← Chapters

မျှော်လင့်ချက်မဲ့သော ဘဝ

Vol. 120 Ch. 1562

မျှော်လင့်ချက်မဲ့သော ဘဝ

Vol. 120 Ch. 1562

နောက်တစ်ခဏတွင် မဟာဧကရာဇ်၏ အသိစ်တ်အလျဉ်မှာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲမှ ထွက်သွားချေပြီ။

မဟာဧကရာဇ်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး ပြင်းထန်လှသော အန္တရာယ်အာရုံကို ခံစားလိုက်ရသည်။ သို့သော် သူ မတုံ့ပြန်နိုင်ခင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှ ထွက်လာခဲ့သည်။

သူ၏တုံ့ပြန်မှုက နှေးကွေးသည်ဟု မဆိုနိုင်ပေ။ ချက်ချင်းဆိုသလို တာအိုသစ်ပင်ဆီသို့ ပြန်ရောက်သွား၏။ သို့သော် သူ၏အသိစိတ်အလျဉ် ရွေ့လျားသွားသည့်အချိန်တွင် သူ့မှာ ယခင်နှင့် အနည်းငယ်ကွဲပြားနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ကွဲပြားမှုက မည်သည့်အရာ ဖြစ်သည်ကိုတော့ အတိအကျ မပြောနိုင်ပေ။

သို့သော် ချင်မူနှင့် အခြားသူများ၏ မျက်၀န်းထဲတွင်တော့ မတူညီသောမြင်ကွင်းတစ်ခု ဖြစ်ပွားနေသည်။

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် ရွေ့လျားနေစဉ် အသွင်သဏ္ဍာန် ဖွဲ့တည်လာနေ၏။ သူ့တွင် ရုပ်ခန္ဓာ၊ ဝိညာဉ်နှင့် မူလဝိညာဉ်တို့ ရှိလာနေသည်။

ထိုသို့ဖြင့် မဟာဧကရာဇ်ကား အသိစိတ်လျဉ်အဖြစ်မှ သက်ရှိပုဂ္ဂိုလ်တစ်ယောက်အဖြစ်‌ ပြောင်းလဲသွားချေပြီ။

မဟာဧကရာဇ်ကိုယ်တိုင်ပင်လျှင် ဤပြောင်းလဲမှုကို သတိမထားမိဘဲ တာအိုသစ်ပင်ဆီသို့ အပြေးတစ်ပိုင်း သွားနေလေသည်။

တာအိုသစ်ပင်သည် သူ့ဘ၀တစ်လျှောက်လုံး ကျင့်ကြံထားသော မဟာတာအို၏ ရုပ်လုံးအသွင်သဏ္ဍာန် ဖြစ်ပြီး တာအိုသစ်သီးက သူ့ကျင့်ကြံခြင်း၏ ရလဒ်ဖြစ်သည်။

သူ့မှာ ‌ကောင်းကင်နတ်အရှင်လင်ဆီမှ အလွန်တရာ အန္တရာယ်များသည့် ခံစားချက်ကို ရနေသည်။ ဤအမျိုးသမီး မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းဖြင့် မဟာလေဟာနယ် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတွင် သူ့ကို သတ်ဖြတ်ခဲ့စဉ်ကတည်းက သူမအား လျှော့မတွက်ရဲခဲ့ပေ။

သူ့အနေဖြင့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို အသုံးပြု၍ ကောင်းကင်နတ်အရှင်လင်အား သတ်ရန်ပင် တုံ့ဆိုင်းမနေခဲ့ချေ။

ဤအမျိုးသမီးကို ရင်ဆိုင်ရသည့်အချိန်၌ သူ့တွင် ဖယ်ရှားမရနိုင်သော အရိပ်ကြီးတစ်ခု အမြဲကပ်ပါနေသည်။

ယခုတွင် မဟာဧကရာဇ်သည် ထိတွေ့ကိုင်တွယ်၍ ရနိုင်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်သွားပြီး ပြိုင်ဘက်ကင်းသော နတ်ဘုရားတစ်ပါးအဖြစ်မှ သက်ရှိလူသား ဖြစ်သွားလေ၏။ ထို့‌နောက် လူသားအသွင်မှ စွမ်းအင်အသွင် ပြောင်းလဲကာ သန့်စင်သော စွမ်းအင်ခန္ဓာကိုယ်အဖြစ်သို့ ရောက်သွားတော့သည်။

သူ ပြေးနေသည်နှင့်အမျှ သူ၏ကိုယ်ထည်မှာ ပုံပျက်လွင့်ပြယ်နေသည်။

သူ ပြေးနေသည့် လမ်းတစ်လျှောက်တွင် သူ၏ခန္ဓာကိုယ်မှ လွင့်ပြယ်ပျက်စီးသွားသော စွမ်းအင်များ ပြန့်ကျဲလျက် ကျန်ရစ်ခဲ့၏။ ထို့နောက် အန္တိမလေဟာနယ်၏ လေအေးကြောင့် အဝေးသို့ တိုက်ခတ်မြောလွင့်သွားပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် လွင့်ပျံ့ပျောက်ကွယ်သွားတော့သည်။

ယင်းသို့ ပြောင်းလဲသွားခြင်းကား မီလော့နန်းတော်၏ တာအိုအမှတ်အသားများကြောင့် ဖြစ်ပေသည်။ ၎င်းတွင် အင်အားကြီးမားသော စွမ်းရည်များ ရောယှက်နေပြီ အလွန်တရာ မှော်ဆန်သည့် ခံစားချက်များ ပေးစွမ်းနေ၏။ သို့သော် ထိုက်စုနှင့် ကောင်းကင်နတ်အရှင်ရှောင်မှာတော့ အင်မတန် ကြောက်ရွံ့တုန်လှုပ်လာကြသည်။

သူတို့၏ ကိုယ်ပိုင်တာအိုများကို ကောင်းကင်နတ်အရှင်လင်၏ လက်ချောင်းတွင် မြင်နေရသည်သာမက အခြားထိုက်ငါးပါး၏ မဟာတာအိုများကိုလည်း တွေ့မြင်နေရသည်။ ထိုက်ငါးပါး၏ မဟာတာအိုတို့ကား လွတ်လပ်ပေါ့ပါးစွာ ပြောင်းလဲနေကြသည်။

ကောင်းကင်နတ်အရှင်လင်၏ ကျင့်ကြံခြင်းအခြေခံက ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်‌ဟောင်တို့အပြင် အခြားသူများနှင့် ယှဉ်ကောင်း ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် ဤတိုက်ကွက်တွင် ပြသနေသော တာအိုတို့က သူတို့နားလည်သည်ထက် ကျော်လွန်နေချေ၏။

မဟာဧကရာဇ်သည် ဤစကြ၀ဠာ၌ အင်အားအကြီးမားဆုံး ဖြစ်တည်မှုပင်။ ဤတိုက်ပွဲတွင် သူက ယင်းအချက်ကို သက်သေပြရန် သူ၏ ခွန်အားဖြင့် တိုက်ခိုက်ခဲ့၏။

ကောင်းကင်နတ်အရှင်လင်က မဟာဧကရာဇ်အား အငိုက်ဖမ်း၍ တိုက်ခိုက်နိုင်ခဲ့သော်လည်း ဤလက်ချောင်းက သူတို့ပါ ဖျက်ဆီးခံရတော့မည့် အန္တရာယ် ရှိနေသကဲ့သို့ ခံစားနေကြရသည်။

မဟာဧကရာဇ် တာအိုသစ်ပင်ဆီသို့ ပြေးသွားနေစဉ် လွင့်ပြယ်ပျောက်ကွယ်နေသည့် အမြန်နှုန်းက ပိုပို၍ မြန်လာတော့သည်။ သူ့မှာ တာအိုသစ်ပင်ဘေးသို့ ရောက်သွားပြီး တာအိုသစ်ပင်နှင့် နီးကပ်နေချေပြီ။ သူက လက်ဆန့်တန်းကာ ပြုံးလိုက်သည်။

မဟာဧကရာဇ်ကား လုံး၀ပျောက်ကွယ်သွားလေပြီ။

အေးစက်နေသော လေများက အထီးကျန်စွာ တိုက်ခတ်နေပြီး လေတိုက်သံက သက်ပြင်းချနေသယောင်ယောင်။

ပြိုင်ဘက်ကင်းသော ရာဇဝင်တစ်ပုဒ် ပြီးဆုံးသွားသည့်အတွက် သက်ပြင်းချသံ၊ အတိတ်ခေတ်၏ ဒဏ္ဍာရီတို့ ပျက်သုဉ်းသွားခြင်းကြောင့် သက်ပြင်းချနေသယောင်ယောင်။

မဟာဧကရာဇ်ကား ပြာကျသွားလေပြီ။

သူ၏ အသိစိတ်အလျဉ်မှာလည်း လုံးလုံးလျားလျား ပျောက်ကွယ်သွား၏။

အားလုံးအရှေ့တွင် မဟာဧကရာဇ်၏ တာအိုသစ်ပင်အရွက်များသည် ညှိုးခြောက်ဝါရင့်လာကြ၏။ အဝါရောင်သစ်ရွက်များက သစ်ပင်၏ သစ်ကိုင်းများမှ ကြွေကျကုန်သည်။ ထို့နောက် အေးစက်နေသော လေများနှင့်အတူ ဝေ့ဝဲမြောပါကာ တဖြည်းဖြည်း‌ ပျောက်ကွယ်သွားကြတော့သည်။

သစ်ကိုင်းများကလည်း ခြောက်သွေ့ကြွပ်ဆတ်၍ အမှုန့်ကြေလာကြသည်။ ထို့နောက် လေထဲရှိ ပြာမှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။

တာအိုသစ်ပင်မှာလည်း ညှိုးခြောက်၍ အမြစ်များပုပ်ကာ ပျက်စီးပျောက်ကွယ်ကုန်သည်။

ဤအခိုက်အတန့်တွင် မဟာဧကရာဇ်၏ အစိမ်းရောင် တာအိုသစ်သီးမှာလည်း နွမ်းလာသည်။ အသက်စွမ်းအင်တို့အားလုံး ပျောက်ကွယ်သွားသကဲ့သို့ ရှုံ့တွလာ၏။

မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် ဧရာမအပေါက်ကြီးတစ်ပေါက် ပွင့်ထွက်နေခဲ့ပြီး ဖြစ်သည်။ ထိုအခိုက်အတန့်တွင် လေအေးများက ပိုမိုစီး၀င်ကာ တဝေါဝေါ တိုက်ခတ်လာကြ၏။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ပျက်စီးကာ ပြိုကျသွားလေသည်။

ကောင်းကင်နတ်အရှင်လင်က ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။ သူမ၏ မျက်နှာအမူအရာက လုံး၀မပြောင်းလဲသော်လည်း နှလုံးသားထဲတွင်တော့ ဝမ်းနည်းစိတ်က လှိုက်တက်နေသည်။ ထို၀မ်းနည်းမှုက တဖြည်းဖြည်း ကြီးထွားကျူးကျော်ကာ သူမ‌အပေါ် သက်ရောက်မှု ရှိလာ၏။ သူမပင် မသိလိုက်ဘဲ သူမ၏ပါးတွင် မျက်ရည်များ စိုစွတ်လာသည်။ ဤမျှ ၀မ်းနည်း‌ကြေကွဲဖွယ်ကောင်းလှသည့် ခံစားချက်များ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း သူမ မသိချေ။

‌ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုတို့ ၀မ်းနည်းကြေကွဲ‌နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းက မရည်ရွယ်ဘဲ သူမနှင့် သူမ၏တာအိုနှလုံးသားအပေါ် သက်ရောက်လာခြင်းသာ ဖြစ်မည်။ သူမမှာ ဤ၀မ်းနည်းကြေကွဲမှုထဲတွင် နစ်မြောသွားရင်း ရှေးဟောင်းဖြစ်တည်မှုတစ်ခု ကြွေလွင့်‌သွားသည့်အတွက် ‌‌နှမြောတသဖြစ်‌နေမိသည်။

မည်သို့ဆိုစေ မဟာဧကရာဇ်ကား စွန့်ဦးတီထွင်သူတစ်ဦး ဖြစ်ခဲ့၏။

ယဉ်ကျေးမှုမထွန်းကားသေးသည့် လူရိုင်းခေတ်တွင် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်က တာအိုသို့ ၀င်ရောက်ကာ ဒဏ္ဍာရီတစ်ပုဒ် ဖန်တီးခဲ့သည်။ သူသည် အသိစိတ်အလျဉ်သင်္ကေတများ၊ တာအိုအမှတ်အသားများ၊ တာအိုသံကြိုးများနှင့် ယဇ်ပူဇော်နည်းလမ်းများကို ဖန်တီးခဲ့ပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကိုပါ တည်ဆောက်နိုင်ခဲ့၏။

မဟာဧကရာဇ်သည် ပြီးပြည့်စုံသည့် ကျင့်စဉ်စနစ်တစ်ခုကို မဖန်တီးနိုင်ခဲ့သည့်တိုင်၊ မျိုးဆက်သစ်များအပေါ် လေးနက်ကျယ်ပြန့်စွာ သက်ရောက်မှုမရှိခဲ့သည့်တိုင်၊ လမ်းလွဲသွားပြီး ဖန်ဆင်းရှင်မျိုးနွယ်အား သတ်ဖြတ်လျက် သွေးယဇ်ပူဇော်ခဲ့သည့်တိုင်၊ သူ့အား တာအိုသိုင်းပညာတစ်၀က်အဖြစ်‌သာ သတ်မှတ်ရနိုင်သည့်တိုင် သူ၏ အကျိုးသယ်ပိုးမှုများက ဖျောက်ဖျက်၍ မရနိုင်ပေ။

သူသာ ဉာဏ်ပညာနှင့် အသိအမြင်ကို မျိုးဆက်သစ်များ၏ ကောင်းကျိုးအတွက် အသုံးချနိုင်ခဲ့ပါက တစ်လောကလုံးတွင် အတောက်ပဆုံး၊ အထူးချွန်ဆုံး ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာခဲ့ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ထိုသို့ ဖြစ်မလာခဲ့ချေ။

ကောင်းကင်နတ်အရှင်လင်၏ လက်ချောင်းဖြင့် မဟာဧကရာဇ်မှာ သေဆုံးသွားခဲ့ပြီး သမိုင်းထဲ၌ မြှုပ်နှံခံလိုက်ရချေပြီ။

ချင်မူ၊ ကောင်းကင်နတ်အရှင်ရှောင်၊ ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများမှာ‌ ကောင်းကင်နတ်အရှင်လင် အဘယ်ကြောင့် ဝမ်းနည်းကြေကွဲနေမှန်း နားမလည်နိုင်ပေ။ သို့သော် မဟာဧကရာဇ်ကို ကိုယ်တိုင်မြှုပ်နှံခဲ့ရသူ တစ်ယောက်အနေဖြင့် ကောင်းကင်နတ်အရှင်လင်မှာတော့ ၀မ်းနည်းပူဆွေးမိသည့် စိတ်ထဲမှ ရုန်းမထွက်နိုင်သေးပေ။

ရုတ်တရက် မြင့်မားလှသော ခန်းမကြီးတစ်ခုက ကောင်းကင်နတ်အရှင်လင်၏ ဦးခေါင်းထက်တွင် ပေါ်လာ၏။ ၎င်းမျက်နှာပြင်ပေါ်ရှိ လှပသည့် မရေမတွက်နိုင်သော သင်္ကေတများက တုန်ရီသွားပြီးနောက် ဝုန်းခနဲ ကျဆင်းလာသည်။

ထိုအခိုက်အတန့်တွင် ခိုင်ဧကရာဇ်က သူမအရှေ့တွင် ရပ်ကာ ဓားထုတ်လိုက်သည်။ ဓားတာအို၏ တာအိုသစ်ပင်က စိမ်းစိုသန်မာနေပြီး သစ်ကိုင်းများက ယိမ်းနွဲ့နေကြသည်။ ဓားတစ်သောင်းက ကောင်းကင်သို့ ပျံတက်သွား၍ ခန်းမပေါ်ရှိ သင်္ကေတများအားလုံးကို တန်းတန်းမတ်မတ် ထိုးစိုက်နေကြသည့်အလားပင်။

ကြောက်မက်ဖွယ် လှိုင်းဂယက်ကြီးတစ်ခုက ပေါက်ကွဲထွက်လာသည်။ နတ်ကောင်းကင်ခန်းမထဲမှ ကောင်းကင်နတ်အရှင်ရှောင်က ပျံသန်းထွက်လာ၏။ သူက ခိုင်ဧကရာဇ်၏ ဓားရောင်ကို ရင်ဆိုင်ကာ ကောင်းကင်နတ်အရှင်လင်အား လက်ဖဝါးဖြင့် ဖိချလိုက်သည်။

သူ့ပတ်ပတ်လည်တွင် နတ်ကောင်းကင်ခန်းမ၏ သင်္ကေတများက လှည့်ပတ်ပျံသန်းနေကြသည်။ ခိုင်ဧကရာဇ်က နတ်ကောင်းကင်ခန်းမ၏ သင်္ကေတများကို ခုခံကာကွယ်နေပြီး ကောင်းကင်နတ်အရှင်ရှောင်က နတ်ကောင်းကင်ခန်းမ၏ သင်္ကေတများကို အသုံးပြုကာ ခိုင်ဧကရာဇ်၏ ဓားတာအိုကို ခုခံကာကွယ်နေသည်။

ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ တာအိုပန်းပွင့်များက လှည့်ပတ်သွားပြီး ပွင့်ချပ်များသည် စူးရှချွန်ထက်နေသည့် ဓားများအလား ကောင်းကင်နတ်အရှင်ရှောင်၏ လက်နှင့် ‌ထိတိုက်သွားကြ၏။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိ ဓားက နောက်သို့ထိုးစိုက်လိုက်သည်။ သူ့အနောက်တွင် ကောင်းကင်နတ်အရှင်ဟောင်က မားမားမတ်မတ် ရပ်နေခဲ့ပြီး နောက်တစ်ခဏတွင် ကောင်းကင်နတ်အရှင်လင်အနောက်သို့ ရောက်ရှိသွားလေသည်။

နောက်စေ့ပွင့်ထွက်သွားသည့် သူ၏ဒဏ်ရာများက နတ်ဘုရားမထိုက်စုကြောင့် သက်သာသွားလေပြီ။ သူ့လက်ထဲရှိ ကောင်းကင်လှည်းဘီးတစ်သောင်းက ကြောက်မက်ဖွယ် တာအိုအလင်းရောင်တို့ ဖြန့်ကျက်လျက် အဆက်မပြတ် လှည့်ပတ်ရင်း ‌ကောင်းကင်နတ်အရှင်လင်၏ ဦးခေါင်းထံသို့ ပြေးဝင်လာသည်။

သူ၏ ဦးခေါင်းနောက်တွင် ခရမ်းရောင်ကောင်းကင်ဘုံခန်းမက ‌ကောင်းကင်လှည်ဘီးတစ်သောင်းပေါ်တွင် တောက်ပသွားသော မရေမတွက်နိုင်သည့် တံဆိပ်အမှတ်အသားများအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့က လှည်ဘီးများ၏ မျက်နှာပြင်နှစ်ဖက်မှ စွမ်းအားကို အဆုံးအစွန်အထိ တိုးမြှင့်လိုက်သဖြင့် သူ၏တိုက်ကွက်ကို ပိုမိုကြောက်မက်ဖွယ် ကောင်းလာစေသည်။

ဝုန်း….

ခိုင်ဧကရာဇ်၏ ဓားက ကောင်းကင်လှည်းဘီးတစ်သောင်း၏ အလယ်ဗဟိုသို့ ထိုးစိုက်သွားသည်။ ဓားတာအို၏ စွမ်းအား၊ထိုက်ချူတာအိုနှင့် အဆုံးသတ်မြို့ပျက်တာအိုတို့ ပေါက်ကွဲထွက်လာသည်။ ခိုင်ဧကရာဇ်မှာ ညည်းညူကာ သွေးအန်လိုက်ရ၏။

သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့အား တစ်ပြိုင်နက် ရင်ဆိုင်တိုက်ခိုက်နိုင်ရန် ခက်ခဲနေသေးသည်။

ထိုစဉ် ကောင်းကင်နတ်အရှင်ဟောင်က မျက်ဝန်းများ လင်းခနဲ တောက်ပသွားပြီး ချဉ်းကပ်လာ၏။ ကောင်းကင်လှည်းဘီးတစ်သောင်းက ပြောင်းပြန်လန်သွားပြီး အဆုံးသတ်မြို့ပျက်အမှောင်ထုကို ထုတ်ဖော်လိုက်သည်။ သူကား ကောင်းကင်နတ်အရှင်လင်ကို ဝါးမြိုကာ ဖျက်ဆီးချေမှုန်းပစ်ချင်နေလေသည်။

အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ရှောင်၏ လက်ဖဝါးမှ သွေးများ စီးကျနေသည်။ လက်သည် အရိုးဖြူအဖြစ်သာ ကျန်ရစ်တော့၏။ သူ့လက်ကောက်၀တ်မှာလည်း ဓားလမ်းစဉ်တာအိုပန်းပွင့်၏ တိုက်ခိုက်မှုကြောင့် ပြတ်ထွက်သွားပြီး လက်မောင်းရိုးများလည်း ပေါ်နေသည်။ သို့သော် သူ၏တိုက်ကွက်က ကောင်းကင်နတ်အရှင်လင်အား မူတည်၍ တန်းတန်းမတ်မတ် ကျဆင်းနေသေးသည်။

ခိုင်‌ဧကရာဇ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ခွန်အားအကုန်ထုတ်ကာ ကောင်းကင်နတ်အရှင်နှစ်ပါးအား ခုခံလိုက်သည်။ သို့သော် မလွယ်ကူပေ။

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး ကောင်းကင်နတ်အရှင်လင်အား ဝါးမြိုတော့မည့်အချိန်တွင် လူရိပ်တစ်ခုက ဖြတ်ပြေးသွားသည်။ ချင်မူက ကောင်းကင်နတ်အရှင်လင်အရှေ့တွင် ကာရပ်လိုက်၏။ သူ့မှာ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး၏ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။

‌ကောင်းကင်နတ်အရှင်ဟောင်က အေးစက်စက် ရယ်လျက် တာအိုတစ်‌သောင်း ကောင်းကင်လှည်းဘီးကို ဆက်လက်အသက်သွင်းနေသည်။ ချင်မူက မဟာမြို့ပျက်၏ အမှောင်ထုထဲမှ ခေါင်းပြူထွက်လာပြီး တောက်ပစွာ ပြုံးပြကာ မဟာမြို့ပျက်အမှောင်ထု၏ အဝင်၀အား အပြည့်အ၀ ပိတ်ဆို့ထားလိုက်၏။

ကောင်းကင်နတ်အရှင်ဟောင်မှာ ကြက်သီးမွှေးညှင်းများ ထသွားတော့သည်။ သူ လက်ဖဝါးပြန်လှန်လိုက်သည့်အခါ ‌တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးက ထိုက်ချူတာအို ကြီးစိုးသော လှည်းဘီးအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

ချင်မူက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအရှေ့မှ ခေါင်းပြူထွက်လာပြန်ရာ ကောင်းကင်နတ်အရှင်ဟောင်မှာ ခေါင်းနပန်းကြီးသွားသည်။ သူက ‌တာအိုတစ်သောင်း‌ ကောင်းကင်လှည်းဘီးကို အသက်သွင်း၍ ချင်မူ့အား အစိတ်စိတ်အမွှာမွှာ ရိုက်ချလိုက်၏။

“ကောင်းကင်နတ်အရှင်မူ၊ မင်း သေပြီလား… မသေသေးဘူးလား…”

ကောင်းကင်နတ်အရှင်ဟောင်က အော်ဟစ်လိုက်ပြီး တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးက ကောင်းကင်နတ်အရှင်လင်ထံသို့ ပြေး၀င်သွားသည်။ သို့သော် ရိုက်ချခံလိုက်‌သော ချင်မူက ကောင်းကင်လှည်းဘီးထဲမှ ‌ခေါင်းပြူထွက်လာနေသေး၏။ သူက ခေါင်းပြူထွက်လာရုံသာမက သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းပါ ထွက်ပေါ်လာပြီး လက်များ ဆန့်တန်းကာ ကောင်းကင်လှည်းဘီးအစွန်းကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်လိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင် မာန်သွင်းဟစ်အော်လိုက်၍ ကောင်းကင်လှည်းဘီးက ပြောင်းပြန်လှန်ယာ ပြန်လှည့်သွား၏။ အဆုံးသတ်မြို့ပျက် အမှောင်ထုက ချင်မူ့ကို ဝါးမြိုကာ စကြ၀ဠာ၏အမှိုက်အဖြစ် ဖျက်ဆီးချေမှုန်းလိုက်သည်။

“မသေသေးပြန်ဘူးလား…” ကောင်းကင်နတ်အရှင်ဟောင်က အေးစက်စွာ ပြုံး၏။

“ကျွန်တော်က သေမှာ မဟုတ်ဘူး” ချင်မူက ကောင်းကင်လှည်းဘီးထဲမှ ခေါင်းပြူထွက်လာပြန်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ နဖူးသွေးကြောများ ထောင်လာပြီး ကောင်းကင်လှည်းဘီးကို ပြောင်းပြန်လှန်ကာ ချင်မူ့အား မွေးရာပါချီအဖြစ် သန့်စင်လိုက်၏။ ထို့နောက် မွေးရာပါချီက ကောင်းကင်လှည်းဘီးထဲတွင် ပြန်လည်စုဝေးသွားလေသည်။ ချင်မူက ခြေတစ်လှမ်းထုတ်၍ ကောင်းကင်လှည်းဘီးထဲမှ ထွက်လာနိုင်ရန် ကြိုးစားနေသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် ကျယ်လောင်စွာ အော်ဟစ်၍ ကောင်းကင်လှည်းဘီးဖြင့် ရိုက်ချကာ ချင်မူ့ကို ပြားကပ်သွားစေ၏။

သူ့တာအိုနှလုံးသားမှာ ဖရိုဖရဲ ဖြစ်နေပြီး ရက်စက်ကြမ်းကြုတ်သည့် စိတ်တို့က ထကြွလာသည်။ သူ ကောင်းကင်လှည်းဘီးကို မြှောက်လိုက်သည့်အချိန်တွင် ချင်မူ့မျက်နှာက လှည်းဘီးအလယ်ဗဟိုတွင် အပြည့်အ၀ နေရာယူထား၏။

ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်လှည်းဘီးကို ပစ်လွှတ်လိုက်သော်လည်း ၎င်းက ကောင်းကင်နတ်အရှင်လင်ကို ခုတ်ပိုင်းမသွားချေ။ ထိုအစား ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ခုတ်ပိုင်းသွား၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ရှောင်ကား ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာဘေးသို့ သတ်ဖြတ်တိုက်ခိုက်ရင်း ရောက်ရှိသွားခဲ့ချေပြီ။ သူ့ခန္ဓာကိုယ်မှာ ခိုင်ဧကရာဇ်ကြောင့် တစ်ကိုယ်လုံးနီးပါး အရေခွံ စုတ်ခံထားရသော်လည်း ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲ ဝင်ရန် ကြိုးစားနေသည်။

ထို ကတ်သီးကတ်သဲ့အချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ကွက်က ရောက်ချလာသည်။ ကောင်းကင်နတ်အရှင်ရှောင်မှာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲသို့ ဝင်ရောက်ရန် ကြိုးစားနေချိန်မှာပင် အပြည့်အ၀ မ၀င်ရောက်နိုင် ဖြစ်နေသည်။

ကောင်းကင်နတ်အရှင်ရှောင်က နှာခေါင်းတစ်ချက်ရှုံ့၍ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာဖြင့် လက်ဖဝါးမြှောက်ကာ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးနှင့် ထိတွေ့လိုက်သည်။ သူ၏ စွမ်းအားက အဆုံးအစမဲ့ပြီး မဟာဧကရာဇ် ဤခန္ဓာကိုယ်အ‌ပေါ် ထိန်းချုပ်ထားစဉ်တုန်းကထက်ပင် ကျော်လွန်သွားသယောင် ထင်ရသည်။

ထိုစဉ် ချင်မူ့မျက်နှာက တာအိုတစ်သောင်းလှည်းဘီး၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ သူက ပြုံးလျက် ပြော၏။ “အရှင်မင်းကြီး၊ ကျွန်တော် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ထိလိုက်ရင် လှည့်ကွက်တစ်ထောင်လောက် မြှုပ်နှံထားနိုင်တယ်… ခင်ဗျားအတွက် ရှင်သန်စရာ အကြောင်းအရင်း မရှိအောင် လုပ်လို့ရတယ်နော်”

ကောင်းကင်နတ်အရှင်ရှောင်မှာ ကြက်သီးမွှေးညှင်းများ ထသွားပြီး အလျင်အမြန် ရပ်လိုက်သည်။ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကို မထိရဲတော့ချေ။

သူ့ရုပ်ခန္ဓာမှာ ပေါက်ကွဲသွားပြီး ခိုင်ဧကရာဇ်ဓားရောင်က ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ ဦးခေါင်းထိပ်သို့ ထိုးစိုက်၀င်သွားသည်။ ၎င်းက ဓားတာအိုသစ်ပင်အဖြစ် ပြောင်းလဲသွားပြီး ဓားတာအိုသည် ကျယ်ပြန့်လာ၏။

ကောင်းကင်နတ်အရှင်ရှောင်မှာ ခန္ဓာကိုယ်ကို စတင်ထိန်းချုပ်နိုင်ရုံလေးဖြစ်သဖြင့် ခုခံရန် အချိန်မရပေ။ ခန္ဓာကိုယ်ထံမှ ညည်းတွားသံတစ်ချက် ကြားလိုက်ရပြီး ထိုအချိန်၌ပင် ကောင်းကင်နတ်အရှင်လင်သည် ပူဆွေး၀မ်းနည်းနေရာ နိုးထလာ၏။ သူမက ဖွေးဥနေသော သူမ၏လက်ချောင်းကို ဆန့်တန်းကာ ကောင်းကင်နတ်ဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးထိုးလိုက်သည်။

ကောင်းကင်နတ်အရှင်ရှောင်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ လန်ကျသွားသည်။ သူက မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှ ဝုန်းခနဲ ဖောက်ထွက်သွားပြီး အန္တိမဟင်းလင်းပြင်ထက်မှ ပြုတ်ကျသွား၏။

မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံသည် ပျက်စီးနေပြီ ဖြစ်၍ သူတို့ကို သယ်ဆောင်မထားနိုင်တော့ချေ။

ကောင်းကင်နတ်အရှင်လင်က မျက်မှောင်ကြုတ်၍ သူမ၏လက်ချောင်းကို ပြန်ရုတ်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ကွက်က လွဲချော်သွားပြီး ‌တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးသည် ချင်မူ့အား မဟာဧကရာဇ်၏ ညှိုးခြောက်နေသော တာအိုသစ်ပင်ဆီ ခေါ်ဆောင်သွား၏။

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးက တဝှီးဝှီး လှည့်ပတ်လျက် တာအိုသစ်ပင်ဘေးသို့ ရောက်သွားသည်။ တာအိုသစ်ပင်မှာ ပုပ်သိုးပျက်စီးနေသောကြောင့် ကောင်းကင်လှည်းဘီးမှ လှုပ်ခါလိုက်သည့်အခါ သစ်ခေါက်များ၊ သစ်ကိုင်းများ ကျိုးပဲ့ကွာကျသွားပြီး ဧကရာဇ်ဓားတစ်လက် ပေါ်ထွက်လာတော့သည်။

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးက ဧကရာဇ်ဓားကို နင်းချေခုတ်ပိုင်းနေသော်လည်း ဤတစ်ကြိမ်တွင် ကြက်သီးမွှေးညှင်းများ ထသွားသူကတော့ ချင်မူသာ ဖြစ်သည်။

၎င်းသည် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ အထွတ်အမြတ်ရတနာ၊ ထိုက်ချူတာအိုမှ ဖြစ်တည်လာသော အထွတ်အမြတ် ဧကရာဇ်ဓားတစ်လက် မဟုတ်ပါလော။ ကောင်းကင်နတ်အရှင်ဟောင်၏ ထိုက်ချူတာအိုက ချင်မူ့ထက်ပို၍ နက်နဲခြင်း မရှိသဖြင့် ‌တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအနေဖြင့် သူ့ကို သတ်ဖြတ်ရန် မလွယ်ပေ။

သို့သော် ဧကရာဇ်ဓားဖြင့်သာ သတ်ဖြတ်ခံရပါက သေဘေးမှ မည်သို့မျှ လွတ်မြောက်လိမ့်မည်မဟုတ်။ အသက်လည်း ပြန်ရှင်နိုင်မည်မဟုတ်။

ထိုအခိုက်အတန့်တွင် လက်ဖဝါးတစ်ဖက်က ဖြန့်လိုက်ပြီး ဧကရာဇ်ဓားရိုးအား ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။

ဓားကိုင်ထားသူကို မြင်လိုက်ရသည်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ မျက်၀န်းထဲတွင် အံ့ဩမှင်သက်မှုများ ကြီးစိုးသွား၏။ သူက ချင်မူပါရှိသည့် တာအိုတစ်သောင်းကောင်းကင်လှည်းဘီးကို ယူကာ မဟာခြုံလွှမ်းကောင်းကင်ဘုံမှ ထွက်ခွာသွားတော့သည်။

ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်လင်သည် ထိုပုဂ္ဂိုလ်ကို ကြည့်လိုက်ပြီး အနောက်ရှိ တာအိုသစ်ပင်မှာလည်း ညှိုးခြောက်နေခြင်း တဖြည်းဖြည်း ရပ်တန့်လာသည်ကို သတိထားမိလိုက်ကြ၏။ ရွက်ဝါများကလည်း ဖြည်းဖြည်းချင်း စိမ်းစိုလာကြပြီး နွမ်းနေသည့် တာအိုသစ်သီးမှာလည်း ပြန်လည်စိမ်းစိုလာသည်။

တာအိုသစ်ပင် ပြန်ပေါက်လာသောကြောင့် မဟာခြုံလွှမ်းကောင်းကင်ဘုံကား မပြိုလဲတော့ပေ။

ပေသုံးသန်း မြင့်မားသည့် ခရမ်းရောင်ချီတို့က ကောင်းကင်ထက်မှ ရေတံခွန်တစ်ခုအလား စီးကျလာနေပြီး ထိုပုဂ္ဂိုလ်အနောက်တွင် ဖွဲ့တည်နေသည်။

“တာအိုမိတ်ဆွေယွင်” ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်လင်တို့က နှုတ်ဆက်အရိုအသေပေးလိုက်ကြလေသည်။

All Chapters