← Chapters

အခန်း (၂၆၈)

Vol. 18 Ch. 268

အခန်း (၂၆၈)

Vol. 18 Ch. 268

“ဟန်.. အဆင့်တက်သွားတာလား”

ထိုအချိန်၌ ဟန်ကျောက်ဟာ ရုတ်တရက် သတိထားမိလိုက်သည်။ သုံးပါးသော အနှစ်သာရအားနှင့် သက်ရှည်ကျမ်းတို့ ပေါင်းစပ်မှုနှင့်အတူ သူဟာ ချီသုံးဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်သွားလေသည်။

ဒြပ်စင်ငါးပါးချီ၏ တိုးတက်မှုမှာတော့ ပြောင်းလဲခြင်း မရှိပါ။ သိုင်းသမား အများစုတို့ဟာ အရင်ဆုံး ကိုယ်တွင်းအင်္ဂါ သန့်စင်မှုကို ကျင့်ကြံကာ သက်ဆိုင်ရာ ဒြပ်စင်ချီအား သူတို့၏ အတွင်းအင်္ဂါများအတွင်းသို့ ပေါင်းစပ်ကာ အဆင့်ချိုးဖျက်ကြသည်။ သူကတော့ နည်းလမ်းမတူပဲ ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

“စုစည်းမှုနဲ့ အဖျက်စွမ်းအားမှာတော့ ဒီဗိုင်းကောင်းကင် ချိတ်တံဆိပ်က ပိုကောင်းလောက်တယ်”

ဟန်ကျောက်ဟာ နံရံပေါ်ရှိ အပေါက်မှတစ်ဆင့် လျှို့ဝှက်ခန်းအတွင်းရှိ အလောင်းကို ကြည့်သည်။ သူ၏ လက်ရှိ ခွန်အားနှင့် ရုပ်ပိုင်းဆိုင်ရာက ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိးစွမ်းအားကို ပိုမိုစုပ်ယူရန် လုံလောက်နေပါပြီ။

ဒီဗိုင်းကောင်းကင် ချိတ်တံဆိပ်သာ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိပြီး သုံးမှတ်မူလပြန်ချီ၏ အဖျက်စွမ်းအားနှင့် ပေါင်းစပ်လိုက်ပါက ဤသည်မှာ ပစ်မှတ်တစ်ခုတည်း တိုက်ခိုက်ရာ၌ အသန်မာဆုံး သိုင်းပညာတစ်ခု ဖြစ်လာမှာပါ။

“ရှန့်ကွမ်းလီရဲ့ ခန္ဓာကိုယ်ထဲက မိုးကြိုးရေနဂါးသွေး အားလုံးကို စုပ်ယူပြီးရင် ငါ့ရဲ့ ကိုယ်ပွားကို ဒီခန္ဓာကိုယ်ကို သုံးခိုင်းလို့ ရမလား မသိဘူး။ အဲ့လိုဆိုရင် ငါ့မှာ သိုင်းသူတော်စင်အဆင့် ကိုယ်ပွားတစ်ခု ရလာမှာ”

ဟန်ကျောက်က စဉ်းစားပြီးနောက် လျှို့ဝှက်ခန်းအတွင်းသို့ လျှောက်ဝင်သွားသည်။

“ငါအရင်ဆုံး ဒီဗိုင်းကောင်းကင်ချိတ်တံဆိပ်ကို အမြန်ကျင့်ကြံရမယ်”

ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့တော်အတွင်းတွင်….

ကွမ်းလင်ဒေသ၌ သိုင်းပညာ အကယ်ဒမီ၏ ဓါမိုးခြံဝန်းသခင် ကျန်းမုသဲနှင့် စစ်ဘုရင်တစ်ယောက်တို့ နောက်ခံရှိသည့် လင်းယွင်ကုန်သွယ်ရေး လုပ်ငန်းဟာ တစ်နှစ်အတွင်းတွင် ဒေသအတွင်း၌ ခြေကုပ်မှု ရလာခဲ့သည်။

ယခုအချိန်၌ ဈေးဆိုင်များဟာ ကွမ်းလင်ဒေသ တစ်ဝက်ကျောက်ကို လွှမ်းခြုံထားပြီး ဆိုင်၂၄ခုတို့ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူတို့ဟာ သိုင်းကျောင်းများ၊ အလှပြင်ဆိုင်များ၊ ရွှေဆိုင်များ၊ ဆန်ဆိုင်များ၊ အဝတ်ဆိုင်များနှင့် အခြား လုပ်ငန်းမျးစွာတို့ကို လုပ်ကြသည်။

သို့ရာတွင် ဒီအတောအတွင်းတွင် လင်းယွင်ကုန်သွယ်ရေး အဖွဲ့ဟာ ပြဿနာအချို့နှင့် ကြုံတွေ့နေ၏။ ဆိုင်များစွာတို့ကို သူခိုးများ ဝင်ရောက်ခဲ့လေသည်။ အချို့ဆိုင်များတွင် အစောင့်များပင်လျှင် ဒဏ်ရာအပြင်းအထန် ရရှိပြီး များပြားလှသည့် ကုန်စည်များ ပျက်စီးကုန်ကြ၏။

ရွှေဆိုင်၊ အလှကုန်ဆိုင်၊ အဝတ်ဆိုင်နှင့် အခြား ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများ စောင့်ကြပ်နေသည့် လင်းယွင်အဖွဲ့၏ အဓိကဆိုင်ကြီးများသာလျှင် ထိခိုက်ခြင်း မရှိပေ။ သို့ရာတွင် မနက်ခင်း တံခါးဖွင့်ချိန်တွင် အညစ်အကြေးများဖြင့် မျက်နှာကို အပက်ခံရသည်များ ဖြစ်ပွားတတ်၏။ ဤသည်က အလွန် ဆိုးလှပါသည်။

အမှုထမ်းများကို တိုင်ကြားသည်မှာလည်း အသုံးမဝင်ပေ။ သူတို့ဟာ ညအချိန်တွင် စောင့်ကြည့်ရန်အတွက် ကျွမ်းကျင်သူများကို လွှတ်ပေးသော်လည်း အဖျက်သမားများက လာရောက်ခြင်း မရှိကြပေ။

နောက်ဆုံးတွင် လုပ်ငန်းစု၏ စီးပွားရေးကို အတိုင်းအတာတစ်ခုအထိ ထိခိုက်လာခဲ့၏။

မနက်ခင်းတွင် ရှလင်ဟာ ကွမ်းလင်ဒေသ၏ အနောက်ဘက်လမ်းရှိ ရွှေဆိုင်တစ်ဆိုင်ထဲတွင် ကောင်တာနောက်၌ မဲမှောင်သည့် မျက်နှာနှင့် ထိုင်နေပါသည်။ ဆိုင်အကူများက တံခါးဝရှိ နတ်ဆိုးသားရဲသွေး အစွန်းများကို သုတ်နေ၏။

“ဒမ်း.. ဒီကောင်တွေ အရမ်းကို လွန်နေပြီ”

ထိုအချိန်၌ သတင်းကြားရသည့် စုယွင်က အမြန်‌ ရောက်ရှိလာပြီး ညစ်ပက်နေသည့် အခြေအနေကို တွေ့ရကာ ကျိန်ဆဲသည်။

“ရှလင်… စီနီယာအစ်မလုနဲ့ ဒေါ်လေးကျန်းရော ပြန်မလာကြသေးဘူးလား”

စုယွင်က အမြန်မေးသည်။ သူမဟာ အဖွဲ့တစ်ခုနှင့်အတူ အဝေးမှ ပြန်လာခါစသာ ရှိသေး၏။ ယခုကဲ့သို့ သတင်းဆိုးများကို ကြားရလေသည်။ ရှင်းလင်းစွာပင် စွမ်းအားကြီး အဖွဲ့အစည်းတစ်ခုက လုပ်ငန်းကို ပစ်မှတ်ထားနေခြင်း ဖြစ်၏။

ထိုသူများဟာ ယုတ်မာသည့် နည်းလမ်းအချို့ကိုပင် သုံးလာခဲ့သည်။

“မလာသေးဘူး”

ရှလင်က ခေါင်းကိုယမ်းသည်။ လုယင်ရွှမ်းနှင့် ကျန်းမုသဲတို့ဟာ အတူတူ ထွက်ခွာသွားကြ၏။ ဤသည်မှာ လုယင်ရွှမ်း၏ အဆင့်ချိုးဖျက်တော့မည့် အခြေအနေကြောင့် ဖြစ်ပေလိမ့်မည်။ သူတို့နှစ်ယောက်ဟာ လနှစ်စင်းကောင်တီသို့ သွားရောက်ကာ အဖိုးတန် ဆေးပင်တစ်ခုကို သွားရှာကြ၏။

“သူမတို့ ထွက်သွားတာကို ဒီလူတွေ ခန့်မှန်းပြီး ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် ရဲတင်းလာတာ”

စုယွင်၏ မျက်လုံးများက ကြမ်းကြုတ်သွားသည်။

“ဂျူနီယာမောင်လေးဟန်ကို လူလွှတ်ပြီး ငါအကြောင်းကြားခိုင်းထားတယ်။ ဒီနေ့ပဲ စာစောင်ကို ရနိုင်လောက်တယ်”

ရှလင်က လေးနက်စွာ ပြောသည်။

“ငါတို့ကို တိုက်ခိုက်ရဲတဲ့ လူတွေမှာ နောက်ခံ စစ်ဘုရင်တစ်ယောက် ရှိရမယ်။ အခု ဂျူနီယာမောင်လေးဟန်က ဒေါသရေနဂါးဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ် ဖြစ်နေပြီဆိုတော့ စစ်ဘုရင်တစ်ယောက်ကို အကူအညီတောင်းနိုင်လောက်တယ် မလား”

စုယွင်က အနည်းငယ် မရေရာစွာ ပြောသည်။ စီရင်စုမြို့တော်သို့ ရောက်ရှိပြီးနောက် သူမ၏ ကျင့်ကြံမှုအဆင့်ဟာ ကြီးစွာ မြင့်တက်လာခဲ့သည်။

လွန်ခဲ့သည့် လဝက်က သူမဟာ တတိယမြောက် သွေးချီချိုးဖျက်မှု အဆင့်အား ပြီးပြည့်စုံပြီး ဖြစ်၏။ သူမ၏ အတွင်းအားကို ဖြစ်နိုင်သမျှ များပြားလာစေရန် ကျင့်ကြံမှုကို နှောင့်နှေးထားခဲ့သည်။

သို့ရာတွင် သူမဟာ သိုင်းသူတော်စင်တစ်ယောက် ဖြစ်တော့မည် ဆိုလျှင်တောင် စိတ်လှုပ်ရှားမှု အရမ်းကြီး မရှိပေ။ အဘယ်ကြောင့်ဆိုသော် စီရင်စုမြို့တော်တွင် သိုင်းသူတော်စင်ကို အလယ်အလတ် တိုက်ခိုက်ရေးသမားများဟုသာ ဆိုနိုင်သောကြောင့် ဖြစ်သည်။

စစ်ဘုရင်အဆင့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ပါက လုံးဝ အဆင့်မတူဟုသာ ဆိုရပေမည်။

“တောင်းနိုင်မှာတော့ သေချာတယ်။ ငါက ဒီကိစ္စကို ကြိုးကိုင်သူက ပုန်းအောင်းပြီး ညစ်ပက်တဲ့နည်းလမ်းတွေကိုပဲ ဆက်သုံးနေမှာကို စိုးရိမ်တာ”

ရှလင်ဟာ အတွင်းသတင်းများကို ပိုမို ရရှိထား၏။ ထို့ကြောင့် ဟန်ကျောက်၏ ခွန်အားနှင့် စွမ်းဆောင်ရည်အပေါ် သံသယဝင်ခြင်း မရှိပါ။

သို့ပေမယ့် တစ်ဖက်လူသာ အလွန်ညစ်ပတ်ပြီး ဟန်ကျောက်ရောက်လာချိန်တွင် ပုန်းအောင်းနေပါက ကွမ်းလင်ဒေသတွင်သာ အမြဲနေပြီး သူမတို့၏ သေးငယ်သည့် ကုန်သွယ်ရေးအဖွဲ့လေးကို စောင့်ကြည့်နေရန်မှာ မဖြစ်နိုင်ပေ။

“ဒါက ပြဿနာများလိုက်တာ။ ဒီလို ညစ်ပတ်တဲ့ နည်းလမ်းတွေကို အသုံးပြုပုံ ကြည့်ရတာ အနီးအနားက လူဆိုးဂိုဏ်းတွေပဲ ဖြစ်မယ်။ ဒါပေမယ့် ငါတို့မှာ သက်သေမရှိဘူး။ အကြောင်းပြချက်မရှိပဲ လျှောက်ပြီး တိုက်ခိုက်လို့မရဘူး”

စုယွင်က မျက်မှောင်ကြုတ်သွားသည်။

“အနီးနားက လူဆိုးဂိုဏ်းကြီးတွေရဲ့ ခေါင်းဆောင်တွေ အားလုံးက ခွန်အားသန်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုမှာ ချည်းပဲ။ ငါတို့တွေ တကယ်တိုက်ခိုကရင်တောင် သူတို့ကိုနိုင်မှာ မဟုတ်ဘူး”

ရှလင်လည်း မျက်မှောင်ကြုတ်သွား၏။

ယခုအချိန်၌ သူမဟာ ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုသို့ ရောက်ရှိနေပြီး ဖြစ်သည်။ သူမ၏ခွန်အားဟာ သာမန် အဆင့်တူများထက်ပင် များစွာ သာလွန်၏။

သို့ရာတွင် အနီးအနားတွင် တစ်ခုထက်ပိုသည့် ဂိုဏ်းများ ရှိပြီး ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေသည့် သိုင်းသမား တစ်ယောက်(သို့) နှစ်ယောက်လောက် ရှိကြပါသည်။

သူမဟာ မည်သည့်ဂိုဏ်း ဖြစ်သည်ကိုလည်း မသိပေ။ အမှာားလုပ်မိပါက ပြဿနာအသစ်သာ ထပ်တိုးလာမှာပါ။

“ဟူး.. ဒီလမ်းပေါ်မှာ စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်သာ အမြဲတမ်း အထိုင်ချနေရင် ကောင်းမယ်”

စုယွင်က သက်ပြင်းချသည်။

သို့ရာတွင် သူမဟာ ထိုအတွေးကို ခေါင်းထဲတွင် ပြန်လည် နှစ်မြုပ်ထားလိုက်၏။ ဒေါသရေနဂါးဂိုဏ်းဟာ ချီမိသားစုကို မှီခိုပြီးဖြစ်ပေမယ့် သူမတို့အနေနှင့် ဒေါသရေနဂါးဂိုဏ်း၏ ဂုဏ်သတင်းကို အလွယ်တကူ အသုံးပြုနိုင်ခြင်း မရှိပေ။

ဟန်ကျောက်ဟာ ဒေါသရေနဂါးဂိုဏ်း၏ ဂိုဏ်းသခင်ငယ် ဖြစ်လာလျှင်တောင် ဒေါသရေနဂါးဂိုဏ်းဟာ ရှန့်ကွမ်းမိသားစု၏ ပိုင်ဆိုင်မှု ဖြစ်နေပါသေးသည်။

ဟန်ကျောက်သည် မည်မျှပင် စွမ်းအားကြီးမားနေစေကာမူ ဒီနေရာတွင် စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ကို အမြဲတမ်း နေထိုင်နိုင်ရန် ပို့ဆောင်ထားနိုင်ဖို့ မဖြစ်နိုင်ပေ။

သူမတို့ ကုန်သွယ်ရေးလုပ်ငန်း၏ အကျိုးအမြတ်များဟာ အလွန် များပြား၏။ သို့ပေမယ့် စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ကို တတ်နိုင်ခြင်းတော့ မရှိပါ။ ဤသည်မှာ ယုတ္တိမဆန်လှပေ။

“တက်၊ တက်၊ တက်..”

ထိုအချိန်၌ လမ်းမပေါ်မှ မြန်ဆန်သည့် ခြေလှမ်းသံများ ပေါ်လာ၏။ ဆူဆူညံညံ အသံများလည်း ပေါ်လာခဲ့သည်။

“ဘာဖြစ်တာလဲ”

အသံများကို ကြားရပြီးနော် စုယွင်က ဆိုင်ထဲမှပြေးထွက်ကာ လိုက်ကြည့်သည်။ လမ်းနှစ်ဖက်ရှိ တစ်ဖက်စီတွင် သိုင်းသမား နှစ်ဆယ်ကျော်တို့ အစုလိုက် ပြေးလာနေကြောင်းကို တွေ့လိုက်ရသည်။

သူတို့အားလုံးဟာ တူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထား၏။ အနက်ရောင် ကိုယ်ကြပ်ဝတ်စုံများနှင့် ဘယ်ဘက်ရင်ဘတ်ပေါ်တွင် အနက်ရောင် နဂါးပုံကို ထိုးထားသည်။

“ဒေါသရေနဂါးဂိုဏ်းက သိုင်းသမားတွေလား။ သူတို့က ရောက်လာတာ မြန်လှချည်လား”

စုယွင်ဟာ မှင်သက်သွား၏။

ထိုလူများ၏ ခြေလှမ်းများနှင့် လှုပ်ရှားပုံတို့ကို ကြည်ကာ အနည်းဆုံး တစ်ဝက်လောက်ဟာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ လေးငါးယောက်လောက် ဆိုလျှင် သိသာစွာပင် သူမထက် များစွာ ပိုမိုသန်မာ၏။

“ငါ့ရဲ့ စာစောင်လည်း အခုမှ ရောက်လောက်သင့်တာပါ”

ရှလင်လည်း ကောာင်တာနောက်မှ ပြင်ပသို့ ကြောင်တောင်စွာ လျှောက်ထွက်လာ၏။ ဘေးတွင် ယုနျန်မရှိသောကြောင့် သူမ၏ စာစောင်ဟာ ကီလိုမီတာ ထောင်ချီကာ ကွာဝေးသည့် ဒေါသရေနဂါးကျွန်းဆီသို့ ရောက်ရှိနိုင်ရန် အနည်းဆုံး သုံးရက်လောက် ကြာမှာပါ။ ပြန်လာမည့် အချိန်မှာ အနည်းဆုံး နှစ်ရက်ဖြစ်၏။

လူ၄၀ကျော်သည့် သိုင်းသမားများဟာ ရွှေဆိုင်၏ အဝတွင် ရပ်တန့်သွားကြသည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် သူတို့အားလုံးဟာ သေသပ်စွာ တန်းစီပြီးကြသည်။ လူတိုင်းက ပြိုင်တူ အော်လိုက်ကြ၏။

“သခင်မငယ်ကို တွေ့ဆုံပါတယ်‌”

All Chapters