← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

နွေရာသီအလယ်ဖြစ်သည့်အတွက် နေမင်းကြီးက နံနက် ၇ နာရီ၊ ၈ နာရီ လောက်တည်းက ထွက်ပေါ်လာပြီး သစ်ရွက်လေးတွေကလည်း ကွေးညွတ်လာလေပြီ။ ပုရစ်အော်သံလေးတွေ အော်သံကိုလည်း ကြားနေရသည်။

 လင်းယောင်ကတော့ ကုချွင်မေ ရဲ့ စောစောစီးစီးအတင်းဆွဲနှိုးတာကြောင့်နိုးလာခဲ့သည်။ အိပ်ရေးမဝတာကြောင့် မျက်လုံးတွေကို ပွတ်သပ်ပြီး စားပွဲပေါ်မှာ တရေးဆက်အိပ်လိုက်လေသည်။

 ကျန်းဆွေ့လန်ကတော့ အဝတ်အစားတွေလဲပြီး အိတ်တစ်လုံးနဲ့ ထွက်လာခဲ့သည်။ပြီးတော့ “ယောင်ယောင်ရေ သွားကြမယ်လေ။ ဘာလို့ဒီကလေးက အအိပ်အရမ်းမက်တာလဲ?”

ကုရှီတုန်းကလည်း ထွက်လာပြီး " မရီးရေ လမ်းထဲမှာ ဂျစ်ကားရောက်နေပြီ ကားအကြီးကြီး မစီးချင်ဘူးလား”ဆိုပြီးအော်ပြောလိုက်သည်။ အဲ့တော့မှ လင်းယောင်က ချက်ချင်းထထိုင်လိုက်တော့သည်။

 ကုချွင်မေက သူ့အနားလာပြီး”အိပ်ရာမထနိုင်ရင် ငါကူညီပေးမယ်”

လင်းယောင် သူမကို ပုတ်လိုက်ပြီး”သွားကြမယ်လေ ဒီနေ့ အစ်မရဲ့အစ်ကိုကြီးက နယ်ဘက်ကိုအလုပ်ကိစ္စနဲ့သွားရမှာမလား”

 အဲလိုပြောလိုက်တော့ ကုချွင်မေက ရုတ်တရက်ရှက်လာပြီး ပြောလိုက်သည်။ “သူက အပြင်ဘက်လမ်းအဝင်ဝမှာ”

 ဒီလူကတော့ တကယ်ပင်။ သူမရဲ့ အဘွားမွေးနေ့က သူနဲ့ ဘာများသက်ဆိုင်လို့လဲ။ သူကထိုအခွင့်အရေးက်ိုလက်မလွှတ်ပဲ အလုပ်ကိစ္စကို အကြောင်းပြကာ လိုက်သွားလေသည်။

 လင်းယောင်၏ မျက်ခုံးတစ်စုံကတော့ ပျော်ရွှင်မှုကြောင့်မြင့်တက်သွားပြီး ခေါင်းကိုတစ်ချက်ရမ်းပြီး နောက်ပြောင်လိုက်သည်။

"လက်တောင် မထပ်ရသေးဘူး။ ဒါပေမဲ့ အကိုကြီးထို့ထို့က အရမ်း လူကိုကပ်တယ်နော်။ ဆိုရိုးစကားရှိတယ်လေ။ဘတစ်ယောက်နဲ့တစ်ယောက် ကတစ်ရက် မတွေ့ရတာက ဆောင်းဦးရာသီ သုံးလလို့ ထင်ရတယ်။ ဒါပေမဲ့ အကိုကြီးထို့ထို့အတွက်ကျတော့ ဆောင်းဦးရာသီသုံးလတင်မကပဲ နွေဦးရာသီနဲ့ ဆောင်းဦးရာသီပေါင်းများစွာလို့ထင်ရတယ်”

 ကုချွင်မေကို စနောက်လိုက်‌တော့ သူမက တစ်ခြံလုံးအနှံ့လိုက်ဖမ်းလေသည်။ နောက်ဆုံးကျ ညီအမနှစ်ယောက်တိုက်မိပြီး တစ်ဦးနှင့်တစ်ဦး အပြုံးကိုယ်စီနှင့်ထွေးဖက်ခဲ့ကြသည်။

 ကျန်းဆွေ့လန်က သူတို့နှစ်ယောက်ကို တွေ့သည့်အခါ ပြုံး၍ အော်ပြောလိုက်သည်။ "မင်းတို့က အသက်လည်းကြီးနေပြီ လျှောက်ဆော့ပြီး ပြဿနာရှာနေတုန်းပဲလား။အချိန်မရှိတော့ဘူး။ မြန်မြန် တံခါးသော့ခတ်ပြီး သွားတော့။ မဟုတ်ရင် မင်းတို့အဘွားမွေးနေ့ကို မှီမှာမဟုတ်ဘူး”

 ညီမနှစ်ယောက်လည်း ချက်ချင်းပဲ အိမ်ထဲသို့ပြန်ဝင်သွားပြီး အိတ်ကိုယ်စီဖြင့် တံခါးသော့ခတ်ချပြီး အိမ်ကထွက်လာကြသည်။

 တာ့ဇားယွမ်လမ်းရဲ့အဝင်အဝမှာတော့ စစ်ကားတစ်စီးရပ်ထားလေသည်။ အဲ့အချိန်ကာလက ကောင်တီတွင် မော်တော်ကားများ ရှားပါးခဲ့သည်။ ထို့ကြောင့် လူတွေက ကားမြင်ရင် ထူးခြားဆန်းပြားဖြစ်ရပ်လို လာကြည့်ကြပြီး ကလေးတွေကလည်း ကားတွေနှင့်အပြိုင် ရယ်မောကာ ပြေးလွှားကြလေသည်။

အ‌ဒေါ်စွင်းကတော့ မျက်မှောင်ကျုံ့ပြီး ကားရဲ့မှန်ကို ကြည့်လေသည်။ " ရှေ့တိုးလာပါဦး။ ဒီဟာက နိုင်ငံခြားသားတွေ သုံးလေ့ရှိတဲ့ လေးဘီးယာဉ်မလား”

 “အမေ ဒီဟာက‌ လေးဘီးယာဉ်မဟုတ်ဘူး မော်တော်ကားပါ “

 “ဟင် မော်တော်ကားဆိုတာဘာကြီးလဲ။ ဘီးလေးဘီးနဲ့ဟာပဲမဟုတ်ဘူးလား”

ရွှီရှန်းချန် - “ဘာလို့ ငါပြောလေ ရှုပ်လေဖြစ်နေတာလဲ”

 အကိုကြီးထို့ထို့ကတော့ အဒေါ်စွင်းနဲ့ စကားပြောနေပြီး အခြားသူတွေကတော့ လေးဘီး ဂျစ်ကား ကြီးကိုကြည့်ပြီး အံ့ဩနေကြလေသည်။

 “အို ကုမိသားစုက အရမ်းတိုးတက်နေတာပဲ။ မန်ဆန်နဲ့ သူ့မိန်းမတော့ကတော့ ကံအရမ်းကောင်းတာပဲ။ သူတို့သူဌေးရဲ့ကားကိုစီးရတာ”

“သားလိမ္မာရထားတာ ကောင်းတယ်။ သားကလည်းသိတက်တဲ့ သူမျိုးဆို မိဘတွေအတွက် အကျိုးရှိတာပေါ့”

 “ဒါပေမဲ့လည်းကံကောင်းတယ်လို့ပြောရမှာပဲ။ ငါတို့လမ်းထဲမှာ ကုမိသားစုရဲ့သားလို တော်တဲ့သူတွေလည်းရှိတာပဲ။ အားလုံးက အတိတ်ကံကောင်းလို့ပဲဖြစ်လာတာ”

အားလုံး အသီးသီး တွတ်တွတ်ထိုး ပြောဆိုကြပြီး ခဏအကြာ အလုပ်ကိုယ်စီလုပ်ဖို့ ထွက်သွားကြလေသည်။

 ရွှီရှန်းချန်က သူ့အ‌မေဖြစ်သူ အဒေါ်စွင်းကို မနိုင်တော့ကြောင်းပြောလေသည်။.နောက်ဆုံးကျ ဂျစ်ကားကိုလည်း နိုင်ငံခြားသားတွေသုံးတဲ့ လေးဘီးယာဉ်အဖြစ်သတ်မှတ်လိုက်ရလေသည်။

အဒေါ်စွင်းလည်း သူ့အိမ်သူပြန်သွားခဲ့သည်။

 သူတံခါးမြန်မြန်ဖွင့်ပြီး ကားထဲ ဝင်ထိုင်လိုက်လေသည်။ မောင်းသူနေရာတွင်ထိုင် ပြီး နဖူးမှချွေးများသုတ်လိုက်လေသည်။ ကုရှီအန်းက ဝါးဖျာကိုပိုက်ပြီး ကားနောက်ခန်းထဲမှာဘထိုင်နေသည်ကိုတွေ့သောအခါ “ကု မင်းတော့ရူးနေပြီပဲ။ ဘာလို့ ဝါးဖျာကြီးကို ကားနောက်ခန်းထဲမှာ ထားထားတာလဲ”

 ကုရှီအန်းသူ့ဘက်ကို မျက်မှောင်ကုတ်ပြီးတစ်ချက်လှည့်ကြည့်လိုက်သည်။ ထို့နောက် မေးခွန်းကိုပြန်ဖြေခဲ့သည်။ "ရှေ့ခုံမှာပဲထိုင်။ အနောက်ခုံကိုတော့ မလာနဲ့”

ရွှီရှန်းချန်က စိတ်လှုပ်ရှားစွာဖြင့် "ဘာလို့လဲ။ ငါကကားမူးတက်တယ်။ ရှေ့ခုံမှာထိုင်လို့ အန်ထွက်ကုန်ရင်ဘယ်လိုလုပ်မလဲ။”

ကုရှီအန်းက သူ့ရဲ့ နိုင်လွန်အိတ်ကို ပစ်တင်လိုက်ပြီး သူ့ကို ကားပေါ်မှဆင်းပြီး အော့အန်လို့ပြီးမှ ကားပေါ်ပြန်တက်လာဖို့ပြောလိုက်သည်။

 “ယောင်ယောင်က ညတုန်းကဘသိပ်မအိပ်လိုက်ရဘူး။သူကိုမ‌နှောင့်ယှက်နဲ့”

ထို့နောက် လက်‌‌ထောက်ဘဒါရိုက်တာကုက ပန်းပွင့်ပုံစံရှိတဲ့ခေါင်းအုံးအသေးလေးကို ထပ်ယူလိုက်ပြီး ကားရဲ့အနောက်ဘက်အပေါ်ကို တဘက်တစ်ခု တင်လိုက်သည်။

 ရွှီရှန်းချန်က သေးငယ်တဲ့ ဝါးဖျာလေးကိုကြည့်ပြီး ကုရှီအန်းကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ ပုံဖော်လို့မရတဲ့ အကြည့်တွေ့နဲ့ကြည့်ပြီး ခဏအကြာမှသာ စကားတစ်ခွန်းထွက်လာလေသည်။

 “လောင်ကု မင်းကတော့ တကယ်ပဲ”

လောင်ကုက သူ့မိန်းမအပေါ် ပထမဦးဆုံး ထိုကဲ့သို့ ချစ်ခြင်း၊ ဂရုစိုက်ခြင်းတွေ ပေးနိုင်တဲ့သူဖြစ်သည်။

 ကုမိသားစု ကားပေါ်ရောက်တာကို မြင်သည့်အခါ အကိုကြီးထို့ထို့က ဆွံ့အသည် ဆိုတာ ဘာကိုဆိုလိုမှန်း သဘောပေါက်သွားလေသည်။

 လင်းယောင် ကားပေါ်ရောက်တာနှင့်တပြိုင်နက် သူမက တဘက်ကြီးကို ဖက်ပြီးအိပ်မောကျသွားသည်။ သူမဘေးမှာရှိတဲ့ သုန်ဇီကတော့ သူမကိုယပ်ခပ်ပေးဖို့ ယပ်တောင်ကိုင်ထားလေသည်။ ချွင်မေ ကတော့ သူ့ကိုတောင်မကြည့်ပဲ ဘယ်ရီသီးကိတ်မုန့်တွေထည့်ထားသော အိတ်ကို ရတနာသဖွယ်ကိုင်ထားသည်။

 လမ်းတစ်ဝက်ရောက်သည့်အခါ ရွှီရှန်းချန်က ဗိုက်ဆာလာပြီး ထိုဘယ်ရီသီးကိတ်မုန့်တွေကို စားချင်လာသည်။

 စားဖို့လက်လှမ်းအပြင်တွင် ကုချွင်မေက သူ့လက်ကို ဆက်ခနဲရိုက်လိုက်သည်။

 “ဒါယောင်ယောင်အတွက်လေ၊ ရှင်စားဖို့မဟုတ်ဘူး”

 လမ်းတစ်လျှောက်မှာ အကိုကြီးထို့ထို့ကတော့ ကုမိသားစုထဲက သူ့ အနာဂတ်နေရာကို သဘောပေါက်သွားသည်။

 သူတို့မလာခင်တုန်းက ထိုနယ်ဘက်မှာ လေမုန်တိုင်းတိုက်ခတ်ခဲ့သည်။ ဂျစ်ကားက တောင်ပေါ်လမ်းကသွားနေတာကြောင့် လမ်းတစ်လျှောက် ရွှံရေတွေစင်ပြီး ကားတာယာတွေကလည်းရွှံံ့တွေဖုံးသွားသည်။

 လမ်းမညီမညာတွေကို ကျော်ဖြတ်ပြီး နာရီဝက်အကြာတွင် ကုမိသားစုသည် ဟုန်ချီစီရင်စုထဲ ရောက်သွားသည်။

 ဩဂုတ်လအကုန်တွင် ထိုနယ်ဘက်၌ ပြောင်းရိတ်သိမ်းချိန်ဖြစ်ပြီး ဟုန်ချီမှဘသန်မာတဲ့အလုပ်သမားတွေသည် လယ်ထဲသို့ ဆင်းကာရိတ်သိမ်းကြလေသည်။

 အဘွားကျန်းသည် တစ်ဦးတည်းသော ကျန်းမိသားစုမှ သက်ကြီးရွယ်အို ဖြစ်သည်။ ကျန်းဦးလေး ၂ ယောက်မှာ ဆက်ဆံရေးကောင်းမွန်ကြသည်။ နှစ်တွေဒီလောက်ကြာတာတောင် ခွဲမနေကြပေ။ မိသားစုတစ်စုလုံး ယခင်အိမ်ဝင်းထဲ၌နေထိုင်ကြသည်။

ထ်ိုအိမ်ဝင်းက အရမ်းမခိုင်မာဘူးလို့လည်း ပြောကြသည်။ တကယ်တော့ ထိုအိမ်ဝင်းသည် အရင်အိမ်အဟောင်းအပေါ်တွင် ပြန်လည်ဆောက်လုပ်ထားခြင်းဖြစ်သည်။

 ကျန်းမိသားစုသည် လူဦးရေများသည့်အတွက် ခြံကျယ်ကျယ်ကို ဆောက်လုပ်ခဲ့ကြသည်။ ကြွေပြားကပ်ထားသော အိမ်များအတန်းလိုက်စီရှိပြီး ရွှံ့အုတ်နံရံများဖြင့် အတွင်းရော အပြင်ရော ဆောက်လုပ်ထားသည်။ နံရံတွေမှာ အဖြူရောင်ဖြစ်ပြီး အမိုးကိုတော့ ကောက်ရိုးကို အုတ်ခဲ၊အဝါရောင်ရွှံ့တို့ဖြင့်ရောထားသည်နှင့် အသုံးပြုထားသည်။ အမိုးအောက်မှ ဟောခန်းမကြီးတွင် ကြက်သွန်ဖြူတွေလှမ်းထားပြီး ငါးခြောက်နှင့်မှိုတွေကိုခြံထဲ၌သေချာစွာအခြောက်ခံထားသည်။

အိမ်ဝင်းရဲ့ မြောက်ဘက်တွင် ရွှံ့အုတ်ဖိုရှိတဲ့တဲအိမ်လေးရှိသည်။ ရွှံ့နံရံတွေက မီးခိုးနဲ့ မီးအရှိန်ကြောင့် မဲနေသည်။ ထင်းအထပ်လိုက်ကတော့ ထိုတဲအိမ်ဘေးတွင်ဖြစ်သည်။ တဲအိမ်အကျော်တွင် ရေတွင်းတစ်ခုရှိပြီး ရေပုံးဆွဲတဲ့ သံစက်သီးက အိုဟောင်းနေသည့်အလျောက် သံချေးများတက်နေသည်။

ခြံအနောက်ဘက်တွင် သီးပင်စားပင်များ စိုက်ထားပြီး ထိုဘေးတွင် စပါးသိုလှောင်ရန် ‌မြေ‌အောက်ခန်းရှိလေသည်။

မြေအောက်ခန်းနားတွင် ကြက်ခြံရှိပြီး ကြက် ခုနှစ်ကောင်၊ရှစ်ကောင်က တွန်မြည်နေသည်။

လင်းယောင်က စိတ်ဝင်တစား ကြည့်နေခဲ့သည်။ နောက်နှစ်ကနေစပြီး အိမ်ထောင်စုတစ်စုလျှင် ကြက်၃ကောင်သာမွေးခွင့်ပြုတော့မည်။ သုံးကောင်ထက်ပိုလျှင် ဒဏ်ကြေးကောက်ခံမှာဖြစ်သည်။

 ကျန်းမိသားစုရဲ့ ဟောခန်းအလယ်တွင် သူတို့ခေါင်းဆောင်၏ ဓာတ်ပုံချိတ်ဆွဲထားသည်။ ထို့နောက် အသင့်အတင့် အိုဟောင်းနေပြီး အနီရောင်ဆေးခြယ်ထားသောစားပွဲတစ်လုံး နှင့်ထိုင်ခုံနှစ်ခုက စားပွဲ၏ တဖက်စီမှာရှိသည်။

 အဘွားကျန်းမှာ သူမ၏အဖြူရောင် ရှိနေပြီဖြစ်သည့်ဆံပင်များကိုဆံထုံး ထုံးထားပြီး အရောင်မပေါ်လွင်သည့်ဂါဝန်ကိုဝတ်ဆင်ထားသည်။ အပြာရောင် အင်္ကျီအပေါ်ထပ် နှင့် အမဲရောင်ဖိနပ်ကိုဝတ်ဆင်ထားပြီး သေသပ်နေလေသည်။ လက်သည်းများကလည်း သန့်ရှင်းနေပြီး ပျော်ရွှင်နေသည့်ပုံပေါ်နေသည်။

 အဘွားကျန်း မှာသူမသမီး၏ မိသားစုနှင့် မတွေ့ရတာကြာပြီဖြစ်သောကြောင့် ကလေးများကို ပွေ့ပိုက်ပြီး ပြုံးနေလေသည်။

 “ဟေး သုန်ဇီပေါက်စလေးရေ ဘွားဘွားကိုဘယ်လောက် ထွားလာလဲဆိုတာပြပါဦး။ အရပ်လည်းရှည်လာတာပဲ။ စာလုပ်ရတာတွေကော အဆင်ပြေရဲ့လား။ အရင်လို မဆိုးနဲ့တော့နော်။ ဒီကလေးလေးက တစ်ချိန်ကျရင် မိသားစုကို ထောက်ပံံ့ပေးရမှာ။ စာမလုပ်ရင် အနာဂတ်ဆိုတာ ရှိမှာမဟုတ်ဘူး”

 “ဒါကတော့ ချွင်မေရဲ့ ခင်ပွန်းလောင်းလေးပေါ့။ သူကတော့အရမ်းတက်ကြွနေတာပဲနော်”

 “အိုး အဘွားရဲ့မြေးအကြီးဆုံးလည်းပါတာပဲ။ မြေးအကြီးဆုံးက ရဲဝန်ထမ်း။ ဒီလောက်လှပတဲ့ကလေးမလေးကလည်း မြေးကြီးရဲ့မိန်းမလား။ ပန်းချီကားထဲကနတ်သမီးလေးလို လှနေတာပဲ”

 အဘွားကျန်းက သူမမြေးအကြီးဆုံး၏ ချွေးမကိုပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူမ ပြောမပြတက်အောင်ဝမ်းသာသွားသည်။ သူမက သူမ၏ လက်ကိုင်ပုဝါထဲသို့နှိုက်ပြီး လင်းယောင်အတွက် တစ်ယွမ်ထုတ်ပေးလိုက်သည်။

 “လိမ္မာတယ်။ အဘွားပေးတာယူနော်”

လင်းယောင်က ပြုံးပြီး သူမ၏ အိတ်ထဲမှ သေသပ်စွာထပ်ထားသည့် သိုးမွေးလက်အိတ်နှင့် အပေါ်ထပ်အင်္ကျီကိုထုတ်လိုက်လေသည်။ အစကတော့ အဘွားကျန်းအတွက် ဆွယ်တာအင်္ကျီနှင့် ဘောင်းဘီရှည်တွေထိုးပေးချင်ခဲ့သည်။

သို့သော် ကုရှီအန်းက အဘွားသည် နယ်ဘက်မှာနေထိုင်သည်။ ထို့ကြောင့် ဆောင်းတွင်းရောက်လျှင် ဂွမ်းသားပါတဲ့ကြီးမားတဲ့ အနွေးထည်တွေနဲ့ ဘောင်းဘီရှည်တွေဝတ်လေ့ရှိသည်။ ဂွမ်းသားပါတဲ့ အနွေးထည်အောက်တွင်ခံဝတ်ဖို့ သိုးမွေးကုတ်အင်္ကျီထိုးရန်အကြံပေးခဲ့သည်။

 လင်းယောင်လည်း စိတ်ကူးပြောင်းပြီးထိုးထားသော ဆွယ်တာကိုပြန်ဖြေပြီး သိုးမွေးကုတ်အင်္ကျီ ပြန်ထိုးလိုက်သည်။ သူက သိုးမွေးကုတ်အင်္ကျီထိုးရာတွင် ပါးနပ်စွာ သစ်သားတွေနဲ့ အတန်းတစ်တန်း ထည့်သွင်းထိုးလိုက်သည်။ ကြယ်သီးတွေလည်းတပ်ဆင်ပြီး ဂွမ်းသားပါတဲ့အနွေးထည်လို ဝတ်ဆင်နိုင်အောင် ဖန်တီးလိုက်သည်။

 အဘွားကျန်းသည် သူမ၏ဘဝတစ်လျှောက်ထိုကဲ့သို့ သက်တောင့်သက်သာရှိသည့် သိုးမွေးကုတ်အင်္ကျီမျိုးမဝတ်ဖူးပါ။ သူမ၏လက်တွင် ထိုကုတ်အင်္ကျီကို ကိုင်ထားပြီး ပြန်တောင်မချရက်တော့ပေ။ ခဏခဏ ကိုင်ကြည့်ပြီးဘယ်လောက်နူးညံ့သည်ကို ခံစားနေလေသည်။

 အကြီးဆုံးအဒေါ်နှင့် ဒုတိယအဒေါ်တို့သည်လည်းသိုးမွေးကုတ်အင်္ကျီကို လာကိုင်ကြည့်ကြသည်။ထို့နောက် လင်းယောင်ကို ချီးကျူးကြသည်။

 “ အမေက ဘာလို့အဲလောက်တက်ကြွနေတာလဲ။ မြို့ကအဘွားတွေလိုလည်း ဖက်ရှင်ကျတယ်။”

 “ အမေက နဂိုထဲက ဖက်ရှင်ကျတာ”

“အသားအရည်ကလည်း ဖြူပြီးလှတယ်”

စသည်ဖြင့် ချီးကျူးပြောဆိုကြတော့ အဘွားကျန်းကတော့သူမ၏ မွေးနေ့မှာ အလွန်ပျော်ရွှင်နေလေသည်။

ကျန်းဆွေ့လန်ကလည်း ကျေနပ်ပီတိဖြစ်ပြီး သူမ၏ မျက်နှာမှာ တောက်ပနေသည်။

 အဘွားကျန်းမှာ သူမ၏ မြေးချွေးမလေး လုပ်ပေးထားတဲ့ အင်္ကျီအသစ်တွေကို ဝတ်ဆင်ပြီး ရွာထဲက သူမ၏ အစ်မတွေကို ကြွားလေသည်။

ကျန်းဦးလေး ၂ ယောက်ကတော့ ဆေးတံသောက်နေပြီး ပျော်ရွှင်စွာပြုံးနေကြသည်။

ကျန်း‌ဦး‌လေး၏ ဇနီးကတော့ ကန်တင်းသို့ ထမင်းသွားမစား။ ဦးလေးကျန်းက ယုန်သားသယ်လာသည်။ အိမ်မှ ကြက်တစ်ကောင်ကိုသတ်ပြီး အိမ်၌စိုက်ထားသော အသီးအနှံများ ထည့်လိုက်သည်။

နေ့လည်ရောက်သောအခါ မိသားစုစုံစုံလင်လင်ထမင်းစားကြလေသည်။ ထမင်းဝိုင်းတွင် အကြီးဆုံး ဦးလေး၊အကြီးဆုံးအဒေါ်၊ ဒုတိယဦးလေး၊ ဒုတိယအဒေါ်နှင့် အခြားသူများက လင်းယောင်အတွက် ဟင်းတွေထည့်ပေးကြသည်။

 အကိုကြီးထို့ထို့ကတော့ တစ်ယောက်တည်း ဟင်းသီးဟင်းရွက်တွေ စားနေလေသည်။

 လင်းယောင်က ကုရှီအန်းရဲ့အင်္ကျီကိုဆွဲပြီး သူမအားကူညီရန် မျက်တောင်ခတ်ပြလေသည်။

 ကုရှီအန်းကလည်း ပြုံးပြပြီး ထမင်းဝိုင်း၌အာရုံများနေတာကိုအသုံးချပြီး ကူစားပေးလေသည်။

 အဲ့တော့မှ လင်းယောင်သက်ပြင်းချနိုင်တော့သည်။

 ထမင်းစားပြီးသည့်အခါ လင်းယောင်က အိမ်မှာလို မဟုတ်တော့။ ပန်းကန်တွေဆေးပြီး တံမြက်စည်းတွေလည်း လှည်းပေးသည်။ သူမ၏ အဒေါ်ကတော့ သူမကိုချီးကျူးကာကြည့်နေသည်။ သူမက လင်းယောင်ကို နှစ်ခါလောက်တွေ့ဖူးသည်။ အဲ့အချိန်တုန်းကတော့ လင်းယောင်က ရှက်တက်ပြီး အလိုလိုက်ခံထားရတဲ့ ကလေးလေးပုံစံဖြစ်သည်။

 နယ်ဘက်မှာမိန်းမယူလျှင် ထိုမိန်းမသည် ရုပ်ချောတာထက် ကြံ့ခိုင်ပြီးသန်မာခြင်းက ပိုအရေးကြီးသည်ဟုဆိုကြသည်။

အကြီးဆုံး အဒေါ်မှာ အလွန်ကြံ့ခိုင်သည်။ သူမတွင် သားနှစ်ယောက်ရှိလေသည်။ အကြီးဆုံးသားကို ကိုယ်ဝန်လွယ်ထားသည့် ၇ လ၊ ၈ လ လောက်တွင်လည်း စပါးတွေကိုလယ်ထဲ၌ ကိုယ်တိုင်စိုက်ပျိုးသည်။ ဝက်စာခြင်းတွေကို သယ်ခဲ့သည်။ ဒုတိယမြောက်သားကိုလည်းလယ်ထဲ၌ပင် မွေးဖွားခဲ့သည်။ သူမ၏ ဘဝတစ်လျှောက်ထိုကဲ့သို့ပင် ဖြတ်သန်းပြီး လယ်ယာကိစ္စများတွင် ကျွမ်းကျင်လေသည်။

 ရွာထဲကသူတွေက အဒေါ်အကြောင်းပြောသည့်အခါ ဘယ်လောက် သန်မာကြောင်းပြောလေ့ရှိသည်။ ဦးလေးကျန်းသည်လည်း လူကောင်းတစ်ယောက်ဖြစ်ပြီး ဇနီးသည်ကလည်း ကောင်းသည်။ ယောက်ျားနှင့် မိန်းမညီတူညီမျှပင် အလုပ်ကြိုးစားကြလေသည်။

 အဒေါ်အကြီးဆုံးက လက်ထပ်ပြီးသားအမျိုးသမီးတစ်ဦးဟာ လယ်ထဲမှာ ကြမ်းကြမ်းတမ်းတမ်းလုပ်နိုင်မှ သန်မာတာမဟုတ်ကြောင့် သိခဲ့လေသည်။ သုန်ဇီ ပြောသလိုပင် သူ၏မရီးသည် ပညာလည်းတက်ပြီး ရုပ်လည်းချောမောသည်။ ဟင်းလည်းကောင်းကောင်းချက်တက်သည်။ အချုပ်အလုပ်ပညာလည်းတက်သည်။ ထိုကဲ့သို့အရာများသည် "စာတတ်ပေတတ်" ဟုခေါ်သော အခြား အတတ်ပညာများ ဖြစ်သည်။

 အဒေါ်အကြီးဆုံးသည် သုန်ဇီ၏ စကားများကိုနားမလည်။ သူမက လင်းယောင်သည် ဟန်မဆောင်တက်၊တာဝန်ကျေသည်ဟုသာ ထင်ထားသည်။

 “ငါတစ်ခါမှ မြို့ပေါ်မှာ ရောင်းတာတွေထက်ပိုလှတဲ့ သိုးမွေးဆွယ်တာ မမြင်ဖူးဘူး။ အရမ်းလက်ရာမြောက်တာပဲ” ဆိုပြီး ကျန်းဆွေ့လန်ကို ယောင်ယောင် တော်ကြောင်းချီးကျူးလိုက်သည်။

 ကျန်းဆွေ့လန်က အံ့ဩစွာမျက်ခုံးတွန့်ပြီး “ဒီနေ့ငါ့ယောင်းမက ထူးဆန်းနေပါလား။ ယောင်ယောင်လိုနူးညံ့ပျော့ဖတ်တဲ့မိန်းကလေးကို အစက အထင်သေးခဲ့ပြီးခုတော့ ချီးကျူး‌နေပြီပေါ့”

 နေခင်းရောက်သောအခါ ရွှီရှန်းချန်က သူရဲ့ ဂျစ်ကားနဲ့မြို့ထဲကို တာဝန်အရသွားလေသည်။ ညနေခင်းရောက်တော့ ကုမိသားစုကို လာကြိုသည်။ ဦးလေးကျန်းက တောင်းအပြည့်လိုက် ပြောင်းဖူးနုနုလေးတွေ သယ်လာခဲ့သည်။

 ပြောင်းဖူးလေးတွေက ချိုပြီး လတ်ဆက်သည်။ ချက်လိုက်သည့်အခါတွင်ပို၍ အရည်ရွှမ်းကာချိုသည်။ လင်းယောင်က ပြောင်းဖူးတစ်ဖူးနှင့် တစ်ဝက်ကိုစားပြီး ကျန်တစ်ဝက်က်ို ကုရှီအန်းအတွက် ချန်ထားလေသည်။

 စားသောက်ပြီးသွားသောအခါ အားလုံးအိပ်ချင်လာကြသည်။ လင်းယောင်က တရေးအိပ်ဖို့နေရာလိုက်ရှာသော်လည်း သူမ၏ ဦးလေးနှင့် အခြားသူများက အုတ်ကုတင်ပေါ်တွင် တူတူအိပ်နေကြသည်။

 ထို့ကြောင့် မတက်သာသည့်အဆုံး ဒါရိုက်တာကုရဲ့လက်မောင်းပေါ်၌သာ အိပ်လိုက်သည်။

အတန်ကြာအိပ်ပြီး လင်းယောင် နိုးလာခဲ့သည်။ သုန်ဇီက လင်းယောင် နိုးတာကိုမြင်သည့်အခါ တောင်ပေါ်မှာ ဘယ်ရီသီးတွေသူသွားခူးတော့မှာ ဆိုပြီးအော်ပြောလိုက်သည်။

ကျန်းကျားကျွမ်တောင်ရဲ့အနောက်ဘက်မှာ အသီးတွေပေါက်တဲ့ တောတခုရှိသည်။ ဒီအချိန်လောက်ဆို ရက်စ်ဘယ်ရီသီး၊ပိုးစာသီးနှင့် အခြားအသီးတွေ မှည့်သည့် အချိန်ဖြစ်သည်။

 လင်းယောင်က အရမ်းတက်ကြွသွားသည်။ သူမ တောင်ပေါ်သို့ အသီးသွားခူးပြီး ယိုလုပ်စားချင်သည်။

 ဦးလေးကျန်းက ဆေးတံထဲမှ အဖြူရောင်ပြာတစ်ချို့ကို ခါလိုက်ပြီး ပြုံးလိုက်သည်။

”သွားကြည့်လေ။‌ နောက်တစ်ခါ ဒီလိုထပ်လာဖို့ကမလွယ်ဘူး။ အသီးတွေ ရှိပါဦးမလားတော့ မသိဘူး။ ရွာထဲက ကောင်လေးတွေက သွားသွားခူးတက်တယ်”

 မိသားစုတစ်စုလုံး ပျော်ပျော်ပါးပါးနှင့် တောင်ပေါ်သို့ခြင်းတောင်းကိုယ်စီဖြင့် သွားကြသည်။ သူတို့အနောက်မှာ အရပ်ရှည်ရှည်နှင့် လူကြီးလိုက်ပါလိုက်သည်။

 လက်ထောက် ဒါရိုက်တာကုမှာ သူ့အမျိုးသမီးလေးကိုစိတ်မချ၍ လိုက်လာခြင်းပင်။

 လင်းယောင်ကတော့ ခြင်းတောင်းသယ်ဖို့ လူတိုးလာပြီဟုတွေးပြီး ပျော်နေလေသည်။

သို့သော် သူတို့ ထိုကိုသွားသောအခါ အန္တရာယ်တွေ့လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။

All Chapters