Chapters

အခန်း (၉၀)

Vol. 6 Ch. 90

အခန်း (၉၀)

Vol. 6 Ch. 90

“ ကျောက်တွင်းက တပတ်အတွင်း ဖွင့်မယ်လို့ ငါကြားတယ် ဟုန်မိသားစုက အဲ့အတွက်လိုအပ်တဲ့ ပညာရှင်ကိုဖိတ်ပြီးပြီတဲ့”

မော့ပေရဲ့စကားကိုကြားတော့ ပိုင်လင်းခေါင်းညိတ်ပြလိုက်တယ်။

“ဒါဆို သိပ်မလိုတော့ဘူးပဲ ငါတို့ရုပ်ဖျက်ပြီး ဝင်သွားကြမယ် ဒါပေမယ့် အန္တရာယ်ရှိနိုင်လို့ အနောက်နားကပဲ လိုက်ကြတာပေါ့”

ပိုင်လင်းရဲ့စကားကို မော့ပေနဲ့ချန်ဟယ်က သဘောတူကြတယ်။

ထိုအချိန် လင်းအိမ်တော်တနေရာမှာတော့ လင်းပင်ချန် လင်းတုန်နဲ့ အကြီးအကဲအချို့ စုဝေးနေကြတယ်။

အကြီးအကဲတဦးက

“ဟိုမိန်းခလေးရောက်လာတာက သိပ်မရိုးဘူး သူတို့တခုခုများ သိထားနိုင်လား”

ထိုအကြီးအကဲရဲ့စကားကို တခြားအကြီးအကဲတဦးက

“မဖြစ်နိုင်ဘူး ကျုပ်တို့အကုန်စီစဥ်ထားတာ လုံးဝပိပိရိရိပဲ သူမရောက်လာတာ တခြားကိစ္စဖြစ်မယ်လို့ ကျုပ်ထင်တယ်”

လင်းပင်ချန်က ငြင်းခုန်နေတဲ့ အကြီးအကဲနှစ်ဦးကို အသာကြည့်နေတယ်။

“အဖေ သူမရောက်လာတာက အဖေနဲ့ဟုန်မိသားစုတို့ စီစဥ်ထားတဲ့ကိစ္စကို ပျက်သွားစေနိုင်လား”

လင်းတုန်ရဲ့စကားကိုကြားတော့ လင်းပင်ချန်က မျက်နှာရှုံ့မဲ့သွားပြီး

“သူမအတွက်နဲ့လား အကြောင်းမရှိဘူးငါ့သား သူမက သေးငယ်တဲ့မြို့လေးက ပါရမီရှင်တဦးသာသာပဲ ပြီးတော့ငါတို့အစီစဥ် တခုလုံးကိုဖျက်နိုင်တဲ့အထိ သူမမှာဘာအစွမ်းမှ ရှိမနေဘူး”

“ဒါတော့ဟုတ်ပါတယ် ဒါပေမယ့် အဖိုးနဲ့တွေ့သွားတယ်လို့ ကျတော်ကြားတယ် အဲ့ဒါ”

“တုန်အာ မင်းဘာတွေစိတ်ပူနေတာလဲ ဒီကျောက်တွင်းကိစ္စပြီးရင် လင်းအိမ်တော်တခုလုံးကို အဖေရပြီလေ အိမ်တော်ရဲ့ပိုင်ဆိုင်မှုကတော့ ဟမ့် အဖိုးကြီးဒီထက်ပို ခေါင်းမမာဖို့ပဲ ငါမျှော်လင့်တယ်”

“အဖိုးဆီက ခုထိ တံဆိပ်တုံးမရသေးဘူးလား အဒေါ်လင်းကို အန္တရာယ်မပေးဖို့ အဖေသဘောတူထားတာက လုံလောက်နေပြီလေ သူကဘာတွေထပ်မျှော်လင့် နေသေးတာလဲ”

လင်းတုန်ရဲ့စကားအဆုံးမှာ လင်းပင်ချန်က ခေါင်းယမ်းလိုက်ပြီး ပြောတယ်။

“အဖိုးကြီးက သူ့သမီးမိသားစုကို ကာကွယ်ပေးချင်နေတာ ဒါကြောင့် အဖေနဲ့သဘောတူညီမှုယူပြီး အချိန်တခုအကြာ ရောက်မှ တံဆိပ်တုံးကိုပေးလိမ့်မယ် အဲ့မတိုင်ခင်ထိ အဖေကမင်းအဒေါ်ကို ထိခွင့်မရှိဘူး”

“တံ ဆိပ်တုံးရပြီးရင်ကော”

လင်းတုန်က သူ့အဖေအကြောင်းကိုသိနေတာကြောင့် ထိုမေးခွန်းကိုမေးလိုက်ရပေမယ့် အဖြေကိုသူ သိနေခဲ့ပါပြီ။

“အဖြေရှိပြီးသားကို မမေးစမ်းနဲ့”

လင်းပင်ချန်က ဆက်ပြောတယ်။

“မင်းရဲ့လူတွေလွှတ်ပြီး သူမကိုစောင့်ကြည့်ခိုင်ထားလိုက် သူမတခုခုမလုပ်စေနဲ့”

လင်းတုန်လည်း ခေါင်းညိတ်ပြပြီး ခန်းမထဲက ထွက်သွားတယ်။ ထိုအချိန် လင်းပင်ချန်က အကြီးအကဲတွေကို ပြောတယ်။

“အကြီးအကဲတွေအနေနဲ့ ဒီကိစ္စဘယ်လောက် အရေးကြီးတယ်ဆိုတာ သိကြမှာပါ ဒါကြောင့် လုံးဝမပေါ့ဆကြနဲ့ နောက်ပြီး လင်းအဖိုးကြီးကိုလည်း ဆက်ပြီးစောင့်ကြည့်ထားကြ ကိစ္စတွေအားလုံးပြီးတာနဲ့ သူ့နဲ့ကိစ္စထပ်ရှင်းကြတာပေါ့”

“ကောင်းပါပြီ”

အကုန်လုံးက ခေါင်းညိတ်ပြလိုက်ကြတယ်။ လင်းမိသားစုအနာဂတ်ကို လင်းပင်ချန် ချုပ်ကိုင်လိုက်တာက သေချာသလောက် ရှိနေပါပြီ။ ဒီအတွက် လင်းပင်ချန်သာ ဟုန်မိသားစုနဲ့ ပူးပေါင်းရာက အကျိုးမြတ်တွေ ရရှိပြီး မိသားစုခေါင်းဆောင်ဖြစ်ခဲ့ရင် သူတို့ရဲ့အနာဂတ်ကလည်း သာယာသွားကြတော့မှာပါ။

…………………………………………………

စာစဥ်၆ ပြီး၏