အခန်း (၂၆၄)
Vol. 18 Ch. 264
“ဘာတွေရလဲ ကြည့်တာပေါ့”
ထို့နောက် ဟန်ကျောက်ဟာ အိတ်ကပ်အတွင်းရှိ အိတ်လေးနှစ်ခုတို့ကို ထုတ်သည်။ ကျင်းဝူရှင်းနှင့် ဟယ်ရွှမ်တို့တွင် ဆန်မာရုအိတ်ငယ် တစ်ခုစီ ရှိကြ၏။
ခုနက မိန်းကလေးဟာတော့ သူမနှင့်အတူ မည်သည်မှ ယူဆောင်လာခြင်း မရှိပေ။ သူမဟာ သူ့ကို ဓါးတိုတစ်ချောင်းသာ ထောက်ပံ့ခဲ့၏။
ထုလုပ်ထားသည့် ပစ္စည်းများက မဆိုးပေ။ သို့ပေမယ့် ဆိုးတာက ဒီဗိုင်းလက်နက် အပိုင်းအစတစ်ခု မဟုတ်ပါ။
ဟယ်ရွမ်၏ ဆန်မာရုအိတ်ငယ် အတွင်းတွင် ပိုက်ဆံအချို့နှင့် နေ့စဉ် အသုံးအဆောင်များမှ လွဲ၍ တစ္ဆေဦးခေါင်းနှင့် ဆေဘာတစ်ချောင်းသာလျှင် ရှိပါသည်။
“အိုး.. ဒါက.. သက်ရှည်ဆေးလုံးလား”
ဟန်ကျောက်ဟာ သိုးသာရေနှင့် တူသည့် ဆေးဖော်မြူလာ အညွှန်းတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းအပေါ်တွင် သက်ရှည်ဆေးလုံးဟု ခေါ်သည့် ဆေးလုံးတစ်မျိုးအကြောင်းကို မှတ်သားထားသည်။
အဓိက ကုန်ကြမ်းမှာ ကိုးသွယ်စိတ်ဝိညာဉ်မက်မွန်ဟု ခေါ်သည့် သဘာဝ ရတနာတစ်ခု ဖြစ်၏။ ကိုးသွယ်စိတ်ဝိညာဉ်မက်မွန်ကို အင်မော်တယ် မက်မွန်ငယ်ဟု လူသိများပါသည်။
တစ်ခါတည်း စားသုံးပါက သက်တမ်းကို နှစ်၂၀ တိုးမြှင့်ပေးနိုင်၏။ သက်ရှည်ဆေးလုံးအဖြစ် သန့်စင်ကာ စားသုံးပါက သက်တမ်းကို နှစ်၆၀အထိ တိုးမြှင့်ပေးနိုင်သည်။
လူအများစုဟာ ကိုးသွယ်စိတ်ဝိညာဉ်မက်မွန်ကို ရရှိပါက ဆေးသန့်စင်ခြင်း မရှိပဲ တစ်ခါတည်း စားသုံးလေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော် သက်ရှည်ဆေးလုံးဟာ အခက်ခဲဆုံး အဆင့်မြင့်အဆင့် ဆေးလုံးများထဲမှ တစ်ခုဖြစ်သောကြောင့် ဖြစ်၏။ သန့်စင်ရာတွင် ကျရှုံးနိုင်ချေက အလွန်မြင့်မားသည်။
ကံကောင်းစွာပင် ကိုးသွယ်စိတ်ဝိညာဉ် မက်မွန်၏ အူတိုင်ကိုလည်း ဆေးသန့်စင်ရာတွင် အသုံးပြုလို့ ရပါသည်။ ဟန်ကျောက်ဟာ ဟယ်ရွမ်၏ အိတ်ထဲရှိ ပစ္စည်းများကို သေသေချာချာ စစ်ဆေးကြည့်သည်။ မည်သည့် မက်မွန်အူတိုင်မှ ရှိမနေပါ။
ထို့နောက် သူဟာ ကျင်းဝူရှင်း၏ ဆန်မာရုအိတ်ကို စစ်ဆေးကြည့်သည်။ ထိုအထဲတွင်လည်း မရှိပေ။ အဲ့ဒီအစား ယင်စွမ်းအင်အနည်းငယ် ပါဝင်သည့် နတ်ဆိုးပုံဆောင်ခဲ နှစ်ခုတို့ကို ရှာတွေ့၏။
“ဟယ်ရွှမ်က ငါ့ကို ပေးတဲ့ ခံစားချက်က မြေခွေးအိုကြီးလိုပါ။ ဘာလို့ ဒီလောက် တည်ငြိမ်တဲ့လူက ကျင်းဝူရှင်းကို လာရှာရတာလဲ။ ဖြစ်နိုင်တာက..”
ဟန်ကျောက်က စဉ်းစားသည်။
မြင်ကွင်းအတွင်းသို့ သူရောက်ရှိချိန်၌ ကျင်းဝူရှင်းဟာ ရှင်းလင်းစွာပင် ဟယ်ရွှမ်ကို စားသုံးရန် ပြင်ဆင်နေပြီ ဖြစ်၏။ ထို့အပြင် ခုနက ရွှယ်ဟန်နှင့် ရုပ်ချင်းဆင်သည့် ထိုမိန်းကလေးတွင် ချည်နှောင်အား ရှိနေပါသည်။ သူမဟာ ရွှယ်မိသားစု၏ မျိုးဆက်တစ်ယောက် အလွန် ဖြစ်နိုင်၏။
“သူအလိမ်ခံခဲ့ရတာပဲ”
ဟန်ကျောက်က တုံ့ပြန်လာ၏။
ဆိုးသည်ပင်။ ရွှယ်ဟန်ပါ ဒီနေရာတွင် ရှိပါက သူတို့ကို အတူတူ ရှင်းလင်းလိုက်လို့ ရပါသည်။ သို့ရာတွင် သူဟာ သူမနှင့် ကောင်းပိုင်ကျယ်ကို မှီခိုပြီး နေခွင်းမြား ဒီဗိုင်းလက်နက် အပိုင်းအစကို ရှာလိုသေး၏။ အလျှင်မလိုပေ။
ယခုအချိန်ဟာ ငရဲကိုးခုစံအိမ်၊ ဟယ်မိသားစုနှင့် ရွှယ်မိသားစုတို့ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည့် အချိန်ဖြစ်၏။
ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ ဆေးဖော်မြူလာနှင့် နတ်ဆိုးပုံဆောင်ခဲ နှစ်ခုတို့ကို သူ၏ ဆန်မာရုအိတ်အတွင်းသို့ ထည့်သည်။
ပတ်ဝန်းကျင်တွင် မည်သူမှ မရှိသည်ကို အခွင့်ကောင်းယူကာ ကျင်းဝူရှင်း၏ ဆန်မာရုအိတ်ကို လှိုင်းထန်သည့် မြစ်အတွင်းသို့ လွှင့်ပစ်လိုက်၏။
နတ်ဆိုးများတွင် ထူးဆန်းသည့် စွမ်းရည်များ ရှိပါသည်။ မည်သည့် နောက်ယောင်ခံ သဲလွန်စများ ချန်ထားလဲ မသိနိုင်ပေ။ လွှင့်ပစ်ခြင်းကသာ အလုံခြုံဆုံး ဖြစ်၏။
သူချန်ထားသည့် ပစ္စည်းများမှာတော့ တစ်ခါတည်း သုံးစွဲနိုင်သည့် အရာများ ဖြစ်သည်။ စိုးရိမ်စရာ မရှိပေ။
“ဘယ်လောက် အံ့ဩစရာကောင်းတဲ့ ခံစားချက်လဲ”
ဟန်ကျောက်ဟာ လက်ထဲတွင် နတ်ဆိုးပုံဆောင်ခဲကို ကိုင်ကာ အတွင်းထဲရှိ အရိုးအေးစိမ်းမတတ် ယင်စွမ်းအင်တို့ကို စုပ်ယူနေ၏။
သာမန် သိုင်းသမားများသာ ထိုအရာကို တစ်ခါတည်း စုပ်ယူပါက သူတို့၏ မရီဒျန်များ သေချာပေါက် အေးခဲသွားမှာပါ။
သို့ရာတွင် သူ့တွင် အကာအကွယ် အစွန်းရောက်ယန် အစစ်အမှန်ချီ ရှိ၏။ ထို့ကြောင့် ရေတိုအတွင်း ထိုကိစ္စအတွက် စိုးရိမ်စရာ လိုအပ်ခြင်းမရှိပေ။
ထို့အပြင် သူစုပ်ယူလိုက်သည့် ယင်စွမ်းအင်တို့ကို စနစ်က လျှင်မြန်စွာ သုံးစွဲလိုက်ပြီး အကြာကြီးခံခြင်း မရှိပေ။
တစ်နေ့တွင် ကြွယ်ဝပေါများလာပြီး အသုံးပြု၍ မကုန်သည့် ယင်စွမ်းအင်များစွာ ရှိမှသာလျှင် ထိုအကြောင်းကို စဉ်းစားရန် လိုအပ်ပေလိမ့်မည်။ သို့ရာတွင် ဖြစ်နိုင်ချေက မြင့်မားခြင်း မရှိပေ။
ပြီးနောက် ဟန်ကျောက်ဟာ ဆက်တိုက် တဒုတ်ဒုတ်ခုန်နေသည့် ကံကြမ္မာဖြတ်တောက်ခြင်း ဓါးကို စစ်ဆေးကြည့်သည်။
“ကံကြမ္မာဖြတ်တောက်ခြင်းဓါး- စိတ်ဝိညာဉ်ကိရိယာ”
“အဆင့်- အဆင့်မရှိ”
“စိတ်ဝိညာဉ်- ၂၃%(အဆင့်မြှင့်တင်နိုင်)”
“ဆေဘာဆန္ဒ- ၁၇%”
“သက်ရောက်မှု- သွေးဆာခြင်း အဆင့်၈၊ ပုံရိပ်ယောင် အဆင့်၁”
ကံကြမ္မာဖြတ်တောက်ခြင်း ဓါးဟာ သွေးကြောခုနစ်ခု နတ််ဆိုးဖြစ်သည့် ကျင်းဝူရှင်း၏ သွေးချီကို စုပ်ယူပြီးနောက် ကြီးမားသည့် တိုးတက်မှုကို ရရှိလာခဲ့သည်။ စိတ်ဝိညာဉ်ဓါတ်ဟာ ၁၀%တိုးလာပြီး ဆေဘာဆန္ဒဟာ ၁%တိုးလာခဲ့သည်။
သွေးဆာခြင်းအဆင့်ဟာ သုံးဆင့် တိုးသွား၏။ အဓိကအချက်မှာ နောက်ထပ် ပုံရိပ်ယောင်ဟူသည့် အထူးသက်ရောက်မှုတစ်ခု တိုးလာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကျင်းဝူရှင်း၏ မူလစွမ်းရည် ဖြစ်ပေလိမ့်မည်။
“ဒီကောင်းကင်ဆေဘာ သတ်ဖြတ်ခြင်း ဒီဗိုင်းအတတ်က နည်းနည်းထူးဆန်းတယ်”
ဟန်ကျောက်ဟာ ခုနက ငရဲဓါးချက်ကို အသုံးပြုပြီးသည့် အခြေအနေကို ပြန်လည်စဉ်းစားသည်။ နှလုံးသားထဲတွင် ရှင်းမပြနိုင်သည့် ရန်လိုမှုတစ်ခု ပေါ်လာ၏။
မဟုတ်ပါက သူဟာ ယခုကဲ့သို့ ရက်စက်လှသည့် နည်းလမ်းဖြင့် ဝတ်စုံနီနှင့် မိန်းကလေးကို သတ်ဖြတ်မည်မဟုတ်ပေ။ ဓါးတစ်ချက်နှင့် ခုတ်ကာ ထွက်ခွာသွားမည်သာ ဖြစ်၏။
“ပြန်ပြီးတော့မှ အစမ်းရှင်သန်မှု လုပ်ကြည့်တာပေါ့”
သူက ခဏတာ စဉ်းစားပြီးနောက် ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို သိမ်းလိုက်သည်။ အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ပြီး အနားယူ၏။ နောက်တစ်နေ့ အာရုံဦးတွင် သင်္ဘောဟာ မြစ်ဝရှိ ဆိပ်ကမ်းဆီသို့ ရောက်ရှိ၏။
ဟန်ကျောက်ဟာ သင်္ဘောပေါ်မှ ဆင်းကာ မည်သူမှ မရှိသည့် နေရာတစ်ခုဆီသို့ လျှောက်သွားသည်။ သူက လူတစ်ယောက် ပြောင်းလဲခြင်းတစ်ထောင်ကို အသုံးပြုလိုက်၏။ ကျီးကန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ကို ဖြတ်ကော်ကာ ဒေါသရေနဂါးကျွန်းဆီသို့ လျှင်မြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းသွားသည်။ ကောင်းကင် မဲမှောင်ချိန်၌ ဒေါသရေနဂါးခန်းမဆီသို့ တိတ်တဆတ် ပြန်ရောက်ကာ မြေအောက် ဒုတိယထပ်ရှိ လျှို့ဝှက်ခန်းဆီသို့ ဝင်သွား၏။
ထိုနေရာကို ရှန့်ကွမ်းယွင်ဖေးနှင့် သူသာလျှင် သိပြီး တံခါးပိတ်ကျင့်ကြံရန် အလုံခြုံဆုံး နေရာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူဟာ ရွှေကျင်ဖုန်းနှင့် ချူအန်းဖင်တို့ကို ညွှန်ကြားမှုများ ပြုပြီး ဖြစ်၏။ ဒီအတောအတွင်းတွင် သူဟာ တံခါးပိတ်ကျင့်ကြံမှာ ဖြစ်ပြီး ဂိုဏ်းကိစ္စများကို သူတို့အား လက်လွှဲထားသည်။
ကျင်းဝူရှင်း၏ တံခါးလာခေါက်မှု ပြဿနာ ပြီးဆုံးပြီးနောက် ဒေါသရေနဂါးဂိုဏ်းရှိ ဂိုဏ်းသားများဟာ သူ့ကို သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ကြပြီး ဖြစ်သည်။ အရာအားလုံးဟာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။ ထို့ကြောင့် စိုးရိမ်စရာ မရှိပဲ လွှတ်ထားလို့ ရပါသည်။
“စနစ်”
“အချက်ပေးအပိုင်းအစ ၂၄၀ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား”
“တစ်ကြိမ် ပေါင်းစပ်ရန်အတွက် အချက်ပေးအပိုင်းအစ ၁၁၀နှင့် ရွှေ၁၂၀၀လျန်ကို ကုန်ကျမည်။ သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို သေချာပေါက် ရရှိနိုင်သည်”
“အဖြူရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ ရွှေရောင်နှင့် ပလက်တီနမ်ရောင် ပါရမီတို့ကို ရရှိနိုင်မည့် ဖြစ်နိုင်ချေဟာ ၂၂%၊ ၁၉%၊ ၁၅%၊ ၁၂%၊ ၁၀%၊ ၈%၊ ၁%၊ ၀.၅% အသီးသီး ရှိသည်”
“သက်ဆိုင်ရာ အရည်အသွေးရှိသည့် တစ်ကြိမ်သုံး ပါရမီပေါင်းစပ်ခြင်းနှင့် တစ်ကြိမ်သုံး ပါရမီမြှင့်တင်ခြင်းအား ရရှိနိုင်မည့် နိမ့်ပါးသည့် အခွင့်အရေး ရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ၄၂၀၀လျန်”
“ရွှေ၃၀၀၀တောင် အထူး ထည့်ထားတာကို။ တန်ကြေးကို ဒီလောက်အများကြီး တိုးလာမယ်လို့ ဘယ်ထင်မှာလဲ”
“တစ်ကြိမ်အစမ်းရှင်သန်ဖို့ ရွှေ၁၂၀၀လျန်… ဒါက အခုအချိန်မှာ ငါ့အတွက် ကိစ္စကြီး မဟုတ်တော့ပါဘူး”
“အချက်ပေးအပိုင်းအစက ၁၀ခုပဲ တိုးလာခဲ့တယ်။ အဲ့ဒီအပြင် ပလက်တီနမ်ရောင် ပါရမီလည်း ပေါ်လာခဲ့တယ်။ အပို ပါရမီ အဆင့်မြှင့်တင်ခြင်းလည်း ရှိလာတယ်”
ဟန်ကျောက်က စဉ်းစားသည်။
ဟယ်ရွှမ်၏ ဆန်မာရုအိတ် တစ်ခုတည်းတွင်ပင် ငွေ၈၀၀၀၀လျန် ပါရှိပါသည်။ ထို့အပြင် ကျင်းဝူရှင်း၏ ဆန်မာရုအိတ်ထဲတွင်ထည်း ငွေ၃၀၀၀၀လျန် ရှိ၏။
ဒေါသရေနဂါးဂိုဏ်း၏ စီးပွားရေးဟာ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ရှိနေပြီး ငွေများဟာ သူ၏အိတ်အတွင်းသို့ ဆက်တိုက် ဝင်ရောက်လာမှာ ဖြစ်သည်။
“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မယ်”
“အသက်၂၃နှစ်တွင် သင်သည် ကျင်းဝူရှင်းနှင့် ဟယ်ရွှမ်တို့ကို သတ်ဖြတ်ခဲ့သည်”
“သုံးလကြာပြီးနောက် ငရဲကိုးခု စံအိမ်က စောင့်ရှောက်သူ သုံးယောက်မှ တစ်ယောက်ဖြစ်သည့် ဒုတိယအဆင့် မြွေအဆင့်ရှိ ရှင်းချန်ကို တိမ်စီရင်စုမြို့တော်သို့ စေလွှတ်ကာ အခြေအနေကို စုံစမ်းခိုင်းခဲ့သည်”
“ရှင်းချန်ဟာ ကောင်တီမြို့တော်ရှိ ဒေသခံ အဖွဲ့အစည်းများနှင့် ရန်ပွဲ ဖြစ်ပွားခဲ့၏။ ဟယ်မိသားစု၏ သိုင်းသူတော်စင် ပေါ်လာခဲ့ပြီး ရှင်းချန်၏ ဒဏ်ရာအပြင်းအထန် ရရှိအောင် တိုက်ခိုက်မှုကို ခံခဲ့ရသည်”
“တစ်လကြာပြီးနောက် ရှင်းချန်ဟာ ဒေါသရေနဂါးဂိုဏ်းသို့ လာရောက်ကာ အခြေအနေကို စုံစမ်းရန် ပြင်ဆင်သည်။ ထိုအချိန်၌ တိမ်စီရင်စု၏ စောင့်ရှောက်သူ ချီယွင်ထန် ပေါ်လာပြီး သူ့ကို သတ်ဖြတ်သွား၏”
“ငရဲကိုးခု စံအိမ်ဟာ တိမ်စီရင်စုရှိ စိတ်ဝိညာဉ် စောင့်ရှောက်သူများနှင့် သေခြင်းရှင်ခြင်း ရန်သူများ ဖြစ်ကြသည်။ နတ်ဆိုးများနှင့် စိတ်ဝိညာဉ် စောင့်ရှောက်သူများ အကြားရှိ တိုက်ပွဲများဟာ နေရာတိုင်းတွင် ဖြစ်ပွားနေ၏”