အခန်း (၃၄)
Vol. 3 Ch. 34
လင်းယောင် နိုးလာသောအခါ ပြတင်းပေါက်အပြင်မှ ကောင်းကင်မှာ ကြည်လင်တောက်ပနေပြီး ခြံဝင်း၏ ထောင့်စွန်းမှာလည်း တိမ်များကို အနီရောင်ခြယ်ထားသည့်နှယ် တိမ်နီနီတို့ဖြင့် ယှက်သန်းလျက်ရှိသည်။
အခန်းထဲတွင် သူမနှင့် ကုရှီအန်းသာ ရှိသည်။ ကုရှီအန်းမှာ အမြဲအိပ်ချင်မူးတူး ဖြစ်နေတတ်ပြီး သူရောက်နေသည့် နေရာကိုပင် သိသူမဟုတ်ချေ။
လင်းယောင် ဖြည်းညင်းစွာ သမ်းလိုက်သည်။ ရေဇလုံထဲမှ ရေမှာလည်း နွေးနေပြီး လက်ဆေးစင်ပေါ်တွင် သန့်ရှင်းသော သဘက်များကို ထားပေးထားသည်။ ရနံ့ခပ်သင်းသင်း ဆပ်ပြာလည်း ရှိပေသည်။
လင်းယောင် မျက်နှာသစ်ပြီး သူမမျက်နှာပေါ်တွင် ခရင်အချို့ကို လိမ်းလိုက်သည်။ သူမ၏ ပိတုန်းရောင်ဆံနွယ်များကို ကျစ်ဆံမြီးကျစ်လိုက်ပြီး ပုခုံးနား ချထားလိုက်သည်။ ထို့နောက် သူမ၏ ဖိနပ်ပါးများကိုစီးကာ ရေဖြန်းရန် ထွက်ခဲ့လေသည်။
သူမထွက်လာသည်နှင့် အပြင်ဘက်တွင် အဝတ်လျှော်နေသော ကုရှီတုန်းကို တွေ့လေသည်။ သစ်သားကန်မှာ ကောင်ကလေး၏ ညစ်ပေနေသော အဝတ်အစားများ၊ ဘောင်းဘီများနှင့် ပြည့်နေလေ၏။
လင်းယောင်က သုန်ဇီအား မေးမြန်းရာ အစ်ကိုကြီးကးထို့ထို့က လက်ထောက် ဒါရိုက်တာကုကို ခေါ်ကြောင်း သိခဲ့ရလေသည်။ ထိုသူက အစ်မချွင်မေ သတို့သမီးဘက်မှပေးရသော လက်ဖွဲ့ပစ္စည်းအဖြစ်လုပ်ရန် လက်သမားဆီသို့ သွားခဲ့လေသည်။
ကျန်းဆွေ့လန်သည် လက်ရိုက်တုတ်နှင့် ကောက်ရိုးများကို ရိုက်လိုက်သည်။ ကောက်ရိုးများ နူးညံ့လာသောအခါ ကောက်ရိုးဖိနပ်များ လုပ်ရန် ခုံရှည်ပေါ်သို့ တင်လိုက်လေ၏။
ယခုခေတ်တွင် ကျေးလက်၌ ကောက်ရိုးကြိုးသိုင်းဖိနပ်စီးသူမှာ များများစားစား မရှိလှပေ။ အပင်တက်လိုက် မြစ်များဘက်ပြေးလွှာလိုက် လုပ်တတ်သော ကောင်စုတ်ကလေး သုန်ဇီသာလျှင် နွေရာသီတစ်ခုတည်းတွင် ကောက်ရိုးကြိုးသိုင်း ဖိနပ် နှစ်ရံ သုံးရံကို စီးနိုင်ပေသည်။
သားအကြီးဆုံး၏ ကောက်ရိုးကြိုးသိုင်းဖိနပ်များမှာ ပြဲရဲနေပြီဖြစ်သဖြင့် သူမ အားလပ်ချိန်ရစဉ် ကောက်ရိုးကြိုးသိုင်းဖိနပ်တစ်ရံ ချုပ်ပေးရန်အတွက် ကျန်းဆွေ့လန် စီစဉ်ခဲ့ပေသည်။
လင်းယောင်သည် ရေဆေးဇလုံကို ချထားလိုက်ပြီး ကောက်ရိုးနယ်ရန် ကူညီဖို့ လာကာ ချိုသာစွာ ပြောလေသည်။ "အမေ သမီးလုပ်လိုက်ပါ့မယ်။ အမေသွားနားလိုက်တော့နော်။"
ဘေးအိမ်က အဒေါ်တာ့ဖုက ၎င်းကိုကြားသောအခါ သူမအား ချီးကျူးလေ၏။
ကျန်းဆွေ့လန်လည်း မျက်နှာပေါ်တွင် အပြုံးပန်းဆင်လျက် ဘေးအိမ်က အဒေါ်တာ့ဖုနှင့် စီးပွားရေးအကြောင်း ရောက်တက်ရာရာ ပြောကြပေသည်။
အစ်မကြီးနှစ်ယောက်၏ စကားစမြည်ဝိုင်း စတင်လေတော့သည်။
အဒေါ်တာ့ဖုက မင်္ဂလာရက်သတ်မှတ်ပြီးပြီလားဟု မေးလေသည်။
ကျန်းဆွေ့လန်မှာ ပြုံးမြဲ ပြုံးဆဲဖြစ်သည်။ "ကြိုတင်စာရင်းပေးပြီးပြီ။ မင်္ဂလာပွဲ ကျင်းပဖို့ တစ်လပဲ လိုတော့တာလေ။ အစကတော့ အိမ်ကအဘိုးကြီးက သူ့သမီးလေးကို တစ်လလောက် ပိုဥထားချင်သေးတာ ဒါပေမယ့် ရွှီမိသားစုကလည်း စိုးရိမ်နေကြတယ်။ နောက်တစ်နှစ်ပြီးရင် အသက်နှစ်ဆယ့်ခုနစ်နှစ် ပြည့်ပြီဆိုတော့ ရွှီလူကြီးနဲ့ သူ့ဇနီးက အတော်လေး မျှော်လင့်စောင့်စားနေကြတာလေ။ သူတို့အိမ်မှာလည်း အကုန်လုံး အဆင်သင့်ဖြစ်နေပြီ။ ကျွန်မတို့သမီးလေးကို ဆက်ပြီး ဥမထားနိုင်တော့ဘူးဆိုတော့ လက်ထပ်ပေးရတော့မှာပေါ့။ သမီးဖြစ်သူကို လက်ဆက်ထိမ်းမြားပေးတာက စိုးရိမ်ပူပန်မှုတွေ အများကြီးကို လျော့သွားစေတယ်။"
သူမ ပြောသည့် နောက်ဆုံးစကားထဲတွင် မိခင်တစ်ယောက်၏ ဝန်လေးနေမှုများ ပါနေသေးပေ၏။
သမီးဖြစ်သူကို လက်ထပ်ပေးပြီးဖြစ်သော အဒေါ်တာ့ဖုက သူမအား ဖြောင်းဖြပေးလေသည်။ "စောစောလက်ထပ်တာဖြစ်ဖြစ် နောက်ကျမှ လက်ထပ်တာဖြစ်ဖြစ်ပါအေ…..ရွှီမိသားစုက အခြေအနေကောင်းပါတယ်။ အဲ့ကလေးချန်ကလည်း အလုပ်အကိုင် တည်ငြိမ်တယ်။ ချွင်မေအပေါ်လည်း ရိုးသားတယ်။ ကလေးနှစ်ယောက်လုံးကလည်း အချင်းချင်း မေတ္တာမျှနေကြတာပဲ။ အနာဂတ်မှာ နှစ်ယောက်အတူတူ ဘဝကို ဖြတ်သန်းတာဟာ အရာအားလုံးထက် ကောင်းမွန်တဲ့အရာဖြစ်မှာပါ။ ရှုမိသားစုကလည်း ကွေ့ဟွားဟူးထုန်ရဲ့ ဘေးကပဲလေ။ နင်တို့ သမီးလေးကို လွမ်းနေမှာမှန်ပေမယ့် ခြေနှစ်လှမ်းလောက်လှမ်းရုံနဲ့ သမီးကို တွေ့လို့ရတာပဲကို။ နင့်သမီးလည်း အဲ့မှာ သူ့အိမ်သူ့ယာလို နေနိုင်မှာပါ။ ဘယ်တစ်ခုက သူ့အိမ်အစစ်လဲတောင် ခွဲရမှာ မဟုတ်ဘူး။ အစ်ကိုအကြီးဆုံးကြီးလိုပေါ့ စစ်ထဲဝင်ပြီးပြီးချင်း တန်းလက်ထပ်လိုက်တာလေ အခုဆို သူ့ကို တွေ့ဖို့တောင် ခက်ခဲသွားပြီ။"
ကျန်းဆွေ့လန်ကလည်း ခေါင်းညိတ်သဘောတူသည်။ ယင်းနောက် အဒေါ်တာ့ဖုလည်း အိမ်သို့ ပြန်သွားလေ၏။
အချိန်မှာ မနက်အစောပိုင်းသာ ရှိသေးပြီး ရာသီဥတုမှာ တစ်ခဏအတွင်း အေးလာပေသည်။ ကျန်းဆွေ့လန်သည် အိမ်ရှိ အင်္ကျီစုတ်များကို ထုတ်ကာဖြဲလိုက်သည်။ ထို့နောက် သားဖြစ်သူ အိမ်စာလုပ်ထားသည့် မှတ်စုစာအုပ်ကိုယူကာ ရေဆွတ်၍ ကပ်လေ၏။ တစ်လွှာပြီးတစ်လွှာကပ်ပြီးနောက် နေရောင်ထဲတွင် အခြောက်ခံကာ ၎င်းတို့အား အပ်ချည်ဖြင့် တွဲချုပ်ပါက ဆောင်းရာသီအတွက် ဖိနပ်အောက်ခံများကို ရနိုင်ပေသည်။
ကုရှီတုန်းသည် အဝတ်များကို လျှော်ပြီးနောက် တစ်ထည်ပြီးတစ်ထည် လှမ်းလေသည်။ ထိုစဉ် ကောင်စုတ်ကလေးက ရုတ်တရတ် ခုန်ပေါက်ရောက်လာလေသည်။ "မရီးရေ…ညစာပြင်ဆင်ချိန်ရောက်ပြီ…အတူသွားကြရအောင်လေ…."
လင်းယောင်က သူမလက်ကို ဝှေ့ယမ်းပြသည်။ "သွားနှင့်….ငါမအားသေးဘူး။"
ကုရှီတုန်းက ခေါင်းညိတ်ပြကာ လက်ထဲတွင် ထမင်းဘူးကို ကိုင်လျက် နေ့လည်စာယူရန် ထွက်သွားလေသည်။
ကောင်းကင်ကြီးမှာ ကျယ်ပြောလှပြီး အစားအစာမှာ အကြီးမားဆုံး အရာဖြစ်ပေ၏။
ကောင်ငယ်လေး ထွက်သွားသည်နှင့် ခြံဝန်းမှာ ပို၍ပင် သန့်ရှင်းသွားသည်။
လင်းယောင်သည် ကောက်ရိုးကို ပျော့ပျောင်းသော အစိတ်ပိုင်းဖြစ်အောင် ထုပြီး အချို့အရာများကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် သူမ အသက်ပြင်းပြင်းရှူပြီး မည်သည့်အရာမျှ မလွယ်ဟု ခံစားမိသည်။ ထို့နောက် ရိုက်ထားသော ကောက်ရိုးကို ကြည့်ပြီး ပြည့်စုံသွားသလို ခံစားလိုက်ရသည်။
အပြင်မှာ အပူချိန်လျော့သဖြင့် လင်းယောင်က သစ်ပင်အောက်၌ အေးမြသည့်လေကို ခံစားရန်အတွက် ပက်လက်ကုလားထိုင်ကို ရွှေ့လိုက်လေသည်။
ကုမန်ဆန်သည် အလုပ်မှဆင်းကာ အိမ်ပြန်ရောက်သည်နှင့် လက်ထောက်ဒါရိုက်တာကုလည်း အလုပ်မှ ပြန်လာသည်။ ကုချွင်မေ၏ လက်ဖွဲ့ပရုတ်သစ်သားသေတ္တာအပြင် သူ့လက်ထဲတွင် နှစ်ကီလိုဂရမ် ၃ ကီလိုဂရမ်ခန့်ရှိသော အသားတစ်ပိုင်းကို ကိုင်ထားသည်။
"ပစ္စည်းတင်သွင်းခြင်းနဲ့ ဈေးကွက်ဖြန့်ချိရေးသမဝါယမက အသားတွေရောင်းနေတာလေ။" ဟူသော စကားကို ကြားသောအခါ လင်းယောင်က ဝမ်းသာအားရ ပြေးသွားသည်။
ကုရှီအန်းက ပြောလေ၏။ "ဟုတ်တယ်။ ကောင်တီက မကြာသေးခင်ကမှ ဆန်စပါးတစ်သုတ်ကို ရခဲ့တာ။ ဒါကြောင့် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမကလည်း အသားတွေရတာလေ."
ယနေ့ခေတ်တွင် အသားချည်းဝယ်ခြင်းထက် အဆီများသောအသားကို ဝယ်ခြင်းကိုသာ ပို၍တတ်နိုင်သည်။ ထို့အပြင် မိသားစုက အသားမစားတာကြာပြီဖြစ်ပြီး အဆီမစားသည့် လင်းယောင်အတွက်မူ ခံတွင်းမတွေ့ချေ။
ထိုနေရာတွင် အသားများ ဧကန်ရှိသော်လည်း သူမ မတတ်နိုင်ပေ။
လင်းယောင်သည် ဝမ်းသာအားရ ခေါင်းကို ခါယမ်းကာ စဉ်းတီအောက်မှ ဇလုံတစ်ခုကို ဆွဲထုတ်၍ ရေယူကာ အဆီများကို ဆေးကြောပြီး အပိုင်းပိုင်းလှီးဖြတ်လေသည်။ ထို့နောက် အေပရွန်ကို စည်းကာ အဆီသန့်စင်ရန် မစောင့်နိုင်တော့ပေ။
သို့သော် မီးဖိုချောင်တွင် ပျားလပို့မီးဖိုကို မည်သို့အသုံးပြုရမည်ကို သူမ မသိပေ။ သုန်ဇီကို နှစ်ကြိမ်တိုင်တိုင် ခေါ်သော်လည်း ပြန်မဖြေသောကြောင့် သုန်ဇီသည် စားစရာသွားယူရာမှ ပြန်မလာသေးကြောင်းကို သတိရမိသည်။
ထို့ကြောင့် လင်းယောင်က ကုရှီအန်းကို ခေါ်လိုက်လေ၏။
လက်ထောက် ဒါရိုက်တာကုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျားလပို့မီးဖိုကို မီးမွှေးလိုက်သည်။ မီးက တောက်လောင်နေပေ၏။ လင်းယောင်သည် ကုရှီအန်းကို ထွက်သွားစေပြီးနောက် မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေလေတော့သည်။
ယင်းနောက် အိုးအောက်ခြေကို မီးတောက်လောင်စေပြီး သံအိုးထဲက အဆီများ အဝါရောင်ပြောင်းလာသည့်အခါ ညှီနံ့ပျောက်ပြီး အနံ့မွှေးလာစေဖို့အတွက် ကြက်သွန်နီနဲ့ ဂျင်းကို ထည့်လိုက်သည်။ ဆယ်မိနစ်ခန့်ကြာသောအခါ ဝက်ဆီသည် ရွှေဝါရောင်ဖြစ်လာလေ၏။
ဟင်းခတ်ထားသော ကြက်သွန်နီနှင့် ဂျင်းကို ဖယ်ထုတ်ကာ မီးနည်းနည်းဖြင့် နာရီဝက်ခန့် ဆူပြီးနောက် အိုးထဲသို့ လောင်းထည့်လိုက်သည်။ ယင်းနောက် အိုးထဲတွင် အအေးခံထားစေသည်။
မိန်းမငယ်လေးက မီးဖိုချောင်ထဲမှာ ဝက်ဆီတွေကို သန့်စင်နေပြီး ကုရှီအန်းလည်း အနားယူနေသည်။ စောစောက သူဝယ်ခဲ့သည့် ယုန်က ခုနကမှ အိမ်သို့ပြန်ရောက်ပြီး မနက်စာလည်း စားမထားပေ။ လွန်ခဲ့သည့်နှစ်ရက်ကသာ မြက်ကို စားပေသည်။
ကုရှီအန်းသည် ယုန်ကိုဖမ်းပြီး ဝါးလှောင်အိမ်ထဲတွင် ခဏထားခဲ့သည်။ ထို့နောက် ကုရှီအန်းသည် ဂေါ်ဖီရွက်နှင့် ပေါင်းပင်များကို ပစ်ချကာ အသိုက်အတွင်းရှိ ယုန်အညစ်အကြေးများကို ရှင်းလင်းရန် ဂေါ်ပြားကို အသုံးပြုကာ မြေသြဇာအဖြစ် အသုံးပြုရန်အတွက် ဟင်းသီးဟင်းရွက်စိုက်ခင်းရှိ ရွှေဖရုံသီးပျိုးပင်များ၏ အမြစ်များအောက်တွင် အမှိုက်များကို မြှုပ်နှံခဲ့သည်။
၎င်းတို့အားလုံးကို ကိုင်တွယ်ပြီးနောက် လက်ကိုဆေးပြီး "တုံ"ဆီကိုယူကာ ပရုတ်သစ်သားပုံးကို သုတ်ခဲ့လေသည်။
လက်သမားလုပ်ထားသော ပရုတ်သစ်သားသေတ္တာသည် ဆီသုတ်ရန်လည်း လွယ်ကူသည်။
ကုရှီအန်းသည် စေ့စေ့စပ်စပ်ရှိပြီး ကြည်လင်သောဆီများကို ဦးစွာလိမ်းပြီးနောက် "တုံ"ဆီဖြင့် ပွတ်တိုက်လိုက်ရာ သစ်သားအရောင်သည် လှပအေးမြသောအရောင်သို့ ပြောင်းလဲသွားသည်။
ကုရှီတုန်းသည် အစားအသောက်ယူရာမှ ပြန်လာပြီး အပျော်တမ်း ဝင်ရောက် ကူညီပေးခဲ့သည်။ "အစ်ကို၊ ဒီသေတ္တာက အရမ်းကောင်းတယ်။ ကျွန်တော့်ကိုလည်း တစ်လုံးလောက်ပေး…."
"မင်းကြီးပြင်းလာတဲ့ပြီးမိန်းမယူတဲ့အချိန်ထိ စောင့်ပေါ့ကွာ…" ကုရှီအန်းက လေးနက်စွာ ပြောလေသည်။
သုန်ဇီသည် ပခုံးတွန့်ပြသည်။ လက်ထပ်သည့်အချိန်ထိစောင့်ဖို့က အဆင်ပြေပေ၏။ သုန်ဇီ အိမ်ထောင်ပြုဖို့ မျောက်နှစ်ရောက်သည်အထိ စောင့်ရပေမည်။ ထိုစဉ် ကောင်စုတ်ကလေးက ပြောသည်။ "ကျွန်တော့်မရီး တူလေး မွေးရင်တော့ ကျွန်တော်လည်း ဒါမျိုးလုပ်ကြည့်မယ်…"
ကုမန်ဆန်က လက်ခုတ်တီးကာ ထောက်ခံလေသည်။
ခွေးကလေးမှာလည်း အဖေဖြစ်သူ၏ ထောက်ခံမှုကြောင့် အမြီးလေး ထောင်လာလေ၏။
မီးဖိုချောင်ထဲရှိ လင်းယောင်၏ မျက်နှာမှာ ရှက်သွေးဖြာသွားသည်။ "နင်ဘာတွေ ပြောနေတာလဲ။"
ဘုရားရေ…..မရီး စိတ်ဆိုးသွားပြီ။ အခြေအနေ မကောင်းမှန်းမြင်သောအခါ ကုရှီတုန်း ထွက်ပြေးလေတော့သည်။
ကုမန်ဆန်ကိုလည်း ကျန့်ဆွေ့လန်က နားရွက်ဆွဲ ဆုံးမရန် ခေါ်သွားလေ၏။
လင်းယောင်၏ ဒေါသကိုရင်ဆိုင်ရန် ခြံတစ်ခုလုံးတွင် လက်ထောက်ဒါရိုက်တာကု တစ်ဦးတည်းသာကျန်တော့ပေသည်။
ကုရှီအန်းသည် မိန်းမငယ်လေး စိတ်ဆိုးနေမှန်း သိသောကြောင့် ချော့မော့ရန်ကြိုးစားရင်း မီးဖိုချောင်ထဲရှိ ကြောင်မလေး၏ နှာခေါင်းလေးကို ကိုင်လိုက်သည်။
လင်းယောင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပွတ်သီးပွတ်သပ်လုပ်နေသည်ကို မောင်းထုတ်လေ၏။ "ဖယ်စမ်းပါရှင်….ကျွန်မ အလုပ်ရှုပ်နေတာ မတွေ့ဘူးလား။ ရာသီဥတုက ပူရတဲ့ကြားထဲ…."
ကုရှီအန်း က သူ့မျက်နှာကို ခပ်တည်တည်ထားကာ ပြောသည်။ "ကိုယ့်မိန်းမလေးစိတ်ဆိုးနေတာ ချော့ရမှာပေါ့…"
ဒီယောကျ်ားက သူမမျက်နှာကို ကိုင်ဝံ့သည်…..
လင်းယောင်သည် ဒေါသတကြီးဖြင့် ကုရှီအန်း၏ ခြေထောက်ကို ကန်လိုက်သည်။ မူလက သူမသည် ကုရှီအန်း၏ တင်ပါးကို ကန်ချင်သော်လည်း ကုရှီအန်းမှာ အရပ်ရှည်လွန်းသဖြင့် သူ့ခြေထောက်ကို ထိရုံသာ တတ်နိုင်ခဲ့သည်။
ကုရှီအန်းက အော်ဟစ်ကာ လင်းယောင်၏ သေးသွယ်သည့်ခါးလေးကို တင်းတင်းဖက်ထားလေတော့သည်။ လင်းယောင်လည်း အလွန်ဒေါ်သထွက်နေပြီး ခါးကို ပြန်မတ်ကာ အတင်းရုန်းလေ၏။
မည်သို့ပင်ဆိုစေကာမူ တစ်စုံတစ်ယောက်မှာ မျက်နှာပြောင်ပြောင်နှင့် စနောက်ပြီးမှ သူမအား ပြုံးအောင် လုပ်နိုင်ခဲ့သည်။
"ရပါတယ်…..ရပါတယ်…." ယောင်ယောင်က ပြုံးပြလေသည်။
"အဘိုးကြီး ရှင်ကတော့နော်။ သုန်ဇီကလည်း အဓိပ္ပာယ်မရှိဝာာတွေ လျှောက်ပြောနေတာ။ ရှင်ကလည်း လက်ခုပ်တီးပြီးတောင် အားပေးလိုက်သေးတယ်။ ယောင်ယောင်က အိမ်ထောင်ကျတာ လအနည်းငယ်ပဲ ရှိသေးတယ်။ ကျွန်မတို့ ယောက္ခမတွေကသာ တိုက်တွန်းနေရတာ ကလေးမွေးဖို့ဆိုတာ သားသမီးကံက ရှိသေးတယ်။ ရှင် ကျွန်မကို လက်ထပ်ပြီး သားအကြီးမွေးဖို့တောင် နှစ်အတော်ကြာခဲ့တာလေ။"
ကျန်းဆွေ့လန်တစ်ယောက် ကုမန်ဆန်အား ကြိမ်းမောင်းလေသည်။
"ငါ့သားက ယောင်ယောင့်ကို စကားလုံးနည်းနည်းလောက်နဲ့ ပြန်ချော့နိုင်ပါတယ်ကွာ.."
"ကလေးနှစ်ယောက်က ဆက်ဆံရေးကောင်းကြတယ်။"
ကျန်းဆွေ့လန်တို့ ဇနီးမောင်နှံလည်း ပြတင်းပေါက်ကနေ ချောင်းကြည့်နေကြလေသည်။
လူငယ်စုံတွဲလေးမှာ ပြန်လည်အဆင်ပြေသွားကြပြီဖြစ်သည်။ ကျန်းဆွေ့လန်လည်း စိတ်သက်သာရာ ရသွားပြီးနောက် သူမသည် ရက်အနည်းငယ်အတွင်း သူမမိခင်မွေးနေ့ကျင်းပမည့်အကြောင်း ကုမန်ဆန်နှင့်လည်း စကားပြောဆိုခဲ့သည်။
အဘွားကျန်းသည် ယခုနှစ်တွင် အသက် ခုနစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သည်။ ယွမ်ရွှေကောင်တီတွင် အသက် ခုနစ်ဆယ့်ရှစ်နှစ်နောက်ပိုင်း သက်ကြီးရွယ်အိုတစ်ဦးကို မွေးနေ့ကြယ်ပွင့်အဖြစ် သတ်မှတ်သည်။ မိသားစုက တတ်နိုင်ရင်တောင်မွေးနေ့ ပွဲကျင်းပဖို့ စားပွဲသောက်ပွဲအနည်းငယ်ပင် လုပ်ရပေသည်။
ကျန်းမိသားစုသည် ကုမိသားစုထက် ပိုမို အဆင်ပြေသည်။
ဦးလေးကျန်း၏ အမဲလိုက်ကျွမ်းကျင်မှုကြောင့် အသားကို အလိုရှိတိုင်း စားနိုင်ပေသည်။
မြို့ထဲတွင်မူ ထိုသို့ မရပေ။ အသားစားဖို့ အသားဝယ်လက်မှတ် ပေးချေပြီး တန်းစီရမည် ဖြစ်သည်။ မည်မျှ ဒုက္ခများလိုက်မည်နည်း။
ဦးလေးကျန်းက ပွဲအတွက် အသားများကို ပြင်ဆင်ပြီး ထမင်းနဲ့ ခေါက်ဆွဲကို ထုတ်လိုက်သည်။ ကျန်းဆွေ့လန်သည် အမေ့အတွက် အဝတ်အစားအသစ်များ ချုပ်ပေးရန် စိတ်ကူးနေသဖြင့် သူမ မွေးနေ့အမှီ ကြိုးစားချုပ်နေလေ၏။
ကုမန်ဆန်သည် ဇနီးပြောသမျှကို နားထောင်ပြီး ယောက္ခမဖြစ်သူအား ငွေသားအဖြစ် ဆယ်ယွမ်ပေးမည်ဟု ဆိုသည်။
လင်းယောင်လည်း ယနေ့စိတ်ကြည်နေသည်။ သူမသည် ဝက်ဆီချက်လုပ်ကာ ဂေါ်ဖီထုပ်တစ်ပန်းကန်ကို ဆီကျန်ဖြင့် ကြော်ရသည်ကို သဘောကျသည်။ တစ်မိသားစုလုံး ဗိုက်တင်းအောင် စားနိုင်ပေ၏။
သြဂုတ်လ ၂၆ရက်နေ့သည် အဖွားကျန်း၏ ခုနစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ဖြစ်ပြီး မိသားစုများ စုရုံးကာ ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်လာခဲ့ကြသည်။