အခန်း (၂၆၅)
Vol. 18 Ch. 265
“အသက်၂၄နှစ်တွင် သင်သည် နေခွင်းမြား၏ အပိုင်းအစတစ်ခုကို တွေ့ခဲ့သည်”
“ရွှယ်ဟန်နှင့် ကောင်းပိုင်ကျယ်တို့ကို တိတ်တဆိတ် သတ်ဖြတ်ကာ သူတို့နှစ်ယောက်ဆီမှ အခြား အပိုင်းအစ နှစ်ခုတို့ကို လုယူ၏”
“အသက်၂၅နှစ်တွင် စမ်းသပ်ပွဲတွင် ပါတင်ရန်အတွက် အလယ်ပိုင်းစီရင်စုဆီသို့ သွားသည့် လမ်းကြောင်း၌ သင့်ကို ငရဲကိုးခု စံအိမ်၏ ဒုတိယမြောက် စောင့်ရှောက်သူက လုပ်ကြံတိုက်ခိုက်ခဲ့သည်”
“စတုတ္ထအဆင့် မြွေအဆင့်ရှိသည့် ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်ရရာတွင် သင်သည် နည်းလမ်းအားလုံးတို့ကို အသုံးပြုခဲ့ပေမယ့် နောက်ဆုံးတွင် နေရာ၌ သေဆုံးခဲ့ရသည်”
“ဒီလို ကျွမ်းကျင်သူတစ်ယောက်ကိုတောင် လွှတ်ပြီး ငါ့ကို ရှင်းခိုင်းတာလား.. နည်းနည်းလောက် စည်းမျဉ်းအတိုင်း လုပ်လို့ မရဘူးလား”
ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ စတုတ္ထအဆင့် မြွေအဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက်ဟာ ဖင်းစုဆောင်းခြင်း စတုတ္ထအဆင့်ရှိ သိုင်းသူတော်စင်တစ်ယောက်နှင့် တူညီ၏။
သူကဲ့သို့ အားနည်းသည့် စစ်ဘုရင်အဆင့် သိုင်းသမားလေး တစ်ယောက်ကို ရင်ဆိုင်ရန် ယခုကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ကို စေလွှတ်ခဲ့သည်မှာ အမှန်တကယ်ကို အရှက်မဲ့လှသည်။
“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”
“၁။ ပါရမီကို ရယူပါ(ရွေးချယ်မှုပြုနိုင်)”
“၂။ စွမ်းရည်မှတ်ကို ရယူပါ”
“၃။ ဘဝအတွေ့အကြုံကို ရယူပါ”
“လက်ရှိကျန်ငွေ- ရွှေ၃၀၀၀လျန်”
ရွေးချယ်မှုကို ကြည့်လိုက်သည်နှင့် ဟန်ကျောက်၏ အနည်းငယ် ညို့မှိုင်းနေသည့် နှလုံးသားက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
“တစ်”
“အနီရောင် အဆင့်မြှင့်တင်ခြင်းအား ရရှိသည်”
“အနီရောင်အဆင့်မြှင့်တင်ခြင်း- တစ်ကြိမ်သုံး အဆင့်မြင့်အဆင့် စွမ်းရည်ဖြစ်သည်။ ၎င်းဟာ ပါရမီအကန့်အသတ် အနီရောင်ထက် နိမ့်ပါးသည့် ပါရမီတစ်ခုကို အမြင့်ဆုံး ပါရမီအဖြစ် အနီရောင်သို့ ရောက်ရှိအောင် မြှင့်တင်နိုင်သည်။ လက်ရှိ ပါရမီ၏ အရည်သွေးဟာ ခရမ်းရောင်ထက် နိမ့်ပါးနေပါက အဆင့်တစ်ခု တစ်ခါတည်း တိုးမြင့်စေနိုင်သည်”
“အနီရောင်လား”
ရရှိလာသည့် စွမ်းရည်ကို ကြည့်ကာ ဟန်ကျောက်၏ အကြည့်က စနစ်ဇယားပေါ်သို့ ကျရောက်သွားသည်။
“ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင် ပါရမီရဲ့ အကန့်အသတ်က အနီရောင်ပဲ။ သုံးမရဘူး”
“လူတစ်ယောက်ပြောင်းလဲခြင်းတစ်ထောင်က ရွှေရောင်ပဲ။ ဒါလည်း အလုပ်မဖြစ်ဘူး”
“ဒြပ်စင်ငါးခုအား တစ်ခုတည်းအဖြစ်က ရွှေရောင်ဖြစ်ပြီး အံ့ဖွယ်သုံးပါး မူလပြန်ခြင်းက ပလက်တီနမ်ရောင် ရှိတယ်။ ခြားနားချက်က ပိုပြီးတောင် ကြီးမားသေးတယ်”
“အိုဇာတာကောင်းသူကတော့ အပြာရောင်ပဲ။ ဒါပေမယ့် အဲ့ဒီဟာမှာ ကြီးထွားဖို့ ပါရမီအကန့်အသတ် မရှိဘူး”
“ပါရမီအကန့်အသတ် အနီရောင်ထက် နိမ့်ပါးတာဆိုရင်…”
ဟန်ကျောက်ဟာ အဆင့်မြှင့်တင်နိုင်သည့် ပါရမီ နှစ်ခုတို့ကို တွေ့လိုက်ရသည်။
“အစွန်းရောက်ခုနစ်ပါး သိုင်းသူတော်စင်- အစိမ်းရောင်ပါရမီ- ဆေဘာတာအို၊ ဓါးတာအို၊ လက်သီးသိုင်း၊ လက်ဝါးသိုင်း၊ ခြေထောက်သိုင်း၊ လက်ချောင်းသိုင်းနှင့် လက်သည်းသိုင်း တို့၏ ကျင့်ကြံမှုပါရမီဟာ ခုနစ်ဆ တိုးလာခဲ့သည်။ သက်ဆိုင်ရာ သိုင်းပညာများကို အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ကျင့်ကြံပြီးပါက စိတ်ဆန္ဒကို နားလည်သဘောပေါက်နိုင်မည့် ဖြစ်နိုင်ချေဟာ သုံးဆ တိုးလာခဲ့သည်။ အမြင့်ဆုံး အကန့်အသတ်ကို ချိုးဖျက်နိုင်မည့် သက်ဆိုင်ရာ ဖြစ်နိုင်ချေတစ်ခု ရှိကာ ပေါင်းစပ်ခြင်းအတတ်ကို နားလည်သဘောပေါက်နိုင်မည့် အလွန်သေးငယ်သည့် ဖြစ်နိုင်ချေ ရှိသည်။(ကျင့်ကြံခြင်းဖြင့် အပြာရောင်သို့ မြှင့်တင်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ ခရမ်းရောင်ဖြစ်သည်”
“အခြေခံဆရာသခင်- အပြာရောင်ပါရမီ- အခြေခံ၊ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် သိုင်းပညာများကို ကျင့်ကြံခြင်း အမြန်နှုန်းဟာ သုံးဆ တိုးလာလိမ့်မည်။ အမြင့်ဆုံး အကန့်အသတ်ကို ချိုးဖျက်နိုင်မည့် ဖြစ်နိုင်ချေ သုံးဆရှိသည်။(ပါရမီဟာ အကန့်အသတ်သို့ ရောက်ရှိပြီး ဖြစ်သည်)”
“အစွန်းရောက်ခုနစ်ပါး သိုင်းသူတော်စင်ကို မြှင့်တာက သက်ဆိုင်ရာ သိုင်းပညာတွေရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို မြင့်တက်စေနိုင်တယ်”
“အခြေခံဆရာသခင်ကတော့ ငါကျင့်ကြံတဲ့ ကျင့်စဉ်တွေကို အကန့်အသတ်ကို ဆက်တိုက် ချိုးဖျက်စေနိုင်တယ်။ ဒါပေမယ့် ဆိုးတာက အလွန်ဆုံး အလယ်အလတ်အထိပဲ ရောက်နိုင်တယ်”
နှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီးနောက် ဟန်ကျောက်ဟာ ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ပြီး ဖြစ်သည်။
“စနစ်.. တစ်ကြိမ်သုံး အနီရောင် ပါရမီမြှင့်တင်မှု စွမ်းရည်ကို အခြေခံဆရာသခင်ကို မြှင့်တင်ဖို့ သုံးလိုက်”
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
စနစ် မျက်နှာပြင်ပေါ်ရှိ အခြေခံဆရာသခင် ပါရမီဟာ ချက်ချင်းပင် အနီရောင် အလင်းတစ်ခု လင်းလက်လာခဲ့သည်။
“ပါရမီ- သိုင်းပညာ ပါရမီရှင်”
“သိုင်းပညာပါရမီရှင်- ခရမ်းရောင်ပါရမီ- အခြေခံ၊ အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့် သိုင်းပညာများကို ကျင့်ကြံသည့် အမြန်နှုန်းဟာ ရှစ်ဆ၊ ခြောက်ဆ၊ လေးဆနှင့် နှစ်ဆတို့ အသီးသီး တိုးလာခဲ့သည်။
အကန့်အသတ်ကို ချိုးဖျက်နိုင်မည့် ဖြစ်နိုင်ချေဟာ ခုနစ်ဆ၊ ငါးဆ၊ သုံးဆနှင့် တစ်ဆတို့ အသီးသီး တိုးလာခဲ့သည်။(ကျင့်ကြံမှုမှတစ်ဆင့် လိမ္မော်ရောင် ပါရမီသို့ မြှင့်တင်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှ အနီရောင်ဖြစ်သည်)”
“သိုင်းပညာပါရမီရှင်က တကယ့်ကို ငါနဲ့သင့်တော်တာပဲ”
ပါရမီအသစ်၏ အကျိုးပြုပုံများကို ကြည့်ကာ ဟန်ကျောက်ဟာ မနေနိုင်ပဲ ရယ်၏။
“အချက်ပေးအပိုင်းအစ ၁၃၀အား စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါသလား”
“လက်ရှိကျန်ငွေ- ရွှေ၃၀၀၀လျန်”
“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”
“အသက်၂၃နှစ်တွင် သင်သည် ကျင်းဝူရှင်းနှင့် ဟယ်ရွှမ်ကို သတ်ဖြတ်ခဲ့သည်”
“………..”
“အသက်၂၅နှစ်တွင် သင်သည် ချီရွှမ်မင်နှင့်အတူ အလယ်ပိုင်းစီရင်စု စမ်းသပ်ပွဲသို့ သွားရောက်ခဲ့သည်။ သင်၏ လမ်းကြောင်းဟာ အတားအဆီး မရှိခဲ့ပေ။ နောက်ဆုံးတွင် ဒုတိယနေရာကို ရရှိခဲ့ပြီး သင်၏ ဂုဏ်သတင်းဟာ ပိုမိုကျယ်ပြန့်လာခဲ့သည်”
“အသက်၂၆နှစ်တွင် ဖန်တီးခြင်းဆေးလုံးကို သောက်သုံးပြီးနောက် သင်သည် ချီလေးဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ခဲ့ပြီး စိတဝိညာဉ်စောင့်ရှောက်သူများနှင့် နတ်ဆိုးများကို အထူးရှင်းလင်းမှု စတင်ပြုလုပ်သည်”
“တူညီသည့် နှစ်တွင်ပင် တိမ်စီရင်စု၌ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ယုနျန်ဟာ ပျောက်ကွယ်သွားခဲ့သည်”
“အသက်၂၉နှစ်တွင် သင်သည် ချီငါးဆင့် ပြီးပြည့်စုံခြင်း စစ်ဘုရင်အဆင့်သို့ ကျင့်ကြံခဲ့သည်”
“သင်သည် တိုက်ပွဲတစ်ခုတွင် စွမ်းအားကြီးမားသည့် တတိယအဆင့် မြွေအဆင့် စွမ်းအားကြီးသူ တစ်ဦးနှင့် ကြုံတွေ့ခဲ့သည်။ ခွန်အားအားလုံးတို့ကို အသုံးပြုကာ တစ်ဖက်လူကို သတ်ဖြတ်ခဲ့၏”
“ဝိညာဉ်အဆီအနှစ်လုံးဟာ များပြားလှသည့် ယင်စွမ်းအင်များကို စုပ်ယူကာ အောင်မြင်စွာ အသက်ဝင်လာခဲ့သည်။ သင်၏ ဝိညာဉ်ကို အတွင်းသို့ စုပ်ယူသွားပြီး လျှို့ဝှက်ဆန်းကြယ်သည့် နန်းတော်တစ်ခု၏ အတွင်းသို့ ရောက်ရှိသွား၏”
“နန်းတော်၏ ခန်းမအတွင်းတွင် ခရမ်းနီရောင် ထောင်တိုင် ၃၆ခုတို့ ရှိနေ၏။ ထောက်တိုင်တစ်ခုချင်းစီပေါ်ရှိ ဝိညာဉ်ပုံရိပ်များဟာ စွမ်းအားကြီးမားသည့် အရှိန်အဝါကို ထုတ်လွှတ်နေပါသည်”
“မင်းရဲ့ သက်တမ်းက နှစ်ပေါင်း၁၆၀၀လား။ တတိယအဆင့် ဒီဗိုင်းစွမ်းအား သိုင်းနတ်ဘုရားတစ်ယောက်ပဲ”
“သိုင်းနတ်ဘုရားတစ်ပါးက ပြန်လည်မွေးဖွားဖို့ ပြင်ဆင်တာလား”
“တာအိုရောင်းရင်း… မင်းကျင့်ကြံတာ ဘယ်ဂူကောင်းကင်လောကမှာလဲ”
“တတိယအဆင့် ဒီဗိုင်းစွမ်းအားအဆင့်က မြင့်တက်ဖို့အတွက် ခြေတစ်လှမ်းပဲ လိုတော့တာ။ ဘာလို့ ပြန်လည်မွေးဖွားပြီး အစက ပြန်ကျင့်ကြံချင်ရတာလဲ”
“ခန်းမအတွင်းသို့ ရောက်ရှိသည်နှင့် စွမ်းအားကြီးမားသည့် ဝိညာဉ်အငွေ့အသက်များ ထုတ်လွှတ်နေသည့် ပုံရိပ်ဆယ်ခုတို့အား သင့်အား စကားလာပြောကြသည်။ လူတိုင်းဟာ အလွန်ယဉ်ကျေးကြပြီး သင်၏ နောက်ခံကို သိလိုနေကြ၏”
“အချက်အလက်များ အလွန်အကျွံ မပေါ်သွားစေရန် သင်ဟာ တစ်ချိန်လုံးတွင် တစ်သီးတစ်သန့်ဆန်စွာ မာနကြီးနေခဲ့သည်။ သင့်ကိုယ်သင် ဝူဝူဒီဟု ခေါ်ဆိုကာ လူစိမ်းတစ်ယောက်သဖွယ် ရှိ၏”
“အချို့လူများက မနှစ်မြို့ကြပေမယ့် သူတို့ဟာ သင်နှင့် တိုက်ရိုက် ပြဿနာမဖြစ်လိုကြပါ”
“လူတိုင်း၏ ပြောစကားများကို နားထောင်ပြီးနောက် ရှိနေကြသည့် လူတိုင်းဟာ စိတ်ဝိညာဉ်သားရဲ မိသားစု(သို့) ဒီဗိုင်းလက်နက် မိသားစုများမှ အုပ်စိုးသူများ ဖြစ်ကြောင်းကို သိလာခဲ့သည်။
သူတို့အားလုံးဟာ အခြေခံအားဖြင့် သွေးမျိုးဆက် ခြောက်ကြိမ်နိုးထသူများ(သို့) အဆင့်သုံး လက်နက်သခင်များ ဖြစ်ကြသည်”
“အများစုဟာ သက်တမ်း၏ အကန့်အသတ်သို့ ရောက်ရှိလု နီးနေပြီး ဆက်လက် အဆင့်ချိုးဖျက်မှု မပြုနိုင်သူများ ဖြစ်ကြသည်”
“သူတို့ဟာ အနာဂတ်အတွက် စတင်ပြင်ဆင်၏”
“ထိုအချိန်၌ သင်သည် နောက်ဆုံးတွင် ဝိညာဉ်အဆီအနှစ်လုံး၏ လျှို့ဝှက်ချက်ကို ရှာတွေ့သွားခဲ့သည်”
“ပြန်လည်မွေးဖွားခြင်း ခန်းမဟာ နှစ်၆၀၀တိုင်းတွင် တစ်ကြိမ် ဖွင့်လှစ်၏။ အတွင်းထဲတွင် ပြန်လည်မွေးဖွားခြင်း အကြွင်းမဲ့အရှင်က ချန်ထားခဲ့သည့် အထွတ်အထိပ်ရတနာ ပြန်လည်မွေးဖွားခြင်း ဓမ္မအမိန့်ပြန်တမ်းတစ်ခု ရှိပါသည်”
“ဝိညာဉ်အဆီအနှစ်လုံး ၃၆ခုတို့ဟာ လောကတစ်ခုလုံး၌ ပျံ့နှံ့နေ၏။ ၎င်းတို့ဟာ ပြန်လည်မွေးဖွားခြင်း ခန်းမအတွင်းသို့ ဝင်ရောက်နိုင်မည့် သော့များ ဖြစ်ကြသည်”
“သင်သည် ပြန်လည်မွေးဖွားခြင်း ဓမ္မအမိန့်ပြန်တမ်းကို ရရှိသည်နှင့် ၎င်း၏အပေါ်တွင် သင်၏ အမည်ကို ရေးထိုးကာ သေဆုံးပြီးနောက် ပြန်လည်မွေးဖွားခြင်း ခြောက်သွယ်သို့ သေချာပေါက် ဝင်ရောက်နိုင်ကာ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းနှင့် ပြန်လည်မွေးဖွားလာနိုင်မှာ သေချာသည်”
“လာမည့် ပြန်လည်မွေးဖွားခြင်း ဖွင့်လှစ်မှုအတွက် ၈၄နှစ်တာ ကျန်ပါသေးသည်”
“သင်၏ဝိညာဉ် ခန်းမအတွင်းမှ ပြန်မထွက်ခင်တွင် သွေးမျိုးဆက် ခြောက်ကြိမ် နိုးထသူများနှင့် အဆင့်သုံး လက်နက်သခင် အချို့က သင်နှင့် မိတ်ဆွေဖွဲ့လိုကြသည်။ သင်သည် ဝိညာဉ်အဆီအနှစ်လုံးမှတစ်ဆင့် သူတို့နှင့် ဆက်သွယ်နိုင်၏။ သို့ပေမယ့် သူဟာ သူတို့ကို ငြင်းဆန်လိုက်သည်”
“အသက်၃၀တွင် ဝိညာဉ်အဆီအနှစ်လုံးကို သင်က အသက်သွင်းလိုက်သဖြင့် ကြယ်တာယာစံအိမ်ဟာ အဆင့်လေး ဒီဗိုင်းလက်နက်- ကြယ်တာယာမှန် မှတစ်ဆင့် သင်၏ တည်နေရာကို ရှာဖွေတွေ့ရှိသွားသည်”
“ကြီးမြတ်သော မျိုးရိုးနာမည် ငါးခုမှ အသန်မာဆုံး ချောင်မိသားစု၏ ဘိုးဘေး ချောင်မုန့်ရွှမ်က သင့်ကို ရှာတွေ့သွားသည်”
“သင်သည် ကိုယ့်ကိုယ်ကိုယ် ဝူဝူဒီ၏ တပည့်အဖြစ် ဟန်ဆောင်၏။ တစ်ဖက်လူဟာ သံသယဝင်နေ၏။ သို့ပေမယ့် သင့်ကို ခက်ခဲအောင် ပြုလုပ်ခြင်း မရှိပေ။ အဲ့ဒီအစား သင့်ကို ဆွဲဆောင်ခေါ်ယူလို၏။ ဝူဝူဒီနှင့် ဆက်သွယ်ကာ ပြန်လည်မွေးဖွားခြင်း ခန်းမအတွင်းတွင် ပူးပေါင်းလိုလေသည်”
“ခဏတာအတွင်း လူတိုင်းက သင့်ကို သိုင်းနတ်ဘုရားတစ်ပါး၏ ဆက်ခံသူဟု သိသွားကြသည်”