← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

ကုရှီအန်း ဘေးခန်းလေးတွင် အိပ်လေသည်။ ထိုသည်က လင်းယောင်ကို အတော်ကျေနပ်သွားစေသည်။

ကုရှီအန်းမှာ အမြန်ပြန်လာတော့ အိမ်တွင်မျက်နှာသစ်ဇလုံသို့မဟုတ် တဘက်အပိုမရှိပေ။ ထို့ကြောင့်လင်းယောင် သူမ၏ မသုံးသည့်ဟာများကိုပေးလိုက်သည်။

ကုရှီအန်း အောက်ငုံ့လိုက်ပြီး အဖြူနောက်ခံပေါ်တွင် သစ်ခွပန်းများရှိသောဇလုံနှင့် ၎င်းအပေါ်တွင်ရှိသော ပန်းရောင် တဘက်အသစ်လေးကို ကြည့်လိုက်သည်။ သူ့မျက်ခုံးများ တွန့်သွားပြီး တိတ်တဆိတ် မျက်နှာသွားမသစ်ခင် အကြာကြီးရပ်နေလေသည်။

လင်းယောင် ထိုသည်ကိုမမြင်ချေ။ သူမ ဘေးခန်းထဲတွင်ခြင်များကို ပျော်ရွှင်စွာ မှိုင်းတိုက်နေလေသည်။

ဤရက်များတွင် မိုးကြိုးမုန်တိုင်းများ ဆက်တိုက်ဖြစ်နေပြီး စိုစွတ်စွတ် ရာသီဥတုက ခြင်များပိုပေါလာစေသည်။ အကြိမ်များစွာပင် လင်းယောင်နံရံပေါ်တွင်စောင့်နေသော တောက်တဲ့များကိုတွေ့ရသည်။တောက်တဲ့များမှာ ပြဿနာ မဟုတ်ပေ။ ခြင်များမှာသာခြင်လုံဇကာနားပျံဝဲနေပြီး လူများကို အိပ်ရေးပျက်စေသည်။ သူတို့ခြင်လုံဇကာကိုဖြတ်ကျော်နိုင်ဖို့ အချိန်တိုင်းကြိုးစားနေကြသည်။

လင်းယောင်နေ့တိုင်းပင် သစ်နံကိုင်းများနှင့် ကြိုးကြိုးစားစား မှိုင်းတိုက်လေသည်။ သူမ တိတ်တဆိတ်ပင် နေရာလွတ် စူပါမားကက်မှ အရည်ကိုယူပြီးဘေစင်နှင့် အိမ်ထဲတွင် လိုက်ဖြန်းထားမှ မိုးလင်းသည်ထိကောင်းကောင်း အိပ်လို့ရသွားသည်။

ကုချွင်မေအရှေ့ရှိ ခြင်လုံဇကာကို မပိတ်မိသောကြောင့် ခြင်များဝင်လာပြီး သူမကို ကိုက်သွားလေသည်။ ထိုသည်မှာ ယားပြီးနာလည်းနာသည်။ လင်းယောင်အရည်ကိုယူပြီး ကုချွင်မေကို ပွတ်တိုက်ခိုင်းလိုက်ကာ ကျန်သောအဆီနှင့် ကျားလိမ်းဆေးဆီကို သုန်ဇီ၏ ခန္ဓာကိုယ်ပေါ်သို့ လိမ်းခိုင်းလိုက်တော့ ယားတာရပ်သွားတော့သည်။

ထိုအချိန်မှစပြီးကုချွင်မေမှာ လင်းယောင်၏ "ခြင်ဆေးရည်" အကြောင်းစဉ်းစားနေလေသည်။ သူမ အိပ်ယာဝင်ချိန်တိုင်း ဖြန်းရန်လာတောင်းပြီး ထိုခြင်ဆေးရည်ဘယ်မှ ရသလဲဆိုပြီးလည်း တိတ်တဆိတ် မေးသေးသည်။

လင်းယောင်မှာ ဘာမှမပြောနိုင်ပေ။ သူမမှာ ထိုသည်က"ခြင်ဆေးရည်" မဟုတ်ပဲ အိမ်သာသုံးအရည်ဖြစ်ကြောင်းမပြောနိုင်ပေ။ ၂၁ ရာစု၏ နွေရာသီတွင်အိမ်တိုင်းအတွက် လိုအပ်သောအရာကို နေရာလွတ်စူပါမားကက်မှ ယူလိုက်ခြင်းသာ။

‌စ,နောက်ပြီး လင်းယောင် ထိုသို့ပြောလိုက်လျှင် ဘာရလဒ်ကောင်းကောင်းမှ ရလာမည်မဟုတ်ချေ။

အဆုံးတွင်တော့ ထိုအရည်ကို ပျားရည်စို့၊ ပူဒီနာ၊ အရက်ပျံတို့နှင့် လုပ်ထားပြီး အိမ်တွင် လုပ်စရာဘာမျှမရှိဟုဆင်ခြေပေးလိုက်ရသည်။

ကုချွင်မေ ခေါင်းလေးစောင်းပြီး ထိုအကြောင်းတွေးလိုက်သည်။ ယွင်ရွှေကောင်တီတွင် ပျားရည်စို့၊ပူဒီနာနှင့် ဟောသွန်းဆူးပင်များ ပေါများပေသည်။ နွေရာသီတွင် လမ်းပေါ်၌ ပန်းရောင်းသော လယ်သမားများရှိသည်။ သူတို့ပျားရည်စို့၊ မှိုများ၊ ဟောသွန်းဆူးပင်အခြောက်များ စသည်တို့ကို တောင်များမှ ခူးလာပြီးအခြောက်ခံကာရောင်းလေသည်။

သို့သော်အခုအချိန်တွင် လူကြိုက်အများဆုံးမှာ စံပယ်ပန်းဖြစ်ပြီး ပဲနိအတော်‌များများ ပေးရလေသည်။ လင်းယောင် အိမ်တွင်ရှိသောအခါ ပန်းများ၊မှိုများ၊ပျားရည်စို့များကိုရေဖြန်း သို့မဟုတ် ပန်းအိုးထဲတွင်ထားလေသည်။ တစ်ခန်းလုံးမှာ မွှေးပျံ့နေတော့သည်...

ကုချွင်မေ ပျော်ရွှင်သွားပြီး သူမ နောက်ကျသုံးရန် ပျားရည်စို့ ၂ ဘူးပေးဖို့ လင်းယောင်အားပြောလေသည်။

လင်းယောင်မှာ သူမအလွန်တုံးအသည်ဟု ခံစားလိုက်ရသည်။ ကိုယ့်ရှူးကိုယ် ပတ်တာ ဖြစ်မနေပေဘူးလား?

အခြားနည်းလည်း မရှိတော့တာကြောင့် သူမပျားရည်စို့နှင့် ပူဒီနံရွက်များကို အခြောက်ခံလိုက်သည်။ နေ့တိုင်းတွင် သူမမိသားစုဝင်များ အလုပ်သွားတော့ အရည်ကိုဘယ်လိုပေါင်းမလဲဆိုပြီး ကလိနေရကာ သူမပုံမှာဆိုးဝါးနေသော်လည်း နောက်ဆုံးမှာအောင်မြင်သွားလေသည်။

လင်းယောင်ပေါင်းထားသောပန်းအရည်များကို သစ်သားဖုံးနှင့် လက်ဖဝါးအရွယ် ကြွေဘူးလေးများထဲသို့ထည့်လိုက်သည်။ ကုမိသားစုဝင်တိုင်း တစ်ယောက်တစ်ဘူးစီ ရကြလေသည်။

မိသားစုတစ်ခုလုံးမှာ ရတနာတစ်ခုသဖွယ် သဘောထားကြကာ ဗီရိုထဲသိမ်းထားပြီး လွယ်လွယ်နှင့်အပြင်မထုတ်ကြပေ။ သုန်ဇီတစ်ယောက်သာ နေရာတကာ ထုတ်ကြွားနေလေသည်။ ညပိုင်းတွင် ခြင်လုံဇကာသို့ အစက်အနည်းငယ် ဖြန်းသည်။ ကောင်စုတ်လေးမှာ မီးအိမ်ကိုကိုင်ကာ ခြင်များမြေကြီးပေါ်တွင် တွန့်လိမ်နေသည်ကိုကြည့်လေသည်။ သူခုံတန်းပေါ် တက်လိုက်ပြီး လက်စားခြေနိုင်၍ အလွန်ပင် ပျော်ရွှင်နေတော့သည်။

ကုရှီတုန်းမှာ ဘေးအိမ်သေးသေးလေးထဲတွင် တစ်ယောက်တည်းနေပြီး လွတ်လပ်နေလေ့ရှိသည်။

သည်တစ်ကြိမ်တွင်တော့ သူ့အစ်ကိုဖြစ်သူမှာ သူနှင့်အိပ်တော့ ကောင်စုတ်လေးမှာ ထိုသို့မလုပ်ချင်၍ ပွစိပွစိလုပ်နေတော့သည်။

သို့သော် သူဘယ်လောက် တွန့်ဆုတ်နေပါစေ ကျန်းဆွေ့လန်က သူထိုသို့ မအိပ်ချင်လျှင် အပြင်ထွက်ပြီးကြမ်းပြင်ပေါ်မှာ အိပ်ရမည်ဟုဆို၏။

ကုရှီတုန်း အခန်းမှာ ၈/၉ စတုရန်းမီတာလောက်သာ။တံခါးမှ ဝင်လာလာချင်းပင် သဖန်းသားနှင့် လုပ်ထားသော အဝတ်ဗီရိုကြီး၊ အိပ်ရန်သစ်သားကုတင်၊ ခုံစောင်းနှင့် ဘယ်ဖက်တွင် ထိုင်ခုံတစ်ခုရှိလေသည်။ ခုံစောင်းပေါ်တွင် စာအုပ်များ၊ခဲတံများ၊အိမ်စာအုပ်များနှင့် ရေသောက်ရန် ကြွေ‌ရေသုတ်ကရား တစ်ခုရှိလေသည်။

ကုရှီအန်း အထဲဝင်ကာ တစ်ချက်ကြည့်လိုက်သည်။အခန်းထဲရှိ ခုံစောင်းတစ်ခုသာ အနည်းငယ်ရှုပ်ပွနေသည်။ ကျန်သည်များမှာ အတော်သန့်ရှင်းလေသည်။သူမျက်ခုံးပင့်လိုက်သည်။ ဒီကောင်စုတ်လေးလိင်များပြောင်းသွားတာလား?

အရင်က ထိုကောင်စုတ်လေး၏ အခန်းမှာ ညစ်ပတ်လွန်းလို့ ကြောင်များခွေးများပင် ခြေမချကြပေ။

ကုရှီတုန်းလက်ထဲတွင် ခေါင်းအုံးလေးနှင့်လာလေသည်။သူ့အစ်ကို ရပ်နေသည်ကိုတွေ့တော့ ဘာတွေးနေမှန်းသူသိလေသည်။ သူ ရုတ်တရက် ဒေါသနှင့်ခုန်ဝင်လာပြီး "အစ်ကိုကြီး ရုပ်ကဘာဖြစ်တာလဲ? မရီးပြောတာ ၃ ရက်လောက်ခွဲခွာပြီးတော့ မျက်လုံးဖွင့်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်သင့်တယ်တဲ့။ မမတောင် ယောက်ဖအတွက် လက်ကိုင်ပုဝါမှာ ငှက်ပုံထိုးပေးတာ။ ကျွန်တော်က ဘာလို့ပြန်ပြီး သန့်သန့်ရှင်းရှင်း‌ မနေနိုင်ရမှာလဲ?"

ခြံဝန်းထဲတွင် သွားတိုက်နေသော ကုချွင်မေ ဒေါသတကြီးအော်တော့သည်။ "ကုရှီတုန်း ပေါက်ကရလျှောက်ပြောနေတာ။ အဲ့ဒါမန်ဒရင်ဘဲ မန်ဒရင်ဘဲ!"

သို့သော်လည်း သာမန်ဘဲတစ်ကောင်လိုပါပင်။

ယောင်ယောင် ပြောတာမှန်သည်။ဘယ်လိုဘဲပင်ဖြစ်ပါစေ အစ်ကိုကြီးထို့ထို့ ကြိုက်သည်ဆိုသရွေ့အဆင်ပြေပေသည်။

ကုရှီအန်း မျက်လုံးနက်များထဲတွင် အပြုံးစလေးဖြတ်ပြေးသွားသည်။ "မှားတယ်"

ကုရှီတုန်း - "ဘာမှားတာလဲ?"

"မင်းအခုပြောလိုက်တဲ့ စကားပုံ"

ကုရှီတုန်းရှုပ်ထွေးစွာ ခေါင်းကုတ်လိုက်သည်။ "ဘာစကားပုံလဲ"

ခြံထဲတွင်ဆေးကြောနေသော ကုချွင်မေမှာ မနေနိုင်တော့ပဲ အထွန့်တက်ရတော့သည်။ "အရူး။ ၃ ရက်လောက်ခွဲခွာပြီးရင် လေးစားသမှုနဲ့ ဆက်ဆံခံရတယ်ဆိုတဲ့စကားပုံလေ။ နင်က ဘယ်လိုပြောလိုက်တာလဲ?"

ကုရှီတုန်း ပုခုံးတွန့်လိုက်ပြီး စကားပြောတာရပ်သွားသည်။

သူအခုဘာပြောလိုက်တာလဲ? ငါတို့ခွဲရတာ ၃ ရက်ရှိပြီဆိုတော့ မျက်လုံးဖွင့်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်ရမယ်?

သွားပြီ။ သူတော့ သူ့ အစ်ကိုကြီးရဲ့ပစ်မှတ် လုပ်ခံလိုက်ရပြီ!

ကောင်စုတ်လေးမှာ မြန်မြန်တက်လိုက်ပြီး ငုံးလေးတစ်ကောင်လို လုပ်နေတော့သည်။

အသေအချာပင်။ အိပ်ယာမဝင်ခင် ကုရှီအန်းက တိတ်တဆိတ်‌ ပြောလာသည်။ "မနက်ဖြန် မနက်စောစောထ။ အိမ်စာကို ကြည့်ပေးမယ်"

ကုရှီတုန်း - "..."

ညလယ်ခေါင်တွင် မိုးတိတ်သွားသည်။

နောက်တစ်နေ့ မနက်သည်တော့ ပူပြင်းသောနေသာသည့် နေ့တစ်နေ့ပြန်ဖြစ်သွားပြန်သည်။

ခြံဝန်းထဲရှိ နှင်းဆီရွက်များမှာ မနက်စောစောတွင် နေရောင်ကြောင့် လိပ်နေကြသည်။ ရာသီဥတုကောင်းသည်ကို အခွင့်ကောင်းယူပြီး ကျန်းဆွေ့လန် အိမ်မှအိပ်ယာခင်းကို ယူလိုက်ကာ ဝါးတန်းပေါ်တွင် နေလှန်းရန်တင်လိုက်သည်။

လင်းယောင် ကူညီရန် ရှေ့နောက်ပြေးလွှားနေသည်။ ဤရက်များတွင် မိုးရွာ‌‌သောကြောင့် သူမအခန်းမှာစိုထိုင်းထိုင်းဖြစ်နေလေသည်။ စိုစိမနေသော်ငြား အစိုဓါတ်ကတော့ နေရာတိုင်းတွင်ရှိနေဆဲပင်။

အဒေါ်ဆွေ့လန် ပထမဆုံးလုပ်သည့်အရာမှာ သူမအခန်းထဲရှိ အိပ်ယာခင်းအားလှန်းဖို့ပင်။ သူမ မကူညီလျှင်လည်း ကိစ္စမရှိပေ။

များသောအားဖြင့် အိပ်ယာခင်းလှန်းလျှင် ကျန်းဆွေ့လန် သူမသမီးကို ကူညီခိုင်းရန် ခေါ်တတ်သည်။ ကုချွင်မေမှာ အလျင်စလိုနှင့် အလုပ်အများကြီးလုပ်ရသည်။သည်တစ်ကြိမ်တွင်တော့ လင်းယောင်ပါ ပါလာသောကြောင့် အများကြီး ပိုပြီးလွယ်ကူသွားလေသည်။

အိပ်ယာခင်းကို တင်ပြီးသောအခါ ကျန်းဆွေ့လန် ဝါးတုတ်တစ်ခုကို ယူလိုက်ပြီး ခြံဝန်းထဲတွင် ခင်ပြင်းပြင်းရိုက်နေတော့သည်။

"ဟေး ဆွေ့လန် စောင်လှန်းနေတာလား? မွေးရပ်မြေက‌ ဆွေမျိုးတွေက ဥတွေခြင်းတစ်ခြင်းနဲ့ယူလာတာလေ။မီးတွင်းထဲက သမီးစားဖို့"

ကျန်းဆွေ့လန် အလုပ်များနေစဉ် ဘေးအိမ်ရှိချမ်းသာသော အဒေါ်မှာ ခြံဝန်းထဲသို့ဥတစ်ခြင်းကိုကိုင်ပြီး ပျော်ရွှင်စွာလာလေသည်။

ချမ်းသာသည့် အဒေါ်နှင့်သူ့ယောက်ျားတွင် သမီး ၂ ယောက်ရှိကြသည်။ သမီးအကြီးမှာ စစ်တပ်ထဲတွင်ဖြစ်ပြီး သမီးငယ်ကျားရှင်းမှာ ကောင်တီတွင် လက်ထပ်လိုက်သည်။ ရှစ်လကျော်ပြီဖြစ်ပြီး နောက်ပိုင်းကျ မွေးသွားတော့သည်။ သကြားညိုနှင့်ကြက်ဥခေါက်ဆွဲများမှာ မီးတွင်းအတွက် အားလုံးမဟုတ်သေးပေ။

ဦးလေးတာ့ဖုမှာ အလုပ်ရုံဒါရိုက်တာဖြစ်သည်ကိုမကြည့်လေနှင့်။ အသား၊ ဆီတံဆိပ်ခေါင်းများ၊ သကြားညိုတံဆိပ်ခေါင်းများနှင့် ကြက်ဥများကို တစ်လတွင်သာမန် အလုပ်သမားတစ်ဦးထက် သူပိုမိုရရှိနိုင်ပေသည်။

ချမ်းသာသည့်အဒေါ်မှာ စိတ်ပူရလွန်းလို့ နှုတ်ခမ်းများပေါက်မတတ်ပင်။ သူမ မွေးရပ်မြေသို့ပြန်ပြီး ဤပစ္စည်းများကိုရရန် ပိတ်စလက်မှတ်များနှင့် စက်မှုလုပ်ငန်းသုံးလက်မှတ်များကို သုံးလိုက်ရသည်။

ကျန်းဆွေ့လန် သူမလက်ထဲမှ ဝါးတုတ်ကိုချလိုက်ပြီးသက်ပြင်းချလိုက်သည်။ "အခုလည်းအတူတူပါပဲ။ကျွန်မတို့ငယ်ငယ်တုန်းကဆို ကြက်ဥမပြောနဲ့။သကြားညိုနဲ့ဆန်တစ်ဇလုံလောက်တောင် ဇိမ်ခံပစ္စည်းပဲ"

"အတိတ်မှာ ဘာတွေဖြစ်ခဲ့ပါစေ ခုတော့ကျွန်မတို့သာမန်လူ‌တွေ နေ့တိုင်းကန်တင်းမှာ စားပြီး အစိုးရဆီကအကျိုးအမြတ်ရနေတာ"

ညီအစ်မ ၂ ယောက် စကားပြောနေစဉ် လင်းယောင် ကုတင်ပေါ်မှ စောင်ကိုကိုင်ပြီး ခေါင်းပြူကာ "အဒေါ်ရေ စောင်လှန်းမလားဟင်?"

"ကောင်းပြီ ယောင်ယောင်။ ဖြည်းဖြည်းလျှောက်လာနော်။ စောင်လှန်းရတာနဲ့ ပင်ပန်းနေမယ်"

"ဟုတ်"

လင်းယောင် မြန်မြန်ပြန်ဖြေလိုက်ပြီး ချမ်းသာသည့်အဒေါ်ကို အပြုံးတစ်ပွင့်နှင့်နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ အဒေါ်"

ချမ်းသာသည့်အဒေါ်မှာ ခဏတာ ဆွံ့အသွားကာပြောလိုက်သည်။ "ဟေး"

လင်းယောင် အဝေးကိုလျှောက်သွားတော့ သူမလိုက်ကြည့်လိုက်သည်။ စိတ်ထဲတွင် အံ့အားသင့်နေလေသည်။ ကုမိသားစုရဲ့ချွေးမလေးက စိတ်ထားပြောင်းသွားတာလား?

လက်ထပ်သည့်နေ့တွင် သူမမှာတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီး အခြားလူများကိုမကြည့်ရဲပေ။ သူမမှာကြည့်ကောင်းသော်လည်း သိမ်ငယ်နေရှာသည်။

ထိုအချိန်တွင် ခြံဝန်းထဲ၌ ကုမိသားစုမှာ အနာဂတ်တွင်ဘယ်တော့မှ တည်ငြိမ်မည်မဟုတ်ဟု ကောလဟာလများရှိနေသေးသည်။

အခုအခြားသူများ၏ ဘဝကိုကြည့်ပါလေ။ သည်ကလေး သူ့ခေါင်းကိုသူ တိုင်နှင့်ဆောင့်ခဲ့သည်။ သူပြန်ကောင်းပြီးနောက် အခြားတစ်ယောက်ကဲ့သို့ပင်။ချက်ချက်ချာချာရှိပြီး နှုတ်ရေးလည်းချိုလေသည်။သူမမှာ ကျေးလက်တောရွာမှ မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမအသားအရေမှာ ဖြူဥနေကာ အလွန်ပင် ချစ်စရာကောင်းပြီး လှပကာ လူတိုင်း၏ နှလုံးသားကို အရည်ပျော်သွားစေသည်။

ကန်တင်းမဖွင့်ခင်တွင် ထိုကလေးမှာ မှိုများကို အခြောက်လှန်းထားပြီး သူ့မိသားစုကလည်းလက်တစ်ဆုပ်စာပေးကာ အိမ်တွင်မှိုစွပ်ပြုတ်လုပ်သောက်ရန် ယူသွားလိုက်သည်။

ချမ်းသာသည့်အဒေါ်မှာ လင်းယောင်ကို အလွန်ပင်သဘောကျသွားပြီး ကျန်းဆွေ့လန်ကို ချီးကျူးနေသည်အားမရပ်နိုင်တော့။

ကျန်းဆွေ့လန်၏ မျက်နှာမှာ အပြုံးပန်းများဝေဆာနေကာ သူမဂုဏ်ယူပြီး နှလုံးသားထဲ နွေးထွေးသွားသည်။ "ကျွန်မရဲ့ ယောင်ယောင်ရယ် ချွင်မေရယ်ကအရမ်းတွေးပေးတတ်တာလေ။ အိမ်က ၂ ကောင်ကတော့ ကပျက်ကချော်နဲ့ သူ့အဖေကို သွားတူတာ!"

ကန်တင်းကိုအစားအစာသွားယူဖို့ လုပ်နေသော ကုရှီအန်း - "..."

လင်းယောင်စောင်ကို ယူပြီးလာလိုက်သည်။ သူမ မနေ့ညက ကောင်းကောင်း အိပ်လိုက်ရသောကြောင့်ဖြစ်နိုင်သည်။ စိတ်အခြေအနေ ကောင်းနေသည်။ ပထမဆုံးအနေနှင့် သူမဖက်ကအရင်စပြီး ကုရှီအန်းကို စကားပြောလိုက်သည်။

"ကန်တင်းကနေ ပြန်လာတာလား။ ကန်တင်းမှာဒီနေ့ညစာကဘာလဲ?"

သူမ မစားရသေးပေ။ လာပြီး ကုရှီအန်း လက်ထဲက ထမင်းဘူးကို ကြည့်လိုက်သည်။ သူမ ပန်းရောင်စကပ်ကိုဝတ်ထားပြီး အနက်ရောင် ဆံပင်ရှည်ရှည်ကို ကျစ်ထားကာ သူမမျက်နှာလေးမှာ နူးညံ့နေတော့သည်။ ပြုံးလိုက်လျှင်ပါးတွင် ပါးချိုင့်လေးများပေါ်လာပြီး သူမခန္ဓာကိုယ်တွင် သစ်တော်သီးနံ့လေး တွယ်ငြိနေလေသည်။

ကုရှီအန်း၏ မျက်နှာမှာ အမူအရာကင်းမဲ့ပြီး ချောမောနေသော်လည်း သူ့နားများကတော့ အနည်းငယ်ပူနွေးနေလေသည်။

လင်း‌ယောင် သူမခင်ပွန်း၏ မျက်နှာအမူအရာကိုလေ့လာနေဖို့ အချိန်မရှိပေ။ သူမ ဗိုက်ဆာနေပြီး မြန်မြန်စားချင်နေပြီဖြစ်သည်!

ကန်တင်းရှိ အစားအစာမှာ ခါတိုင်းလိုပင်။ ဆန်ပြုတ်၊ဆားရည်စိမ်များနှင့် ပန်ကိတ်များဖြစ်သည်။အစားအစာများမှာ အရမ်းကောင်းမနေပေ။ သူတို့ကန်တင်းတွင် ထိုသို့စားရပြီး ဗိုက်ဝသည်က ကောင်းသောအရာပင်။ အလုပ်သမား လူတန်းစားများမှာ အစားဂျီးမများကြပေ!

ကုမိသားစု ညစာစားပွဲတွင် ဘဲဥများရှိနေသေးသည်။

ဘဲဥများကို ဆေးဘဲဥဖြစ်အောင် လုပ်ထားခြင်းဖြစ်သည်။ ကုမန်ဆန်မှာ တစ်နေ့လုံးအလုပ်ရုံတွင် ကြိုးစားပမ်းစား အလုပ်လုပ်ရသော‌ကြောင့် အစားကောင်းကောင်း မစားရလျှင် သူ မနေနိုင်ပေ။

လင်းယောင် အငွေ့တထောင်းထောင်း ထနေသော ဆန်ပြုတ်ကို ကိုင်ပြီးသောက်လိုက်သည်။ ထိုဟာမှာအလွန်ပူနေသောကြောင့် နောက်ပိုင်းကျ ပဲတီစိမ်းကိုရေစိမ်ပြီး ပဲတီစိမ်းဟင်းချိုလုပ်သောက်မည်ဟု တွေးနေလေသည်။ သကြားထည့်သောက်လျှင် ချိုနေမည်ဟုတွေးနေသည်။

လင်းယောင် ပျော်ရွှင်စွာတွေးနေစဉ်မှာပင် ရုတ်တရက်ကျန်းဆွေ့လန် ဘေးခန်းတွင် ပေါက်ကွဲနေသည်ကိုကြားလိုက်ရသည်။

"သောက်ကျိုးနည်း ကောင်စုတ်လေး မင်းက အလုပ်ပြောင်းပြီး မွေးရပ်မြေကို ပြန်လာတယ်!"

All Chapters