← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

ဆွဲဆောင်မှုသည် ဆွဲဆောင်မှုပင်ဖြစ်သည်။

မနေ့ညကသင်ယူခဲ့သည့်သင်ခန်းစာတွေက သူမစိတ်ထဲမှာ လတ်ဆတ်နေတုန်းပင် - လင်းယောင် ဘယ်သူ့ကိုမှ မငိုစေချင်တော့ပေ။

 ကုရှီအန်းသည် စက်ဘီးကိုသော့ခတ်ပြီး လက်ကိုင်တန်းမှ ဝါးခြင်းတောင်းကို မ,ယူလိုက်သည်။ ပြားချပ်ချပ်ဝါးခြင်းတောင်းထဲတွင် အခွံစိမ်းနေသော ဖရဲသီးနှစ်လုံးနှင့် အရည်ရွှမ်းသော စပျစ်သီးများပါရှိသည်။

 လင်းယောင်နိုးလာပြီး မလှုပ်ချင်ပဲ ကုတင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေလေသည်။

 ကုရှီအန်းသည် ဝါးခြင်းတောင်းကိုချလိုက်ပြီး သူ့အင်္ကျီလက်ကိုခေါက်တင်လိုက်ကာ မျက်နှာသစ်ရန် ခြံထဲမှရေကိုယူလိုက်သည်။ အပြင်မှာအရမ်းပူပြီး ပြည်သူ့လုံခြုံရေးဌာနမှ အပြန် တောက်လျှောက် ချွေးတွေထွက်နေခဲ့လေသည်။

 ကုရှီအန်းသည် သူ့မျက်နှာကို ဆေးကြောသန့်စင်ကာ လက်ကိုသေချာဆပ်ပြာနှင့်ဆေးပြီး နဖူးမှရေစက်များကိုသုတ်ရန် တံတောင်ဆစ်ကိုမြှောက်လိုက်သည်။  သူ၏ ကြည့်ကောင်းသော မျက်ခုံးမှာ ပိုထင်ရှားလာသည်။

 လင်းယောင်သည် ခိုးကြောင်ခိုးဝှက်ကြည့်လိုက်ကာ ကုရှီအန်းအခန်းထဲဝင်လာသည်ကို တွေ့လိုက်ရသည်။  သူမ အလျင်အမြန် လှမ်းကြည့်လိုက်သည်။ သူမ သမ်းချင်ယောင်ဆောင်ကာ "ပြည်သူ့လုံခြုံရေးဌာနက ဒီနေ့ အလုပ်ရှုပ်မနေဘူးလား။ ဘာလို့ ငါးနာရီကြီးမှာပြန်ရောက်လာတာလဲ?"

အထူးသဖြင့် အာဏာပိုင်များက အကြီးစားသံမဏိအရည်ကျိုမှုပြုလုပ်ရန် တောင်းဆိုသည့် အထွတ်အထိပ်ရာသီမှာ ဇူလိုင်လနှင့် သြဂုတ်လဖြစ်ပေသည်။ အဓိကစက်ရုံများအားလုံးသည် ကုန်ထုတ်လုပ်ရန် အချိန်ပိုဆင်းနေကြသည်။ စက်ရုံများ၌ အလုပ်ရှုပ်နေပြီး ပြည်သူ့လုံခြုံရေးဌာနမှာလည်း အလုပ်များနေသည်။

 ကုရှီအန်းသည် တစ်နေ့လျှင် ၂၄ နာရီအလုပ်လုပ်လေသည်။ ရံဖန်ရံခါမနက်စာ စားချိန်ကလွဲလို့ ကျန်သည့်အချိန်တွေ၌ သူသည်နဂါးတစ်ကောင်လိုပင်။

 လင်းယောင်က ရဲဘော်ကုကို "အလုပ်ကိုချစ်မြတ်နိုး" ဆိုသည့် အနီရောင်လက်မှတ်ကိုပင် ပေးချင်ခဲ့သည်။

 ကုရှီအန်း မျက်ခုံးလှုပ်သွားသည်။ သူ့မိန်းမကို အရမ်းလွမ်းလို့ အလုပ်မဆင်းရသေးပဲ သူမအားတွေ့ရဖို့အတွက် အိမ်ပြန်ပြေးလာသည်အား သူဘယ်တော့မှဝန်ခံမည်မဟုတ်ပေ။

ကုရှီအန်း၏ တင်းမာသောမျက်နှာသည် ငြိမ်သက်နေပုံရသော်လည်း အမှန်တကယ်တွင်‌တော့ သူတုန်လှုပ်နေလေသည်။

 ကံကောင်းထောက်မစွာဖြင့် လင်းယောင်သည် နောက်ထပ် မေးခွန်းများမမေးတော့ဘဲ ဝါးခြင်းတောင်းထဲမှဖရဲသီးကြီး၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ "ဖရဲသီးကလတ်နေတာပဲ။ စပျစ်သီးတွေလည်းပါတာပဲ။ စပျစ်သီး မစားရတာကြာပြီ"

 လင်းယောင်၏ မျက်ခုံးများသည် ဝမ်းသာအားရဖြင့် ကော့တက်သွားသည်။ ယွင်ရွှေကောင်တီတွင် သစ်သီးဝလံပြတ်လပ်မှု ဘယ်တော့မှမရှိပေ။ ကံမကောင်းစွာပင် ဒီနှစ်မိုးအရမ်းရွာပြီး အလင်းရောင် လုံလုံလောက်လောက်မရပေ။

မြို့ထဲတွင်ဟင်းသီးဟင်းရွက် ရောင်းသည့် အဖိုးအို၏ အဆိုအရ သူ့ခြံမှဖရဲသီးအထွက်နှုန်း လျော့ကျသွားသည်ဟုဆိုသည်။ ယခုအခါ အပြင်ဖက်တွင်ရောင်းနေသောဖရဲသီးများသည် တစ်ပေါင်လျှင် ငါးဆင့်ရှိပြီး စပျစ်သီးသည် ပို၍ဈေးကြီးကာ တစ်ပေါင်လျှင် ဆယ်ဆင့်အထိတက်လာကာ ပစ္စည်းတင်သွင်းမှုမှာတော့ ပြတ်လပ်နေဆဲပင်။

 ကျေးလက်တွင် အသီးအနှံတွေများမှာ လတ်ဆတ်ပြီး ဈေးသက်သာကာ လက်မှတ်မလိုပေ။ လစာ ဒေါ်လာ ဆယ်ဂဏန်းရှိသော မြို့က အလုပ်သမားများသည် သူတို့သားသမီးများစားရန်အတွက် အသီးတစ်ချို့ကို ဝယ်ဖို့ ပိုက်ဆံသုံးကြသည်။

ကုရှီအန်း အိမ်ကိုယူလာသော ဖရဲနွယ်ပင်များသည် မြင်သည်နှင့်ပင် လတ်ဆတ်နေကာ နှင်းရည်များဖုံးလွှမ်း၍ စပျစ်သီးများသည်လည်း စားချင်စဖွယ်ပင်။

 လင်းယောင်သည် စပျစ်သီးစားရန်အတွက် ဆူညံနေလေသည်။

 ကုရှီအန်း၏ မျက်ခုံးများ ပြေလျော့သွားကာပြုံး၍ ရေသယ်ကာ စပျစ်သီးများကို တစ်လုံးပြီးတစ်လုံးဆေးပြီးနောက် လင်းယောင်အားပေးလိုက်သည်။

 လင်းယောင်သည် မျက်နှာကိုရှုံ့လိုက်ပြီး စပျစ်သီးများ အေးမနေသည်ကို မကြိုက်ပေ။

လက်ထောက်ဒါရိုက်တာကုသည် စိတ်ရှည်ပြီး စပျစ်သီးနှင့် ဖရဲသီးများအေးနေစေရန် ရေတွင်းထဲတွင် အတူဆွဲထားကာ ညနေပိုင်းတွင်အေးခဲသွားသောအခါ စားလေသည်။

ကုရှီအန်း အိမ်မှာရှိနေသောအခါ လင်းယောင်ပျင်းနေလေသည်။

 တကယ်တော့ သူမ အိမ်တွင်အိပ်လျှင်အိပ် ဒါမှမဟုတ် အစ်မချွင်မေနှင့် သုန်ဇီတို့၏ ရန်ပွဲကို ကြည့်လေ့ရှိသည်။အိမ်အလုပ်တွေကို တစ်နေ့နာရီဝက်လောက် ကူညီပေးနိုင်လျှင်ကောင်းပေမည်။

 ဒါကိုပင် အဒေါ်ဆွေ့လန်မှာ ယောင်ယောင် အလုပ်တွေပင်ပင်ပန်းပန်းလုပ်သည်ဟု ခံစားမိနေတုန်းပင်။

 ယွင်ရွှေကောင်တီသည် သြဂုတ်လတွင် ပူနေသေးသည်။ ညနေခင်းလေနုအေးက ကောင်းကင်မှာ ပူလောင်နေသည့်တိမ်တိုက်တွေကို တိုက်ခတ်သွားသည်။ ရုပ်ရှင်သွားကြည့်သည့် ကုချွင်မေတို့ မောင်နှမမှာ ရယ်မောရင်းစကားတွေပြောကာ ပြန်လာခဲ့သည်။

 ကုရှီတုန်းက ရှေ့ကိုပြေးသွားသည်။

ကောင်လေးက တံခါးမှဝင်လိုက်တာနှင့် အသားကုန်အော်လိုက်သည်။ "အမေ အမေ ကျွန်တော်ပြန်လာပြီ!"

ခြံထဲ၌ မည်သူကမျှ ပြန်မဖြေပေ။ ကုရှီတုန်း ခေါင်းကိုစောင်းလိုက်သည်။ မနက်က သူ့အမေဘာပြောခဲ့တာပါလိမ့်?စကားမစပ် သူ့အမေဒီနေ့ အဖွားကိုတွေ့ဖို့ ကျေးလက်တောရွာကို သွားမည်ဟုပြောခဲ့သည်ပင်။ သူဘာလို့မေ့နေတာလဲ။

ကောင်စုတ်လေးက သူ့အဖေကို ထပ်ပြီးအော်‌ခေါ်သော်လည်း ဘယ်သူမှပြန်မထူးလာပေ။

အဖေ အိမ်မှာမရှိဘူးလား? ကျိန်းသေပေါက် အမေနဲ့အတူ ကျေးလက်တောရွာဖက်ကို သွားတာပဲဖြစ်မယ်။

 ကုရှီတုန်း ဒေါသထွက်လွန်း၍ သူ့မရီးကို‌ခေါ်ဖို့စဥ်းစားလိုက်သည်။

လင်းယောင် ရုတ်​တရက်​ အခန်းထဲကထွက်​လာပြီး "မ​အော်နဲ့တော့ ကောင်​​စုတ်လေး!"

ကုရှီတုန်းက တခစ်ခစ်ရယ်ပြီးပြေးလာသည်။ "မရီး ကျွန်တော့်အတွက် ထိုးထားတဲ့ သိုးမွှေးလက်အိတ် ဘယ်မှာလဲ? ကြည့်ကြည့်လို့ရမလား"

 လင်းယောင် - ဒီကောင်စုတ်လေးကတော့ လက်အိတ်တွေကို အမြဲတမ်း တမ်းတနေတာပဲ။

 သူမ ညည်းညူလိုက်သော်လည်း ကုရှီတုန်းအား တစ်ဝက်တစ်ပျက် ထိုးထားသည့်လက်အိတ်ကို ပြသခဲ့သေးသည်ပင်။

ကောင်လေးက လက်ထဲက သိုးမွှေးလက်အိတ်ကို စူးစမ်းချင်စိတ်နှင့်ကြည့်ရင်း နားရွက်ချိတ်မတတ် ပြုံးနေလိုက်သည်။ သူ့မရီးက လက်အိတ်ကို ကာကီသိုးမွှေးနှင့်အနီရောင်ငါးထောင့်ကြယ်တစ်လုံး ထိုးပေးသည်။ 

သိုးမွှေးများကို သပ်သပ်ရပ်ရပ်နှင့် လှပစွာရက်လုပ်ထားပြီး လက်အိတ်၏ ထိပ်တွင် အမွှေးဖွားဖွား အလွှာလေးတစ်ခုရှိသည်။ ဆောင်းရာသီတွင် ဝတ်သောအခါ နွေးထွေးစေမှာ သေချာသည်ပင်။

 ခြံရှေ့မှ ကျန်းတာ့ကို လက်ထပ်ခဲ့သူ ကျန်းဟောင်မှာ ငါးထောင့်ကြယ်ပါသော ကတ္တီပါဦးထုပ်ရှိသည်။ဆောင်းရာသီ ရောက်သောအခါ ကျန်းကြွက်သည် ထိုဟာကို ကြွားဝါရန်၀တ်ဆင်သည်။ အထူးသဖြင့် သူကုရှီတုန်းရှေ့မှာ ကြွားဝါပြရတာကိုသဘောကျပြီး သူ့ကို လှည့်စားဖို့အသုံးပြုခဲ့သည်။

 ကုရှီတုန်းသည် ကောင်လေးကိုဆွဲပြီး အကြိမ်ပေါင်းများစွာထိုးလေသည်။

ကောင်စုတ်လေးက သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး လက်အိတ်ဖြင့် သူ့မျက်နှာပေါ်ကို ပွတ်လိုက်သည်။ လင်းယောင် သူ့ကိုရိုက်လိုက်သည်။ "ဘာလုပ်တာလဲ?မျက်နှာကိုအပ်နဲ့ထိုးမိမယ်"

 ကုချွင်မေက ကြွေခွက်ကိုကိုင်လိုက်ပြီး ဂျုံလက်ဖက်ရည်ကို သောက်လိုက်သည်။ သူမလာပြီး ပြုံးလိုက်ကာ "ကျန်းကြွက်က အခုကစပြီး မင်းကို ကြွားစရာ ဘာမှရှိတော့မှာမဟုတ်ဘူး"

 ကုရှီတုန်း ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

 လင်းယောင်နားမလည်တာက "ကျန်းကြွက်က ဘယ်သူလဲ?"

 "ဘယ်သူဖြစ်နိုင်ဦးမှာလဲ? အိမ်ထောင်ကျပြီးတဲ့ အိမ်ရှေ့ခြံဝန်းက ကျန်းတာ့ရဲ့အငယ်ဆုံးသား။ အဲဒီကောင်လေးရဲ့ နာမည်က ကျန်းဟောင်။ ဟုတ်တယ် နာမည်ကတော့ ဖြောင့်မတ်မှန်ကန်တဲ့ ဟောင်ဆိုတဲ့နာမည်။ နာမည်က အတော်ကောင်းတယ်။ ဒါပေမယ့် သူက လူမဆန်ဘူး။ အသက်က ဆယ်နှစ်ကျော်။ အဲ့ကောင်လေးက ကျောင်းကောင်းကောင်းမတက်ဘဲ လမ်းဘေးကကောင်တွေကိုအတုယူပြီး ရေချိုးနေတဲ့ မုဆိုးမကို ချောင်းကြည့်တယ်။ သူ့လက်တွေ ခြေတွေကလည်းမသန့်ရှင်းဘူး။  အသားခြောက်၊ ဝက်‌ပေါင်ခြောက်၊ မှိုခြောက်တွေကို ဒီကလေးက ရေမြောင်းထဲက ကြွက်တွေလိုပဲ တော်တော်များများ ခိုးစားတာ။ ခြံထဲက လူတွေက သူ့ကို ကျန်းကြွက်လို့ပဲခေါ်ကြတော့တယ်"

 "ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ငါ့ရဲ့ ချည်သားခြေအိတ်ကို ကျန်းကြွက်က ခိုးသွားတာ"

 ကုရှီတုန်းက ဒေါသတကြီးခေါင်းခါလိုက်သည်။

ဒါကိုကြားတော့ လင်းယောင်မျက်မှောင်ကြုတ်သွားသည်။ သူမ ခြံထဲ၌ပဲတွေကို အခြောက်လှန်းချင်သော်လည်း အဒေါ်ဆွေ့လန်က ခွင့်မပြုပေ။ ခြံဝန်းထဲ၌ သူခိုးတစ်ယောက် ရှိသောကြောင့်ပေကိုး။

 မဟုတ်ဘူး။ ကျန်းမိသားစုက ၂ ယောက် ဝင်ငွေရှိတဲ့ မိသားစုဖြစ်ပြီး သူခိုးတစ်‌ယောက်ကို ဘယ်လိုမွေးထုတ်လိုက်တာလဲ။

 လင်းယောင်က ပြောသည်။ "ကျန်းတာ့ချန်နဲ့ သူ့မိန်းမက ဂရုမစိုက်ဘူးလား?"

 ကုချွင်မေက ရယ်ရင်း "ကျန်းမိသားစုက အပြင်ပိုင်းမှာချောမွတ်နေတဲ့ မြည်းချေးလိုပဲ။ ကျန်းတာ့ချန်က အိမ်ထိန်းမဟုတ်သလို သူ့မိန်းမရဲ့ခြေလက်တွေက မသန့်ရှင်းဘူး။ ညသန်းခေါင်မှာ အိပ်ရာကထ၊ ကန်စွန်းဥတွေကိုခိုးပြီး အခြောက်လှန်းပြီးစားတယ်။ သူက သူ့ယောက္ခမနဲ့အတူတူပဲ!"

 လင်းယောင် - အိုခေ

 ဒီစကားကြားတော့ သူမ တော်တော်စိတ်ပျက်သွားသည်။ အိမ်နီးနားချင်းဆိုးတစ်ယောက်ရှိတာက သူမဘဝကို ခက်ခဲစေသည်။

 လင်းယောင်က ခေါင်းမော့ပြီး ပြုံးလိုက်သည်။ "စိတ်မချမ်းသာစရာအကြောင်းတွေ မပြောတော့ဘူး။ အစ်မချွင်မေ ညီမ ခေါင်းစည်းပုဝါထိုးထားတယ်။ ကြိုက်လား လာကြည့်ကြည့်ပါဦး"

 "‌ ခေါင်းစည်းပုဝါ‌လေး ထိုးပေးတာလား။ ကြည့်ဦးမယ်နော်"

 ကုချွင်မေသည် ကြွေခွက်ကိုအမြန်ချလိုက်ပြီး အရှေ့ဆောင်သို့ လင်းယောင်နောက်မှပြုံးကာ လိုက်သွားခဲ့သည်။

 ကုရှီတုန်းလည်း နောက်ကနေ လိုက်သွားသည်။

 ကုချွင်မေက သူ့ကို မညှာမတာပိတ်ပင်လိုက်သည်။ "ထွက်သွား ခွေးစုတ်လေး။ ကောင်မလေးတွေ ဝတ်တဲ့ဟာကို မင်းဘယ်လိုဝတ်လို့ရမလဲ။ နေ့လယ်စာစားချိန်ရောက်ပြီ။ ထမင်းဘူး စားဖို့သွားယူလေ!"

ကုရှီတုန်းက "အွန်း" ဟုပြောပြီး ဒေါသတကြီးနှင့်ထွက်သွားတော့သည်။

 *

ယနေ့တွင် ဒေသန္တရ ကန်တင်းသည် အခြေအနေကောင်းကာ လတ်ဆတ်သောဖက်ထုပ်များနှင့် ခရမ်းချဉ်သီးနှင့်ကြက်ဥစွပ်ပြုတ်တို့ကို ကျွေးလေသည်။

 ကျန်းဆွေ့လန်နှင့် သူမခင်ပွန်းတို့သည် ညစာစားချိန်အထိ ပြန်မလာပေ။ ကျေးလက်မှာ ညစာစားပြီးမှ အိမ်ပြန်ဖြစ်မည်ထင်သည်။

 ဘယ်လိုပဲဖြစ်ဖြစ် မိသားစုဝင်များက သူတို့လင်မယားနှစ်ယောက်အတွက် ဖက်ထုပ်တစ်ဗူး ထားခဲ့သည်။

 ကုရှီအန်းသည် ညစာစားပြီးနောက် အချိန်ပိုလုပ်ရန် ဌာနသို့သွားရသည်။

 မိသားစုက လက်ဆေးပြီး စားပွဲမှာထိုင်လိုက်သည်။

 လင်းယောင်သည် ဆွယ်တာအင်္ကျီနှင့် စကတ်အဖြူလေးကို လဲဝတ်ထားပြီး သူမ၏ဘာမှမလိမ်းထားသောမျက်နှာသည် အလွန်ချစ်စရာကောင်းနေသည်။

 ဒီရက်တွေတွင် သာမန်လူများက ဖက်ထုပ်စားချင်လျှင်တရုတ်နှစ်သစ်ကူးအထိ စောင့်ရပေမည်။

ယနေ့သည် တရုတ်နှစ်သစ်ကူး သို့မဟုတ် ပွဲတော်နေ့မဟုတ်သည်တောင် ကန်တင်းသည် ဖက်ထုပ်များကိုပြုလုပ်ခဲ့သည်။ ၎င်းတို့သည် အသီးအရွက်များဖြင့်ပြည့်နေသော ဖက်ထုပ်များသာဖြစ်သော်လည်း အတွင်း၌ ကြက်သွန်မြိတ်၊ကြက်ဥများနှင့် ပုစွန်ခြောက်များပါရှိလေသည်။

လတ်ဆတ်သော ဖက်ထုပ်များသည် တစ်ကိုက်တည်းစားလိုက်သည်နှင့်ပင် လတ်ဆတ်နေကာ လူကြီးများသည် တရုတ်နှစ်သစ်ကူးကာလတွင် စားရသကဲ့သို့ ကျေနပ်နေကြသည်။

ဒေသန္တရအဖွဲ့ဝင်အချို့က သူတို့ပန်းကန်တွေကို ပျော်ရွှင်စွာကိုင်ထားကြပြီး " ကန်တင်းက အရမ်းကောင်းတာပဲ။ငါတို့တရုတ်နှစ်သစ်ကူးမှာစားဖို့ ဖက်ထုပ်တွေရှိပြီ"

 "ဘာလို့အပြင်မှာ စားစရာ မလုံလောက်တာလို့ ထင်လဲ"

 "အဲဒီလူတွေရဲ့ အဓိပ္ပာယ်မရှိတဲ့စကားကိုနားမထောင်နဲ့။ ငါတို့နိုင်ငံက စိုက်ပျိုးရေး နိုင်ငံအကြီးစားပဲကို။ ငါတို့ ဘာလို့စားစရာမရှိရမှာလဲ?"

 "ဟုတ်တယ်။ ကျေးလက်မှာ စပါးအထွက်နှုန်းက အခုဆိုရင် ၁၀၀၀ ကီလိုဂရမ်ကျော်သွားပြီ။ ဒေသန္တရရဲ့ စပါးကျီဆိုပြည့်နေတာ"

 လူကြီးတွေက နေရာအနှံ့ပြောနေကြပြီး အတောမသတ်နိုင်အောင် ပြောနေကြသည်။

 *

ကုရှီအန်းအိမ်မှာ ညစာစားတာရှားသည်။

 လင်းယောင်သည် သတိထားပြီး တူကိုယူကာ စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် တင်လိုက်သည်။ ကုရှီတုန်းက သူ့ခြေထောက်တွေကို မြှောက်လိုက်ပြီး စားပွဲကိုသုတ်ကာ ခွေးခြေထိုင်ခုံတွေကို ရွှေ့လိုက်သည်။ သူသည် အလွန်ပင် လုံ့လဝီရိယရှိနေခဲ့သည်။

 လင်းယောင်သည် အစာစားချင်စိတ် အနည်းငယ်သာရှိသောကြောင့် သူမသည် ဖက်ထုပ်အပြည့်ရှိသော ထမင်းဘူးမှ တစ်ဝက်ကိုသာစားပြီး ဗိုက်ကိုကိုင်ကာ သူမ၏ နူးညံ့သောမျက်ခုံးများက မျက်မှောင်ကြုတ်ကာ မစားနိုင်တော့ကြောင်း ဖော်ပြနေသည်။

ကုချွင်မေက မစားနိုင်တော့ဘဲ ကုရှီတုန်းကို ပေးပစ်ချင်နေခဲ့သည်။

ကုရှီတုန်း - "မစားချင်ဘူး။ ကျွန်တော့မှာလည်း စားဖို့ဖက်ထုပ် မရှိတာကျနေတာပဲ"

 သူ့အစ်မ၏ စားကြွင်းစားကျန်ကို သူမစားချင်ပေ။

ကုချွင်မေ ဒေါသတကြီးလှည့်သွားကာ ကောင်စုတ်လေးကို လျစ်လျူရှုလိုက်သည်။

လင်းယောင် မျက်‌တောင်ခတ်လိုက်သည်။ တော်ပြီ။ကျန်တဲ့ဖက်ထုပ်တွေကို မနက်ဖြန် မနက်စာအတွက် ထားထားလိုက်မယ်။

 "ယောင်ယောင် ဘာလို့မစားတာလဲ"

 "ဗိုက်အင့်လို့ မစားနိုင်တော့ဘူး"

ဒါကိုကြားပြီးနောက် ကုရှီအန်းသည် ကျန်နေသော ဖက်ထုပ်များကို လင်းယောင်ဆီမှ သဘာဝကျကျပင် ယူပြီး တစ်ခုပြီးတစ်ခု စားသောက်ခဲ့သည်။

ကုရှီတုန်းက တခစ်ခစ်ရယ်ပြီး သူ့အစ်ကိုက သူ့မရီးရဲ့ စားကြွင်းစားကျန်တွေကိုစားတယ်လို့ ပြောတော့မလို့ပင်။ ငယ်ရွယ်သော ဇနီးမောင်နှံနှစ်ဦးသည် ဤမျှ ကောင်းမွန်သော ဆက်ဆံရေးရှိသည်။

ကုရှီအန်းသည် အရောင်ဖျော့ဖျော့ မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။

 ကောင်လေးက ကြောက်လန့်တကြား ခေါင်းလေးပုပြီး လျှောက်မပြောရဲတော့ပေ။

ကုချွင်မေက လင်းယောင်ကိုကြည့်ပြီး ကုရှီအန်းကိုကြည့်လိုက်ကာ အနည်းငယ်ပြုံးလိုက်သည်။ "မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်နေတယ်"

လင်းယောင်၏မျက်နှာ ပူထူလာပြီး "အစားအစာတွေက တန်ဖိုးကြီးတာမလို့ မဖြုန်းတီးသင့်ဘူး‌လေ။ ညီမ မစားနိုင်တော့ အစ်မရဲ့အစ်ကိုကြီးက များများစား‌နေကျဆိုတော့ သူစားလိုက်တာပါ"

 ဒါကို သူမ မပြောခဲ့တာ ကောင်း‌ပေမည်။သူမပြောပြီးသည်နှင့် ကုချွင်မေက ပို၍အဓိပ္ပာယ်ရှိရှိပြုံးလာသည်။  သူမက လင်းယောင်ကိုကြည့်ပြီး ပြောလိုက်သည်။ "ရပါတယ်။ ယောင်ယောင် ငါနားလည်ပါတယ်။ မင်း ငါ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်နေတာမလား ဟားဟား"

 လင်းယောင် - "..."

 *

ယနေ့ည၌ ယွင်ရွှေကောင်တီသည် အိုးဖင်ကဲ့သို့ မှောင်မိုက်နေသည်။ လက်ကို ဆန့်လိုက်တဲ့အခါ ကိုယ့်လက်ချောင်းတွေကို မမြင်နိုင်သလို အပြင်ထွက်တဲ့အခါမှာလည်း မီးအိမ်မပါပဲဆို ခြေထောက်အောက်က လမ်းကိုတောင်မမြင်ရပေ။

ကျန်းဆွေ့လန်နှင့်သူမခင်ပွန်းတို့ အိမ်ပြန်ရောက်တော့ ကိုးနာရီထိုးခါနီးနေပြီ ဖြစ်သည်။

 အဒေါ် ဆွေ့လန်သည် ခါတိုင်းလိုပင် ရွှင်မြူးနေဆဲဖြစ်သော်လည်း သူမနောက်တွင် အိတ်ကြီးတစ်လုံးကို သယ်လာသည့် ဦးလေးမန်ဆန်မှာ အလွန်စိတ်ဆင်းရဲနေပုံရသည်။

 လင်းယောင်နှင့် တခြားသူတွေက ဦးလေးမန်ဆန်၏ အိတ်ကိုဖြုတ်ပြီး ကူညီရန် အလျင်အမြန် ပြေးသွားကြသည်။

လင်မယားနှစ်ယောက် ရေနွေးသောက်ဖို့ ထိုင်လိုက်သောအခါ လင်းယောင်နှင့် အခြားသူတွေက အိတ်တွေထဲမှာ ဦးလေးကျန်းဆီက ပစ္စည်းတွေပါလာတာကို သိလိုက်ရသည်။

ကျန်းမိသားစုမှ ဦးလေးနှစ်ဦးသည် ကျေးလက်တွင်နေထိုင်ကြသော်လည်း သူတို့နှစ်ဦးစလုံးသည် အရည်အချင်း ရှိသူများဖြစ်သည်။

ဂျပန်တို့သည် ကျေးလက်ဒေသကို စီးနင်းဝင်ရောက်လာကြသောအခါ ကျန်းကျားကျွမ်မှလူများ အားလုံးသည် လျှိုမြောင်ကြီးများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ချွေးမလေးတစ်ဦးမှာ တစ်ယောက်တည်းကျန်ခဲ့ပြီး ဂျပန်လူမျိုးအချို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထိုချွေးမလေးက အရမ်းလှတာကြောင့် ဂျပန်စစ်သားတော်တော်များများက သူမကို ကောက်ရိုးပုံမှာ ဝိုင်းထားပြီး “ပန်း‌လေး ပန်းလေး” လို့ပြောပြီး ခါးပတ်ကိုချွတ်ကာ တက်လာကြသည်။

 ချွေးမလေးသည် သူတို့အားနာခံရမည်ထက် သေသာသေချင်သည်မို့ ဂျပန်စစ်သားတစ်ဦးက ဒေါသထွက်ကာ ပါးရိုက်လိုက်သည်။ လှံစွပ်ကိုဆွဲ၍ သတ်ပစ်တော့မည်ပြုသည်။ ဦးလေးကျန်းနှင့် သူ့ညီတို့သည် သိုးတွေကို အနောက်တောင်ကုန်းဆီမောင်းလာရင်း ဘေးကအသံ‌တွေကို ကြားလိုက်ရသည်။ ဂျပန်စစ်သားများ၏ ကျယ်လောင်သော အသံများကိုကြားရပြီး အမျိုးသမီးတစ်ဦး၏ အော်ဟစ်အကူအညီတောင်းသံကပါ ရောထွေးနေသည်။

 ဦးလေးကျန်း ထိုအသံကိုကြားပြီး တစ်ချက်ကြည့်လိုက်တော့ သူ့အမူအရာက ရုတ်တရက်ပြောင်းလဲသွားသည်။

 ခေါင်းမာသော ဂျပန်နတ်ဆိုးများသည် သူတို့တရုတ်လူမျိုးများအား အနိုင်ကျင့်ခြင်းကို ဘယ်သောအခါမှ ရပ်တန့်မည်မဟုတ်ပေ။

 ဦးလေးကျန်းက ဒေါသတကြီးကြည့်ကာ သူ့ခါးမှ အသားခုတ်ဓားကို ထုတ်၍ပစ်လိုက်ပြီး နတ်ဆိုးကောင်၏ ခေါင်းသည် အဝေးသို့လိမ့်သွားသည်။

 ဦးလေးကျန်းလည်း နောက်ကလိုက်သွားသည်။  ညီအစ်ကိုနှစ်ဦးသည် ရှောင်လင်ကွန်ဖူးကို သင်ယူခဲ့ပြီး ထိတ်လန့်ကြောက်ရွံ့နေခဲ့သော ဂျပန်များကို ရင်ဆိုင်ခဲ့ကြသည်။ အနိုင်ရရှိပြီး ဂျပန်အများအပြား သွေးအိုင်ထဲလဲကျသွားခဲ့သည်။

 သူတို့ ချွေးမလေးကို ကယ်တင်ပြီး သိုးတွေကို ချောက်ထဲသို့ မောင်းပြီးပျောက်ကွယ်သွားကြသည်။ ထိုသတင်းအားကြားပြီးနောက် ရောက်လာသောဂျပန်များမှာ ဒေါသတကြီးဖြစ်နေကြသည်။

 ထိုအချိန်မှစ၍ ကျန်းကျားကျွမ် ညီအကိုနှစ်ယောက်သည် ဂျပန်စစ်သားများကိုသတ်ခြင်းကြောင့် နာမည်ကြီးလာခဲ့သည်။

 လွတ်လက်‌ရေးရပြီးနောက် အစိုးရက သူတို့နှစ်ဦးအတွက် အလုပ်များစီစဉ်ပေးခဲ့သည်။ သူတို့မ‌ပျော်ကြပေ။ သူတို့သည် ကျေးလက်ဒေသတွင် အသက်ထက်ဝက်မျှ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြပြီး ကြီးမားကျယ်ပြန့်သော ကောင်းကင်ကိုသာအသားကျ‌နေခဲ့သည်။ မြို့တွင်နေရန်မှာ ငှက်လှောင်အိမ်ထဲသို့ပင်။ အဲ့ဒါက သူတို့ကိုသတ်နေသလိုပဲ!

ထို့အပြင် သူတို့ဖခင်နှင့်မိခင်တို့သည်လည်း ကျေးလက်ဒေသတွင်ပင် နေထိုင်ကြပြီး ညီအစ်ကိုနှစ်ဦးသည် သားသမီး တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။

 ဦးလေးကျန်းတို့ညီအကိုနှစ်ယောက်က တခြားသူထက် ပိုခေါင်းမာသည်။ ၎င်းတို့သည် တော်လှန်ရေးသမားဟောင်းများဖြစ်ပြီး သူတို့ထဲမှ တစ်ဦးမှာ အစိုးရအရာရှိဖြစ်သည်။

နောက်ဆုံးတွင် ကောင်တီခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။သူတို့မြို့ကို မသွားချင်ရင်တောင် သူတို့သားသမီးတွေကို မြို့သို့လွှတ်လိုက်မည်။

 ဤနည်းဖြင့် ဦးလေးကျန်း ၏သားအကြီးဆုံး ကျန်းရွှင်သည် စက်ယန္တရားစက်ရုံတွင် စာရေးအဖြစ် ဝင်လုပ်ခဲ့ပြီး ဦးလေးကျန်း၏ အကြီးဆုံးသမီးဖြစ်သူ ကျန်းဟိုက်ထန်သည် ဆေးဝါးစက်ရုံတွင် အလုပ်ဝင်ခဲ့သည်။

ဦးလေးကျန်းနှင့် သူ့ညီနှစ်ယောက်သည် မိဘများကိုကျွေးမွေးဖို့အတွက် ကျေးလက်‌ဒေသတွင် လယ်ယာလုပ်ငန်းလုပ်ကြသည်။

အခု ညီအကိုနှစ်ယောက်သည် တစ်ယောက်က ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ကျန်တစ်ယောက်က ရွာရှိစစ်ဝန်ထမ်းများ၏‌ ခေါင်းဆောင်ပင်။  ဦးလေးကျန်းသည် အမဲလိုက်ရာတွင်လည်း တော်သည်။အနောက်ဘက်တောင်ပေါ်သို့ သူသွားလျှင် ရစ်ငှက် သို့မဟုတ် တောယုန်များပါလာတတ်ကာ ဤသည်က မြို့ထဲမှာနေထိုင်တာထက် အများကြီးပိုသက်တောင့်သက်သာရှိလေသည်။

ကျန်းဆွေ့လန်သည် မိသားစုတွင် အငယ်ဆုံးဖြစ်သည်။သူ့အစ်ကိုနှစ်ယောက်နှင့် မရီးနှစ်ယောက်က သူမအ‌ပေါ် အရမ်းကြင်နာကြသည်။ သူတို့ကိုတွေ့ဖို့ သွားသည့်အခါတိုင်း လက်ဆောင်ခြင်းတစ်ခြင်းနှင့် သွားပြီး ပြန်လာတဲ့အခါ အိတ်တစ်အိတ်ပါလာလေသည်။

ကျေးလက်က အိမ်ခြံမြေတွေပေါသည်။ အိမ်ပြန်သောအခါ သူ့အစ်ကိုနှင့် မရီးတို့သည် ဟင်းသီးဟင်းရွက် အခြောက်အခြမ်းများ၊ မှိုခြောက်၊ သစ်အယ်သီး၊ ပဲတောင့်၊ အိမ်တွင်စိုက်ပျိုးထားသည့် မက်မွန်သီးနှင့် ပန်းသီးများကို ထုပ်ပိုးကာထည့်ပေးလိုက်လေသည်။ လင်းယောင်သည် ရစ်ငှက်ခြောက်သား နှစ်ခုကိုပင် မြင်လိုက်ရသည်။

ဦးလေးမန်ဆန်သည် အိမ်ပြန်မရောက်မီ ရထားလုံးနှင့် ဘတ်စ်ကားပေါ် လမ်းတစ်လျှောက်တွင် အိတ်ကိုသယ်လာခဲ့ရသည်။

မိဘများပင်ပန်းလာတာကြောင့် ကုချွင်မေက ရေနွေးကျိုပြီး ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် ဇနီးမောင်နှံနှစ်ယောက်အား ရေနွေးနှင့်ရေချိုးခိုင်းလိုက်သည်။

ကုရှီတုန်းသည် ရက်အတော်ကြာ ရေမချိုးသောကြောင့် ဦးလေးမန်ဆန်က အော်ဟစ်နေသော သူ့သားကို ဆွဲကာ ဆေးကြောပေးလိုက်သည်။

ကျန်းဆွေ့လန်သည် အခန်းထဲတွင် အနားယူနေပြီး လင်းယောင်က ကြာစွယ်မှုန့်ကို‌ဖျော်ကာ ပေးလိုက်သည်။

 "အဒေါ် ကျန်းမာရေး ပိုကောင်းလာဖို့ ကြာစွယ်တစ်ပန်းကန်သောက်လိုက်နော်"

ကျန်းဆွေ့လန်အသံပြုပြီး လင်းယောင်၏ကျစ်ဆံမြီးကိုထိလိုက်ကာ သူမ၏ မျက်လုံးများသည် အပြုံးများပြည့်နှက်နေပြီး ခါတိုင်းနှင့်မတူ အနည်းငယ်စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောလာသည်။ "ယောင် အဒေါ် ဒီနေ့ ကျေးလက်ကိုသွားတော့ ဘယ်သူ့ကို‌တွေ့ခဲ့လဲဆိုတာခန့်မှန်းကြည့်"

 လင်းယောင် - မသိ

ကျန်း‌ဆွေ့လန်က သူမ၏ပေါင်ကို ပုတ်ပြီးပြောလာသည်။ "လင်းဟုန်နပဲ။ သူဖောက်ပြန်လို့တဲ့!"

All Chapters