအင်အသုံးပြုသူရဲ့ အထက်မှာ နတ်ဘုရားစွမ်းအင် အသုံးပြုသူဆိုတဲ့အဆင့်ရှိပါတယ်။ ပိုင်ရှင်ရဲ့ဖခင်ဖြစ်သူ ဖန့်ဟွိုက်က အဲ့အဆင့်မှာပါ။ ပိုင်ရှင်လည်း အဲ့အဆင့်ရောက်ပြီဆို စကြာဝဠာတစ်ခုလုံးကို ပတ်သွားလို့ရတယ်”

“ဒါဆို မင်းပြောချင်တာက လာဒီးနစ်မိသားစုမှာ အဆင့်မြင့်ဆုံးက လျှို့ဝှက်စွမ်းအားရှင်ပဲပေါ့။” ကူးရီရှင်းပြတာ နားထောင်ပြီးမှသာ သက်ပြင်းချနိုင်တော့သည်။ သူက အဆင့်တစ်ဆင့်နှင့် တစ်ဆင့်၏ ကွာခြားချက်ကို ကောင်းကောင်းနားမလည်သော်လည်း ကူးရီ၏ ပုံစံက လာဒီးနစ်မိသားစုကို အေးအေးဆေးဆေး ယှဉ်နိုင်ပုံရသည်။

“ကူးရီ..အန်တီရှင်းယွမ်ဘေးကလူတွေကရော မင်းလိုမျိုး ပင်မစွမ်းအင်အသုံးပြုသူတွေပဲလား”

“အကုန်တော့မဟုတ်ပါဘူး။ လျှို့ဝှက်စွမ်းအားရှင်ပေါင်း တစ်သိန်းကျော်ရှိတယ်။ပင်မစွမ်းအင်အသုံးပြုသူတွေက ၁၂၀၀လောက်ရှိတယ်။ ပင်မစွမ်းအင်အသုံးပြုသူ ဖြစ်သွားကြပြီဆို ဖန့်မိသားစုကိုတကယ်သစ္စာရှိကြပါတယ်”

“ဝိုး..ဒါဆို ကမ္ဘာကြီးကို လွှမ်းမိုးဖို့ဆိုတာ ငါ့အတွက် မခက်ဘူးပဲ”

“ပိုင်ရှင်တကယ်ပဲ ကမ္ဘာကြီးကိုချုပ်ကိုင်ချင်တာလား။ ငါက အလွန်ဥာဏ်ရည်မြင့်မားတဲ့စနစ်တစ်ခုပါ။ ကမ္ဘာပေါ်မှာ လူသားဆိုတာစဖြစ်ကတည်းက ရှိနေခဲ့တာ။ အချိန်နဲ့ အရင်းအမြစ်သာ လုံလောက်မယ်ဆို ကမ္ဘာကြီးကို ကြီးစိုးဖို့ဆိုတာ အလွယ်လေးပါ။ စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးနိုင်တယ်”

သူက ကမ္ဘာကိုသာ ချုပ်ကိုင်နိုင်ဖို့ တွေးမိသော်လည်း ရှောင်းရီက စကြာဝဠာတစ်ခုလုံးစာတွေးတောနေသည်။ တကယ့်ကိုမလွယ်လှပေ။

ဖန့်ကြွယ်ယွီက လာဒီးနစ်မိသားစုအပေါ် မည်သည့်ခံစားချက်မှမရှိပေ။ လာဒီးနစ်မိသားစုဝင်အများစုလည်း ထိုအတူ့ပဲဖြစ်လောက်မည်။ မျိုးရိုစဉ်ဆက် လက်ဆင့်ကမ်းလာသော စည်းမျဉ်းကြောင့်သာ ဖန့်မိသားစုကို သစ္စာစောင့််သိနေခြင်းဖြစ်သည်။

လာဒီးနစ်မိသားစုဝင်များတွင် ဖန့်မိသားစုကို ဆန့်ကျင်လိုသော အုပ်စုပေါ်လာခဲ့ပြီဖြစ်သည်။ ထိုအခါ ဖန့်မိသားစုကို ဆက်ပြီး သစ္စာခံလိုသော အဖွဲ့နှင့် ဆန့်ကျင်လိုသော အဖွဲ့ဆိုပြီး

နှစ်ပိုင်းကွဲသွားသည်။ ယခုအချိန်မှသာ ထိုပြသနာပေါ်လာရခြင်းမှာ လာဒီးနစ်မိသားစု၏ ခေါင်းဆောင်တိုင်းက ဖန့်မိသားစုအပေါ် သစ္စာစောင့်သိခြင်းကြောင့်ဖြစ်သည်။

လေယာဉ်က ပြင်သစ်နိုင်ငံ၏ မြို့ထဲကို ဖြည်းဖြည်းချင်းဆင်းသက်လာသည်။ လာဒီးနစ်မိသားစုက လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ကျော်ကတည်းက ဤမြို့မှာအခြေချနေထိုင်ခဲ့သည်။ သူတို့၏စံအိမ်တော်သည် ရဲတိုက်တစ်ခုသဖွယ် ခမ်းနားပြီး မည်သူမှ အနားမကပ်ရဲပေ။

လာဒီးနစ်မိသားစု၏ စံအိမ်တော်တည်နေရာသည် မြို့အသေးလေးတစ်မြို့လို ဖြစ်နေသည်။ သူတို့ကိုယ်ပိုင်စျေး၊ ကျောင်း၊ ဆေးရုံနှင့် လေယာဉ်ကွင်းများတောင်ရှိသည်။ တကယ့်လက်တွေ့တွင်လည်း ပြင်သစ်အစိုးရသည် လာဒီးနစ်မိသားစု၏ ငွေကြေးအထောက်အပံ့ကို ကျောထောက်နောက်ခံပြုနေကြသည်။

ဖန့်ကြွယ်ယွီလေယာဉ်ပေါ်မှဆင်းလာချိန်တွင် ဖန့်မိသားစု၏ တံဆိပ်ကိုတူညီစွာဝတ်ဆင်ထားသော လူများက တစ်ဖက်တစ်ချက်စီတွင် စောင့်ဆိုင်းနေကြသည်။

“ငါ့ကိုယ်ငါ ချစ်ကြည်ရေးခရီးစဉ်အတွက် လည်ပတ်တဲ့ သမ္မတတစ်ဦးလိုမျိုးခံစားနေရတယ်”

နှစ်တန်းစီပြီး တစ်ဖက်တစ်ချက်တွင် ရပ်နေကြချိန်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးက သူတို့၏ သက်ဆိုင်ရာမိသားစုကို နောက်မှာခြံရံပြီးရပ်နေကြသည်။

“သခင်လေး..ဝဲမှယာက လာဒီးနစ်မိသားစုရဲ့ ဆက်ခံသူတွေပါ။ လာဒီးနစ်မိသားစုရဲ့ သားကြီး ရီနိုက ဒီနှစ်ထဲမှာ ၅၄နှစ် ပြည့်ပါပြီ။ ဒုတိယမြောက်သခင်လေး မိုခီက ၅၂နှစ်ရှိပါပြီ။ အကြီးဆုံးသခင်မလေး နာရှာက ၅၂နှစ်ဖြစ်ပြီးတော့ ဒုတိယမြောက်သခင်မလေး အီဗာလာက ၄၇နှစ်ရှိပါပြီ”ဟု ကျွမ်းရီက ရှင်းပြသည်။

ဖန့်ကြွယ်ယွီက မိသားစုဝင်များကို တစ်ချက်ဝေ့ကြည့်သည်။ ဖန့်မိသားစု၏ လမ်းညွှန်အတိုင်းကျင့်ကြံနေထိုင်ပြီးကြသူများဖြစ်တာမို့ သူတို့အားလုံးက ငယ်ရွယ်နုပျိုပြီး သုံးဆယ်ကျော်အရွယ်ဟုသာ ထင်ရက်စရာရှိသည်။

သူ့ကိုလည်း လာဒီးနစ်မိသားစုဝင်များက ပြန်လည်အကဲခတ်နေကြသည်။သူတို့က ဖန့်မိသားစုအပေါ် သစ္စာစောင့်သိရိုသေခဲ့ခြင်းအား တာဝန်တစ်ခုကဲ့သို့ မှတ်ယူထားခဲ့သည်။

ဖန့်ကြွယ်ယွီနှင့် တွေ့တိုင်း “သခင်လေး” ဟု ခေါ်ရမည်ဟု အစ်ပိုက မှာကြားခဲ့သည်။

မိုခီနှင့် နာရှာက ပြောသည့်အတိုင်းလိုက်နာသော်လည်း ရီနိုနှင့် အီဗာလာက ထိုကဲ့သို့ခေါ်ရန် ခေါင်းထဲမရှိပေ။

ရှေးခေတ်တုန်းကလို သခင်လေးဟု ခေါ်ဖို့လိုသေးလားဟု တွေးနေမိသည်။ လာဒီးနစ်မိသားစု၏ ဘိုးဘေးများ၏ ကြိုးပမ်းမှုကြောင့် အခုချိန်မှာ ဒီလိုရပ်တည်နိုင်တာဖြစ်သည်။ ဒါ့အပြင် ဖန့်မိသားစု၏ အကူအညီကြောင့် ဒီအနေအထားကိုရောက်တာမို့ ပြန်ပြီးကျေးဇူးဆပ်သင့်သည် မဟုတ်ပါလော။

ဖန့်ကြွယ်ယွီက လူတန်းရှည်ကြီး၏ အဆုံးနားထိသွားပြီးမျက်မှန်ကို ဟန်ပါပါချွတ်လိုက်သည်။

မိုခီက တိတ်ဆိတ်ငြိမ်သက်နေသော အနေအထားကို အသက်သွင်းလိုက်သည်။

မိုခီက တရိုတသေဦးညွှတ်ရင်း

“သခင်လေး…ကြိုဆိုပါတယ်”ဟု ဆိုသည်။

All Chapters