အခန်း (၁၈)
Vol. 2 Ch. 18
ဆိုရိုးရှိသည့်အတိုင်း ၁၁ နှစ် ၁၂ နှစ်အရွယ် ခွေးပေါက်ကလေးများသည်ပင် စိတ်ပျက်ဖွယ်ကောင်းလေသည်။
လင်းယောင်၏ ရှေ့တွင် တစ်ယောက်ရှိလေသည်။ သူသည် လွှတ်ခနဲပြောတတ်သည့် ကောင်စုတ်လေးဖြစ်သည်။ သူမ ပန်းကန်ကိုချလိုက်ပြီး ရှီတုန်းကိုကြည့်ကာ စိတ်ညစ်သွားတော့သည်။
"နောက်တစ်ခါ အဲ့လိုအဓိပ္ပာယ်မရှိတာတွေပြောရင် တင်ပါးကိုရိုက်မယ်"
ကုရှီတုန်းက အော်ဟစ်ပြီး သူ့ခေါင်းကိုလက်နှင့်ကာ၍ ထွက်ပြေးသွားခဲ့သည်။
သြော် သည်ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်သူမှအမှန်အတိုင်း မပြောနိုင်ပေ။ သူမ အမှန်အတိုင်းပြောလိုက်လျှင် သူ့ယောင်းမသည် ထိုကောင်လေးကိုဆော်ပေလိမ့်မည်။
ချောမောလှပသော မိန်းကလေးများသည် အိမ်ထောင်ကျသောအခါ ကျားမလေးများအဖြစ်သို့ ပြောင်းလဲသွားကြသည်လား?
ကောင်စုတ်လေးမှာ ဒီကိစ္စအတွက် သူ့မရီးကို အပြစ်မတင်ဘဲ သူ့အစ်ကို၏ ရှုံးနိမ့်မှုဟုသာ ခံစားရလေသည်။ သူက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
မွန်းတည့်ချိန်တွင် အလုပ်ဆင်းလာသော ကုချွင်မေအိမ်ပြန်ရောက်သောအခါ ကုရှီတုန်းသည် ခါးသက်သက်မျက်နှာလေးဖြင့်ထိုင်ချလိုက်ကာ "မမ ကျွန်တော်တော့ဒီဘဝမှာ မိန်းမမယူတော့ဘူး"
ကုချွင်မေ နှာခေါင်းရှုံ့လိုက်သည်။ ဒီကလေးသည် သုံးရက်တစ်ကြိမ် စိတ်ရူးပေါက်ပြီး သူ့ကိုပိုအာရုံစိုက်လေလေ သူပိုစိတ်လှုပ်ရှားလာလေဖြစ်သည်။
အစ်မဖြစ်သူသည် ထိုကောင်စုတ်လေးကို အရေးတယူလုပ်ဖို့ အရမ်းပျင်းနေပြီး စက်ဘီးကိုတွန်းကာ ခြံထဲတွင်ရပ်ထားလိုက်သည်။ တွေးကြည့်လိုက်ပြီးနောက်တွင်တော့ သိပ်ပြီးမလုံခြုံဘူးလို့ ခံစားရသည့်အတွက် ဘီးကို သံသော့အကြီးတစ်ခုဖြင့် ခတ်လိုက်သည်။
ခုတစ်လောတွင်အပြင်မှာ မငြိမ်းချမ်းသေးဘဲ ဓားပြသည် ပုန်းနေပြီး တစ်ချိန်ချိန်မှာတော့ ထွက်ပေါ်လာနိုင်သည်။
ကုမိသားစု၏ စက်ဘီးသည် နောက်ပိုင်းမျိုးဆက်များ၏ Mercedes-Benz နှင့် BMW တို့ကဲ့သို့ပင် အလွန်စျေးကြီးလေသည်။ ကုမန်ဆန်သည် စက်ဘီးကို ပလပ်စတစ်ဖြင့် ပတ်ထားသည်။
ကျန်းဆွေ့လန်မှာ အိမ်မှပစ္စည်းများနှင့် ထိုင်ခုံပေါ်တွင်အဖုံးချုပ်ထားပြီး ခြေနင်းများကို အနက်ရောင်ပလပ်စတစ်ဖြင့် ဖုံးအုပ်ထားသည်။ အရောင်အသွေးစုံကာ အလွန်ပင် ရယ်စရာကောင်းလေသည်။ အပြင်ထွက်သောအခါ သေချာသော့ခတ်ထားရသည်။ သူခိုးလာလျှင်တောင် သယ်သွားလို့မရအောင်ပင်။
ကုရှီတုန်း မျက်လုံးပြူးသွားသည်။ "မမ စက်ဘီးကိုဘာလို့ အိမ်မှာ သော့ခတ်နေတာလဲ?"
ကောက်ရိုးခြင်းတောင်းတစ်ခု တွဲလောင်းကျနေကာ ယိမ်းနွဲ့နေသည်။ ကုချွင်မေ ကောက်ရိုးခြင်းတောင်းကို ဖြုတ်ပြီး သူမခြေထောက်အောက်မှာ ထားလိုက်သည်။
ကုရှီတုန်း အပေါ်ကိုမော့ပြီး လက်များကိုဆန့်ကာ "မမ ဘာကောင်းတာတွေ ဝယ်လာတာလဲ..."
ကုချွင်မေ သူ့ကိုရိုက်လိုက်ပြီးပြောသည်။ "ဖယ်"
ကုရှီတုန်း သူ့လက်များကိုအုပ်ပြီး နှစ်ခါညည်းညူလိုက်သည်။
အိမ်ထောင်မပြုလျှင် သူ့အစ်မဖြစ်သူသည် ကျားမတစ်ကောင်ဖြစ်လာလိမ့်မည်။
ကုချွင်မေ အစ်ကိုဖြစ်သူ၏ ခေါင်းထဲတွင် ဖြစ်ပျက်နေသည်များကိုသိကာ သူမ သူ့ကိုမကူညီလျှင် ထူးဆန်းပေလိမ့်မည်။
ကောက်ရိုးခြင်းတောင်းထဲတွင် မဖွင့်ရသေးသော နို့မှုန့်ဗူးတစ်ဗူး၊မြေပဲသကြားနှစ်ထုပ်၊ သိုးမွေးသုံးလိပ်၊ အပ်နှင့်ချည်မျှင် စသည့် အရာများစွာရှိနေသည်။ ကုချွင်မေသည် ၎င်းတို့ကို ခွဲပြီး မြေပဲသကြားတစ်ထုပ်ကို ကုရှီတုန်းအား ပစ်ပေးလိုက်သည်။
ကောင်စုတ်လေးက "ဝိုး" ဟုဆိုပြီးခုန်ပေါက်နေတော့သည်။ "မြေပဲသကြားကွ!"
မြေပဲသကြားများသည် ကောင်တီရှိ ဝူဖန်းကျိုက်မှ မုန့်ဟောင်းတစ်ခုဖြစ်သည်။ တစ်ထုပ်ကို တစ်ကျပ်ဖြစ်သည်။ မြေပဲကို ပါးလွှာသောသကြားဖြင့် အပေါ်ယံကိုဖြူးထားသည်။ ၎င်းတို့သည် ချိုမြိန်သောပျားရည်ရနံ့ဖြင့် ပါးစပ်ထဲတွင်လည်းချိုမြိန်ပြီး ကြွပ်ရွနေလေသည်။
"မမ သားကို စားစရာတစ်ခုခုပေးမလား"
"ဒါမှမဟုတ် ခွေးတွေကို ကျွေးလိုက်ပါ"
"ဟေး မမ သားအပြင်ကို ယူသွားပြီးစားမယ်"
ကောင်စုတ်လေးက ခေါင်းကိုမော့ပြီး အပြင်ထွက်စားမယ်ပြောပေမယ့် တကယ်တမ်းတော့ သူက လမ်းကြားထဲသွားပြီး ကြွားရန်ဖြစ်လေသည်။
*
နွေရာသီတွင် ခြံဝန်းမှာ အရမ်းပူလေသည်။ လင်းယောင် နံနက်စာနှင့် နေ့လည်စာစားပြီး မတ်ပဲအချို့ကို ဇလုံတစ်ခုတွင်စိမ်ကာ မတ်ပဲဟင်းတစ်အိုးချက်ရန် ပြင်လိုက်သည်။
သံအိုးကြီးအား ဟင်းချက်ရန်နှင့် ဆန်ပြုတ်ပြုတ်ရန် နှစ်မျိုးလုံးအတွက် သုံးလေသည်။ လောလောဆယ်တော့ အသုံးပြုရန်မရှိသည့်အတွက် သူမ ဒီတိုင်းထားလိုက်သည်။ သူမ အိုးကို ဆေးကြောသန့်စင်ကာ ပန်းကန်ဆေးပြီး အ၀တ်စုတ်ဖြင့် ဗီရိုကိုသုတ်တော့ အထဲတွင် နဂါးလှေလှော်ပွဲအတွင်း ဖက်ထုပ်လုပ်တုန်းက ကျန်သော ကောက်ညှင်းမှုန့် ၁ ကီလိုဂရမ်ရှိလေသည်။
လင်းယောင် စုတ်သပ်လိုက်သည်။ ပူပြင်းသောကြောင့်သူမ ချိုသောအရာတစ်ခုခုကို စားချင်နေသည်။ ထိုသည်ကိုအသုံးပြုပြီး ဘာကြောင့် သကြားကိတ်မုန့်ကို သရေစာအဖြစ် လုပ်မစားရမည်နည်း။
လင်းယောင်မျက်လုံးလှန်လိုက်ပြီး အင်္ကျီကို လိပ်တင်ကာ လက်ဆေး၍ အလုပ်စလုပ်တော့သည်။ ဗီရိုထဲတွင် ကောက်ညှင်းမှုန့် အလုံအလောက် မရှိသဖြင့် ကောက်ညှင်းမှုန့်အချို့ကို နေရာလွတ်မှ တိတ်တဆိတ်ယူကာ သကြားကိတ်မုန့်ကို အိုးပေါ်တင်လိုက်သည်။ သူမ မတ်ပဲစွပ်ပြုတ်နောက်တစ်အိုးကို ချက်ပြီး ရေတွင်းထဲတွင် ဆွဲထားလိုက်သည်။
နေ့ခင်းကြောင်တောင်ဖြစ်၍ ဝန်းအတွင်းရှိ အိမ်နီးချင်းအများစုမှာ အလုပ်သွားနေကြသည်။ ဦးလေးစွင်းနှင့် သူ့ဇနီးမှာတော့ ခြံရှေ့ဖက်က အိမ်တွင်ပင်ဖြစ်လေသည်။
ဇနီးမောင်နှံနှစ်ဦးသည် တစ်ရေးတစ်မောအိပ်လေ့ရှိပြီး သုံးနာရီ သို့မဟုတ် လေးနာရီအထိ အိပ်လေ့ရှိသည်။
ကုချွင်မေ ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် ပြန်ရောက်လာသည်။ အရမ်းပူလွန်းလို့ ယပ်ခတ်နေရသည်။ သူမအခန်းထဲတွင် မအေးဘူးဟု ခံစားရသည့်အတွက် အေးမြမှုကိုခံစားဖို့ အရှေ့ဖက်ဆောင်ကို ပြေးလာခဲ့သည်။
လင်းယောင် အိမ်ထဲတွင်ပစ္စည်းများကို ထုပ်ပိုးနေသည်။ မနက်အိပ်ရာထပြီး သန့်ရှင်းရေးလုပ်ဖို့ အချိန်မရှိတော့ပေ။ အခန်းက ရှုပ်ပွနေသည်။ စောင်များက ရှုပ်ပွကာအပုံလိုက်ဖြစ်နေသည်။ ကြမ်းခင်းကြွေပြားပေါ်ရှိ အဖြူရောင်သားရေဖိနပ်ကိုလည်း ကန်ထုတ်ပစ်လိုက်သည်။ကုတင်ပေါ်ရှိ ကြိမ်သေတ္တာအသေးလေး၏ အတွင်းဘက်တွင်လည်း ရှုပ်နေလေသည်။
ကုချွင်မေ ဆပ်ပြာနှင့် မက်မွန်သီးတစ်ပန်းကန်ကို ဆေးကြောလိုက်သည်။ သူမနှင့် လင်းယောင် တစ်ယောက်တစ်လုံးစီကိုင်ပြီး ကိုက်ဝါးလိုက်ကြသည်။
မီးဖိုချောင်ရှိ အိုးလေးမှာ မွှေးကြိုင်သောရနံ့ တထောင်းထောင်းထနေသည်။ ကုချွင်မေ အနံ့ခံလိုက်ပြီး "ယောင်ယောင် အိုးထဲမှာ ဘာပေါင်းနေတာလဲ။ မွှေးနေတာပဲ"
နဂါးလှေပွဲတော်တုန်းက စားခဲ့သောဖက်ထုပ်များကဲ့သို့ပင်။
လင်းယောင် ပြုံးပြီး လက်ခုပ်တီးကာပြောခဲ့သည်။ "အသစ်လုပ်ထားတဲ့ သကြားကိတ်မုန့်ကို အစ်မစားကြည့်ချင်လား"
ပြောနေစရာတောင်မလိုပါပေ!
ကုချွင်မေ ထမင်းကို တို့ကနန်းဆိတ်ကနန်းစားရင်းခေါင်းညိတ်သည်။ သူမသည် ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမတွင် အချိန်အတော်ကြာ မတ်တပ်ရပ်နေရပြီး ကြက်သားကိတ်မုန့်နှစ်လုံးကို စားလိုက်သည်။ ကန်တင်းတွင်ဘာမှ စားစရာမရှိပေ။ သူမဗိုက်ထဲတွင်အစာမရှိ။ မဟုတ်ပါက သူမဘာလို့ မက်မွန်သီးစားနေမည်နည်း!
လင်းယောင်က သူမကို "ခဏစောင့်" သူသည့်အကြည့်နှင့်ကြည့်လိုက်ပြီး ခဏအကြာတွင်တော့ သူမအငွေ့တထောင်းထောင်းနှင့် သကြားကိတ်မုန့်တစ်ပန်းကန်ကို ယူလာခဲ့သည်။
ကုချွင်မေစားကြည့်ရန် စိတ်အားထက်သန်နေပြီး တူဖြင့် သကြားကိတ်မုန့်တစ်ဖဲ့ကို ယူလိုက်ရန် မစောင့်နိုင်တော့ပေ။ မြည်းမကြည့်ခင်အထိ သူမ မသိခဲ့ပေ။ ပါးစပ်ထဲထည့်လိုက်တော့ သူမ အံ့အားသင့်သွားတော့သည်။
သူမသကြားကိတ်မုန့်ကို တစ်ခါမှ မစားဖူးတာမဟုတ်ပေ။ ယွင်ရွှေကောင်တီရှိ လမ်းဟောင်းထဲတွင် သကြားကိတ်မုန့်ရောင်းသည့် ဆိုင်တစ်ဆိုင်ရှိသည်။ တစ်ခုကို တစ်ဆင့်ဖြစ်ပြီး အိုးကြီးတစ်လုံးထဲတွင် ကြော်လေသည်။ မုန့်ထဲတွင် ဆေးသကြား များလွန်းသလားတော့ မသိပေ။ အနံ့သိပ်မမွှေးပါ။ ဆန့်ကျင်ဘက်အနေနှင့် ချိုလွန်းပြီး ခါးပါခါးနေတော့သည်။
ယောင်ယောင်၏ သကြားကိတ်မုန့်နှင့်တော့ မတူပေ။ ၎င်းမှာ နူးညံ့၊ချိုမြိန်၊ဝါးလို့ကောင်း ကောက်ညှင်းနံ့သင်းနေပြီး ဖက်ထုပ်များထက်ပင် ပိုမွှေးလေသည်!
ကုချွင်မေ အားရပါးရနှင့် တစ်ကြိမ်တည်းတွင်အများကြီးစားလိုက်သည်။
လင်းယောင်မှာ သူမအလွန်အကျွံစားပြီး အစာမကြေမှာကို စိုးရိမ်သောကြောင့် ထပ်မစားစေရန် ထိန်းထားရသည်။
ကုချွင်မေလည်း ဗိုက်အင့်နေလေပြီ။ သူမဗိုက်ကိုကိုင်ပြီး မတ်ပဲဟင်းချိုတစ်ခွက်ကို လောင်းထည့်လိုက်သည်။ သူမ လင်းယောင်အား တောက်ပပြီးကျဉ်းမြောင်းသော မျက်လုံးများဖြင့်ပြုံးပြလိုက်သည်။
သူမ လင်းယောင်ကို ခုန်အုပ်ပြီး ကိုက်တော့မလိုပင်။
လင်းယောင် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီး မျက်နှာကိုကာလိုက်၍ ပင်ပန်းစွာပြောခဲ့သည်။ "အစ်မချွင်မေရဲ့မျက်လုံးထဲကအကြည့်ကဘယ်လိုကြီးလဲ?"
ကုချွင်မေ ပြုံးဖြီးနေပြီး "ယောင်ယောင် ငါအစ်ကိုက အမြင်ရှိတာပဲ။ သူအနာဂတ်မှာ တကယ် ကံကောင်းမှာ။ငါ ဘာလို့ခြံထဲမှာအမွှေးရနံ့တွေ ရနေသေးပါလိမ့်။ အာ အိုးထဲမှာ သကြားကိတ်မုန့်တွေ အများကြီးကျန်နေသေးတယ်။ ငါတို့လည်း နည်းနည်းပဲ စားနိုင်ပြီး ကုန်မှာမဟုတ်တော့ တစ်ပန်းကန်ကို အိမ်မှာထားခဲ့ပြီး ကျန်တာကို ပြည်သူ့လုံခြုံရေးဌာနကို အစ်ကိုကြီးနဲ့တာ့ထို့တို့ ယောင်ယောင်ရဲ့လက်ရာကိုမြည်းရအောင် ပို့ပေးလိုက်တယ်"
လင်းယောင် - "......"
ထိုသည်က လုံးဝမဖြစ်နိုင်သည်မဟုတ်ပေ။
*
ကောင်တီပြည်သူ့လုံခြုံရေးဌာနတွင် ဦးထုပ်ကြီးကြီးများနှင့် လူငယ်တစ်စုသည် လက်တစ်ဖက်၌ ဖိုင်များကိုင်ထားပြီး အခြားတစ်ဖက်တွင် စာရွက်စာတမ်းများ ဖြန့်ဝေကာ အလုပ်ရှုပ်နေကြသည်။
ကုရှီအန်းသည် စောစောက ဓါးပြ၏ ပုံတူကို ကြည့်လိုက်သည်။ ဓားပြ၏ညာဖက်လက်တွင် လက်သန်းမရှိပေ။ သူ နှုတ်ဆိတ်နေပြီး ၁၉၅၅ ခုနှစ်တွင် ယွင်ရွှေကောင်တီ ကျောက်မီးသွေး စက်ရုံဟောင်းပြိုကျမှုနှင့် ပတ်သက်၍ သိမ်းဆည်းထားသော အချက်အလက်များကိုပြန်လည်ရယူရန် ရွှီရှန်းချန်အား တောင်းဆိုခဲ့သည်။
ရွှီရှန်းချန်ရှုပ်ထွေးသွားသည်။ ကျောက်မီးသွေးစက်ရုံ ပြိုကျခဲ့သည်မှာ ၁၉၅၅ ခုနှစ်တွင်ဖြစ်သည်။ အမှုပိတ်လိုက်သည်မှာကြာပြီမဟုတ်လား?
ထိုအချိန်တွင် ကျောက်မီးသွေး စက်ရုံသည် အလွန်အမင်း တူးဖော်နေပြီး ထိပ်ပိုင်းခေါင်းဆောင်များသည် ဘေးကင်းရေးကို ကောင်းမွန်စွာ မလုပ်ကြပေ။ မြေပြင်က အက်ကွဲသွားသည်။ ကောင်တီရှိလူကြီးများက ကျောက်မီးသွေးစက်ရုံမှာ မကြာခင်တွင် တစ်ခုခုဖြစ်တော့မည်ဟု ပြောနေခဲ့ကြသည်။
ရွှီရှန်းချန်သည် ကျောင်းသို့သွားစဥ် အကြိမ်ပေါင်းများစွာပင် ကြီးမားသော အနက်ရောင်ကျောက်မီးသွေးပုံများနှင့် အက်ကွဲနေသောကွင်းပြင်များကို တံခါးဝမှ ဝေဝေဝါးဝါး မြင်ခဲ့ရသည်။
သည်လိုနှင့် မိုးသည်းထန်စွာ ရွာသောနေ့တွင် ကျောက်မီးသွေး စက်ရုံဟောင်းမှာ တကယ်ပြိုကျသွားတော့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထူထဲသောတိုင်များ မျောပါသွားကာ ထိန်းမရတော့သဖြင့် လဲကာ မြေအောက်ပျောက်ကွယ်သွားခဲ့သည်။
ဤမတော်တဆမှုတွင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး အဘိုးအိုတစ်ဦးလည်း ရှိခဲ့သည်။ မိုင်းတွင်းလုပ်သားတစ်ဦးမှာ ၎င်း၏ခြေထောက်များကို ဆုံးရှုံးခဲ့ရပြီး လူလတ်ပိုင်းအရွယ် မိုင်းတွင်းလုပ်သားတစ်ဦးမှာ ဂူပေါက်ဝတွင် ညပ်နေခဲ့သည်။ သူ့အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း ညာဖက်လက်မှာ ညပ်နေခဲ့သည်။ သူ့လက်တစ်ချောင်း ပျောက်နေခဲ့သည်ဟု ကြားခဲ့ရသည်...
ရွှီရှန်းချန်သည် အထက်လူကြီးဖြစ်သူကို စိုက်ကြည့်ကာ မော်ကွန်းတိုက်ထဲ ဝင်သွားပြီး အပြင်ထွက်မလာတော့ပေ။
ပြည်သူ့လုံခြုံရေးဌာန၏ မော်ကွန်းတိုက်ကို တစ်လလျှင် တစ်ကြိမ်သာ သန့်ရှင်းရေးပြုလုပ်ပြီး ဖုန်မှုန့်များဖြင့် ပြည့်နေလေသည်။ ဖိုင်အိတ်များ အစုလိုက်အပုံလိုက်ရှိနေပြီး ဖုန်မှုန့်များဖြင့်ပေကျံနေသည်။
ကုချွင်မေသည် သူမလက်ထဲတွင် သကြားကိတ်မုန့်ကိုကိုင်ပြီး ပြည်သူ့လုံခြုံရေးဌာန၏ တံခါးဝတွင် စောင့်ဆိုင်းနေကာ သူ့ကိုမမှတ်မိလောက်အောင်ပင်။
အစ်ကိုကြီးထို့၏ မျက်နှာသည် မည်းနက်နေပြီး သူ့ဆံပင်များကိုပင် မီးခိုးရောင်အလွှာဖြင့် ဖုံးလွှမ်းထားသည်။
ရွှီရှန်းချန် သူ့မျက်နှာကို ဦးစွာဆေးကြောရန် ခြံထဲသို့သွားကာ ကြည်လင်ချောမောသော မျက်နှာကိုပြပြီး ပြေးလာ၍ ဖြူဖွေးသေသပ်နေသော သွားများကို ပြသလာကာ "ချွင်မေ မင်းဘယ်လိုဖြစ်လို့ဒီကို ရောက်နေတာလဲ?"
ကုချွင်မေ သူ့လက်ထဲက ထမင်းဗူးကို ခါယမ်းပြလိုက်သည်။ "ယောင်ယောင်ရဲ့သကြားကိတ်ကိုစားကြည့်ခိုင်းဖို့"
ရွှီရှန်းချန် အံ့အားသင့်သွားပြီး "ဒီမိန်းကလေး ယောင်ယောင်က မုန့်လုပ်တတ်တယ်လား?"
ကုချွင်မေ သည်လိုကြားရသည်ကို သဘောမတွေ့ပေ။ "ကျွန်မတို့ယောင်ယောင်က ဘာလို့မုန့်မလုပ်တတ်ရမှာလဲ?"
ကုချွင်မေ ပျော်မနေတော့ချေ။ ရွှီရှန်းချန်မှာ သူ့နှာခေါင်းကို ထိလိုက်ပြီး သဘာဝကျကျပင်ခေါင်းစဉ်ပြောင်းလိုက်တော့သည်။ "ရှီအန်းရယ် တစ်မနက်လုံး အလုပ်များနေပြီး နေ့လယ်စာ မစားရသေးဘူး။ သူဗိုက်ဆာပြေဖို့ ကျွေးလိုက်ဦးမယ်"
ကုချွင်မေ သက်ပြင်းချလိုက်သည်။ "ကျွန်မတို့ အစ်ကိုကြီးကအဲ့လိုပဲ။ အလုပ်များလွန်းလို့ အကုန်မေ့နေတာ။ အလုပ်များနေတယ်ဆိုတာတော့ သိပါတယ်။ဘယ်လောက် အလုပ်များနေပါစေ စားဖို့ကိုတော့မေ့လို့မရဘူး"
ရွှီရှန်းချန်သည် သူ၏ သစ္စာစောင့်သိမှုကို လျင်မြန်စွာ ဖော်ပြခဲ့ပြီး နောင်တွင် ရဲဘော် ချွင်မေ၏ စကားကို နားထောင်ပါမည်ဟု ကတိပြုလိုက်ပြီးနောက် ဇနီးဖြစ်သူ၏ လက်ကို တိတ်တဆိတ်ပင် ဆုပ်ကိုင်ထားလိုက်သည်။
ကုချွင်မေမှာ မျက်နှာနီရဲပြီး ထွက်ပြေးသွားတော့သည်။
အစ်ကိုကြီးထို့က သီချင်းလေးညည်းပြီး ကျေနပ်နေသောမျက်နှာနှင့် ရုံးကို ပြန်လာခဲ့သည်။ သူက ထမင်းဗူးကို စားပွဲပေါ်တင်လိုက်ပြီး "လောင်ကု ဒီမှာမင်းကောင်မလေး မင်းအတွက် လုပ်ပေးလိုက်တဲ့မုန့်တွေ!"