အခန်း (၃၆)
Vol. 3 Ch. 36
ကျန်းကျားကျွမ်သည် တောင်၏ ခြေရင်းတွင်ရှိသည်။တောင်ပေါ်တွင် စပါးခင်းများနှင့် ပြောင်းခင်းများရှိသည်။ တောင်၏ အောက်နား၌ ကြီးမားလှသောမြစ်ကမ်းရှိသည်။ မြစ်ကမ်းပေါ်တွင် ကြီးမားသော ကြူပင်များနှင့် ရေမှော်ပင်များက ဖုံးလွှမ်းနေသည်။ လေတစ်ချက် တိုက်ခတ်လိုက်သည်နှင့် ကြူပင်များ ယိမ်းနွဲ့သွားပုံက လှပပေသည်။
ထိုမြစ်သည် ရေအလွန်နက်သည်။၂ ပေ ကနေ ၃ပေလောက်ရှိလိမ့်မည်ဟု ကြားဖူးသည်။ ထို့ကြောင့် ရွာထဲမှလူကြီးများက ကလေးငယ်များကို ရေဆင်းကူးခွင့်မပေးပေ။ ရေတိမ်သည့်နေရာတွင် ငါးရှဉ့်များ၊မြစ်ဂုံးများ၊ငါးသေးသေးလေးများ၊ ပုစွန်များကို ရေတိမ်သည့်နေရာတွင်သာ ဖမ်းရသည်။
လင်းယောင်တို့ကတော့ ကံကောင်းသည်။ သူတို့ မြစ်ကမ်းနား ရောက်သည်နှင့် တပြိုင်နက် ငါးကြင်းများက မြစ်ကမ်းနားသို့ ကူးခတ်လာသည်။
ကုရှီတုန်းနှင့် ကျန်းမိသားစုမှ မောင်နှမဝမ်းကွဲများနှင့် အခြားသူများသည်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ကြသည်။
လင်းယောင်လည်း အလွန်စိတ်ဝင်စားနေခဲ့သည်။ သူမသည် အခြားကလေးတွေကို နမူနာယူပြီး သူမ၏ခြေညှပ်ဖိနပ်ကို မြစ်ကမ်းနားမှ ကျောက်တုံးပေါ်သို့တင်လိုက်သည်။ ထို့နောက် ရေထဲသို့ခြေဗလာနှင့် ဆင်းလေသည်။
ရေထဲသို့မရောက်မှီ ကုရှီအန်းက သူမ၏ခါးသေးသေးကိုပွေ့လိုက်ပြီး သူ၏လက်မောင်းကြားထဲ၌ ပြုတ်မကျအောင် ညှပ်ထားလိုက်သည်။
“ရေက နွေရာသီဆို အရမ်းအေးတယ်။ ရေထဲဆင်းရင်ဖျားလိမ့်မယ်”
ကုရှီအန်းက အသံအုပ်အုပ်ဖြင့်ပြောပြီး လက်ကလည်း လင်းယောင်၏ နူးညံ့သောခါးက်ို ပွေ့ပိုက်ထားသည်။
ထူးဆန်းတာကတော့ လင်းယောင်ကသူပြောတာကိုယုံကြည်သွားသည်။ ထို့နောက် စိတ်တိုစွာဖြင့် ပြောသည်။ “ကျွန်မက ၃နှစ်သမီး မဟုတ်တော့ပါဘူး။ပြောတာကိုယုံပါတယ်”
ကုရှီအန်းက သူမကိုသပ်သပ် မကစားစေလိုချင်းပင်။
ထိုသို့တွေးပြီး ကုရှီအန်းကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ညကျ အိပ်ရာပြင်ခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။
သူမကို ရေမကစားခိုင်းသည့်အတွက် ပြန်၍အပြစ်ပေးခြင်းဖြစ်သည်။
ဒါရိုက်တာကုကလည်း ရေထဲမဆင်းစေချင်။ နွေရာသီမှာ ရေစိမ်ခြင်းက မထူးခြားပေ။ သို့သော် လင်းယောင်ရေထဲဆင်းလျှင် သေချာပေါက် ရေကစားပြီး ရေပတ်မှာဖြစ်သည်။ ပူလိုက်အေးလိုက်ဖြင့် ခန္ဒာကိုယ်ထဲသ်ို့ ဖျားနာစေနိုင်သည့် လေအေးများဝင်နိုင်သည်။
ကျန်းမိသားစုဝင် ကလေးတစ်ယောက်သည်လည်းထိုကဲ့သို့ ရက်အတော်ကြာအဖျားဝင်ပြီး ဆေးထိုးခဲ့ရဖူးသည်။
ထိုသတင်းကိုကြားသိပြီး လူအများစုက စားသောက်ပြီး ခြေအိတ်ကိုယ်စီဖြင့် မြစ်ကမ်းဘေးသို့ သွားကြသည်။
လင်းယောင်ကတော့ သူများဖမ်းမိလာသော ငါးကြင်း များကိုကြည့်ပြီး ချက်ချင်းပျော်ရွှင်သွားသည်။ ဒေါသအနည်းငယ်လျော့သွားပြီး ကုရှီအန်းနဲ့ပြန်စကားပြောလေသည်။
ကျန်းရဲ့ မောင်နှမဝမ်းကွဲဖြစ်သော မောင်းတန်က သူ၏ ခေါင်းကိုကုတ်လိုက်ပြီး ကုရှီတုန်းကို တိုးတိုးလေးသွားပြောလိုက်သည်။
“စောနက မမက စိတ်တိုနေတာမဟုတ်ဘူးလား။ ဘာလို့ခုကျရယ်နေတာလဲ”
ကုရှီတုန်းကတော့ မင်းမသိပါဘူးကွာဆိုတဲ့ အကြည့်နှင့်ကြည့်လိုက်သည်။
“ဒီမှာကလေး၊ စိတ်ပူမနေနဲ့၊ မေးသင့်တာကိုမေး မမေးသင့်တာကိုမမေးနဲ့ ငါရေဆာနေပြီး ရေခပ်ပေးဦး”
ဒီလူကတော့။
“အိုး”
သုန်ဇီကတော့ လမ်းတစ်လျှောက် ဆရာကြီးပုံစံဖြင့် ရှောင်မောင်းတန်ကို အနိုင်ကျင့်လိုက်၊ အခြားသူတွေကို ဝါးခြင်းတောင်းတွေ သယ်ခိုင်းလိုက်၊ ကလေးတွေကိုလည်း ရေသွားခပ်ခိုင်းလေသည်။
လင်းယောင်က သည်းမခံနိုင်တော့ပဲ ကောင်စုတ်လေးရဲ့ နားရွက်ကိုဆွဲလိုက်ပြီး ပညာပေးလိုက်သည်။
“နင်ကတော့ ပြဿနာရှာနေပြန်ပြီ။ နင်က အကြီးဖြစ်ပြီး အငယ်တွေအပေါ် ဘယ်လို ဆက်ဆံရမလဲဆိုတာ မသိဘူးလား။ နင့်မှာ အကြီးကို လေးစားပြီး အငယ်ကိုချစ်ခင်ရမယ်ဆိုတဲ့ အသိမရှိဘူးလား။ ကောင်စုတ်လေး နင်က အခြား အပြင်က ဆိုးတဲ့ကလေးတွေပုံစံကိုအတုယူပြီး အငယ်တွေကို အနိုင်ကျင့်နေတာပဲ။ ဒီတခါပဲခွင့်လွှတ်ပေးမယ်”
ကောင်စုတ်လေးကလည်း ပြန်အော်လိုက်သည်။
“မရီး ကျွန်တော်မှားသွားတယ်။ အိမ်ရောက်မှ ထပ်ပြီးရန်ဖြစ်ကြတာပေါ့”
မောင်းတန်နှင့် ရှောင်နီကတော့ ဘေးကနေပဲကြည့်နေတော့သည်။
ကုချွင်မေက အရှေ့မှာ ရေသွားခပ်ပြီး ပြန်အလာ ကုရှီတုန်းမျက်နှာမကောင်းတာကိုတွေ့သွားသည်။အကြောင်းအရာကို သ်ိသွားသောအခါ နည်းတောင်နည်းသေးတယ်ဆိုပြီး ပြောကာထွက်သွားလေသည်။
ကံကောင်းစွာဖြင့် ကုရှီအန်းကတော့ တောင်ပေါ်မှာ ဘယ်ရီသီးတွေ သွားခူးတာကြောင့် ပြဿနာဖြစ်မှန်းမသိလိုက်ပေ။
ကျန်းကျားကျွမ်ရဲ့အနောက်မှာရှိသော တောင်သည် နှစ်ပေါင်းရာချီအောင် သက်တမ်းရှိသည်။ သစ်ပင်ကြီးများလည်း အုံ့ဆိုင်နေပြီး လမ်းအဆုံးကိုပင် မမြင်ရပေ။ ယုန် နှင့် ရစ်ငှက်များက တောင်၏ တဝိုက်တွင်ရှိပြီး အတွေ့အကြုံရှိသော မုဆိုးများသာ ဖမ်းနိုင်သည်။
ဝက်ဝံ၊ တောဝက်၊ ပျား၊ ကျားသစ်၊ မြေခွေးတို့လည်းကျက်စားရာ တောင်ဖြစ်သောကြောင့် လူအများက အန္တရယ်မဖြစ်စေရန် တောင်နှင့် ခပ်လှမ်းလှမ်းတွင် နေထိုင်ကြသည်။
ကျားအန္တရာယ်ကို မမှုသောအသက် ၁၂ သို့မဟုတ် ၁၃ နှစ်အရွယ် ကောင်လေးတွေကတော့ သေနတ်အားကိုးဖြင့် တောင်အနောက်ဘက်သို့သွားပြီး ပျားလဘို့ရှာလေ့ရှိကြသည်။
အသီးတွေရှိသောတောကတော့ တောင်၏ ကပ်ရပ်ခြေရင်းတွင်ဖြစ်သည်။ ထို့ကြောင့် ကုရှီအန်းက ကလေးတွေအန္တရယ်ဖြစ်မှာစိုး၍ အပင်ပေါ်သို့ မတက်ခိုင်းပေ။
သူကိုယ်တိုင်အပင်ပေါ်သို့ သုံးလေးလှမ်းလောက်တက်ပြီး ဘယ်ရီသီးတွေ ရှိလောက်မည့်သစ်ကိုင်းကိုအောက်သို့ပစ်ချပေးသည်။ သုန်ဇီနှင့် မောင်းတန်ကတော့ အပေါ်ကြည့်လိုက် အောက်ကြည့်လိုက်ဖြင့် အံ့ဩနေပြီး အသီးများကို ပါလာသည့်အိတ်ထဲသို့ ထည့်လေသည်။
ကုချွင်မေကတော့ ကလေးနှစ်ယောက် လျှောက်ပြေးနေမှာဆိုး၍ ဘေးနားက ရပ်ကြည့်နေလေသည်။
သစ်ပင်ရဲ့ မနီးမဝေးမှာ လင်းယောင်က အိမ်ကသယ်လာသော ပိတ်စကြီးကိုခင်းပြီး ရှောင်နီကိုခေါ်ပြီး ထိုင်ကြသည်။ ပါလာသော ဘယ်ရီကိတ်နှင့် ဆီစိမ်စက္ကူဖြင့်ထုပ်ထားသော မြေပဲသကြားလုံးတို့ကို ရှောင်နီ၏ လက်ထဲသို့ထည့်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း ပါလာသောမုန့်တွေကို စားလေသည်။
ရှောင်နီက ဒုတိယဦးလေးကျန်း၏ သမီးဖြစ်သည်။သူမက ခြောက်နှစ်အရွယ်မျှသာရှိသေးသည်။ ဒုတိယအဒေါ် အသက် ၃၀ လောက်မှာ မွေးဖွားခဲ့သောကြောင့် နှစ်ယောက်လုံး ရှောင်နီကို ချစ်ကြသည်။
ရှောင်နီက ဦးလေးကျန်းနှင့်သိပ်မတူ။ အရယ်သန်သော သူမအမေ၊ ဒုတိယအဒေါ်နှင့် ပိုတူသည်။ မျက်နှာဝိုင်းဝိုင်းလေးရှိပြီး ရယ်လိုက်လျှင် မျက်လုံလေးက လခြမ်းသဖွယ် ကွေးညွတ်သွားသည်။ အသားလည်း ဖြူ၊သန့်သန့်ရှင်းရှင်း ဖြင့် ချစ်စဖွယ်အတိပင် ဖြစ်သည်။
လင်းယောင်က ရှောင်နီကို အရမ်းဂရုစိုက်ပေးသည်။သူမကို ဖက်ပြီးအာဘွားတွေပေးတော့ ရှောင်နီခမျာ ရှက်ပြီး မျက်နှာဝိုင်းဝိုင်းလေးက ပန်းသီးကဲ့သို့ နီလာသည်။
လင်းယောင်က သကြားလုံးပေးတော့ ရှောင်နီကမျက်တောင်ပုတ်ခတ် ပုတ်ခတ်ဖြင့်ပြောခဲ့သည်။ “ကျေးဇူးပါမမ”
လင်းယောင်အတွက်တော့ အလွန်ချစ်ဖို့ကောင်းနေသည်။
ကုချွင်မေကပြုံကြည့်ပြီး “ဒါကရှားပါးလွန်းတဲ့ အခိုက်အတန့်လေးပဲ ကိုယ့်ဘာသာ ကလေးမမွေးချင်ဘူးလား”
လင်းယောင်က လာမရှုပ်ဖို့သာ လက်ကာပြလိုက်သည်။
စနောက်လိုက်ခြင်းသာ ဖြစ်သည်။ ရှောင်နီလို လိမ္မာတဲ့ကလေးမျိုး မွေးဖို့က သူမအတွက်အဆင်ပြေပါသည်။
သူမဘဝတစ်လျှောက် မြန်ဆန်စွာ ကုန်ဆုံးခဲ့ရပြီး အားလပ်သည့် အချိန်ပင် မရှိခဲ့ပါ။
ကုရှီအန်း သစ်ပင်ပေါ်က ဆင်းလာချိန် လင်းယောင်ကတော့ ရှောင်နီလေးကို စနောက်နေဆဲဖြစ်သည်။အနီးအနားတွင် ဘယ်ရီပင် အမြောက်အမြားရှိသော်လည်း သူတ်ို့ထိုင်နေသောနေရာ၏ အပေါ်မှ အသီးများကချဉ်၍ မမှည့်သေးသောကြောင့် ဘယ်သူကမှလာမခူးပေ။
သစ်တောထဲတွင် ပိုးစာသီး အမှည့်များပေါသည်။သို့သော် လင်းယောင်ကလွဲပြီး ဘယ်သူမှ ပိုးစာသီးစားရသည်ကိုမကြိုက်ကြပေ။ ပိုးစာသီးလေးတွေက နူးညံ့ပြီး အရည်ရွှမ်းသည်။ လင်းယောင် အိမ်တောင်မပြန်ချင်တော့ပေ။
ကုရှီအန်းက လင်းယောင်စားဖို့ ပိုးစာသီးလေးတွေကို ရေဆေးပြီးပေးသည်။ လင်းယောင်စားပြီးသောအခါ သုန်ဇီက ရက်စ်ဘယ်ရီသီးတွေ သူတွေ့ကြောင်းအော်ပြောလိုက်သည်။ လင်းယောင်လည်း ချက်ချင်း ပျော်ရွှင်စွာလက်ခုပ်တီးပြီး ပြေးသွားသည်။
ရက်စ်ဘယ်ရီသီးတွေက အိမ်မှာယိုထိုးလို့ အကောင်းဆုံးဖြစ်သည်။
ရှောင်နီကတော့ မောင်းတန်ကိုထားခဲ့ပြီး သူမ၏ ခြေထောက်သေးသေးလေးတွေဖြင့် ပြေးလိုက်သွားသည်။
အားလုံးလည်း တက်တက်ကြွကြွ ရက်စ်ဘယ်ရီအသီးများ ခူးကြလေသည်။ ကုရှီအန်းကလည်း ရယ်မောနေစဉ် သူ၏မျက်နှာအမူအရာပြောင်းသွားပြီး ခဏရပ်သွားသည်။
ကုချွင်မေက သူ့အကိုကို အသီးကူခူးဖို့ခေါ်လိုက်သည်။
ဘယ်ရီသီးခူးသော လင်းယောင်လည်း ခဏရပ်တန့်သွားပြီးမေးလိုက်သည်။
“ကလေးတစ်ယောက် အကူအညီတောင်းသံကြားလိုက်သလိုပဲ”
ကုချွင်မေက ရယ်လိုက်ပြီး “ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သားရဲတွေကလွဲလို့ တောင်နားမှာ လူတွေမှမနေတာ”
ပြောလို့ပင်မဆုံး သူမ၏အရှေ့ တောအုပ်ထဲမှ ကလေးတချို့အကူအညီ တောင်းသံများနှင့်သားရဲတိရစ္ဆာန် တစ်ကောင်ကောင်၏ အသံများကို ကြားလိုက်ရသည်။
ကုရှီအန်း၏ အကြည့်များက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ထို့နောက် လင်းယောင်နှင့် အခြားသူများကို မလှုပ်ဖို့ပြောခဲ့သည်။ တောင်၏အနောက်ဘက်တွင် ဂူအလွတ်တစ်ခုတွေ့သွားကြသည်။
သိပ်မနီးမဝေးမှလည်း သားရဲ၏ ဟိန်းသံမှာ မြေကြီးတင်မက တောင်တစ်ခုလုံး လှုတ်ခတ်သွားသလိုပင်ဖြစ်သည်။ ထို့နောက် ဒဏ်ရာရထားသော ကလေးများ အော်ဟစ်ပြေးနေသံများလည်း ကြားရသည်။
လင်းယောင်နှင့် ကုချွင်မေက ကလေးနှစ်ယောက်ကို ချီပြီး တောင်အနောက်ဘက်ရှိ ဂူထဲသို့ ပြေးကြသည်။ ကုရှီတုန်းကလည်း မောင်းတန်နှင့် ရှောင်နီကို ကာကွယ်ရင်း ဂူထဲသို့ ပြေးဝင်လေသည်။
ဂူထဲသိို့ ရောက်သွားသည့်အချိန်တွင် တောအုပ်ထဲမှ အမဲရောင်အမွေး၊ ချွန်ထက်သောအစွယ်နှင့် ကြောက်မက်ဖွယ် မျက်နှာရှိသော တောဝက်တစ်ကောင်ထွက်လာခဲ့သည်။ ဂူထဲမှထူးဆန်းသော အနံ့ရသွားဟန်ရှိပြီး ကိုက်ဖြတ်ရန် ဂူထဲသို့ဝင်လာခဲ့သည်။
လင်းယောင်ဘေးနားမှ ကလေးငယ်က ငိုတော့မည့်ဆဲဆဲပင်။ လင်းယောင်က ချက်ချင်း ကလေးရဲ့ပါးစပ်ကိုအုပ်လိုက်ပြီး မောင်းတန်နှင့် ရှောင်နီကိုလည်း ကိုင်ထားပြီး ငြိမ်ငြိမ်လေး နေလိုက်သည်။
ထိုအချိန်တွင် တောဝက်၏ လည်ပင်းတစ်နေရာသို့ချွန်ထက်သောသစ်သားစ တစ်ခုထိုးပေါက်ဝင်ရောက်လာခဲ့သည်။
သေနတ်သံနှစ်ချက်အဆုံးတွင် တောဝက်မှာ အော်ဟစ်ပြီး လည်ပင်းမှ သစ်သားစနှင့်တကွ သွေးများယိုစိမ့်ပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။
လင်းယောင်နောက်ဆုံးတော့ စိတ်အေးသွားရသည်။ထို့နောက် သူမဘေးက ကလေးကလည်း အော်ငိုလေတော့သည်။
ကုရှီတုန်းက ဒေါသတကြီးနှင့် “ငိုမနေနဲ့တောလေ။ ဟိုတောဝက်ဖြင့်သေသွားပြီကို”
ထိုကလေးမှာ ဆက်မငိုရဲတော့ဘဲ ရှိုက်သာနေလေသည်။
ကုချွင်မေကလည်း အလွန်လန့်သွားခဲ့သည်။ခြေထောက်ပင် မခိုင်တော့ပဲ အကြာကြီး မတ်တပ်မရပ်နိုင်တော့ပေ။
မောင်းတန်နှင့် ရှောင်နီကိုတော့ လင်းယောင်ချီပွေ့ထားသည့်အတွက် မျက်ရည်ဝဲရုံကလွဲ အန္တရယ်မဖြစ်ခဲ့ပါ။
လင်းယောင်က ချက်ချင်းပဲ “ငါတို့ ရှောင်နီလေးက တော်လိုက်တာ သတ္တိလည်းရှိတယ်။”
“မောင်းတန်လေးကလည်း ပြည်သူ့လွတ်မြောက်ရေးစစ်တပ်က သူ့ဖေဖေလိုပဲ ရဲရင့်ပြီး သတ္တိရှိလိုက်တာ”
စသည်ဖြင့် ချီးမွန်းလိုက်သောအခါမှသာ ကလေးနှစ်ယောက်က ပြုံးပြနိုင်တော့သည်။
လင်းယောင်က ကလေးနှစ်ယောက်သေချာ ပွေ့ပိုက်ထားပြီး ဒူးထောက်ရက်သား ဖြစ်နေသောကြောင့်ခြေထောက်များ အားနည်းပြီး ခွေကျလာလေသည်။
“ယောင်ယောင်!”
“မရီး!”
အာမေဋိတ်သံ၂ ခု တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ လင်းယောင်ကတော့ မြေကြီးပေါ် လဲကျမသွားဘဲ ကုရှီအန်း လက်မောင်းပေါ်သို့သာ လဲကျသွားရလေသည်။
ကုရှီအန်း၏ ခန္ဓာကိုယ်အပူချိန်နှင့် တောင့်ဖြောင့်သော ပုခုံး၊သန်မာသော ခန္ဓာကိုယ်တို့ကို လင်းယောင်ခံစားမိလေသည်။
လင်းယောင် ခေါင်းမော့ကြည့်လိုက်သည့် အခါတွင် ရင်းနှီးနေသော မျက်လုံးနက်နက်ပိုင်ရှင်သည် ထိပ်ထိပ်ပြာပြာဖြင့်မေးခဲ့သည်။ “နာသွားသေးလား”
လင်းယောင်လည်း အားကိုးရာရသွားသော ကလေးတစ်ယောက်လို မျက်ရည်များဝဲပြီး “လက်တွေနီရဲနေပြီ၊ ပြီးတော့နာလည်းနာတယ်”
ကုချွင်မေနှင့်ကလေးများ - “…”
ဘယ်အချိန်တောင်ရှိသွားပြီလဲ? ခွေးစာတွေ မကျွေးလို့ရမလား?
*
ကျန်းမိသားစုကတော့ ကျန်းကျားကျွမ်မှာဖြစ်သည်။
ဒီအချိန်ရွာထဲရှိသော လူတိုင်းမှာ စပါးရိတ်သိမ်းပြီး အလုပ်ရှုပ်နေကြသည်။ ကျန်းမိသားစုမှ အဒေါ်နှစ်ယောက်လုံးသည်လည်း အလုပ်စောစောသွားကြသည်။
အိမ်၌ဆွေမျိုးတစ်ချို့လည်း ရောက်နေပြီး ဖက်ထုပ်တွေက ဧည့်သည်ကြိုသည့်နေရာတွင်ကျွေးပြီး ခေါက်ဆွဲတွေကိုတော့ သူများကို ပေးလေ့ရှိကြကြောင်းပြောနေကြသည်။
ထိုနေ့က အဘွားကျန်း မွေးနေ့ဖြစ်ပြီး သက်ရှည်ခေါက်ဆွဲတစ်ပန်းကန်ကို သူမ မနက်တည်းက စားခဲ့သည်။
နေ့လည်စာစားချိန်တွင် အဒေါ်က ရေချ်ိုးရန် ရေနွေးပြန်တည်ပီး အဝတ်အစားများလဲကာ သစ်သားဇလုံထဲသို့ထည့်သည်။ ထို့နောက် မီးဖိုချောင်ထဲမှ ကန်စွန်းဥခေါက်ဆွဲနှစ်ခုနှင့် ပြောင်းဆန်တို့ကိုထုတ်ပြီး ခေါက်ဆွဲလုပ်နေခဲ့သည်။
ဒုတိယအဒေါ်ကိုလည်း သူမ မည်သို့ချက်မည်ဟုစဉ်းစားထားကြောင်း ပြောပြခဲ့သည်။
ဒုတိယအဒေါ်က ပြုံးလိုက်ပြီး "ဟုတ်တယ်။ ဆွေ့လန်တို့မိသားစုက လာခဲတယ်။ သူတို့ရောက်တုန်း ခေါက်ဆွဲစားရမယ်”
ထိုကဲ့သို့ပြောပြီး သူမအင်္ကျီလက်များကိုခေါက်တင်တာ အသီးအရွက် စိုက်သည့်နေရာသို့ ပဲတောင့်များကိုခူးပြီးချက်ပြုတ်ရန်အတွက် သွားလေသည်။
အဒေါ်က သူမကို ဆပ်ပြာလှမ်းပေးလိုက်သည်။
ဒုတိယအဒေါ်က အရမ်းအံံ့ဩသွားခဲ့သည်။ "ယောင်းမ ဒီအနံ့သင်းတဲ့ ဆပ်ပြာ ဘယ်ကရတာလဲ၊ ပန်းနံ့လေးအတိုင်းပဲ”
နယ်ဘက်တွင် ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမများမရှိပေ။ မြို့ပေါ်တွင်သာရှိသည်။ မြို့ပေါ်သို့ သွားရန်အတွက်လည်း အချိန်တော်တော်ပေးရသည်။ ဒုတိယအဒေါ်သည် တခါမှ ဆပ်ပြာ မသုံးဖူးသောကြောင့် လက်ကနေပင်မချရက်တော့ပေ။
“ဆွေ့လန် ယူလာပေးတာ။ သူပြောတာတော့ ယောင်ယောင်ဝယ်လာတာတဲ့။ ၄ ယွမ်ကျတယ်။ ငါတို့တစ်ယောက်တစ်ဝက် သုံးကြတာပေါ့။”
“ဟေး။ ယောင်ယောင်က လိမ္မာတဲ့ကလေးပဲ။ ဘာမှကိုမဖုံးကွယ်တက်ဘူး”
“ဟုတ်ပ”
ယောင်းမနှစ်ယောက် အလုပ်ရှုပ်နေခဲ့သည်။ သို့သော် အဘွားကျန်းစီ သွားဖို့ မမေ့ခဲ့ပေ။
အဘွားကျန်းကတော့ အရမ်းပျော်ရွှင်နေသည်။ ရွာထဲတွင် အင်္ကျီအသစ်နှင့် သိုးမွေးကုတ်အင်္ကျီတွေဝတ်ကာလျှောက်သွားခဲ့သည်။ ထို့နောက် အိမ်သို့ပြန်ပြီး အိပ်မောကျကာ ဟောက်ပါဟောက်နေခဲ့သည်။
နာရီဝက်အကြာ မှောင်ရီပျိုးခါနီးအချိန်တွင် ဦီးလေးကျန်းတို့မိသားစု၊ လယ်ထဲသို့သွားသော ကုမန်ဆန် နှင့်သူ့ဇနီး တို့ပြန်လာခဲ့သည်။ ကလေးတစ်စုကတော့ပြန်မရောက်သေးပေ။
ကျန်းဆွေ့လန်က အပြင်ကိုလှမ်းကြည့်လိုက်သည်။ မှောင်မိုက်ပြီး မိုးရွာတော့မည်။ သူမက ကုမန်ဆန်ကို မေးလိုက်သည်။ “ဘယ်အချိန်ရှိနေပြီလဲ”
ကုမိသားစုတွင် အိုဟောင်းနေသော အိတ်ဆောင်နာရီ တစ်ခုရှိသည်။ ထိုနာရီသည် အဘိုးကု စစ်ထွက်တုန်းကရလာခြင်းဖြစ်သည်။
ကုမန်ဆန်က သူ့လက်ထဲမှ နာရီကိုကြည့်လိုက်ပြီး “၇ နာရီခွဲသွားပြီ”
“၇ နာရီတောင်ခွဲသွားပြီ။ ကလေးတွေ ဘာလို့ပြန်မလာသေးတာလဲ”
တောင်ပေါ်မှာ ဘာမှမဖြစ်ပါစေနဲ့။
အကြီးဆုံးဦးလေးကျန်းကတော့ အိမ်အမိုးတွင်မှိုများလှမ်းနေသည်။ ဒုတိယဦးလေးကျန်းကလည်း ရေတွင်းနားဆောင့်ကြောင့်ထိုင်ကာ မြစ်ဂုံးများကို ဆေးကြောနေသည်။ ထို့နောက် ညီအကိုနှစ်ယောက် အပြင်ကိုကြည့်မိသည်။
ဒုတိယဦးလေးကျန်းက ထိုင်နေရာမှထလိုက်ပြီး ကုတ်အင်္ကျီကိုဝတ်လိုက်ကာ”ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်။”
အကြီးဆုံး ဦးလေးကျန်း လမ်းမှာမိုးမိမှာစိုးရိမ်၍ ဝါးဦးထုပ်ယူသွားရန်ပြောသည်။
ဒုတိယဦးလေးကျန်းကလည်း ယူပြီး မကြည့်ဘဲလက်မောင်းထဲသို့ ညှပ်လိုက်သည်။ ထိုအခါ ဒုတိယဦးလေးကို အကိုကြီးကျန်းရဲ့စေတနာကိုပေါ့ပျက်ပျက်လုပ်သောကြောင့် ဒုတိယအဒေါ်က စိတ်ဆိုး၍ အော်ငေါက်လိုက်သည်။
ကျန်းဆွေ့လန်က သူမ၏ယောင်းမကို”ဒုတိယ ယောင်းမလေး ၊ဘာမှမဖြစ်ဘူးနော်။ အကိုအကြီးဆုံးက မောင်နှမတွေကို ငါတို့ငယ်ငယ်ထဲက စောင့်ရှောက်လာတာ။ဒုတိယအကိုရဲ့ဒေါသက ငါတို့မခန့်မှန်းနိုင်ဘူး။ အဲ့တော့မပြောတာပိုကောင်းမယ်” ဟုပြောသည်။
ဘာမှမပြောတာ ပိုကောင်းသည်။
ထိုသို့ပြောလိုက်သည့်အခါ တစ်မိသားစုလုံးရယ်ခဲ့ကြသည်။
ဒုတိယဦးလေးကျန်းကတော့ ပို၍ပင်ပြုံးနေသည်။ သူသည်ဝါးဦးထုပ်ကိုဆောင်းလိုက်ပြီး သွားဖို့ပြင်ခဲ့သည်။
ထိုအချိန် ကောင်စုတ်လေး ကုရှီတုန်းက အော်ဟစ်ရင်းအမောတကြီး ပြေးလာခဲ့သည်။ “ဦးလေး၊ ဒုတိယဦးလေး ကျွန်တော့ အစ်ကိုတောင်အနောက်ဘက်မှာ တောဝက်သတ်လို့သေပြီ။”
ဘာဖြစ်တယ်!!
ကျန်းဆွေ့လန်၏ လက်များတုန်ယင်သွားပြီး သူမလက်ထဲတွင်ကိုင်ထားသောဟာနှင့် ကုမန်ဆန်ကိုပင် ထိခိုက်သွားမလို ဖြစ်သွားခဲ့သည်။