အခန်း (၇၇)
Vol. 6 Ch. 77
“သေးနှုတ်တဲ့လူသားတွေ ဟားးးဟားး”
အကုန်လုံးက နတ်ဆိုးကောင်ကြီးကို မော့ကြည့် နေကြပြီး တုန်လှုပ်နေကြတယ်။ ကံကောင်းပြီး သွေးမြူကနေလွတ်ပေမယ့် ကံဆိုးပြီးတော့ တကယ့်အန္တရာယ်နဲ့မှ ထပ်ဆုံရတာပါ။ သူတို့မှာ ပြေးစရာလမ်းမရှိတော့ပါဘူး။
“သိုင်းဘုရင်အဆင့် နတ်ဆိုးပဲ”
ချီယောင့်စကားကြားတော့ ပိုင်လင်းလည်း အလေးနက်ဖြစ်သွားတယ်။ နတ်ဆိုးက သိုင်းဘုရင်အဆင့်တဲ့လား။
“ဟုတ်တယ် သိုင်းဘုရင်အဆင့်ရောက်နေပေမဲ့ ခွန်အားကတော့ အရမ်းအားနည်းပြီး သိုင်းသခင်အဆင့် အလယ်အလတ်မှာပဲ ရှိသေးတယ် နင်တို့တွေစုပေါင်းပြီး ရင်ဆိုင်နိုင်တယ်”
“စုပေါင်းဖို့ ဟုတ်လား ဒီမြေခွေးအိုတွေနဲ့လေ”
ပိုင်လင်းက အခြေနေစုတ်ပြတ်နေတဲ့ ခေါင်းဆေင်တစုကို ကြည့်ပြီး တည်ငြိမ်နေတယ်။ စစ်သားတယောက်ရဲ့ အသိက အန္တရာယ်များလေ တည်ငြိမ်လေဖြစ်ပြီး ဒီခြေနေမှာ သူ့အသက်ကို ကာကွယ်ချင်ရင် သူလည်းပါဝင်တိုက်ခိုက်ရ တော့မှာပါ။
“နတ်ဆိုးကောင် မင်းဘယ်လိုလုပ် ဒီမှာရှိနေတာလဲ”
ချူကျန်းရှန်ရဲ့အမေးကို နတ်ဆိုးက
“ငါလား မင်းတို့ကိုစောင့်နေတာလေ”
“ဒါဆို ဒီကျောက်တွင်းက..”
စုလဲ့ တစ္ဆေဂိုဏ်းချုပ် ပန်းတရာဂိုဏ်းချုပ် ချန်ထန်း မြို့မသခင် ထန်းမိသားစုခေါင်းဆောင်နဲ့ အခြားခေါင်းဆောင်တွေလည်း အခုမှဒါကြီးက ထောင်ခြောက်တခုဖြစ်မှန်း ရိပ်မိသွားကြတယ်။
“အစာလေးတွေ မရုန်းကန်နဲ့တော့ မင်းတို့ကို ဝါးမြိုပြီးရင် ငါ့ခွန်အားတွေ တိုးလာနိုင်ပြီ”
နတ်ဆိုးက ထိုသို့ပြောပြီး အနီးဆုံးမှာရှိနေတဲ့ အဆင့်၁ ကျင့်ကြံသူတဦးကို ကြီးမားတဲ့လက်ကြီးနဲ့ ဖမ်းဆုပ်လိုက်တယ်။
အားး ကယ်ကြပါဦး
သိုင်းသခင်အလယ်ဆင့်ခွန်အားက နောက်လို့ မရပါဘူး။ သာမန်သိုင်းသခင်တွေတောင် ဖိအားဖြစ်နေချိန်မှာ အဆင့်တစ်က ရှောင်နိုင်မယ်တဲ့လား။
နတ်ဆိုးကထိုသူရဲ့ သွေးစွမ်းအင်ကို စုပ်ယူလိုက်တယ်။ မျက်စိတမှိတ်အတွင်းမှာပဲ ခြောက်သွေ့တဲ့ အလောင်းကောင်ကြီးဖြစ်သွား ခဲ့ရပြီး ပြန်ပြုတ်ကျလာတယ်။
ဟာ
အားလုံးတိတ်ဆိတ်… ပြီးတော့ ကျယ်လောင်တဲ့ နှလုံးခုန်သံတွေ တဒိတ်ဒိတ်..
“တိုက်ကြ”
ဒါက ထိပ်တန်းကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်ပဲ။ အခြေနေကို ဘယ်တော့မှ ထိန်းချုပ်ခွင့်မပြုဘူး ဒီတိုင်းသာ တယောက်ချင်းစီကို နတ်ဆိုးဝါးမြိုဖို့ ခွင့်ပြုနေရင် သူတို့ရဲ့စိတ်တွေ ပြိုလဲသွားရမှာပါ။ ဒီအတွက် ခွန်အားကွာဟလဲ တိုက်ခိုက်ရင်း သေဆုံးဖို့ကိုသာ ရွေးချယ်ပါလိမ့်မယ်။
“ချင်းကျူ သမီးတွေကို ဂရုစိုက်”
ချန်ထန်းက ထိုသို့ပြောပြီးတာနဲ့ အစောင့်ရှောက် ၅ဦးနဲ့အတူ တိုက်ပွဲထဲ တိုးဝင်သွားတယ်။
“မြေကမ္ဘာလှောင်အိမ်”
“မိုးမြေ မီးလျှံ”
“ သွေးဓား တတိယဓားကွက်”
ထိပ်တန်းကျင့်ကြံသူတွေရဲ့ ထိပ်တန်းသိုင်းကွက်တွေက ကြီးမားတဲ့နတ်ဆိုး ခန္ဓာကိုယ်ကြီးကို ထိမှန်ကုန်တယ်။
ဝုန်း…
“ဟားးဟားး ဒီအစွမ်းလေးတွေနဲ့”
ပိုင်လင်းက မော့ပေနဲ့ လျှိုချင်းဖုန်းတို့ကို တချက်ကြည့်ပြီး အခြေနေစောင့်ကြည့်ကြဖို့ သတိပေးလိုက်တယ်။ ပြီးနောက် သူကိုယ်တိုင်လည်း တိုက်ပွဲထဲ တိုးဝင်သွားတယ်။
“အစ်ကိုပိုင်”
“သခင်လေးပိုင်”
ချန်ဟယ်နဲ့ ချန်ရှင်းတို့က စိတ်လှုပ်ရှားစွာနဲ့ အော်ခေါ်လိုက်ကြတယ်။ သူမတို့သိထားတာက ပိုင်လင်းရဲ့ ကျင့်ကြံဆင့်က အဆင့်၃ နှောင်းပိုင်းပဲ ရှိနေတာပါ။ ဒီအတွက် သိုင်းသခင်အဆင့် တိုက်ပွဲမှာ ဝင်ပါတာက သူ့အတွက် အန္တရာယ်များပါတယ်။
နတ်ဆိုးက ခန္ဓာကိုယ်ကြီးကို လှုပ်ယမ်းလိုက်တယ်။ သွေးမြူတွေက ကြီးမားတဲ့ သံချပ်ကာကြီးလို အထပ်ထပ်ပေါ်လာပြီး တိုက်ခိုက်မှုတွေကို လုံးဝ ကာကွယ်သွားတယ်။
“ရာရှာ နတ်ဆိုးခန္ဓာ ပထမအဆင့်”
“ဘာ”
ချီယောင့်အသံက ပေါ်လာတယ်။
“ဟုတ်တယ် ထိပ်တန်း၃ခုထဲက ရွှေခန္ဓာကိုယ်ကို ယှဥ်နိုင်တဲ့ ခန္ဓာကိုယ်တခုပဲ”
ပိုင်လင်းတယောက် တုန့်ခနဲ ဖြစ်သွားချိန်မှာပဲ နတ်ဆိုးရဲ့ ဓားမော့အသွားလို ဖြစ်နေတဲ့လက်နှစ်ဖက်က ဘယ်ညာဝေ့ယမ်း လိုက်တယ်။
“မကောင်းတော့ဘူး”
ချူကျန်းရှန်တယောက် ထိတ်ခနဲ ဖြစ်သွားပြီး တိုးဝင်လာတဲ့ တိုက်ခိုက်ချက်ကို အလျင်မြန် ရှောင်တိမ်းဖို့ ကြိုးစားလိုက်တယ်။ နတ်ဆိုးက ခန္ဓာကိုယ်နဲ့ မလိုက်အောင် သန်မာမြန်ဆန်ပြီး တိုက်ခိုက်ချက်တခုက လေထုကို လှိုင်းထသွား စေတယ်။ ပြီးတော့ စွမ်းအင်လှိုင်းလုံးတွေက သိုင်းသခင်တဝက်အဆင့် ကျင့်ကြံသူတွေရဲ့ ရင်ဘတ်ကို ဆယ်ပေါင်တူနဲ့ ထုချလိုက်တဲ့အလား ရိုက်ချသွားတယ်။
ဝုန်း
အင့်
အစောင့်ရှောက်၅ဦး ပြီးတော့ တခြားအင်အားစု အသီးသီးက သိုင်းသခင်တဝက်အဆင့်တွေ အကုန်လုံး ပေအတော်များများ လွင့်ထွက်ပြီး သွေးပွက်ပွက်အန်သွားရတယ်။ သိုင်းသခင်အဆင့်တွေက ထိုလောက်အခြေနေ မဆိုးပေမယ့် သိပ်တော့မဟန်လှဘူး။
ပိုင်လင်းက လျှပ်စီးခြေလှမ်းကို သုံးပြီး နတ်ဆိုးနဲ့အနီးဆုံးနေရာကို တိုးဝင်သွားတယ်။ ရုပ်ပိုင်းဆိုင်ရာသန်မာတဲ့ နတ်ဆိုးကို သူ့ရဲ့တတိယအဆင့် ရုပ်ပိုင်းဆိုင်ရာသန်မာမှုနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတာပါ။
“ကောင်လေးပိုင် နောက်ပြန်ဆုတ်”
ချန်ထန်းက ဟန်ချက်ထိန်းရင်း လှမ်းအော်တယ် ပိုင်လင်းကတော့ အနီးဆုံးနေရာထိ တိုးကပ်ပြီး တိုက်ခိုက်ဖို့ စဥ်းစားထားတာကြောင့် ဆက်ပြီး တိုးကပ်သွားနေတုန်းပဲ။
ပိုင်လင်းတိုးဝင်လာတာကိုတွေ့တဲ့ နတ်ဆိုးက ဓားမော့ပုံစံလက်တဖက်ကို လက်သီးပုံစံပြောင်း လိုက်ပြီး ထိုးချတယ်။
“ငါလိုချင်တာ ဒါပဲ စမ်းကြည့်တာပေါ့”
ပိုင်လင်းတယောက် လက်သီးချက်ကို မရှောင်ပဲ သူ့ရဲ့လက်သီးနဲ့ ထိပ်တိုက်တွေ့စေတယ်။
အုန်း…
ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုက ခန်းမကျယ်ရဲ့ မီတာ ၁၀၀၀ ပတ်ပတ်လည်ကို ကျိုးကြေသွား စေပြီး ပိုင်လင်းနဲ့အတူ အကုန်လုံး လွင့်စင်ထွက် သွားတယ်။
အွတ်!
ပိုင်လင်းတယောက် သွေးတပွက်အန်လိုက်ပြီး မြေပေါ်ပြုတ်ကျသွားတယ်။
“ဒီလောက်နဲ့မရဘူး ရုပ်ခန္ဓာကို အမြင့်ဆုံထိ ဆွဲတင်ထားလိုက် သူ့ရဲ့အားနည်းချက်ကို ငါရှာပေးမယ် နောက်ပြီး မသေစေနဲ့ ဒီတိုက်ပွဲက နင့်အတွက် အကျိုးရှိတယ်”
ပိုင်လင်းလည်း ချီယောင်ကို ပြန်မငြင်းတော့ပဲ နောက်တကြိမ် တိုက်ခိုက်ဖို့ ပြင်တယ်။
“ဗုဒ္ဓရွှေခန္ဓာကိုယ်လား ကောင်လေး မင်းကိုငါ စိတ်ဝင်စားသွားပြီ လာခဲ့စမ်း”
နတ်ဆိုးက တိုက်ခိုက်မှုတွေကို ပိုင်လင်းတယောက်တည်းဆီ ဦးတည်လိုက်တော့တယ်။
………………………………………………