← Chapters

အခန်း (၂၅၆)

Vol. 18 Ch. 256

အခန်း (၂၅၆)

Vol. 18 Ch. 256

“ခိုင်းတဲ့အလုပ်ကိုသာ ကျေနပ်မှုရအောင် လုပ်ပေး.. တစ်နှစ်အတွင်းမှာ အဆင့်ချိုးဖျက်နိုင်ဖို့ ကျွန်တော် အာမခံတယ်”

ဟန်ကျောက်၏ ပုံစံက ခိုင်မာ၏။

“အဆင့်မြင့်အဆင့် သွေးချီဆေးလုံးတစ်လုံးက အလုပ်မဖြစ်ရင် နှစ်လုံး.. လေးလုံး.. ဆယ်လုံး.. လာမယ်”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ငယ်။ ကျွန်တော် သေချာပေါက် သေတဲ့အထိ ခစားပါ့မယ်”

ရွှေကျင်ဖုန်းက ဦးညွှတ်ကာ သူ့ကိုယ်သူ လက်အောက်ငယ်သားတစ်ယောက်သဖွယ် လုံးဝ ပြုမူ၏။

ဟန်ကျောက်သာ ကတိပေးသည့်အတိုင်း လုပ်ပေးနိုင်ပါက သူဟာ အနာဂတ်တွင် အမှန်တကယ် သစ္စာရှိလာမှာ ဖြစ်သည်။

“အင်း.. အရမ်းကောင်းတယ်”

ဟန်ကျောက်က အနည်းငယ် ခေါင်းညှိတ်သည်။ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ခန်းမအတွင်းမှ လျှောက်ထွက်သွား၏။

“နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်ငယ်”

ရွှေကျင်ဖုန်းက လေးနက်စွာ ပြောသည်။

ဟန်ကျောက်၏ ခြေသံတို့ ဝေးကွာသွားမှုကို ကြားရပြီးနောက် သူဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ တစ်ခုခု မှားယွင်းနေဆဲ ရှိသည်ဟု သူခံစားရ၏။ နံရံပေါ်ရှိ ဒေါသရေနဂါး ပုံကြမ်းကိုကြည့်သည်။ လျှို့ဝှက်ခန်းဆီသို့ သွားရောက်ရမည်လားဟု ဒွိဟဖြစ်နေ၏။

“ငါ..”

“ငါဘာလဲ”

တည်ငြိမ်သည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ရွှေကျင်ဖုန်းဟာ ကြောက်ရွံ့စွာဖြင့် တုန်ခါသွားသည်။

ခန်းမ၏ ညာဘက် ပြတင်းပေါက်ဆီသို့ လှည့်ကြည့်လိုက်ပြီးနောက် ရပ်နေသည့် ဟန်ကျောက်ကို တွေ့ရ၏။ တစ်ဖက်လူဟာ ပြတင်းပေါက်ဟချက်မှတစ်ဆင့် သူ့ကို ကြည့်နေပါသည်။

“ဘာမှမဟုတ်ပါဘူး..”

ရွှေကျင်ဖုန်း၏ ပုံစံက ပြောင်းလဲသွား၏။ သူဟာ ဟန်ကျောက်၏ ခြေသံကို လုံးဝ ကြားခဲ့ခြင်း မရှိပေ။

“ရေသံတမန်.. ခင်ဗျား ကျွန်တော့အမိန့်ကို မနာခံမှာတော့ မဟုတ်ပါဘူးနော်”

ဟန်ကျောက်၏ မျက်လုံးများက တည်ငြိမ်စွာသာ ရှိနေ၏။

“မလုပ်ရဲပါဘူး”

ရွှေကျင်ဖုန်းဟာ အလျှင်အမြန် ခေါင်းငုံ့သွားသည်။

“အဲ့ဒါ အကောင်းဆုံးပဲ”

ရွှေကျင်ဖုန်းက ခေါင်းကိုမော့ကာ ပြန်ကြည့်ချိန်၌ ဟန်ကျောက်ဟာ ပြတင်းပေါက်မှ ပျောက်ကွယ်သွားပြီး ဖြစ်သည်။ သူဟာ မည်သည့်ခြေသံကိုမှ ကြားရခြင်း မရှိသေးပေ။

သူ၏ နှလုံးသားဟာ အကြောက်တရားဖြင့် ခုန်ပေါက်လာခဲ့၏။ လျှို့ဝှက်ခန်း၏ ဝင်ပေါက်ကို တစ်ချက်ကြည့်ပြီးနောက် ခန်းမအတွင်းမှ ချက်ချင်းပင် လျှောက်ထွက်သွားသည်။

သုံးရက်ကြာပြီးနောက် နဂါးတောမြစ်၏ ဆိပ်ကမ်းတွင်..

မီတာ၁၀၀ ရှည်လျားသည့် အလွန်ကြီးမားလှသည့် စစ်သင်္ဘောကြီးတစ်ခု မြစ်ပြင်ပေါ်တွင် ပေါ်လာခဲ့၏။ သင်္ဘောကိုယ်ထည်ကို သံမဏိကဲ့သို့ မာကြောသည့် သစ်နက်တစ်မျိုးဖြင့် ပြုလုပ်ထားသည်။ မှင်နက်ရောင်နဂါး သင်္ကေတနှင့် အလံကြီးကို ရွက်တိုင်ပေါ်တွင် လွှင့်ထူထား၏။

“ဒါက ဒေါသရေနဂါး သင်္ဘောပဲ”

“ငါတို့ဘက်ကို မောင်းနှင်လာနေတာ”

“ဖြစ်နိုင်တာက.. ဒေါသရေနဂါးဂိုဏ်းနဲ့ ဓါးပြတွေ ထပ်ပြီး တိုက်ခိုက်ကြမလို့လား”

ဖြတ်သွားဖြတ်လာများ အားလုံးဟာ ပဟေဋိ ဖြစ်သွားကြသည်။

သို့ရာတွင် ဒေါသရေနဂါးဂိုဏ်းဟာ ဒီအတောအတွင်းတွင် အလွန် ကျော်ကြားနေရာ မည်သူမှ ထိပါးရဲခြင်း မရှိပေ။ ကမ်းရှိ ကူးတို့များနှင့် ခရီးသွားများက လမ်းလုပ်ပေး၏။

ဒေါသရေနဂါး သင်္ဘောဟာ ဆိပ်ကမ်းအနီးတွင် ရပ်တန့်သွားသည်။ ရွှေကျင်ဖုန်းဟာ ခုန်ချလာပြီး ကုန်းပတ်ပေါ်တွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်နေ၏။ နှစ်နာရီလောက် စောင့်စားပြီးသည့်တိုင် သူဟာ စိတ်မရှည်ခြင်း လုံးဝမရှိပေ။

ထိုအချိန်၌ အသက်နှစ်ဆယ့်ငါးနှစ်လောက် ရှိဟန်တူသည့် ကျောက်စိမ်းကဲ့သို့ အသွင်အပြင်နှင့် ဝတ်စုံဖြူဝတ် လူငယ်တစ်ယောက် ပေါ်လာခဲ့သည်။

သူ၏မျက်နှာက ကျောက်စိမ်းကဲ့သို့ ရှိကာ ဟန်ပန်အမူအရာက ထူးကဲသည်။ သူ၏ခါးတွင် မြစိမ်းရောင် ဓါးတစ်ချောင်းကို ချိတ်ဆွဲထား၏။

ရွှေကျင်ဖုန်း၏ မျက်လုံးများက လင်းလက်သွားသည်။ သူဟာ ဝတ်စုံဖြူနှင့် လူငယ်၏ရှေ့သို့ သွားရောက်ပြီး လေးစားစွာ ပြော၏။

“သခင်လေးက ကောင်းကင်စီရင်စုရဲ့ ချီမိသားစုက ချီရွှမ်မင်လား မသိဘူး”

“ဟုတ်ပါတယ်”

ချီရွှမ်မင်က ခေါင်းညှိတ်သည်။

“ကျွန်တော်က ရွှေကျင်ဖုန်း။ ဒေါသရေနဂါးဂိုဏ်းရဲ့ သံတမန်ပါ။ ဂိုဏ်းချုပ်ငယ်က သခင်လေးကို လာကြိုဖို့ ကျွန်တော့ကို အထူးမှာကြားထားတာပါ။ ကျေးဇူးပြုပြီး”

ရွှေကျင်ဖုန်းဟာ ချီရွှမ်မင်ထက် များစွာ ပိုမိုအသက်ကြီးပေမယ့် သိုင်းလောကတွင် သန်မာသည့်လူဟာ လေးစားခံရသည်။ ထို့ကြောင့် သူ၏ အသွင်အပြင်က အလွန်လေးစားစွာ ရှိနေ၏။

“ကျေးဇူးပြုပြီး”

ချီရွှမ်မင်က ခေါင်းညှိတ်သည်။

နှစ်ယောက်သားဟာ သင်္ဘောပေါ်သို့ အတူတူ တက်ကြ၏။

“အဲ့လူငယ်က ဘယ်သူလဲ။ ဘာလို့ ဒေါသရေနဂါးဂိုဏ်းရဲ့ ဒေသသံတမန်က သူ့ကို ကိုယ်တိုင် ကြိုရတာလဲ”

“ချီလင်အဆင့်ပေါ်က ထိပ်တန်းအဆင့် ကျွမ်းကျင်သူ ချီရွှမ်မင်ကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ”

“ကောင်းကင်စီရင်စုရဲ့ ချီမိသားစုလား.. ဖြစ်နိုင်တာက ဒေါသရေနဂါးဂိုဏ်းက ချီမိသားစုနဲ့ ပူးပေါင်းချင်တာလား”

“ဘုရားရေ.. ဒါဆိုရင် နောင်မှာ ယွမ်ကန်းကောင်တီကို ဒေါသရေနဂါးဂိုဏ်းက အုပ်စိုးတော့မှာပဲ”

သိုင်းသမားများဟာ ဆွေးနွေးနေကြသည်။

ငါးရက်ကြာပြီးနောက် အံ့ဩစရာကောင်းသည့် သတင်းတစ်ခုဟာ ယွမ်ကန်းကောင်တီ တစ်ခုလုံးကို မုန်တိုင်းသဖွယ် လျှင်မြန်စွာ ဖြတ်သန်းသွားသည်။ ဒေါသရေနဂါးဂိုဏ်းဟာ ကောင်းကင်စီရင်စုရှိ ချီမိသားစုအား မှီခိုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

လူအချို့က ဤသည်မှာ ဒေါသရေနဂါးဂိုဏ်းအတွက် ကောင်းကင်ကို ထိုးတက်သွားမည့် အခွင့်အရေးဖြစ်သည်ဟု ဆိုကြ၏။

အချို့လူများကလည်း ဒေါသရေနဂါးဂိုဏ်းကို ကျားအသိုက်သို့ ဝင်ရောက်သည့် သိုးငယ်ပမာ ပြောကြ၏။ မည်သို့ပင် ဆိုစေကာမူ ဒေါသရေနဂါးဂိုဏ်းဟာ လူအများ၏ ဆွေးနွေးမှုအလယ်သို့ ရောက်သွားခဲ့သည်။

ခဏတာအတွင်း ဂိုဏ်း၏ ဂုဏ်သတင်းဟာ မြင့်မားလာခဲ့၏။ ဒေါသရေနဂါးဂိုဏ်းဟာ ယွမ်ကန်းကောင်တီမြို့တွင် စခန်းရှိလေသည်။ ထိုနေရာတွင် နေ့စဉ်နေ့တိုင်း စာရင်းပေးလိုသည့် သိုင်းသမားများ အဆုံးမသတ်နိုင်အောင် ရှိလာ၏။

တစ်လကြာပြီးနောက် နေခွင်းမြားကြောင့် သိုင်းသူတော်စင်လေးယောက်တို့ တစ်ပြိုင်နက် ပေါ်လာမှသာလျှင် လူတိုင်း၏ အာရံဒများဟာ ဒေါသရေနဂါးဂိုဏ်းမှ ရွေ့လျားသွားကြသည်။

ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့တော် မြို့တွင်းပိုင်းရှိ အစည်ကားဆုံး ချန်းချွမ်ဒေသတွင်..

ချွန်းချွမ်ဒေသ၏ အရှေ့ပိုင်းတွင် စံအိမ်ကြီးတစ်ခု ရှိသည်။ ဤသည်မှာ ဟယ်မိသားစု၏ စစ်ဘုရင် ဟယ်ရွှမ်၏ အိမ်တော်ဖြစ်သည်။

အရင်တုန်းက စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက် လာလျှင်တောင် အရင်ဆုံး အလည်လာခြင်းကတ်ကို ပေးကာ သတင်းပို့ပြီးမှ ဝင်ရောက်နိုင်ကြသည်။

သို့ရာတွင် ယနေ့တွင် ကောင်တီဆီသို့ မဖိတ်ခေါ်ထားသည့် ဧည့်သည်တစ်ယောက် ရောက်ရှိလာ၏။ တံခါးဝတွင် ဖြူရော်သည့် မျက်နှာနှင့် မုတ်ဆိတ်များရှိသည့် လူလတ်ပိုင်း လူကြီးတစ်ယောက် ပေါ်လာခဲ့သည်။

သူဟာ သာမန်ရုပ်ရည်ရှိကာ ပိန်ပါးသည့် ခန္ဓာကိုယ်အချိုးအစား ရှိ၏။ လူအုပ်ထဲတွင် သတိထားမိရန် ခက်ခဲသည့် ပုံစံမျိုးဖြစ်သည်။

သို့ရာတွင် သူ့တွင် အလွန်ထူးဆန်းသည့် မျက်လုံးတစ်စုံ ရှိ၏။ သူ၏ နက်မှောင်သည့် မျက်ဆံဟာ သာမန်လူတစ်ယောက်၏ သုံးဆမက သေးနေ၏။ အဖြူပိုင်းက ကြောက်စရာကောင်းလောက်အောင် များပြားသည်။

သူ၏ ထုံထိုင်းသည့် အသွင်အပြင်နှင့် ပေါင်းလိုက်ပါက သာမန်လူတစ်ယောက်နှင့် လုံးဝ တူညီခြင်း မရှိပေ။ လူလတ်ပိုင်းလူကြီးဟာ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ တံခါးအတွင်းသို့ တည့်မတ်စွာ လျှောက်ဝင်သွား၏။

“ဘယ်သူလဲ။ ရဲတင်းလိုက်တာ.. ဘယ်လိုလုပ်ပြီး.. အားးး”

ဂိတ်စောင့်က သူ့ကို တွေ့ရပြီးနောက် ချက်ချင်းပင် တားဖို့လုပ်၏။ ရုတ်တရက် ရင်ဘတ်မှ စူးရှသည့် နာကျင်မှုကို ခံစားရကာ ချက်ချင်းပင် ဆိုးရွားစွာ အော်မိသည်။

ဘယ်အချိန်ကလဲ မသိပေ။ သူ၏ရင်ဘတ်တွင် ပန်းကန်လုံးတစ်ခု အရွယ်ရှိ အပေါက်တစ်ခု ပေါ်လာ၏။ နှလုံးသားဟာ ပျောက်ကွယ်သွားခဲ့သည်။

“လူသတ်နေတယ်…”

ဂိတ်စောင့်တစ်ယောက်က အလန့်တကြားဖြင့် အော်ကာ အိမ်အတွင်းသို့ ကြောက်ရွံ့စွာ ထွက်ပြေးသွားသည်။

“ဒုတ်”

ခြေလှမ်းအနည်းငယ်သာ ပြေးရသေး၏။ ထိုလူဟာ ပြီးခဲ့သည့်လူ အတိုင်းပင် သေဆုံးသွားခဲ့သည်။ မြေပြင်ပေါ်တွင် နှလုံးသားမရှိသည့် အလောင်းတစ်ခုသာ ကျန်ရစ်၏။

“ဟယ်ရွှမ်.. ထွက်လာခဲ့”

လူလတ်ပိုင်းလူကြီး၏ တင်းမာကာ အက်ကွဲသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

“ငရဲကိုးခုစံအိမ်ရဲ့ သံတမန် ရောက်လာတာကို။ ကျေးဇူးပြုပြီး သေသေချာချာ မကြိုနိုင်လိုက်တဲ့အတွက် ခွင့်လွှတ်ပါဗျာ”

ဟယ်ရွှမ်၏ ပုံရိပ်က အရှေ့ဘက်ခြံဝန်းတွင် လျှင်မြန်စွာ ပေါ်လာ၏။ သူက မြေပြင်ပေါ်ရှိ အလောင်းများကို လစ်လျူရှုကာ နှုတ်ဆက်သည်။

“စောက်စကားမများနဲ့။ ကျုကန်ရီ ဘယ်လိုသေသွားတာလဲ ငါ့ကိုပြော”

လူလတ်ပိုင်းလူကြီး၏ မျက်လုံးများက အနည်းငယ် လက်သွားပြီး သူ၏ မျက်လုံးတစ်ခုလုံးဟာ မဲနက်လာခဲ့သည်။

ဟယ်ရွှမ်၏ နှလုံးသားက အခုန်မြန်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများအားလုံး ထောင်ထလာသည်ဟု ခံစားရ၏။ အမြန်ပြောလေသည်။

“ကျွန်တော်လည်း မသေချာပါဘူး။ ငါးပျံကျွန်းမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ခဲ့တာဆိုလို့ ဒေါသရေနဂါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ် ဟန်ကျောက်နဲ့ သူ့ရဲ့ အစေခံပဲ ရှိပါတယ်”

“ဒေါသရေနဂါးဂိုဏ်းက ဟန်ကျောက်.. မင်းငါ့ကို လိမ်တာမဟုတ်ဖို့ မျှော်လင့်တယ်။ ဟန့်”

လူလတ်ပိုင်းလူကြီးက အေးစက်စွာ ပြောကာ ထွက်ခွာသွားသည်။ ဟယ်ရွှမ်ဟာ စိတ်ထဲတွင် ပေါက်ကွဲမှုတစ်ခုကို ခံစားလိုက်ရသည်။ ရင်ဘတ်က ဆို့တက်စွာ ခံစားရပြီး သွေးချီက မြင့်တက်လာ၏။

သတိပြန်လည်လာပြီးနောက် လူလတ်ပိုင်းလူကြီးဟာ ခြံဝန်းထဲတွင် ရှိမနေတော့ပေ။

“ဘယ်လောက် ကြောက်ဖို့ကောင်းတဲ့ ပုံရိပ်ယောင်အတတ်လဲ”

ဒေါသရေနဂါးကျွန်း၏ အလယ်ရှိ တောင်နေရာတွင်..

ဂိုဏ်း၏ အထက်ပိုင်း ပုဂ္ဂိုလ်များဟာ တောင်တစ်ဝက်ရှိ ဒေါသရေနဂါး ခန်းမအတွင်းတွင် စုစည်းနေပါသည်။ ဟန်ကျောက်ဟာ ခေါင်းဆောင်၏ ပုံရိပ်ကို ပြသသည့် ရွှေကုလားထိုင်တွင် မှီကာ အောက်ရှိ လူများ၏ တင်ပြမှုကို ပျင်းရိစွာ နားထောင်နေ၏။

သူဟာ သာမန်ကိစ္စများကို ရွှေကျင်ဖုန်းနှင့် သိမ်းငှက်ပျံခန်းမ၏ ခန်းမသခင်အသစ် ချူအန်းဖင်တို့အား လွှတ်ထားလို့ ရပါသည်။ သို့ရာတွင် လတိုင်း၏ အစတွင် တက်ရောက်ရသည့် အစည်းအဝေးကို ပုံမှန် တက်ရဆဲ ရှိ၏။

All Chapters