← Chapters

အခန်း (၇၆)

Vol. 6 Ch. 76

အခန်း (၇၆)

Vol. 6 Ch. 76

ခန်းမကျယ်တခုလုံး သွေးမြူတွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီး အော်ဟစ်သံတွေနဲ့ ထိတ်လန့်ဖွယ်ရာ ကောင်းနေခဲ့တယ်။ ချန်ရှင်းက ပိုင်လင်းရဲ့လက်မောင်းကို ဆုပ်ကိုင်ထားနေပြီး တဖက်မှာလည်း ချန်ထန်း တစ်​ယောက် ချန်ဟယ်နဲ့ လင်းချင်းကျူကို ဆွဲထုတ်ဖို့ ကြိုးစားနေရတယ်။

အခြားအင်အားစုတွေလည်း သလင်းကျောက် ကောက်ယူတာထက် အသက်ကိုတောင် ရုန်းကန်းနေရပြီး အခြေနေက ရှုပ်ထွေးနေတယ်

ချူကျန်းရှန်က

“ကေျာချင်းကပ်ထားကြ စိတ်ဖောက်သွားတဲ့သူ မှန်သမျှ သတ်ပစ်”

ချူကျန်းရှန်ရဲ့စကားက ရက်စက်ပေမယ့် အဲ့နည်းကလွဲပြီး သူတို့မှာရွေးချယ်စရာမရှိဘူး အဆင့်၂ နဲ့အထက်တွေသာ သွေးမြူကို တောင့်ခံနိုင်တာဖြစ်ပြီး ခေါင်းဆောင်တွေကလဲ သူတို့ရဲ့ပါရမီရှင်တွေကို ကာကွယ်နေရတာကြောင့် လူတိုင်းကို မကာကွယ်ပေးနိုင်ကြပါဘူး။

“ဘိုးဘေးတွေကို ဆက်သွယ်ကြမလား”

မြို့မသခင်က တိုက်ခိုက်နေရင်း မေးတယ်။ စုလဲ့က

“ကောင်းတယ် ဘိုးဘေးတွေရောက်လာရင် ငါတို့ကိုကယ်ထုတ်ဖို့ နည်းလမ်းရှိမှာပဲ”

စုလဲ့စကားကိုကြားတာနဲ့ အသီးသီးက ဆက်သွယ်ရေးအဆောင်ကို ထုတ်ယူလိုက်ပြီး ဘိုးဘေးတွေကို ခေါ်ဖို့လုပ်ဆောင်ကြတယ်။

သွေးမြူတွေကြားထဲမှာ ဆက်သွယ်ရေး အဆောင်တွေ လွင့်ပျံပြီး အရောင်ဝါတွေ ထွက်နေပေမယ့် အသုံးမဝင်ပါဘူး။

“ဘာလို့လဲ”

ချူကျန်းရှန်တယောက် စိတ်ပျက်သွားတယ်။ အဆောင်တွေက ခန်းမရဲ့လေဟာနယ်ထဲက အပြင်ကိုရောက်မသွားပါဘူး။ တခြားခေါင်း​ဆေင်တွေလည်း မျက်နှာပျက်နေကြပြီး အခြေနေက အုပ်စုလိုက် အဆုံးသတ်တော့မယ့် လက္ခဏာပါ။

“ငါတို့ ဘာဆက်လုပ်ကြမလဲ”

ဇောင်မိသားစုခေါင်းဆောင်က ချန်ထန်းကိုမေး လာတယ်။ အခြားခေါင်းဆောင်တွေကလည်း ချန်ထန်းကိုကြည့်နေကြပြီး တစုံတရာကို မျှော်လင့်နေပုံရတယ်။

“ကျုပ်မှာနည်းလမ်းမရှိဘူး ဒီမြူတွေပျောက်တဲ့ အထိတောင့်ခံရမှာပဲ”

တိုက်ပွဲက ပိုဆိုးရွားလာပြီး သွေးမြူထိန်းချုပ်ခံ ထားရတဲ့သူတွေက ပိုပြီးကြမ်းတမ်းလာတယ်။ ပြီးတော့ သနားစရာကောင်းတာက အမျိုးသမီး ကျင့်ကြံသူတွေကို မြေပေါ်ဆွဲလှဲပြီး အဓမ္မဝိုင်းကျင့်ကြတာပဲ။

ဒါက Group Sex ကြီးလားဟ။ ပိုင်လင်းတစ်ယောက် သူတို့အဖွဲ့ဆီ တိုးဝင်လာတဲ့ လူတွေကို ခုခံရင်းတွေးမိသွားတယ်။ အခြေနေက မြင်ရက်စရာတောင် မရှိတော့ဘူး။ အချိန်အတော်ကြာလာတာနဲ့အမျှ ထိပ်တန်းကျင့်ကြံသူတွေလည်း လက်ပန်းကျလာနိုင်ပြီး ထိန်းချုပ်ခံရတော့မှာပါ

“ငါခံစားနေရတာ မှန်နေတာပဲ”

ချီယောင့်အသံက ထွက်ပေါ်လာတယ်။ ပိုင်လင်းက

“အခုချိန်မှာ အဲ့ဒါတွေမပြောပဲ နည်းလမ်းတခုခု ပြောပါလား”

“မရှိဘူး ငါ့အထင်တော့ သိပ်မကြာခင်မှာ မြူတွေပျောက်ပြီး အဓိကအန္တရာယ်ပေါ်လာဖို့ ရှိတယ်”

“အဓိကအန္တရာယ်လား”

ပိုင်လင်းတယောက် တုန်လှုပ်သွားတယ်။ မြူတွေနဲ့တင် လူအုပ်ရဲ့ ၇၅ ရာခိုင်နှုန်းလောက် ထိခိုက်နေပြီလေ။ ဘာအကောင်ကြီး ထပ်ပေါ်လာဦးမှာလဲ နတ်ဆိုးလား။

ချန်ထန်းကို ကူညီဖို့ မော့ပေတို့က ပြေးသွားပြီး ကာကွယ်ပေးကြတယ်။ ပိုင်လင်းလည်း တဖြေးဖြေး ဖိအားများလာပြီး တဖက်မှာချန်ရှင်းကို ကာကွယ်နေရတာကြောင့် တိုက်ခိုက်ရတာက မလွတ်လပ်ပါဘူး။

ဝုန်း…

မြို့မသခင်လေးလည်း တိုက်ခိုက်မှုကြောင့် လွင့်စင်သွားတယ်။ သူ့တကိုယ်လုံးမှာလည်း ဒဏ်ရာတွေက မြင်မကောင်းအောင်ဖြစ်နေပြီး ဒဏ်ရာကနေ မဲနက်တဲ့ အငွေ့သက်တွေ စိမ့်ထွက်နေတယ်။

“နတ်ဆိုးချီတွေပဲ အကုန်လုံးသတိထားကြ”

ချန်ထန်းရဲ့ အော်သံကြောင့် အကုန်လုံးက ဒဏ်ရာမရအောင် ပိုဂရုစိုက်လာကြပြီး အပြင်းအထန် ခုခံကြတော့တယ်။ ဒါပေမယ့် ထိပ်တန်းကျင့်ကြံသူတွေတောင် ထိတ်လန့်နေတဲ့ အခြေနေမှာ အမှားများနေပြီး တဖက်က အရေတွက်များတဲ့ ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဒုက္ခရောက်တော့တာပဲ။

ထိုအချိန်မှာ မြေပြင်က ပြင်းပြင်းထန်ထန်ပဲ တုန်ခါလာတယ်။ ပြီးတော့ အက်ကွဲကြောင်းတွေ ထလာပြီး သွေးမြူတွေက အက်ကွဲကြောင်းထဲ ပြန်တိုးဝင်သွားတယ်။

“ဘာဖြစ်တာလဲ အောက်မှာတခုခုရှိနေတာလား”

အကုန်လုံးရဲ့အကြည့်က ကျယ်ပြန့်လာတဲ့ အက်ကွဲကြောင်းကြီးကို ကြည့်နေစဥ်မှာပဲ အက်ကွဲကြောင်းထဲကနေ ကြီးမားတဲ့ဦးခေါင်းကြီးတခု ထွက်ပေါ်လာပြီး တဆက်တည်းမှာပဲ မီတာ၅၀ နီးပါးကြီးမားတဲ့ အကောင်ကြီးတကောင် ပေါ်လာတော့တယ်။

အကောင်ကြီးက ခန္ဓာကိုယ်ကြီးမားပြီး ဦးခေါင်းထိပ်မှာလည်း ထက်ရှတဲ့ ဦးချိုတခုနဲ့ လက်တံတွေက ဓားမော့တွေလို ကွေးနေပြီး ခုတ်ပိုင်းလို့ရတဲ့ လက်နက်နဲ့ ဆင်တူနေတယ်။ တကိုယ်လုံးနီရဲနေတာ သွေးမြူတွေပြန်တိုးဝင် နေတဲ့လက္ခဏာ ဖြစ်ပြီး ပေါ်လာချင်းမှာပဲ ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

“ဟားးးဟားး”

“နတ်ဆိုးချိတ်ပိတ်ထားကနေ လွတ်သွားခဲ့တာလား”

ပိုင်လင်းရဲ့စကားကိုကြားတော့ ချီယောင်က

“မဟုတ်ဘူး အစောတည်းက သူလွတ်နေတာ နင်တို့အားနည်းမှ ထွက်လာတာလေ”

ဒါကျ အရမ်းဉာဏ်ကောင်းလွန်းသွားပြီ။

လူအုပ်ကြီးကတော့ လူတစုသာသာပဲ ကျန်နေပြီး ထိုအထဲမှာ အဆင့်၁ ကျင့်ကြံသူအချို့ ပြီးတော့ ခေါင်းဆောင်နဲ့ သူတို့ကာကွယ်ပေးထားတဲ့ ပါရမီရှင်သခင်လေး စသည်တို့သာ ကျန်ရစ်ကြတယ်။ မြိူ့မသခင်လေးကတော့ ကံဆိုးစွာနဲ့ ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်နေတယ်။

……………………………………………….

All Chapters