← Chapters

အခန်း (၂၆၃)

Vol. 18 Ch. 263

အခန်း (၂၆၃)

Vol. 18 Ch. 263

“အဲ့လိုလား… ငါလည်း ကစားရတာကို ကြိုက်တယ်”

ဟန်ကျောက်က ပြုံးကာ သူ၏ ဖြူဖွေးသည့် သွားများ ပေါ်လာ၏။

ရွှယ်ဟုန်ယွီတစ်ယောက် သူမ၏ ခါးရှိ လက်၏ အနည်းငယ် တင်းမာလာမှုကို ခံစားလိုက်ရသည်။ သူမ၏ရင်ဘတ်ဟာ ဟန်ကျောက်၏ ကြွက်သားများနှင့် ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖိကပ်သွား၏။

သူမဟာ ချက်ချင်းပင် တုံ့ပြန်လာပြီး မျက်နှာပေါ်၌ ဆွဲဆောင်မှုတစ်ခု ပေါ်လာခဲ့သည််။ ချိုမြစွာ ပြော၏။

“သခင်လေး.. ကျွန်မကို ဖက်ထားတာ အရမ်းတင်းကြပ်နေပြီ..”

“သခင်လေး… ရှင်အားလုံးတာ အရမ်းများတယ်.. အား..”

သူမ၏ခါးရှိ လက်ဟာ ပိုမိုတင်းမာလာခဲ့၏။ ရွှယ်ဟုန်ယွီဟာ ပထမတွင် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ သို့ပေမယ့် ဒီအချိန်၌ ခါးမှ စူးရှသည့် နာကျင်မှုကို ခံစားရ၏။

“အား.. လက်ကိုလွှတ်”

သူမဟာ ဟန်ကျောက်၏ ရင်ဘတ်နှင့် မျက်နှာတို့ကို လက်နှစ်ဖက်ဖြင့် ထုသည်။

“ခရက်၊ ခရက်”

နေကြယ်ချီကဲ့သို့ အကာအကွယ်လွှာတစ်ခုဟာ ဟန်ကျောက်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။ သူမဟာ မည်မျှပင် ကုပ်ဖဲ့ကာ လက်ချောင်းများရှိ လက်သည်းများ ကျွတ်ထွက်ပြီး အရေခွံများ လံလာသည့်တိုင်အောင် သူ့ကို ထိခိုက်စေခြင်း လုံးဝမရှိပေ။

“ဟန့်… ဟန့်”

မကြာခင် သူမ၏ မျက်လုံးများဟာ လျှင်မြန်စွာ တင်းကြပ်လာသည့် လက်ကြောင့် နာကျင်စွာ ရုန်းကန်ရင်းမှ စူထွက်လာခဲ့၏။

“ခရက်၊ ခရက်”

အရိုးကျိုးသည့် အသံများနှင့်အတူ ဟန်ကျောက်၏ ခန္ဓာကိုယ်မှ အစွန်းရောက်ယန် အစစ်အမှန်ချီက ထွက်ပေါ်လာခဲ့သည်။ သူမကို တင်းကြပ်စွာ ဖက်ထားရင်း ညှစ်သတ်လိုက်၏။

“ဒုတ်”

ဟန်ကျောက်ဟာ ခံစားချက်မဲ့စွာဖြင့် လက်ကို လွှတ်လိုက်သည်။ ရွှယ်ဟုန်ယွီ၏ အလောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

“နင်က ငါ့ကို ရွှယ်ဟန်ကို သတိရစေတယ်။ မကောင်းတဲ့ မှတ်ဉာဏ်တွေပေါ့”

ထို့နောက် သူဟာ အလောင်းကို နဂါးနီလှံ ဒီဗိုင်းလက်နက် အပိုင်းအစအား ပေးလိုက်သည်။ နောက်သို့လှည့်ကာ မြင်ကွင်းအတွင်းမှ ထွက်ခွာသွား၏။

ဟန်ကျောက်ဟာ ခြံဝန်းအတွင်းမှ ထွက်ခွာပြီးနောက် အရိုးကျုံ့အတတ်ကို အသုံးပြုကာ သူ၏ ရုပ်ရည်ကို လုံးဝ ပြောင်းလဲလိုက်သည်။

အသက်ရှူကြိမ် အနည်းငယ် အတွင်းတွင် ခါးကိုင်းသည့် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက် ဖြစ်လာ၏။

တိုက်ခိုက်စဉ်တုန်းက သူ၏ အသွင်အပြင်ကို မပြောင်းလဲခဲ့ခြင်းမှာ ကျင်းဝူရှင်းနှင့် ဟယ်ရွှမ်တို့ကို အခြေအနေအား နားလည်သွားစေချင်၍ ဖြစ်၏။

ဟန်ကျောက်ဟာ နဂါးတောမြစ်၏ ဆိပ်ကမ်းဆီသို့ သွားရောက်ကာ မမြင်ရတော့သည့် စီရင်စုမြို့ကို ခေါင်းလှည့်ကြည့်သည်။ ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။

“ငါပြန်သွားလို့ မရသေးဘူး။ ခဏလောက် စောင့်ဖို့လိုတယ်”

ကျင်းဝူရှင်းနှင့် ဟယ်ရွှမ်တို့၏ သေဆုံးမှုကို မကြာခင် ရှာဖွေတွေ့ရှိသွားမှာ ဖြစ်သည်။ ထိုအချိန်၌ သူဟာ အဖွဲ့နှစ်ခုအကြားတွင် ရစပျိုးကာ သူ့အတွက် သန်မာလာစေရန် အချိန်တစ်ခုအား ဖော်ဆောင်ရပေမည်။

ယခုအချိန်၌ ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့တော်သို့ ပြန်ခြင်းမှာ သံသယများ အလွယ်တကူ မြင့်တက်မှုကို ဖြစ်စေနိုင်သည်။

“ငါ့ကိုစောင့်နေ.. မကြာခင် ပြန်လာခဲ့မယ်”

ဟန်ကျောက်ဟာ သူ၏အကြည့်ကို ရုတ်သိမ်းပြီး ခရီးသည်သင်္ဘော တစ်စီးပေါ်သို့ တက်ခဲ့၏။

အခန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် သူဟာ တံခါးကို တင်းကြပ်စွာ ပိတ်သည်။ ဒီတိုက်ပွဲမှ ရရှိမှုများကို စစ်ဆေး၏။

“အဆုတ်သတ္တု(၂၈%)၊ နှလုံးသစ်သား(၂၈%)၊ ကျောက်ကပ်ရေ(၂၈%)၊ အသည်းမီး(၂၈%)၊ သရက်ရွက်မြေ(၂၈%)၊ အပေါ်ပိုင်းဒန်နျန် မိုးကြိုး(၅%)၊ နှလုံး- နဂါးသွေးအိတ်(သွေးချီ၁၀၀%)၊ အသည်း- နဂါးသွေးအိတ်(သွေးချီ၁၀၀%)”

စနစ်မျက်နှာပြင်ပေါ်ရှိ အချက်အလက် ဇယားပေါ်တွင် ဟယ်ရွှမ်၏ ခန္ဓာကိုယ်အတွင်းရှိ ဒြပ်စင်ငါးခု ချီတို့ကို လုံးဝ စုပ်ယူကာ သန့်စင်ပြီးနောက် ၅%စီ တိုးလာမှုကို တွေ့လိုက်ရသည်။

သူဟာ ချီသုံးဆင့် စစ်ဘုရင်အဆင့်သို့ လမ်းကြောင်းတွင် ခြေလှမ်းကြီးတစ်ခု လှမ်းခဲ့ပြန်လေပြီ။

“အဆင့်မြင့်အဆင့် ဒြပ်စင်ငါးပါးဆေးလုံးကို စားမယ်ဆိုရင် ချီသုံးဆင့် စစ်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ဖို့ လေးလလောက် ကြာလိမ့်မယ်”

“ဒါပေမယ့် ထိပ်တန်းအဆင့် ဆေးလုံးကိုသာ သန့်စင်နိုင်ခဲ့ရင် အချိန်က နည်းနည်းလောက်ပိုပြီး တိုတောင်းသွားမှာ”

“အဲ့ဒီအပြင်..”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူဟာ ဒေါသရေနဂါးဂိုဏ်းကို ထိန်းချုပ်ပြီး ဖြစ်၏။ ဒြပ်စင်ငါးပါး ဆေးလုံးကို သန့်စင်ရန်အတွက် နှစ်ရှည်ဆေးပင်များကို လိုအပ်သ်။ သို့ပေမယ့် ဒြပ်စင်ငါးပါး ဒီဗိုင်းသဲကတော့ လုံလောက်၏။

ဒြပ်စင်ငါးပါး ဆေးလုံးကို သုံးစွဲရင်းက ဒြပ်စင်ငါးပဲ ဒီဗိုင်းသဲအတွင်းရှိ ဒြပ်စင်ငါးပါး ချီတို့ကိုလည်း စုပ်ယူပါက သူ၏အဆင့်တက်ချိန်ဟာ ပိုမို တိုတောင်းလာမှာပါ။

ကျင်းဝူရှင်း၏ နတ်ဆိုးပုံဆောင်ခဲတွင် ကြွယ်ဝသည့် ယင်စွမ်းအင်တို့ ပါဝင်၏။ နှစ်ကြိမ်၊ သုံးကြိမ်လောက် အစမ်းရှင်သန်ရန် လုံလောက်လောက်ပါသည်။

“သက်ရှည်ကျမ်း(ပဥ္စမအဆင့် စတင်ခြင်းအဆင့် ၂၂%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်၁၅၊ သန့်စင်သောယန် အဆင့်၉၈၊ ချီမျိုးစေ့ အဆင့်၇၊ သက်တမ်း ၁၀၀၀နှစ်)”

ထိုအချိန်၌ ဟန်ကျောက်၏ အာရုံက သက်ရှည်ကျမ်း ကျင့်စဉ်အပေါ်သို့ ကျရောက်သွား၏။ ဟယ်ရွှမ်၏ သွေးချီဟာ ကြီးစွာ ဆုတ်ယုတ်နေပြီ ဖြစ်၏။

သို့ပေမယ့် သူဟာ ချီငါးဆင့် ပြီးပြည့်စုံခြင်း အဆင့်ရှိ သိုင်းသမားတစ်ယောက် ဖြစ်ပါသည်။ သူ၏ အစစ်အမှန်ချီဟာ အများကြီး လျော့နည်းသွားခြင်း မရှိပေ။ ထို့ကြောင့် အစစ်အမှန်ချီ ၂၀%ဟာ နည်းပါးခြင်း မရှိပါ။

“ဘာပဲဖြစ်ဖြစ် သက်ရှည်ကျမ်းက ချေးမများဘူး.. ဟယ်ရွှမ်ရဲ့ အစစ်အမှန်ချီကို တစ်ခါတည်း ပြောင်းလဲလို့ရတယ်”

ဟန်ကျောက်ဟာ အခန်းအတွင်းရှိ အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်သည်။ စုပ်ယူခဲ့သည့် အစစ်အမှန်ချီကို သက်ရှည်ကျမ်း၏ ကျင့်စဉ်လမ်းကြောင်းအတိုင်း ပြောင်းလဲ၏။

ခဏအကြာ၌ သူ၏ခန္ဓာကိုယ် မျက်နှာပြင်ပေါ်၌ နို့ဖြူရောင် အစစ်အမှန်ချီ အလင်းတစ်ခု ဖုံးလွှမ်းလာခဲ့သည်။ အစစ်အမှန်ချီဟာ သက်ရှည် အစစ်အမှန်ချီအဖြစ် ပြောင်းလဲလာ၏။

သိုင်းပညာဇယားရှိ သက်ရှည်ကျမ်း၏ အချက်အလက်များက စတင်‌ ပြောင်းလဲလာခဲ့သည်။

“သက်ရှည်ကျမ်း(ပဥ္စမအဆင့် အကြီးစားကျွမ်းကျင်မှု ၅၈%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခန္ဓာကိုယ် ကြံ့ခိုင်မှု အဆင့်၁၇၊ သန့်စင်သောယန် အဆင့်၁၁၊ ချီမျိုးစေ့ အဆင့်၉၊ သက်တမ်း ၁၆၀၀နှစ်)”

“အဆင့်သေးနှစ်ခုပဲ ချိုးဖျက်တာကို သက်တမ်းက ၁၆၀၀အထိတောင် တိုးလာတာလား”

ဟန်ကျောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ အခြေအနေများကသာ ခွင့်ပြုပါက သူဟာ နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် အသက်မရှင်နိုင်ပေဘူးလား။

သန့်စင်သည့် စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ဟာ သက်တမ်းအမြင့်ဆုံး ၁၆၀နှစ်သာ ရှိပါသည်။ အုပ်စိုးသူ မိသားစုများ၏ သွေးမျိုးဆက်ရှိလျှင် ထိုထက် အနည်းငယ်ပိုများ၏။

လူသားအဖြစ်မှ တစ်ဝက်တစ်ပြတ် နတ်ဆိုးအဖြစ် ပြောင်းလဲလျှင်လည်း သက်တမ်းကို ရှည်လာစေနိုင်သည်။

ဤသည်မှာ သက်ရှည်ဂိုဏ်းနှင့် ငရဲကိုးခုစံအိမ်ရှိ နတ်ဆိုးများကို သုတ်သင်လို့မရသည့် အဓိက အကြောင်းအရင်း ဖြစ်သည်။ သေခြင်း၏ အကြောက်တရားအောက်တွင် သိုင်းသမားများစွာတို့ဟာ အရာအားလုံးကို စွန့်လွှတ်နိုင်ကြသည်။

ပိုမိုရှည်လျားသည့် သက်တမ်းနှင့် ပိုမိုသန်မာသည့် ခွန်အားကို ရရှိနိုင်ရန် သူတို့ဟာ နတ်ဆိုးတစ်ကောင် ဖြစ်လာရန်ပင် တုံ့ဆိုင်းခြင်း မရှိကြပေ။

သက်ရှည်ဂိုဏ်းကို ဝင်ရောက်ခြင်းက လူတစ်ယောက်ကို ထာဝရ မရှည်သန်စေနိုင်ပေ။ သို့ပေမယ့် သက်တမ်းကို အမှန်တကယ် ရှည်လျားလာစေနိုင်၏။

မြင့်မားသည့် အဆင့်တစ်ခုသို့ ကျင့်ကြံပြီးပါက သွေးစိတ်ဝိညာဉ် မူဝါဒက သွေးချီ အထွတ်အထိပ် အခြေအနေကို ကြီးစွာ ပိုမိုရှည်ကြာလာစေပြီး သက်တမ်းကို ဆွဲဆန့်ပေးသည့် အကျိုးကျေးဇူးလည်း ရလာစေသည်။

နောက်ဆုံးအနေနှင့် ပြောရလျှင် စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက် ရှိသေးသည်။ စိတ်ဝိညာဉ်သားရဲတိုင်းဟာ သက်တမ်း ထောင်ချီကို အလွယ်တကူ ပိုင်ဆိုင်နိုင်ကြသည်။

ထို့ကြောင့် စိတ်ဝိညာဉ်သားရဲ၏ သွေးမျိုးဆက်အား ရရှိသည့် သိုင်းသမားတစ်များဟာ သူတို့၏ သက်တမ်းကို ကြီးစွာ ဆွဲဆန့်နိုင်ကြသည်။

“သက်တမ်းမြင့်မားတာက အစမ်းရှင်သန်ခြင်းထဲမှာပဲ အသုံးပြုလို့ ကောင်းမှာ”

ဟန်ကျောက်ဟာ သက်ပြင်းချသည်။

သူ့အနေနှင့် တကယ့်ပြင်ပတွင် ထိုမျှအထိ ကြာရှည်စွာ အမှန်တကယ် နေထိုင်ရပါက မိတ်ဆွေများ၊ မိသားစုများ အိုမင်းက သေဆုံးသွားပုံကို မည်သည်မှ လုပ်ဆောင်နိုင်ခြင်း မရှိပဲ ကြည့်ရှုရမည် ဖြစ်သည်။

ထိုခံစားချက်ကို မည်ကဲ့သို့ ဖော်ပြရမည်လဲ မသိပေ။ ဒီအချိန်တွင်တော့ တွေ့ကြုံဦးမည် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် သူဟာ အသက်၂၃နှစ်သာ ရှိသေး၏။

သူဟာ ရှလင်ကို သက်ရှည်ကျမ်းအား သင်ကြားပေးပြီး ချီမျိုးစေ့ အတတ်ကို အသုံးပြုကာ သူမ၏ ကျင့်ကြံမှုတွင် ကူညီပေးခဲ့ပေမယ့် ထိုကျင့်စဉ်ဟာ ကျင့်ကြံရန် ခက်ခဲလှပါသည်။ ရှလင်၏ တိုးတက်မှုဟာ မြန်ဆန်ခြင်း မရှိပေ။

မူလ သက်ရှည်ကျမ်းမှာတော့.. သူဟာ ၎င်းကို လုယီအား သင်ကြားပေးပြီး ဖြစ်သည်။ သို့ပေမယ့် လုယီဟာ ကျင့်ကြံခြင်း မပြုပေ။ အဘယ်ကြောင့်ဆိုသော် သူဟာ သွေးချီဆုတ်ယုတ်သည့် အခြေအနေသို့ ရောက်ရှိပြီး ဖြစ်သောကြောင့် ဖြစ်၏။

သက်ရှည်ကျမ်းကို ကျင့်ကြံခြင်းဟာ သွေးချီကို အသုံးပြုရန် လိုအပ်ပါသည်။ တတိယအဆင့်သို့ ရောက်ရှိကာမှ သက်တမ်းကို အပိုနှစ်၂၀လောက် ဆွဲဆန့်နိုင်မည် ဖြစ်သည်။

ဟန်ကျောက်အနေနှင့် သွေးချီဆေးလုံးများကို ပိုမိုသန့်စင်ပြီး လုယီ၏ သွေးချီဆုတ်ယုတ်မှုအား ပြန်လည် အားဖြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။

ဝမ်းနည်းမှုကို ခဏတာ ခံစားပြီးနောက် ဟန်ကျောက်ဟာ သတိလည်လာခဲ့သည််။ ယခုအချိန်၌ သူ၏အဆင့်နှင့် ခွန်အားတို့ လုံလောက်မှုမရှိ၍ အကူအညီ မဲ့နေပါသည်။ ဖြစ်နိုင်တာက သက်တမ်းကို မြှင့်တင်ရန် အခြား နည်းလမ်းများစွာ ရှိနေနိုင်သေး၏။

အခြားအရာများကို မဆိုလျှင်တောင် ပြီးပြည့်စုံသည့် ဒီဗိုင်းလက်နက်တစ်ခု၏ အသိအမှတ်ပြုမှုကို ခံရကာ လက်နက်သခင် ဖြစ်လာခြင်းကပင် သက်တမ်းကို ကြီးစွာ မြင့်တက်စေနိုင်၏။

လက်နက်သခင်တစ်ယောက် ဖြစ်လာနိုင်မည့် လိုအပ်ချက်များဟာ အလွန်မြင့်မားပေမယ့် ဟန်ကျောက်သာ ဒီဗိုင်းလက်နက်ကို အနိုင်ယူနိုင်ပါက ဒီဗိုင်းလက်နက်အားလုံးတို့ သေမှာမကြောက်ပဲ နေမည်ဟု သူယုံခြင်းမရှိပါ။

All Chapters