အခန်း (၁၄)
Vol. 2 Ch. 14
ထိုနေ့တွင် ယွင်ရွှေကောင်တီစတီးစက်ရုံမှ သတင်းထူးထွက်ပေါ်လာသည်။ တပ်ရင်းမှူးဖြစ်သော ကုမိသားစု၏ အကြီးဆုံးသားမှာ အလုပ်ပြောင်းပြီး အိမ်ပြန်လာလေသည်။
လွန်ခဲ့သောအနှစ် ၅၀ အတွင်းတွင် လူငယ်အများအပြားမှာ စစ်သားများအဖြစ် တာဝန်ထမ်းဆောင်ရန် ထွက်သွားကြပြီး အများစုမှာ အလုပ်ပြောင်းကာ ပြန်လာကြသည်။
ယွင်ရွှေကောင်တီမှာ လူဦးရေထောင်ဂဏန်းသာရှိသော စီရင်စု အသေးလေးဖြစ်လေသည်။ နှစ်တိုင်းအလုပ်ပြောင်းပြီး အိမ်ပြန်လာသူမှာ ၂ ယောက် ၃ ယောက်သာရှိလေသည်။
နေ့လည်ပိုင်းတွင် စတီးစက်ရုံကန်တင်းမှာ လူစည်ကားနေလေသည်။ ဒီနေ့တွင် ကန်တင်း၌ အသားရလေသည်။ဝက်လက်ကို နှပ်ထားသောဟင်း၊ ပဲပင်ပေါက်နှင့် ပေါင်မုန့်များဖြစ်သည်။ အဝေးကပင် အနံ့ကိုရနိုင်လေသည်။ အလုပ်ပြီးသောအခါ အလုပ်သမားများ တန်းစီနေကြပြီး လည်ပင်းရှည်ကာ မျှော်လင့်စောင့်စားနေကြသည်။
သူတို့စားစရာများကို ရပြီးသော လူငယ်တစ်စုကတော့ သစ်သားခုံများပေါ်တွင် ခြေချိတ်ထိုင်ကာ တဗျစ်တောက်တောက်လုပ်နေကြသည်။
“ဟေး ဦးလေးမန်ဆန်ရဲ့အကြီးဆုံးသားက တကယ်ကြီးသူ့အလုပ်ကို ပြောင်းပြီးပြန်လာတာလား?”
“ဘာလို့ခွင့်မယူတာလဲမသိ? စက်ရုံဒါရိုက်တာပြောတာကို ငါ့နားနဲ့ဆက်ဆက်ကြားခဲ့တာ။ အတွင်းရေးမှူးနဲ့ လုံခြုံရေးဌာနမှူးလည်း အဲ့မှာရှိနေတာ!”
“ခေါင်းဆောင်တွေအကုန်အဲ့မှာရှိနေတာ။ ဒီသတင်းကအမှန်ဖြစ်နိုင်တယ်”
“လုံခြုံရေးဌာနမှူးလည်း အဲ့မှာရှိနေတာ။ တစ်ခြားသူတွေနေရာရဖို့ အထုပ်ထုပ်ထားတာလား?”
“နေရာပေးရမယ် ငါတို့စက်ရုံက နေရာတိုင်းက သံမှိုလိုပဲဆိုတာ မမေ့နဲ့ဦး။ ငါတို့လုံခြုံရေးဌာနမှူးကလည်း စစ်တပ်ကလာတာပဲ”
“အတူတူပဲဖြစ်နိုင်တယ်။ နှစ်တိုင်းဆုတံဆိပ်တွေရတဲ့ တိုက်ပွဲသူရဲကောင်း ကုရှီအန်းက တပ်ရင်းမှူး!ငါတို့ လုံခြုံရေးဌာနမှူးလာတုန်းက သူကကုမ္ပဏီအရာရှိ။ ယှဉ်လို့တောင်မရဘူး”
“မင်းအဲ့လိုပြောတာကို ငါမကြိုက်ဘူး။ သူတို့ကငါတို့တိုင်းပြည်ကို ကာကွယ်ပေးနေတဲ့ ပြည်သူ့စစ်သားတွေပဲလေ။ ဘာလို့ငါတို့ဌာနမှူးက ကုရှီအန်းနဲ့ ယှဉ်လို့မရရမှာလဲ?"
“အဲ့ဒါအမှန်ပဲ!မင်းက ငါတို့လုံခြုံရေးဌာနကို အထင်သေးနေတာလား?”
“သူကအလုပ်ရုံက စက်ပြင်သမားပဲမဟုတ်ဘူးလား။ သူကအရမ်းမောက်မာနေတာ!”
“ဟေး မင်းသက်သက် ပြဿနာရှာနေတာလား။ ငါကအဲ့လိုပြောတာလား။ မင်းက ကုရှီအန်းကို တိုက်ပွဲသူရဲကောင်းလို့ပြောပြီး လုံခြုံရေးဌာနကိုက မင်းမှားတာလေ။ သောက်ကျိုးနည်း”
“ငါတို့ရဲ့စက်ပြင်ဆရာတွေက ဘာဖြစ်နေလို့လဲ။ မင်းကပြဿနာရှာနေတာပဲ!”
“လာစမ်းပါ။ မင်းအဖိုးက မင်းကိုကြောက်မနေဘူး!”
“ဟုတ်ပါပြီ။ ငါတို့စက်ရုံတစ်ခုတည်းမှာပဲ အလုပ်လုပ်ကြတာ။ ပြီးတော့ ငါတို့က အလုပ်သမားလူတန်းစားတွေပဲကို။ ငါတို့ ဘာလုပ်နေကြမှာလဲ။ စားကြမယ် စားကြမယ်”
နှစ်ဖက်အခြေအနေ တင်းမာနေသည်ကိုတွေ့ပြီး သူတို့အဝတ်များကို ပစ်ချလိုက်ကာ ထိုးကြိတ်ရန်လက်သီးလက်မောင်းတန်း နေကြသည်။ သူ့ဘေးတွင်ရှိသော မီးခိုးရောင်အလုပ်ဝတ်စုံကို ဝတ်ထားသော လူငယ်လေးက အမြန်လာပြီး ရန်ပွဲကိုတားရသည်။
“ဘာလုပ်နေတာလဲ။ မင်း စားချင်သေးလား။ မစားချင်ရင်အခုထွက်သွားလိုက်။ ကန်တင်းက မင်းတို့ပြဿနာရှာရမယ့်နေရာလား?”
မစ်စ်ကျန်းတာ့ချန်က ထမင်းပန်းကန်ကို ရိုက်ချလိုက်ပြီး ထိုလူငယ်ကို မျက်နှာထားတည်တည်နှင့် ဆူဆောင့်နေတော့သည်။
“ယုံချင်ယုံ မယုံချင်နေ ကန်တင်းမှာ ပြသနာရှာရဲရင်ရှာကြည့်။ မနက်ဖြန် ကန်တင်းမှာ ထမင်းမစားရဘူးသာမှတ်!”
မစ်စ်ကျန်းတာ့ချန် သူမခေါင်းကို ခပ်မော့မော့ထားလိုက်ပြီး သူမသားကို ပညာပြနေသကဲ့သို့ပင် အထင်အမြင်သေးသည့်အကြည့်နှင့် ကြည့်လိုက်သည်။
ထိုမှသာ ခပ်ငယ်ငယ်ယောက်ျားသားအုပ်စု ခေါင်းငုံ့ကာအသက်အောင့်ပြီး ထိုင်လိုက်ကြသည်။
ထိုသို့မလုပ်၌လည်း မရချေ။ သည်မိန်းမကြီးမှာ ကန်တင်း၏ အဝယ်တော်ဖြစ်ပြီး သူ့ယောကျ်ားမှာ စားဖိုမှူးကြီးဖြစ်ပြီး ကန်တင်း၏ ခေါင်းဆောင်ဖြစ်လေသည်။ ထိုလင်မယားမှာ အညှိုးအတေးကလည်း ထားတတ်သေးသည်။ သူတို့ကိုလွန်ဆန်မိသည်နှင့် အစားကောင်းကောင်းစားရမည် မဟုတ်တော့ပေ။
သူတို့ကတော့တကယ့်ကိုပဲ ကြမ်းပိုးနဲ့ပိုးဟပ်အတွဲပဲ။နတ်ဖက်တဲ့စုံတွဲ!
*
နေ့လည်ပိုင်းတွင် ကောင်းကင်တွင် နေခြစ်ခြစ်တောက်ပူနေပြီး လေလည်းမတိုက်ပေ။ လမ်းပေါ်တွင်လမ်းလျှောက်နေကြသော လမ်းသွားလမ်းလာများမှာ လေပူများတိုက်ခတ်သည်ကို ခံရပြီး ပေါင်းအိုးထဲရောက်နေသကဲ့သို့ပင်။
နေ့လည်စာစားပြီးနောက် ကုမိသားစု အိမ်ထဲတွင် တစ်ရေးအိပ်ကြလေသည်။
ကုရှီအန်းတစ်ယောက်သာ လမ်းစဉ်အတိုင်းမလိုက်ပဲ နေပူခြစ်ခြစ်ထဲတွင် ကောင်တီလူမှုလုံခြုံရေးဌာနသို့ တာဝန်အတွက် သတင်းပို့ရန် သွားလေသည်။
ကျန်းဆွေ့လန်မှာ အိပ်မက်ထဲတွင် ပန်ကိတ်များကို ဟိုဖက်သည်ဖက်လှန်နေလေသည်။ သူမတကယ် မအိပ်နိုင်ပေ။ ထို့ကြောင့် မိုးခြိမ်းသလိုဟောက်နေသော ကုမန်ဆန်အားကန်လိုက်သည်။
ထိုလူကြီးမှာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေပြီး သူမကန်သည်ကိုပင် မနိုးပေ။ ကျန်းဆွေ့လန် သူ့ကိုဒေါသတကြီး ထပ်ကန်လိုက်ပြန်သည်။
ကုမန်ဆန် ဘုမသိဘမသိ မျက်လုံးဖွင့်လိုက်ပြီး သူ့တင်ပါးကိုကိုင်လိုက်က “ခြင်ဇကာမှာ ခြင်တွေရှိနေလို့လား?”
သူဘာလို့ အဆိပ်ပြင်းတဲ့ခြင်တစ်ကောင် သူ့တင်ပါးကိုကိုက်တယ်လို့ အိပ်မက်မက်ရတာပါလိမ့်?
ကျန်းဆွေ့လန်မှာ ဒေါသထွက်လွန်းလို့ ကုမန်ဆန်၏ နားရွက်ကိုဆိတ်ဆွဲလိုက်ပြီး လွှတ်မပေးပေ။ “သောက်ကျိုးနည်းလူကြီး။ တစ်နေကုန် စားလိုက်အိပ်လိုက်ပဲလုပ်နေတာ။ အိမ်ကိုဘာမှဂရုမစိုက်ဘူး။ ရှင်ကတော့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်…”
ကုမန်ဆန်မှာ သူ့ဘဝတစ်ဝက်လောက် ကျန်းဆွေ့လန်မှနားကိုလိမ်ဆွဲသည်ကို ခံလာရပြီး သူနာမှာကိုမကြောက်တော့ပေ။ သူမဒေါသကြောင့် တစ်ခုခုဖြစ်သွားမှာကိုသာကြောက်လေသည်။
“ဆွေ့လန် စိတ်မဆိုးပါနဲ့။ မင်းမှာလုပ်စရာရှိရင် ကိုယ့်ကိုပြော ကိုယ်တို့အတူတူစဉ်းစားကြမယ်လေ”
ကုမန်ဆန်၏ မျက်နှာတွင် မျက်နှာချိုသွေးသောအပြုံးတစ်ခုရှိနေလေသည်။
ထိုသည်ကိုမြင်တော့ ကျန်းဆွေ့လန်မှာ ဒေါသမထွက်နိုင်တော့ပေ။ သူမလက်ကိုလျှောချလိုက်ပြီး သက်ပြင်းချလိုက်သည်။ “လူကြီး ကျွန်မတို့သား သူ့အလုပ်ကိုပြောင်းပြီးပြန်လာတာ ကောင်းတယ်လို့ထင်လား ဆိုးတယ်လို့ထင်လား?”
ကုမန်ဆန် ရှုပ်ထွေးသွားသည်။ သူ့သားပြန်လာတာက ဘယ်လိုလုပ်ပြီး ကောင်းတဲ့ဟာမဟုတ်ရမှာလဲ?
သူစကားမပြောနိုင်ခင်မှာပင် ကျန်းဆွေ့လန်သူမကိုယ်သူမပြန်ပြောနေသည်။ “ဟုတ်တယ်။ ကျွန်မတို့သားလေး သူ့အလုပ်ကိုပြောင်းပြီး အိမ်ပြန်လာတာကောင်းတဲ့ဟာပဲ။ မိသားစုပြန်လည်ပေါင်းစည်းရတာ ကောင်းတာပဲ။ ကျွန်မတို့အန်းဇီကို ကောင်တီပြည်သူ့လုံခြုံရေးဌာနရဲ့လက်ထောက် ဒါရိုက်တာအဖြစ် အလုပ်လုပ်ခိုင်းဖို့ကမကောင်းဘူး။ ခုရက်ပိုင်းတွေ အပြင်မှာ ငြိမ်းချမ်းတာမဟုတ်ဘူး။ ရဲအရာရှိတွေရဲ့လက်ထဲမှာ သေနတ်ရှိရင်တောင် အရမ်းဆိုးတဲ့ဂန်းစတားတွေကို ရင်ဆိုင်ဖို့မလွယ်ဘူး။ ကျွန်မတို့ကုမိသားစုတော့ ဒုက္ခပါပဲ။ ကျွန်မတို့သမက်ရော ခမည်းခမက်တွေရောက ရဲအရာရှိတွေ။ ခုတော့ကောင်းရော ကျွန်မသားပါ ရဲအရာရှိဖြစ်သွားပြီ။အခုအန်းဇီက ဒီမှာဆိုတော့ ကျွန်မစိတ်ပူပြီးဘယ်လိုနေရပါတော့မလဲ!”
ကျန်းဆွေ့လန် ထိုအကြောင်း တွေးလိုက်တော့ ဝမ်းနည်းသွားသည်။ သူမသည် မိခင်တစ်ယောက်ဖြစ်သည်။ မိခင်မှာ သားဖြစ်သူ မိုင်ထောင်ပေါင်းများစွာ ခရီးသွားရသောအခါ စိုးရိမ်လေသည်။
ဝက်မွေးမြူရေးလုပ်ငန်းရှိ လုပ်ဖော်ကိုင်ဖက်များက အလားအလာကောင်းရှိသော သားရှိသည့်သူမကို အားကျကြသော်လည်း သူမကတော့ သူမသားကို ဘာမှမလုပ်ပဲ အေးအေးချမ်းချမ်း ကျန်းကျန်းမာမာနှင့်သာ ဘဝကိုဖြတ်သန်းစေလိုသည်။
ကံမကောင်းစွာပင် ကိစ္စများမှာ စီစဉ်ထားသလို ဖြစ်မလာခဲ့ပေ။ သူ့သားမှာသေနတ်ကိုင်ရမည့်စစ်သားအဖြစ်မွေးဖွားလာခဲ့လေသည်။ သူစစ်တပ်ထဲတွင် ဒဏ်ရာရပြီးပြန်ရောက်သည်နှင့် နှောင့်နှေးခြင်းမရှိပဲ ပြည်သူ့လုံခြုံရေးဌာနတွင် အလုပ်ဝင်ရန် လုပ်လေသည်။
အချိန်အတော်ကြာ နားထောင်ပြီးသောအခါ ကုမန်ဆန်မှာနောက်ဆုံးတွင် ကျန်းဆွေ့လန် သူမသားရဲတပ်ဖွဲ့သို့ဝင်မည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။
သားရော သားမက်ရော ၂ ယောက်လုံး ပြည်သူ့လုံခြုံရေးဌာနသို့ ဝင်သွားကြလေသည်။
ကျန်းဆွေ့လန် စိတ်ပူသည်ကိုမပြောနှင့်။သဘောထားကြီးသော ကုမန်ဆန်ပင် ထိုင်းထိုင်းမှိုင်းမှိုင်းနှင့် “ဟုတ်တယ်” ဟုပြောလေသည်။ သူသည်နုံနုံအအနှင့် သူများကို ဘယ်လို နှစ်သိမ့်ရမည်ကိုမသိချေ။အချိန်အတော်ကြာပြီးသောအခါ သူပြောလာသည်။ “ကလေးတွေမှာ သူတို့ရဲ့ကိုယ်ပိုင်ကောင်းချီးမင်္ဂလာတွေရှိမှာပါ”
သူ့ကိုယ်သူဥပမာအဖြစ် ပေးလိုက်သည်။ ထိုအချိန်တွင် အဘွားကုမှာ သူ့သားသည် မြေကိုထွန်ယက်စိုက်ပျိုးဖို့ရန် တုံးအလွန်းတာကို တွေ့လိုက်ရသည်။ သူ့တွင်ခွန်အားတော့ရှိပြီး အလုပ်ကြိုးကြိုးစားစားတော့ လုပ်တတ်သည်။ သူမမှာ သူမ၏သားအနာဂတ်တွင် သူတောင်းစားဖြစ်မည်ကို စိုးရိမ်ပြီး အိပ်၍ပင်မပျော်ချေ။
ဦးလေးကုမန်ဆန်မှာ ထိုမသမာသောနည်းကိုသုံးရလောက်အောင်ထိ မထက်မြက်လေကာ ဆရာတစ်ယောက်ထံတွင် သင်ယူပြီး စက်ပြင်သမားအဖြစ်လုပ်ကိုင်ရန် စတီးစက်ရုံသို့ ဝင်လာခဲ့သည်။
“မဟုတ်ရင် ကိုယ်ဒီလို လုပ်တတ်ကိုင်တတ်ရှိပြီး ကောင်းတဲ့ဆွေ့လန်လို ဇနီးမျိုးနဲ့လက်ထပ်နိုင်မှာမဟုတ်ဘူး”
ကျန်းဆွေ့လန်နှင့် ခင်ပွန်းဖြစ်သူတို့ တဟားဟားရယ်ကြတော့သည်။
“စကားတွေတတ်နေတာ။ ဘယ်သူက ရှင့်ကိုတုံးတယ်လို့ပြောတာလဲ? ကျွန်မ ထင်တာတော့ ရှင်က တစ်ခြားသူတွေထက်တောင် ပိုစကားတတ်သေးတယ်!”
ဦးလေးမန်ဆန်မှာ ထိုသည်ကို တကယ်ပင် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောလိုက်ခြင်းဖြစ်သည်။
ကုမန်ဆန်၏ လမ်းပြပေးမှုကြောင့် ကျန်းဆွေ့လန်၏ စိတ်ဓါတ်ကျခြင်း ပျောက်ကွယ်သွားတော့သည်။
အမှန်တော့ ထိုလူကြီးပြောသည်မှာ အဓိပ္ပာယ်ရှိလေသည်။ ဤဘဝတွင် အရာရာမှာ သတ်မှတ်ပြီးဖြစ်လေသည်။
အတိတ်ကို ပြန်စဉ်းစားလိုက်တော့ ကျန်းဆွေ့လန်မှာလည်း ရှီလီပါးရွာ၏ နာမည်ကြီးပန်းပွင့်လေးဖြစ်လေသည်။ သူမကိုလက်ထပ်လိုသည့် လူငယ်လေးများ အများအပြားပင် ရှိသော်လည်း သူမကတော့ဤသူနှင့်ချစ်ခင်စုံမက်ခဲ့လေသည်။
ထိုလူကြီးမှာ နှိမ့်ချတတ်သည့်အပြင် သူ့မှာနှုတ်ခမ်းနီနီလေးနှင့် သွားဖြူဖြူများရှိလေသည်။ အခုတော့မီးသွေးတုန်းလိုပင် မည်းနေပြီဖြစ်သော်လည်း ထိုအချိန်ကတော့ … အဟမ်း ခေါင်းစဉ်တွေပြောင်းကုန်ပြီ။ အတိုချုံ့ပြောရမယ်ဆိုရင်တော့ ဖူးစာပေါ့။
လူတစ်ယောက်၏ ဘဝမှာ သတ်မှတ်ထားပြီးသားဖြစ်သောကြောင့် သူမစိုးရိမ်နေလို့လည်း အလကားပင်။ယောင်ယောင်နှင့် သူမသားကိုသာ တွဲပေးဖို့လုပ်တော့မည်။
ဝက်ပင်လျှင် သူ့အတွက်သူ ဂေါ်ဖီတူးတတ်သည်။ ရူးနေသော သူမသားကတော့ မနေ့ညအိမ်ပြန်လာကတည်းက ယောင်ယောင်ကို စကားမပြောသေးပေ။
ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်ပြီး သူ့မိန်းမကိုတောင် အမိမဖမ်းနိုင်ပေ!
ကျန်းဆွေ့လန်မှာ သံကစတီးမဖြစ်လာနိုင်ဆိုသည့်အချက်ကိုမုန်းတီးပြီး သူမ၏ ဦးနှောက်မရှိသောသားအား ဇနီးဖြစ်သူကို ဘယ်လိုလိုက်ရမည်ဆိုတာသင်ပေးရန် စိတ်ပိုင်းဖြတ်လိုက်သည်။
အရှေ့အဆောင်တွင် လင်းယောင်သည်တော့ သူ့ယောက္ခမ ဘာတွေးနေသည်ဆိုသည်ကို မသိပေ။
သူမအဖြူရောင် ပန်းပွင့်များပါသော ညအိပ်ဂါဝန်ကိုဝတ်ထားကာ အခန်းထဲတွင် မေးထောက်ပြီး တစ်ခုခုကိုစဉ်းစားနေလေသည်။
ကုရှီအန်းရဲ့စစ်မှုထမ်းအဖြစ်ကနေ နှုတ်ထွက်တဲ့အကြောင်းကို မူရင်းစာအုပ်ထဲမှာ ဘယ်လိုရေးထားပါလိမ့်?
သူမ မှတ်မိတာသာမှန်လျှင် ကုရှီအန်းတစ်ယောက် လျှို့ဝှက်စစ်ဆင်ရေးလုပ်ပြီး ချုံခိုနေသော ရန်သူတစ်ယောက်မှ ပုခုံးသို့သေနတ်ဖြင့် ပစ်ခြင်းကို ခံခဲ့ရသည်။ ထိုဒဏ်ရာမှာ ပြင်းထန်သောကြောင့် သူပြန်ကောင်းပြီးနောက်ပိုင်းမှာတောင် အရင်လိုသက်တောင့်သက်သာအသုံးမပြုနိုင်တော့ပေ။
ထို့နောက် သူရှေ့တန်းမှအနားယူလိုက်ပြီး ကောင်တီလက်နက်ကိုင် တိုက်ဖွဲ့တွင် အလုပ်လုပ်ခဲ့သည်။ ထို့နောက် စီရင်စုမြို့တော်သို့သွားပြီး ထပ်ပညာသင်ယူခဲ့ကာ သူပြန်လာသောအခါ စက်ရုံတွင်အင်ဂျင်နီယာတစ်ယောက် ဖြစ်လာခဲ့သည်။
သို့သော်ငြား လက်တွေ့တွင်တော့ဘာကြောင့် စာအုပ်ထဲကနှင့် ကွာခြားနေရသနည်း?
ကုရှီအန်းမှာ အမှန်ပင်ဒဏ်ရာရခဲ့သော်ငြား မပြင်းထန်ပေ။ သာမန် သေနတ်ဒဏ်ရာမျှသာဖြစ်ပြီး ပြန်ကောင်းရန် ရက်အနည်းငယ်သာ ကြာလေသည်။
ပြောရမည်ဆိုလျှင် သူအလုပ်ပြောင်းပြီး ပြန်လာရန်မလိုအပ်ပေ။ ကြားတာတော့ ကုရှီအန်း၏ ယခင်ခေါင်းဆောင်ဖြစ်သူ ကောင်တီပါတီကော်မတီအတွင်းရေးမှူးမှာ သူ့တွင်အလားအလာရှိသည်ကိုသိပြီး သူ့ကိုတပ်သားသစ် စုဆောင်းရေးမလုပ်မီတွင် စစ်တပ်မှဆရာနှင့်ပင် အချင်းများခဲ့သည်ဆို၏။
လင်းယောင် ရှုပ်ထွေးသွားသည်။ သူမစာအုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာသည် မှန်သော်လည်း တကယ့်ဖြစ်ရပ်မှာ ယွမ်ယွမ်၏ စာအုပ်ထဲတွင် ရေးထားသည်နှင့် သွေဖယ်နေလေသည်။ ဘာလို့အဲ့လိုဖြစ်ရသနည်း?
သူမရဲ့ပြန်လည်မွေးဖွားလာမှုက လိပ်ပြာတောင်ပံရိုက်ခတ်ခြင်း ဂယက်ကိုဖြစ်စေပြီး အဖြစ်အပျက်တွေကို အခုလိုမူလလမ်းကြောင်းကနေ သွေဖယ်သွားစေတာလား?
တကယ်လို့သာဒီလိုဆိုရင် သူမကြောင့်ဖြစ်လာတဲ့ လိပ်ပြာတောင်ပံရိုက်ခတ်ခြင်း ဂယက်က ကောင်းတာလား ဆိုးတာလား?
မူရင်းစာအုပ်ထဲက အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာမှာလား?
လင်းယောင် ထိုအကြောင်း တွေးလိုက်တာနဲ့တင် ခေါင်းကိုက်လာသည်။ သူမ ဒီနေ့တစ်ရေး မအိပ်ထားတော့ သန်းဝေပြီးနောက်ထပ် အိပ်ချင်လာပြန်သည်။ သူမလှဲချလိုက်ပြီး သူမအားအင်တွေပြန်ရပြီး စဉ်းစားနိုင်ရန် တစ်ရေးအိပ်ဖို့ စီစဉ်ထားလိုက်သည်။
မမျှော်လင့်ထားစွာပင် သူမနေဝင်သည်အထိအိပ်ပျော်သွားတော့သည်။ နွေရာသီညနေခင်းတွင် ကောင်းကင်တွင် တိမ်နီနီများ ရှိနေလေသည်။ ကုရှီအန်းပြည်သူ့လုံခြုံရေးဌာနမှ ထွက်လာပြီး စက်ဘီးစီးကာအိမ်ပြန်လာလေသည်။ ညနေခင်းနေရောင်က သစ်ကိုင်းများ သစ်ရွက်များကိုဖြတ်ကာ သူ့မျက်နှာပေါ် ကျရောက်နေလေသည်။ မျက်နှာချောချောမှာ မြို့လေးထဲတွင် လူအာရုံစိုက်မှု ပိုရနေတော့သည်။
သူတစ်ခြားဘာကိုမျှ အာရုံမရှိပေ။ အိမ်ကိုသာပြန်ချင်နေလေသည်။
သူဝန်းထဲသို့ ဝင်လျှင်ဝင်ချင်း အိမ်တွင်အကြာကြီးစောင့်နေသော ကျန်းဆွေ့လန် တစ်ယောက် သူ့ဆီကိုလာပြီး အိမ်ထဲဆွဲခေါ်သွားတော့သည်။
ကျန်းဆွေ့လန် သူ့ကိုဆူတော့သည်။ “မင်းဘယ်လိုဖြစ်ရတာလဲ? ဘာလို့အိမ်ပြန်တာ အရမ်းနောက်ကျနေတာလဲ? ကဲပါ ရဲဌာနက အခုအလမ်းရှုပ်နေတာ အလုပ်ကိစ္စရေးကြီးနေတာဆိုတော့လည်း ထားလိုက်ပါတော့။ အမေမင်းကိုဘာမှမလုပ်တော့ပါဘူး။ မင်းကို တစ်ခုတော့မေးချင်တယ်။ မင်း ယောင်ယောင်ကို ဘယ်လိုသဘောရလဲ?”
အမေဖြစ်သူ တည့်တိုးကြီးမေးလာတော့ ကုရှီအန်းမှာ ဖုံးကွယ်ထားလို့မရတော့ပေ။
သူလင်းယောင်နှင့် ယခင်ကတော့ သန့်စင်သောအစ်ကိုနှင့်ညီမဆက်ဆံရေးသာ ရှိခဲ့လေသည်။ တစ်ခါတုန်းက လင်းယောင်၏ အမေမှာ သူ့ကိုအတူကစားရန်ခေါ်လာခဲ့လေသည်။ ထိုအချိန်တွင် လင်းယောင်မှာ ကျစ်ဆံမြီးလေးနှင့် ကလေးသေးသေးလေးသာ ရှိသေးသည်။
ကုရှီအန်းမှာ တည်တည်တံ့တံ့ နေတတ်သူဖြစ်ပြီး လင်းယောင်မှာ သူ့ကိုတွေ့တော့ကြောက်ပြီး တွန့်သွားလေသည်။
သူကတော့ ဂရုမစိုက်ပေ။
နောက်ပိုင်းတွင် လင်းမိသားစုမှ အဒေါ်နှင့် ဦးလေးတို့ကွယ်လွန်သွားပြီးနောက် သူ့အဘိုးစီစဉ်ခဲ့သောလက်ထပ်ပွဲအကြောင်း သိလိုက်ရသည်။ လင်းဟုန်နသာသူနှင့်ပေါင်းသင်း နေထိုင်သွားရမည်ဆိုလျှင် သူသည်ခင်ပွန်းတစ်ယောက် တာဝန်ကျေပွန်အောင် ဖြည့်ဆည်းပေးဖို့ဆန္ဒရှိလေသည်။ သို့သော် အမှန်တကယ်တော့ သူ့စိတ်ကိုတော့ ဇနီးဖြစ်သူရမည်မဟုတ်ပေ။
နောက်ပိုင်းတွင်တော့ လင်းမိသားစုက သူ့ဇနီးဖြစ်မည့်သူကို လင်းဟုန်နမှ လင်းယောင်အဖြစ်သို့ ပြောင်းလိုက်သည်။
ကုရှီအန်းမှာ မနေ့ကပြန်မလာခင်အထိ ထိုကဲ့သို့သာအတွေးရှိခဲ့ပြီး တောက်ပနေသော ထိုကောင်မလေး သူ့ကိုပြုံးပြလိုက်သည့် အချိန်မှစ၍ အရာအားလုံးပြောင်းလဲသွားသည် ထင်ရ၏။