← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

ကောင်တီပြည်သူ့လုံခြုံရေးဌာနမှာ အလုပ်ဆင်းပြီဖြစ်ကာ လုယက်သည့်အမှုမှာလည်း ဖြေရှင်းပြီးလေပြီ။ပြည်သူ့လုံခြုံရေးဌာနမှ လူငယ်များမှာဘပျော်လွန်းရ နိုင်ငံတော်ပိုင် ဟိုတယ်သို့သွား၍ ပျော်ပွဲလုပ်ရန်သွားကြသည်။ ကျန်သည့်သူများမှာ အိမ်ပြန်သွားကြသည်။မော်ကွန်းတိုက်မှ အမျိုးသမီးငယ်လေး ၁ ဦးနှင့် ရဲအရာရှိလေး ၂ ဦးမှာတော့ တာဝန်နှင့်ကျန်ခဲ့ကြသည်။

မိန်းမငယ်လေးမှာ ခုမှအလုပ်သို့ ရောက်လာလေသည်။သူမ၏ မိဘ ၂ ပါးလုံးမှာ ပြည်သူ့လုံခြုံရေးစနစ်တွင် အလုပ်လုပ်ကြလေသည်။ သူမ နည်းပညာကျောင်းမှဘွဲ့ရတော့ သူမမိဘများက သူမကို ကောင်တီပြည်သူ့လုံခြုံရေးဌာနတွင် အလုပ်ဝင်ရန် စီစဉ်ပေးလေသည်။များသောအားဖြင့် သူမ မော်ကွန်းတိုက်တွင် စာရွက်စာတမ်းများကို အမျိုးအစားခွဲပြီး အစီရင်ခံစားများရေးရလေသည်။ အလွန်ပင်သက်တောင့်သက်သာရှိလှသည်။

ရဲအရာရှိအသစ်များသည် ၆ နာရီအထိ အလှည့်ကျဂျူတီစောင့်ရလေသည်။ ထိုသည်မှာ ကောင်တီပြည်သူ့လုံခြုံရေးဌာန၏ စည်းမျဉ်းဟောင်းတစ်ခုဖြစ်ပြီး မည်သူမျှ ချွင်းချက်မရှိပေ။

ဒီနေ့ဖြစ်ခဲ့သော လင်းတာ့ကော်ကြောင့်ဖြစ်သည့် ရှက်စရာကိစ္စအပြင် လီအိုင်ဖုန်းနှင့်လောင်ပိုင်ဟွားတို့မှာလည်း အချုပ်ခန်းထဲတွင် တစ်ယောက်ယောက်နှင့်တစ်ယောက် ဆူဆဲနေကာ ညစ်ပတ်သောစကားလုံးများနှင့် ဆက်တိုက်ရန်ဖြစ်နေကြသည်။

မိန်းမငယ်လေးမှာ ကောင်းမွန်သင့်မြတ်သောမိသားစုတွင် ကြီးပြင်းလာခဲ့ပြီး မြို့ကြီးပြကြီးတွင်သာ နေထိုင်လာခဲ့လေသည်။ သူမ အရင်က ထိုကဲ့သောညစ်ညမ်းသောစကားလုံးများကို မကြားဖူးကာ လင်းတာ့ကော်နှင့်သူ့မိသားစုအပေါ်တွင် အထင်အမြင်သေးပြီး ဤရောက်လာသော လူများအပေါ်တွင်လည်း မကောင်းသောအမြင်ရှိလေသည်။ လင်းဟုန်နသည်လည်း ကြည့်ကောင်းမနေပေ။

လင်းတာ့ကော်နှင့် သမီးဖြစ်သူတို့မှာ ကံကောင်းသည်ဟု ဆိုနိုင်လေသည်။ သမီးဖြစ်သူခိုးစားတာကို လူမိပြီးမကြာမီမှာပင် အဖေဖြစ်သူကလည်း အားကျမခံနောက်မှလိုက်လေသည်။ ဤရက်များတွင် လူ့စည်းကမ်းချိုးဖောက်သောကိစ္စများ များပြားနေပြီး ပြည်သူ့လုံခြုံရေးကောင်စီကို ရုန့်ရင်းဆန်ခတ် ဖြစ်သွားစေလေသည်။

လင်းမိသားစုတွင် မိသားစုဝင် ၄ ဦးရှိပြီး လူကြီး ၂ ဦးမှာပြဿနာတက်နေကြသည်။ လင်းဟုန်ဝူမှာ သူ့ယောက္ခမမိသားစုကို ကျေနပ်အောင်ကြိုးစားရင်းအလုပ်ရှုပ်နေသည်။ သူ့မိဘများတွင် တစ်ခုခုဖြစ်သောအခါ သူလက်လွှတ်မပေးတော့ပေ။

လင်းဟုန်နမှာ သူ့မိဘများကို အလွန်ပင်စက်ဆုပ်နေသော်လည်း အရင်ကဖြစ်ခဲ့သည့်ဟာကြောင့် ရှေ့ထွက်ရဦးပေမည်။ စွင်းကျားလျန်က သူမကို စိတ်မရှည်တော့ကာ စွင်းမိသားစုမှ မိန်းမကြီးကလည်း သူမအားအစတည်းကကြည့်မရပေ။ ယနေ့ကိစ္စကိုသာ သိသွားလျှင် သူမတော့ သွားပေပြီ။

ကောင်တီပြည်သူ့လုံခြုံရေးဌာန၏ ဂျူတီခန်းတွင် ဥက္ကဌနှင့် အနီရောင်စာတန်းတို့က ဆေးဖြူဖြူသုတ်ထားသောနံရံပေါ်တွင် ရှိနေလေသည်။ တာဝန်ကျနေသောမိန်းမငယ်လေးမှာ ခုံစောင်းနောက်တွင်ထိုင်နေသည်။ သူမ တံခါးမှဝင်လာသော ခြေသံများကို ကြားပြီး သူမမျက်ခွံများကို တစ်ခဏလောက် လှုပ်ရှားမလာပေ။

လင်းဟုန်နမှာ သူမအလုပ်ရှုပ်နေသည်ဟုသာ ထင်ကာ ဖော်ရွေပြီး သင့်တော်သည်ဟု ထင်ရသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ သူမလက်ဆန့်တန်းပြီး မိန်းမငယ်လေးကို ပြုံးပြလိုက်သည်။ "ဟယ်လို ရဲဘော် ကျွန်မကလင်းတာ့ကော်ရဲ့မိသားစုဝင်ပါ။ ဒီကိုလာတာက….."

မိန်းမငယ်လေး၏ မျက်နှာထားမှာ အေးစက်နေပြီး သူမနှာခေါင်းမှ ဟင်း ဟူ၍ နှာမှုတ်လိုက်သည်။ သူမစာရွက်ပုံထဲမှာ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး တိုက်ရိုက်ပင်ဖြတ်ပြောလိုက်သည်။

"လင်းတာ့ကော်နဲ့ လီအိုက်ဖုန်းတို့က လူစုဝေးစေပြီး ဒုက္ခရောက်အောင် လုပ်ပြီးတော့ ဥပဒေကို မထီမဲ့မြင်ပြုတယ်။ လူ့ကျင့်ဝတ် ပျက်ပြားတာကတော့ ပြစ်မှုမမြောက်ပါဘူး။ ဥပဒေအရ ၈ ယွမ်ဒဏ်ငွေဆောင်ရပါမယ်။ ဒဏ်ကြေးပေးမယ်ဆိုရင် ဒီမှာလက်‌‌ဗွေနှိပ်ပါ"

ရန်ဖြစ်တာလေးကို ၈ ယွမ်တောင် ဒဏ်ငွေဆောင်ရတယ်။ သူမရဲ့တစ်လစာ လခက ၁၅ ယွမ်တည်း!

လင်းဟုန်နတစ်ယောက် သူမ၏လခများ တစ်ခါတည်းကုန်သွားတော့ အင်မတန်ပင် စိတ်ဆင်းရဲသွားတော့သည်။

ဘယ်လောက်ပင် စိတ်ဆင်းရဲနေပါစေ အထင်သေးခံရသည့်လှောင်ပြောင်မှုကိုတော့ ကျော်မသွားနိုင်ပေ။

လင်းဟုန်နစက်ဆုပ်စွာဖြင့် သူမလက်ကို ပြန်ရုတ်လိုက်သည်။ အံကြိတ်ကာ ၈ ယွမ်ကို သူမအိတ်ထဲမှထုတ်ကာ ရေပင်မရေပဲ စားပွဲပေါ်ရိုက်ချလိုက်သည်။

တာဝန်ကျနေသော မိန်းမငယ်လေးမှာ သူမထက်ပင်ပိုကာ မောက်မာလေသည်။ သူမမျက်မှောင်ကျုံ့လိုက်ပြီး ဗြုန်းစားပြောလာလေသည်။ "ဘာလို့ဆင့်တန်တွေအများကြီး ဖြစ်နေရတာလဲ။ ရေရတာ အလုပ်ရှုပ်တယ်။ပိုက်ဆံမရှိပဲနဲ့ ပြဿနာရှာနေသေးတယ်ဆိုရင် ဦးနှောက်ကိုမြည်းအကန်ခံရလို့ပဲ ဖြစ်လိမ့်မယ်"

လင်းဟုန်နမှာ ဒေါသထွက်လွန်းပြီး သွားများပင်ကျိုးတော့မလိုပင်။

လောင်ပိုင်ဟွား၏ မိသားစုမှာ မြို့ထဲတွင်ရှိကြလေသည်။ သူမ၏ယောက္ခမမိသားစုတို့ ထိုသတင်းကိုကြားသည်နှင့် ထိုကိစ္စက အရှက်တကွဲဖြစ်မည်စိုးသောကြောင့် မြန်နိုင်သမျှမြန်မြန်လာကြပြီး ဒဏ်ငွေဆောင်ကာ သူမကိုခေါ်သွားကြသည်။

လီအိုက်ဖုန်းမှာ သူမဒေါသကို ပုံချစရာလူမရှိသောကြောင့် သံတိုင်ကိုဆွဲကာ လင်းတာ့ကော်အား ဆဲရေးနေတော့သည်။

အချုပ်ခန်းမှသံတံခါးပွင့်သည်နှင့် လီအိုက်ဖုန်းမှာ ကျွဲရိုင်းတစ်ကောင်ကဲ့သို့ လင်းတာ့ကော်နောက် တစ်လမ်းလုံးလိုက်တော့သည်။

လင်းတာ့ကော်၏ မျက်နှာမှာ ကုတ်ခြစ်ရာများနှင့်ဖုံးလွှမ်းနေကာ အစွမ်းကုန်ပြေးတော့သည်။

အမျိုးသမီးတစ်ယောက်ဖြစ်သည့် လီအိုက်ဖုန်းမှာ အမျိုးသားတစ်ယောက်အား ကျော်အောင်မပြေးနိုင်ပေ။ သူမ လင်းတာ့ကော်အား ဖမ်းလို့မမိပေ။ သူမမြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး ငိုယိုကာဆဲနေလေသည်။ "အိုး ဟုန်န။ အမေ့ကို ကယ်ဖို့ဒီရောက်လာတာပဲ။မင်းအဖေ သောက်ကောင်စုတ်က အပြင်မှာ ခွေးမကိုရှာသေးတယ်။ အသိတရားကိုမရှိဘူး"

သူမက ပြည်သူ့လုံခြုံရေးကောင်စီမှာ တောဖက်တွင်ရှိကာ သူမ လုပ်ချင်သလို လုပ်လို့ရသည်ဟုပြောနေပြီး လင်းဟုန်နလည်း တားလို့မရပေ။

အေးသွားရန်နားနေခန်းသို့ ခဏပြန်လာသည့် ရဲသားလေးမှာ ဒေါသထွက်သွားတော့သည်။ "ဘာလုပ်နေတာလဲ။ ဒါပြည်သူ့လုံခြုံရေးဌာနပဲ။ အပြင်ကိုရောက်သွားတာနဲ့ပြဿနာရှာပြန်ပြီ။ နောက်တစ်ခါပြဿနာထပ်ရှာလို့ကတော့ ထောင်ထဲဝင်ရမယ်"

လီအိုက်ဖုန်းမှာ လည်လိမ်ခံလိုက်ရသောကြက်ကဲ့သို့ အသံတစ်သံမှ မထွက်တော့ပေ။

လင်းဟုန်န နှစ်သိမ့်လိုက်ပြီး မတ်တပ်မရပ်နိုင်သောလီအိုက်ဖုန်းအား သွားရန်ကူညီလိုက်သည်။

သူမပြည်သူ့လုံခြုံရေးဌာနမှပြန်သည်နှင့် ခုလေးတင်သေချင်ယောင်ဆောင်နေခဲ့သော လီအိုက်ဖုန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည်။ သူမမျက်နှာကို ငုံ့ကာ ဖိနပ်တွင်ပေနေသည်များကို သုတ်လိုက်ပြီး "ဟုန်ဝူဘယ်မလဲ။ သူဘာလို့ အိမ်ပြန်မလာသေးတာလဲ"

လင်းဟုန်နမျက်မှောက်ကျုံ့လိုက်ကာ နှစ်လှမ်းဆုတ်လိုက်သည်။ "သမီး သူ့ကို ဆက်သွယ်လို့မရဘူး"

"ဟုန်ဝူက အလုပ်များတယ်။ သူကအလားအလာရှိတဲ့ကောင်လေး။ အနာဂတ်မှာ သူကကြီးကြီးမားမားဖြစ်လာမှာ။ သူ မလာရင်လည်း မလာတာပဲပေါ့"

လီအိုက်ဖုန်းမှာ သူမသားအကြောင်းကို အမွှန်းတင်နေတော့သည်။

လင်းဟုန်န ထိုသည်ကို ကြားသောအခါ သူမ မငြင်းပေ။သူမ စိတ်ထဲတွင်သာ နှာခေါင်းရှုံ့လိုက်သည်။

လင်းဟုန်ဝူမှာ ဘာမှသုံးစားမရသည့်ကောင်ဖြစ်သော်လည်း လီအိုက်ဖုန်းကတော့ သူ့အား ရတနာတစ်ခုသဖွယ် မှတ်ယူထားလေသည်။

လီအိုက်ဖုန်းမှာ အရေမရအဖတ်မရတွေ ဆက်ပြောနေပြီး လင်းဟုန်နအား စွင်းကျားလျန်ကို မြန်နိုင်သမျှမြန်မြန်အမိဖမ်းကာ ထိုသည်ကိုအသုံးချပြီး သူမအစ်ကိုကြီးအား ကူညီနိုင်ရန်ပြောလေသည်။

လင်းဟုန်န ထိုသည်ကိုကြားတော့ စိတ်တိုသွားပြီး စိတ်မရှည်စွာပြောလိုက်သည်။ "ကောင်းပါပြီ အမေရယ်။ကျေးဇူးပြုပြီး တပူပူ တကျီကျီလုပ်နေတာတော်ပါတော့။ သမီးလည်း ကိုယ့်ကိစ္စကိုယ် သိပါတယ်"

သူမ ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားတော့သည်။

လီအိုက်ဖုန်းမှာ ခုန်ပေါက်ကာ သူမ နောက်သို့လိုက်တော့သည်။ "သောက်ကောင်မလေးက အမေကိုမုန်းနေတယ်။ နင်က ငါ့ဗိုက်ထဲက ထွက်လာတာပါ။ ငါပြောတာနားမထောင်ရင် ဘယ်သူပြောတာ နားထောင်မလို့လဲ။ နင့်အစ်ကိုရဲ့အလုပ်က ဘယ်လိုမလို့လဲ။ သူ့ကိုခုထိကောင်းကောင်းမွန်မွန် အလုပ်လေးကို ပြောင်းမပေးရသေးဘူး..."

*

သြဂုတ်လနွေရာသီတွင် အဖြူရောင်နံရံများနှင့်အနက်ရောင်အုတ်ကြွပ်များရှိသော ခြံဝန်းပေါ်သို့ နေရောင်မှာတောက်ပစွာ ဖြာကျနေလေသည်။ အဝေးမှကြည့်လျှင် ပန်းချီကားတစ်ချပ်သဖွယ် လှပလှပေသည်။

အိမ်အပြန်လမ်းတွင် လင်းယောင်မှာ သူမကိုလိုက်ရှာနေသောကုရှီတုန်းနှင့် တွေ့ပြီး အတူပြန်လာခဲ့ကြသည်။

ကုရှီတုန်းမှာ လင်းယောင်အား အမှန်တကယ်ပင်ဆွေမျိုးတစ်ယောက်ကဲ့သို့ သဘောထားလေသည်။ သူတို့ ၂ ယောက်မှာ စိတ်တူကိုယ်တူရှိကာ သူ့မရီးမှာ သူ့ကစားဖက်တစ်ယောက်နှယ်ပင်။

ကျန်းဆွေ့လန်မှာ ပိန်းဥတစ်ခြင်းဝယ်လာပြီး ခြံထဲတွင် ပိန်းဥများကို ရေဆေးနေလေသည်။ သူမ လင်းယောင်ပြန်လာသည်ကို တွေ့တော့ ပြုံးကာပြောလာသည်။ "ယောင်ယောင် ဝယ်လာတဲ့မွှေးနေတာလေးက ဘာပါလိမ့်။ စံပယ်ပန်း ကောင်းလိုက်တာ။ အိမ်ထဲမှာထားရင် မွှေးပျံံ့နေမှာပဲ။ သူ့ကိုနေလှန်းပြီး ရေထဲမှာ စိမ်သောက်ရင်လည်းကောင်းတယ်။"

လင်းယောင် အားအင်ပြည့်ဝသွားကာ စိတ်ဝင်တစားနှင့်ခုံလေးတစ်ခုကို ယူလာပြိး လတ်ဆတ်သောစံပယ်ပန်းများကို သေချာရွေးထုတ်ကာ သူတို့ကိုလက်ဖက်ရည်မွှေးလုပ်ရန် ခြံထဲတွင်ထားထားလေသည်။

ကုရှီတုန်း လာကူညီလေသည်။

တစ်ခဏအကြာတွင် ကန်တင်းသို့ အစားအစာသွားယူသော ကုမန်ဆန်တစ်ယောက် အိမ်သို့ပျော်ရွှင်စွာပြန်လာလေသည်။

ကောင်စုတ်လေးမှာ လျင်မြန်စွာလာပြီးမေးလိုက်သည်။ "အဖေ ကန်တင်းမှာ ဒီနေ့စားစရာ ဘာကောင်းကောင်းရှိလဲ"

ကုမန်ဆန် အိတ်ထဲမှထမင်းဘူးအားဖွင့်လိုက်တော့ ခရမ်းသီးနှင့် ကျောက်ဖရုံသီးနှပ်၊ ကန်စွန်းဥဝေါ်ထို့နှင့် အသီးအရွက်ဆန်ပြုတ်တို့ ဖြစ်သည်။

ကုရှီတုန်းထိုသည်ကိုမြင်သောအခါ မပျော်မရွှင်ဖြစ်သွားပြီးအော်လိုက်သည်။ "ဘာလို့ထပ်ပြီးအသီးအရွက်ဆန်ပြုတ်ပဲလဲ။ ပုစွန်တို့ အသားတို့လည်းမပါဘူး။ မရီး ဒါရိုက်တာကောက ညာနေတာပဲ"

ကျွန်တော်တို့ ကန်တင်းမှာ နေ့တိုင်းအသားနဲ့ပေါက်စီတွေစားရမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။

လင်းယောင် ထိုကောင်စုတ်လေးကိုဆွဲလိုက်ပြီး အပြင်က လူတွေကြားမည်စိုးသောကြောင့် အသံတိုးရန်ပြောလိုက်သည်။ သူကန်တင်းကို မကျေနပ်ဘူးဟုလည်းပြောနေသေးသည်။

ကုရှီတုန်းက ခပ်တိုးတိုးပြောလေသည်။ "ကျွန်တော်ကအမှန်ကိုပြောနေတာပဲကို။ ဘာလို့ အမှန်ကိုပြောလို့မရရမှာလဲ"

လင်းယောင် ထိုဆိုးသွမ်းသည့် ကောင်လေးအား မျက်လုံးလှန်ပြလိုက်တော့သည်။

အမှန်အတိုင်းပြောလို့မရဘူး ကောင်စုတ်လေးရဲ့။သိရဲ့လား။

ကောင်စုတ်လေးက ဆက်ပြီးပြောချင်သေးသော်လည်း ကျန်းဆွေ့လန်က ဒေါသထွက်ကာ ပြောတော့သည်။ "ကောင်စုတ်လေးက စားစရာရှိနေတာတောင် ပါးစပ်ပေါက်ကို ပိတ်မထားနိုင်ဘူး။ အသီးအရွက်ကလည်းကောင်းတာပဲကို နင်က ဘာတွေစားချင်နေတာလဲ။ နင်စားချင်တယ်ဆိုရင် ကိုယ့်ဘာသာရှာစားလေ။အစိုးရက မင်းကို ဘာမှအကြွေးတင်နေတာမဟုတ်ဘူး။မင်းကို စားစရာသောက်စရာ ပေးဖို့ကို မကောင်းဘူး"

ကောင်စုတ်လေးမှာ ပါးစပ်ကို ပိတ်ကာပြေးသွားတော့သည်။

တကယ်တော့ ကျန်းဆွေ့လန် ပြောတာကိစ္စမရှိပေ။

အခုအချိန်တွင် မြောက်ပိုင်း၌ဘရေကြီးနေပြီး ဘေးဒုက္ခသက်သာစေရန် တောင်ပိုင်းမှ စားစရာများကိုမြောက်ပိုင်းသို့ ပို့ဆောင်ပေးရသည်။ ထိုသို့လုပ်သည့်ကြားကပင် မြောက်ပိုင်းမှ ကန်တင်းများမှာ ဆက်ပြီးမလည်ပတ်နိုင်တော့ကာ မိသားစုတစ်ခုစီတိုင်းကသာ လူတစ်ယောက်စီကို ကြည့်ရှုစောင့်ရှောက်နေရသည်။

ယွင်ရွှေကောင်တီမှာ အတော်လေးကောင်းမွန်ကာ လူများကိုဆက်ပြီး ကျွေးမွေးထားလေသည်။ အစိုးရမှာ အစွမ်းကုန်ကြိုးစားထားပေသည်။

ကုရှီတုန်းမှာ သူ့ဘာသာပိုက်ဆံရှာချင်လေသည်။ သူကျောင်းသို့မသွားရလျှင် အလွန်ပင်ကောင်းပေမည်။ ဒါပေမယ့် …

ကောင်လေးမှာ သူ၏ ၁.၃ မီတာရှိသောအရပ်ပုပုလေးနှင့် ခြေထောက်တိုတိုလေး ၂ ချောင်းကိုကြည့်ကာ စိတ်ဓါတ်ကျသွားတော့သည်။

သူဘယ်တော့များမှ ကြီးပြင်းလာမှာလဲ။ သူသာအသက်ကြီးလာရင် ဘာမှစိတ်ပူစရာမရှိတော့ဘူး။

ကံကောင်းထောက်မစွာနှင့် ရုံးမှအပြန်တွင် ကုရှီအန်းမှာနိုင်ငံတော်ပိုင် စားသောက်ဆိုင်သို့ သွားကာ ဟင်း ၂ ပွဲမှာလိုက်သည်။ တစ်ပွဲမှာ အရသာ ၃ မျိုးနှင့်ဖြစ်ပြီး နောက်တစ်မျိုးမှာ သိုးသားစွပ်ပြုတ်နှင့် ဖြစ်လေသည်။

သိုးသားစွပ်ပြုတ်မှာ ဤရက်များတွင် အတော်သက်တောင့်သက်သာရှိလေသည်။ ထမင်းဘူးကြီးမှာ သိုးသားစွပ်ပြုတ်များနှင့် ပြည့်နေပြီး သိုးသားမှာတော့ထမင်းဘူး၏ တစ်ဝက်မျှသာ ရှိလေသည်။

လက်ထောက်ဒါရိုက်တာကု ထမင်းဘူးဖွင့်လိုက်သည်နှင့် ကုမိသားစုဝင်များ၏ မျက်လုံးများမှာ ကြည်လင်သွားကြသည်။

အရင်ရက်များတွင် ပေါက်စီများနှင့်အသီးအရွက်ပြုတ်များကိုသာ စားနေခဲ့ရသည်။ ဗိုက်ဆာသော်လည်း အစားအစာများမှာ စားလို့မကောင်းပေ။

အခုလေးတင် ဝက်သားနှပ် စားလိုက်သော်လည်း ဝက်သားတုံးများမှာ နည်းလေသည်။ မိသားစုတွင် လူ ၄ ၅ ယောက်ရှိပြီး တစ်ယောက်စီက ၂ တုံး ၃ တုံးမျှသာစားရလေသည်။ စားရတာစိတ်ကျေနပ်စရာ မကောင်းပေ။

သိုးသားစွပ်ပြုတ်နှင့်တော့ မတူပေ။ သူ့တွင်အသားတုံးများနှင့် ဟင်းရည်တို့ပါကာ အလွန်အရသာကောင်းလှသည်။

မိသားစုတစ်ယောက်စီက တစ်ပန်းကန်စားကြသည်။သိုးသားစွပ်ပြုတ်မှာ အနည်းငယ် ပူနေသော်လည်း ထူးခြားသည့်မွှေးရနံ့နှင့်စားလိုက်တော့ပါးစပ်ထဲတွင် လန်းဆန်းသွားစေလေသည်။

လင်းယောင်စားတော့ သူမ၏ပါးများမှာဖောင်းနေပြီး ဟမ်းစတားတစ်ကောင် အစာခိုးစားနေသကဲ့သို့ပင်။ ကုရှီအန်းမှာ သူ့နှုတ်ခမ်းထောင့်မှ အပြုံးကို ဖုံးကွယ်ဖို့ကြိုးစားနေလေသည်။ သူပြုံးတာ အရမ်းသိသာသွားပြီး ထိုမိန်းကလေး စိတ်အနှောင့်ယှက်ဖြစ်ကာ ရှက်ပြီးဒေါသထွက်သွားမှာ စိုးလေသည်။

လင်းယောင်မှာ ကုရှီအန်းပြုံးပြုံး မပြုံးပြုံး ဂရုမစိုက်ပေ။ သူမစားသောက်သည့် ကိစ္စတွင်သာ အာရုံစိုက်ထားလေသည်။

ကုမိသားစုမှာ ဤညတွင်ကောင်းကောင်းမွန်မွန်စားသောက်လိုက်ရသည်။

လင်းယောင်မှာ စကားပြောပြီး ကုချွင်မေအား အဒေါ်တာ့ဖုတို့အိမ်သို့ ယုန်လေးသွားကြည့်ရန်ခေါ်သော်လည်း ကုချွင်မေမှာ မအားပေ။ သူမ ကွေ့ဟွားဟူးထုန်သို့ သွားပြီး အစ်ကိုကြီးထို့ထို့နှင့် တွေ့ချင်လေသည်။

အစ်မချွင်မေမှာ မအားသောကြောင့် လင်းယောင်မှာ ကုရှီအန်းနှင့်သာ ယုန်ကလေးများကို သွားကြည့်လိုက်ရလေသည်။

အဒေါ်တာ့ဖုမွေးထားသော ယုန်ကလေးများမှာ ဝဖြိုး၊နူးညံ့ကာ ချစ်စရာကောင်းလှသည်။ လင်းယောင်သူတို့အားစိတ်အားထက်သန်စွာ စိုက်ကြည့်နေပြီး ထွက်မသွားနိုင်ပေ။

ယုန်မလေးတစ်ကောင်၏ ဗိုက်မှာအကြီးကြီး ဖြစ်နေပြီး ယုန်ကလေးများ ရှိနေသည့်ပုံပင်။

လင်းယောင်မှာ မကိုင်ရဲသောကြောင့် ကုရှီအန်းက လက်လှမ်းပြီးကိုင်လိုက်သည်။ "သူက ၃ ၄ ပတ်လောက်ရှိပြီ။ မကြာခင်သားပေါက်တော့မယ်။ များသောအားဖြင့် ယုန်အမလေးတွေက ၅ ပတ် ၆ ပတ်လောက်မှာသားပေါက်တာ"

လင်းယောင် - "ရှင်က ယုန်မွေးဖူးတယ်လား"

သူက သေသေချာချာကြီးကို သိနေသည်လေ။

ကုရှီအန်း ပြုံးလိုက်ပြီးပြောသည်။ "ကိုယ်ငယ်ငယ်တုန်းက ရွာဖက်ကို အဖွားနဲ့လိုက်သွားပြီး ခဏလောက်ယုန်လေးတွေမွေးလိုက်သေးတယ်။ မင်းက ယုန်လေးတွေချစ်တာပဲ။ တစ်ကောင်လောက်ဝယ်ပြီး အိမ်မှာ မွေးထားလိုက်လေ"

လင်းယောင်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားတော့သည်။ "တကယ်။ ကျွန်မ ယုန်မကြီးတစ်ကောင်လိုချင်တယ်။ အဲ့ဒါဆို သူသားပေါက်ရင် ယုန်သားတွေစားလို့ရတယ်"

သည်လိုဆိုလျှင် ယုန်သားအစပ်ချက်နှင့် ယုန်သားပေါင်းများစားနိုင်လေသည်။

ဝါးများနှင့် ယုန်လှောင်အိမ်လေးလုပ်ပေးတာ့မည့် ကုရှီအန်း - “…”

*

အဆုံးတွင်တော့ လက်ထောက်ဒါရိုက်တာကုမှာ ဘာမျှမပြောပဲ ယုန်လှောင်အိမ်လေး လုပ်တော့သည်။

ကုရှီတုန်းမှာ လျှောက်သွားနေပြီး ပြဿနာရှာနေလေသည်။ ကောင်စုတ်လေးမှာ ဝါးအချောင်းများကို ကိုင်ပြီး ရွှံ့လူးနေလေသည်။ သူ့လက်များမှာ ညစ်ပတ်နေပြီး မြင်တောင်မမြင်ရပေ။

လင်းယောင် ရေတစ်ဇလုံလောင်းချလိုက်ပြီး ဆပ်ပြာကိုယူလိုက်ကာ ကုရှီအန်းအား လာပြီး လက်ဆေးရန်ခေါ်လိုက်သည်။

ကုရှီတုန်းလည်းလာပြီး ပျော်ပါးနေချင်လေသည်။

လင်းယောင် သူ့ကိုရိုက်လိုက်သည်။ "ဒီကောင်စုတ်လေးက လက်ဆေးချင်နေတယ်။ ကိုယ့်ဘာသာရေသွားသယ်လေ"

ကုရှီတုန်းမှာ သူ့လက်များကို အုပ်ကာအော်လိုက်သည်။ "မရီး မရီးကမမျှတဘူး"

လင်းယောင် - "ငါကပိုပြီးမျက်နှာသာပေးတာပါ။ အဲ့တော့ဘာဖြစ်လဲ"

ထိုသို့ပြောပြီးနောက် လင်းယောင်ဇလုံကို ယူကာရေလောင်းချလိုက်သည်။

ကုရှီအန်းမှာ သူမမျက်နှာနှင့် ခြေလက်များဆေးနိုင်ရန်လုပ်ပေးသောသူဖြစ်ကာ အခုသူက ယုန်လှောင်အိမ်လုပ်ပေးနေပြန်သည်။

သူမပျော်ရွှင်နေသောအခါ ခါတိုင်းပျင်းနေပေမယ့် အခုတော့ လုံ့လဝီရိယရှိနေတော့သည်။

ညနေပိုင်းတွင်ညစာစားပြီးသောအခါ ကျန်းဆွေ့လန်မှာထိုင်လျက် ခြေထောက်ကိုနှစ်ကာ သက်ပြင်းချပြီးပြောလိုက်သည်။ "လူကြီး ရှင်အခုလေးတင် အပြင်မှာ ပြောခဲ့တာတွေက တကယ်လား တကယ်မဟုတ်ဘူးလား။ကျွန်မတို့ ယွင်ရွှေကောင်တီမှာရော ကပ်ဘေးဖြစ်လာမှာလား"

ကုမန်ဆန် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ "ပြောရမှာခက်တယ်။ အရင်တုန်းကလည်း ရေကြီးတာတွေ ဖြစ်ဖူးပေမယ့် အဲ့ဒါတွေက နှစ်ဝက်ကျော်ကြာတယ်"

သူတို့၂ ယောက်ဆွံ့အသွားကြကာ ကုမန်ဆန်မှာ သူ့ခြေထောက်ကို ဆေးရန် ထွက်သွားတော့သည်။

ကျန်းဆွေ့လန် သူမခြေထောက်ကို ခြေသုတ်ဝတ်နှင့်သုတ်လိုက်သည်။ ဖိနပ်များကိုစီးကာ အိမ်ထဲတွင်ခြင်များကို လိုက်ရိုက်နေတော့သည်။

ဘေးခန်းမှအခန်းလေးထဲတွင်တော့ ကုရှီတုန်းမှာ သူ့အစ်ကိုကြီးကို အခန်းထဲတွင် ကျန်သည့်စစ်တပ်မှ စာအုပ်များအား အရှေ့ဆောင်သို့ပြောင်းရန်တောင်းဆိုကာ အော်နေတော့သည်။

ကျန်းဆွေ့လန်မှာ တစ်ခဏမျှကြောင်သွားပြီး ထို့နောက်တွင်တော့ သူမပျော်ရွှင်သွားတော့သည်။ ဟယ် ဘယ်တုန်းက အန်းဇီနဲ့ယောင်ယောင်တို့က အတူတူနေကြတာလဲ။

ကျန်းဆွေ့လန်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ကုမန်ဆန်ပြန်လာသောအခါ ထိုစုံတွဲမှာအကြာကြီးတီးတိုးပြောနေကြပြီး အရှေ့ဆောင်ဖက်လှည့်ကာ ၂ ယောက်သားပြုံးလိုက်ကြသည်။

သူတို့ကုမိသားစုတွင် ကလေးလေးတစ်ယောက်ရပေတော့မည်။

လင်းယောင်မှာ ထိုစုံတွဲဘာတွေးနေသည်ကို မသိပေ။သူမ မနက်ဖြန် ယုန်မလေးတစ်ကောင် ဝယ်ပေးနိုင်သည်ဟုတွေးလိုက်သည်။ သူမ ပျော်ရွှင်စွာရေချိုး၊အဝတ်လျှော်ကာ သီချင်းလေးတညီးညီးနှင့် အိမ်ထဲပြန်ဝင်လာတော့သည်။

သူမရေချိုးလိုက်ကာ ကုရှီအန်းကလည်း ရေချိုးရန်သွားလေသည်။

လင်းယောင် သူမဆံပင်ကိုနေထဲတွင် အခြောက်လှန်းကာ သူမအိပ်ယာထဲတွင် ခေါင်းအုံးလေးနှင့် လှဲနေပြီး ခေါင်းပေါ်မှ ခပ်ကျဲကျဲခြင်ထောင်ကို ကြည့်လိုက်သည်။သူမဒီညတွင် ကောင်းကောင်းအိပ်ပြီး မနက်ဖြန်တွင်လက်ထပ်မှတ်ပုံတင်ယူပြီး ယုန်ဝယ်ရန် အားအင်ပြည့်ဝနေမည်ဆိုပြီး တိတ်တဆိတ် ပျော်ရွှင်နေလေသည်။

မမျှော်လင့်ထားစွာပင် တစ်စုံတစ်ယောက် ပြန်လာသည်နှင့် သူမကိုသူ့လက်မောင်းများထဲသို့ ပွေ့ချီကာ မှောက်လျက်လှန်လိုက်ပြီး အပေါ်မှဖိထားလေတော့သည်။

လင်းယောင် - “…”

All Chapters