အခန်း (၁၅)
Vol. 2 Ch. 15
ကျန်းဆွေ့လန် သူမသားမျက်နှာပေါ်က အမူအရာကိုတွေ့လိုက်တာနှင့် တစ်ခုခုဖြစ်နေမှန်း သိလိုက်သည်။ သူမချက်ချင်းပင် ပါးစပ်နားရွက်တက်ချိတ်မတက်ပြုံးပြီး ပျော်ရွှင်စွာပြောလိုက်သည်။ “ကောင်စုတ်လေး အမေကိုတောင် ဖုံးကွယ်ထားချင်သေးတယ်။ မင်းဘယ်တုန်းက ယောင်ယောင်ကို စိတ်ဝင်စားသွားတာလဲ ပြောစမ်းပါဦး”
ကုရှီအန်း ဆွံ့အသွားသည်။ သူထိုစကားများကို ဘယ်လိုလွယ်လွယ်ကူကူ ပြောထွက်မည်နည်း။
သူသည် အရပ်ရှည်ရှည် လူတစ်ယောက်ဖြစ်ပြီး ထိုနေရာတွင်တိတ်ဆိတ်စွာ ရပ်နေလေသည်။ ကျန်းဆွေ့လန်လက်မြှောက်ပြီး သူ့ကိုရိုက်ကာ ပျော်ရွှင်စွာပြောလိုက်သည်။
“ဒီကောင်စုတ်လေးကတော့ သူ့အဖေအတိုင်းပဲ။တကယ်လို့ အမေ့ကို မပြောချင်ဘူးဆိုလည်း မပြောနဲ့။ ဒီနေ့ရာသီဥတုကောင်းပြီး လမ်းထဲကရုပ်ရှင်ရုံမှာ ဇာတ်ကားပြတယ်။ အဲ့ဒါကြောင့် အိမ်မှာမနေနဲ့။ ရုပ်ရှင်လက်မှတ် ၂ ခုဝယ်ပြီး ယောင်ယောင်ကို ရုပ်ရှင်ကြည့်ဖို့ခေါ်သွားလိုက်"
ကုရှီအန်းမျက်လုံးများ အရောင်တောက်သွားပြီး ခြံထဲကိုကြည့်လိုက်သော်လည်း လင်းယောင်၏ ပုံရိပ်ကိုမတွေ့ရပေ။
ကျန်းဆွေ့လန် သူ့သားမျက်လုံးထဲမှ အကြည့်ကိုဘယ်လိုနားမလည်ပဲနေမည်နည်း။ သူမ ထိုတုံးအ,သောသားကို ဘယ်လိုမွေးခဲ့မှန်း စဉ်းစားနေမိသည်။ သူမဘေးခန်းကိုထိုးပြလိုက်ပြီး “ယောင်ယောင်က အခန်းထဲမှာအိပ်နေတယ်!”
ထိုသို့ပြောပြီးသောအခါ သူ့သားကိုနောက်တစ်ကြိမ်ထပ်ရိုက်လိုက်ပြီး ယောင်ယောင်ကို မြန်မြန်ခေါ်ခိုင်းလိုက်သည်။
ကုရှီအန်း သူ့အမေဆီမှ အချခံလိုက်ရပြီး ပန်းပွင့်သေးသေးလေးများပါသော ခန်းဆီးလေးရှိသည့်အခန်းကို ကြည့်လိုက်သည်။ မနေ့ညကသူ့အနားတွင် စွဲကျန်ရစ်သော မက်မွန်ပန်းပွင့်လေးများ၏ အနံ့ကိုတွေးမိပြီး သူ့မျက်နှာချောချောမှာ အနည်းငယ် နွေးထွေးသွားသည်။
သူအခန်းတံခါးကို ဘယ်လိုခေါက်ရမလဲဆိုတာ စဉ်းစားနေတုန်းမှာပင် ဘေးဖက်အခန်းမှ ချောက်ခနဲတံခါးဖွင့်သံကြားလိုက်ရပြီး ကုရှီတုန်းတစ်ယောက် ခေါင်းစုတ်ဖွားနှင့် အော်ကာထွက်လာသည်။
ထိုကောင်စုတ်လေး၏ မျက်နှာတွင် ဖျာအရာများအနည်းငယ်ရှိနေသည်။ ဖြစ်နိုင်သည်က သူအိမ်ထဲတွင်အိပ်နေပြီး ခြံထဲက အသံများကြားတော့ ထွက်လာခြင်းဖြစ်လ်ိမ့်မည်။
“အစ်ကိုကြီး အစ်ကိုကြီး ပြန်လာပြီပေါ့။ ရဲတွေကဘယ်လိုလဲ? အစ်ကိုကြီးကို သေနတ်ပေးလိုက်သေးလား? ကျွန်တော် ကိုင်ကြည့်ချင်တယ်!”
ကျန်းဆွေ့လန် မျက်လုံးပြူးသွားပြီးပြောသည်။ “ကိုင်လို့ရမလား ဖင်ကယားပြန်ပြီ။ ပြည်သူ့လုံခြုံရေးဌာနကပေးတဲ့သေနတ်က မင်းဖို့လား။ အိမ်စာတွေပြီးပြီလား။နောက်ကျရင် စစ်ဖို့ယူလာခဲ့။ မပြီးလို့ကတော့ ဒီညမင်းအဖေနဲ့ရှင်းပေတော့!”
ကုရှီတုန်းမှာ သူ့အမေကိုမကြောက်ပေ။ သူ ဒီမနက်အိမ်စာပြီးတော့ ခြံထဲတွင်ပျော်ပါးနေလေသည်။
“အမေ ဘာလို့ကျွန်တော့ကို ခွေးသားလေးလို့ပဲခေါ်နေတာလဲ? အဲ့ဒါမယဉ်ကျေးဘူးနော်။ ကျွန်တော်က ကုမိသားစုကသားလေး။ တကယ်လို့ ကျွန်တော်သာခွေးသားလေးဆိုရင် ကျွန်တော့်အဖေက ဘယ်သူလဲ?”
ကုရှီတုန်းမှာ သူ့အစ်ကိုကြီးကို ထည့်မပြောရန်လောက်တော့ ပါးနပ်လေသည်။
သူ့အဖေမှာ ရိုးသားပြီး အနိုင်ကျင့်ရန်လွယ်သော်လည်း သူ့အစ်ကိုကြီးမှာတော့ သွားရှုပ်လို့မရပေ။ သူသည်ကလေးဘဝတည်းက အေးစက်ပြီးခေါင်းမာသောသူဖြစ်ကာ သူ့ကိုကောင်းကောင်းကိုင်လေသည်။ ကုရှီအန်းသူ့ကိုတစ်ချက်စိုက်ကြည့်လိုက်တာနှင့် သူချက်ချင်းပင်တစ်သံမှမထွက်ရဲတော့။
ကုချွင်မေမှာ ဘေးဖက်တွင် ရွှင်မြူးနေလေသည်။ “နင်ဘာလို့အကျင့်မကောင်းတဲ့ကောင်ဖြစ်နေရတာလဲ?”
ကုရှီတုန်း အစ်မဖြစ်သူကို စွေကြည့်လိုက်ကာ “မိန်းကလေးတွေ နားမလည်ပါဘူး။ ယောက်ျားတစ်ယောက်ဆိုတာ အဲ့လိုရှိရတယ်”
ကုချွင်မေ သူ့ကိုဆူတော့သည်။ သောက်ကျိုးနည်း။သောက်ကောင်လေးက ခေါင်းပေါ်မှာတောင် ဆံပင်မွှေးမရှိသေးဘူး။ သူ့ကိုယ်ကိုသူ ယောက်ျားတစ်ယောက်ဆိုပဲ။
ကုရှီတုန်း ဒေါသတကြီး ခုန်ပေါက်နေတော့သည်။သူ့ဆံပင်မှာမပေါက်သေးရုံသာ။ နှစ်အနည်းငယ်အတွင်းတွင် သူ့တစ်ကိုယ်လုံး အမွှေးအမျှင်များ ရှိလာပေလိမ့်မည်။
မောင်နှမ ၂ ယောက်မှာ ဘဲများကို မွေးထားရသလိုပင် ဆူညံနေတော့သည်။
ထိုဆူညံသံကြောင့် အခန်းထဲတွင်နှစ်ခြိုက်စွာအိပ်မောကျနေသော လင်းယောင်နိုးသွားသည်။
ဘေးဖက်အဆောင်မှာ နွေညနေခင်းတွင် အေးမြလေသည်။ နေ့ပိုင်းအပူချိန်မှာလည်း လေနှင့်အတူပျောက်ကွယ်သွားသည်။ လင်းယောင် အိပ်ရေးဝဝအိပ်လိုက်ရ၍ သက်တောင့်သက်သာ အကြောဆန့်လိုက်ကာ ခြေညှပ်ဖိနပ်လေးစီး၍ အိမ်ထဲမှထွက်လာလိုက်သည်။
“အပြင်မှာ ဘာလို့ အရမ်းဆူနေရတာလဲ?”
သူမအခုလေးတင်နိုးလာပြီး စကားပြောသော သူမအသံလေးမှာ ချိုသာနေလေသည်။ သူမထိုပန်းပွင့်လေးများပါသော ညအိပ်ဝတ်စုံကိုပင် ဝတ်ဆင်ထားဆဲဖြစ်ပြီး အနက်ရောင်ဆံပင်ရှည်တို့မှာ ပုခုံးပေါ်ကျနေကာ သူမခါးလေးမှာ ကျက်သရေရှိနေလေသည်။ သူမမျက်နှာလေးမှာ ရဲနေပြီး နှုတ်ခမ်းလေးများမှာလည်း နွေဦးတွင်ရွာသောမိုးလေးကဲ့သို့ စိုစွတ်နေလေသည်။
လင်းယောင် အပြင်ကို ထွက်လာလာချင်းပင် မျက်နှာထားတည်တည်နှင့် ကုရှီအန်းကို ခြံထဲတွင်တွေ့လိုက်သည်။ သူမချက်ချင်းပင် သမ်းဝေကာဆန့်နေသောလက်ကို ချလိုက်သည်။ ဘုရားရေ ဒီလူကဘာလို့အရမ်းကြမ်းတမ်းနေရတာလဲ?
ကျန်းဆွေ့လန်က လင်းယောင် နိုးလာသည်ကိုတွေ့ပြီး ခုနကကြမ်းတမ်းနေရာကနေ ရုတ်တရက်ကြင်နာပြီး နူးညံံ့ညင်သာသွားတော့သည်။
“ယောင် အကြာကြီး အိပ်နေတာကနေနိုးလာတာ။ ရေဆာနေလား။ အိမ်မှာရေခဲဘာလီ လက်ဖက်ရည်ရှိတယ်။ရေမဆာဘူးလား။ ဗိုက်ရောဆာလား။ ဒီနေ့ကန်တင်းမှာစားစရာ ကောင်းကောင်းမရှိဘူး။ အဒေါ်သမီးကို ဝက်သားခေါက်ဆွဲ တစ်ပန်းကန် ယူလာပေးမယ်။ သံအိုးကြီး အဲ့မှာရှိသေးတယ်။ မင်းဦးလေးမန်ဆန်အတွက် ဝက်သားခေါက်ဆွဲပြုတ်ဖို့ ဆီနဲ့ရေပါရှိသေးတယ်။ယောင်ယောင်က တကယ်ချင့်ချင့်ချိန်ချိန်ရှိတာပဲ!”
ကျန်းဆွေ့လန် နူးနူးညံ့ညံ့ပြောနေတော့ ကုရှီတုန်းတစ်ယောက် ကြက်သီးများပင်ထလာသည်။
ဘာလို့အဲ့လောက် ပျော့ပြောင်းနေရတာလဲ?
လင်းယောင် အနည်းငယ်ရှက်သွားသည်။ သူမတစ်နေ့ခင်းလုံးအိပ်နေပြီး ဘာမျှမလုပ်ပဲနေပြီး သူမကိုချီးကျူးလိုက်သောအခါ သူမမျက်နှာ နီသွားတော့သည်။
ကျန်းဆွေ့လန်သံကို ပူတုန်းပုံသွင်းလိုက်ပြီး ကောင်တီတွင်ပြသနေသော "ရှန်းကန်းလင်း" ဟုအမည်ရသည့်ရုပ်ရှင်မှာ အလွန်ပင်လူကြိုက်များနေကြောင်းပြောသည်။ ဒီနေ့ဘာမှ လုပ်စရာမရှိသောကြောင့် ကုရှီအန်းနှင့် ဇနီးဖြစ်သူကို ရုပ်ရှင်သွားကြည့်ရန်ပြောလေသည်။
ရုပ်ရှင်သွားကြည့်ရမယ်?
လင်းယောင် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ သူမဒီကိုရောက်နေသည်မှာ အတော်ကိုကြာပြီဖြစ်ပြီး သူမရုပ်ရှင်ကြည့်ရန် တစ်ခါမှ မထွက်ရသေးပေ။
သည်ခေတ်ရုပ်ရှင်များမှာ နောက်ပိုင်းမျိုးဆက်များမှဇာတ်လမ်းများနှင့် ကွာခြားသည်ဟုကြားသည်။ယနေ့ခေတ်တွင်တော့ ဇာတ်ကားအားလုံးမှာ အဖြူနှင့်အမည်းသာဖြစ်ပြီး ရုပ်ရှင်ရုံတွင်လက်မှတ်ရုံတစ်ခုသာရှိလေသည်။ ရုပ်ရှင်အသစ်တစ်ခု ထွက်တိုင်း ရုံအဝင်ပေါက်မှာ ပြည့်နေတော့သည်။
ရုပ်ရှင်လက်မှတ်တစ်စောင်မှာ ၂ ဆင့်ဖြစ်သည်။ လူများမှာ ပိုက်ဆံပြတ်လတ်ကြပြီး မိသားစုတစ်ခုလုံးအတွက် လက်မှတ်ခ မတတ်နိုင်ကြကာ ကလေးများကို အနောက်တွင်တိုးစေကာ အခြားသူများ၏ ကလေးဟန်ဆောင်စေသည်။ အိမ်တွင်ကျန်ခဲ့သော ကလေးများမှာ ခိုးဝင်ပြီးရုပ်ရှင်ကို အလကားကြည့်ကြသည်။
လက်မှတ်စစ်သူများမိမှာကို စိတ်ပူစရာမလိုပေ။ ကလေးများမှာ အရေထူကြပြီး သူတို့ကိုလွှတ်ထားလေသည်။
အရှေ့ဖက်ခြံဝန်းတွင်နေသော ကျန်းတာ့ချန်မိသားစု၏ သမီး ချန်းရန်နှင့် သူ့သားကျန်းဟောင်တို့မှာ ထိုသို့အကျင့်မကောင်းသောကိစ္စများကို မကြာခဏလုပ်ကြလေသည်။
ပြောရမည်ဆိုလျှင် ကျန်းမိသားစုမှာ မချမ်းသာသော်လည်း ကျန့်တာ့ချန်တစ်ယောက်တည်းပင် တစ်လကို ယွမ် ၅၀ ၆၀ လောက်ရလေသည်။ မစ်စ်ကျန်းတာ့ချန်သည်လည်း ၂၇ ၂၈ ယွမ်လောက်ရသော အလုပ်ရှိသည်။ ထိုသည်မှာ အပေါ်ယံမျှသာဖြစ်သည်။ အထူးသဖြင့် စတီးစက်ရုံမှာအကျိုးအမြတ်များစွာရပြီး ကန်တင်း၏ စားဖိုမှူးခေါင်းဆောင်မှာလည်း အကျိုးအမြတ်များရှိလေသည်။ ကျန်းမိသားစုမှာ အခြားလူများထက်ပိုပြီး ကောင်းကောင်းမွန်မွန်နေရသည်။
ကျန်သည်ကိုမပြောနှင့်။ ကျန်းတာ့ချန်တွင် လယ်သာဖိနပ်ပင် ၅ ရံ ၆ ရံရှိလေသည်။ သူနေ့တိုင်း တစ်ရံစီလဲစီးပြီး ပြောင်နေအောင်တိုက်သည်။ ခေါင်းဆောင်တွေထက်ပင် ပိုပြီးသားနားနေသေးသည်။
သူတို့မှာပြည့်စုံသော်လည်း ကလေးများမှာ ထိုသို့အကျင့်မကောင်းသောအရာများကို လုပ်ကြလေသည်။
ကျန်းဆွေ့လန်မှာ ကျန်းမိသားစုကို တကယ်ပင်အထင်သေးသည်။ ကုရှီတုန်းမှာ ကျန်းဟောင်ကို အတုခိုးပြီး ရုပ်ရှင်ကို အလကားသွားကြည့်ချင်လေသည်။
သူမမှာဒေါသတွေထွက်ပြီး သူမသားကိုရိုက်သည်မှာပြင်းလွန်းလို့ ကြက်မွှေးတံပင် အမွှေးများပြောင်သွားတော့သည်။
ထိုသည်မှာ ကုရှီတုန်း၏ အတိတ်ဆိုးဖြစ်လေသည်။ သူရုပ်ရှင်ကြည့်သည့် အကြောင်းကြားသည်နှင့် ထိုကောင်စုတ်လေးမှာ ဗီဇအရ သူ့တင်ပါးကိုသာ ကာလိုက်ကာ ထွက်ပြေးတော့သည်။
လင်းယောင်မှာ ထိုသည်ကိုဂရုမစိုက်ပေ။ သူမအိမ်ထဲကိုအဝတ်လဲရန် ပျော်ရွှင်စွာ ပြန်ပြေးဝင်လာပြီး ကုရှီအန်းကို အတည်ပြောလိုက်သည်။ “ကျွန်မကိုစောင့်ပါဦး။တစ်ယောက်တည်း ပြေးမသွားနဲ့နော်”
ကုရှီအန်း အပြုံးတစ်ခုနှင့် တုံ့ပြန်လိုက်သည်။
ထိုကလေးဆန်ဆန် စကားလေးများကို ကြားသောအခါ ကျန်းဆွေ့လန် ခေါင်းခါလိုက်ပြီးရယ်တော့သည် “ဘယ်လိုကောင်မလေးလဲ။ အခုထိ ကလေးကျနေတာပဲ”
ကုချွင်မေ ဖရဲသီး စားနေရင်းပြောလိုက်သည်။ “အမေ ယောင်ယောင်က အဲ့လောက်အသက်မကြီးသေးပါဘူး။၂၀ ကျော်ရုံပဲရှိသေးတယ်။ အစ်ကိုကြီးက ၈ နှစ် ၉ နှစ်လောက်ပိုကြီးတာ”
ကုချွင်မေ ကျန်သည်ကိုတော့ ဆက်မပြောပေ။
ကုချွင်မေသည်လည်း ကုရှီအန်းတစ်ယောက် ချစ်မိနေသည်ကိုသိသည်။ ထိုသည်မှာ လွယ်တော့ မလွယ်ပေ။အသက် ၃၀ ပင် ပြည့်တော့မည်ဖြစ်သော အဘိုးကြီးမှာ နောက်ဆုံးတော့ အချစ်ပန်းလေးပွင့်လန်းလာလေပြီ။
လင်းယောင် မိုးပြာရောင်ဂါဝန်လေးကို လဲလိုက်ပြီး ဆံပင်ကို ကျစ်ဆံမြီးကျစ်ကာ အိမ်တွင်းဖြစ် ဘေးလွယ်အိတ်အသေးလေးကိုလွယ်လိုက်သည်။ တံခါးတွင်သူမအားစောင့်နေသော ကုရှီအန်းကို ပြုံးပြလိုက်သည်။ “သွားကြစို့”
ထိုသို့ပြောပြီးသောအခါ လင်းယောင်စက်ဘီးနောက်ခုံသို့ ရင်းနှီးနေစွာပင် ဝင်ထိုင်လိုက်သည်။ ဘေးကင်းမှုအတွက် ကုရှီအန်းခါးမှ အကျီစကို သူမလက်နုနုလေးများနှင့် မြဲမြဲဆုပ်ကိုင်ထားလိုက်သည်။
ပူနေသောနွေရာသီနေ့တစ်နေ့ဖြစ်ပြီး ကုရှီအန်းမှာ သန့်ရှင်းနေသော အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားဆဲပင်။ သူ့ခြေထောက်ရှည်ရှည်များနှင့် နင်းနေပြီး စက်ဘီးလေးမှာ ပုံမှန်ရွေ့လျားနေလေသည်။
ကွေ့ဟွားဟူးထုန်ကို အစိမ်းရောင်သစ်ပင်များနှင့် ဝန်းရံထားလေသည်။
ရွှီရှန်းချန်တစ်ယောက် ချွေးများရွှဲပြီး ဖုန်များပေကျံနေကာ ပြန်ရောက်လာသည်။ သူတစ်နေ့လုံးလမ်းများကိုကင်းလှည့်ပြီး အမှုများကို စုံစမ်းစစ်ဆေးနေခဲ့လေသည်။
သူအိမ်ထဲသို့ ဝင်ဝင်ချင်းပင် တစ်ခုခုစားရန်အတွက် မီးဖိုချောင်သို့ တန်းသွားလိုက်သည်။
ရွှီအမေမှာ ခြံထဲတွင် အစေ့လေးများကို သီနေသည်။ သူ့သား အရမ်းအလျင်တလို ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူမစိတ်ဆင်းရဲသွားလေသည်။ “ဘာလို့အရမ်းဗိုက်ဆာနေတာလဲ။ နေ့ခင်းကမစားပဲ ဘာလုပ်နေတာလဲ။ ဝူးထို့ ၂ ခုလောက်ပဲ စားပြီးဘာလုပ်မှာလဲ။ အိုးထဲမှာဝက်သားရယ် ခရမ်းသီးရယ် ပဲပင်ပေါက်ဟင်းချိုရှိတယ်။ အမေ မင်းကိုတစ်ပန်းကန်သွားယူပေးမယ်”
ကွေ့ဟွားဟူးထုန် တည်ရှိသောနေရာရှိ ကန်တင်းမှအစားအစာမှာ ပထမတန်းစားပင်။ ရွှီရှန်းချန်မှာလည်း ဗိုက်ဆာနေပြီး အတင်းစားလိုက်ရာ သီးပင်သီးတော့မလို့ပင်။
ရွှီအမေသူ့သားကျောကို အမြန်ပုတ်ပြီးပြောလိုက်သည်။ “ဘာလို့ အရမ်းမြန်မြန်ကြီး စားနေတာလဲ? ဖြည်းဖြည်းစားတာက အစာအိမ်အတွက် ကောင်းတယ်။ ဖြည်းဖြည်းစားပါ။ ဘယ်သူကမှ မင်းနဲ့ပြိုင်စားမနေပါဘူး”
ရွှီရှန်းချန် အသက်ပြန်မရှုနိုင်ခင် ရေတစ်ကျိုက်သောက်လိုက်ကာ “မြန်မြန်စားရမယ်။ ကျွန်တော်နောက်ကျရင် ဝန်းထဲကို သွားရဦးမယ်”
*
“ဝန်းထဲကိုသွားမယ်? ချွင်မေကို ထပ်သွားတွေ့ဦးမယ်။မင်းကတော့ တစ်နေကုန် ဇနီးလေးနားပဲ ကပ်နေတော့တာပဲ”
ရွှီအမေ သူ့သားကိုနောက်လိုက်သည်။
ရွှီရှန်းချန် ရှက်သွားကာပြောသည်။ “အမေ ဘာတွေပြောနေတာလဲ? ကျွန်တော်အန်းဇီကို သွားတွေ့မလို့ပါ”
ကုရှီအန်းနှင့်ရွှီရှန်းချန်တို့မှာ အတူကစားပြီးကြီးပြင်းလာကြသော ညီအစ်ကိုကောင်းများဟု သတ်မှတ်၍ရပေသည်။ ရွှီအမေက ပြောသည်။
“ရှီအန်းပြန်ရောက်လာပြီ? ဘယ်တုန်းက ပြန်ရောက်တာလဲ?အမေမသိဘူး။ ဒီတစ်ခေါက်ရော သူဘယ်လောက်ကြာကြာနေမှာလဲ။ အိမ်မှာတစ်ခုခုဝယ်ထားတယ်။ မင်းနောက်ကျရင် လောင်ကု တို့အိမ်ကို စပျစ်သီးနဲ့သစ်တော်သီးတွေ ယူသွားပြီး အဒေါ်ဆွေ့လန်ကိုတွေ့ကြမယ်လို့ပြောလိုက်ပါဦး”
ရွှီအမေမှာ ကုရှီအန်းအား သူကလေးဘဝတည်းကပင် အလွန်ချစ်ခင်လေသည်။ သူ့သားအရင်းထက်ပင် သူမနှင့်ပိုရင်းနှီးသေးသည်။ ရွှီရှန်းချန်မှာ ထိုသည်ကိုကျင့်သားရနေပြီဖြစ်သည်။
ရွှီရှန်းချန် ပေါင်မုန့်ကို ဝါးပြီး ပြောလိုက်သည်။ “မနေ့ညကပြန်ရောက်တာ။ ဒီတစ်ခါတော့ အလုပ်ပြောင်းပြီး မွေးရပ်မြေကို ပြန်လာတာတဲ့”
ရွှီအမေ စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။ “အလုပ်ပြောင်းပြီးပြန်လာတယ်။ အန်းဇီ ဒဏ်ရာရလို့လား?”
“အကြောင်းရင်း အတိအကျကိုတော့ ကျွန်တော်လည်းမသိဘူး။ ဘာဖြစ်ဖြစ် အန်းဇီက ကျွန်တော်တို့ပြည်သူ့လုံခြုံရေးဌာနရဲ့လက်ထောက်ဒါရိုက်တာလေ”
ရွှီအမေအလွန်ပင် ပျော်ရွှင်သွားသည်။ “ကောင်းလိုက်တာ။ ရှီအန်း အဲ့ကလေးအိမ်နဲ့ဝေးနေတာ ဆယ်နှစ်တောင်ကျော်ပြီ။ ပြီးတော့သူလက်လည်းထပ်ပြီးသွားပြီကို။ အခုနွေးထွေးတဲ့အိပ်ယာထဲမှာ သူ့ဇနီးရယ် ကလေးတွေရယ်နဲ့နေရမယ့်အချိန်ပဲ”
မိန်းမရယ် ကလေးတွေရယ်နဲ့ နွေးထွေးတဲ့အိပ်ယာထဲမှာ?
ရွှီရှန်းချန် ခေါင်းကုတ်လိုက်သည်။ ကုရှီအန်း၏ အေးစက်သည့်ပုံစံနှင့် ထိုသည်မှာဤဘဝတွင်ဖြစ်နိုင်မည်မဟုတ်ပေ။
ထို့ပြင် လင်းမိသားစုမှ ချွေးမလေးမှာ ယခင်ကလူကြောက်တတ်သော ယုန်လေးတစ်ကောင်ကဲ့သို့နှယ်ဖြစ်သော်လည်း ယခုတွင်တော့ တစ်မူထူးခြားနေလေသည်။
ရွှီရှန်းချန် ဗိုက်ဝအောင်စားလိုက်ကာ ကုအိမ်ကို အသီးများနှင့်သွားတော့သည်။ သူညနေပိုင်းတွင် ကောင်တီရုပ်ရှင်ရုံကိုလည်း သွားလေသည်။ လက်ရှိတွင် ဇာတ်ကားအသစ်တစ်ကား ထွက်ထားလေသည်။ သူသွားကြည့်ကြည့်ကာ ချွင်မေကို သူနှင့်အတူမနက်ဖြန်ခေါ်သွားပေမည်။
*
ယွင်ရွှေကောင်တီရုပ်ရှင်ရုံမှာ အနီရောင် ၂ ထပ်အဆောက်အဦးဖြစ်ပြီး လမ်းအရှေ့ဖက်တွင် ထနောင်းပင်များစိုက်ထားကာ အရိပ်ရနေလေသည်။
ယခင်ကရုပ်ရှင်ရုံမှာ မြို့တော်၏ ရာထူကြီးများလာရောက်ပိုက်ဆံဖြုန်းကြသော အော်ပရာပြဇာတ်ရုံတစ်ခုဖြစ်လေသည်။
လွတ်လပ်ရေးရပြီးနောက် လက်ရှိရုပ်ရှင်ရုံအဖြစ်သို့ပြောင်းလိုက်သည်။ သည်ရက်များတွင် ဇာတ်ကားအနည်းငယ်သာရှိသည်။ ဇာတ်ကားများစွာကို ထပ်ခါထပ်ခါ ပြသကြသည်။ မြို့တော်မှ လူများမှာ အားရပါးရကြည့်ကြဆဲပင်။
ရုပ်ရှင်ရုံရှေ့တွင် မုန့်ရောင်းသောဈေးသည်များ ရှိကြပြီး အဘိုးကြီးတစ်ယောက်မှာ စက်ဘီးများကိုကြည့်နေလေသည်။ လင်းယောင်စက်ဘီးပေါ်မှ ခုန်ဆင်းလိုက်ပြီး ကုရှီအန်းမှာ စက်ဘီးထားရန်သွားကာ အဘိုးကြီးကို ငွေသားတစ်စပေးလိုက်လေသည်။
လင်းယောင်နာခံစွာပင် တံခါး၌သူ့ကိုစောင့်နေလေသည်။ ဒီနေ့ရုပ်ရှင်လာကြည့်သူအများအပြားရှိလေသည်။ ပျားပန်းခတ်နေကာ ဆူညံနေသည်။ အနောက်တွင်တန်းစီနေသူများမှာ ရံဖန်ရံခါ တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်မိပြီး လင်းယောင်ကို မျက်မှောင်ကျုံ့သွားစေသည်။ ဒါကဘာလဲ? ငါးပိသိပ်ငါးချဉ်သိပ်ကျနေတာပဲ။
ဒါကိုမြင်တော့ ကုရှီအန်း ရောက်လာပြီး လင်းယောင်ကိုတိတ်တဆိတ် ကာကွယ်ပေးလိုက်သည်။