← Chapters

အခန်း (၂၆၀)

Vol. 18 Ch. 260

အခန်း (၂၆၀)

Vol. 18 Ch. 260

ဟန်ကျောက်၏ ခန္ဓာကိုယ်ကိုသာ ယခုကဲ့သို့ တိုက်ခိုက်မှုများ ထိခိုက်လာပါက သူဟာ အလောင်းပင်လျှင် ကျန်ရစ်မည် မဟုတ်ပေ။

“ကောင်းကင်ဆေဘာ သတ်ဖြတ်ခြင်း ဒီဗိုင်းကျမ်းရဲ့ ငရဲဓါးချက်လား.. ပြီးတော့ အဆုံးမဲ့ကောင်းကင် စိတ်ဝိညာဉ်သတ်ဖြတ်ခြင်း ဓါးသိုင်းရဲ့ နတ်ဆိုးသတ်ဖြတ်ခြင်းဓါးချက် ရောပဲ”

ကျင်းဝူရှင်း၏ အသံက အလွန် အက်ကွဲနေ၏။

ဂိုဏ်းချုပ် ပေးထားခဲ့သည့် သက်ကယ်ပစ္စည်းက ဆေဘာနှင့်ဓါး တိုက်ခိုက်မှု၏ ပေါင်းစပ်ခြင်းကို ရှောင်ခွင်းနိုင်၍သာ မဟုတ်ပါက သူဟာ သွေးကြောခုနစ်ခု ပြီးပြည့်စုံခြင်း အဆင့်ရှိ သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်မှုကို ခံရပါက သေချာပေါက် သေဆုံးရမှာပါ။

သူဟာ ယနေ့တွင် ကောင်းကင်သူတော်စင်ဂိုဏ်း၏ အစွန်းရောက်သိုင်းပညာ နှစ်ခုကို တစ်ပြိုင်နက် ကြုံတွေ့ခဲ့ရ၏။ ချီရွှမ်မင်ဟာ ကြီးမြတ်သော မျိုးရိုးနာမည် ငါးခုမှ မျိုးဆက်တစ်ယောက် ဖြစ်ရာ အဆင်ပြေသေးသည်။

သို့ပေမယ့် ဟန်ကျောက်က ဘယ်နေရာက ခုန်ထွက်လာရသနည်း။

“ငရဲကိုးခု စံအိမ်ရဲ့ မဟာနတ်ဆရာတစ်ယောက်လို့ မပြောရဘူး။ ခင်ဗျားက တော်တော် ဗဟုသုတ ပြည့်ဝတာပဲ”

ချီရွှမ်မင်က အသံနိမ့်စွာ ပြောသည်။ သို့ပေမယ့် သူ၏ အဓိကအာရုံဟာ ဟန်ကျောက်၏အပေါ်တွင် ရှိနေ၏။

ခုနက ဓါးချက်ကို ဟန်ကျောက်က ထုတ်လွှတ်ခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်ဖွယ် ကောင်းလှသည်။

သူဟာ ငရဲဓါးချက်ကို ဟန်ကျောက်အား ပေးခဲ့သည်မှာ တစ်လသာ ကြာပါသေးသည်။ ဟန်ကျောက်ဟာ ၎င်းကို တတ်မြောက်ခဲ့ရုံမက စွမ်းအားဟာလည်း အကြီးစား ကျွမ်းကျင်မှုနှင့် အလွန် နီးကပ်၏။

တစ်နှစ်ကြာအောင် သူကျင့်ကြံခဲ့သည့် နတ်ဆိုးသတ်ဖြတ်ခြင်း ဓါးချက်နှင့် နှိုင်းယှဉ်လျှင်တောင် အနည်းငယ်သာ နိမ့်ကျပါတော့သည်။

ချီရွှမ်မင်ဟာ ငယ်စဉ်ကတည်းက ပါရမီရှင်တစ်ယောက်ဟု အခေါ်ခံရကာ သူ၏အထက်တွင် မကောင်းဆိုးရွားတစ်ကောင်ဟု တင်စားခံရသည့် စီနီယာအစ်ကိုကြီး ချီယွင်ထန် ရှိပေမယ့် ယခု အဖြစ်အပျက်ကို လက်တွေ့မဆန်စွာ ခံစားရဆဲ ရှိသည်။

‘စီနီယာအစ်ကိုကြီးတောင် လျှို့ဝှက်ကောင်းကင် စိတ်ဝိညာဉ်သတ်ဖြတ်ခြင်း ဓါးချက်ကို ခြောက်လကြာအောင် သင်ယူခဲ့ရတယ်။

ကောင်းကင်ဆေဘာ သတ်ဖြတ်ခြင်း ဒီဗိုင်ကျမ်းထဲက နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးသုံးချက်က အရမ်းထူးဆန်းပြီး သမရိုးကျ ဓါးချက်မဟုတ်ပဲ နားလည်သဘောပေါက်မှု အပေါ်ကို မှီခိုရပေမယ့် ဟန်ကျောက်ရဲ့ စွမ်းဆောင်မှုက သာမန်နားလည်နိုင်မှု အတိုင်းအတာထဲကနေ ကျော်လွန်နေပြီ’

‘ဖြစ်နိုင်တာက ညီလေးဟန်က သိုင်းနတ်ဘုရားတစ်ယောက် ဝင်စားတာများလား’

ချီရွှမ်မင်ဟာ ထိုရှင်းပြချက်ကို ပိုမိုကာ ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားလာရ၏။

သူဟာ ငရဲကိုးခု စံအိမ်၏ မဟာနတ်ဆရာ ဒေါသရေနဂါးဂိုဏ်းသို့ ဦးတည်သွားသည်ဟု သတင်းကြားရသည်နှင့် ချက်ချင်းပင် လာရောက်ကူညီခြင်း ဖြစ်သည်။ ကြည့်ရတာ သူ၏ အကူအညီ မပါပဲ ဟန်ကျောက်ဟာ ကိုယ်တိုင် ဖြေရှင်းနိုင်သည့် ပုံပါ။

“ကျွန်တော့ကို လာကူတဲ့အတွက် ကျေးဇူးပါအစ်ကိုချီ”

ချီရွှမ်မင်၏ ရောက်လာမှုကို‌ တွေ့ရပြီးနောက် ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ ဦးညွှတ်သည်။

သူက အစမ်းရှင်သန်မှုနှင့် တကယ့်ပြင်ပဟာ ခြားနားပြီး ချီရွှမ်မင်ကို ပေါ်မလာတော့ဟု ထင်ထားခဲ့တာပါ။

“ညီလေးဟန်.. မင်းက အားနာလွန်းနေပါပြီ”

ချီရွှမ်မင်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြန်လည်နှုတ်ဆက်သည်။

ဒီအချိန်၌ သူဟာ ဟန်ကျောက်ကို စစ်မှန်သည့် အဆင့်တူတစ်ဦးအဖြစ် ဆက်ဆံလာခဲ့၏။ ပြီးခဲ့တုန်းကလည်း ဟန်ကျောက်အပေါ် အထင်မသေးခဲ့ပေမယ့် ဤသည်မှာ မျှော်လင့်မှုသာလျှင် ဖြစ်သည်။

ဟန်ကျောက်အနေနှင့် စစ်ဘုရင်အဆင့်ရှိ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာရန် တစ်နှစ်၊ နှစ်နှစ်လောက် အနည်းဆုံး လိုအပ်သေး၏။

“ကျင်းဝူရှင်း.. မင်းဘယ်လိုလုပ်ပြီး ညီလေးဟန်ကို တိုက်ခိုက်ရဲတာလဲ။ မင်းကများ”

ချီရွှမ်မင်က စိတ်ဓါတ်ကျသေနည့် ကျင်းဝူရှင်းကို မဲမှောင်သည့် မျက်နှာဖြင့် ကြည့်သည်။

“ငါ.. ငါက ပုံမှန် စုံစမ်းဖို့ကိစ္စအတွက်ပဲ လာခဲ့တာ။ အခုက.. နားလည်မှုလွဲသွားတာ”

ကျင်းဝူရှင်းက ဆိုးဆိုးရွားရွား ပြန်လည်ပြောဆိုတော့မှာပါ။

သို့ပေမယ့် ချီရွှမ်မင်နှင့် ဟန်ကျောက်တို့ဆီမှ လူသတ်ငွေ့ကို ခံစားရပြီးနောက် ဒီအချိန်အတွင်း ခေါင်းငုံ့ပေးရန် ဆုံးဖြတ်လိုက်သည်။

“နားလည်မှုလွဲတယ်။ ဒါက ခုနက ခင်ဗျားပြောခဲ့တာနဲ့ မတူပါဘူးနော်”

ဟန်ကျောက်က ရယ်၏။

“မင်း..”

ကျင်းဝူရှင်းက ဒေါသထွက်သွား၏။ သို့ပေမယ့် သူဟာ ပေါက်ကွဲရဲခြင်း မရှိပေ။

“ဘာပဲဖြစ်ဖြစ် ညီလေးဟန်ကို တိုက်ခိုက်ခဲ့တယ် ဆိုကတည်းက ပြန်မတောင်းပန်သင့်ဘူးလား”

ချီရွှမ်မင်က တည်ငြိမ်စွာ ပြောသည်။

“ဒါ ဖြစ်သင့်တာပါ”

ကျင်းဝူရှင်းက ခေါင်းညှိတ်ကာ သူ၏ တောင့်တင်းနေသည့် မျက်နှာပေါ်၌ အရုပ်ဆိုးသည့် အပြုံးတစ်ခု ပေါ်လာခဲ့သ်။ ဟန်ကျောက်ဘက်သို့ လှည့်ကာ လက်သီးနှစ်ဖက်ကို ဆုပ်၏။

“ခုနက ထိပါးမိသလို ဖြစ်သွားခဲ့တယ်။ ကျေးဇူး.. ပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ”

“တကယ်တော့ ခင်ဗျားရဲ့ အထိန်းအကွပ်မဲ့တဲ့ အသွင်အပြင်ကို ကျွန်တော် သဘောပိုကျတယ်”

ဟန်ကျောက်က သူ့ကို အသာပြုံးကာ ကြည့်သည်။

“ရှူး..”

ကျင်းဝူရှင်း၏ မျက်လုံးများက နီရဲလာ၏။ သူက အသက်ကို နက်ရှိုင်းစွာ ရှူပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးသွေးတို့ ထွက်ပေါ်လာတော့မည်ဟု ခံစားရ၏။

သို့ရာတွင် ခန္ဓာကိုယ်အတွင်းတွင် ချည်နှောင်အားကို ဖျက်ဆီးနေသည့် ဆေဘာချီနှင့် ဓါးချီတို့ သူ့ကို ပြန်လည်နိုးထလာစေသည်။

“ညီလေးဟန်.. ဒီနေ့မှာ ကျွန်တော့မျက်နှာကို ထောက်ငှပြီး သူ့ကို လွှတ်ပေးလို့ ရမလား”

ချီရွှမ်မင်က ပြော၏။

“အစ်ကိုချီကို မျက်နှာသာပေးရမှာပေါ့”

ဟန်ကျောက်က ပြုံးသည်။

“မင်းကြားလား.. ထွက်သွားတော့”

ချီရွှမ်မင်က ကျင်းဝူရှင်းကို လက်ဝှေ့ယမ်းကာ ပြောသည်။

“ကျေး.. ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဟန်”

ကျင်းဝူရှင်းဟာ အံကိုကြိတ်ပြီး ခေါင်းငုံ့စွာဖြင့် လျှင်မြန်စွာ ထွက်ခွာသွား၏။

“ဒီနေ့မှာ ကျွန်တော့ကို လာကူပေးတဲ့အတွက်‌ ကျေးဇူးပါ။ စကားလေးဘာလေး ပြောရအောင် စာဖတ်ခန်းကို ကျေးဇူးပြုပြီး ကြွခဲ့ပါ”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ အပြုံးတစ်ခုနှင့် ကျင်းဝူရှင်း ထွက်ခွာသွားသည့် လားရာဆီသို့ ကြည့်သည်။

ခုနက သူ၏ခွန်အား ၇၀%နှင့် တိုက်ခိုက်မှုဟာ ကျင်းဝူရှင်းကို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ခြင်း မရှိပါ။ ချီရွှမ်မင်၏ ဓါးချက်ကြောင့်သာ မဟုတ်ပါက သူဟာ တစ်ဖက်လူကို အားအင်ခန်းခြောက်သာ သေဆုံးစေရန်အတွက် နည်းလမ်းမျိုးစုံတို့ကို အသုံးပြုရလောက်ပါသည်။

သို့ရာတွင် ကျင်းဝူရှင်း၏ ခန္ဓာကိုယ်အတွင်း၌ များပြားလှသည့် ဆေဘာချီနှင့် အစစ်အမှန်ချီတို့ ကျန်နေသေး၏။

ထို့အပြင် ချီရွှမ်မင်၏ ဓါးချီလည်း ရှိသေးသည်။ ၎င်းကိုပါ ထပ်ပေါင်းလိုက်ပါက ကျင်းဝူရှင်း၏ ချည်နှောင်အားကို ဆက်တိုက် ဖျက်ဆီးနိုင်ပါသည်။ ရန်သူဟာ အဝေးကြီးသို့ ထွက်ပြေးနိုင်မည် မဟုတ်ပေ။

“ညီလေးဟန်.. ကျေးဇူးပြုပြီး”

ချီရွှမ်မင်က လက်သင်္ကေတလုပ်ကာ သူ့ကို အရင်ဖိတ်သည်။ နှစ်ယောက်သားဟာ အနောက်ဘက် ခန်းမဆီသို့ ထွက်ခဲ့ကြ၏။

“ဒါက”

“ဂိုဏ်းချုပ်ငယ်က အရမ်းစွမ်းအားကြီးတာလား။ မယုံကြည်နိုင်စရာပဲ”

“ခုနက နတ်ဆိုးရဲ့ စွမ်းရည်က အရမ်းထူးဆန်းတယ်။ ဂိုဏ်းချုပ်တောင် သူနဲ့တိုက်ခိုက်ရရင် လွယ်လွယ်ကူကူ အနိုင်ရမှာ မဟုတ်ဘူး”

ဂိုဏ်းသားများဟာ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ အချို့ ရှန့်ကွမ်းယွင်ဖေး၏ တိုက်ခိုက်မှုကို မြင်ဖူးထားသည့် သိုင်းသမားများက ဟန်ကျောက်နှင့် သူ့ကို နှိုင်းယှဉ်ကြသည်။

စဉ်းစားချင့်ချိန်ပြီးနောက် နှစ်ယောက်သားကို အဆင့်တူညီသည်ဟု မှတ်ယူလိုက်၏။

အစက သူတို့ဟာ တံခါးဝသို့ လူတစ်ယောက် ချိုးဖြတ်လာပုံကို တွေ့ရပြီးနောက် စိုးရိမ်ခဲ့ကြ၏။ သို့ပေမယ့် နောက်တစ်စက္ကန့်တွင် ဂိုဏ်းချုပ်ငယ်က ရှေ့သို့တက်ကာ သူ၏ ကြီးမြတ်မှုကို ပြသခဲ့လေသည်။

ဒေါသရေနဂါးဂိုဏ်း၏ မြင့်တက်မှုမှာ ရပ်တန့်၍ မရနိုင်အောင် ဖြစ်လာပေတော့မည်။

ထိုအချိန်၌ လူအုပ်အတွင်းရှိ မြေသံတမန် ယန်ရှိန်က ဟန်ကျောက်၏ ဝေးကွာသွားသည့် ခြေလှမ်းများကို ကြည့်ကာ သူ၏ ခန္ဓာကိုယ်ဟာ အနည်းငယ် တုန်ခါသွားသည်။

ဟန်ကျောက် ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က သူဟာ ချန်လော့ရှန်၏ တိုက်တွန်းမှုနှင့် ဆန့်ကျင်မှုများ ပြုခဲ့ကြောင်းကို ပြန်လည် စဉ်းစားမိသည်။

ကံကောင်းစွာပင် ထိုအချိန်က သူ့ကို တိုက်ခိုက်ခဲ့သည့် လူမှာ လန်ဖန်းယွင်သာလျှင် ဖြစ်သည်။ မဟုတ်ပဲ ဟန်ကျောက်သာ ဖြစ်နေပါက သူ၏ အုတ်ဂူတွင် မြက်ပင်များ ရှည်နေလောက်ပါပြီ။

“ချန်လော့ရှန်.. မင်းက အသေဆိုးနဲ့ သေရမှာ။ ငါ့ကို သေအောင် လှည့်ဖျားတဲ့ကောင်

ယန်ရှိန်က နှလုံးသားထဲတွင် ကျိန်ဆဲသည်။ ယခုအချိန်၌ သူ၏ သစ္စာခံမှုကို ဟန်ကျောက်ကို ပြသပါက အသုံးမဝင်လောက်တော့ပါ။

“သွားပြီ။ သွားပြီ..”

“ကျင်းဝူရှင်း အသက်ရှင်သေးတယ်။ ဒါက ပြဿနာတစ်ခုပဲ”

စာဖတ်ခန်းသို့ လမ်းတွင် ချီရွှမ်မင်က ရုတ်တရက် ပြောသည်။

All Chapters