← Chapters

အခန်း (၂၅၉)

Vol. 18 Ch. 259

အခန်း (၂၅၉)

Vol. 18 Ch. 259

လောကကြီးဟာ ကြက်သွေးရောင် အလင်းတစ်ခုနှင့် ဖုံးလွှမ်းသွားသည့် ပုံပါ။ ကြောက်စရာကောင်းသည့် ဆေဘာချီက ကျင်းဝူရှင်း၏ ပုံရိပ်ယောင်ကို ချက်ချင်း ချိုးဖျက်သွား၏။ သူ၏ရှေ့ရှိ မြင်ကွင်းတို့ လက်သွားပြီး အနီရောင် ပြောင်းလဲသွားသည့် ပုံပါ။

“ကလန်၊ ကလန်၊ ကလန်…”

လက်မောင်းတစ်ဖက်လောက် ထူထဲသည့် အနက်ရောင် သံချိန်းကြိုးများဟာ လေထဲမှ ပေါ်လာပြီး ကျင်းဝူရှင်း၏ ခြေချောင်းလက်ချောင်းများကို တင်းကြပ်စွာ ချည်နှောာင်သွားသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်နှင့် သပ်ရိုက်ထားပုံ ပေါ်၏။ ရုတ်တရက် လှုပ်ရှားနိုင်ခြင်း မရှိအောင် ဖြစ်သွားစေသည်။

“ဘာဖြစ်တာလဲ”

ကျင်းဝူရှင်း၏ ပုံစံက ကြီးစွာ ပြောင်းလဲသွားသည်။

“ဇွက်၊ ဇွက်၊ ဇွက်”

မရေမတွက်သည့် ဆေဘာဓါးရှည်များဟာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက် ထိုးစိုက်လိုက်ကြပြီး ဒဏ်ရာများကို မွှေနှောက်သည်.

“အားးး”

ကျင်းဝူရှင်းဟာ ဆိုးရွားသည့် အသံတစ်ခုဖြင့် အော်၏။

“ဒါက ငါ့ရဲ့.. အား..”

ကြောက်လန့်စွာ အော်ဟစ်ရင်းက သူ၏ မျက်လုံးများ ဖောင်းကြွလာခဲ့သည်။ ဆေဘာရှည်နှစ်ချောင်းက ပါးစပ်ထဲသို့ ချက်ချင်း ဝင်ရောက်လာ၏။

ဤသည်မှာ ရှင်းလင်းစွာပင် ဟန်ကျောက်က ဖန်တီးထားသည့် ပုံရိပ်ယောင်နယ်မြေတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် သူ့တွင် ဖြစ်ပွားရသနည်း။

သူ၏ နတ်ဆိုးခန္ဓာကိုယ်ဟာ လူသားများထက် များစွာ သာလွန်ပေမယ့် ပုံရိပ်ယောင်အတွင်းရှိ နာကျင်မှုဟာ ခန္ဓာကိုယ်ပေါ်တွင်သာ တန်ပြန်ခြင်းမဟုတ်ပေ။

စိတ်ကိုလည်း တစ်ခါတည်း တိုက်ခိုက်၏။ သူဟာ အလွန်နာကျင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက တွန့်ခေါက်နေပါသည်။

သို့ရာတွင် သူ၏ ခန္ဓာကိုယ်ကို သံချိန်းကြိုးများက တင်းကြပ်စွာ ချည်နှောင်ထားပြီး လုံးဝ ခုခံနိုင်ခြင်းမရှိ ဖြစ်နေ၏။

“ထူးဆန်းတယ် မလား”

ဟန်ကျောက်၏ အသံက ကျင်းဝူရှင်း၏ ဘေးဘက်မှ ရုတ်တရက် ပေါ်လာခဲ့သည်။

“မင်းငါ့ကို ဘာလုပ်လိုက်တာလဲ”

ကျင်းဝူရှင်း၏ မျက်နှာက ရှုံ့မဲ့နေပြီး မျက်လုံးများက သွေးရောင်လွှမ်းနေ၏။

“ဒါက ခင်ဗျား ကျုပ်အပေါ် အသုံးပြုလိုက်တဲ့ ပုံရိပ်ယောင်လား”

ဟန်ကျောက်က ပြုံးသည်။ ညာဘက်လက်ကို ဆန့်ထုတ်ပြီးနောက် သူ၏လက်ဝါးထဲတွင် ဆေဘာဓားရှည်တစ်ချောင်း ပေါ်လာ၏။

“ဇွက်”

ဟန်ကျောက်ဟာ ကျင်းဝူရှင်း၏ ပါးစပ်ထဲသို့ ထိုးစိုက်လိုက်သည်။ ထက်မြသည့် ဓါးက ပါးစပ်ထဲတွင် မွှေနှောက်လာပြီး သွေးများ တရဆက် စီးကျလာခဲ့သည်။

“စောက်စကားပြောတာ အရမ်းတွေ စီးပိုးနေတယ်ပေါ့။ အခုဘာလို့ မပြောတော့တာလဲ”

ဟန်ကျောက်က အပြုံးတစ်ခုဖြင့် မေးသည်။

“မင်းဘယ်လိုလုပ်ပြီး.. လုပ်ရဲတာလဲ”

ဝူရှင်း၏ လည်ချောင်းမှ ဒေါသထွက်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။ သို့ရာတွင် သူ၏ လည်ချောင်းကို ဟန်ကျောက်က ထိုးစိုက်လိုက်ပြီးနောက် အသံဟာ ဗြုန်းစားကြီး ရပ်တန့်သွားသည်။

“အားး”

ကျင်းဝူရှင်းက မြေပြိုမတတ် ကျယ်လောင်စွာ အော်၏။

“ဘုန်း”

လူတစ်ကိုယ်လုံးဟာ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ သူ၏ ပုံရိပ်ယောင်မြင်ကွင်းများလည်း ချက်ချင်း ပျက်စီးသွား၏။

“ဒုတ်”

ဒေါသရေနဂါး ခန်းမအတွင်းတွင် ကျင်းဝူရှင်း၏ ခြေထောက်များက ရုတ်တရက် ချိနဲသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားသည်။ ဂိုဏ်းသားအားလုံးတို့ဟာ ပဟေဋိ ဖြစ်သွားကြ၏။ ခုနက ကျင်းဝူရှင်း၏ ထူးဆန်းသည့် မြည်ကြွေးသံက သူတို့ကို အလွန် ထိတ်လန့်သွားစေပြီး ဦးနှောက်များပင် ပေါက်ကွဲလုမတတ် ခံစားရသည်။

နောက်ဆုံးတွင် သတိပြန်လည်လာချိန်၌ တစ်ဖက်လူဟာ ဒူးထောက်ချလိုက်၏။ လူတိုင်းက ဟန်ကျောက်ကို ကြည့်မိကြသည်။

သူဟာ ဂိုဏ်းခေါင်းဆောင်၏ ရွှေကုလားထိုင်ရှေ့တွင် ရပ်နေ၏။ ခါးရှိ ကြက်သွေးရောင် ဆေဘာဓါးရှည်က တစ်ဝက် ထွက်နေပါသည်။

“ဘာဖြစ်တာလဲ”

လူတိုင်းဟာ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ ဂိုဏ်းသခင်ငယ်ဟာ သူ၏ ဆေဘာကို ဆွဲရုံသာ ရှိပါသေးသည်။ မည်သည်မှ မဖြစ်ခဲ့ပေ။

ဆေဘာဓါးရှည်ပေါ်တွင် အလွန် စွမ်းအားကြီးမားသည့် ဆေဘာဓါးစွမ်းအားတစ်ခု စုစည်းနေ၏။ သို့ရာတွင် ကျင်းဝူရှင်းဟာ ဓါးစွမ်းအားကို ထုတ်လွှတ်ခြင်း မရှိခင်တွင် ကျင်းဝူရှင်းဟာ ရုတ်တရက် နားလည်မှုရလာပြီး ဒူးထောက်ကာ အမှားကို ဝန်ခံနေသည်လား။

“မင်း.. ဒါက…”

ကျင်းဝူရှင်းဟာ အရင်ကကဲ့သို့ မမောက်မာတော့ပါ။ သူဟာ ပုံရိပ်ယောင်အတွင်းတွင် ကိုယ့်ကိုယ်ကိုယ် အတင်း ဖောက်ခွဲပစ်ခဲ့၏။ ထိန်းချုပ်မှုမှ လွတ်မြောက်ခဲ့ပေမယ့် ခန္ဓာကိုယ်ဟာ ဒီအချိန်၌ အမှန်တကယ်ကို ဖောက်ခွဲခံထားရသည့် ပုံပါ။ နေရာတိုင်းတွင် အရိုးကွဲမတတ် နာကျင်မှုကို ခံစားနေရ၏။

“ကလန်”

သူ့ကို ဖြေကြားလိုက်သည့် အဖြေမှာ ဟန်ကျောက်၏ လုံးဝ ဓါးအိမ်မှထွက်လာသည့် ဆေဘာဓါးဖြစ်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးသုံးချက်- ငရဲဓါးချက်

ကြက်သွေးရောင် ဆေဘာအလင်းတန်းတစ်ခုဟာ ပြင်းထန်သော လေစီးကြောင်းနှင့်အတူ ခန်းမတစ်ခုလုံးကို ဖြတ်သန်းသွားသည်။

လူတိုင်းဟာ သူတို့၏ မြင်ကွင်းများ အနီရောင် ပြောင်းသွားသည်ဟု ခံစားရ၏။ ထို့နောက် အဆုံးမသတ်သည့် မှောင်မဲမှုတို့ ပေါ်လာခဲ့သည်။

ဤသည်မှာ သူတို့အားလုံး ငရဲသို့ ကျဆင်းသွားပြီး အမြင်၊ အကြား၊ အနံ့၊ အထိအတွေ့နှင့် အရသာတို့ ပျောက်ဆုံးသွာားသည့် ပုံပါ။

ကျင်းဝူရှင်းဟာ ဆေဘာဓါးစွမ်းအား၏ ဗဟိုတွင် ရှိနေပြီး သူ့ကိုယ်သူ ဆေဘာဓါးများ၏ တောင်တစ်ခုသို့ ရောက်ရှိသွားသည်ဟု ခံစားရသည်။

လောကကြီး၏ မကောင်းမှုအားလုံးတို့က ထိုဆေဘာပေါ်သို့ ကူးပြောင်းလာသည့် ပုံရှိပြီး မရေမတွက်နိုင်သည့် ဆေဘာချီများဟာ သူ၏ ခန္ဓာကိုယ်ကို လျှင်မြန်စွာ ထိုးစိုက်လာကြသည်။

“အား”

ကျင်းဝူရှင်းက ဒေါသတကြီး အော်၏။ သူ၏ ခန္ဓာကိုယ်ဟာ ဘောလုံးတစ်ခုကဲ့သို့ လျှင်မြန်စွာ ဖောင်းကားလာပြီး ချက်ချင်းပင် သုံးမီတာကျော် မြင့်မားသည့် လူသားသဏ္ဍာန် မကောင်းဆိုးရွားတစ်ကောင် ဖြစ်လာခဲသည်။

ခန္ဓာကိုယ် တစ်ခုလုံးဟာ အနက်ရောင် ကျောက်ပုဇွန်တစ်ကောင်ကဲ့သို့ ရှိနေပြီး မာကြောသည့် အနက်ရောင် ကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။

လူသားများကဲ့သို့ ခြေချောင်းလက်ချောင်းများ ကြီးထွားလာပြီး သူ၏ ကြီးမားကာ ကြမ်းကြုတ်သည့် ခြေထောက်များမှ ထက်မြသည့် ခြေသည်းများ ထိုးထွက်လာခဲ့သည်။

သူဟာ မာကျောသည့် ကျောက်ကြမ်းပြင်ကို တို့ဟူးသဖွယ် နင်းချေကာ ကြီးမားသည့် ချိုင့်ကြီးတစ်ခု ပေါ်လာစေသည်။

“ဗျစ်”

သူ၏နောက်ကျောရှိ ကြွက်သားများဟာ တွန့်လိမ်လာပြီး အရေအပြားအောက်တွင် သတ္တဝါတစ်ကောင် ရှိနေသည့် ပုံပါ။ ထို့နောက် လက်ခြောက်ဖက်တို့ဟာ အရေအပြားကို ထိုးဖောက်ပြီး ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

“ချီ၊ ချီ၊ ချီ..”

မရေမတွက်နိုင်သည့် ဆေဘာချီများက ဖြတ်သန်းလာပြီး ကျင်းဝူရှင်း၏ လက်များကလည်း ဖရိုဖရဲ ပုံစံဖြင့် အရူးအမူး လှုပ်ရှားသွားသည်။

၎င်းတို့ဟာ ဆေဘာချီနှင့် တွေ့ဆုံကာ စူးရှကာ ပြင်းထန်သည့် လေခွင်းသံများ ပေါ်လာခဲ့သည်။ နေရာတိုင်းတွင် မီးပွင့်များ လွင့်စင်ထွက်ကုန်၏။

သို့ရာတွင် ဆေဘာချီများဟာ များပြားလွန်းလှသဖြင့် ထပ်ဆင့် တိုက်ခိုက်ချက်များအောက်၌ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများဟာ တစ်လက်မပြီး တစ်လက်မ အက်ကွဲလာခဲ့သည်။ ဆေဘာချီက လှီးဖြတ်သွားသည့် အနက်ရောင် အသားတို့ ပေါ်လာ၏။

“ဝူးးအားး”

ထူးဆန်းသည့် နာကျင်သံတစ်ခု ထွက်ပေါ်လာ၏။ အသံလှိုင်းများဟာ လေထဲသို့ လှိုင်းထသွားရုံ ရှိသေး ကြက်သွေးရောင် ဆေဘာချီနှင့် ပြင်းထန်သည့် လေလှိုင်း၏ ရိုက်ခတ်မှုဖြင့် တန်ပြန်သွားခဲ့သည်။

ကျင်းဝူရှင်းဟာ နောက်ဆုံးတွင် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်ဟာ အမြှောက်ဆံ မှန်သည့်အလား ခန်းမအတွင်းမှ လွင့်စင်ထွက်သွား၏။

“ဘုန်း”

“အစ်ကိုဟန်.. ကျွန်တော်ကူ…”

ခန်းမအပြင်ဘက်မှ ရင်းနှီးသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ချီရွှမ်မင်ဟာ ခန်းမအပြင်ဘက်ရှိ မြေကွက်လပ်သို့ လျှောက်လာခါစ ရှိပါသေးသည်။

အတွင်းထဲမှ ကြမ်းကြုတ်သည့် အငွေ့အသက်များကို ခံစားရပြီးနောက် ချက်ချင်းပင် အော်လိုက်ပြီး လေထဲသို့ ဆယ်မီတာလောက် ပျံသန်းတက်သွားသည်။

သူဟာ တံခါးဝမှ ဝင်လိုက်သည်နှင့် ကြီးမားသည့် အနက်ရောင် ပုံရိပ်ကြီးတစ်ခု သူ၏ မျက်နှာဆီသို့ တည့်မတ်စွာ ဝင်ရောက်လာကြောင်းကို တွေ့လိုက်ရသည်။

“ဒါက ဘာကြီးတုန်းဟ”

ကြောက်စရာကောင်းသည့် ချီစွမ်းအားက ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ရောက်ရှိလာပြီး ချီရွှမ်မင်ကို ထိတ်လန့်သွားစေသည်။ နှလုံးသားထဲတွင် ထိန်းချုပ်မရနိုင်သည့် အန္တရာယ် ခံစားမှုက မြင့်တက်လာ၏။

သူဟာ ဦးရေပြားတို့ ကြိမ်းဖိန်းစွာ ခံစားလိုက်ရပြီး ခါးရှိ မြစိမ်းရောင်ဓါးကို ရုတ်တရက် ထုတ်လိုက်သည်။

“စိတ်ဝိညာဉ်သတ်ဖြတ်ခြင်း ဓါးသုံးချက်- နတ်ဆိုးသတ်ဖြတ်ခြင်းဓါးချက်”

“ရွှက်”

အဆုံးစွန်အထိ စုစည်းထားးသည့် ဓါးချီတစ်ခုဟာ မြစိမ်းရောင် အမျှင်တစ်ခုအဖြစ် ပြောင်းလဲပြီး ကျင်းဝူရှင်း၏ ခန္ဓာကိုယ်ကို ညင်သာစွာ လှည့်ပတ်လာ၏။ ကျင်းဝူရှင်း၏ ခန္ဓာကိုယ်ဟာ ချက်ချင်းပင် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် သူဟာ ကြက်သွေးရောင် ဆေဘာချီ၏ အပိုင်းပိုင်း ဖြတ်ခြင်းကိုလည်း ခံလိုက်ရ၏။ ဆေဘာချီနှင့် ဓါးချီဟာ ထိပ်တိုက် တွေ့ဆုံမိကြသည်။

“ဘုန်း”

မရေမတွက်နိုင်သည့် လေလှိုင်းများ ပေါက်ကွဲထွက်လာ၏။ ဆေဘာချီနှင့် ဓါးချီဟာ တစ်ခုနှင့်တစ်ခု လေထဲတွင် အရူးအမူး ဖိနှိပ်ကြသည်။ ဖိအားမြင့်သည့် အဖြူရောင် လှိုင်းများဟာ အံ့ဩစရာကောင်းစွာ ဖွဲ့စည်းလာခဲ့၏။

ဆေဘာနှင့် ဓါးချီတို့ဟာ ထူးဆန်းစွာဖြင့် အတူတူ ပေါင်းစပ်သွားပြီး ကောင်းကင်သို့ လေဆာတစ်ခုကဲ့သို့ ထိုးတက်သွားသည်။

ကျင်းဝူရှင်း၏ ခန္ဓာကိုယ်ဟာ အသားလွှာအဖြစ် ပြောင်းလဲသွား၏။ မည်သည့် သွေး(သို့) အရိုးအပိုင်းများမှ ပေါ်လာခြင်းမရှိပါ။

အဲ့ဒီအစား များပြားလှသည့် အနက်ရောင် အငွေ့များနှင့် ကြေးခွံများအဖြစ် ပြောင်းလဲသွား၏။ ချည်နှောင်မှုအား၏ သက်ရောက်မှုအောက်တွင် သူ၏ခန္ဓာကိုယ်ဟာ လျှင်မြန်စွာ ပြန်ကောင်းလာခဲ့သည်။

“ဟူး၊ ဟူး…”

ကျင်းဝူရှင်းဟာ နောက်တွင် ရုတ်တရက် ပေါ်လာသည့် ချီရွှမ်မင်ကို မောဟိုက်စွာ ကြည့်သည်။ သူ၏ ပုံစံက မကျေနပ်စွာ ရှိနေ၏။

ခန်းမအတွင်းဘက်မှ လာသည့် ခြေသံများကို နားထောင်ကာ သူ၏ မျက်လုံးများထဲ၌ အကြောက်တရားတို့ ပေါ်လာခဲ့သည်။

ဟန်ကျောက်ဟာ ဒေါသရေနဂါး ဂိုဏ်းမှ သိုင်းသမားတစ်စုကို ခြံရံကာ ခန်းမအတွင်းမှ ထွက်လာခဲ့သည်။

“မသေဘူးလား”

All Chapters