← Chapters

အခန်း (၂၇၀)

Vol. 18 Ch. 270

အခန်း (၂၇၀)

Vol. 18 Ch. 270

“ကျွန်တော်တို့အားလုံးက ဂိုဏ်းသခင်ငယ်အတွက် တာဝန်ထမ်းဆောင်နေတာပါ။ သခင်မငယ်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးခွင့် ရတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ”

ချူအန်းဖင်က ယန်ရှိန်၏ အခွင့်ပေးမှုကို အသာ

လက်ခံ၏။

“ဒါဆိုရင် ဒီကိစ္စကို ရှင်တို့အားလုံးကိုပဲ လက်လွှဲလိုက်တော့မယ်။ ကျေးဇူးပါ”

ရှလင်က လူတိုင်းကို ဦးညွှတ်သည်။

“ဒုတ်”

ထိုပုံကို တွေ့ရပြီးနောက် လူတိုင်းက ချက်ချင်းပင် ဒူးတစ်ဖက် ထောက်သွားကြသည်။

“သခင်မငယ်ကိုသာ ကျွန်တော်တို့က ကျေးဇူးတင်ရမှာပါ။ ဒီလို စောင့်ဆိုင်းရစေတဲ့အတွက် အားတောင်နာနေတာ။ ဒါက ကျွန်တော်တို့လို လက်အောက်ခံတွေရဲ့ တာဝန်ပါပဲ”

ယန်ရှိန်က အမြန်ပြော၏။

ထိုပုံကို တွေ့ရပြီးနောက် ရှလင်ဟာ အနည်းငယ် မှင်သက်သွားသည်။ ဖြစ်နိုင်တာက ဂျူနီယာမောာင်လေးဟန် သူမကို အခြေအနေအား ရှင်းပြစဉ်က အနည်းငယ် လျှော့ပေါ့ထားသည်လား။

“လူတိုင်းပဲ.. ထကြပါ”

“ကျေးဇူးတင်ပါတယ် သခင်မငယ်”

“သွားကြရအောင်။ အဲ့ဂိုဏ်းတွေ ကွမ်းလင်ဒေသက ထွက်တဲ့ကိစ္စကို ငါတို့ကိုယ်တိုင် သွားပြီး ကြီးကြပ်ကြမယ်။ သခင်မငယ် ခဏပဲစောင့်ပါ”

ချူအန်းဖင်က အမြန်ပြောပြီးနောက် လက်အောက်ခံများနှင့် ထွက်ခွာသွား၏။

ယန်ရှိန်က ချက်ချင်း ထွက်ခွာသွားမှု မပြုပါ။ အဲ့ဒီအစား ရှေ့သို့တက်ကာ ရှလင်၏ ခြေသုံးလှမ်းအကွာတွင် နှိမ့်ချစွာ ရပ်၏။ အပြုံးတစ်ခုနှင့် တောင်းပန်စွာ ပြောသည်။

“သခင်မငယ်.. ကျွန်တော့မှာ လွန်ကျူးတဲ့ တောင်းဆိုချက်လေးတစ်ခု ရှိပါတယ်။ အဲ့ဒါ..”

“ပြောပါ”

ရှလင်က ပြော၏။

“ပြီးခဲ့တုန်းက နားလည်မှုလွဲစရာ အချို့ကြောင့် ကျွန်တော် ဂိုဏ်းသခင်ငယ်ကို ထိပါးမိခဲ့တယ်။ အခု ကျွန်တော့ရဲ့ အမှားကို ပြန်ပြီး ပြင်ဆင်ချင်လို့ပါ။ သခင်မငယ်က ကျွန်တော့အတွက် စကားကောင်းအချို့ ပြောပေးလို့ရမလား မသိဘူး။ ကျွန်တော် နောင်မှာ သေချာပေါက် သခင်မငယ်အတွက် မီးဖြစ်ဖြစ်၊ ရေဖြစ်ဖြစ် အကုန်ဖြတ်ကျော်ပေးပါမယ်”

“ဒါက..”

ရှလင်က ကြောင်တောင်သွား၏။

‘ဂိုဏ်းသခင်ငယ်တစ်ယောက်က အာဏာအရမ်းကြီးတာလား’

ဒီလူများဟာ ဟန်ကျောက်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်၍ မဟုတ်ပါ။ အဲ့ဒီအစား ကြောက်နေတာနှင့် ပိုတူ၏။

ယန်ရှိန်က အင်္ကျီလက်ကြားထဲမှ သေတ္တာဘူးတစ်ခုကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ပေးသည်။

“ကျောက်စိမ်းစမ်းရေမြို့မှာ ကျွန်တော့ရဲ့ ခြံဝန်းတစ်ခု ရှိပါတယ်။ အထဲမှာ ရေပူစမ်းတစ်ခု ရှိပါတယ်။ ကျွန်တော်ကြားတာတော့ အဲ့ဒါက အထဲမှာ စိမ်ပြီးရင် အသားအရေကို ပိုလှပြီး အာဟာရဖြစ်စေတယ်တဲ့။ သခင်မငယ်… ကျေးဇူးပြုပြီး လက်ခံပေးပါ”

“ဒီနေ့မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို မောင်လေးဟန်ကို ငါအားလုံး အမှန်အတိုင်း ပြောပြလိုက်မယ်။ သူနင့်ကို ခွင့်လွှတ်မယ် မခွင့်လွှတ်ဘူးကတော့ ငါလည်း အာမ မခံနိုင်ဘူး”

ရှလင်က ခဏတာ စဉ်းစားပြီးနောက် ယန်ရှိန်၏ လက်ဆောင်ကို လက်ခံခြင်း မပြုပါ။

“ကျေးဇူးတင်ပါတယ် သခင်မငယ်”

ယန်ရှိန်က အကြိမ်ကြိမ် ဦးညွှတ်ကာ ကျောက်စိမ်းသေတ္တာဘူးကို စုယွင်အား ချက်ချင်းပင် ပေးသည်။

“ဒါက ဘာမဟုတ်တဲ့ ပစ္စည်းလေးပါ။ လဲလှယ်တဲ့သဘောနဲ့ပေးတာ မဟုတ်ပါဘူး”

ထိုကဲ့သို့ ပြောပြီးနောက် ယန်ရှိန်ဟာ ချက်ချင်းပင် စုယွင်လက်ထဲသို့ သေတ္တာကို ထိုးထည့်ပြီး အမြန် ထွက်ပြေးသွား၏။

“စုယွင်.. မောင်လေးဟန် ဒေါသရေနဂါးဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ်ပဲ သွားလုပ်တာလို့ နင်ထင်လား။ ဘယ်လိုရှိမလဲ”

ရှလင်က ခေါင်းကိုလှည့်ကာ‌ ကြောင်တောင်စွာ မေးသည်။ နောက်ဆုံးတွင် စုယွင်၏ ပါးစပ်အဟောင်းသားနှင့် ပုံစံကိုသာ တွေ့ရ၏။

ဒေါသရေနဂါး နန်းတော်တွင်..

ဒုတိယမြောက် မြေအောက်ခန်းအတွင်းရှိ ဂူအတွင်းတွင် ဟန်ကျောက်ဟာ ရွှေနက်မြားတစ်ချောင်းကို ကိုင်ကာ မြားတံကို တင်၏။ သူက ဂူအပြင်ဘက်ရှိ တည်ငြိမ်နေသည့် ပင်လယ်ကို ချိန်ရွယ်လိုက်သည်။

“ဖန်..”

လမင်းသဏ္ဍာန် မြား၏ ကြိုးများက လှုပ်ခါနေပြီး မြားတံက ဥက္ကာခဲတစ်ခုနှယ် ထွက်ခွာသွားသည်။ လေဟာနယ်လှိုင်း တစ်ခုကို ဖြစ်ပေါ်စေ၏။ မာကျောသည့် ရေခဲများလည်း ခြံရံနေပါသည်။

“ဘုန်း”

မြားတံဟာ မီတာ၂၀၀အကွာရှိ ပင်လယ်ထဲသို့ ကျဆင်းသွား၏။ ချက်ချင်းပင် ၁၀မီတာကျော် မြင့်မားသည့် လှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လှိုင်းရေများ ပြန်လည်ကျဆင်းချိန်၌ တစ်စိတ်တစ်ပိုင်းဟာ ရေခဲအဖြစ် စုစည်းသွားခဲ့၏။

“ရေခဲစိတ်ဝိညာဉ်မြားရဲ့ စွမ်းအားက လေစိတ်ဝိညာဉ်မြားထက် အများကြီး ပိုသန်မာတယ်။ ဒါပေမယ့် လေစိတ်ဝိညာဉ်မြားက အမြန်ဆုံးပဲ။ မိုးကြိုးစိတ်ဝိညာဉ်မြားကို ထပ်စမ်းကြည့်တာပေါ့”

ဟန်ကျောက်ဟာ ပင်လယ်ပြင်ပေါ်ရှိ လှိုင်းကြီးကို နက်ရှိုင်းစွာ ကြည့်သည်။ သူဟာ နောက်ရှိ ကျည်တောက်အတွင်းမှ နောက်ထပ် မြားတံတစ်ချောင်းကို ယလိုက်၏။

မြားကို လမင်းသဖွယ် ဝိုင်းစက်အောင် ဆွဲလိုက်သည်။ ဒီ

တစ်ကြိမ်တွင် သူဟာ မီတာ၄၀၀အကွာသို့ ချိန်ရွယ်၏။

“ခရက်၊ ခရက်၊ ခရက်”

မြား၏ ပတ်ဝန်းကျင်တွင် ရွှေရောင်နှင့်အဖြူရောင် လျှပ်စီးအမျှင်များ ပေါ်လာ၏။ မြားကို အလွန်မာကျောသည့် သစ်နက်ဖြင့် ပြုလုပ်ထားပေမယ့် လျှပ်စီးများ တဖြတ်ဖြတ်လတ်နေမှုအောက်တွင် ထိခိုက်လာဆဲ ဖြစ်သည်။ သစ်သားဆူးများ ဖြာထွက်လာ၏။

“ဘုန်း”

မြားတံက နဂါးတစ်ကောင်ကဲ့သို့ ထွက်ခွာသွားသည်။ တောက်ပသည့် လျှပ်စီးကြောင်းများက ကြမ်းကြုတ်သည့် မိုးကြိုးနဂါးတစ်ကောင် မြည်ဟိန်းသည့်နှယ် ပြောင်းလဲသွားသည်။

ချက်ချင်းပင် ၎င်းဟာ မီတာ၄၀၀အကွာရှိ ပင်လယ်အား ထိမှန်၏။ ဆယ်မီတာကျော် မြင့်မားသည့် လှိုင်းကြီးတစ်ခုအား ပေါက်ကွဲထွက်လာစေခဲ့သည်။

မြားဟာ သူချိန်ရွယ်လိုက်သည့် ကျောက်တန်းကို တစ်ခါတည်း ထိမှန်ခြင်း မရှိပဲ နှစ်မီတာ၊ သုံးမီတာလောက် ကွာဝေးသွားပေမယ့် လျှုပ်စီးကြောင်းများ ရောထွေးနေသည့် လှိုင်းကြီးက ပျံ့နှံ့လာပြီး ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ကျောက်တန်းကို ပျက်စီးသွားစေသည်။

“မိုးကြိုးလျှပ်စီးမြားက မြန်လည်းမြန် စွမ်းအားလည်းကြီးပေမယ့် ထိန်းချုပ်ဖို့ကျ မလွယ်ကူဘူး။ အဓိကအချက်က မြားကိုလုပ်ရမယ့် သတ္တုပဲ။ မြားက စံချိန်မမှီဘူး ဖြစ်နေတယ်။ ဒါတောင် ငါရှာနိုင်သမျှ အကောင်ဆုံး ကုန်ကြမ်းကို သုံးထားတာ”

ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ အသုံးပြုထားသည့် မြားဦးအားလုံးဟာ ရွှေနက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ သူဟာ မည်မျှပင် ကြွယ်ဝစေကာမူ မြားတံများကို ရွှေနက်ဖြင့် ပြုလုပ်ရန်မှာ ဖြစ်နိုင်ခြင်းမရှိပေ။

အစစ်အမှန်ချီကို မြားတစ်ချောင်းအဖြစ် စုစည်းလျှင်လည်း မြားနှင့် မြားကြိုးက ခံနိုင်ရည်မရှိပေ။

‘နေခွင်းမြားရဲ့ အပိုင်းအစကို ငါရဖို့ လိုအပ်နေတသးတယ်’

ဟန်ကျောက်က စဉ်းစားသည်။

“စိတ်ဝိညာဉ်သုံးပါးမြားကျမ်း(ပထမအဆင့် ပြီးပြည့်စုံခြင်း ၅၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ထိုးထောက်ခြင်း အဆင့်၃၊ အေးခဲခြင်း အဆင့်၃၊ စွမ်းအားပေါက်ကွဲခြင်း အဆင့်၃”

နှစ်လနီးပါး တံခါးပိတ် ကျင့်ကြံမှုအပြီးတွင် သူဟာ စိတ်ဝိညာဉ်သုံးပါး မြားကျမ်းကို ပထမအဆင့်၏ ပြီးပြည့်စုံခြင်းအထိ ကျင့်ကြံနိုင်ခဲ့သည်။ ယခုအချိန်၌ သူ့တွင် လက်ဗလာ တိုက်ခိုက်ရေးအဖြစ် ဗာဂျရာ အကာအကွယ်နှင့် မူလနေကြယ်ချီတို့ ရှိပြီး၊ အနီးကပ်တိုက်ခိုက်ရေးအတွက် ဆေဘာ၊ ဓါးနှင့် သုံးမှတ်မူလပြန်အတတ်တို့ ရှိသည်။ သူ၏ အားနည်းချက်ဟူ၍ အဝေးပစ်စွမ်းရည်သာ ရှိတော့၏။

“အဆုတ်သတ္တု(၄၅%)၊ နှလုံးသစ်သား(၄၅%)၊ ကျောက်ကပ်ရေ(၄၅%)၊ အသည်းမီး(၄၅%)၊ သရက်ရွက်မြေ(၄၅%)၊ အပေါ်ပိုင်းဒန်တျန်မိုးကြိုး(၂၂%)၊ အလယ်ပိုင်းဒန်တျန်ရေခဲ(၁၅%)၊ အောက်ပိုင်းဒန်တျန်လေ(၁၅%)၊ နှလုံး-နဂါးသွေးအိတ်(သွေးချီ၁၀၀%)၊ အသည်း- နဂါးသွေးအိတ်(၁၀၀%)၊ သရက်ရွက်- နဂါးသွေးအိတ်(သွေးချီ၈%)”

နှစ်လအတွင်းတွင် သူ၏ ခါးသက်သည့် ကျင့်ကြံမှုဖြင့် ဒြပ်စင်ငါးပါးအား တစ်ပါးတည်းအဖြစ်နှင့် အံ့ဖွယ်သုံးပါး မူလပြန်ခြင်း စွမ်းရည်တို့ကို ပေါင်းကာ ဟန်ကျောက်ဟာ ဒြပ်စင်ချီကို ၂၀၀%ကျော်အထိ သန့်စင်နိုင်ခဲ့ပြီး ချီသုံးဆင့် စစ်ဘုရင်အဆင့်ကို တည်ငြိမ်စေခဲ့သည်။

ထို့အပြင် သူဟာ ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းမှ စုပ်ယူသည့် မိုးကြိုးစွမ်းအားနှင့် အံ့ဖွယ်သုံးပါး စွမ်းအားကို စုစည်းသည်။ ဤသည်မှာ သူ့ကို စိတ်ဝိညာဉ်သုံးပါးမြား၏ အစစ်အမှန် စွမ်းအားအား ထုတ်လွှတ်နိုင်စေမည့် သော့ချက်ဖြစ်သည်။

“တစ်လအတွင်းမှာ ငရဲကိုးခုစံအိမ်က လူတစ်ယောက်ကို လွှတ်လိုက်မှာ။ အဲ့ဒီ မြွေအဆင့် နတ်ဆိုးကိုသာ ငါသတ်နိုင်ရင် သူ့ရဲ့ နတ်ဆိုးပုံဆောင်ခဲက ငါ့ကို များပြားလှတဲ့ ယင်စွမ်းအင်တွေ ရရှိစေမှာ သေချာတယ်။ ဒါပေမယ့် အဲ့ဒါကို ယူနိုင်ဖို့ ငါ့မှာ အသက်ရှင်နေဖို့ လိုတယ်”

ဟန်ကျောက်ဟာ သတိဝင်လာပြီးနောက် အတွေးနက်သွား၏။

“စနစ်..”

သူဟာ နောက်ဆုံး အစမ်းရှင်သန်မှု အခွင့်အရေးကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

“အချက်ပေးအပိုင်းအစ ၁၃၀တို့ကို စုဆောင်းထားသည်။ သငသ်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား”

“တစ်ကြိမ် ပေါင်းစပ်မှုအတွက် အချက်ပေးအပိုင်းအစ ၁၂၀နှင့် ရွှေ၁၈၀၀လျန်တို့ကို ကုန်ကျမည်။ သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို သေချာ‌ေပါက်ရရှိမည်”

“အဖြူရောင် ပါရမီအား ရလာနိုင်ချေ….. သက်ဆိုင်ရာအဆင့်နှင့် တစ်ကြိမ်သုံး ပါရမီပေါင်းစပ်ခြင်း၊ တစ်ကြိမ်သုံး ပါရမီအဆင့်မြှင့်တင်ခြင်း နှင့် ပါရမီစုဆောင်းခြင်း တို့ကို ရလာနိုင်ချေ ၃%ရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၁၈၀၀လျန်”

‘ကုန်ကျမှု တိုးလာတာက မျှော်လင့်ထားတဲ့ အတိုင်းအတာ အတွင်းမှာပဲ။ ကြည့်ရတာ အဆင့်တူအတွင်းမှာဆို အရမ်းကြီးတော့ တိုးမလာဘူးပဲ။ ပြီးတော့ တစ်ကြိမ်သုံး ပါရမီစုဆောင်းခြင်းလည်း အသစ်ပါလာတယ်’

ဤသည်က မည်သည်ကို ဆိုလိုသည်ဟူသည်အား သူမသိပါ.

“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”

All Chapters