အခန်း (၂၁)
Vol. 2 Ch. 21
လင်းယောင်သည် ကုရှီအန်း၏ စကားကြောင့် ကြောင်အ,သွားသည်။
မဟုတ်ဘူး။ သူ့အချစ်ကို ပထမဆုံးဝန်ခံတဲ့လူကဘယ်လိုဖြစ်လို့ ကုရှီအန်းဖြစ်ရတာလဲ။
သူမကပဲ အသာစီးရှိပြီး အရင်ဆုံး လုပ်တဲ့လူဖြစ်ရမှာလေ!
ဒါပေမယ့်...ဒါကလည်း မဆိုးပါဘူး။
လင်းယောင်က တော်တော်လက်တွေ့ဆန်သည်။ မူလက သူမသည် ကုရှီအန်းနှင့် စကားပြောရန် စောင့်ဆိုင်းပြီး သူမအပေါ် ခံစားချက်ရှိမရှိကို စောင့်ကြည့်ချင်ခဲ့သည်။သူ့မှာခံစားချက်ရှိလျှင် သူတို့နေရာတိုင်းတွင် အဆင်ပြေပေမည်။ အကယ်၍ မရှိလျှင်လည်း အဆင်ပြေပါသည်။ခြေလေးချောင်းရှိသူကို ရှာရခက်သော်လည်း ခြေနှစ်ချောင်းရှိတဲ့ အမျိုးသားများမှာတော့ အများကြီးရှိလေသည်။
အစ်မချွင်မေက လက်ထပ်ပြီးသောအခါ စားရမည် ဝတ်ရမည်ဆိုတာ မှန်လေသည်။ တကယ်တော့ ရှေးခေတ်ကစလို့ လူကြီးတွေစီစဥ်သည့် အိမ်ထောင်ရေးပဲဖြစ်ဖြစ်၊အောင်သွယ်က စီစဥ်သောအိမ်ထောင်ရေးပဲဖြစ်ဖြစ်၊နောက်ပိုင်းမျိုးဆက်တွေမှာ အဲ့လိုတွေမရှိပဲ ကိုယ့်ဘာသာချစ်ကြိုက်ကြသည်ပဲဖြစ်ဖြစ် အိမ်ထောင်ရေးဟာ မိန်းကလေးတစ်ယောက်၏ မိသားစုအတွက် အရေးကြီးဆုံးပင်။
အိမ်ထောင်ပြုဖို့က ဘယ်လောက်အရေးကြီးလဲ? အိမ်ထောင်ပြုခြင်းကို အမျိုးသမီးများ၏ ဒုတိယအကြိမ်ဝင်စားခြင်းဟု ဘိုးဘေးများဆိုရိုးရှိသည်။အိမ်ထောင်ရေးတွင် အရှေ့လေကအနောက်လေကို အနိုင်ယူသည်။ သို့မဟုတ် အနောက်လေက အရှေ့လေကိုလွှမ်းမိုးသည်။
လင်းယောင်က ဘယ်ပုံစံမှာပါဝင်နေသလဲဆိုတာကိုတော့ လောလောဆယ်မသိရသေးပေ။
လင်းယောင်သည် ကုရှီအန်းကို စိတ်ဝင်စားပြီး သူ့ခန္ဓာကိုယ်ကို မက်မောသော်လည်း သူမသည်ကူးပြောင်းလာခဲ့၍သာမဟုတ်ပါက သူ့ကိုလက်ထပ်မည်မဟုတ်ပေ။
အချစ်သည် ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်ဟုဆိုခြင်းမှာ အရူးတစ်ယောက်ကို လှည့်စားရန်အတွက်ပင်။
အခုကုရှီအန်းက သူမကိုဖွင့်ပြောလိုက်သည့်အတွက် လင်းယောင် အနည်းငယ် ရှက်သွားသလို စိတ်အခြေအနေလည်း ကောင်းနေသည်။
လင်းယောင်သည် သူမလက်ထဲတွင် ကတ္တီပါအိတ်လေးကို ပျော်ရွှင်စွာကိုင်ထားသော်လည်း သူမ၏ဖြူစင်တောက်ပသော မျက်နှာသည် လေးနက်မှုအပြည့်ရှိသည်။ သူမ၏စကားများသည် လေးနက်နေမှန်းသိသာသည်။
"ဒါက ရှင် ပေးတဲ့ကိုယ်ပိုင်ငွေပဲ။ ကျွန်မ တကယ်လက်ခံပါတယ်"
လက်ခံလိုက်လျှင် စကားကို ပြန်ပြင်လို့မရပေ။ တစ်သက်လုံး ပေးရပေမည်။
ကုရှီအန်းသည် လောလောဆယ်တွင် စိတ်အခြေအနေကောင်းမနေပေ။ သူ့နှုတ်ခမ်းနားကို အုပ်လိုက်ကာ နှစ်ကြိမ်ချောင်းဆိုးပြီး "အင်း" ဟုဆွဲဆောင်မှုရှိသော အသံသြသြဖြင့်ပြောသည်။
လင်းယောင်သည် ဤစကားကိုကြားပြီးနောက် စိတ်အခြေအနေ ပိုကောင်းလာသည်။ သူမ စိတ်ကောင်းဝင်သည်နှင့် လက်ထောက်ဒါရိုက်တာကုကို ဆုချီးမြှင့်ရန် ပြင်လိုက်သည်။
"ကုရှီအန်း ရှင် ဒီကိုလာ"
ကုရှီအန်းသည် ကောင်မလေးတွင် ပြောစရာရှိနေသည်ဟုထင်သောကြောင့် ခြေလှမ်းအနည်းငယ်လှမ်းလာလိုက်သည်။
ကံမကောင်းစွာနှင့် ဒိီလူမှာအရပ်ရှည်လွန်းသည်။ သူသည်အရပ် ၁.၈ မီတာကျော်ရှိပြီး လင်းယောင်မှာ အရပ် ၁.၆ မီတာသာရှိသည်မို့ မျက်လုံးမှိတ် ခြေဖျားထောက် မတ်တပ်ရပ်ကာ ကုရှီအန်း၏ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
ဟုတ်တယ်သည်။ အရင်တစ်ခေါက်ကနှင့် အတူတူပင်။မာ့ရှ်မဲလို ကဲ့သို့နူးညံ့လေသည်။
လင်းယောင်သည် လက်ထောက်ဒါရိုက်တာကုကိုအခွင့်ကောင်းယူပြီးနောက် ထွက်ပြေးချင်သည်။ ကုရှီအန်း၏ မျက်လုံးများ အရောင်မှိန်သွားသည်။ နောက်တစ်စက္ကန့်မှာတော့ ထိုအမျိုးသားက သူ့လက်ရှည်ရှည်ကိုဆန့်တန်းပြီး သူမကိုဖမ်းထားလိုက်သည်။ သူမနားနားကပ်ကာ စကားအနည်းငယ်ပြောပြီးနောက် တစ်ကမ္ဘာလုံး ဖုံးလွှမ်းသွားတော့သည်။ အနမ်းက အရာရာကိုဖုံးလွှမ်းသွားသည်။
ဘာပဲဖြစ်ဖြစ်အဆုံးမှာတော့ လင်းယောင် သူမ၏ အော်သံလေးကို မျိုသိပ်ပြီး စိတ်ပျက်လက်ပျက်နှင့် သူ့ရင်ဘတ်ကို ရိုက်လိုက်တော့သည်။
ကုရှီအန်း သူမကိုလွှတ်ပေးလိုက်သည်။
ထိုညတွင် လင်းယောင်သည် သူမ၏ခေါင်းအုံးလေး ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ရုံးပိတ်ရက် မနက်ခင်းများ၌ အပြင်ရှိ နေရောင်ပြင်းပြင်းကြောင့် လူတွေမှာ အပူဒဏ်ဖုံးလွှမ်းခံနေရသည်။ ဒီနေ့ရက်တွေမှာ အားလပ်ရက် ၂ ရက်ဟူ၍မရှိပေ။ ကောင်တီရှိ အလုပ်သမားများမှာ တစ်ပတ်လျှင်စနေနေ့တစ်ရက်သာ ပိတ်ရက်ရှိသည်။
ကုမန်ဆန်အတွက် အိမ်မှာအနားယူရန် ရှားပါးသောနေ့တစ်နေ့ပင်။ ကျန်းဆွေ့လန်သည် နေ့လယ်ပိုင်းတွင် သူ့အမေကိုတွေ့ရန် ကျေးလက်သို့ သွားမည်ဖြစ်ကာ သူကသူမနှင့်အတူလိုက်ချင်သည်။
ကျန်းဆွေ့လန်က သူ့ကိုချော့မော့ပြီး မောင်းထုတ်ပစ်လိုက်သည်။
"အဘိုးကြီး ကျွန်မမိဘအိမ်ပြန်တာကို ရှင်ကဘာလို့လိုက်မှာလဲ။ နောက်ဆုံးမှ အားလပ်ရက်လေးရလာတာ။ရှင်အိမ်မှာ ကောင်းကောင်းမနားရင် ကျွန်မကိုဒုက္ခလိုက်ပေးလိမ့်မယ်"
တကယ်တော့ ကျန်းဆွေ့လန်က ထိုသူကို အိမ်မှာ ကောင်းကောင်းအနားယူစေလိုခြင်းသာ။
လင်းယောင် ကုရှီတုန်းကို အော်လိုက်သည်။ အပြင်ဘက်က သံမဏိစက်ရုံ၏ မီးခိုးခေါင်းတိုင်ကြီးနှစ်ခုကနေ အဝေးကထွက်လာသည့် မီးခိုးငွေ့စိမ်းတွေကိုမြင်လိုက်ရသည်။
ဒီကောင်လေးစုတ်က လင်းယောင်ထက် နောက်ကျမှထလေ့ရှိသည်။ ဒီနေ့တော့ မနေ့က သူ့အစ်ကိုနဲ့မရီးဘာတွေပြောလဲဆိုတာကို အတိအကျမေးဖို့ စောစောထလေသည်။
မနေ့ညက သူခိုးနားထောင်ချင်ခဲ့ပြီး မတော်တဆ အိပ်ပျော်သွားခဲ့သည်။
မနက်မိုးလင်းလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့အစ်ကိုကြီးက ထုံးစံအတိုင်းဌာနကို စောစောသွားလေပြီ။
ကောင်လေးက ကုတင်ပေါ်ကနေ ခုန်ဆင်းပြီး လင်းယောင်၏ တံခါးကို တဒုန်းဒုန်းခေါက်လိုက်သည်။
လင်းယောင်သည် လက်ထောက်ဒါရိုက်တာကု ပေးထားသော ဘဏ်စာအုပ်ကိုကိုင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ အပြင်ဘက်တွင် ကုရှီတုန်းက နိုးလာပြီး တံခါးကိုခေါက်နေသည်။
လင်းယောင်သည် အိပ်ချင်နေဆဲဖြစ်ပြီး သူမ၏စောင်ကိုခါကာ အိပ်ရာပေါ် ပြန်လှဲနေလိုသည်။
ကုရှီတုန်းသည် နွေဦးတွင် နှံကောင်တစ်ကောင်ကဲ့သို့ အပြင်ဘက်တွင် ခုန်ပေါက်နေသဖြင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်ရသည်။
လင်းယောင်သည် ကုတင်ပေါ်မှ မထချင်ထချင် ထကာ ဘဏ်စာအုပ်ပါသော ကတ္တီပါအိတ်ငယ်ကို အံဆွဲ၏ ထိပ်ရှိ ကြိမ်သေတ္တာငယ်ထဲတွင် ဝှက်ထားပြီး ထိုအပေါ်တွင်စာအုပ်အနည်းငယ်ကို တင်ထားလိုက်ကာမှ စိတ်သက်သာရာ ရသွားတော့သည်။
ကုရှီအန်းသည် တံခါးအပြင်တွင် စောင့်နေပြီးဟင်းသီးဟင်းရွက် ပေါက်စီကိုကိုင်ကာ စားရန်လည်းမမေ့ပေ။
လင်းယောင် တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် ကောင်စုတ်လေးက ပါးစပ်ထဲတွင် ပေါက်စီစားနေရင်းတန်းလန်းဖြင့်ရောက်လာပြီး "မရီး ပေါက်စီစားချင်လား? ကန်တင်းက လုပ်ထားတာ။ ကြက်ဥနဲ့ဝက်သားပါပါတယ်။ စားလို့ကောင်းတယ်"
ယွင်ရွှေကောင်တီ၌ နွေဦးနှင့် နွေရာသီရောက်သည်နှင့် တပြိုင်နက်ဟင်းသီးဟင်းရွက်များ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။ ယခုအချိန်တွင် 'မျက်ထောင့်ပင်'များသည် အနူးညံ့ဆုံးနှင့် အဖွံ့ဖြိုးဆုံးအချိန်ဖြစ်သည်။ ကန်တင်းတာဝန်ခံ ဆရာကျန်းသည် သူလုပ်ချင်သည့်ဟာကို တစ်နေ့သုံးနပ်လုပ်သည်။
ချက်ပြုတ်ထားသည့် ဟင်းတွေကို စိတ်ပူနေရသည်။အခုတွင် အခြေအနေက ခွင့်မပြုပေ။ အစားအစာမလုံလောက်သလို အသားလည်း မလုံလောက်ပေ။ ကန်တင်းစဖွင့်တုန်းကလို ဝက်ချိုချဥ်ချက်နဲ့ ငါးနှပ်နေ့တိုင်းစားရဖို့ဆိုတာ မဖြစ်နိုင်ပါပေ။
ကျန်းတာ့ချန်က သူ့တူကို အကြံတစ်ခုပေးလိုက်သည်။ ဒီနှစ်မြို့ပြင်တွင် ဘာမှမရှိပေ။ အသီးအရွက်များသာ နေရာအနှံ့ရှိနေသည်။
ကန်တင်းတွင်ချက်ပြုတ်ရေး ကူညီပေးသည့်အဒေါ်အား မြို့အပြင်ဘက်ရှိ 'မျက်ထောင့်ပင်'အနည်းငယ်ကို ဖြတ်ပြီးယူလာခိုင်းကာ ရေနှင့်ပြုတ်၊ နုတ်နုတ်စဉ်းပြီး အသားအဆာပလာများဖြင့် ရောမွှေခိုင်းသည်။ ကြက်ဥ အနည်းငယ်ထည့်သည်။
ခေါက်ဆွဲခြောက်နှင့် ဟင်းသီးဟင်းရွက်များပါသော ခေါက်ဆွဲကိုပေါင်းပြီး တစ်ကိုက်စားတာနှင့် အသားနှင့် အသီးအရွက်နှစ်မျိုးလုံးပါလေသည်။ ဒေသန္တရအဖွဲ့ဝင်များအား တစ်နေ့လျှင်သုံးနပ် ကျွေးရလေသည်။
မမျှော်လင့်ဘဲ သူ့ဦးလေးမှာ ဤနည်းလမ်းကို ကျွမ်းကျင်လေသည်။
နောက်ပိုင်းမှာ ဒီလိုမလွယ်ကူတော့မှာကိုကြောက်မိသည်။
ယခုအချိန်တွင် ကန်တင်းဂိုဒေါင်ရှိ ဆန်နှင့်ခေါက်ဆွဲအများစုကို အသုံးပြုပြီးသွားပြီဖြစ်ကာ စားသောက်ကုန်များမှာလည်း နှောင့်နှေးနေလေသည်။အိမ်ထောင်စုတစ်စုစီအတွက် ဆန်နှင့်ခေါက်ဆွဲခြောက် ၁၀ ကီလိုဂရမ်မျှဖြင့် ဆောင်းရာသီတွင် ကန်တင်းသည် ရှင်သန်နိုင်မည်မဟုတ်ပေ။
လင်းယောင် ကုရှီတုန်းလက်ထဲရှိ အသီးအရွက်ခေါက်ဆွဲများကို တစ်ချက်ကြည့်လိုက်ပြီး သူမမှာ စားချင်စိတ်လုံးဝမရှိပေ။ သူမ မနေ့ညက ဘီစကွတ်အိတ်တစ်ဝက်ကိုစားပြီး နွားနို့တစ်ခွက်သောက်လိုက်သောကြောင့် သူမ တကယ်ကိုဗိုက်မဆာပေ။
လင်းယောင်က စိတ်မဝင်စားတာကိုမြင်တော့ ကုရှီတုန်းကလာပြီးပြောသည်။ “မရီး ကျွန်တော့်အစ်ကိုကြီး…”
လင်းယောင်၏ မျက်နှာ ရုတ်တရက်နီရဲလာသည်။ "မင်းအစ်ကိုကြီးဘာဖြစ်လို့လဲ"
"အစ်ကိုကြီးက မနက်အစောကြီးထွက်သွားတာ"
လင်းယောင် - ဒီခွေးစုတ်လေးက အရိုက်ခံရဖို့ ထိုက်တန်တယ်မလား?
ကုရှီတုန်းက "ဟဟ" ဟု နှစ်ကြိမ်ပြောပြီး မီးခိုးရောင် ယုန်တစ်ကောင်လို ခုန်ပြေးသွားတော့သည်။
ဟီးဟီး သူ့အစ်ကိုကြီး ဒီတခေါက်တော့ တော်တော်အောင်မြင်နေပုံရပြီး သူ့မရီးကိုရတော့မယ့်ပုံပဲ။
ကုရှီတုန်းသည် ကျန်းဆွေ့လန်သူ့ကို ဆွဲခေါ်မသွားခင် မိနစ်အနည်းငယ် ပြေးလွှားနေခဲ့သည်။
ဘာမှလုပ်စရာမရှိသည့်အခါ ထိုကောင်စုတ်လေးမှာ မနေနိုင် မထိုင်နိုင်တော့ပေ။ အဒေါ်တာ့ဖုအိမ်သို့ အပြေးသွားကာ ဥယျာဉ်ထဲတွင် ထားထားသည့် ယုန်တစ်ကောင်၏ နားရွက်ရှည်ရှည်ကို ကိုင်လိုက်သည်။
အဒေါ်တာ့ဖု မွေးမြူထားသော ယုန်မကြီးသည် သူ့သားလေးများကို အရမ်းကာကွယ်သည်။ ကုရှီတုန်း သူ့လက်ကိုဆန့်လိုက်သည်နှင့် တပြိုင်နက် ယုန်မကြီးသည် ထိုကောင်စုတ်လေး၏ လက်ကိုကိုက်လိုက်ကာ နာကျင်ပြီးအော်ဟစ်နေတော့သည်။
အဒေါ်တာ့ဖုထွက်လာတော့ ဟယ် အဲ့ဒါကုမိသားစုက ကလေးလေးမလားဆိုပြီး ဖြစ်သွားသည်။ ဒီကလေး ဘာလို့ မကြားဖူးတာလဲ? ယုန်မကြီးအကိုက်ခံရရင် အရမ်းနာတာ။
အဒေါ်တာ့ဖုက ကျန်းဆွေ့လန်ကို ခေါ်လိုက်သည်။ "ဆွေ့လန် ဒီကိုလာကြည့်ပါဦး မင်းရဲ့သားကို ယုန်ကိုက်သွားတယ်!"
ကျန်းဆွေ့လန် အလျင်အမြန် ပြေးလာသည်။ ယုန်မကြီးက သူ့လက်အရေပြားနည်းနည်းကိုသာ ကိုက်လိုက်တာကြောင့် ထိုကောင်လေး ကံကောင်းသွားသည်။ အနာကို ပိုးသတ်ဖို့သာလိုပြီး ကျန်းမာရေးဌာနသို့ သွားရန်မလိုပေ။
ကောင်စုတ်လေး၏ အရေပြားမှာ တစ်ရက်လောက် ပြဿနာမရှာရရင် ယားယံလာတာကြောင့် ကျန်းဆွေ့လန် ကုရှီတုန်းကို အပြစ်ပေးရန် ခြံထဲမှာရပ်ခိုင်းထားသည်။
ဘေးအိမ်က အဒေါ်တာ့ဖုက သူမကိုဖျောင်းဖျရန်လာပြီး ကုအိမ်နားမှာ ရပ်လိုက်သည်။
အလည်လာတာဟုဆိုသော်လည်း တကယ်တော့ ရတနာရှာဖွေရန်လာခြင်းသာ။
ပြီးခဲ့သောလတွင် အဒေါ်တာ့ဖု၏ သမီး ကျားရှင်းသည် ကိုယ်အလေးချိန် ခြောက်ပေါင်ရှိသောကောင်လေးကို မွေးဖွားခဲ့သည်။ မိသားစုက အရမ်းပျော်နေသော်လည်း တစ်ချိန်တည်းမှာပဲ စိတ်အနှောက်အယှက် ဖြစ်စရာရှိလာခဲ့သည်။
မိသားစုထဲမှာ ကလေးမွေးတာကောင်းသည်။ သို့ပေမယ့်ဆိုးတာက အဒေါ်တာ့ဖု၏ သမီးကျားရှင်းက သားလေးမွေးပြီးမီးတွင်းကာလ၌ နို့မထွက်ပေ။
မီးတွင်းကာလမှာ ကလေးက နို့မစို့ရပေ။ ကလေးကိုနွားနို့၊ဆန်ပြုတ် ဒါမှမဟုတ် နို့မှုန့်တိုက်ရလေသည်။
အဒေါ်တာ့ဖု၏မြေးသည် ဆန်ပြုတ်ကိုမသောက်နိုင်ပေ။ ကလေးကို နို့မှုန့်တိုက်ချင်သည်။ နို့မှုန့်ကို လက်မှတ်ဖြင့်ဝယ်ရသည်။ အဆက်အသွယ်မရှိဘဲ ၎င်းကိုရရန်မှာတကယ်ပင်မဖြစ်နိုင်ပေ။
အဒေါ်တာ့ဖုက နို့မှုန့်လက်မှတ်တွေ လဲလှယ်ပေးဖို့ ဆွေမျိုးတွေနှင့် သူငယ်ချင်းတွေကို တစ်လခွဲလောက် တောင်းဆိုခဲ့လေသည်။ သူ့မြေးလေးက အများကြီးစားပြီး အစာစားချင်စိတ်လည်း များသည်။ နောက်ဆုံး သူမရလာသည့်နို့မှုန့်ဗူးမှာ တစ်လခွဲအတွင်း ကုန်သွားလေသည်။
အဒေါ်တာ့ဖုသည် မျက်နှာကိုချပြီး ကုအိမ်ကိုအလည်လာရန်မှတပါး ရွေးချယ်စရာမရှိပေ။ ချွင်မေသည် ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမတွင် လုပ်ကိုင်သည်။ သူမသည် အချိတ်အဆက်များ ရှိသောကြောင့် နို့မှုန့်ကိုဝယ်ရလွယ်လေသည်။
ကျန်းဆွေ့လန်သည်လည်း မိခင်တစ်ဦးဖြစ်သည်။ ဒီအကြောင်းကိုကြားတော့ သူမချက်ချင်းပဲ သဘောတူလိုက်သည်။
အဒေါ်တာ့ဖုမှာ အရမ်းကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းပင် မသိတော့ပေ။ သူမ ကျန်းဆွေ့လန်၏ လက်ကိုကိုင်ထားပြီး မျက်ရည်များကိုသုတ်ကာ လင်းယောင်ကိုလည်း ချစ်မြတ်နိုးစွာဖြင့်ကြည့်နေလေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အဒေါ်တာ့ဖုသည် ကုအိမ်သို့ထပ်မံရောက်ရှိလာပြီး လင်းယောင်အား စာအိတ်နီလေးပေးလေသည်။
"ယောင်ယောင် အဒေါ်လည်း စိတ်ရှုပ်နေရတာတွေ့လား။အဒေါ်တို့အိမ်ဝန်းထဲကို သမီးလက်ထပ်လာတာ နှစ်လနီးပါးရှိပြီ။ အဒေါ်က မင်းကို စာအိတ်နီမပေးရသေးဘူး။ဒီနေ့ပေးရမယ်။ ယူသွား"
လင်းယောင်သည် စာအိတ်နီကိုကိုင်လိုက်ပြီး ကျန်းဆွေ့လန်ကိုကြည့်လိုက်သည်။
ကျန်းဆွေ့လန်က ပြုံးပြီးခေါင်းညိမ့်သည်။ အဒေါ်တာ့ဖုသည် ကြင်နာတတ်သူဖြစ်သည်။ ကုမိသားစု၏ မျက်နှာသာပေးမှုကို သူမဘစိတ်မကောင်းဖြစ်မိသောကြောင့် သူမ ကျေးဇူးတင်ကြောင်းဖော်ပြရန် နည်းလမ်းရှာခဲ့သည်။
လင်းယောင်က စာအိတ်နီကို နာခံစွာလက်ခံလိုက်သည်။ "ကျေးဇူးတင်ပါတယ် အဒေါ်"
"ကျေးဇူးတင်စရာမလိုပါဘူးကွယ်။ ယောင်ယောင်က လှလိုက်တာ။ အနာဂတ်မှာ ကလေးလေးမွေးရင်လည်းကလေးလေးက အရမ်းလှမယ်လို့ အဒေါ်အာမခံတယ်"
အဒေါ်တာ့ဖုက လင်းယောင်၏ လက်ကိုကိုင်ထားပြီးမေးလာသည်။ "ယောင်ယောင် မင်းအိမ်ထောင်ကျတာ ကြာပြီ။ ဘယ်တော့ ကလေးယူဖို့စီစဉ်ထားလဲ"
လင်းယောင် - "......"
ကျန်းဆွေ့လန်သည် စိတ်အားထက်သန်နေသော အဒေါ်တာ့ဖုကို အဝေးပို့လိုက်ပြီး အသစ်ချုပ်ထားသော အဝတ်အစားများကို ၀တ်ဆင်ကာ ခြင်းတောင်းကိုသယ်၍ ကျန်းကျားကျွမ်သို့ ကုမန်ဆန်နှင့်အတူသွားတော့သည်။
ဦးလေးမန်ဆန်သည် သူ့မိန်းမအပေါ် တွယ်တာလွန်းသောကြောင့် အဒေါ်ဆွေ့လန်သည် သူ့ကိုခေါ်သွားရန်မှတပါး ရွေးချယ်စရာမရှိပေ။
ဇနီးမောင်နှံနှစ်ယောက် ကျန်းကျားကျွမ်သို့သွားကြသည်။ ကုချွင်မေနှင့် သူ့မောင်လေးမှာ လမ်းပေါ်သို့ ရုပ်ရှင်သွားကြည့်ကြပြီး လင်းယောင်ကို သူတို့နှင့်အတူလိုက်ခိုင်းလေသည်။
လင်းယောင်သည် အပြင်ဘက်တွင် ပူပြင်းနေသော နေကိုကြည့်ပြီး ပြတ်ပြတ်သားသား ငြင်းဆန်ကာ ခေါင်းခါလိုက်သည်။
နေအရမ်းပူလို့ အိမ်တွင်တစ်ရေးတစ်မော အိပ်ချင်လာသည်။
နေ့ခင်းဘက်တွင်ခြံဝန်းသည် အေးဆေးတိတ်ဆိတ်နေသည်။ လင်းယောင်သည် ပန်းနုရောင် ညဝတ်ဂါဝန်ကို၀တ်ဆင်ထားပြီး စောင်ကိုဖက်ကာ ကြောင်တစ်ကောင်လိုကွေးပြီး ကုတင်ပေါ်တွင် အိပ်နေလေသည်။
ညနေငါးနာရီထိုးတဲ့အထိ သူမအိပ်လေသည်။ အိပ်ချင်နေသောမျက်လုံးများဖြင့် သူမ နိုးလာသည်နှင့်တပြိုင်နက် ကုရှီအန်း အလုပ်မှပြန်ရောက်လာခဲ့သည်။
ကုရှီအန်းက စက်ဘီးကိုတွန်းပြီး သော့ခတ်ဖို့ခေါင်းငုံ့လိုက်သည်။ လေပြင်းတိုက်ခတ်လာပြီး ရှပ်အင်္ကျီအဖြူက သူ့ဗိုက်မှာကပ်နေကာ ပိန်သွယ်ပြီးသန်မာသောခါးကို ပုံဖော်ပေးနေလေသည်။
လင်းယောင်သည် တံတွေးမျိုချရုံမှတစ်ပါး မတတ်နိုင်ပေ။
အခြားသာမဟုတ်လျှင် လက်ထောက်ဒါရိုက်တာကုတွင် အမှန်တကယ် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိလေသည်။