← Chapters

အခန်း (၂၆၉)

Vol. 18 Ch. 269

အခန်း (၂၆၉)

Vol. 18 Ch. 269

ဒေါသရေနဂါးဂိုဏ်း၏ အင်အားတောင့်တင်းလှသည့် ဆူညံများက ပတ်ဝန်းကျင်ရှိ ဖြတ်သွားဖြတ်လာများ၊ ဆိုင်အကူများ၊ ဆိုင်ရှင်များ၏ အာရုံကို ဆွဲဆောင်သွားသည်။

ရှလင်နှင့် စုယွင်တို့၏ အံ့အားသင့်နေသည့် အကြည့်များအောက်တွင် အသားမဲမဲ၊ ထွားထွားကြိုင်းကြိုင်းနှင့် လူလတ်ပိုင်း လူကြီးတစ်ယောက်က ရှေ့သို့ထွက်လာပြီး ဦးညွှတ်၏။

“သိမ်ငှက်ပျံခန်းမရဲ့ ခန်းမသခင် ချူအန်းဖင်က သခင်မငယ်ကို တွေ့ဆုံပါတယ်”

“ဂိုဏ်းသခင်ချူ.. အရမ်းကြီးလေးနက်နေစရာ မလိုပါဘူး။ မောင်လေးဟန်က ရှင့်ကို ဒီကိုလာခိုင်းလိုက်တာလား”

ရှလင်က ရှေ့သို့တက်ကာ အနည်းငယ် ကြောင်တောင်မှုတို့ဖြင့် မေး၏။

“ခန်းမသခင်..”

စုယွင်လည်း မှင်သက်သွား၏။ ခန်းမသခင်ဟူသည်မှာ ဒေါသရေနဂါးဂိုဏ်းတွင် သေချာပေါက် အထက်ပိုင်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါသည်။

သူ၏ အခွင့်အာဏာဟာ လက်ထောက်ခေါင်းဆောင်၏ နောက်တွင်သာ လိုက်၏။ သူဟာ ဂိုဏ်းသခင်ငယ်နှင့် အဆင့်တူတွင် ရှိပါသည်။

ဟန်ကျောက်ဟာ ထိုကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက်ကို အလွန်လျှင်မြန်စွာ ဖိတ်ခေါ်နိုင်ခဲ့မည်ဟု ထင်မထားခဲ့ပေ။

“သခင်မငယ်.. ဂိုဏ်းသခင်ငယ်က လက်ရှိအချိန်မှာ ဒေါသရေနဂါးကျွန်းပေါ်မှ တံခါးပိတ် ကျင့်ကြံနေပါတယ်။ ကျွန်တော် သူနဲ့ မတွေ့ရသေးပါဘူး”

ချူအန်းဖင်က လေးစားစွာ ပြောသည်။

“ဒါဆို.. ရှင်က ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

ရှလင်က မေး၏။

“ကျွန်တော်တို့ ညီအစ်ကိုတွေ.. သခင်မငယ် ပြဿနာကြုံတယ် ကြားတာနဲ့ ကိုယ့်ဘာသာ အမြန်လာခဲ့ကြတာ။ တကယ်လို့ ညွှန်ကြားချင်တာရှိရင် ကျွန်တော်တို့တွေ စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေးမှာပါ”

ချူအန်းဖင်က လေးနက်စွာ ပြော၏။

အစက သူဟာ နဂါးတောမြစ်ကို ကင်းလှည့်နေတာပါ။ ဒေသခံ အခြေစိုက်စခန်းရှိ ညီအစ်ကိုများ၏ သတိပေးချက်ကို ရရှိပြီးနောက် ချက်ချင်းပင် သိမ်းငှက်ပျံခန်းမရှိ သိုင်းသမားများကို စုစည်းကာ အပြေးလာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အားလုံး သခင်မကို အရိုးကြေကြေ အသက်သေသေ ခစားပါမယ်လို့ ကျိန်ဆိုပါတယ်”

လူတိုင်းက တူညီစွာ အော်လိုက်ကြ၏။

“ခန်းမသခင်ချူ.. ရှင်က အရမ်းကြီး ယဉ်ကျေးလွန်းနေပါပြီ”

ရှလင်ဟာ ဒီခန်းမသခင်ချူကို အလွန် ရိုကျိုးလွန်းလှသည်ဟု ခံစားရ၏။

“သခင်မငယ်.. စိတ်မပူပါနဲ့။ ကျွန်တော်တို့တွေ ဒီကိုလာတဲ့လမ်းမှာ ပြဿနာအတွက် စမ်းစစ်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီအနီးအနားမှာ လူဆိုးဂိုဏ်း လေးခုရှိတယ်။ ကျောက်စိမ်းရေဂိုဏ်း၊ နေကြာပန်းခန်းမ၊ တောင်ပံဖြူဂိုဏ်းနဲ့ သံခြေထောက် ဂိုဏ်းတို့ ဖြစ်ပါတယ်။ သူတို့ကို တစ်ဖွဲ့ချင်းစီ စစ်ဆေးပြီးရင်တော့ မကြာခင်မှာ ယုတ်မာကောက်ကျစ်တဲ့လူကို ရှာတွေ့နိုင်မှာပါ”

ချူအန်းဖင်က ရှင်းပြ၏။

“ခန်းမသခင်ချူ.. မေးလို့ရမလားရှင့်.. ရှင့်ရဲ့ ခွန်အားက ဘယ်အဆင့်မှာလဲ မသိဘူး”

စုယွင်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်ပြီး မေးသည်။

“သခင်မလေး.. ကျွန်တော် ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုကို ချိုးဖျက်ထားတာ အချိန်တစ်ခု ကြာပါပြီ။ အခုဆို ခွန်အားအဆင့်က တည်ငြိမ်နေပါပြီ”

စုယွင်၏ လှပသည့် မျက်နှာနှင့် ရှလင်နှင့် ရင်းနှီးပုံတို့ကို ကြည့်ကာ ချူအန်းဖင်၏ ပုံစံက ချက်ချင်းပင် များစွာ ပိုမိုလေးစားသွားသည်။

“ခန်းမသခင်ချူ.. အဲ့ဂိုဏ်းတွေ အားလုံးရဲ့ ခေါင်းဆောင်တွေက ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်မှာချည်းပါ။ ဖြေရှင်းရ မလွယ်ကူမှာကို စိုးရိမ်ရတယ်”

စုယွင်က ပြော၏။

ဤသည်က ချူအန်းဖင်၏ ခွန်အားကို သူမမယုံ၍ မဟုတ်ပေ။ ဖြေရှင်းရန် လွယ်ကူမှာမဟုတ်ဟု ခံစားရခြင်းသာ ဖြစ်၏။

“ဒါက ရိုးရှင်းပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ နောက်ကွယ်က ကြိုးကိုင်သူကို ရှာမတွေ့ရင် ကွမ်းလင်ဒေသက ဂိုဏ်းတွေအားလုံးကို ရွှေ့ပြောင်းခိုင်းလိုက်ရုံပဲ”

ချူအန်းဖင်က ပြုံးသည်။

“အားလုံးကို ရွှေ့ပြောင်းခိုင်းမယ်”

ရှလင်က မှင်သက်သွား၏။

“ခန်းမသခင်ချူ.. ဒီဂိုဏ်းတွေရဲ့ နောက်မှာ အကျိုးတူ ဒေသခံအဖွဲ့အစည်းကြီးတွေ ရှိနေမှာ။ ရေက အရမ်းကို နက်ရှိုင်းမှာ စိုးရတယ်။ ကျွန်မတို့တွေ အဲ့လိုလုပ်ရင်..”

စုယွင်ဟာ လိမ္မာပါးနပ်စွာဖြင့် မည်သည့် စကားလုံးမျိုးကို နားထောင်ကောင်းရန် သုံးရမည်မသိ ဖြစ်သွား၏။

သူမတို့တွင် နောက်ခံရှိသလို အခြား အဖွဲ့အစည်းများတွင်လည်း သက်ဆိုင်ရာ ကျောထောက်နောက်ခံများ ရှိပါသည်။

ယခုကဲ့သို့ များပြားလှသည့် အကျိုးအမြတ်များကို ထွေးထုတ်ခဲ့ချင်မည်နည်း။

“သခင်မလေး.. သခင်မငယ်.. စိတ်မပူပါနဲ့။ အဲ့လိုဖြစ်လာခဲ့ရင် အဖွဲ့အစည်းအားလုံးနဲ့ ကျွန်တော်သေချာပေါ်က ညှိနှိုင်းပေးမှာပါ။ ဒီကွမ်းလင်ဒေသမှာ ဒေါသရေနဂါးဂိုဏ်းအပြင် အခြားစွမ်းအားကြီးဂိုဏ်းတွေ အများကြီး မရှိပါဘူး”

ချူအန်းဖင်၏ အသံက တည်ငြိမ်ကာ သူ၏ စကားလုံးများက ကြီးစိုးလှ၏။

သူဟာ မဖြေရှင်းနိုင်တာ ရှိပါက ရေသံတမန်ကို အကူအညီတောင်းခံမှာပါ။ မဟုတ်လည်း သစ်သားသံတမန်ကို ခေါ်လို့ရပါသည်။

ယခုအချိန်၌ ဒေါသရေနဂါးဂိုဏ်းရှိ လူတိုင်းဟာ ဂိုဏ်းသခင်ငယ်ကို အလုအယက် ခစားလိုနေကြသည်။ ဂိုဏ်းချုပ်ငယ်နှင့် ချီမိသားစုတို့ အကြားရှိ ဆက်ဆံရေးကို ထည့်မတွက်လျှင်တောင်၊ ဂိုဏ်းရှိ အဖွဲ့သားများ၏ ခံစားခွင့်များကို မြှင့်တင်မပေးလျှင်တောင်.. သူ၏ ဆေးပညာတစ်ခုတည်းနှင့်ပင် အထက်ပိုင်းပုဂ္ဂိုလ်တစ်စုကို သူ့အတွက် သေသေကြေကြေ တိုက်ခိုက်စေရန် လုံလောက်၏။

ယခုအကြိမ်မှာလည်း ဂိုဏ်းသခင်ငယ်ကို ကျေနပ်မှုရစေမည့် တစ်ဘဝတွင်တစ်ခါ ကြုံတောင့်ကြုံခဲ အခွင့်အရေး ဖြစ်သည်။ ချူအန်းဖင်အနေနှင့် ကိုယ့်ဘာသာသာ ဖြေရှင်းနိုင်ပါက မည်သူ့ကိုမှ ခေါ်နေမည်ပင် မဟုတ်ပေ။

“ဒါက…”

ရှလင်နှင့် စုယွင်တို့က မနေနိုင်ပဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။

“ပြောတာကောင်းတယ်”

ထိုအချိန်၌ အသံတစ်ခု ရုတ်တရက် ပေါ်လာ၏။ လူတိုင်းက အသံလာရာဆီသို့ လှည့်ကြည့်ပြီးနောက် ဝတုတ်တစ်ယောက် လျှောက်လာကြောင်းကို တွေ့လိုက်ရသည်။

သူဟာ ၂မီတာလောက် အရပ်ရှည်ပြီး ကြည့်ရတာ အသက်၃၀လောက် ရှိသည့်ပုံပါ။

ရုပ်ရည်က တော်တော်လေး ချောမောသည်။ သို့ပေမယ့် သူ၏ ခန္ဓာကိုယ်ဟာ အလွန်ဝတုန်နေပြီး ခါးတစ်ဝိုက်တွင် ရေစည်တစ်ခု ရှိနေသကဲ့သို့ ရှိ၏။

ခန္ဓာကိုယ်တစ်ခုလုံးရှိ အသားများက လမ်းလျှောက်နေသည့် တောင်တစ်ခုသဖွယ် လှုပ်ခါနေသည်။

သို့ရာတွင် သူ၏ပုံစံက အလွန်ဝပေမယ့် ခြေလှမ်းများက အလွန်မြန်ဆန်သည်။

စကားပြောချိန်၌ သူဟာ ဆယ်မီတာကျော် အကွာတွင် ရှိနေသေး၏။ သို့ပေမယ့် အသက်တစ်ကြိမ်ရှူစာတောင် မကာလိုက်ပဲ ရွှေဆိုင်၏ လှေကားရင်းသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်၌ သူဟာ လက်ထဲတွင် လူလတ်ပိုင်းအရွယ် ကြွက်သားထွားကြိုင်းသည့် လူကြီးတစ်ဦးကို သယ်ဆောင်လာကြောင်းအား လူတိုင်း သတိထားမိသွားကြသည်။ ထိုလူလတ်ပိုင်းအရွယ် လူကြီးဟာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ အရှိန်အဝါတို့ ပျောက်ကွယ်နေ၏။

“ဘုတ်”

ဖက်တီးက ပြောရင်းနှင့် လူလတ်ပိုင်းလူကြီးကို မြေပြင်ပေါ်သို့ ပစ်ချကာ ဒူးတစ်ဖက်ထောက်သည်။

“ကျွန်တော်က ယန်ရှိန်ပါ။ ဒေါသရေနဂါးဂိုဏ်းရဲ့ သံတမန်တစ်ယောက်ပါ။ သခင်မငယ်ကို တွေ့ဆုံပါတယ်”

“အရှင်ဒေသသံတမန်.. ကျေးဇူးပြုပြီး ထပါ”

ထိုပုံကို တွေ့ရပြီးနောက် ရှလင်က အံ့ဩသွား၏။ အမြန်ရှေ့တက်ကာ ယန်ရှိန်ကို ကူထပေးရန် လုပ်သည်။

“သခင်မငယ်က ကျွန်တော့ကို မြှောက်ပင့်နေပြန်ပါပြီ။ ဒီအတိုင်း ယန်ရှိန်လို့ပဲ ခေါ်ပါဗျာ။ သခင်မငယ် ပြဿနာကြုံတယ်လို့ ကြားတာနဲ့ ကျွန်တော်စပြီး စုံစမ်းနေခဲ့တာ။ အခု သဲလွန်စတစ်ခု ရလာခဲ့ပြီ”

ယန်ရှိန်က အမြန်မတ်တပ်ရပ်ကာ ရှလင်၏ အထိခံရဲခြင်း မရှိပေ။ သူ့အတွက် ဟန်ကျောက်အပေါ် စိတ်ကောင်းပြနိုင်ရန် အခွင့်အရေးဟာ ရှာတွေ့ဖို့ လွယ်ကူခြင်းမရှိပေ။ ရှလင်သာ သူ့ကို ထိလိုက်ပါက ဟန်ကျောက်တွင် သူ့ကို သတ်ဖြတ်ရန် အကြောင်းပြချက်တစ်ခု ရှာတွေ့သွားမှာပါ။ ဤသည်က မမျှတလွန်းလှ၏။

“သံတမန်”

စုယွင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ဒီဒေသသံတမန်ဟူသည်မှာ လက်ထောက်ဂိုဏ်းချုပ်နှင့် အဆင့်တူဖြစ်၏။ ဤသည်က စစ်ဘုရင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက် မဟုတ်ပေဘူးလား။ အဘယ်ကြောင့် ရှလင်ကို အလွန်လေးစားနေရသနည်း။

“သဲလွန်စဆိုတာ… ဒီလူကို ပြောတာလား မသိဘူး”

ရှလင်က မြေပြင်ပေါ်ရှိ သွေးလွှမ်းနေသည့် လူလတ်ပိုင်းလူကြီးကို လက်ညှိုးထိုးကာ မေးသည်။

“ဒီလူက သံခြေထောက်ဂိုဏ်းရဲ့ ခေါင်းဆောင်ပါ။ လူတွေကတော့ သူ့ကို လီချီ- ရေပေါ်သံခြေထောက်လို့ ခေါ်ပါတယ်။ ကျွန်တော်က သူ့ကို စုံစမ်းရာမှာ ပူးပေါင်းပေးဖို့ပဲ ပြောတာကို ကျွန်တော့ကို စိန်ခေါ်ရဲတယ်လေ။ အဲ့ဒါနဲ့ တစ်ခါတည်း သိုင်းပညာကို ဖျက်ဆီးပေးလိုက်တယ်”

ယန်ရှိန်က ပြုံးသည်။

“အခြားဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေကတော့.. သူတို့အားလုံးကိုလည်း ကျွန်တော် ဒဏ်ရာကြီးကြီးလေး ပေးခဲ့ပါတယ်။ သုံးရက်အချိန် ပေးထားပြီး.. အဲဲ့အချိန်အတွင်းမှာ ကွမ်းလင်ဒေသက မရွှေ့ပြောင်းဘူးဆို သံတမန်ငါးယောက်က အတူတူ တိုက်ခိုက်ပါလိမ့်မယ်”

သူဟာ အခြားလူများကို သတင်းပေးခဲ့ခြင်း မရှိပေမယ့် ယခုကဲ့သို့ အခွင့်အရေးမျိုးကို အခြား သံတမန်လေးယောက်တို့လည်း လက်လွှတ်မည်မဟုတ်ဟု ယုံကြည်ပါသည်။

‘ဒမ်း.. ဒီကောင်က အရမ်းရက်စက်ပြီး လှုပ်ရှားမှုက မြန်လွန်းတယ်’

ချူအန်းဖင်က နှလုံးသားထဲတွင် ကျိန်ဆဲသည။

သူ့တွင် ရင်းနှီးသည့် ညီအစ်ကိုများစွာ ရှိပါသည်။ သတင်းရရချင်း အပြေးလာခဲ့၏။ သို့ပေမယ့် နောက်ဆုံးတွင် ဒီစစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်က အရှက်မဲ့စွာဖြင့် ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိ သိုင်းသမားအချို့ကို အနိုင်ဝင်

ကျင့်ခဲ့မည်ဟု ထင်မထားခဲ့ပေ။

“အဓိကကတော့ ဂိုဏ်းသခင်ချူရဲ့ ဗျူဟာက ကောင်းလို့ပါ။ မဟုတ်ရင် ကျွန်တော်လည်း ဒီဂိုဏ်းတွေအားလုံးကို ရှင်းထုတ်ဖို့ တွေးမိမှာမဟုတ်ဘူး”

ယန်ရှန်က စကားပြောင်းကာ ချူအန်းဖင်ကို ကြည့်သည်။ အရင်တုန်းက သူဟာ ခန်းမသခင်တစ်ယောက်ကို ဂရုစိုက်စရာ မလိုပေ။ သို့ပေမယ့် လက်ရှိ ချူအန်းဖင်ဟာ ဟန်ကျောက်ရှေ့တွင် အလွန်ထင်ပေါ်၏။ သူ့အနေနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် လိုအပ်သည်။

ဘာပဲဖြစ်ဖြစ် ခုနက ဟန်ကျောက်ကို ကျေနပ်မှုရစေရန် သူဟာ ရှလင်ကို ဒူးတစ်ဖက်ထောက်ပြခဲ့ပြီး ဖြစ်သည်။ ယခုအချိန်၌ ချူအန်းဖင်ကို အမှတ်ပေးခြင်းက ပြဿနာမရှိပါ။ အသက်ရှင်သန်ရေးအတွက် အရှက်က ပြဿနာရှိမနေပေ။

All Chapters