← Chapters

အခန်း (၂၆၇)

Vol. 18 Ch. 267

အခန်း (၂၆၇)

Vol. 18 Ch. 267

သူ့တွင် အဆင့်ပိုမိုမြင့်မားသူများကို တိုက်ခိုက်နိုင်သည့် ခွန်အားပေါက်ကွဲမှု သိုင်းပညာမျိုးစုံ ရှိပါသည်။ မူလနေကြယ်ချီ၊ ဗာဂျရာအကာအကွယ်နှင့် ငရဲဓါးချက် အားလုံးတို့ အားလုံးဖြစ်၏။ သို့ပေမယ့် ခွန်အားထိန်းသိမ်းသည့် စွမ်းရည်တော့ မကောင်းပေ။

သုံးမှတ်မူလပြန်ချီနှင့် ဆိုပါက သူ့တွင်လည်း အဆင့်မြင့်အဆင့် သိုင်းသမားများနှင့် ကြည်ရှည်စွာ တိုက်ခိုက်နိုင်သည့် စွမ်းရည် ရှိလာမှာပါ။ ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ စိတ်ထဲတွင် ရေရွတ်လိုက်သည်။

“စနစ်.. သက်ရှည်ကျမ်းကို မြှင့်တင်မယ်”

“စွမ်းရည်မှတ်- ၈၀.. ၄၀”

“သက်ရှည်ကျမ်း(ပဥ္စမအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ ကောက်နုတ်နိုင်။ အထူးသက်ရောက်မှု- ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်၁၉၊ သန့်စင်သောယန် အဆင့်၁၄၊ ချီမျိုးစေ့ အဆင့်၁၁၊ သက်တမ်း ၁၉၀၀နှစ်)”

“သက်ရှည်ကျမ်းကို ကောက်နုတ်မယ်”

“စွမ်းရည်မှတ်- ၄၄… ၀”

“ကလောက်၊ ကလောက်..”

စွမ်းရည်မှတ်များ ပေါင်းထည့်မှုနှင့်အတူ ဟန်ကျောက်၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီဟာ ပိုမိုမြန်ဆန်စွာ စီးဆင်းလာပြီး မရီဒျန်များတစ်လျှောက် ပြန့်နှံ့သွားသည်။ ရေစီးသကဲ့သို့ အသံများ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။

သူ၏ အစစ်အမှန်ချီတို့ဟာ လှည့်လည်တိုင်းတွင် ပိုမိုသန်မာလာခဲ့သည်။ သူဟာ ခန္ဓာကိုယ်တစ်ခုလုံးမှ ညင်သာကာ စွမ်းအားကြီးသည့် အသက်ဓါတ်တစ်ခု ထွက်ပေါ်နေသည်ဟု ခံစားရ၏။ အရောင်လက်သည့် အဖြူရောင် အစက်များ ပြည့်နှက်နေပါသည်။

ဒီအချိန်အတွင်းတွင် သူဟာ ဆေးလုံးများ သန့်စင်ခြင်းကြောင့် မီးနှင့် အချိန်အတော်ကြာအောင် ထိတွေ့နေရသည်။ ထို့ကြောင့် အရေအပြားဟာ အရင်ကလောက် ချောမွေ့ခြင်း မရှိတော့ပါ။

သို့ရာတွင် ဒီအချိန်၌ သူဟာ ပြန်လည်မွေးဖွားဟန် တူ၏။ သူ၏ အရေအပြားဟာ ကလေးငယ်တစ်ယောက်ကဲ့ အသားကဲ့သို့ ချောမွေ့လာခဲ့သည်။

“ခရက်၊ ခရက်”

ဟန်ကျောက်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ၌ ပွတ်တိုက်သံတစ်ခု ရေးတေးတေး ပေါ်လာခဲ့သည်။ မဖော်ပြနိုင်သည့် ယားယံမှုနှင့် နာကျင်မှုဟာ နေရာတိုင်းသို့ ပျံ့နှံ့သွား၏။ သူက အံကိုကြိတ်ကာ တောင့်ခံသည်။

သူ၏ အဝတ်များအားလုံး စိုရွှဲမှသာလျှင် ထိုခံစားချက်ဟာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

သက်ရှည်ကျမ်း(ဆဌမအဆင့် စတင်ခြင်း ၃၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်၂၅၊ သန့်စင်သောယန် အဆင့်၁၈၊ ချီမျိုးစေ့ အဆင့်၁၅၊ သက်တမ်း ၃၈၀၀နှစ်၊ ကြွက်သား ပြန်ထွက်ခြင်း)

“သက်ရှည်ကျမ်းသည် မူလလမ်းကြောင်းမှ ခွဲထွက်သွားပြန်၏။ ၎င်းဟာ မူလကျင့်စဉ်၏ အားသာချက် အားလုံးတို့ကို ဆက်ခံကာ သင်၏သက်တမ်း အကန့်အသတ်ကို ကြီးစွာ တိုးမြင့်စေပါသည်။ သင်တစ်ဦးတည်း ပိုင်ဆိုင်သည့် အဆင့်မြင့်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်လာခဲ့၏”

“ကြွက်သားပြန်ထွက်ခြင်း- သန့်စင်သောယန် သက်ရှည်အစစ်အမှန်ချီတွင် စွမ်းအားကြီးမားသည့် အသက်ဓါတ်တို့ ပါဝင်နေပါသည်။

သင်သည် ဒီဗိုင်းဆရာဝန်တစ်ယောက် မဟုတ်လျှင်တောင် သင်၏ အစစ်အမှန်ချီကို ထုတ်လွှတ်ကာ သွေးကြောများအား ပိတ်ခြင်း၊ သွေးထွက်ခြင်းအား ရပ်တန့်စေခြင်းနှင့် ကြွက်သားများအား ကုစားပေးခြင်း စသည့် မှော်ဆန်သည့် စွမ်းရည်များကို ပြုလုပ်နိုင်ပါသည်”

“မည်သည့် သေစေနိုင်သည့် ဒဏ်ရာမဟုတ်သည့် ထိခိုက်မှုမဆိုအား အချိန်တိုအတွင်းတွင် အပြည့်အဝ ပြန်လည်ကုစားနိုင်သည်။ လူသားများ အကြောက်ရွံ့ဆုံးဖြစ်သည့် အတွင်းပိုင်း ဒဏ်ရာများဟာ သင့်အတွက် ဒဏ်ရာငယ်လေးများသာ ဖြစ်သည်”

“သင်၏ အဆိပ်မျိုးစုံတို့ အပေါ်တွင်ခံနိုင်ရည်ဟာ အဆိပ်ခံနိုင်ရည်ရှိခြင်း၏ အတိုင်းအတာမှ ကျော်လွန်လာခဲ့သည်။ အသက်တစ်ကြိမ် ရှူစာအတွင်းတွင် လူသတ်နိုင်သည့် စွမ်းအားကြီး အဆိပ်တစ်ခုဟာ သင့်ကို အနည်းငယ် မသက်မသာ ခံစားရစေရုံသာ ဖြစ်လိမ့်မည်”

“ငါ့ရဲ့ သက်တမ်းက နှစ်ဆ ဖြစ်သွားပြန်ပြီ”

ကျင့်စဉ်၏ ပြောင်းလဲမှုအသစ်များကို ကြည့်ကာ ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ ကြွက်သား ပြန်ထွက်ခြင်း အထူးသက်ရောက်မှာလည်း သူ့တွက် အလွန် အသုံးဝင်၏။

အရင်တုန်းက ချည်နှောင်အားတွင် အဆိပ်ပါဝင်သည့် ကျုကန်ရီကဲ့သို့ ရန်သူမျိုးကို ရင်ဆိုင်ရပါက သူ့တွင် မူလ အစွန်းရောက်ယန် အစစ်အမှန်ချီ ရှိလျှင်တောင် ထိခိုက်ဆဲ ဖြစ်သည်။

နောက်ပိုင်းတွင် စစ်ဘုရင်အဆင့်သို့ အဆင့်ချိုးဖျက်ပြီး တိုက်ခိုက်မှုနှင့် ခုခံမှု နှစ်မျိုးလုံးအား လုပ်ဆောင်နိုင်သည့် မူလနေကြယ်ချီကို ရရှိလာမှသာလျှင် ကျုကန်ရီကို အကြောက်တရားကင်းမဲ့စွာ တိုက်ခိုက်နိုင်ပါသည်။

နတ်ဆိုးများတွင် ထူးဆန်းသည့် စွမ်းရည်မျိုးစုံတို့ ရှိကြ၏။ သူဟာ နောင်တွင် ဒဏ်ရာမရပဲ နေနိုင်မှာဟု ပြောရဲခြင်းမရှိပေ။ အဆိပ်ရှောင်ရှားခြင်းနှင့် ဒဏ်ရာများကို ကုစားနိုင်သည့် စွမ်းရည်ဟာ အချိန်ကောင်းတွင် ရောက်လာခဲ့လေသည်။

“ငါ့ရဲ့ သက်ရှည်ကျမ်းသာ တစ်နေ့မှာ နောက်ထပ်တစ်ဆင့်ကို ရောက်နိုင်ခဲ့ရင် ချည်နှောင်အားလိုမျိုး သက်ရောက်မှုမျိုးကို ပိုင်ဆိုင်နိုင်မလားပဲ။ ငါ့ရဲ့ ဦးခေါင်း ပေါက်ကွဲထွက်သွားရင်တောင် ပြန်ကောင်းနိုင်တာမျိုးပေါ့”

ဟန်ကျောက်၏ စိတ်ထဲတွင် ရဲတင်းသည့် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ပုံမှန်အခြေအနေမျိုးများတွင် သိုင်းသမားတစ်ယောက်၏ ကျင့်စဉ်ဟာ ထိုကဲ့သို့သော သက်ရောက်မှု တစ်ခုကို ရရှိလာနိုင်ခြင်း မရှိသင့်ပေ။ သို့ရာတွင် သိုင်းပညာ ပါရမီရှင် ဟူသည့် စွမ်းရည်နှင့် တစ်နေ့တွင် အမှန်တကယ် လုပ်လာနိုင်လောက်ပါသည်။

“သုံးပါးသော အနှစ်သာရအားနဲ့ သက်ရှည်ကျမ်းတို့ ဆဌမအဆင့်သို့ မြင့်တက်သွားကြသည်။ သင်သည် ကောက်နုတ်ခြင်း လမ်းကြောင်းတစ်ခုကို ရရှိသည်။ သုံးပါးသော အနှစ်သာရအား+ သက်ရှည်အစစ်အမှန်ချီ= သုံးမှတ်မူလပြန်ခြင်းချီ”

“သုံးမှတ်မူလပြန်ခြင်းချီ- အနှစ်သာရအား သုံးခုနှင့် သန့်စင်သောယန် သက်ရှည်အစစ်အမှန်ချီတို့၏ စွမ်းအားကို စုစည်းကာ အတွင်းနှင့်အပြင် တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေစွာ သုံးပါးသော အနှစ်သာရအား လှည့်ပတ်နိုင်ခဲ့သည်။ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပါက ၎င်းဟာ သဘာဝအတိုင်း ဖြစ်လာကာ အဆုံးမဲ့လာလိမ်မည်”

“သုံးပါးသော အနှစ်သာရအား(ပြီးပြည့်စုံခြင်း ၁၀၀%)”

စနစ်မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်ဟာ မနေနိုင်ပဲ သက်ပြင်းချမိသည်။

“နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်နိုင်ခဲ့ပြီ”

အစမ်းရှင်သန်မှု အတွင်းတွင် သူဟာ သုံးမှတ်မူလပြန်ခြင်းချီကို ရရှိလာချိန်၌ အသက်၃၇နှစ်သို့ ရောက်ရှိပြီးပါပြီ။ ထို့အပြင် ထိုအချိန်ရှိ သုံးမှတ်မူလပြန်ခြင်းချီဟာ တကယ့်ပြင်ပလောက် စွမ်းအားကြီးမည် မဟုတ်ပေ။

ထို့အပြင် လျှို့ဝှက်အစောင့်များက စေလွှတ်လိုက်သည့် သိုင်းသူတော်စင်ဟာ ဖင်းစုဆောင်းမှု ပထမအဆင့်ရှိ အဆင့်နိမ့် သိုင်းသူတော်စင်တစ်ပါးသာ ဖြစ်ပေလိမ့်မည်။

“ထိပ်တန်းအမွေအနှစ်နဲ့ သိုင်းသမားတစ်ယောက်သာ မဟုတ်ရင် အဆင့်တူတဲ့ နတ်ဆိုးတွေ၊ အုပ်စိုးသူမိသားစု မျိုးဆက်တွေနဲ့ ရင်ဆိုင်ဖို့ ခက်ခဲနေဦးမှာပဲ”

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ဖြစ်နိုင်လျှင် သူဟာ မိမိထက် အဆင့်ပိုမို မြင့်မားသူများနှင့် တိုက်ခိုက်လိုခြင်း မရှိပါ။ သူ့ထက် အဆင့်ပိုမို နိမ့်ပါးသည့် နတ်ဆိုးများနှင့် အုပ်စိုးသူ မိသားစု မျိုးဆက်များနှင့် တိုက်ခိုက်ခြင်းသာလျှင် စစ်မှန်သည့် လမ်းကြောင်းဖြစ်၏။

“သက်ရှည်ကျမ်းရဲ့ အမည်က သိပ်ပြီး မသင့်တော်သလိုပဲ။ နှစ်၄၀၀၀ရှိတဲ့ သက်တမ်းကို ပေးလာခဲ့တာ နည်းနည်း ဆန်းကြယ်တဲ့ နာမည်တစ်ခုကို ပြောင်းသင့်တယ်”

“မသေခြင်းကျမ်းလို့ ခေါ်ရအောင်”

ထိုကဲ့သို့ တွေးမိလိုက်သည်နှင့် သိုင်းပညာကော်လံရှိ အမည်ဟာ တဖြည်းဖြည်း မှုန်ဝါးသွားပြီးနောက် မသေခြင်းကျမ်းဟူသည့် စကားလုံး ဖြစ်လာခဲ့၏။ ဟန်ကျောက်ဟာ တင်ပျဉ်ခွေထိုင်လိုက်သည်။ နို့ဖြူရောင် အစစ်အမှန်ချီတို့ သူ၏ လက်ဝါးများထဲတွင် စုစည်းလာခဲ့၏။ ထို့နောက် ချက်ချင်းပင် လက္ခဏာရပ် သုံးခုနှင့် ပြီးပြည့်စုံစွာ ‌ပေါင်းစပ်ထားသည့် အထူးအတွင်းအားတစ်ခု ပေါ်လာခဲ့သည်။ တဖြည်းဖြည်းနှင့် လားရာသုံးခု အတွင်းအားလုံးတစ်ခု ဖြစ်လာ၏။

အတွင်းအားဟာ ဝဲဂယက်တစ်ခုသဖွယ် ရစ်ဝဲလာပြီး အစစ်အမှန်ချီကို နည်းနည်းချင်းစီ စုပ်ယူသည်။ အမည်မသိ အချိန်တစ်ခုတွင် ဟန်ကျောက်၏ ခန္ဓာကိုယ်ဟာ ရုတ်တရက် တုန်ခါသွား၏။ လက်ဝါးအတွင်းရှိ သုံးပါးသော အနှစ်သာရအားဟာ သူ၏ အစစ်အမှန်ချီနှင့် လုံးဝ ပေါင်းစပ်သွားသည်။

“မသေခြင်းကျမ်း(ဆဌမအဆင့် စတစင်ခြင်း ၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- သက်တမ်း ၃၈၀၀နှစ်၊ မူလသန့်စင်သောယန်၊ ချီမျိုးစေ့၊ ကြွက်သားပြန်ထွက်ခြင်း၊ သုံးမှတ်မူလပြန်ခြင်းချ၊ သုံးပါးသော အနှစ်သာရ ပေါင်းစပ်မှု)”

“ဘယ်လောက်စွမ်းအားကြီးတဲ့ အစစ်အမှန်ချီလဲ”

ဟန်ကျောက်ဟာ ညာဘက်လက်ကို ဆန့်လိုက်သည်။ အကြည်ရောင် အစစ်အမှန်ချီလုံး တစ်ခုဟာ သူ၏ လက်ဝါးထဲတွင် စုစည်းလာခဲ့၏။

သူ၏ အစစ်အမှန်ချီတို့ ဆက်တိုက် ဖိစီးကာ သိပ်သည်းလာသည်ဟု ခံစားရသည်။ ရုတ်တရက် ပေါက်ကွဲမှု၏ စွမ်းအားကို အကန့်အသတ်အထိ တိုးမြင့်လာစေ၏။

သူက လေထဲသို့ ညွှန်လိုက်သည်။ ဒေါသရေနဂါး အစစ်အမှန်ချီနှင့် ထုတ်လွှတ်ရသည့် ရေနတ်ဘုရား လက်ချောင်းဟာ သုံးမှတ်မူလပြန်ခြင်းချီနှင့် ထွက်ပေါ်လာပြီး ဆေးလုံးတစ်လုံးအရွယ်ရှိ အစစ်အမှန်ချီဟာ လက်ချောင်းထိပ်တွင် ပေါ်လာပြီး မြင့်မားသည့် အမြန်နှုန်းနှင့် လည်ပတ်နေပါသည်။

“ဘုန်း”

ဟန်ကျောက်၏ နားထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။

ချက်ချင်းပင် နေနတ်ဘုရားလက်ချောင်း အစစ်အမှန်အားဟာ လျှို့ဝှက်ခန်း၏ ထူထဲသည့် နံရံအား ထိမှန်ပြီး အချင်း မီတာဝက်နီးပါးရှိသည့် အပေါက်ကြီးတစ်ခု တစ်ခါတည်း ဖြစ်ပေါ်လာခဲ့သည်။ တစ်မီတာကျော် ထူထဲသည့် ကျောက်နံရံကို ထိုးဖောက်သွား၏။

“ဘယ်လောက် လွန်ကျူးတဲ့ စွမ်းအားလဲ”

ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ဒီနေရာရှိ လျှို့ဝှက်ခန်း၏ ဆောက်လုပ်ခြင်း ပစ္စည်းများဟာ အလွန် ထူးခြားသည်။ ကျောက်နံရံ၏ မာကျောမှုဟာ သတ္တုများနှင့် နှိုင်းယှဉ်နိုင်၏။

ပြီးခဲ့တုန်းက ရှန့်ကွမ်းယွင်ဖေး ရေနတ်ဘုရားလက်ချောင်းကို အသုံးပြုစဉ်တွင် အစစ်အမှန်အား အလုံးဟာ လျှို့ဝှက်ခန်း၏ နံရံတွင် လက်သီးအရွယ် အပေါက်တစ်ခုသာ ဖြစ်ပေါ်စေခဲ့၏။

ဤသည်မှာ ကွာခြားလွန်းလှသည်။

သူ၏ သုံးမှတ်မူလပြန်အားကိုသာ အဆုံးစွန်အထိ မဖိနှိပ်ထားပါက ဒီအကွက်ကို အကွာအဝေး ကပ်လျှပ်တွင် အသုံးပြုသည့်အခါ ဖင်းစုဆောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်၏ ခံနိုင်ရည်ကိုပင် ချက်ချင်း ချိုးဖျက်နိုင်လောက်မှာပါ။

မြွေအဆင့် ကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်ပေါ်ရှိ ချည်နှောင်အားဖြင့် ဖွဲ့စည်းထားသည့် မဖျက်ဆီးနိုင်သည့် မြွေနက်အား ဖျက်ဆီးနိုင်၊ မဖျက်ဆီးနိုင်မှာတော့ တကယ့် အခြေအနေအပေါ်တွင် မူတည်ပါသည်။

All Chapters