အခန်း (၇၉)
Vol. 6 Ch. 79
ချီယောင်ရဲ့ အော်သံနဲ့အတူ ခေါင်းပြတ်ပြီး လဲကျနေတဲ့ နတ်ဆိုးခန္ဓာကိုယ်နဲ့ ဦးခေါင်းကြီး ပေါက်ကွဲသွားတယ်။
ဝုန်း
ကျယ်လောင်တဲ့ ပေါက်ကွဲမှုက အကုန်လုံးရဲ့ နားကတဆင့် သွေးစီးချောင်းတွေကို ဖြစ်စေပြီး ဒဏ်ရာကုနေတဲ့ ခေါင်းဆောင်တွေလည်း မြေပေါ်ပြန်ပစ်ကျသွားတယ်။ အနီးဆုံးမှာရှိနေတဲ့ ပိုင်လင်းနဲ့မော့ပေတို့လည်း လွင့်စင်သွားတယ်။
ထိုချိန်မှာပဲ သွေးနီရောင်အလင်းတခုက ပိုင်လင်းရဲ့ နှာဖူးတည့်တည့်ကို တိုးဝင်သွားတော့တယ်။
“မကောင်းတော့ဘူး စိတ်ဝိဉာဥ်တိုက်ခိုက်မှု”
ဒဏ်ရာရနေတဲ့လူတွေ အသည်းအသန်ပြန်ထ လာကြပြီး ပိုင်လင်းကိုကြည့်တော့ နီရဲတဲ့မျက်လုံးအစုံနဲ့ တကိုယ်လုံးတုန်ယင်နေပြီ
“သူ့ကို နတ်ဆိုးထိန်းချုပ်လိုက်ပြီ”
“မဟုတ်ဘူး အစ်ကိုပိုင်အဲ့လိုမဖြစ်ရဘူး”
“သခင်လေးပိုင် ရှင်ထိန်းချုပ်ခံလိုက်ရလို့ မဖြစ်ဘူးနော်”
ပိုင်လင်းရဲ့ခွန်အားက အသန်မာဆုံးဖြစ်တာက တကြောင်း ကျန်တဲ့သူတွေကလည်း ဒဏ်ရာရနေတာကတကြောင်း ဒီချိန်မှာ ပိုင်လင်းသာ ထိန်းချုပ်ခံလိုက်ရရင် အကုန်လုံး အသတ်ခံကြရတော့မှာပါ။
“သူ့ကိုမြန်မြန်သတ်”
ချူကျန်းရှန်က ကျယ်လောင်စွာအော်ဟစ်ပြီး ဓားနဲ့ခုတ်ပိုင်းတယ်။ ဓားချက်က သူ့ရဲ့လက်ကျန်ခွန်အားကို အသုံးပြုထားခဲ့တာပါ”
“မဟုတ်ဘူး”
“မလုပ်ပါနဲ့”
“ချူကျန်းရှန် မင်း..”
သတိပြန်ရလာပြီဖြစ်တဲ့ လင်းချင်းကျူလည်း ချူကျန်းရှန်ရဲ့ တိုက်ခိုက်မှုကို တွေ့တော့မျက်နှာ ပျက်သွားတယ်။ ဒါပေမဲ့ ဓားချက်ကိုဘယ်သူမှ မကာနိုင်တော့ပါဘူး။ ထိုအချိန်မှာပဲ လှပတဲ့ပုံရိပ်တခုက ဓားချက်ကို ကန့်လန့်ဖြတ် ပစ်တိုက်လိုက်တယ်။
အွတ်
“ပန်းတရာဂိုဏ်းချုပ်”
ပုံရိပ်က ပန်းတရာဂိုဏ်းချုပ်ဖြစ်ပြီး သူမကတော့ ဓားချက်ကြောင့် လွင့်ထွက်သွားပြီ သေလားရှင်လား မသိရတော့ပါဘူး။
“ချူကျန်းရှန် ခင်ဗျားဘာလုပ်လိုက်တာလဲ”
တစ္ဆေဂိုဏ်းချုပ်က ဒေါသတကြီးအော်ဟစ်တယ်။ ချူကျန်းရှန်က
“ဒီကောင့်ကို နတ်ဆိုးကထိန်းချုပ်တော့မယ် အခုချိန်မသတ်ရင် ငါတို့အကုန်သေလိမ့်မယ်”
“ချူကျန်းရှန် ရှင့်ကို သခင်လေးပိုင်ကယ်ထားတာ မေ့နေပြီလား”
“ချူကျန်းရှန် မင်းကွာ”
အကုန်လုံးက ချူကျန်းရှန်ကို ဒေါသတကြီးအော်ဟစ်နေစဥ်မှာပဲ ပိုင်လင်းက ကောင်းကင်ပေါ်မော့ကြည့်ပြီး အော်ဟစ်လိုက်တယ်။
ဂါးးးး
“သွားပြီ”
“ငါတို့တော့ အဆုံးသတ်ပြီ”
သူတို့စိတ်ဓာတ်ကျနေချိန် ပိုင်လင်းကတော့ ချီယောင်နဲ့ စကားပြောနေခဲ့တယ်။
“ကျုပ်သရုပ်ဆောင်တာ ဘယ်လိုနေလဲ”
“တော်စမ်း ဒီနတ်ဆိုးစိတ်ဝိဉာဥ်က အားနည်းလို့ ငါထိန်းနိုင်လိုက်တာ မဟုတ်ရင်နင်သေနေပြီ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ အခုဘာဆက်လုပ်ရမလဲ”
ပိုင်လင်းရဲ့အမေးကို ချီယောင်က နတ်ဆိုးရဲ့ စိတ်ဝိဉာဥ်ထည့်ထားတဲ့ အလုံးကိုမြှောက်ကစားရင်း နှုတ်ခမ်းထောင့်က တွန့်ကွေးသွားတယ်။
“ချူကျန်းရှန်ကို သတ်လိုက် မဟုတ်ရင် ကျောက်တွင်းကိစ္စ အပြင်ကိုပေါက်ကြားသွားလိမ့်မယ်”
“တစ္ဆေဂိုဏ်းချုပ်နဲ့ ကျားဖြူခန်းမကိုကော”
“သူိူု့က နင့်ကိုသစ္စာမဖောက်တော့ဘူး မပူနဲ့ ချူကျန်းရှန်ကိုပဲသတ် ပြီးရင်သတိလစ်ချင်ယောင် ဆောင်လိုက်တော့”
“ကောင်းပြီ”
ပိုင်လင်းလည်း နောက်တကြိမ် အော်ဟစ်ပြီးနဲ့ ရိပ်ခနဲ ချူကျန်းရှန်းဆီ တိုးဝင်သွားတယ်။ ထိုအချိန်မှာပဲ ပိုင်လင်းကိုနတ်ဆိုးဝင်ပူးပြီ ထင်နေတဲ့ ချန်ထန်းနဲ့ ယန်ရှုက တိုက်ခိုက်မှုကို တားဆီးဖို့ ပြေးဝင်လာတယ်။
“ဖယ်စမ်း”
ပိုင်လင်းက လက်သီးတချက်ထိုးထုတ်ပြီး နှစ်ယောက်စလုံးကို လွင့်စင်သွားစေတယ်။ ပြီးနောက် ကြောင်အနေတဲ့ ချူကျန်းရှန်ရဲ့ ရင်ဘတ်ကို လက်သီးချက်က ဖောက်ထွက်သွား တော့တယ်။
တခြားသူတွေက ပိုင်လင်းကိုတိုက်ခိုက်ဖို့ ပြင်နေချိန်မှာပဲ လွင့်စင်သွားတဲ့ ချန်ထန်းတို့က တားဆီးလိုက်တယ်။ ခုနက ပိုင်လင်းစကားပြောချိန်တည်းက သူတို့ခြေနေကို သိထားပြီးပါပြီ။
ချူကျန်းရှန်ရဲ့ ခန္ဓာကိုယ်သွေးမြူအဖြစ် ပျောက်ကွယ်သွားတာနဲ့ ပိုင်လင်းလည်း လဲကျသွားတော့တယ်။ ချီယောင်က ဟန်ဆောင်ခိုင်းပေမဲ့ သူက တကယ်သတိလစ်သွားခဲ့တာပါ။
“အစ်ကိုပိုင်”
“သခင်လေးပိုင်”
“ကောင်လေးပိုင်”
………………………………………………..