← Chapters

အခန်း (၂၆၁)

Vol. 18 Ch. 261

အခန်း (၂၆၁)

Vol. 18 Ch. 261

“အစ်ကိုချီပဲ သူ့ကို လွှတ်ပေးချင်တာ မဟုတ်ဘူးလား”

ဟန်ကျောက်က ပဟေဋိဖြစ်စွာ မေးသည်။

“ဒေါသရေနဂါးဂိုဏ်းထဲမှာ သူသေလို့ မရဘူး။ မဟုတ်ရင် ငရဲကိုးခုစံအိမ်က ဒေါသရေနဂါးဂိုဏ်းကို သေချာပေါက် ပစ်မှတ်ထားမှာ။ အဲ့ဒီအခါ စောင့်ကြပ်ဖို့ မဖြစ်နိုင်အောင် ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် အပြင်မှာ သေရင်တော့ ငရဲကိုးခုစံအိမ်က စိတ်ဝိညာဉ်စောင့်ရှောက်သူတွေအပေါ် တစ်ခါတည်း အပြစ်တင်မှာ။ သူ့ကိုကူပြီး ရှင်းပေးရမလား”

ချီရွှမ်မင်က ရှင်းပြသည်။

“ကျွန်တော်က ရန်ငြိုးအရမ်းထားတတ်တဲ့လူ မဟုတ်ပါဘူး။ ထားလိုက်ပါတော့”

ဟန်ကျောက်က ခေါင်းကိုယမ်းသည်။

ချီရွှမ်မင်က မှင်သက်သွား၏။

‘မင်းက အပြင်ပန်းမှာပဲ ရန်ကြွေးကို သည်းခံတာမလား’

“ကောင်းပါပြီ။ အဲ့ဒါဆို ဒီကိစ္စမှာ ကျွန်တော်ဝင်မပါတော့ဘူး။ ညီလေးဟန်ပဲ ကိုယ့်ဘာသာ ဆုံးဖြတ်ပါ”

“ဘာပဲဖြစ်ဖြစ် အစ်ကိုချီကို ကျွန်တော် ကျေးဇူးတင်ရပါမယ်”

ဟန်ကျောက်က ပြုံးသည်။

သွေးကြောခုနစ်ခု နတ်ဆိုး၏ နတ်ဆိုးပုံဆောင်ခဲတွင် ပိုမိုများပြားသည့် ယင်စွမ်းအင်များ ပါဝင်လောက်မှာပါ။ ထို့ကြောင့် သူ့ဘာသာ သွားယူရန် လိုအပ်၏။

“ညီလေးဟန်.. မင်းက အရမ်းကြီး အားနာနေပြန်ပါပြီ”

နှစ်ယောက်သားဟာ စာဖတ်ခန်းအတွင်းသို့ ဝင်ရောက်ကာ ညစာစားချိန်အထိ စကားပြောခဲ့ကြ၏။

နောက်ဆုံးအကြိမ် လာခဲ့စဉ်၌ ချီရွှမ်မင်ဟာ အလဲအလှယ် သဘောဖြင့်သာ ရောက်ခဲ့၏။ သို့ပေမယ့် ဒီတစ်ကြိမ်တွင်တော့ ဟန်ကျောက်နှင့် အမှန်တကယ် မိတ်ဆွေဖွဲ့လိုလာခဲ့သည်။

နှစ်ယောက်သားဟာ စားသောက်ပြီးသည့်တိုင် တစ်ညလုံး စကားဆက်ပြောခဲ့ကြ၏။

နောက်တစ်နေ့ နံနက်တွင်..

ယွမ်ကန်းကောင်တီ စီရင်စုမြို့တော်၏ မြို့တွင်းပိုင်းရှိ ချန်းချွမ်ဒေါသတွင်..

ဟယ်ရွှမ်၏ အိမ်တော်၌ အသက်ဆယ့်လေးနှင့် ဆယ့်ငါးနှစ်အရွယ်ရှိ ဝတ်စုံနီနှင့် မိန်းကလေးတစ်ယောက်ကို တံခါးစောင့်က စံအိမ်၏ အနောက်ဘက်သို့ ခေါ်ဆောင်သွားကာ စာဖတ်ခန်းဆီသို့ ရောက်လာခဲ့သည်။

“သခင်ကြီး.. ရွှယ်မိသားစုရဲ့ သံတမန် ရောက်လာပါတယ်”

“ဝင်ခိုင်းလိုက်”

ဟယ်ရွှမ်၏ တည်ငြိမ်သည့် လေသံက အခန်းထဲမှ ထွက်ပေါ်လာ၏။

သူဟာ စားပွဲရှေ့တွင် သဲသဲမဲမဲ စာရေးနေပါသည်။ ဝတ်စုံနီနှင့် မိန်းကလေးကို တွေ့ရပြီးနောက် ချက်ချင်းပင် မတ်တပ်ရပ်၏။

“လက်စသတ်တော့ မိန်းကလေး ဟုန်ယွီကို.. ကျေူးဇူးပြုပြီး ထိုင်ပါဦး”

“အကြီးအကဲဟယ်.. ကျွန်မရဲ့ ဒုတိယအစ်မက ရှင့်ဆီကို စကားပါးခိုင်းလိုက်လို့”

ရွှယ်ဟုန်ယွီက လက်နှစ်ဖက်ကို မိုးကာ ပြောသည်။

“ကျေးဇူးပြုပြီး ပြောပါ”

ဟယ်ရွှမ်က ဆို၏။

“မနေ့က ဒေါသရေနဂါး ကျွန်းဆီကို ကျင်းဝူရှင်း သွားခဲ့ပြီး ချီရွှမ်မင်လည်း သူ့နောက်က လိုက်သွားပါတယ်။ ပြီးတော့ ကျင်းဝူရှင်း ဒဏ်ရာအပြင်းအထန်နဲ့ ပြန်ထွက်လာခဲ့တယ်။ အခု သူ မြို့ရဲ့အနောက်ဘက် မိုင်နှစ်ရာက ဖန်လင်းမြို့မှာ ပုန်းအောင်းနေတယ်”

ရွှယ်ဟုန်ယွီက အဓိပ္ပာယ်ရှိစွာ ပြောသည်။

“အဲ့လိုကိစ္စမျိုးလည်း ရှိသေးတာလား”

ဟယ်ရွှမ်က အံ့ဩသွားသည်။

ကျင်းဝူရှင်းဟာ ငရဲကိုးခု စံအိမ်၏ မဟာနတ်ဆရာတစ်ယောက် ဖြစ်၏။ သွေးကြောခုနစ်ခု ချည်နှောင်မှုအဆင့်ရှိ ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

နတ်ဆိုးအားလုံးနီးပါးဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည့် ငရဲကိုးခုစံအိမ်၏ မဟာနတ်ဘုရားတစ်ယောက် ဖြစ်လာနိုင်ခြင်းမှာ သူဟာ နတ််ဆိုးများအကြားတွင် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်မှာပါ။

ဘယ်လိုလုပ်ပြီး ချီရွှမ်မင်လို ချီလေးဆင့် စစ်ဘုရင်တစ်ယောက်က ဒဏ်ရာအပြင်းအထန် ရစေခဲ့သနည်း။

ကြည့်ရတာ ကြီးမြတ်သော မျိုးရိုးနာမည် ငါးခုမှ တိုက်ရိုက်မျိုးဆက်များဟာ အလွန် သန်မာသည့်ပုံပါ။

“ဒုတိယအစ်မ ပြောတာတော့ အခု အကြီးအကဲဟယ်ရဲ့ ရှေ့မှာ အခွင့်အရေးတစ်ခု ရှိနေတယ်တဲ့။ ဖမ်းဆုပ်နိုင်မလား ဆိုတာကတော့ အကြီးအကဲအပေါ်မှာပဲ မူတည်ပါတယ်”

ရွှယ်ဟုန်ယွီက ဆက်လက်ပြောသည်။

ဟယ်ရွှမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သို့ပေမယ့် သူဟာ လျှင်မြန်စွာ တုံ့ပြန်လာခဲ့သည်။

“ရွှယ်ဟန် ဆိုလိုတာက ငါနဲ့အတူတူ ကျင်းဝူရှင်းကို ရှင်းကြမယ်လို့လား”

“ဟုတ်ပါတယ်။ အကြီးအကဲဟယ်က တကယ့်ကို ပါးနပ်တဲ့ လူတစ်ယောက်ပဲ”

ရွှယ်ဟုန်ယွီက ပြုံးသည်။

“သွေးကြောခုနစ်ခု နတ်ဆိုးရဲ့ နတ်ဆိုးပုံဆောင်ခဲကိုသာ ရနိုင်ရင် ဒီဗိုင်းလက်နက် အပိုင်းအစကို ရှာဖို့ အောင်မြင်နိုင်ချေက အများကြီး တိုးမြင့်လာမှာ။ အဲ့ဒီအပြင် ဒီဗိုင်းလက်နက် အပိုင်းအစရဲ့ စွမ်းအားကိုလည်း ချက်ချင်း မြင့်တက်လာစေမှာ”

“ဒါက..”

ဟယ်ရွှမ်က တုံ့ဆိုင်းသွားသည်။ သူဟာ အတွေးနက်သွား၏။

ရွှယ်ဟုန်ယွီမှာ လုံးဝ စိတ်မရှည်ခြင်း မရှိပေ။ သူမဟာ တိတ်ဆိတ်စွာသာ စောင့်စားနေ၏။

“နတ်ဆိုးပုံဆောင်ခဲက တစ်ခုပဲ ရှိတယ်။ ဒီပစ္စည်းက ငါ့အတွက် အဲ့လောက်ကြီး အသုံးဝင်တာလည်း မဟုတ်ဘူး။ အဲ့ဒီအစား အဲ့ဒါက နင်တို့ရဲ့ သွေးမျိုးဆက်ကိုမှ အဆင့်မြင့်တက်စေနိုင်တဲ့ ရတနာတစ်ခုပဲ”

ဟယ်ရွှမ်က စဉ်းစားပြီး‌နောက် ပြောသည်။

“ရွှယ်ဟန်ရဲ့ ခွန်အားနဲ့ ဒဏ်ရာအပြင်းအထန် ရထားတဲ့ ကျင်းဝူရှင်းကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တယ်မလား”

“ကျင်းဝူရှင်းရဲ့ အဓိကခန္ဓာကိုယ်က ရှားပါးတဲ့ ကျောက်ပုဇွန်ကလေးငယ်ပဲ။ သူ့မှာ အရမ်းအားကောင်းတဲ့ ပုံရိပ်ယောင် ပါရမီရှိပြီး ငရဲကိုးခု စံအိမ်က အရမ်းတန်ဖိုးထားတယ်။ ဘယ်လိုအသက်ကယ် စွမ်းရည်တွေ ပိုင်ဆိုင်ထားမယ် ဆိုတာကို ပြောလို့မရဘူး။ အဲ့ဒါကြောင့် ဒုတိယအစ်မက အတူတူတိုက်ခိုက်ဖို့ ဖိတ်ခိုင်းလိုက်တာ”

ရွှယ်ဟုန်ယွီက အမှန်ကို ပြော၏။

“ငါ့အတွက် ဘာအကျိုးအမြတ် ရနိုင်မှာလဲ။ လုံလုံလောက်လောက် ဘာမှမရရင်တော့ ဒီလို ကြီးမားတဲ့ စွန့်စားမှုမျိုးကို မလုပ်နိုင်ဘူး။ ငါမပိုင်နိုင်မယ့် ဒီဗိုင်းလက်နက် တစ်ခုနဲ့တော့ အဆင်မပြေဘူး”

ဟယ်ရွှမ်က ဈေးစစ်လို၏။

“အကြီးအကဲဟယ်.. ကိုးသွယ် စိတ်ဝိညာဉ်မက်မွန်အကြောင်းကို ရှင်သိတယ်မလား”

ရွှယ်ဟုန်ယွီက စကားပြောင်းကာ ပြောသည်။

“ဘာ… ဖြစ်နိုင်တာက ရွှယ်ဟန်မှာ ကိုးသွယ်စိတ်ဝိညာဉ်မက်မွန် ရှိတာလား”

ဟယ်ရွှမ်၏ အမူအရာတို့ ပျက်သွား၏။ သူ၏ ပုံစံက ကြီးစွာ ပြောင်းလဲသွားသည်။

ထိုကိုးသွယ်စိတ်ဝိညာဉ် မက်မွန်ဟာ နှစ်၆၀တွင် ပွင့်လန်းကာ၊ နှစ်၆၀တွင် အသီးသီးပြီး၊ နှစ်၆၀တွင် အရွယ်ရောက်၏။ အသီးကို ရရှိရန်အတွက် နှစ်၃၀လောက် အချိန်လိုအပ်သည်။

စားသုံးပြီးနောက် လူတစ်ယောက်၏ သွေးချီကို ကြီးစွာ မြင့်တက်စေနိုင်ပြီး သက်တမ်း ၂၀လောက် ဆွဲဆန့်ပေးနိုင်သည်။

ဤသည်မှာ သွေးချီ အထွတ်အထိပ် အခြေအနေ နှစ်၂၀ ဖြစ်၏။ သွေးချီတို့ ဆုတ်ယုတ်လာခဲ့ပြီး ဖြစ်သည့် ရွှယ်ဟန်ကဲ့သို့ ချီငါးဆင့် စစ်ဘုရင်တစ်ယောက်ကို မဆိုထားနှင့် ဖင်းစုဆောင်းခြင်း သိုင်းသူတော်စင်အတွက်ပင် အလွန် ဆွဲဆောင်မှု အားကောင်းလှပါသည်။

ဒီဗိုင်းအတတ်များကို ကျင့်ကြံကြသည့် အချို့ သိုင်းသမားများဟာ အဆင့်တူသည့် ထိပ်တန်း အုပ်စိုးသူ မိသားစု မျိုးဆက်များနှင့် နတ်ဆိုးများထက် ခွန်အား နိမ့်ကျခြင်း မရှိပေ။ သို့ပေမယ့် အကြီးမားဆုံး ကွာခြားချက်ဟာ သက်တမ်းဖြစ်၏။

ချီငါးဆင့် စစ်ဘုရင်တစ်ယောက်၏ သက်တမ်းအကန့်အသတ်ဟာ ၁၆၀နှစ် ဖြစ်သည်။ ၈၀ကျော်ပါက သူတို့၏ သွေးချီဟာ လျှင်မြန်စွာ ဆုတ်ယုတလာ၏။

အဆင့်တူသည့် အုပ်စိုးသူ မိသားစု မျိုးဆက်များဟာ ပုံမှန် သိုင်းသမားများထက် အသက်၂၀၊ ၃၀နှစ်လောက် ပိုမိုရှင်သန်နိုင်ကြသည်။ နတ်ဆိုးများမှာတော့ မျိုးနွယ် ခြားနားမှုအရ သူတို့အတွက် နှစ်ပေါင်းတစ်ရာ(သို့) နှစ်ရာလောက်ပင် ပိုမိုရှင်သန်နိုင်ကြသည်။

ခွန်အားအဆင့် မြင့်တက်လာသည်နှင့်အမျှ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိပါက သက်တမ်းခြားနားချက်ဟာ ပိုမိုကာပင် ကွာခြားသွားသေးသည်။

ဒဏ္ဍာရီဆန်သည့် ဒီဗိုင်းစွမ်းအား သိုင်းနတ်ဘုရားအဆင့်သို့ ချိုးဖျက်နိုင်သည့် သိုင်းသမားတစ်ယောက်သာလျှင် အဘက်ဘက်၌ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပေါ်နိုင်သည်။

ထို့ကြောင့် သက်တမ်းအပို ၂၀နှစ်ကို မဆိုထားနှင့် ၁၀နှစ်ဖြစ်လျှင်တောင် လူကို ရူးသွပ်သွားစေရန် လုံလောက်ပါသည်။

“ဒုတိယအစ်မမှာ ရှိတာတော့ ဘယ်ဟုတ်မလဲ။ မဟုတ်ရင် သူ့ဘာသာ စားပြီးတာ ကြာပြီဖြစ်လိမ့်မယ်”

ရွှယ်ဟုန်ယွီက ခေါင်းကိုယမ်းသည်။

“နင်”

နှလုံးသားထဲတွင် မြင့်တက်လာသည့် မျှော်လင့်ချက်ဟာ ချက်ချင်းပင် ငြိမ်းသက်သွားခဲ့သည်။ ဟယ်ရွှမ်ဟာ ချက်ချင်းပင် ဒေါသထွက်သွား၏။

“အကြီးအကဲဟယ်.. စိတ်အေးအေးထားပြီး ကျွန်မပြောတာကို နားထောင်ပါဦး။ ဒုတိယအစ်မမှာ ကိုးသွယ်စိတ်ဝိညာဉ်မက်မွန် မရှိပေမယ့် သူမမှာ မက်မွန်နှလုံးသား ရှိတယ်”

ရွှယ်ဟုန်ယွီက ရှင်းပြသည်။

“မက်မွန်အူတိုင်…”

ဟယ်ရွှမ်၏ ပုံစံက ပြောင်းလဲသွားသည်။

“အကြီးအကဲဟယ်သာ မက်မွန်အူတိုင်ကို ရပြီး အဆင့်မြင့် ဆေးပညာရှင် တစ်ယောက်နဲ့ သက်ရှည်ဆေးကို သန့်စင်လိုက်ရင် သက်တမ်းကို အနည်းဆုံး ခုနစ်နှစ်၊ ရှစ်နှစ်လောက် တိုးလာစေမှာ”

ရွှယ်ဟုန်ယွီက ထပ်ပေါင်းပြောသည်။

“သက်ရှည်ဆေးလုံး”

ဟယ်ရွှမ်၏ မျက်ခုံးများက မြင့်တက်သွားသည်။

အုပ်စိုးသူ မိသားစု၏ တပည့်များတွင် အထူး ခန္ဓာကိုယ်တည်ဆောက်မှု ရှိပါသည်။

သက်ရှည်ဆေးလုံးကဲ့သို့ ဆေးများဟာ သူတို့အတွက် အခြေခံအားဖြင့် အသုံးဝင်ခြင်း မရှိပေ။ မဟုတ်ပါက မက်မွန်အူတိုင်ဟာ သူ့လက်ထဲသို့ ရောက်နိုင်စရာ မရှိပါ။

သက်ရှည်ဆေးလုံးကဲ့သို့ ရှားပါးအဆင့်မြင့်သည့် ဆေးလုံးတစ်ခုအတွက် အဆင့်မြင့်အဆင့် ဆေးပညာရှင်တစ်ယောက်ပင်လျှင် တစ်အိုးတည်း သန့်စင်ကာ အောင်မြင်နိုင်မည်ဟု အာမခံချက် ပေးနိုင်ခြင်းမရှိပေ။

ဘာပဲဖြစ်ဖြစ် ကျွမ်းကျင်နေသည့် ဆေးလုံးတစ်မျိုးကို သန့်စင်ရာတွင် အောင်မြင်နိုင်ချေနှင့် တစ်ခါမှ မသန့်စင်ဖူးသည့် ဆေးလုံးကို သန့်စင်ရာတွင် အောင်မြင်နိုင်ချေဟာ အလွန် ခြားနားလှသည်။

“အကြီးအကဲဟယ်သာ ပူးပေါင်းဖို့ သဘောတူရင် သက်ရှည်ဆေးလုံးရဲ့ ဖော်မြူလာကို အကြိုအနေနဲ့ ပေးထားလို့ရတယ်။ ဘယ်လိုထင်လဲ။ ကျင်းဝူရှင်းရဲ့ ခွန်အားက အချိန်ကြာလာတာနဲ့အမျှ ပြန်ကောင်းလာမှာ။ အခွင့်အရေးက လူကို မစောင့်ဘူး”

ရွှယ်ဟုန်ယွီက ပြုံးသည်။

“ကောင်းပါပြီ။ ငါသဘောတူတယ်”

ဟယ်ရွှမ်က အံကိုကြိတ်ကာ နောက်ဆုံးတွင် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။

ဤသည်မှာ သူ၏ ဖင်းစုဆောင်းခြင်း သိုင်းသူတော်စင်အဆင့်သို့ ချိုးဖျက်ရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်၏။ အောင်မြင်ပါက တိမ်စီရင်စု တစ်ခုလုံးတွင် ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်အဖြစ် မြင့်တက်သွားမှာပါ။

အဓိကအချက်မှာ သူ၏အသက်ဟာ ၆၀ကျော်ပြီ ဖြစ်၏။ သူဟာ ထိုကြီးမားသည့် ဆွဲဆောင်မှုကို ခံနိုင်ရည် လုံးဝမရှိပေ။

All Chapters