အခန်း (၂၅၇)
Vol. 18 Ch. 257
လွန်ခဲ့သည့် တစ်လကျော်က သူဟာ ရွှေကျင်ဖုန်းကို ခန်းနားထည်ဝါစွာဖြင့် သွားရောက်ကြိုဆို ခိုင်းခဲ့၏။ ယခုအချိန်၌ ယွမ်ကန်းကောင်တီမြို့ တစ်ခုလုံးနှင့် တိမ်စီရင်စု တစ်ခုလုံးပင်လျှင် ဒေါသရေနဂါးဂိုဏ်း၏ ချီမိသားစု နောက်ခံရှိသည့် စိတ်ဝိညာဉ်စောင့်ရှောက်သူ အဖွဲ့၌ ခိုလှုံသွားပုံကို သိပြီး ဖြစ်နေပါပြီ။
ချီရွှမ်မင်၏ ကမ်းလှမ်းချက်ဟာ စိတ်ဝိညာဉ်စောင့်ရှောက်သူ အဖွဲ့က ဒေါသရေနဂါးဂိုဏ်းကို ကူညီကာ သိုင်းသူတော်စင်၏ ဖိအားကို ကာကွယ်ပေးမှာ ဖြစ်သည်။
တောင်းဆိုချက်အနေနှင့် ဒေါသရေနဂါးဂိုဏ်းဘက်က စိတ်ဝိညာဉ်စောင့်ရှောက်သူ အဖွဲ့ကို နှစ်စဉ် အကျိုးအမြတ် ၅၀%ကိုသာ ခွဲဝေပေးရန် လိုအပ်၏။
ဒေါသရေနဂါးဂိုဏ်းဟာ ဂျမ်ဘူကျွန်းများရှိ ဓါးပြများကို အနိုင်ယူခဲ့ပြီး ဓါးပြများ နှစ်ပေါင်းဆယ်ချီအောင် စီမံခဲ့သည့် ကျွန်းကြီးဖြစ်သည့် အမှောင်ဖီးနစ်ကျွန်းကို သိမ်းပိုက်ခဲ့သည်။
ချီမိသားစု၏ အကူအညီသာ မရှိပါက ထိုကျွန်းကို သိုင်းသူတော်စင်ရှိသည့် မည်သည့် အဖွဲ့အစည်းကမဆို လုယူသွားမှာ ဖြစ်သည်။
ယခုအချိန်တွင်တော့ သူတို့သာ အမှောင်ဖီးနစ်ကျွန်းကို အခြေချစခန်းတစ်ခုအဖြစ်သာ ကာကွယ်နိုင်ပါက ဒေါသရေနဂါးဂိုဏ်း၏ လာမယ့် နှစ်အနည်းငယ်အတွင်း အကျိုးအမြတ်များဟာ သေချာပေါက် ဆနှင့် တိုးလာမှာပါ။
ဆိုလိုသည်ကား ခရီးသည်သင်္ဘောများ အနေနှင့် နဂါးတောမြစ်၏ အလယ်နှင့် အောက်ပိုင်း နေရာများတွင် ဒေါသရေနဂါးဂိုဏ်းအား အကာအကွယ်ပေးခြင်း အဖိုးအခကို ပေးဆောင်လိုက်ပါက သူတို့ဟာ ဓါးပြများ၏ ပြဿနာရှာမှုကို မခံရရုံမက ကမ်းလွန်ဒေသ တစ်လျှောက်တွင်လည်း အတားအဆီးမရှိ လှည့်လည်နိုင်မှာ ဖြစ်သည်။
နောင်တွင် နဂါးတောမြစ်၏ ဘယ်ညာနှစ်ဖက်ရှိ ကူးသန်းရောင်းဝယ်ရေး အများစုနှင့် ပင်လယ် ကူးသန်းခြင်း စီးပွားရေး အများစုတို့ဟာ ဒေါသရေနဂါးဂိုဏ်း၏ လက်တွင်းသို့ ကျရောက်လာမှာ ဖြစ်သည်။
အကျိုးအမြတ်၏ တစ်ဝက်ကို ပေးရမည် ဖြစ်ပေမယ့် ဟန်ကျောက်ဟာ အဆပေါင်းများစွာ ပိုမိုရရှိနိုင်ပါသည်။ ထိုသတင်းကို ကြားရပြီးနောက် ဒေါသရေနဂါးဂိုဏ်း၏ အဖွဲ့ဝင်များ အားလုံးတို့ဟာ မယုံကြည်နိုင်လုနီးပါး ဖြစ်သွားကြ၏။
သူတို့၏အမြင်တွင် ချီမိသားစုဟာ အနည်းဆုံး အကျိုးအမြတ်၏ ၈၀%၊ ၉၀%လောက်ကိုပင် ယူလောက်မှာပါ။ နောက်ဆုံးတွင် တစ်ဝက်တစ်ဝက်သာ ယူခဲ့၏။
ထိုကိစ္စကြောင့် ဟန်ကျောက်၏ ဩဇာသည်လည်း ထိုးတက်သွားခဲ့သည်။ ချီရွှမ်မင်ဟာ ချီယွင်ထန်၏ အပို ကမ်းလှမ်းချက်ကိုလည်း သယ်ဆောင်လာခဲ့သည်။ ဤသည်မှာ အလယ်ပိုင်းစီရင်စု၏ စမ်းသပ်ပွဲ မတိုင်ခင်တွင် ချီလင်အဆင့်၏ ထိပ်ဆုံး၁၀၀သို့ ဝင်ရောက်ရန် ဖြစ်သည်။
ဟန်ကျောက်သာ နောက်ဆုံး စမ်းသပ်ပွဲ၌ ထိပ်တန်း၁၀ယောက်တွင် ပါဝင်နိုင်ပါက စိတ်ဝိညာဉ်စောင့်ရှောက်သူ တစ်ဖွဲ့လုံးဟာ နောင်တွင် ဟန်ကျောက်နှင့် ဒေါသရေနဂါးဂိုဏ်းတို့၏ စစ်မှန်သည့် ကျောထောက်နောက်ခံ ဖြစ်လာမှာ ဖြစ်သည်။
ထို့အပြင် သူတို့ဟာ ဒေါသရေနဂါးဂိုဏ်း၏ အနာဂတ် အကျိုးအမြတ်များကို တစ်ပြားတစ်ချပ်မှ ယူမှာမဟုတ်ပေ။ နောက်ဆက်တွဲ ပူးပေါင်းမှုမှာတော့ အရာအားလုံးဟာ ဟန်ကျောက် ထိုလိုအပ်ချက်များအား ပြည့်မှီချိန်အထိ စောင့်စားရပေဦးမည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤသည်မှာ လောင်းကြေးထပ်ကမ်းလှမ်းမှုတစ်ခုကဲ့သို့ ရှိ၏။ ကြည့်ရတာ ဟန်ကျောက်အနေနှင့် များစွာ ရုန်းကန်ကြိုးစားရမည့်ဟန် တူပေမယ့် အမှန်တကယ်တွင် မည်သည်ကိုမှ ပြန်မပေးရလုနီးပါး ရှိနေပါသည်။ စိတ်ကောင်းအပြည့်နှင့် နောက်ခံကြီးတစ်ခုကို ရရှိမည်ဖြစ်၏။
သို့ပေမယ့် ထိုစိတ်ကောင်းဟာ သူ၏ကိုယ်ပိုင်တန်ဖိုးမှ လာခြင်းဖြစ်သည်။ ဟန်ကျောက်ဟာ ဤသည်ကို ကောင်းကောင်းသိပါသည်။
“ကြည့်ရတာ ချီရွှမ်မင်ရဲ့ ရောက်လာမှုက အစမ်းရှင်သန်မှုမှာ ပြောင်းလဲမှုအချို့ ဖြစ်မယ့်ပုံပဲ”
ဟန်ကျောက်က စဉ်းစားသည်။
ပြီးခဲ့တုန်းက အစမ်းရှင်သန်မှုအရ သူဟာ ချီရွှမ်းမင်နှင့် အရင်ဦးဆုံး သဘောတူညီချက်တစ်ခု ရခဲ့သည်။ ထို့နောက် ငရဲကိုးခုစံအိမ်မှ နတ်ဆိုးက လာရောက်ပြဿနာရှာ၏။
ပြီးလျှင် သိုင်းသူတော်စင် လေးယောက်တို့ ပေါ်လာပြီး နေခွင်းမြား ဒီဗိုင်းလက်နက်ကို ကွဲပျက်သွားစေမည် ဖြစ်သည်။
ရလဒ်အနေနှင့် အခုတော့ အစဉ်အတိုင်း ကိစ္စတို့ဟာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ဒီဗိုင်းလက်နက်က အရင်ဦးဆုံး ပေါ်လာပြီး နတ်ဆိုးများမှာတော့ ပေါ်လာခြင်း မရှိသေးပေ။
“ငါ့ကို အပိုတစ်လတောင် ပေးပြီးနေပြီ။ အခုချိန် မလာဘူးဆို မင်းမှာ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်တော့ဘူး”
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူ၏ခွန်အားဟာ ပြီးခဲ့သည့် လတုန်းကထက် အနည်းငယ် ပိုမိုသန်မာလာ၏။
ချီရွှမ်မင်က နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးသုံးချက်မှ ပထမဓါးချက်ဖြစ်သည့် ငရဲဓါးချက်ကို ချန်ရစ်ခဲ့ကာ ဒေါသရေနဂါးဂိုဏ်းမှ ယာယီ ထွက်ခွာသွားသည်။
ပြီးခဲ့သည့် လတွင် ဟန်ကျောက်ဟာ ကိစ္စများစွာတို့ကို လုပ်ဆောင်ခဲ့၏။ သူဟာ အလယ်အလတ်အဆင့် ဆေးမျိုးစုံတို့ကို အကြိမ်ကြိမ် သန့်စင်ခဲ့သည်။ သန့်စင်ရန်အတွက် လာအပ်ခဲ့ကြသည့် အလယ်အလတ်အဆင့် ဆေးလုံးများ အားလုံးတို့ကိုလည်း အထက်ပိုင်း ပုဂ္ဂိုလ်များအတွက် အောင်မြင်စွာ သန့်စင်ပေးခဲ့၏။
ထို့နောက် သူဟာ၄၀% အချိုးအတိုင်း အလယ်အလတ် အရည်အသွေးနှင့် အဆင့်နိမ့် အရည်အသွေးရှိသည့် ဆေးလုံးများကို ပြန်ပေးကာ အဆင့်မြင့် အရည်အသွေးနှင့် ဆေးလုံးများကို သူ့ဘာသာ သိမ်းထား၏။
ဤသည်ကို အလကား ဆေးသန့်စင်ပေးသည်ဟု ဆိုနိုင်ပေမယ့် ဆေးပညာရှင်များ၏ အလေ့အကျင့်အရ တစ်စိတ်တစ်ပိုင်းကို မိမိဘာသာ ယူထားလေ့ရှိသည်။
ဟန်ကျောက်တွင် ရွေးချယ်စရာလည်း မရှိပါ။ မဟုတ်ပါက သူ၏ သွေးချီဆေးလုံးအား သန့်စင်မှု အောင်မြင်နှုန်းဟာ ပေါ်သွားမှာဖြစ်သည်။ ဤသည်က ပြဿနာများကို ဆွဲဆောင်မိစေနိုင်၏။
“ဂိုဏ်းချုပ်ငယ်.. ကျွန်တော်တို့တွေ ထူးချွန်တဲ့ မျိုးစေ့သစ်အချို့ကို ရွေးချယ်ပြီး နှစ်အနည်းငယ်လောက် လေ့ကျင့်ပေးဖို့ ကျွန်းဆီကို ခေါ်လာဖို့ ပြင်ဆင်ထားပါတယ်။ ပြီးရင် အမှောင်ဖီးနစ်ကျွန်းအတွက် လူဖြည့်ပါမယ်။ ဒါက စာရင်းပါ။ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပါဦး”
ခန်းမသခင် များစွာတို့၏ တင်ပြမှုများ အပြီးတွင် ချူအန်းဖင်က နာမည်စာရင်းတစ်ခုကို ထုတ်ကာ လက်နှစ်ဖက်နှင့် ပေးသည်။
ချူအန်းဖင်၏ ရိုကျိုးလှသည့် အသွင်အပြင်ကို တွေ့ရပြီးနောက် လူတိုင်းဟာ မနှစ်မြို့မှု လုံးဝ မဖြစ်ကြပေ။ အဲ့ဒီအစား အားကျမှုတို့ပင် ဖြစ်မိ၏။
အဘယ်ကြောင့်ဆိုသော် ဒီအတောအတွင်းတွင် သူဟာ အဆင့်မြင့်အရည်အသွေးနှင့် သွေးချီဆေးလုံးကို ဂိုဏ်းချုပ်ငယ်ဆီမှ ရရှိခဲ့သောကြောင့် ဖြစ်သည်။ ထိုဆေးကို ကံကောင်းစွာ သန့်စင်နိုင်ခဲခြင်း ဖြစ်ပြီး သောက်သုံးပြီးနောက် ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ချိုးဖျက်သွားလေသည်။
ယခုအချိန်၌ သူ့ကို ဒေါသရေနဂါးဂိုဏ်း၏ ထိပ်တန်းဆယ်ယောက်တွင် ပါဝင်သည့် ပုဂ္ဂိုလ်တစ်ယောက်ဟု ဆိုနိုင်နေပါပြီ။
ပိုမိုကာ လွန်ကျူးသည်မှာ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်၏ ပြီးပြည့်စုံခြင်းတွင် နှစ်ပေါင်းများစွာ တစ်ဆို့နေခဲ့သည့် ရွှေကျင်ဖုန်းလည်း အဆင့်ချိုးဖျက်သွားခြင်း ဖြစ်သည်။ ပထမတစ်ခုမှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်၏။ သို့ပေမယ့် နှစ်ဦးစလုံး အဆင့်ချိုးဖျက်သွားရာ တိုက်ဆိုင်မှုဟု မဆိုနိုင်တော့ပေ။
ယခုအချိန်၌ လူတိုင်းဟာ ဂိုဏ်းချုပ်ငယ်နှင့် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်လိုနေကြ၏။ သူ့အတွက် အရေးကြီးသူတစ်ယောက် ဖြစ်လာလိုကြသည်။
ထိုပုံကိုတွေ့ရပြီးနောက် စီကျူးက ပစ္စည်းစာရင်းကို ထုတ်ကာ ဟန်ကျောက်ကို ပေးသည်။ ဟန်ကျောက်က စာရင်းကို ဖွင့်ကာ လှန်လောကြည့်သည်။
အထဲတွင် လူနာမည်များကို မှတ်သားထားပြီး နောက်တွင် သူတို့၏ ပါရမီနှင့်နောက်ခံ အချက်အလက်များ ပါရှိသည်။
လူပေါင်းများစွာတို့ဟာ ဂိုဏ်းရှိ သိုင်းသမားများ၏ မျိုးဆက်များ ဖြစ်ကြသည်။ အနီးအနားမှ စုဆောင်းထားသည့် မိဘမဲ့အချို့နှင့် ပုံမှန်လူ အချို့လည်း ရှိ၏။
ဘာပဲဖြစ်ဖြစ် ဒေါသရေနဂါးဂိုဏ်း၏ လွှမ်းမိုးမှုစက်ဝန်းဟာ ကြီးမားလာပြိးနောက် သိုင်းသမားအရေအတွက် လိုအပ်ချက်ဟာလည်း ကြီးစွာ တိုးပွားလာခဲ့သည်။
များပြားလှသည့် လူသစ်များကို ထည့်သွင်းရန် လိုအပ်၏။
ထိုကိစ္စကို ဂရုစိုက်စွာ ကြည့်ရှုပြီးနောက် ဟန်ကျောက်က စာရင်းကို ပြန်ပိတ်ကာ ပြုံးသည်။
“ခန်းမသခင်ချူ.. လုပ်တာ အရမ်းကောင်းတယ်”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ငယ်”
ချူအန်းဖင်က ဝမ်းသာသွား၏။
“ဒါပေမယ့်..”
ဟန်ကျောက်က စကားပြောင်းသွားသည်။ ချူအန်းဖင်၏ မျက်နှာက ချက်ချင်းပင် တင်းကြပ်သွား၏။ သူက လေးစားစွာ ပြောသည်။
“ဂိုဏ်းချုပ်ငယ်.. ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ”
“စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော့အထင်တော့ စာရင်းသွင်းမယ့် သတ်မှတ်ချက်ရဲ့ အနိမ့်ဆုံး ပါရမီက အလယ်အလတ်ရဲ့ အဆင့်နိမ့်မှာ ဖြစ်နေတာ.. အဆင့်နိမ့်က လူတွေကိုလည်း အခွင့်အရေးအချို့ ပေးသင့်တယ်ထင်လို့။
ပါရမီက အရေးကြီးသလို နားလည်သဘောပေါက်မှုနဲ့ စရိုက်လက္ခဏာကလည်း တူညီစွာ အရေးကြီးတယ်လေ”
ဟန်ကျောက်က ပြုံးသည်။ သူဟာ ပြဿနာရှာနေသည့် ခေါင်းဆောင်တစ်ယောက်သဖွယ် ရှိ၏။ သို့ပေမယ့် အရင်တုန်းက သူ၏ အနိမ့်ပါးဆုံး ပါရမီကို ပြန်လည်တွေးတောမိသည်။
စနစ်၏ အကူအညီနှင့်ပင်လျှင် ယနေ့နေရာသို့ ရောက်ရှိနိုင်ရန် မလွယ်ကူခဲ့ပါ။
ကံကောင်းစွာပင် သူဟာ လုယီနှင့် တွေ့ဆုံကာ သူ၏ လျှို့ဝှက်ကျမ်းကို လက်ခံပြီးနောက် တစ်ဖက်လူဟာ သူ၏ နိမ့်ပါးသည့် ပါရမီကြောင့် အထင်သေးခြင်းလည်း မပြုခဲ့ပေ။
အဲ့ဒီအစား အထူးပင် ဂရုစိုက်မှု ပြုပေးသေး၏။ မဟုတ်ပါက သူ့အတွက် အစပိုင်းတွင် စားဖို့သောက်ဖို့ပင် ပြဿနာ ဖြစ်နေမှာပါ။
ခွန်အားအဆင့် တိုးတက်လာပြီးနောက် နားလည်သဘောပေါက်မှုမှာလည်း အလွန် အရေးကြီးကြောင်းကို နားလည်လာခဲ့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးသုံးကွက်ကဲ့သို့ သိုင်းပညာမျိုးဆိုလျှင် ပါရမီလိုအပ်ချက်ပင် မရှိပေ။ မြင့်မားသည့် နားလည်သဘောပေါက်မှုနှင့် အတွေ့အကြုံတို့အပေါ်တွင် လုံးဝ မှီခိုနေ၏။