← Chapters

အခန်း (၂၆၂)

Vol. 18 Ch. 262

အခန်း (၂၆၂)

Vol. 18 Ch. 262

“အကြီးအကဲဟယ်က တကယ့်ကို ပါးနပ်တဲ့လူတစ်ယောက်ပဲ”

ရွှယ်ဟုန်ယွီက သိုးသရေလိပ် တစ်ခုကို ထုတ်ကာ ဟယ်ရွှမ်ကို ပေးသည်။

ဟယ်ရွှမ်က လက်နှစ်ဖက်နှင့် ယူကာ ရှားပါးသည့် ရတနာတစ်ခုကို ကိုင်ထားသည့်သဖွယ် သေသေချာချာ ဖွင့်၏။

“အကြီးအကဲဟယ်.. လှုပ်ရှားမှု ပြုမယ့် အချိန်က ဒီညနေပါ။ နေဝင်ချိန်မှာ စတင်မယ်။ နောက်ကျရင် ကျွန်မတို့ စောင့်မှာမဟုတ်ဘူး”

ရွှယ်ဟုန်ယွီက ထပ်ပေါင်းပြောသည်။

“ငါသေချာပေါက် အချိန်မှီ လာမှာပါ”

ဟယ်ရွှမ်က ခေါင်းမော့ခြင်းပင် မရှိပဲ ဆေးဖော်မြူလာကို ဂရုတစိုက် စစ်ဆေးရင်းက ပြောသည်။ သူဟာ သက်ရှည်ဆေးလုံးကို ရရှိပြီး ဖြစ်သည့်အလား ရှိနေ၏။

“နှုတ်ဆက်ပါတယ်”

ဟယ်ရွှမ်၏ ပုံစံကို တွေ့ရပြီးနောက် ရွှယ်ဟုန်ယွီ၏ နှုတ်ခမ်းပေါ်၌ လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမဟာ ချက်ချင်းပင် နောက်သို့လှည့်ကာ ပြန်သွား၏။

ညနေခင်းတွင် နေဟာ အနောက်ဘက်သို့ ခိုတွဲနေပါပြီ။ နေဝင်ချိန်၏ နေမင်းဟာ သွေးကဲ့သို့ နီမြန်း၏။

ဖန်လင်းမြို့တွင်..

မြို့စွန်ရှိ မှောင်မဲသည့် ခြံဝန်းတစ်ခု၌ ကျင်းဝူရှင်းဟာ စားပွဲခုံရှေ့တွင် ထိုင်နေ၏။ စားပွဲပေါ်တွင် ကြီးမားသည့် ကြွေခွက်ကြီးတစ်ခု ရှိသည်။ အထဲတွင် သွေးလွှမ်းသည့် နတ်ဆိုးသားရဲ အသားစများ ပါဝင်၏။

သူဟာ ကျားလက်နှင့် တူသည့် အပိုင်းတစ်ခုကို ကောက်ကာ ထက်မြသည့် သွားများဖြင့် ပြည့်နှက်နေသည့် ပါးစပ်ကြီးကို ဟလိုက်သည်။ တစ်ချောင်းလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်၏။

“ဂျွတ်၊ ဂျွတ်”

လွှသွားသဏ္ဍာန် အစွယ်များက မာကြောသည့် အရိုးများကို တစ်စစီ ဝါးပစ်သည်။ အသွေးအသားတို့ ပန်းထွက်လာပြီး သူ၏ အဝတ်များကို နီရဲသွားစေသည်။ သို့ရာတွင် ကျင်းဝူရှင်းဟာ ထိုအသေးစိတ် အချက်များကို ဂရုစိုက်ခြင်း မရှိတော့ပါ။

သူ၏ ခန္ဓာကိုယ်ထဲရှိ ဆေဘာချီနှင့် ဓါးချီတို့ဟာ လှည့်လည်နေပြီး ချည်နှောင်အားကို ဆက်တိုက် ဖျက်ဆီးနေပါသည်။

ပိုဆိုးသည်မှာ ခန္ဓာကိုယ်ရှိ နေရာတိုင်းတွင် မီးတောက်ကဲ့သို့ အစစ်အမှန်ချီတစ်ခု စီးဆင်းနေခြင်း ဖြစ်၏။ အချိန်တိုင်းတွင် မီးတောက်များ လောင်ကျွမ်းသကဲ့သို့ နာကျင်မှုကို ခံစားရစေသည်။

“ဒမ်း.. ဟန်ကျောက်ကို ဒီလောက် ဖုံးကွယ်ထားနိုင်မယ်လို့ ထင်မထားခဲ့ဘူး။ ကျုကန်ရီကို သူသတ်ခဲ့တာ ဖြစ်မယ်”

ကျင်းဝူရှင်းဟာ နတ်ဆိုးအသားကို ဝါးရင်းက သူ၏ မျက်လုံးများ၌ လူသတ်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။

“ငရဲဓါးချက်ကို သင်ယူထားတဲ့ သိုင်းသမားတစ်ယောက်က ငါ့ရဲ့ ကပ်ဆိုးပဲ။ သူ့ကို အသက်ရှင်ရက်ထားလို့ မရဘူး”

ကျင်းဝူရှင်း၏ အစစ်အမှန် အသွင်မှာ ကျောက်ပုဇွန်ကလေးငယ် ဖြစ်သည်။ သူ၏ အကောင်းဆုံး စွမ်းရည်မှာ ပုံရိပ်ယောင်ဖြစ်၏။ အချိန်အများစုတို့တွင် သူဟာ လူများကို အိပ်မက်အတွင်းသို့ ဝင်ရောက်ရန် ပြုလုပ်ရုံသာ လိုအပ်၏။

သူ၏ အော်ဟစ်သံဟာ အိပ်မက်၏ ထိခိုက်စေမှုကို အစပေါင်းများစွာ ပိုမိုမြင့်မားလာစေသည်။ ထိုစွမ်းရည်ဟာ အိပ်မက်နတ်ဆိုး၏ မည်သည့် သတိပေးချက််မှ မပေးပဲ အိပ်မက်အတွင်းသို့ ကျ‌ရောက်စေခြင်းလောက် ကောင်းမွန်ခြင်း မရှိပါ။

သို့ပေမယ့် ပစ်မှတ်တစ်ခုတည်းအပေါ်တွင် ထိခိုက်နိုင်မှုဟာ အိပ်မက်နတ်ဆိုးထက် သာလွန်၏။

သို့ရာတွင် နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးသုံးကွက်မှ တစ်ကွက်ဖြစ်သည့် ငရဲဓါးချက်ဟာ အဆုံးစွန်သော မကောင်းဆိုးရွား အငွေ့အသက်ကို ကျင့်ကြံကာ ဆေဘာအတတ်၏ အနှစ်သာရကို နားလည်သဘောပေါက်အောင် လုပ်ဆောင်ရသည်။

ထို့ကြောင့် ငရဲဓါးချက်ကို ကျင့်ကြံသည့် သိုင်းသမားများဟာ ငရဲကဲ့သို့ မရေမတွက်နိုင်သည့် ပုံရိပ်ယောင်များကို ကြုံတွေ့ရ၏။ သူတို့စိတ်၏ ခိုင်မာမှုဟာ သာမန်လူများ နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ပေ။

ဟန်ကျောက်၏ ငရဲဓါးချက်အား တတ်မြောက်ထားကြောင်းကို သူသာသိပါက တစ်ခါတည်း ထိပ်တိုက် သွားရောက်တိုက်ခိုက်မှု ပြုမည်မဟုတ်ပါ။ အခွင့်အရေးရှာကာ လုပ်ကြံမည်သာ ဖြစ်၏။

“အခု သိသွားတာလည်း နောက်မကျသေးပါဘူး။ ငါပြန်ကောင်းပြီးရင်တော့..”

ကျင်းဝူရှင်းဟာ ခွက်ထဲရှိ နတ်ဆိုးသားရဲအသားကို ဟန်ကျောက်ဟု မှတ်ယူကာ ပြင်းထန်စွာ ကိုက်ခဲပြီး ဝါးစား၏။ နတ်ဆိုးသားရဲ အသားများကို စားသောက်ပြီးနောက် ခြံဝန်းထဲမှ အနည်းငယ် ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အဓိက တရားခံ လာပြီ”

ကျင်းဝူရှင်း၏ မျက်လုံးများက လင်းလက်သွား၏။

ထိုအချိန်၌ ဟယ်ရွှမ်ဟာ ခြံဝန်းအနောက်ဘက်သို့ ခြေလှမ်းလိုက်ရုံ ရှိသေး အရိုးများအထိ အေးစက်မှုကို ခံစားလိုက်ရသည်။

“ခရက်”

သူ၏ရှေ့ရှိ တံခါးက ပွင့်လာ၏။ ကျင်းဝူရှင်းဟာ အခန်းထဲတွင် ရပ်နေပြီး မျက်လုံးများက သွေးဆာနေပါသည််။ သူ၏ အကြည့်ဟာ ကျုကန်ရီ လူသားများကို စားသုံးခဲ့စဉ်တုန်းကနှင့် တူညီနေပါသည်။

“ကျင်းဝူရှင်း”

ဟယ်ရွှမ်က အံ့ဩသွားပြီး ချက်ချင်းပင် တုံ့ပြန်လာခဲ့သည်။

“ခွေးမ ရွှယ်ဟန်က ငါ့ကို လိမ်တာလား”

ရွှယ်ဟန်ဟာ သူ့ကို ဒီနေရာတွင် စုံစည်းရန် ချိန်းထားခြင်းဖြစ်၏။ ဒီနေရာ၏ အနီးတွင် ကျင်းဝူရှင်းဟာ ပုန်းအောင်းနေသည်ဟု ဆိုသည်။ ကြည့်ရတာ ရွှယ်ဟန်က သူ့ကို ကျင်းဝူရှင်း၏ အစာဖြစ်စေရန် လိမ်လည်ခဲ့တာ ဖြစ်ပေလိမ့်မည်။

“ဟုတ်တယ်။ ကံဆိုးစွာပဲ မင်းက သေရဦးမှာ”

ကျင်းဝူရင်းက ရယ်ကာ ပါးစပ်ကို ရုတ်တရက် ဖွင့်သည်။ ထက်မြသည့် သွားများဖြင့် ပြည့်နှက်နေသည့် သူ၏ပါးစပ်ဟာ နားရွက်အထိပင် အက်ကွဲသွား၏။

“ဝူးအားးး”

ကလေးငယ်တစ်ယောက်၏ ငိုကြွေးသံဟာ သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ လှိုင်းများက ချက်ချင်း ပျံ့နှံ့သွား၏။

“ငါမင်းကို သူသေကိုယ်သေ တိုက်မယ်”

ဟယ်ရွှမ်၏ ပုံစံက ကြီးစွာ ပြောင်းလဲသွား၏။ သူက လက်သီးများကို တင်းကြပ်စွာ ဆုပ်ကာ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားနှင့် အစစ်အမှန်ချီတို့ဟာ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပွင့်ထွက်လာခဲ့သည်။

အားလုံးတို့ကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်၌ စွမ်းအင်ဒိုင်းတစ်ခုကို ဖွဲ့စည်းလိုက်၏။ ကျင်းဝူရှင်း၏ ပုံရိပ်ယောင် အသံလှိုင်းများနှင့် ပိုင်းခြားလိုက်သည်။

“ဘဇ်၊ ဘဇ်၊ ဘဇ်”

စွမ်းအင်ဒိုင်းဟာ အသံလှိုင်းနှင့် တွေ့ဆုံကာ မြင့်မားသည့် ကြိမ်နှုန်းနှင့် တုန်ခါသံများကို ထွက်လာစေခဲ့သည်။ ဟယ်ရွှမ်၏ ဒွာရခုနစ်ပေါက်မှ သွေးများ ယိုစီးလာ၏။ သူ၏ မျက်နှာက အလွန် ကြမ်းကြုတ်နေပါသည်။

“ဟန့်.. အသုံးမဝင်တဲ့ ရုန်းကန်မှုပဲ။ လူသားသိုင်းသမားလေး တစ်ယောက်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်….”

ကျင်းဝူရှင်းက နှာခေါင်းရှုံ့သည်။ သူက ရုတ်တရက် မြေပြင်အား ခြေထောက်ဆောင့်ကာ ပျံတက်သွား၏။

ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် သူ၏ ပုံရိပ်ယောင်အတတ်ဟာ ဟယ်ရွှမ်ကို ချက်ချင်း သတ်ဖြတ်နိုင်ခြင်း မရှိတော့ပါ။ သို့ရာတွင် နတ်ဆိုးခန္ဓာကိုယ်၏ ခွန်အားဟာ လူသားများ နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ပေ။

သူဟာ ဟယ်ရွှမ်ကို အနီးကပ်တိုက်ခိုက်ကာ ဖမ်းဆီးနိုင်ဆဲ ရှိ၏။

“ကလန်”

ရင်းနှီးသည့် ဆေဘာထုတ်သံတစ်ခု ပေါ်လာခဲ့သည်။

“မဟုတ်ဘူး”

ကျင်းဝူရှင်း၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွား၏။ သူ့ကို ထိတ်လန့်စေသည့် ပုံရိပ်တစ်ခုဟာ စိတ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။

“ဘုန်း”

အနီရောင် ဆေဘာချီဟာ ပြင်းထန်သည့် လေစီးကြောင်းများနှင့်အတူ ကောင်းကင်မှ သက်ဆင်းလာခဲ့သည်။ ကျင်းဝူရှင်းနှင့် ဟယ်ရွှမ်တို့ကို ထိမှန်၏။

“အားးး”

နှစ်ယောက်သားဟာ ပုံရိပ်ယောင်ကဲ့သို့ ငရဲနှင့် ဆေဘာချီ၏ တိုက်ခိုက်မှုကို တစ်ပြိုင်နက် ခံလိုက်ရသည်။ ချက်ချင်းပင် မြေပြင်ပေါ်သို့ ကျဆင်းကုန်ကြ၏။

အဖြူရောင် ဝတ်စုံနှင့် ဟန်ကျောက်ဟာ ခြံဝန်းထဲတွင် ပေါ်လာခဲ့သည်။

“ဟန်ကျောက်လား”

ဟယ်ရွှမ်က သွေးတစ်လုတ်ကို အန်ထုတ်ပြီးနောက် သူ့ကို မယုံကြည်နိုင်စွာ ကြည့်သည်။

“ဖြစ်နိုင်တာက ကျင်းဝူရှင်းကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ပြီး ကျုကန်ရီကို သတ်ခဲ့တာ မင်းများလား”

“မှန်တယ်။ ကံဆိုးစွာပဲ ခင်ဗျားက သေရဦးမယ်”

ဟန်ကျောက်က အသာပြုံးသည်။ ဟယ်ရွှမ်၏ မျက်နှာက အေးခဲသွားပြီး နောက်ထပ် သွေးတစ်လုတ်ကို အန်ထုတ်၏။

“မင်းငါ့ကိုသတ်ရင် ငရဲကိုးခု…”

ကျင်းဝူရှင်း၏ မျက်နှာက ကြမ်းကြုတ်သွားသည်။

“ဘုန်း”

ဟန်ကျောက်၏လက်ထဲရှိ ကံကြမ္မာဖြတ်တောက်ခြင်း ဓါးဟာ အနီရောင်ဖြင့် တောက်ပလာ၏။ ရွှေရောင် အစစ်အမှန်ချီက မီးတောက်များသဖွယ် ထွက်ပေါ်လာပြီး ကျင်းဝူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်လိုက်သည်။ သူ့ကို စကားဆုံးရန် အခွင့်အရေးပင် မပေးပေ။

“အားး”

ကျင်းဝူရှင်း၏ ဒဏ်ရာအပြင်းအထန် ရနေပြီးဖြစ်သည့် ခန္ဓာကိုယ်ဟာ ချည်နှောာင်အားတို့ လျှင်မြန်စွာ ကုန်ခမ်းလာခဲ့သည်။ ဟယ်ရွှမ်ကိုလည်း ဟန်ကျောက်က ကျင့်ကြံမှု စုပ်ယူခြင်းအတတ်ဖြင့် ခြောက်သွေ့အောင် စုပ်ယူ၏။

“နေလို့ကောင်းလိုက်တာ”

ဟန်ကျောက်ဟာ စိတ်သက်သာရာ ရသွားသည်။

“

ဟီး..”

ခြံဝန်းထောင့်ရှိ အပေါက်၌ ရွှယ်ဟုန်ယွီဟာ ပါးစပ်ကို တင်းကြပ်စွာ ပိတ်ကာ သွားများကို ကြိတ်ထားသည်။ တိုက်ပွဲမြင်ကွင်းကို တိတ်တဆိတ် လာကြည့်ရုံရှိသေး ယခုကဲ့သို့ ကြောက်စရာကောင်းလှသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့ရမည်ဟု ထင်မထားခဲ့ပေ။

ဝတ်စုံဖြူနှင့် လူ၏ ပျံသန်းထွက်ခွာသွားမှုကို တွေ့ရပြီးနောက် စိတ်သက်သာရာ ရသွားပြီး ရေရွတ်သည်။

“ဟန်ကျောက်”

သူမဟာ နောက်သို့ လှည့်လိုက်သည်နှင့် ဦးခေါင်းနှင့် နံရံတစ်ခု ဆောင့်မိလိုက်သည့် ပုံပါ။ ရွှယ်ဟုန်ယွီဟာ အနီးကပ် ကြည့်ရှုပြီးနောက် ဤသည်မှာ ခုနက လူသတ်ခဲ့သည့် ဝတ်စုံဖြူနှင့်လူ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

သူဟာ အနည်းဆုံး ၁.၈၅မီတာလောက် ရှည်၏။ သူမ ဆောင့်မိသည့်အရာမှာ နံရံတစ်ခု မဟုတ်ပါ။ မာကြောသည့် ကြွက်သားများနှင့် ရင်ဘတ်တစ်ခုသာ ဖြစ်၏။

“ကောင်မလေး.. နင်ဒီကို ဘာလာကြည့်တာလဲ”

ဟန်ကျောက်က ကြင်နာသည့် အပြုံးတစ်ခုဖြင့် ရှေ့ရှိ သေးသယ်သည့် မိန်းကလေးကို ကြည့်သည်။

“ခုနက လမ်းမှားသွားလို့…”

ရွှယ်ဟုန်ယွီက ကြောက်ရွံ့စွာ ပြောသည်။ ရုတ်တရက် သူမ၏ မျက်နှာက စူးရှသွား၏။

“သေလိုက်တော့”

“ဆွစ်”

ညာဘက်လက် အင်္ကျီအတွင်းမှ ဓါးမြှောင်တစ်ချောင်း ကျဆင်းလာပြီး ဟန်ကျောက်၏ လည်ပင်းကို ထိုးစိုက်လိုက်သည်။

“ခရက်”

ဟန်ကျောက်က သူမ၏ ခါးကိုဆွဲကာ ပြင်းထန်စွာ ညှစ်လိုက်သည်။

။“အားး”

ရွှယ်ဟုန်ယွီက နာကျင်စွာ အော်ကာ သူ၏ ရင်ခွင်ထဲသို့ ပြိုကျလာ၏။

ဟန်ကျောက်၏ ဘယ်ဘက်လက်က သူမ၏ခါးကို ဖက်လာခဲ့သည်။

“ကျွန်မတောင်းပန်ပါတယ် သခင်လေး။ ကျွန်မက ရှင်နဲ့ ကစားကြည့်ရုံပါ”

ချောင်းမြောင်းတိုက်ခိုက်မှု မအောင်မြင်မှုကို တွေ့ရပြီးနောက် ရွယ်ဟုန်ယွီက အလျှင်အမြန် အားနည်းမှုကို ပြသည်။

All Chapters