← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

မိုးကြိုးပစ်ခံလိုက်ရသလိုပင် ဝမ်ရှန်းဆိုင်၏ ဇနီးက ငိုယိုပြဿနာရှာကာ  ကိုယ့်ကိုယ်ကို ကြိုးဆွဲချတာမျိုးတွေ ပြုမူခဲ့သည်။ သူမက ဆပ်ပြာစက်ရုံထဲမှာပဲ နေခဲ့ပြီး ထွက်သွားဖို့ ငြင်းဆန်ခဲ့သည်။

 နောက်ဆုံးမှာ၊ စက်ရုံက လုံခြုံရေးအစောင့်တွေက သူမကို ဆွဲထုတ်ခဲ့ကြသည်။

 ဆပ်ပြာစက်ရုံတံခါးဝမှာ ထိုင်ရင်း သူမက ငိုကြွေးနေပြန်သည်။ စက်ရုံခေါင်းဆောင်ရဲ့ မျက်ခုံးတွေ သိသိသာသာ မြင့်တက်သွားကာ လုံခြုံရေးအစောင့်တွေက စက်ရုံထဲမှာ မွေးထားတဲ့ခွေးကြီးကို လွှတ်ပေးလိုက်သည်။ ဝမ်ရှန်းဆိုင်၏ ဇနီးက အလွန်ကြောက်ရွံ့ပြီး ထကာ ထွက်ပြေးသွားသည်။

 လီကောယာက စက်ရုံထဲမှာ ဘာမှမလုပ်ရဲခဲ့ပေမယ့် အိမ်ကိုရောက်တဲ့အခါ ပန်းကန်ပြားတွေနဲ့ ပန်းကန်လုံးတွေကို ခွဲပစ်ခဲ့သည်။ သူ့သားအကြီးက ထမင်းချက်ဖို့ကန်တင်းကိုသွားပြီး သားအငယ်က အိမ်မှာ သန့်ရှင်းရေးလုပ်သည်။ အိမ်က ရေစည်ကို သန့်ရှင်းရေးလုပ်ပြီး ဝမ်ရှန်းဆိုင်ရေခပ်ဖို့ ပြန်အလာကို စောင့်သည်။

ဝမ်ရှန်းဆိုင်က အစပိုင်းမှာ သည်းခံနိုင်ခဲ့ပေမယ့် ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ ထပ်ပြီး သည်းမခံနိုင်‌တော့ပေ။ တစ်နေကုန် အလုပ်လုပ်ပြီးတဲ့နောက်မှာ သူက အလွန်ပင်ပန်းနေပြီး အိမ်ပြန်ရောက်‌သောအခါမှာလည်း ဘယ်မှ မသွားနိုင်တော့ပေ။ ညဘက် ဆီးသွားရတဲ့ ဝေဒနာကတောင် သူ့ကို စိတ်အနှောင့်အယှက်မပေးနိုင်တော့ပေ။

 တစ်အိမ်လုံးက သေးစော်နံနေသည်။

လီကောယာကတော့ စိတ်လှုပ်ရှားမှုအပြည့်နှင့် အခန်းထဲမှာ အိပ်ပျော်နေနိုင်သည်။

 ဝမ်ရှန်းဆိုင်မှာ အလွန်ပင် ဒေါသထွက်သွားပြီး လီကောယာကိုဆွဲကာ ရန်ဖြစ်‌တော့သည်။ သူက အသံကျယ်ပြီး လီကောယာက သူ့ထက်အသံပိုကျယ်နေတာကြောင့် သူ့ကို စိတ်ရှုပ်စေသည်။ လီကောယာက ‌ပြေးလာပြီး သူ့မျက်နှာတစ်ခုလုံးကို ကုတ်ခြစ်ခဲ့သည်။

 ဝမ်ရှန်းဆိုင်မှာ သူ့အမေထက် ပိုကောင်းတဲ့လူမရှိနိုင်တာကိုသိသွားပြီး သူ့အမေအိုကြီးရဲ့ ကြင်နာမှုတွေကို နောက်ဆုံးမှာ ပြန်သတိရလာခဲ့ကာ မစ်စ်ဝမ်ကို  ကျေးလက်ဒေသမှ ညတွင်းချင်း ပြန်‌ခေါ်လာခဲ့သည်။

 မစ်စ်ဝမ် ပြန်ရောက်လာတာနဲ့ တစ်ပြိုင်နက်၊ ခြံဝင်းထဲက ဘဝလေးက ပိုအသက်ဝင်လာခဲ့သည်။ ယောက္ခမနဲ့ ချွေးမတို့ ရန်ဖြစ်နေကြပြီးတော့ အိမ်မှာ တစ်နေ့လုံး တစ်ယောက်နှင့်တစ်ယောက် ဆူပူကြိမ်းမောင်းနေခဲ့ကြသည်။

မစ်စ်ဝမ်က ကျေးလက်ဒေသမှာ အလုပ်ကြိုးစားခဲ့တာကြောင့် ပိုပြီးသန်မာလာသည်။ လီကောယာ စကားအကောင်းမပြောပဲ အသက်ကြီးပြီး ဒေါသကြီးတဲ့ မိန်းမကြီးတစ်ယောက်‌ဆိုပြီး ယောက္ခမကြီးကို ဆူပူနေခဲ့သည်။ မစ်စ်ဝမ်က ရုတ်တရက် သူမကို ပါးရိုက်လိုက်သည်။

ဒီဖြစ်ရပ်အား ဘေးအိမ်က လျို့အာ့ဆွေ့သိသွားလေသည်။ သူမက အဝတ်အထည်နဲ့ အစားအသောက်မရှိပဲ ထိန်းသိမ်းရေးစခန်းမှာ နှစ်‌ရက်နေခဲ့ရသည်။ နောက်ဆုံး သူမ အိမ်ပြန်ရောက်တဲ့အခါ၊ သူမရဲ့ ယောင်္ကျားက သူမအပေါ် သနားညှာတာမှုမရှိရုံသာမက သူမအားအနာဂတ်တွင်ရိုးရိုးသားသားနေရန်၊ ကျန်းမိသာစုအား အရှက်ရအောင် မလုပ်ရန်ပြောလေသည်။

 လျို့အာ့ဆွေ့က တွန့်ဆုတ်နေခဲ့ပြီး ပြန်မချေပရဲခဲ့ပေ။

 လီကောယာမှာ ကံမကောင်းပေ။ လျို့အာ့ဆွေ့က ဖြတ်သွားရင်းကြားသွားပြီး အတင်းအဖျင်း‌များကို ခိုးနားထောင်နေခဲ့လေသည်။ သူမက စိတ်လှုပ်ရှားနေခဲ့ပြီး ဘာကြီးကြီးမားမားကိစ္စမှ မဟုတ်ပါ။ လီ‌ကောယာချို့တဲ့နေသမျှ သူမ ပျော်နေပေမည်။

ခြံဝင်းကြီး၏ အရှေ့ဘက် ခြံထဲက ကြက်တွေနဲ့ ခွေးတွေက အမြဲဆူညံလှုပ်ရှားနေသော်လည်း အနောက်ဘက်ခြံထဲက လင်းယောင်ရဲ့ အေးချမ်းနေတဲ့ဘဝလေး အပေါ်ကို ကြီးကြီးမားမား မသက်ရောက်စေခဲ့ပေ။

 မနက်စောစောမှာ နိုးလာတာလောက် ဘာမှအရေးမကြီး‌ပေ။

 ဒီနှစ် မိုးကောင်းကောင်းရတာကြောင့် ဟင်းသီးဟင်းရွက်ဘစိုက်ခင်းထဲက ပဲ၊ ပဲပိစပ်နဲ့ ခရမ်းသီးတွေ ရူးလောက်အောင် သီးပွင့်ကြသည်။ တစ်ခုပြီးတစ်ခု ရိတ်သိမ်းခူးဆွတ်ခဲ့ကြသည်။

ကောက်ပဲသီးနှံတွေ အရမ်းများနေလို့ ကျန်းဆွေ့လန်လဲ စိတ်ပူနေသည်။ အခုခေတ်မှာ အိမ်တိုင်းက ‌ကန်တင်းကြီးတွေမှာ စားကြသည်။ အိမ်စား ဟင်းသီးဟင်းရွက်တွေ အပါအဝင် များလှစွာသော ဟင်းသီးဟင်းရွက်တွေအား သူတို့ဆားစိမ်ထားကြသည်။ ဆောင်းတွင်းမှာ စားကြပြီး အိမ်နီးနားချင်းတွေ၊ ဆွေမျိုးတွေနဲ့လဲ မျှဝေစားကြသည်။ အရင်နှစ်တွေတုန်းကတော့ အဆင်ပြေပါသည်။

ဘာလို့ ဒီနှစ်မှာ အသီးတွေ ပိုကြာကြာသီးလာကြလဲ မသိ‌ပေ။တစ်မိသားစုလုံး မစားနိုင်ကြတော့လို့ အကုန်လုံး ခူးဆွတ်လိုက်ကြပြီး အချဉ်စိမ်ထားလိုက်ရတော့သည်။

 အလုပ်ဆင်းပြီး အားလပ်ချိန်ရတိုင်း ကျန်းဆွေ့လန်အား ကုမိသားစုက လူတွေအားလုံး ကူညီကြသည်။ ပြီးတော့ လင်းယောင်ကလည်း ချွင်းချက်မဟုတ်ပေ။

 ဆယ်နှစ်အရွယ် သုန်ဇီက အကူအညီတောင်းဖို့ လာခဲ့တော့ လင်းယောင်က ဆက်အိပ်ဖို့ အလွန်ရှက်သွားသည်။

 သူမက အရေထူပြီး အရှက်မရှိတဲ့လူ မဟုတ်ပေ။

 အပြင်မှာ အရမ်းပူတာကြောင့် မိသားစုက သူတို့ရဲ့လုပ်လက်စ အလုပ်တွေကို စင်္ကြံအောက်ကို ရွှေ့လိုက်ကြသည်။ ကုရှီတုန်းက ပဲတွေကို ခြင်းအပြည့်နဲ့ ယူလာပြီး သူ့ရဲ့ကျောပေါ်မှာ သယ်ထားခဲ့သည်။ သူပြေးလာပြီး သစ်သားဇလုံထဲကို လောင်းထည့်ခဲ့သည်။ ပြီးတော့ ခရမ်းသီးတွေခူးဖို့ ပြန်ပြေးသွားခဲ့ပြန်သည်။

 လင်းယောင်နဲ့ ကုချွင်မေက ပဲသီးနဲ့ ခရမ်းသီးတွေကို သစ်သားဇလုံအသေးထဲမှာ ထည့်ဆေးရင်း ခုံတန်းအသေးလေးတွေပေါ်မှာ ထိုင်နေခဲ့ကြသည်။

ကျန်းဆွေ့လန်က မီးဖိုချောင်သုံးဓားအကြီးတစ်ခုကိုယူကာ အသီးအရွက်တွေကို လှီးချွတ်နေခဲ့ပြီးတော့ နေလှမ်းရန် ဝါးခြင်းတောင်းထဲကို ထည့်ခဲ့သည်။

 ယောက္ခမနှင့်‌‌ ချွေးမဖြစ်သူတို့ အလုပ်လုပ်နေရင်း အိမ်မှုကိစ္စအကြောင်းတွေ ပြောနေကြသည်။ ကုချွင်မေရဲ့ မင်္ဂလာရက်မြတ်က မကြာခင် ရောက်လာတော့မည်။ လင်းယောင်က သူမ၏ လက်ချောင်းများဖြင့် ရေတွက်နေသည်။ ရက်သုံးဆယ်လောက်သာ လိုတော့သည်။

အစ်ကိုကြီးထို့ထို့ရဲ့ မိသားစုက အိမ်ကို စတင်ဆေးသုတ်နေကြပြီးတော့ ပရိဘောဂတွေ ပြင်ဆင်နေကြသည်။ ကုအိမ်မှာတော့၊ ကျန်းဆွေ့လန်ကလည်း သူမသမီးအတွက် ခန်းဝင်ပစ္စည်းကို တာဝန်ယူထားသည်။

ယနေ့ခေတ်တွင် မြို့ကြီးတွေက မိန်းကလေးကို လက်ထပ်ယူတာက ကျေးလက်ဒေသမှာနှင့် မတူ‌ပါပေ။ လုံးဝကိုမတူတာပါပင်။ ပစ္စည်းတွေ မရှိတာတောင်မှ၊ စည်းမျဉ်းစည်းကမ်းတွေရှိပါသည်။ သူတို့ရဲ့ သမီးတွေကိုသိပ်မချစ်တဲ့သူ‌တွေက ရေနွေးကရား၊ မျိုးရိုးစဉ်ဆက် ဆင်းသက်လာတဲ့ ရေပုံးနဲ့ အဝတ်အစားအသစ်တစ်စုံ ဝယ်ပေးကြသည်။ ဒီလောက်ပင်။

 သမီးကို ချစ်တဲ့သူတွေကတော့ ခန်းဝင်ပစ္စည်းတွေကို ပိုဂရုစိုက်ကြသည်။ ကုမိသားစုကို အတုယူသင့်သည်။ ကုချွင်မေ လက်ထပ်‌သောအခါ ကုမိသားစုက အဝတ်အစား တစ်သေတ္တာ၊ စောင်တစ်ထည်၊ အနီရောင် ခေါင်းအုံးစွပ်တစ်စုံ၊ ဓာတ်ဘူးတစ်လုံးနဲ့ သားသမီး၊ မြေးတွေအတွက် ရေပုံးတစ်ပုံး တို့ကို ဝယ်ပေးခဲ့သည်။ ပိုက်ဆံအပို ယွမ်သုံးဆယ်လောက်နှင့် ကျန်တာအားလုံးအိမ်မှာနေဖို့ အဆင်ပြေသည်။

 ဒီပစ္စည်းတွေက များတယ်မထင်ရသော်လည်း သူတို့ကိုဝယ်ဖို့ကတော့ ခေါင်းကိုက်စရာပင်။

 တစ်ခြားဟာတွေက လွယ်ပေမယ့်၊ စောင်နဲ့ ခေါင်းအုံးစွပ်တွေကတော့ လုပ်ရတာခက်သည်။ ကျန်းဆွေ့လန်ရဲ့လက်ထဲတွင် အဝတ်စအနည်းငယ်နှင့် ဂွမ်းစတွေသာရှိသည်။ စောင်တစ်ထည်က အနည်းဆုံး အဝတ်စ ပေအတော်များများ လိုအပ်ပါသည်။ တစ်ခြားအရောင်တွေကလဲ အလုပ်ဖြစ်မည် မဟုတ်ပါ။ လက်ထပ်တော့မယ့် သမီးလေးအတွက် အကောင်းဆုံးအရောင်တွေကသာ အကောင်းဆုံးဖြစ်သည်။

 ကျန်းဆွေ့လန်က ပေါင်းချုပ်ဖို့လုပ်ပေးမယ့်လဲ အဝတ်စတစ်ခုလုံးကိုတော့ မရနိုင်ပေ။ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ သူမ ထင်နေခဲ့သည်။ စောင်ပေါ်မှာ အကွက်နှစ်ခု ထားလိုက်ရင်ရော ဘယ်လိုလဲ။

 ဒီစကားကိုကြားပြီးတဲ့နောက်မှာ ကုမန်ဆန်က ခေါင်းယမ်းလိုက်သည်။ ချွင်မေက ဒီမိသားစုရဲ့ တစ်ဦးတည်းသော မိန်းကလေးဖြစ်သည်။ ဒါ့အပြင် ရွှီမိသားစုကလဲ သူမကို ယွမ်းခြောက်ဆယ် လက်ဖွဲ့ထားသည်။ သူမ မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာစောင်ပေါ်မှာ အ‌ကွက်နှစ်ခုနဲ့ဆိုရင်လဲ မကောင်းလောက်ပေ။

 ကျန်းဆွေ့လန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောခဲ့သည်။ " ဘာလို့ အဲ့လိုမလုပ်တာလဲ။ ကျွန်မ ရှင့်ကို လက်ထပ်ခဲ့တုန်းကဆို ကျွန်မ ဘာလုပ်ခဲ့လဲ။ မြည်းလှည်းစီးပြီး သားမွေးအနွေးထည်နဲ့ အဝတ်အစားတွေဝတ်ပြီး ရှင့်ကို လက်ထပ်ခဲ့တာ။ "

ကုမန်ဆန် - " မင်းဘာလုပ်နေတာလဲ။ အဲ့‌ခေတ်တုန်းက အဲ့လိုပဲ။ အခုတော့ ခေတ်ကပြောင်းလဲနေပြီလေ။ "

ကျန်းဆွေ့လန်က သက်ပြင်းချလိုက်ပြီး၊ ဒီကိစ္စနဲ့ပတ်သက်လို့ သူမ ဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့ အမှန်တရားကို သူမသိနေခဲ့သည်။

 လင်းယောင်က အိမ်ပြန်သွားဟန်ဆောင်ပြီး၊ တံခါးကိုပိတ်ကာ နေရာလွတ်ထဲကို ဝင်သွားသည်။ အထည်ပုံကြီးထဲကို ရှာဖွေနေပြီး မင်္ဂလာဆောင်အဆင်ပါတဲ့ ချိတ်ပိုးထည်တစ်စကို ‌ဆွဲထုတ်လိုက်သည်။ အရှေ့က လမ်းက ရန်မိသားစု၏ သမီး မင်္ဂလာဆောင်တုန်းက ခန်းဝင်စောင်နှစ်ထည်ကို ချိတ်ပိုးထည်နဲ့ ပြုလုပ်ထားသည်။ အဲ့ဒီလို အထည်စမျိုးကို ဈေးထဲမှာ ရနိုင်သည်။ အစက ချော‌မွေ့ပြီး အိပ်ရတာ သက်တောင့်သက်သာ ရှိသည်။

 သူမက အဝတ်စကို ချည်လိုက်ပြီးတော့ တောင်ဘက်အ‌ဆောင်သို့ ယူသွားခဲ့သည်။ လင်း‌ယောင်က သူ့ယောက္ခမများကို တိုက်ရိုက်ပေးလိုက်သည်။ မယူတာကြောင့် အစ်မချွင်မေရဲ့ အိပ်ယာထဲကို တစ်ခါတည်း ထည့်ပေးလိုက်သည်။

 ကုချွင်မေ အလုပ်ကပြန်လာတဲ့အချိန်၊ အထည်စကိုမြင်လိုက်တာကြောင့် သူမ ထိတ်လန့်သွားပြီး လင်း‌ယောင်ကို မေးဖို့ ချက်ချင်းပြေးသွားခဲ့သည်။

 အထည်စတွေကို မှောင်ခိုဈေးကွက်က ရခဲ့တယ်ဆိုတာကို လင်းယောင်က ပြောပြခဲ့သည်။ ကုချွင်မေက လက်ခံဖို့ ငြင်းဆန်ခဲ့သည်။

 လင်းယောင်က ကုချွင်မေ၏ ကျစ်ဆံမြီးကိုဆွဲကာ " အစ်မ မယူရင် အစ်ကိုကြီးထို့ထို့ကို ပေးပစ်လိုက်မယ်။ "

 ဘယ်လိုပဲဖြစ်ဖြစ်၊ လူငယ်စုံတွဲထဲက တစ်ယောက်ကတော့ လက်ခံမှာပင်။

ကုချွင်မေက အစ်ကိုကြီးထို့ထို့ရဲ့ နာမည်ကိုကြားလိုက်ရတဲ့အခါ၊ သူမရဲ့ နှလုံးသားထဲမှာ ချိုမြိန်သွားသလို ခံစားလိုက်ရပါသည်။ မင်္ဂလာ‌စောင် မပါပဲ သူမ လက်မထပ်နိုင်ဘူးလို့ သူမ ထင်နေခဲ့သည်။ သူမ အိမ်ကိုပြန်သွားပြီး လင်းယောင်ကို ဆယ်ယွမ် ပေးခဲ့သည်။ သူမကလဲ လင်းယောင်ရဲ့ ကျစ်ဆံမြီးလေးကို ဆွဲလိုက်ကာ လင်းယောင်လက်မခံရင် အစ်ကိုကြီးဆီကို လိုက်သွားမည်ဟု ပြောလိုက်သည်။ ပြီးတော့ လက်ထောက်ဒါရိုက်တာကုကို သူ့ခယ်မက မှောင်ခိုဈေးကိုသွားခဲ့တယ်ဆိုတာ ပြောလိုက်မည်။

လင်းယောင်၏ မျက်နှာလှလှလေးမှာ ရှုံ့မဲ့သွားသည်။ " ဟမ် ကြင်နာမှုကို အမုန်းတရားနဲ့ ကျေးဇူးမဆပ်နဲ့လေ"

 နောက်ဆုံးမှာတော့၊ ကောင်မလေးနှစ်ယောက် ရယ်မောရင်း တစ်ယောက်နဲ့တစ်ယောက် ဖက်လိုက်ကြသည်။

 ကုချွင်မေက လှီးထားတဲ့ ပဲသီးတွေကို ကြိုးနဲ့သီကာ အခြောက်လှန်းဖို့ တံစတ်မြိတ်အောက်တွင် အမြန်ဆွဲထားလိုက်သည်။ လင်းယောင်က သူမကို ကြည့်ရင်း ပြောလိုက်သည်။ " နောက်ဆုံးတစ်ခေါက် အစ်ကိုကြီး ထို့ထို့က ညီမကို ဂွမ်းတွေနဲ့ဆော့ခိုင်းတုန်းက ဂွမ်းတွေက အသင့်ဖြစ်နေပြီမလို့လား။ "

" ပြီးခါနီးနေပြီ။ စောင်ထဲကိုထည့်ပြီး နှစ်ရက်လောက် နေလှန်းရုံပဲ။ "

 "ပိတ်စ နည်းနည်းအပိုရှိတော့ ခေါင်းအုံစွပ်ချုပ်ဖို့ အဆင်ပြေပါတယ်။ "

 " သုန်ဇီက စွပ်ကျယ်တစ်ထည်လိုနေတယ် ‌ပြောတယ်။ ဒီရက်ပိုင်းအတွင်း ပိတ်စတစ်ချို့ဝယ်ပြီး သူ့ကို စွပ်ကျယ်တစ်ထည်လောက် ချုပ်ပေးလိုက်ပါဦးမယ်။ "

 " အဲ့ဒီကလေးက သည်းမခံနိုင်စရာပဲ။ သူက အဝတ်အစားတွေကို စားသောက်နေသလို ဝတ်နေတာ။  အဝတ်ကောင်းကောင်း တစ်စုံလောက်ဆို နှစ်ရက်သုံးရက်လောက်တောင် ခံမှာမဟုတ်ဘူး "

ညီအစ်မနှစ်ယောက် စကားစမြည်ပြောနေကြချိန်မှာ သပွတ်သီးသွားခူးသော ကုရှီတုန်းကတော့ လုံးဝကို ညစ်ပတ်နေလေပြီ။ သူ့ရဲ့ ဝါးခြင်းတောင်းကို ချပြီး အော်ရင်းပြေးနေခဲ့သည်။ " ကျွန်တော် ပင်ပန်းနေပြီ၊ ကျွန်တော် ပင်ပန်းနေပြီ။ "

 ကောင်စုတ်လေးက သူ့ရဲ့ အဝတ်အစားတွေကိုတောင် မလဲပဲ အိပ်ယာထဲကို တက်သွားပြီး လှုပ်တောင်မလှုပ်နိုင်တော့ပေ။

ကုချွင်မေက လင်းယောင်ကို တစ်ချက်ကြည့်လိုက်ပြီး " ငါမြင်လိုက်တာကို မြင်လိုက်တယ်မလား။ "

 လင်းယောင် - " .... "

 နေ့လည်ပိုင်း၊ ကုရှီအန်း အလုပ်ကနေပြန်လာသောအခါခြံရှေ့မှာ ဝမ်မိသားစု စကားများကြပြန်သည်။

လင်းယောင်က စကားတစ်ချို့ကို နားထောင်နေပေမယ့်လဲ ဆူညံနေတာကြောင့် ဘာမှမကြားရပေ။ အရေးမပါတာကြောင့်လဲ ဖြစ်နိုင်သည်။ သူမ ဆက်နားမထောင်နိုင်တော့။ သူမက အိမ်မကြီးရှေ့မှာ ထိုင်လိုက်ပြီးတော့ ဝါးယပ်တောင်လေးနဲ့ သူမကိုယ်သူမ ယပ်ခပ်နေခဲ့သည်။

လက်ထောက်ဒါရိုက်တာကု အလုပ်ကနေပြန်လာပြီးတော့ ပန်းအိုးနှစ်အိုးဝယ်ခဲ့သည်။ တစ်အိုးက သစ်ခွပင် ဖြစ်ပြီး တစ်အိုးက စံပယ်ပင်ဖြစ်သည်။

 လင်းယောင်က ပန်းတွေ အပင်တွေနဲ့ ဆော့ရတာကြိုက်ပေမယ့်လဲ ပေါင်းပင်ရှင်းရတာနဲ့ ရေလောင်းရတာမျိုးကိုတော့ သူမ မလုပ်ချင်ပေ။ ကုရှီအန်းက အိမ်မှာရှိနေတာကြောင့် သူမက သူ့ကိုပဲ လုပ်ခိုင်းလေ့ရှိသည်။

 ဒါက ညဘက် သူမကို အနိုင်ကျင့်ခြင်းမှာ သူရဲ့ အားတွေအကုန်သုံးခြင်းကို ကာကွယ်ပေးသည်။

 ပြည်သူ့လုံခြုံရေးဌာနမှာ ဒီနေ့ အလုပ်များများစားစားမရှိပေ။ဒါကြောင့် ‌ကုရှီအန်းက နေ့တစ်ဝက်လောက်ကို အိမ်မှာနားနေဖို့ အချိန်ရှိသည်။

 ဒါက ပူပြင်းတဲ့ နွေရာသီရဲ့ နေ့လည်ခင်းဖြစ်ပြီး အပူရှိန်က ခြံဝင်းထဲမှာ ပေါင်းအိုးထဲရောက်နေသလိုပင်။ ဝမ်မိသားစုမှ အချိန်အကြာကြီး တစ်ယောက်နဲ့တစ်ယောက် ဆူပူနေကြသည့် ယောက္ခမနှင့်ချွေးမလည်း ယာယီ အတိုက်အခိုက် ရပ်စဲထားကြသည်။

 ပြတင်းပေါက် အပြင်ဘက်မှာ ဝါးပင်တွေရဲ့အရိပ်က က‌ခုန်နေပြီး အရှေ့ပိုင်းက အလွန်အေးမြပါသည်။ လင်း‌ယောင်သူမ၏ ဖြူဖွေးနုဖက်နေတဲ့ ခြေထောက်လေးတွေကို မြှောက်ရင်း ကုရှီအန်းရဲ့ နှလုံးသားကို စိုးမိုးထားကာ အိပ်ယာပေါ်မှာ စာအုပ်ဖတ်နေသည်။

 လင်းယောင်က ထိုသူ၏ မျက်လုံးတွေကို ကြည့်ပြီး သူမရဲ့ နှလုံးသားထဲမှာ ခံစားလိုက်ရသည်။ ဘုရားသခင် နေ့ခင်းကြောင်တောင်ကြီးမှာတော့ အစားမခံရပါစေနဲ့။ သူမက စာအုပ်ကို ပစ်ချလိုက်ပြီး ကုရှီအန်းရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။

သူမယောကျ်ားရဲ့ ချောမောလှတဲ့ မျက်နှာကို နမ်းလိုက်ပြီး သနားစရာကောင်းအောင် ပြောလိုက်သည်။ "တစ်မနက်ခင်းလုံးနီးပါး အလုပ်လုပ်ပြီး‌တော့ ပင်ပန်းပြီးခြေလက်တွေနာကျင်နေတာပဲ" ပြီးတော့ သူမက ကုရှီအန်းရဲ့ ပုခုံးကို ပုတ်ကာ " ရှင်ပင်ပန်းလားဟင်။ "

 လက်ထောက်ဒါရိုက်တာကုက တဲ့တိုးပြောလိုက်သည်။ " ကိုယ် မပင်ပန်းပါဘူး "

 " ရှင်မပင်ပန်းရင် ကျွန်မရဲ့ပုခုံးလေးတွေကို နှိပ်ပေးပါလားဟင်။ ပင်ပန်းနေလို့ပါ။ "

 လင်းယောင်က ယဉ်ကျေးမှုမရှိစွာပဲ သူမရဲ့ သွယ်လျတဲ့ ခြေလက်တွေကို ဆန့်ထုတ်လိုက်သည်။ သူမ ဒီနေ့ အလုပ်လုပ်ထားတော့ တစ်ကယ်ကို ပင်ပန်းနေသည်။

ကုရှီအန်းက ပြုံးလိုက်ပြီး ကောင်မလေးရဲ့ ခြေလက်တွေကို သူ့ရဲ့လက်နဲ့ နှိပ်နယ်ပေးနေသည်။ လင်းယောင်က သက်တောင့်သက်သာရှိလာပြီး မကြာခင် အိပ်ပျော်သွားတော့သည်။

 ကုရှီအန်းက ငြိမ်သက်သွားပြီး ကောင်မလေးရဲ့ မျက်နှာကို နမ်းလိုက်ကာ လင်မယားနှစ်ယောက် အတူတူ တစ်ရေးတစ်မော အိပ်ပျော်သွားကြသည်။

All Chapters