← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

လင်းယောင် ကုရှီအန်းအား အိမ်ထဲပြန်လာခိုင်းသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူ့ကိုသူမနှင့်အတူ အိပ်ယာထဲတွင်အိပ်ရန်တော့ ခွင့်မပြုခဲ့ပေ။

လင်းယောင် ကုရှီအန်းအား အခန်းဖော်တစ်ယောက်ကဲ့သို့ပင် သဘောထားပြီး သူ့ကိုအခန်းတစ်ဝက်ပေးထားလေသည်။

ညအိပ်နေသောသူများသည် လက်ရှိအခြေအနေကိုသိသင့်ပြီး မြေပြင်ပေါ်တွင် နံရံကပ်အိပ်စင်တစ်ခုဆောက်သင့်လေသည်!

ကုရှီအန်းတွင်ထိုကဲ့သို့ “ကိုယ်ပိုင်အသိတရား”မရှိသော်လည်း ကံကောင်းစွာပင် အရှေ့ဆောင်ရှိသစ်သားကုတင်မှာ လုံလုံလောက်လောက်ကြီးလေသည်။ သူမ၏ ခေါင်းအုံးနှင့် တဘက်ကို အတွင်းဖက်အကျဆုံးသို့ရွှေ့လိုက်ပြီး ကုရှီအန်း ယူလာသော စစ်စိမ်းရောင်စောင်ကိုကြည့်၍ အရှက်မရှိပြီး ချောမောသောသူကိုကြည့်ကာ လက်သီးဆုပ်ပြီး ဒေါသတကြီး ထထိုးလိုက်ပြီးနောက် သူမအိပ်ယာခင်းကို အိပ်ယာဘေးဖက်သို့ ဒုန်းခနဲပစ်လိုက်တော့သည်။

လူတစ်ယောက်စီတွင် အိပ်ယာတစ်ဝက်စီရှိနေသောကြောင့် ဘယ်သူကမှ ဘယ်သူ့ကို နှောင့်ယှက်လို့မရပေ။

အပြင်ဖက်တွင် မိုးတစက်စက် ကျနေသော်လည်း သည်းသည်းမဲမဲတော့ ရွာမနေပေ။ မြေကြီးပေါ်တွင် ရေအိုင်လေးများရှိနေပြီး အရှေ့ဆောင်မှပြတင်းပေါက်ကိုလည်း ပိတ်ထားလေသည်။

မိုးရွာပြီးစိုစွတ်သော နေ့တစ်နေ့ဖြစ်ကာ ကုမိသားစုဝင်များအားလုံးအနားယူနေကြသည်ကို ပြောစရာပင်မလိုချေ။ ဘေးဖက်ရှိချမ်းသာသည့် ဦးလေးနှင့် အဒေါ်တို့၏ အိမ်လည်း မှောင်နေလေသည်။ လင်းယောင်တို့အိမ်နောက်ဖက်ခြံတစ်ခုလုံးသည်ကား လင်းလက်တောက်ပနေလေည်။ သတိမထားလျှင် ခြင်များအိမ်ထဲသို့ ဝင်လာပေလိမ့်မည်။

ကုရှီအန်းခြင်ပြေးစေရန် သစ်နံကိုင်းအချို့ကို မီးမြှိုက်လိုက်သည်။ လင်းယောင်သန်းလိုက်ကာ ဘာလို့သစ်နံကိုင်းအနံ့က အရမ်းပြင်းနေရတာလဲဆိုပြီး သူမ၏နူးညံ့သောမျက်ခုံးများကို ပင့်လိုက်သည်!

လင်းယောင်သည် အင်မတန်နုနယ်လေသည်။ သူမနွေရာသီတွင်နေ့တိုင်းရေချိုးပြီး မိုးရွာလျှင်ပင်ချိုးလေသည်။

ကုချွင်မေက သူမကိုရယ်လေသည်။ “နွေရာသီမှာ ရေချိုးတာက အဆင်ပြေပါတယ်။ ဒါပေမယ့် ဆောင်းရာသီမှာတော့အေးခဲနေတာ။ နေ့တိုင်းရေချိုးဖို့မလွယ်ဘူး”

လင်းယောင် သူမဆောင်းရာသီတွင်လည်း ရေချိုးမည်ဖြစ်ကြောင်း အသံပြုလိုက်သည်။ သူမအိမ်တွင် ရေမချိုးနိုင်လျှင် အပြင်ရှိရေချိုးနိုင်သည့် ရေချိုးခန်းသို့သွားပေမည်။ အများဆုံး သူမ ၂ ရက် ၃ ရက်တစ်ကြိမ် ရေချိုးပေမည်။

ကုရှီအန်း ဘွတ်ဖိနပ်ကိုအပြင်မှာထားသည်။ မီးဖိုချောင်ထဲတွင် ရေနွေးကျိုပြီး ရေချိုးသည့်နေရာသို့ ရေများပုံးလိုက်သယ်ကာ စိုနေသောတဘက်ကိုညှစ်ပြီး သူ့မျက်နှာကိုသုတ်လိုက်သည်။ သူ့မျက်နှာမှာ ထောင့်ကျကျနှင့် ညပိုင်းတွင် ပြတင်းပေါက်အပြင်၌ တင်းမာနေလေသည်။

လင်းယောင် အခန်းထဲတွင်ထိုင်ကာ ချည်လုံးကိုကြည့်နေလေသည်။ ခြင်းတောင်းထဲတွင် ချည်လုံး ၃ လုံး ဒါမှမဟုတ် ၅ လုံးရှိပြီး အရောင်အသွေး စုံလင်နေလေသည်။မီးခိုးဖျော့ရောင်၊ အစိမ်းရောင်၊ အဖြူရောင်နှင့် အနီရောင်တောက်တောက်တို့ ဖြစ်သည်။

၎င်းတို့မှ အချို့ကို ကုချွင်မေက ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမမှ ဝယ်လာခြင်းဖြစ်သည်။ သူမ ဖယ်လိုက်သော အနာအဆာပါသည်များကိုတော့ ဆွယ်တာအဟောင်းများနင့် အစားထိုးလိုက်သည်။ ချည်လုံးမျိုးစုံကိုသုံးကာ လှပသောအဆင်များနှင့် ဆွယ်တာအသစ် ၂ ထည်ထိုးရန် သူမစဉ်းစားနေလေသည်။

ယနေ့အခါတွင် မိန်းကလေးများကြား ခေတ်စားနေသော ဆွယ်တာအထူမျိုးကို ခါးပတ်နှင့်စည်းထားပြီး အောက်တွင်စစ်စိမ်းရောင် ဘောင်းဘီများကို ဝတ်ကြလေသည်။ကျစ်ဆံမြီးကြီးများမှာ ယိမ်းနွဲ့နေကာ အလွန်ပင်ရဲရင့်ပုံပေါ်လေသည်။

လုရှန်း ညီလာခံကတည်းက အထက်ရှိနိုင်ငံရေးအလားအလာမှာ ပြောင်းသွားပြီး အနာဂတ်တွင် ဘာဖြစ်လာမည်ကို ပြောရခက်လေသည်။

အစ်မချွင်မေသည် အောက်တိုဘာလတွင် မင်္ဂလာပွဲကြီးကျင်းပမည်ဖြစ်ပြီး ထိုးထားသောဆွယ်တာများနှင့်ဘောင်းဘီများမှာ သူမအတွက် လက်ဖွဲ့ဖြစ်လာပေမည်။

သူမထိုအကြောင်းတွေးနေတုန်း ကုရှီအန်းက ပြောလာသည်။ “ယောင်ယောင်ရေ ရေချိုးလို့ရပြီ”

ရေကအေးနေလား။ လင်းယောင် ချည်လုံးများကို ခြင်းတောင်းထဲထည့်ကာ ရေချိုးသည့်နေရာသို့အဝတ်လျှော်ဇလုံကိုယူပြီး ခပ်သွက်သွက် သွားလိုက်သည်။

ရေချိုးသည့်နေရာတွင် ဖယောင်းတိုင် လုံးဝမရှိပဲ မှောင်မည်းနေလေည်။ လင်းယောင် ကြောက်လာပြီး ကုရှီအန်းအား ဖယောင်းတိုင် ယူလာပေးရန် ခေါ်လိုက်သည်။

ကုရှီအန်း ရေနံဆီ မီးအိမ်ကို ကိုင်ကာ သစ်နံကိုင်း၏ အနံ့ဖျော့ဖျော့နှင့်အတူ မှိန်နေသောဖယောင်းတိုင်မီးမှာ ရေချိုးသည့် နေရာမှောင်မှောင်တွင် ချက်ချင်းလင်းလာတော့သည်။

တစ်ယောက်ယောက်က ကြိုပြီး ခြင်များကို မီးခိုးတိုက်ထားခဲ့ဟန်ပင်။

လင်းယောင် ထိုသည်ကို ပျော်ရွှင်စွာကြည့်လိုက်ပြီး လှည့်လိုက်ကာ လက်ထောက်ဒါရိုက်တာကုကို မောင်းထုတ်လိုက်တော့သည်။

နာရီဝက်ကြာသောအခါ လင်းယောင်ရေချိုးပြီး လန်းဆန်းသွားတော့သည်။ သူမ၏ ရှည်လျားသောဆံပင်နက်များမှာ ပန်းပွင့်ရနံ့မွှေးပျံ့ကာ စိုစွတ်နေသည်။အဖြူရောင်အခံနှင့် ပန်းပွင့်များပါသော ညဝတ်ဂါဝန်ကို သူမ ဝတ်ဆင်ထားသည်။ ပေါ်နေသော အသားအရေမှာ နှင်းကဲ့သို့ဖြူဖွေးနေပြီး ညဝတ်ဂါဝန်၏ ချည်သားမှာလည်း နူးညံ့နေသည်။ သူမတွင် ထိုပုံစံဂါဝန်များစွာရှိလေသည်။

လင်းယောင်၏ ဖြူဖွေးနေသော ခြေထောက်များမှာ ဖိနပ်အပါးကို စီးထားပြီး သူမအရှေ့ဆောင်ကိုပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားတော့သည်။

ဤခေတ်ရှိ ဖိနပ်ပါးများမှာ နောက်မျိုးဆက်များလောက် သက်တောင့်သက်သာမရှိပေ။ ကောင်တီရှိကောင်မလေးများ အားလုံး ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေး သမဝါယမမှ ကြိုးသိုင်းဖိနပ်မြင့်များကိုစီးကြသည်။ သူတို့က လေးလံသည့်ပလတ်စတစ်လိုပင် ခံစားချက်ပေးကာ လမ်းလျှောက်လျှင်တကျွိကျွိနှင့် မြည်နေတော့သည်။

ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမမှ ကုချွင်မေက နူးညံ့သောကြိုးသိုင်းဖိနပ်များကို ပို့ပေးသည်။ ၎င်းတို့မှာနူးညံ့ပြီး စီးရတာအလွန်ပင် သက်တောင့်သက်သာ ရှိလေသည်။

လင်းယောင် အမည်းရောင်တစ်ရံကို ယူလိုက်ပြီး ခြေညှပ်ဖိနပ်အဖြစ် စီးရန် ကြိုးများကိုဖြတ်လိုက်သည်။သူမလက်ထဲတွင် အဝတ်လျှော်သည့်ဇလုံကို ကိုင်ထားပြီး ခပ်သွက်သွက် လျှောက်လိုက်သည်။

ကုရှီအန်းက စားပွဲတွင် စစ်စာအုပ်များ ဖတ်နေလေသည်။ သူမျက်လုံးပင့်ကြည့်လိုက်သောအခါ သူ့မျက်လုံးများက ထိုမိန်းကလေး၏ သေးသွယ်သောခြေချင်းဝတ်များဆီသို့ ရောက်သွားသည်။ သူ့မျက်လုံးများနက်ရှိုင်းသွားသော်လည်း သူ့မျက်နှာမှာ တည်ငြိမ်နေလေသည်။

လင်းယောင် ကုတင်အစွန်းတွင် ထိုင်လိုက်ပြီး သန့်ရှင်းသောတဘက်တစ်ထည်ကိုထုတ်ကာ သူမဆံပင်ကိုသေချာသုတ်လိုက်သည်။ သူမ ကုရှီအန်းနှင့် အလွန်ပင်နီးကပ်နေပြီး ပုခုံးနှစ်ခုစာထက် ပိုမဝေးပေ။ ကုရှီအန်း၏ နှာခေါင်းမှာ ပန်းနံ့နှင့်ပြည့်နေပြီး ထိုလူမှာဆိတ်ဆိတ်သာနေလေသည်။ နောက်ဆုံးတွင် လင်းယောင်ဆံပင်သုတ်တာပြီးသွားပြီး အိပ်ယာထဲဝင်ကာသူမနူးညံ့စွာပြောလိုက်သည်။ “ကုရှီအန်း ကျွန်မအိပ်ချင်နေပြီး ကျေးဇူးပြုပြီး မီးလေးငြှိမ်းပေးပါဦး”

ကုရှီအန်း တုံ့ပြန်လိုက်ကာ ကုတင်ဘေးရှိ ဖယောင်းတိုင်မှာ မီးငြိမ်းသွားတော့သည်။

လင်းယောင် တစ်နေကုန် အရူးတစ်ယောက်လိုပင်။ရေချိုးပြီးမှသာ သူမသက်တောင့်သက်သာရှိသွားပြီး ပင်ပန်းနေပေပြီ။ ပထမဆုံး သူမကိုယ်သူမစောင်နှင့်ပတ်ထားလိုက်သည်။ အိပ်ချင်လာသောအခါ လွှမ်းမိုးချင်သောစိတ်က ဝင်လာသည်။ သူမ အိပ်ချင်နေသည့်ပုံစံနှင့်စိုက်ကြည့်လိုက်ပြီး တဘက်ကိုကိုင်ကာ လှိမ့်လိုက်သည်။ အရှေ့နှင့်အနောက်ကို လှိမ့်နေပြီး စောင်များနှင့်အထည်များ ပွတ်တိုက်သံမှာ မှောင်မည်းနေသည့်ညတွင် ထင်ရှားနေလေသည်။

လင်းယောင် လှိမ့်နေရင်း ကုရှီအန်းဘက်သို့ ရောက်သွားကာ မတော်တဆ ကုရှီအန်း၏ လက်မောင်းကို တိုက်မိသွားသည်။

ထိုအမျိုးသမီးလေး၏ ကုတင်မှာနူးညံ့နေကာ သူမ၏ ညဝတ်ဂါဝန်ကလည်း သူမ၏သေးသွယ်သောကိုယ်လုံးကိုဖော်ပြနေလေသည်။ ကုရှီအန်း သက်ပြင်းဖွဖွချကာ မိုးရွာသည့် ညတွင် အအေးမိလွယ်သောကြောင့် သူမကိုအိပ်ယာကျယ်ကျယ်နှင့် စောင်ပါးလေးပေးရန် သူ့လက်ကြီးကြီးများနှင့် ဆွဲလိုက်သည်။

သူ့လက်ဆန့်လိုက်သည်နှင့် ပြတင်းပေါက်အပြင်တွင်လျှပ်စီးလက်သွားလေသည်။ လင်းယောင် အံ့အားသင့်သွားသည်။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ကုရှီအန်း၏ လက်ကြီးကြီးများကို သူမခါးပတ်လည်တွင် တွေ့လိုက်ရသည်။

လင်းယောင် ထထိုင်လိုက်ကာ နူးညံ့သောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ “မကောင်းတဲ့လူကြီး ရှင်ဘာလုပ်တာလဲ”

ကုရှီအန်း - “……”

သူရှင်းပြချင်သော်လည်း လင်းယောင်က ဂရုမစိုက်ပဲ သူ့ကိုကုတ်ဖဲ့ရန် အတင်းတိုးလာတော့သည်။

မမျှော်လင့်ထားစွာပင် လင်းယောင် သူ့လက်ထဲမှစောင်ကိုခလုတ်တိုက်ကာ ကုရှီအန်း လက်များကြားသို့ ထပ်မံရောက်ရှိသွားပြန်သည်။

လင်းယောင် - “!!!”

ထိုသူ၏ အနည်းငယ်စူးရှပြီး ဖြောင့်နေသောပုံရိပ်က သူမမျက်လုံးရှေ့တွင်ရှိနေကာ လန်းဆန်းစေပြီး အရသာရှိသော ပူပူနွေးနွေးအသက်ရှုငွေ့က သူမကိုဖုံးလွှမ်းသွားသည်။ လင်းယောင် လွတ်မြောက်ချင်သော်လည်း ကုရှီအန်းက သူ့ကို တင်းတင်းကျပ်ကျပ် ဖမ်းချုပ်ထားလေသည်။

သူမ သူ့ကို မလွှတ်လျှင်သူလည်း လွှတ်မည်မဟုတ်ပေ။ ထိုသူ၏ နက်ရှိုင်းကာ ကျဉ်းမြောင်းသောမျက်ဝန်းနက်တစ်စုံက သူမကိုစိုက်ကြည့်နေသည်။ လင်းယောင်၏ မျက်နှာမှာ အလွန်ပင်ပူနွေးလွန်းလို့ သူမ ထိုသူ၏ နှုတ်ခမ်းပါးများကို နမ်းလိုက်တော့သည်။

ကုရှီအန်းရယ်ကာ အနမ်းကိုနက်ရှိုင်းစေလိုက်သည်။

ဟွန့် ကုရှီအန်းလည်း အနှေးနဲ့အမြန် သူမကိုစားမှာပဲလေ။ အဲ့တော့ သူမပဲ အရင်စလိုက်ပေမည်။

ပြတင်းပေါက်အပြင်ဖက်တွင် မိုးသည်းထန်စွာရွာသွန်းနေခဲ့ပြီး မိုးသည်းသည်းက စဲမည့်ပုံမပေါ်ကာ ထိုညတွင်သူမမှာလှေငယ်ကလေးကဲ့သို့ပင် မုန်တိုင်းထဲတွင် လူးလာစုန်ဆန် ကူးခတ်ခဲ့ရလေသည်။

*

နောက်တစ်နေ့မနက်၌ အပြင်တွင် အုံ့မှိုင်းနေကာ တစ်ညလုံးသည်းနေခဲ့သော မုန်တိုင်းသည် မိုးစက်သေးသေးလေးများအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ကန့်လန့်ကာ အကြည်လေးတစ်ခုဖြစ်နေတော့သည်။

ကုမိသားစု၏ မီးဖိုချောင်မှာ ထပ်ပြီးမိုးယိုပြန်သည်။ကျန်းဆွေ့လန် မိုးရေခံရန် မြေအိုးလေးကိုထားထားလိုက်ပြီး ကုမန်ဆန်အား ပြောလိုက်သည်။

“ခေါင်မိုးကို ဖာပြီးရုံပဲ ရှိသေးတယ်။ ထပ်ပြီး မိုးယိုပြန်ပြီ။ အုတ်ကြွပ်တွေက အရင်လိုဈေးမသက်သာတော့ဘူး။အခုဆိုရင် အပြင်မှာအကုန်ဈေးကြီးနေတာ။ခေါက်ဆွဲတွေလည်း ဈေးတက်ကုန်ပြီ။ ဆန်လည်းဈေးတက်ပြီ။ ဒါပေမယ့် လခကကျ တိုးမလာဘူး။ ကျွန်မရေထားလိုက်တာ အုတ်ကြွပ်က ၅ ချပ် ၆ ချပ်လောက်ရှိတယ်။ တစ်ခုကို ၁၀ ဆင့်တဲ့။ ကျွန်မ ရှင့်ကို ၁ ယွမ်ပေးမယ်။ အလုပ်ဆင်းရင်မမေ့နဲ့နော်။ ဝမ်ရှီကျန်းကို သွားပြီး အုတ်ကြွပ် ၁၀ချပ်ဝယ်ခဲ့နော်။ ကျွန်မ မနက်စာအတွက် မုန့်တွေဝယ်လာပြီး ခုအိုးထဲမှာ နွှေးထားတယ်။ဟိုကလေးကတော့ ရဲဌာနကို မိုးမလင်းခင်တည်းက သွားပြီ။ ဘာဖြစ်တယ်မသိ သူ့မျက်နှာမှာခြစ်ရာတွေနဲ့။ကြောင်ကုတ်သွားသလိုပဲ”

ကုမန်ဆန်မှာ ပွစိပွစိအလုပ်ခံရတာကို အသားကျနေပြီဖြစ်သည်။ သူ့မိန်းမပြောသည်ကို နားသာထောင်နေလိုက်သည်။ မနက်စာနှင့် ဆန်ပြုတ်စားပြီးသောအခါ ထီးကိုကိုင်ပြီး စတီးစက်ရုံသို့ သွားတော့သည်။

ကျန်းဆွေ့လန်မှာလည်း ဝက်မွေးမြူရေးခြံတွင် ဝက်များကို အစာကျွေးရင်း အလုပ်ရှုပ်နေလေသည်။ သူမ အလုပ်မသွားခင် သမီးဖြစ်သူအား ခေါ်လိုက်သည်။

ခုနစ်နာရီခွဲတော့မည်ဖြစ်ပြီး သူမ အလုပ်နောက်ကျလို့မဖြစ်ပေ။

သုန်ဇီနှင့် ယောင်ယောင် ဒီကလေး ၂ ယောက်ကတော့ အော်လျှင်တောင် နိုးမည်မဟုတ်သောကြောင့် အော်မနေတော့ပေ။

ကုချွင်မေ သမ်းကာထလိုက်သည်။ သူမ မျက်နှာကို ရေအေးနှင့် သစ်လိုက်သည်။ မနေ့ညက ယောင်ယောင်ပေးသောဝတ္ထုအား သူမအလွန်နှစ်ခြိုက်သွားလေသည်။သူမစောင်အောက်တွင် မီးနှင့်ဖတ်ကာ ၁၁ နာရီ ၁၂ နာရီထိုးသည်အထိ မအိပ်ခဲ့ပေ။ သူမ မိုးရွာသည်ကို မသိခဲ့ပေ။ လေတိုက်နေသေးသည် ဖြစ်သော်လည်း သူမဘာကိုမျှမကြားပဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

ကုချွင်မေ အရှေ့ဆောင်ကိုကြည့်ကာ ယောင်ယောင်လည်း အိပ်ယာမထသေးတာကို တွေ့လိုက်ရသည်။

သူမအစ်ကိုကြီးမှာ ယောင်ယောင်ကို ဘယ်အချိန်မှ အမိဖမ်းနိုင်မည်မသိပေ။

ကုချွင်မေ ပန်ကိတ်ကိုဆွဲယူကာ ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေး သမဝါယမသို့ သွားတော့သည်။

လင်းယောင်မထခင် မနက် ၃ နာရီအထိ အိပ်နေခဲ့သည်။သူမနိုးလာတော့ သူမ တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲနေကာ ပူသောကြောင့်ချွေးများနှင့် ကပ်စေးကပ်စေးဖြစ်နေလေသည်။ သူမ ကိုယ်လုံးအောက်မှ အိပ်ယာခင်းများမှာ သန့်ရှင်းနေပြီး တွန့်ခေါက်ရာများမရှိပေ။ ကုရှီအန်းသွားသည်မှာကြာပေပြီ။ အိပ်ယာဘေးတွင် သပ်သပ်ရပ်ရပ် ခေါက်ထားသောစောင်ရှိနေပေသည်။အိပ်ယာခင်းများမှာ မနေ့ကအရောင်နှင့် မတူပေ။တစ်ယောက်ယောက် လဲလိုက်သည်ဖြစ်ပေမည်။

 *မနက် ၃ နာရီကို ကိုယ် တရုတ် site သွားကြည့်ပေမယ့် အဲ့လိုပဲရေးထားလို့ပါ တကယ်လို့ ကိုယ်ကြည့်မိတာ မှားရင်လည်း တောင်းပန်ပါတယ်ရှင့်

သူမ ထိုနေရာတွင်ခဏနေနေပြီး မနေ့ညကဖြစ်ခဲ့သည်များကို သတိရသွားကာ သူမမျက်နှာကို မအုပ်ပဲမနေနိုင်တော့။ သူမ မနေ့က ပထမဆုံးအကွက်ရွှေ့ရန် ကျရှုံးသွားသော်လည်း ကုရှီအန်းက တန်ပြန်တိုက်ခိုက်ခဲ့သည်။

သူမ ဂဏန်းတစ်ကောင်ကဲ့သို့ တုန်တုန်ယင်ယင်ဖြင့် လှေကားမှဆင်းလာခဲ့သည်။ ကံကောင်းစွာနှင့် သုန်ဇီ ထိုကောင်စုတ်လေးမှာ အိပ်ယာမထသေးပေ။ လင်းယောင်မျက်နှာသစ်ရန် ရေယူလိုက်စဉ် သူမ၏ပန်းပွင့်များပါသောညဝတ်ဂါဝန်နှင့် အဝတ်သေးသေးလေးများအား အဝတ်တန်းတွင် လှန်းထားသည်ကို တွေ့လိုက်ရသည်။သူမရှက်သွားကာ အဝတ်များကို ဘယ်သူမှမမြင်သည့်ထောင့်သို့ အမြန်ရွှေ့ထားလိုက်သည်။

ကုရှီအန်း ဒီလူသည်အဝတ်များကို လျှော်ဖွပ်ကာ ဒီလိုမြင်သာသည့် နေရာကြီးတွင် လှန်းထားလေသည်။

လင်းယောင် မျက်လုံးများကိုလှန်လိုက်သည်။တစ်ယောက်ယောက် ညရောက်လို့ ပြန်လာလျှင်တော့ အဝတ်လျှော်သည့်အပြားပေါ်တွင် ဒူးထောက်ခိုင်းပေမည်!

အဝတ်လျှော်သည့်အပြားပေါ်တွင် ဒူးမထောက်ခိုင်းပဲ ကြမ်းပြင်ပေါ်တွင် လဝက်လောက် အိပ်ခိုင်းတာက ပိုကောင်းပေမည်။

အတိုချုံ့ပြောရလျှင် ယောက်ျားများသည် သက်တောင့်သက်သာ မနေလိုကြပေ။

*

သည်မနက်တွင် ကန်တင်း၌ ပြောင်းဖူးအစာသွပ်ဖက်ထုပ်များနှင့် မုန်လာဥဆားစိမ်များကို ငရုတ်သီးအနှစ်နှင့် ကျွေးလေသည်။ အသီးအရွက် ဆန်ပြုတ်လည်းပါသည်။ မများသော်လည်း အရသာမှာတော့ အတော်ကောင်းလေသည်။

လင်းယောင် လက်ဆေးကာ ပြောင်းဖူးပေါင်မုန့်ကို တစ်ဝက်ပိုင်းပြီး မုန်လာဥဆားစိမ်ကိုထည့်စားလေသည်။ ချဉ်ပြီးစပ်ကာ သူမဝါးလေလေ အရသာပိုကောင်းလာလေပင်။

သို့သော်သူမ စပ်သည့် အစားအစာများကို မကြိုက်ပေ။ထို့ကြောင့် ဖက်ထုပ်တစ်ဝက်စားပြီးသောအခါ သူမဗိုက်မဝသေးသောကြောင့် ပေါင်မုန့်တစ်ဝက်နှင့် အသီးအရွက်ဆန်ပြုတ်တို့ကို သောက်လိုက်သည်။

၁၀ နာရီဝန်းကျင်တွင် ကောင်စုတ်လေး ကုရှီတုန်းမှာ သူ့မျက်လုံးများကိုပွတ်သပ်ကာ အိမ်ထဲမှထွက်လာလေသည်။ သူထွက်လာလာချင်း သူ့အစ်ကိုကြီးမှာ ညက အိမ်တွင်ပြန်မအိပ်ဘူးဆိုပြီး အော်လိုက်တော့သည်။ထို့ပြင်စောင်မှာလည်း ပျောက်နေသည်။ သူ့အစ်ကိုကြီးကို ဂြိုလ်သားများ ပြန်ပေးဆွဲသွားလေပြီ!

ကောင်စုတ်လေးက ကျောင်းတွင် သူ့ဆရာမပြောပြသော အခြားအာကာသနေရာများ၊ဂြိုလ်သားများနှင့် အာကာသယာဉ်များအကြောင်း နားထောင်ထားခဲ့လေသည်။ လွန်ခဲ့သော ၂ ရက်လုံး ဂြိုလ်သားများနှင့်တွေ့သည့်အကြောင်းကို သူအိပ်မက်မက်နေခဲ့သည်။

လင်းယောင်မှာ ဆွံ့အသွားပြီး ထိုကောင်စုတ်လေးကိုလုံးဝ စကားမပြောလိုပေ။

အပြင်ဖက်တွင် ရွာနေသောမိုးမှာ နေ့လည်ဖက်တွင်တိတ်သွားပြီး ကုအိမ်ရှိ ရေစည်မှာပြောင်သွားတော့သည်။လင်းယောင်က ကုရှီတုန်းကို ရေသယ်ခိုင်းလိုက်သည်။

ယခုအချိန်တွင်တော့ သောက်သုံးရေအတွက် ပေးဆောင်ရန်မလိုပေ။ နောက်နှစ်တွင်တော့ ဝန်းထဲတွင်ရေဘုံဘိုင်များကို တပ်ဆင်မည်ဖြစ်ပြီး သောက်ရေအတွက်ရေဖိုးပေးရပေမည်။

ကုရှီတုန်း ထိုအချိန်တွင် သူ့အစ်ကိုကြီး၏ စောင်မှာ အရှေ့အဆောင်တွင် ရောက်နေကြောင်း သဘောပေါက်သွားသည်။ ကြည့်ရတာ ညကသူ့အစ်ကိုကြီးက မရီးအခန်းမှာအိပ်ခဲ့တဲ့ပုံပင်။

ထိုကောင်စုတ်လေးမှာ ပျော်ရွှင်စွာပြုံးဖြီးနေပြီး လင်းယောင်မှာ အိမ်ကို တံမြက်စည်းလှည်းနေခဲ့သည်။ သူမဒေါသထွက်လာပြီး ပြောလိုက်သည်။ “အဲ့လောက်တောင်ရယ်မောနေတာပဲ။ ဘာလို့ ရေသွားမခပ်တာလဲ”

ကုရှီတုန်း တဟေးဟေးနှင့်အော်ကာ လျင်မြန်စွာထွက်ပြေးသွားတော့သည်။ သူ့မရီးကို သူ မရိုမသေမလုပ်ရဲပေ။ မဟုတ်လျှင် သူ့အစ်ကိုကြီး ပြန်ရောက်ရင်သူဒုက္ခရောက်ပေလိမ့်မည်။

ထိုကောင်စုတ်လေး ထွက်ပြေးပြီးပြီးချင်းပင် ရေပုံးနှင့်ပြန်ရောက်လာကာ အော်ပြောလိုက်သည်။ “မရီးရေ အဲ့ဒီလိပ်ဥလင်းတာ့ကော်က ဒီကိုရောက်နေတယ်”

လင်းယောင် - ???

All Chapters