အခန်း (၂၆၆)
Vol. 18 Ch. 266
“အရှေ့ဘက် အောင်နိုင်ခြင်း တိုက်ကြီးရှိ ဝိညာဉ်အဆီအနှစ်လုံးကို ရရှိထားကြသည့် ထိပ်တန်း အုပ်စိုးသူ မိသားစုများ၏ မျိုးဆက်များဟာ တစ်ယောက်ပြီးတစ်ယောက် သင်နှင့် မိတ်ဆွေဖွဲ့လာကြသည်”
“သင်သည် အုပ်စိုးသူ မိသားစုများ၏ အထူးဧည့်သည်တော်ကြီး ဖြစ်လာ၏။ အလွန် နာမည်ကြီးလေသည်”
“လိမ်ညာမှုဟာ တစ်နေ့တွင် ပေါ်သွားမှာဖြစ်သည်ကို သင်နားလည်၏။ ထို့ကြောင့် ချီမိသားစုကိုသာ ဖက်တွယ်ထားဆဲ ရှိသည်”
“တူညီသည့် နှစ်တွင်ပင် သင်သည် သိုင်းသူတော်စင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ကာ သင်ကျင့်ကြံခဲ့သည့် သိုင်းပညာများဟာ သက်ဆိုင်ရာ လက်ဆာဒီဗိုင်းစွမ်းအားအဖြစ် ပြောင်းလဲလာကြသည်။ သင်၏ခွန်အားဟာ ကြီးစွာ မြင့်တက်လာ၏။ သို့ပေမယ့် သင်၏ ကျင့်ကြံမှု အမြန်နှုန်းဟာ ကျဆင်းလာခဲ့သည်”
“သင်သည် ချီမိသားစု၏ အဆက်အသွယ်ကို အသုံးပြုကာ ကောင်းကင်နက်နဲခြင်းဂိုဏ်း၏ တယ်လီပို့ အခင်းအကျင်းမှ တစ်ဆင့် ကီလိုမီတာ ၁မီလီယံ အကွာရှိ ဂျမ်ဘူပင်လယ်ကျွန်းများဆီသို့ ထွက်ခွာခဲ့သည်”
“ဒီတစ်ကြိမ်တွင် သင်သည် သန့်စင်မြင့်မြတ်သော ဧကရာဇ်နန်းတော်ကို စတင်ကာ သွားရှာပြီး အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်”
“အသက်၃၁နှစ်တွင် သင်သည် နန်းတော်သခင်၏ ရွေးချယ်ခြင်းကို ခံရ၏။ သူ၏ သမီးဖြစ်သူကို သင်နှင့် လက်ဆတ်ပေးသည်။ မြင့်မြတ်သော ဧကရာဇ်နန်းတော်၏ အရင်းအမြစ်များနှင့် သင်၏ ကျင့်ကြံမှု အမြန်နှုန်းဟာ ကြီးစွာ တိုးတက်လာခဲ့သည်”
“အသက်၃၇နှစ်တွင် သင်သည် ဖင်းခြောက်ဆင့် သိုင်းးသူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သည်။ သင်သည် သုံးမှတ် မူလပြန်ခြင်းအတတ်၊ မူလနေကြယ်ချီ၊ အံ့ဖွယ်သုံးပါးချီနှင့် အဆုံးမဲ့တောင်နှင့်မြစ်များကို လက်ဆာဒီဗိုင်းစွမ်းအား အဖြစ်သို့ ပြောင်းလဲခဲ့သည်”
“ထိုနှစ်တွင်ပင် ချန်ကောင်းကင်နန်းတော်ဟာ ဖွင့်လှစ်လာပြီး နေရာတစ်နေရာ ရရှိရန်အတွက် သင်သည် အဆင့်ဇယားတွင် စတင်မြှင့်တင်သည်”
“သုံးလကြာပြီးနောက် သင်သည် သန့်စင်မြင့်မြတ်သော ဧကရာဇ်နန်းတော်၏ ဆက်ခံသူအဖြစ်နှင့် ချန်ကောင်းကင် နန်းတော်သို့ ဝင်ရောက်ကာ ချီယွင်ထန်၊ ချီရွှမ်မင်၊ လုယင်ရွှမ်း၊ စုထန်ချီတို့နှင့် ပူးပေါင်းခဲ့သည်”
“နောက်ဆုံးတွင် သင်၏ စွမ်းအားကြီးမားသည့် သိုင်းခွန်အားနှင့် အသေးစား ဒဏ်ရာတို့ကိုသာ ရရှိခဲ့ပြီး ချန်ကောင်းကင် အဆီအနှစ်ချီနှင့် အပြင်ဘက်လောက ဆန်းကြယ်ပန်းတို့ကို ရရှိခဲ့သည်”
“သင်သည် သဘောတူညီချက်ကို ဖြည့်ဆည်းကာ ချန်ကောင်းကင် အဆီအနှစ်ချီနှင့် အပြင်ဘက်လောက ဆန်းကြယ်ပန်း အများစုတို့ကို ချီယွင်ထန်အား ပေးခဲ့သည်”
“ချီမိသားစုဟာ ဝူဝူဒီအနေနှင့် ချောင်မိသားစုနှင့် ပူးပေါင်းခြင်း မပြုရန် မျှော်လင့်၏။ သင်က ချက်ချင်းပင် သဘောတူခဲ့သည်”
“ချန်ကောင်းကင်နန်းတော်မှ သင်ထွက်သွားပြီးနောက် သင့်ကို အဆင့်သုံး လက်နက်သခင် တစ်ယောက်က လုပ်ကြံတိုက်ခိုက်ခဲ့သည်”
“ချီချင်းချန်က သင့်ကို ကာကွယ်ကာ ထိုလူကို တွန်းလှန်ခဲ့၏”
“ချန်ကောင်းကင် အဆီအနှစ်ချီနှင့် အပြင်ဘက်လောက ဆန်းကြယ်ပန်းတို့၏ အကူအညီဖြင့် သင်၏ ကျင့်ကြံမှုအမြန်နှုန်းဟာ ကြီးစွာ မြင့်တက်လာခဲ့သည်”
“အသက်၅၀တွင် သင်သည် ဖင်းခုနစ်ဆင့် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သည်”
“အသက်၆၂နှစ်တွင် သင်သည် ဖင်းခုနစ်ဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီး လေ၊ ရေခဲနှင့် မိုးကြိုးတို့ကို စုပ်ယူခဲ့သည်”
“အသက်၇၀တွင် သင်၏ ခန္ဓာကိုယ်ဟာ အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိလပြီဟု ခံစားရ၏။ ဖင်းချီကိုးခုတို့ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိအပြီးတွင် သင်သည် မိုးကြိုးစွမ်းအားကို ဆက်လက်စုပ်ယူမှု မပြုတော့ပဲ တံခါးပိတ်ကျင့်ကြံကာ ဒီဗိုင်းစွမ်းအား အဆင့်သို့ ချိုးဖျက်ရန် ပြုလုပ်သည်”
“အသက်၇၃နှစ်တွင် သုံးနှစ်တာ တံခါးပိတ်ကျင့်ကြံပြီးနောက် သင်သည် အောင်မြင်စွာ အဆင့်ချိုးဖျက်ခဲ့သည်”
“ထိုအချိန်၌ သင်၏ ဒီဗိုင်းစွမ်းအား ကောင်းကင်ကပ်ဘေးဟာ သက်ဆင်းလာခဲ့၏”
“ဒဏ္ဍာရီအရ ဒီဗိုင်းစွမ်းအား ကောင်းကင်ကပ်ဘေးဟာ အလွန်ဆုံး ဒီဗိုင်းကောင်းကင် မိုးကြိုး ၂၇ချက်ကိုသာ ထုတ်လုပ်ပါသည်”
“သင်သည် နည်းလမ်းအားလုံးတို့ကို အသုံးပြုခဲ့၏။ စိတ်ဝိညာဉ်လက်နက်များ ဖြစ်လာပြီးဖြစ်သည့် ကံကြမ္မာဖြတ်တောက်ခြင်းဓါး၊ သက်ခြွေဓါးတို့ဟာ ကောင်းကင်မိုးကြိုးကြောင့် ပျက်စီးကုန်ကြသည်”
“ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးတော့မည့် အချိန်တွင် သင်သည် ၂၇ချက်မြောက် မိုးကြိုးပစ်ချက်ကို နောက်ဆုံးတွင် တောင့်ခံနိုင်ခဲ့သည်။”
“ထိုအချိန်၌ နောက်ထပ် ခရမ်းရောင် ကောင်းကင်ဒီဗိုင်း မိုးကြိုးဟာ ကောင်းကင်ပေါ်၌ ပေါ်လာခဲ့၏”
“သင်သည် နေရာမှာတင် သေဆုံးကာ ဝိညာဉ်ဟာ ပျောက်ကွယ်သွားခဲ့သည်”
“ဒါစောက်အဓိပ္ပာယ်မရှိတော့ဘူးဟျောင်”
အစမ်းရှင်သန်မှုရှိ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်ဟာ မနေနိုင်ပဲ နေရာမှာတင် ကျိန်ဆဲမိသည်။ လောကကြီးတွင် ထိုမျှအထိ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ယောက်ကို ပေါ်လာခွင့် မပြုသည်လား။
ကျီပိုင်ဝေ၏ စကားအရ အုပ်စိုးသူ မိသားစု မျိုးဆက်များ မြွေအဆင့်ကိုးသို့ ရောက်ရှိသောအခါ သူတို့၏ ဝိညာဉ်များသာ လုံလောက်အောင် သန်မာပါက ဒီဗိုင်းလက်နက်၏ အသိအမှတ်ပြုခြင်းကို ခံကြရသည်။ သူတို့ဟာ အစစ်အမှန် လက်နက်သခင်များ ဖြစ်လာနိုင်ကြ၏။
ဖြစ်စဉ်က အန္တရာယ်များပေမယ့် အချိန်အများစုတွင် သူတို့ဟာ ဒဏ်ရာအပြင်းအထန် ရသည်သာ ရှိပါသည်။ သေစေနိုင်သည့် ဖြစ်နိုင်ချေဟာ အလွန် နိမ့်ပါး၏။
ဒီဗိုင်းစွမ်းအား အဆင့်သို့ ချိုးဖျက်နိုင်ရန်အတွက် ကောင်းကင်ကပ်ဘေးကို ချိုးဖျက်ရသည်မှာပင် အလွန် အံ့ဩစရာ ကောင်းနေပြီး ဖြစ်၏။ အဘယ်ကြောင့် သီအိုရီအတိုင်း ရှိသည့် အလွန်ဆုံး မိုးကြိုး၂၇ချက်ဟာ သူ့အလှည့်တွင် ပိုမိုများပြားလာရသနည်း။
‘ဖြစ်နိုင်တာက ဖင်းခုနစ်အဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့် အပြီးမှာ လေနဲ့မိုးကြိုး စွမ်းအားကို စုစည်းလို့များလား’
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
“ထားလိုက်ပါတော။ ငါဆက်ပြီး မတွေးတော့ဘူး။ အခုက အဲ့အဆင့်နဲ့ အဝေးကြီး လိုသေးတာကို”
ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ အဓိပ္ပာယ်မရှိသည့် ကိစ္စများကို မစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီအစမ်းရှင်သန်ခြင်းရှိ အချက်အလက်များ အားလုံးဟာ သူ့အတွက် အသုံးဝင်ခဲ့ပါသည်။
ဝိညာဉ်အဆီအနှစ်လုံး၏ လျှို့ဝှက်ချက်များကို နားလည်သွားခဲ့သည်။ ထို့ကြောင့် ၎င်းနှင့် အကျိုးအမြတ်များ မည်ကဲ့သို့အများဆုံး ရရှိစေရန်အသုံးပြုပုံကို ထောက်ပံ့ပေးခဲ့၏။
ဒီဝိညာဉ်အဆီနှစ်လုံးဟာ တကယ်တော့ သော့တစ်ချောင်းသာ ဖြစ်၏။ ထို့အပြင် မိတ်ဆွေဖွဲ့နိုင်သည့် လုပ်ဆောင်ချက်လည်း ပါရှိသည်။
“နေပါဦး.. တကယ့်ပြင်ပမှာ ကောင်းကင်ကပ်ဘေးကို ခုခံနိုင်မယ့် ပါရမီတစ်ခုခု ငါရလာရင်ရော။ ဆိုလိုတာက လောကကြီးက ငါ့ကို ပစ်မှတ်ထားရင်တောင် အသုံးမဝင်ဘူးလား”
ဟန်ကျောက်ဟာ ရုတ်တရက် တုံ့ပြန်လာခဲ့သည်။
အံ့ဖွယ်သုံးပါး မူလပြန်ခြင်း ပါရမီဟာ သစ်သား၊ ရေခဲနှင့် မိုးကြိုးစွမ်းအားတို့ကို ပြောင်းလဲနိုင်၏။ ပါရမီ၏ အမြင့်ဆုံး အကန့်အသတ်မှာ ပလက်တီနမ်အဆင့်အထိ မြင့်မား၏။ နောင်တွင် ထိုကဲ့သို့ ပါရမီမျိုး ရောက်ရှိလာနိုင်သေးသည်။
ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ ဝမ်းသာသွားပြီး စနစ်မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်သည်။
“သင်၏ အစမ်းရှင်သန်မှု ပြီးဆုံးသည။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”
“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်များ ရယူပါ”
“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ၁၈၀၀လျန်”
ဟန်ကျောက်ဟာ နံပါတ်၂နှင့် နံပါတ်၃ကို ကြည့်ကာ တုံ့ဆိုင်းသွားသည်။ ယခုအချန်၌ သူသည် အစမ်းရှင်သန်ခြင်း အတွင်း၌ ဝိညာဉ်အဆီအနှစ်လုံး အန္တရာယ်အား မည်ကဲသို့ ရှောင်ရှားရမည်ကို သိရှိပြီး ဖြစ်သည်။ မှတ်ဉာဏ်များကို ရွေးချယ်ရန်အတွက် အလျှင်လိုနေစရာ မလိုပါ။
အဓိကအချက်မှာ သူ၏ လက်ရှိခွန်အားကို မြှင့်တင်ရန် ဖြစ်၏။ ပိုမိုကြီးမားသည့် ခွန်အားတို့ ပိုင်ဆိုင်လေလေ အန္တရာယ်ကို ရင်ဆိုင်ရာ၌ ပိုမိုလုံခြုံလေလေ ဖြစ်သည်။
“နံပါတ်၂”
“စွမ်းရည်မှတ် +၈၀”
ဟန်ကျောက်ဟာ လက်ရှိ သူကျင့်ကြံနေသည့် အစစ်အမှန်ချီ ကျင့်စဉ် သုံးခုတို့ကို ကြည့်သည်။
“ဒေါသရေနဂါး အစစ်အမှန်အတတ်(တတိယအဆင့် ပြီးပြည့်စုံခြင်း ၁၃%၊ အဆင့်မြှင့်တင်နိုင်)”
“သက်ရှည်ကျမ်း(ပဥ္စမအဆင့် အကြီးစားကျွမ်းကျင်မှု ၅၈%၊ အဆင့်မြှင့်တင်နိုင်)”
“ဗာဂျရာအတတ်(တတိယအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ အဆင့်မြှင့်တင်နိုင်)”
“ဒေါသရေနဂါး အစစ်အမှန်အတတ်က ရေနဂါး အသွင်ပြောင်းခြင်းနဲ့ သက်ဆိုင်နေတယ်။ ဒါပေမယ့် ငါ့မှာ ရေနဂါးအသွင်ပြောင်းခြင်းကို ကျင့်ကြံဖို့ အခြေခံလိုအပ်ချက်တွေကို မပြည့်မှီသေးဘူး။ စတုတ္ထအဆင့်ကို ရောက်အောင် အမှတ်တွေ ထည့်ပေါင်းလိုက်ရင်တောင် ဘာအဓိပ္ပာယ်မှ ရှိမယ့်ပုံ မရဘူး”
“သက်ရှည်ကျမ်းရဲ့ အထူးသက်ရောက်မှုက အဓိကအားဖြင့် သက်တမ်းကို တိုးမြှင့်ပေးပြီး ဒဏ်ရာတွေကို ပျောက်ကင်းစေတယ်။ ထူးခြားမှု သတ္တဝါတွေ၊ နတ်ဆိုးတွေ အတွက်ဆို စွမ်းအားက မဆိုးဘူး။ ဒါပေမယ့် သာမန် သိုင်းသမားတွေအတွက်ဆို နည်းနည်း သာမာန်ကျလွန်းတယ်”
“ဗာဂျရာအတတ်က အစွမ်းထက်ဆုံးပဲ။ ဒါပေမယ့် ငါ့မှာ စတုတ္ထအဆင့် ကျင့်စဉ် မရှိဘူး။ ဒီလို ဒီဗိုင်းအတတ် တစ်ခုရဲ့ အခြေခံကျင့်စဉ်က မြှင့်တင်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ အဲ့ဒီအပြင် ဗာဂျရာအတတ်က မူလလမ်းကြောင်းကနေ သွေဖယ်နေပြီးပြီ..”
ဟန်ကျောက်က ခဏတာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချသည်။
“အရင်ဆုံး သုံးမှတ်မူလပြန်ခြင်း အတတ်ကို ဖန်တီးပြီး ငါ့ရဲ့ သက်လုံကို တိုးမြင့်အောင် လုပ်ရမယ်”