← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

ရွှီရှန်းချန် ထိုသို့ပြောလိုက်တာနှင့် ဆူညံနေသောရုံးခန်းမှာ တိတ်ဆိတ်သွားသည်။

ဦးထုပ်ကြီးကြီး ဆောင်းထားသော လူငယ်တစ်စုမှာ လှည့်လည်သွားနေကြသည်။ ရွှီရှန်းချန်က ဘာမှမဖြစ်ခဲ့သလို လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။

"မင်းတို့ဘာကြည့်နေတာလဲ? ဘာကြည့်စရာရှိလို့လဲ?လုပ်စရာရှိတာလုပ်။ ကောင်မလေးပေးတဲ့ မုန့်‌တွေကဘယ်လောက်အရသာရှိရှိ မင်းတို့နဲ့ဘာဆိုင်လို့လဲ? ဒါ‌ တွေက လက်ထောက် ဒါရိုက်တာကုအပိုင်။ ကြည့်နေလည်းအလကားပဲ။ ကံဆိုးတဲ့ကလေးတွေ။ သူဌေးက အရွယ်ရောက်နေတာတောင်သူ့မှာ ဇနီးမရှိတာအံ့သြစရာမဟုတ်တော့ပါဘူး "

ပြည်သူ့လုံခြုံရေးဌာနမှ လူပျိုလူလွတ်များ - "..."

ကောင်တီရဲအရာရှိအများစုသည် အသက်နှစ်ဆယ်ကျော် လူငယ်များဖြစ်ကြသည်။ သူတို့သည် လူငယ်အုပ်စုလေးဖြစ်သည်။ သူတို့သည် ရယ်မောကာစ,နောက်လေ့ရှိကြသည်။

လက်ထောက်ဒါရိုက်တာမှာ အိမ်ထောင်ကျပြီးပြီဟုသူတို့ကြားသော်လည်း မရီးမှာအတော်ငယ်သည်။ အသက်နှစ်ဆယ်ပဲရှိပုံရသည်။ မြို့မှာအိမ်ထောင်ကျသည့် ကျေးလက်ဒေသမှ ကောင်မလေးတစ်ယောက်ဖြစ်သည်။ ကျေးလက်ဒေသမှ မိန်းက‌လေးအများစုမှာ အသားညိုပြီး ခြေဆစ်လက်ဆစ်ကြီးကာ ဝတ်စားလိုက်လျှင်လှတပတမရှိပေ။

လက်ထောက်ဒါရိုက်တာ၏ အမျိုးသမီးကတော့ မတူပေ။ သူမသည် ပန်းနုရောင်မျက်နှာလေး၊ မက်မွန်သီး‌ ရောင်ပါးပြင်နှင့် နှင်းကဲ့သို့ အသားအရေရှိသည်။ သူမသည် ရုပ်ရှင်ပိုစတာတွင်ပါသော အမျိုးသမီးသရုပ်ဆောင်တစ်ယောက်ကဲ့သို့ လှပလေသည်။

ဝန်းထဲတွင် ထိုသတင်းမှာ အချိန်အတော်ကြာအောင် ပျံ့နှံ့နေပြီး လက်ထောက်ဒါရိုက်တာက သူတို့အပေါ် သဘောကောင်းနေသည်။ ကောင်းပြီ ဤလက်ထပ်ထိမ်းမြားခြင်းကို သူတို့လက်ခံသည်။ သဘောတူသည်!

လူငယ်တစ်စုသည် ရယ်ရယ်မောမောနှင့် နောက်ပြောင်ကာ ထွက်သွားကြတော့သည်။

ရွှီရှန်းချန်သည် ထိုနေရာတွင် လဲလျောင်းကာကျန်ခဲ့ပြီး သကြားကိတ်မုန့်တစ်ဖဲ့ကို စားရန် အရှက်မဲ့စွာကြိုးစားနေခဲ့သည်။

ထမင်းဘူးအဖုံးကို ဖွင့်လိုက်သောအခါတွင် ထမင်း၏ မွှေးကြိုင်သော အနံ့ထွက်လာသည်။ ဖြူဖွေးပြီး ကြည်လင်နေသော သကြားကိတ်မုန့်များကို အလူမီနီယံနေ့လည်စာထမင်းဘူးထဲတွင် သေသေသပ်သပ်ထည့်ထားသည်။ မဟုတ်ပေ။ သူတို့ကို ပိုကောင်းအောင်လုပ်ထားလေသည်။

သကြားကိတ်မုန့်ကို မပို့ပေးခင် လတ်လတ်ဆတ်ဆတ် အပူပေးထားသည်ဖြစ်ရ‌မည်။ ပူပူနွေးနွေးရှိနေသည်။ ပဲတီစိမ်း၊ ဆားငံဝက်ပေါင်ခြောက်နှင့် ပဲနီတို့ကိုထည့် ပေးထားသည်။ ဝက်ပေါင်ခြောက်၏ ဆီပြန်ဟင်းရနံ့ဖြင့် နူးညံ့ပြီးအရသာရှိနေပေသည်။

ရွှီရှန်းချန် အနံ့ခံကြည့်လိုက်သည်။ "မွှေးနေတာပဲ"

ကုရှီအန်းက အာရုံစိုက်မနေတော့ပေ။ ထိုသူမှာ သကြားကိတ်မုန့်တစ်ဖဲ့ကိုယူပြီး သူ့ပါးစပ်ထဲကို ထည့်လိုက်သည်။ သေချာပြုလုပ်ထားသော သကြားကိတ်မုန့်တစ်ဖဲ့ကိုစားပြီးနောက် ရွှီရှန်းချန်၏ မျက်လုံးများ တောက်ပသွားကာ ထပ်ခါတလဲလဲ ချီးကျူးနေခဲ့သည်။ "အရသာရှိလိုက်တာ အရမ်းအရသာရှိတာပဲ။ လောင်ကု လာ။နောက်တစ်ခုထပ်စားရအောင်!"

သူ့လက်ကိုဆန့်ထုတ်လိုက်သည်နှင့် တပြိုင်နက် ကြီးမားပြီး အဆစ်ကြီးသော လက်တစ်စုံက ထမင်းဘူးကို ယူသွားလေသည်။

ရွှီရှန်းချန်က သူ့ခေါင်းကိုမော့လိုက်‌တော့ ချောမောကာအမူအယာကင်းမဲ့နေသောကုရှီအန်းက ထမင်းဘူးကို မဆိုင်းမတွ ယူသွားတော့ ရွှီရှန်းချန်အော်ပြီးကျန်ရစ်ခဲ့သည်။ "လောင်ကု အဲဒါကိုမယူပါနဲ့။ ငါနောက်တစ်ခုလောက် စားချင်လို့ပါ။ အတူတူစားမယ်လေ!"

လက်ထောက် ဒါရိုက်တာကုက တစ်ခုမပြောနှင့်။ တစ်ဝက်ပင်ကျွေးမည် မဟုတ်ချေ။

"စားချင်ရင် ချွင်မေကို လုပ်ပေးခိုင်းလေ။"

ရွှီရှန်းချန် - "..."

ထားလိုက်ပါတော့။ ချွင်မေ၏ လွန်ကဲသော ဟင်းချက်ကျွမ်းကျင်မှုကြောင့် တစ်လုတ်စားရမည်ထက် ဗိုက်ဆာပဲခံလိုက်‌တော့မည်။

ရွှီရှန်းချန် ဒေါသတကြီး ထွက်သွားခဲ့သည်။ ကုရှီအန်း နေ့လယ်စာထမင်းဘူးထဲရှိ သကြားကိတ်မုန့်ကို ငုံ့ကြည့်ပြီး သူ့မျက်လုံးများမှာ ပြုံးနေခဲ့သည်။

*

နေ့လည်သုံးနာရီတွင် ဝက်ခြံတာဝန်ချိန်မှာ ပြောင်းသွားပြီး ကျန်းဆွေ့လန်သည် ခြင်းတောင်းနှင့် ပြန်လာခဲ့သည်။

ကုရှီတုန်းသည် ခြံဝန်းထဲတွင် ရေခပ်‌နေလေသည်။ သူ့သား လုံ့လဝီရိယရှိတာ ရှားရှားပါးပါးပင်ဖြစ်၍ ကျန်းဆွေ့လန် သူ့ကိုချီးမွမ်းတော့မလို့ပင်။

ကောင်လေးက ရေပုံးကိုချပြီးပြေးလာသည်။ “အမေ ခြင်းထဲမှာ ဘာတွေပါလဲ?”

"ဝက်သားကို ရေတွင်းထဲမှာ ဆွဲထားလိုက်။ မနက်ဖြန် မင်းအဖွားနဲ့တွေ့ဖို့ ကျေးလက်‌တောရွာကို သွားတဲ့အခါ ယူသွားမယ်"

"ကျေးလက်ဒေသမှာ ကန်တင်းအကြီးကြီးရှိတယ်။ ဒါပေမယ့် အဘွားက ဝက်သားစားတာရှားတယ်။ ပစ္စည်းတင်သွင်းရေးနဲ့ ဈေးကွက်ဖြန့်ချိရေး သမဝါယမကို သွားပြီး ဝက်ပေါင်ဝယ်ပြီး အဘွားအတွက် ဝက်သားနှပ်လုပ်လိုက်ပါလား!"

"စား၊ စား၊ စား! အသားလက်မှတ်မပါဘဲ ဝက်သားနှပ်ဘယ်လိုလုပ်မလဲ။ ကောင်စုတ်လေးက ခါးမနာပဲတစ်နေကုန် မတ်တပ်ရပ်ပြီး စကားပြောလို့ရတယ်။ ပိုက်ဆံက လွယ်လွယ်နဲ့ ဘယ်လိုရှာလို့ရမှာလဲ? ပိုက်ဆံရှာရတာကက ခက်တယ်။ မစင်က အရသာဆိုးတယ်။ မင်းမစင်စားချင်လို့လား? မထင်ပါဘူး။ မင်းအလုပ်ရုံမှာတစ်နေကုန်မတ်တပ်ရပ်ရင်တောင် အသားတစ်တုံးစားရမှာမဟုတ်ဘူး။အဲ့တော့ထွက်သွား!"

ကျန်းဆွေ့လန် သူမသားကို ဆူပူကြိမ်းမောင်းပြီး ကောင်စုတ်လေးကို အိမ်ထဲကို ပြန်မောင်းထုတ်လိုက်သည်။

အခန်းကျဉ်းလေးထဲမှာ တရှဲရှဲအသံကြားလိုက်ရသည်။ လင်းယောင် အပြင်မှာနားထောင်ပြီးတွေးနေခဲ့သည်။ကြွက်တွေပွားနေတာလား?

အခုခေတ် အိမ်ဝန်းထဲမှာ ကြွက်တွေများသည်။ အိမ်မှ အစားအစာကို ဂရုမစိုက်လျှင် ဒုက္ခရောက်ပေမည်။

လင်းယောင် တံခါးကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။ ကြွက်‌တွေ တကယ်ရှိနေတယ်ထင်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက်ကို အမြန်ထားလိုက်သည်။

တံခါးဖွင့်လိုက်တာနှင့် အခန်းထဲက ကုရှီတုန်းမှာ လန့်သွားတော့သည်။ ကောင်စုတ်လေးက သူ့ဖင်ကိုအပြင်ထုတ်ပြီး အခန်းထဲမှာ သကြားကိတ်ကို တိတ်တိတ်လေးစားနေလေသည်။ သူ့မျက်နှာကို အဖြူရောင်အမှုန်များနှင့် ဖုံးလွှမ်းထားသောကြောင့် မျက်ခုံးဖြူသူရဲကောင်းတစ်ယောက်ကဲ့သို့ပင်။

ကုရှီတုန်းက သူ့အမေစစ်ဆေးဖို့ ဝင်လာတယ်ဟုထင် လိုက်သော်လည်း လင်းယောင်ကို မြင်လိုက်တာနှင့် ရင်ဘတ်ကိုပုတ်ပြီး အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ကာ " မရီး လန့်သွားတာပဲဗျာ"

လင်းယောင် သူ့ကို ဗြုန်းစားကြီးရိုက်လိုက်ပြီး "ဒီကောင်စုတ်လေးကို တစ်ချက်လောက်တော့ဆော်ရမယ် ဟုတ်တယ်မလား? ငါမင်းအတွက် သကြားကိတ်မုန့်တစ်ပန်းကန်မထားခဲ့ပါဘူး။ဘာလို့ထပ်ခိုးစားပြန်တာလဲ"

သူ့မျက်နှာတစ်ခုလုံးကို အဖြူမှုန့်များဖြင့် ဖုံးအုပ်‌နေသည်!

ကုရှီတုန်းက အော်သည်။ "မရီး ကျွန်တော်မှားသွားပါတယ်။ နောက်တစ်ခါ အဆွဲခံရရင်ရင် ‌ကျွန်တော့်နားတွေ ပြုတ်ထွက်တော့မယ်"

လင်းယောင်က လွှတ်လိုက်ပြီး ကုရှီတုန်းကို စိုက်ကြည့်လိုက်သည်။ "မင်းအခန်းထဲက ရှုပ်‌ပွနေတာတွေကို ကြည့်စမ်း။ မင်းအစ်ကိုပြန်လာရင်တော့ သူနဲ့တွေ့တော့မယ်"

အိမ်ကောင်းကောင်းလေးမှာ ကောင်စုတ်လေးအတွက် ခွေးအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မဟုတ်ပေ။၎င်းသည် ခွေးအိမ်တစ်ဝက် စံပြစစ်တပ်အိပ်ဆောင်တစ်ဝက်ဖြစ်သည်။

ကုရှီအန်း စစ်တပ်က ပြန်လာပြီးသည့်နောက်တွင် သူကိုယ်တိုင် တင်းကျပ်သည့်စည်းကမ်းကို ကျင့်သုံးခဲ့သည်။ သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ခေါက်သည်။ သူ့နေ့စဉ်သုံးပစ္စည်းတွေကို သပ်သပ်ရပ်ရပ် ထားသည်။ သူ့စောင်ကို တို့ဟူးတုံးများကဲ့သို့ပင် ခေါက်ထားပြီး တွန့်ခေါက်ရာ တစ်ခုမျှမရှိပေ။

ဒီရက်ပိုင်းတွင် ကုရှီအန်းတို့ညီအစ်ကို အိပ်စင်တစ်ခုစီတွင် အိပ်ကြသည်။ နံရံဘေးတွင် ကုလားထိုင်တစ်လုံးရှိသည်။ စစ်တပ်သုံး စာရွက်များသည် အလွန်ချောမွေ့နေသည်။ သုန်ဇီသည် စာအုပ်များနှင့်ကွာ‌စေ့အခွံများဖြင့်ပြည့်နေသော အိပ်ရာကိုယူလိုက်သည်။ မြင်ရသည်မှာရှုပ်ပွနေလေသည်။

အဲဒီ့နောက် ကောင်လေးက သူ့အစ်ကိုသည် သူနှင့်ညပိုင်း ပြန်လာအိပ်တာကို သတိရသွားသည်။

သူတံမြက်စည်းကိုယူကာ အိမ်ကြမ်းပြင်ကို တံမြက်စည်း လှည်းလိုက်သည်။ လင်းယောင်သည် အိမ်ထဲတွင် ဖုန်မှုန့်များရှိနေသည်ဟု ထင်ကာ သူမ၏ အ‌ဆောင်ထဲသို့ ပြေးဝင်သွားခဲ့သည်။

မထင်မှတ်ပဲ ကုရှီတုန်းက အိမ်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်၊ ပြတင်းပေါက်ကိုဖွင့်ပြီး အိမ်အပြင်ဘက်ကို ခေါင်းပြူထွက်လာပြန်သည်။

"မရီးကို တစ်ခုခုမေးလို့ရမလား"

လင်းယောင်သည် အခန်းထဲတွင် ချည်လုံးကိုရစ်နေသည်။ ကောင်လေးရဲ့ ထိုစကားနောက်ကွယ်မှာ တစ်ခုခုရှိနေမှန်း မကြည့်ပဲ‌တောင်သူမ သိနိုင်သည်။ သူ့ကိုသင်္ကာမကင်းကြည့်ကာ "ဘာမေးတာလဲ?"

အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့။ သူမမှာ အချိန်မရှိဘူး။

ကုရှီတုန်းက နှုတ်ခမ်းကိုစူပြီး သူ့လက်တွေကို စိတ်ပူပင်စွာနှင့် ယှက်လိုက်ကာ “မရီး မရီးက အစ်ကိုကြီးကိုမကြိုက်ဘူးလား”

လင်းယောင် - "ဒီစကားက ဘာလဲ"

ကုရှီတုန်းက ခေါင်းကုတ်လိုက်ပြီး ခုံတန်းလေးကို ရွှေ့လိုက်သည်။ သူသည်ပဲစေ့များကို ဝါးဘူး‌လေးထဲသို့ထည့်ကာ စိတ်ထဲရှိတာတွေကို ပြောတော့သည်။

“မရီး ကျွန်တော်ကငယ်လို့ ဘာမှနားမလည်ဘူးမထင်ပါနဲ့။ တကယ်‌တော့ လူကြီးတွေပြောနေတာကို ကျွန်တော်နားလည်တယ်။ အဖွားအသက်ရှင်နေတုန်းက လူတွေက ဘဝကို ကောင်းအောင်နေရမယ်လို့ အမြဲပြောခဲ့တယ်။ လင်မယားနှစ်ယောက် အတူတူနေချင်ရင် နှလုံးသားချင်း ရင်းနှီးရမယ်။ မင်းက သူ့အကြောင်းတွေးနေပြီး သူကလည်း မင်းအကြောင်းတွေးနေတယ်။ အစ်ကိုကြီးနဲ့အတူနေဖို့ ဖူးစာပါလာတာက မရီးပဲ။ ပြီးတော့ မရီးကို ကျွန်တော့အစ်ကိုကြီးက ဆက်ဆံတာသူများ‌တွေကိုဆက်ဆံတာနဲ့မတူဘူး။ လင်းဟုန်နတုန်းကဆို အိမ်ရှေ့ကိုပြေးပြေးလာတာတောင် အစ်ကိုကြီးက သူ့ကိုကြည့်တောင် မကြည့်ဘူး။ အစ်ကိုကြီး ပြန်ရောက်ကတည်းက အိမ်ထဲကိုဝင်လာရင် မရီးကိုအမြဲကြည့်တယ်။ မရီးကိုမြင်ရင် အမြဲပြုံးတယ်။ မမ ပြောတာက‌တော့ နွေဦးရဲ့နှလုံးသားနဲ့ သစ်ပင်အိုကြီးက ဖူးပွင့်နေပြီတဲ့။ နားမလည်ပေမယ့် အစ်ကိုကြီးရဲ့ နှလုံးသားထဲမှာမရီးရှိတယ်။ မရီးကလည်းအစ်ကိုကြီးအပေါ် ကောင်းတယ်။နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် သဘောကျတယ်။ ဘာလို့အဲ့အကြောင်းမပြောတာလဲ? ဆိုရိုးတစ်ခုရှိတယ်။ နှစ်‌ပေါင်းတစ်ရာအတူတူကျင့်ကြံရင်‌ လှေတစ်စီးတည်းစီးနိုင်ပြီး နှစ်ပေါင်းတစ်ထောင်အတူတူကျင့်ကြံရင် အတူတူအိပ်စက်နိုင်တယ်တဲ့။ဘယ်လောက်သနားစရာကောင်းလိုက်လဲ။ မရီးနဲ့ အစ်ကိုကြီးမှာ ဒီလိုအခြေအနေကောင်းတွေရှိလို့ ဘဝကို ကောင်းကောင်းနေထိုင်ပါ။ မရီး ကျွန်‌တော့်အစ်ကိုကြီးကိုသ‌ဘောမကျတာမဟုတ်ရင်ပေါ့ ”

လင်းယောင်သည် ကုရှီတုန်း၏ ကြည်လင်သော မျက်လုံးများကို စိုက်ကြည့်နေပြီး သူမကုရှီအန်းကို သဘောမကျဘူးဟု တကယ်မပြောနိုင်ပေ။

ကုရှီအန်းရဲ့ချောမောမှုက သူမကိုတကယ်ပဲ ဆွဲဆောင်ခဲ့တော့ရောဘာဖြစ်လဲ။

ကုရှီတုန်းက အရမ်းဉာဏ်ကောင်းသည်။ သူက ချက်ချင်း ရယ်လိုက်ပြီး "မရီး လက်စသတ်တော့ မရီးက ကျွန်တော့် အစ်ကိုကြီးကို သဘောကျနေတာပဲ! ကောင်းလိုက်တာ။ ဘာလဲ တခြားသူတွေကိုမပြောစေချင်ဘူးလား? စိတ်မပူပါနဲ့ မရီးရဲ့။ ကျွန်‌တော်တို့က သူငယ်ချင်းကောင်းတွေပဲ။ မရီးအတွက် လျှို့ဝှက်ပေးထားမယ် လျှို့ဝှက်ပေးထားမယ် စိတ်မပူနဲ့!"

ကောင်လေးက သူ့ရင်ဘတ်ကိုပုတ်ပြီး ကတိပေးခဲ့သည်။

လင်းယောင်သည် နောက်ဆုံးတွင် ကုရှီတုန်းကို သုန်သုန်မှုန်မှုန်ဖြင့် နှင်လွှတ်လိုက်သည်။

ညစ်ပတ်တဲ့ ဒီကောင်စုတ်လေးက ထွက်မသွားခင်မှာ သူမအား မျက်စိမှိတ်ပြသွားဖို့မမေ့ပေ။ "မရီး တကယ်တော့ ကျွန်‌တော့်အစ်ကိုကြီးက အရမ်းကောင်းတာ။ သူက အရပ်ရှည်ပြီးရုပ်ချောတယ်။ အလုပ်‌ကောင်းကောင်းရှိပြီး ကိုယ်လုံးလည်း မိုက်တယ်။ ပိုက်ဆံရှာတာလည်း‌ တော်တယ်လို့ခံစားရတယ်။ မရီး လိုချင်သလောက် သုံးနိုင်ဖို့မရီးအပေါ်မှာပဲမူတည်တယ်။ ကျွန်တော် တူလေးတစ်ယောက်ရရင် အစ်ကိုကြီးကို အနှီးတွေလျှော်ပြီး တင်ပါးကို သုတ်ခိုင်းမယ်။ သူက ကလေးတွေကို ကောင်းကောင်းပြုစု‌ စောင့်ရှောက်တတ်တယ်။ ဆယ်ယောက် ဒါမှမဟုတ် ရှစ်ယောက်မွေးရင်တောင် အစ်ကိုကြီးက သူတို့ကို စောင့်ရှောက်နိုင်တယ်"

လင်းယောင် - "......"

မျိုးကျဲစက်အဟောင်းကပဲ ဝက်ပေါက် ဆယ်ကောင် ဒါမှမဟုတ် ရှစ်ကောင် ပေါက်လိမ့်မယ်။

ဒီကောင်လေးကတော့ လာစမ်း!

*

လင်းယောင် ထိုကလေးအား နှင်လွှတ်လိုက်ပြီး စားပွဲ၌ မေးထောက်ကာ အချိန်အတော်ကြာ တွေးတောနေလေသည်။

အရင်ဘဝက သူမ မချစ်ခဲ့ဖူးတာမဟုတ်ပေ။ သူမ တက္ကသိုလ်တက်သည့် ပထမနှစ်တည်းက အကြီးတန်းနှစ်အထိ ချောမောတဲ့ ယောက်ျားလေးတွေ သူမကိုပိုးပမ်းခဲ့ကြသည်။

လင်းယောင်သည် သမီးရည်းစားဆက်ဆံရေးတွင် သိပ်ဉာဏ်မပြေးကာ ဇီဇာကြောင်သည်။ သူမအဘိုးအဘွားများနှင့် မိဘများမှာ ချစ်ခင်ကြသော စုံတွဲများဖြစ်သည်။ သက်တောင့်သက်သာရှိပြီး အတိုင်းအဆမဲ့ချစ်ခင်ပေးသော မိသားစုမှာ သူမကြီးပြင်းလာခဲ့ရသည်။

လင်းယောင်သည် လုံလောက်သောအချစ်ကို ရရှိထားပြီး သူမဘာသာ အေးအေးဆေးဆေး နေနိုင်သောကြောင့် သူမအတွက်တော့ အချစ်ဟုခေါ်သော လိုအပ်ချက်သည် ကြီးမားလှသည်တော့ မဟုတ်ပေ။

ရှောင်ရှန်းရို သူမကိုလိုက်တော့ သူမ ငြင်းနိုင်လျှင်ငြင်းခဲ့ပေမည်။ ပထမအချက် သူမသည် သူ့ကိုမချစ်ပေ။ဒုတိယအချက် သူမငယ်ငယ်ရွယ်ရွယ်နှင့် အချစ်နွံထဲမနစ်လိုပေ။

သူမသည် ကောလိပ်လေးနှစ်တာကာလအတွင်း ချစ်ခြင်းမေတ္တာကို အချိန်တိုလေး ခံစားခဲ့ရသည်။ သူမကိုလိုက်သော စီနီယာသည် မိသားစုနောက်ခံကောင်းပြီး ကျိုးနွံသော ကိုယ်ရည်ကိုယ်သွေး ရှိသည်။ သူသည် လူကြီးလူကောင်းဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ရေကဲ့သို့ အရောင်အဆင်းမွဲခြောက်ခြောက်နှင့် အရသာမရှိပေ။ နောက်ပိုင်းတွင် အကျင့်စရိုက်ကွဲပြားမှုတွေကြောင့် ဆက်ဆံရေးက အဆုံးသတ်သွားခဲ့သည်။

ဝမ်းနည်းနေမည့်အစား လင်းယောင် သက်ပြင်းတစ်ချက်ချလိုက်သည်။

ရည်းစားဟောင်းနှင့် ကုရှီအန်းကို ရင်ဆိုင်ရခြင်းသည် လုံးဝကွဲပြားသည့် ခံစားချက်နှစ်ခုဖြစ်သည်။ သူမ ကုရှီအန်းကို တကယ် ချစ်မိသွားတယ်လို့ ခံစားရပြီး ပူနွေးလာသော မျက်နှာကိုအုပ်ထားလိုက်မိသည်။

နှလုံးသားက လှုပ်ရှားနေတာကြောင့် ဖုံးကွယ်ထားစရာ မလိုပေ။

ထိုနေ့လည်ခင်းတွင် လင်းယောင် ကုရှီအန်းကို စောင့်ဆိုင်းပြီး စကားပြောဖို့ ဆုံးဖြတ်လိုက်သည်။

All Chapters