← Chapters

အခန်း (၈၀)

Vol. 6 Ch. 80

အခန်း (၈၀)

Vol. 6 Ch. 80

ပိုင်လင်းသတိရလာတော့ အခန်းထဲက ကုတင်ပေါ်မှာ လဲလျောင်းနေလျက်သား တွေ့လိုက်ရတယ်။

သတိဝင်ဝင်လာချင်းမှာပဲ သူ့ခန္ဓာကိုယ်ကို တချက်စစ်ဆေးကြည့်တယ်။ နတ်ဆိုးနဲ့တိုက်ပွဲ မှာအက်ကွဲသွားတဲ့ ခန္ဓာကိုယ်က ကောင်းမွန်နေပြီး မထင်မှတ်တဲ့အကျိုးရလာဒ် တခုအနေနဲ့ ရွှေခန္ဓာကိုယ်ကလည်း တတိယအဆင့်ရဲ့ ပြီးပြည့်စုံနီးပါးကို ရောက်သွားခဲ့တယ်။

ဒါက ရွှေခန္ဓာကိုယ်ကျင့်စဥ်ကို အကျိုးမြတ်ရစေ ခဲ့တာပါ။ တဖက်မှာတော့ လျှပ်စီးခြေလှမ်း ပြီးတော့ ဓားကွက်အပေါ် နားလည်မှု သဘောတရား စသည် အဘက်ဘက်က တိုးတက်လာခဲ့ပြီး ကျင့်ကြံဆင့်ကတောင် သိုင်းသခင်အဆင့်၃ထိ ရောက်ရှိနေခဲ့တယ်။

ပိုင်လင်းတယောက် အလုပ်များနေစဥ်မှာပဲ အခန်းတံခါးပွင့်လာပြီး လူရိပ်နှစ်ခုဝင်လာတယ်

“ယောက်ျား သတိရလာပြီလား”

အသံကြောင့် ပိုင်လင်းမော့ကြည့်တော့ ကျိလင်နဲ့အတူ ချန်ရှင်းကိုပါ တွေ့လိုက်ရတယ်။ ချက်ချင်းပဲ တိုက်ပွဲခြေနေကို သတိရလိုက်တယ်။

“ရှင်းအာ မြေအောက်ကနေ အစ်ကိုတို့ဘယ်လို လုပ်ပြီး ထွက်လာကြတာလဲ”

ပိုင်လင်းရဲ့အမေးကို ချန်ရှင်းက ထိုင်ခုံတခုမှာ ဝင်ထိုင်ရင်းပြန်ဖြေတယ်။

“နတ်ဆိုးကြီးသေသွားတော့ လေဟာနယ်ချိတ်ပတ်ခံထားရတာလည်း ပျက်သွားတယ်လေ ဒါနဲ့ ဘိုးဘေးတွေကို ဆက်သွယ်ပြီး အတွင်းအပြင်ပေါင်းပြီး ဖောက်ထွက်ခဲ့ကြရတာ”

ချန်ရှင်းက ဆက်ပြီးပြောပြန်တယ်။

“လူတွေ အများကြီးသေသွားကြတယ် မြို့မခေါင်းဆောင်နဲ့ ထန်းမိသားစုခေါင်းဆောင် သေပြီးနောက်မှာ အဲ့အင်အားစုနှစ်ခုက ရှုပ်ထွေးပြီးတော့ အချိန်တိုအတွင်းမှာပဲ မြို့ကနေ ထွက်သွားကြပြ်ီ”

ဒါကတော့ ခေါင်းဆောင်မရှိတဲ့နောက် ဖြစ်လာမယ့် အကျိုးဆက်တွေပါပဲ။ အဓိကခေါင်းဆောင်နဲ့ ပါရမီရှင်သခင်လေး မရှိမှတော့ ကျန်တဲ့အင်အားစုတွေကို မယှဥ်နိုင်တော့ဘူးလေ။ ဒါကပဲ သူတို့ကိုအလန့်တကြား ရှောင်ပြေးသွားစေတာ ဖြစ်ပါလိမ့်မယ်။

“ညီမတို့ချန်အိမ်တော်က အဆုံးရှုံးမရှိခဲ့ပေမယ့် မေမေ့ဒဏ်ရာတွေက အရမ်းပြင်းတော့ မနေ့ကမှ သတိပြန်ရလာခဲ့တာ”

“သခင်မလေးချန်ဟယ်ရော အဆင်ပြေလား”

ပိုင်လင်းရဲ့အမေးကိုကြားတော့ သူမက

“ပြေပါတယ်”

ပိုင်လင်းလည်း အသာခေါင်းညိတ်ပြလိုက်ပြီး ကျိလင်ယူလာတဲ့ အားဖြည့်အစားစာအချို့ကို ကျိလင်အကူညီနဲ့ စားသောက်လိုက်တယ်။

“အစ်ကိုပိုင် သက်သာသွားရင် အိမ်တော်ကိုလာခဲ့ပါဦး အခုတော့ ညီမပြန်လိုက်ပါဦးမယ်”

“ကောင်းပါပြီရှင်းအာ ဂရုစိုက်ပါ”

ချန်ရှင်းထွက်သွားပြီး ခနကြာတော့ ကျိလင်က အဝတ်အစားအချို့ လဲလှယ်ပေးတယ်။

“ယောက်ျား သတိလစ်နေတာ ဆယ်ရက်ရှိပြီး အဲ့ရက်တွေအတွင်း ချန်ရှင်းလေးက နေ့တိုင်းနီးပါး ရောက်လာခဲ့တယ် ပြီးတော့ ယောက်ျားအတွက် ဆေးဖျော်စပ်တာ သန့်ရှင်းရေး လုပ်ပေးတာကအစ သူပဲကူညီတယ်လေ”

ကျိလင်က အဝတ်စားဟောင်းကို သိမ်းရင်းပြောလာတယ်။ ဆက်ပြီး

“ပြီးခဲ့တဲ့ရက်တွေကတော့ မြို့ထဲမှာ နည်းနည်း ယောက်ယက်ခတ်သွားတယ် ဒါပေမယ့် ချန်အိမ်တော်က ပြင်းပြင်းထန်ထန် ကိုင်တွယ်လိုက်တာ အခုတော့ငြိမ်သွားပါပြီ”

သိသာတဲ့ အင်အားစုနှစ်ခု ပြိုကွဲပြီး ထိပ်တန်းဂိုဏ်းတခုရဲ့ ဂိုဏ်းခေါင်းဆောင် ပြီးတော့ ဇီပန်းပဲမိသားစုခေါင်းဆောင် ဒီလူတွေက သင်းပျံ့ကောင်းကင်မြို့ရဲ့ ထောက်တိုင်တွေဖြစ်ပြီး သူတို့မရှိတော့တာက မြို့ကိုအားနည်းသွားစေမှာ သေချာပါတယ်။ ကံကောင်းတာက ချူကျန်းရှန်လို လူမျိုးတွေကို ပိုင်လင်းလက်စသတ်လိုက်တာပဲ။

မဟုတ်ရင်တော့ အားနည်းနေတဲ့ သင်းပျံ့ကောင်းကင်မြို့ အင်အားစုတွေက အချိန်တိုအတွင်း လွှမ်းမိုးခံရတော့မှာပါ။ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်တော့ အတော်လေး ကောင်းမွန်နေတာကြောင့် ရက်အချို့နားပြီးရင် ချန်အိမ်တော်ကို သွားရမယ်လို့ တွေးလိုက်တယ်

“သလင်းကျောက်တွေအကုန်လုံး ချန်ထန်းက သိမ်းထားတယ် ဒါပေမဲ့သူ့စိတ်ဓာတ်အရ မောင်ပိုင်စီးတာတော့ မဟုတ်လောက်ဘူး အဓိက တိုက်ခိုက်ခဲ့တဲ့ နင့်ရဲ့ဆုံးဖြတ်ချက်ကို စောင့်နေတာဖြစ်မယ်”

ချီယောင်ရဲ့စကားကြားတော့ ပိုင်လင်းက

“သူသာတကယ်အဲ့လိုလုပ်ရင် ငါအတော်လေးစားမိမှာ ဒါနဲ့ ငါဘယ်လောက်ရာခိုင်နှုန်း ယူသင့်တယ်ထင်လဲ”

“တဝက်တိတိယူလိုက် နင့်မှာ မော့ပေတို့ရှိနေသေးတယ် ပြီးတော့ နင်ကိုယ်တိုင်အတွက်လည်း လိုတယ်လေ”

တဝက်လား။ ပိုင်လင်းလည်း အဲ့လိုတွေးမိပါတယ်။ ဒါကလောဘကြီးသလို ဖြစ်ပေမယ့် သူ့မိတ်ဆွေတွေကို ကူညီပေးနိုင်ဖို့ ပြီးတော့ စန်းလော်တိုက်ကြီးဆီမသွားခင် လုံလောက်တဲ့ ခွန်အားအချို့မြင့်တင်ဖို့ သေချာပေါက် လိုအပ်တယ်။

“ကောင်းပြီ”

ဒီလိုနဲ့ နောက်ထပ်၃ရက် ကုန်ဆုံးသွားခဲ့ပြီး ထိုအတောတွင်းမှာ ထျန်းနင်နဲ့ထျန်းချင်က ဂိုဏ်းကထွက်ပြီး သူ့ဆီရောက်လာခဲ့တယ်။ သူတို့က ပိုင်လင်းနောက် လိုက်ပါတော့မှာပါ။ နောက်ပြီး မော့ပေ ရှန်ယု လျှိုချင်းဖုန်း သူတို့အားလုံးကလည်း ပိုင်လင်းနောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

“မင်းတို့ ဆုံးဖြတ်ပြီးပြီလား”

“ဟုတ်တယ် ငါတို့ဆုံးဖြတ်ပြီးပြီ”

မော့ပေက ပြတ်ပြတ်သားသားပြန်ဖြေတယ်။ ပိုင်လင်းက ရှေ့မှာရှိနေတဲ့ သူငယ်ချင်း၅ဦးကို ကြည့်ပြီး စိတ်ထဲကျေနပ်နေမိတယ်။ ဒါက ဒီလောကမှာ သူတွေ့ခဲ့တဲ့ သူငယ်ချင်းအစစ်တွေပဲ။

“ကောင်းပြီ ဒါဆိုရင်ခုကစ ငါနဲ့အတူနေတော့ မကြာခင်မှာ ချန်အိမ်တော်ဆီသွားပြီး တချို့ကိစ္စလေးတွေ ရှင်းလိုက်မယ် ပြီးရင် အချိန်နှစ်နှစ် အတွင်း ငါတို့ခွန်အားကို ရသလောက်မြင့်တင်ကြတာပေါ့”

ပိုင်လင်းရဲ့စကားကြားတော့ အကုန်လုံးက ကြောင်အသွားတယ်။ ဘာအတွက် အချိန်နှစ်နှစ်လို့ သက်မှတ်တာလဲပေါ့။ သူတို့အားလုံး သိချင်နေတာကိုမြင်တော့ ပိုင်လင်းက ပြုံးလိုက်ပြီး

“ငါတို့အားလုံးက ဒီမြို့လေးထဲမှာပဲ အဆုံးသတ်ရမှာလား မဟုတ်ဘူး ပြင်ပကောင်းကင်ကို ပျံဝဲမယ် ဒီထက်ပိုမြင့်တဲ့ နေရာထိ ထိုးဖောက်မယ်”

“ဘယ်ကိုသွားမှာလဲ”

“စန်းလော်တိုက်ကြီး”

ရက်အချို့ကုန်ဆုံးပြီးနောက် ချန်ထန်းအစီစဥ်နဲ့ ခေါင်းဆောင်တွေစုစည်းကြတယ်။ ထိုအထဲမှာ ပိုင်လင်းကတော့ မပါမဖြစ်ပေါ့လေ။

ကျားဖြူခန်းမသခင် ပန်းတရာဂိုဏ်းချုပ် တစ္ဆေဂိုဏ်းချုပ် မီး​တောက်ဂိုဏ်းချုပ် ဇောင်လင်း ချန်ထန်းတို့လင်မယားနဲ့ ပိုင်လင်းတို့ ဖြစ်တယ်။

ချန်ထန်းက

“ကျုပ်တို့အားလုံး ကပ်ဘေးကြီးအပြီးမှာ ခုလိုပြန်တွေ့ရတာ ဝမ်းသာပါတယ် ကျုပ်တို့ကိုယ်စီ အလုပ်များနေခဲ့ပြီး တဖက်မှာလည်း ကောင်လေးပိုင် ဒဏ်ရာအပြင်းအထန်ကြောင့် သတိလစ်နေခဲ့တော့ တချို့ကိစ္စလေးတွေ ဖြေရှင်းဖို့ ကြန့်ကြာနေခဲ့ရတယ်”

“ညီအစ်ကိုချန် စကားခံမနေပါနဲ့တော့ တိုက်ရိုက်ပြောလို့ရပါတယ် ကျုပ်တို့အကုန်လုံး ကောင်လေးပိုင်ရဲ့ ကျေးဇူးမကင်းပါဘူး”

မီးတောက်ဂိုဏ်းချုပ်က ဝင်ပြောတယ်။ စုလဲ့ကလည်း

“ဟုတ်တယ် လက်ရှိဒီလိုစုဝေးနေနိုင်တာက ကောင်လေးပိုင်ကြောင့်ပဲ ဒါကြောင့် လိုရင်းကိုပဲ သွားကြတာပေါ့”

အကုန်လုံးက တိုက်တွန်းနေတော့ ချန်ထန်းက

“ကောင်းပြီ ဒါဆိုရင် ကျုပ်ပြောပါမယ် သလင်းကျောက်တွင်းကနေ ကျုပ်တို့အကုန် စု​ဆေင်းထားတဲ့ ကျောက်တုံးအရေတွက်က တသန်းတိတိပါ ဒီအရာကိုခွဲဝေဖို့ စဥ်းစားရာမှာ ခေါင်း​ဆောင်တွေရဲ့ သဘောတူညီချက်အတိုင်း ကောင်လေးပိုင်ကို ၅၀ ရာခိုင်နှုန်းပေးဖို့ သဘောတူထားကြတယ် ဒီအတွက် အခုကန့်ကွက်မယ့်လူများ ရှိသေးလား”

“မရှိပါဘူး ကျုပ်သဘောတူတယ်”

“ကျွန်မလည်း သဘောတူတယ်”

“ကျုပ်လည်း သဘောတူတယ် ကောင်လေးပိုင် ဒီအခွင့်ရေးကို ရသင့်တယ်”

ပိုင်လင်းကတော့ သူမျှော်လင့်ထားသလို ဖြစ်လာတဲ့အတွက် မအံ့သြပေမယ့် ချန်ထန်းရဲ့ စိတ်ဓာတ်ကိုတော့ လေးစားသွားတယ်။

“ဒါမှ ငါ့ယောက္ခထီးကွ”

ထိုသို့တွေးမိတာနဲ့ ဖျတ်ခနဲ ပြုံးလိုက်မိတယ်။ ထိုချိန်မှာပဲ ချန်ထန်းက ပိုင်လင်းကိုကြည့်ပြီး

“ကောင်လေးပိုင် အကုန်လုံးက သဘောတူထား ကြတယ်ဆိုတော့ မင်းလက်ခံပေးပါ”

“ဒါက..”

ပိုင်လင်းလည်း နည်းနည်းတော့ တုန့်ဆိုင်းနေသေးတယ်။ သူက လူနည်းစုဖြစ်ပြီ အင်အားစုနဲ့ မိသားစုတွေလိုမဟုတ်ပဲ ခွဲတမ်းက တဝက်ရနေတာကို နည်းနည်းတော့စိတ်မလုံသလို ခံစားနေရသေးတယ်။ ပိုင်လင်းရဲ့အတွေးကို ခန့်မှန်းမိတဲ့ချန်ထန်းက

“ဘယ်လိုမှတွေးမနေနဲ့ ဒါက မင်းရသင့်တာပဲ”

ပိုင်လင်းလည်း ခေါင်းညိတ်လိုက်တယ်။ ပိုင်လင်းက သူ့အပေါ်ကောင်းမွန်တဲ့သူကို ပြန်ကောင်းဖို့ ဝန်မလေးပါဘူး။

“ကောင်းပြီ ကျုပ်လက်ခံတယ်”

စည်းဝေးမှုမှာ ရှိနေတဲ့လူတွေလည်း ကျေနပ်သွားကြပြီး ကျန်တဝက်ကိုတော့ အင်အားစုအားလုံးက အညီအမျှခွဲဝေ လိုက်ကြတယ်။ တခဏကြာတော့ ချန်ထန်းက

“နောက်တခု ကြေငြာစရာရှိသေးတယ်”

“နောက်တခုလား”

မူလက ထပြန်ဖို့တွေးနေတဲ့ ပိုင်လင်းက ချန်ထန်းရဲ့စကားကြောင့် ကြောင်အသွားတယ်။ ချန်ထန်းကဆက်ပြီး ပြောလာတယ်။

“အဖြစ်ပျက်ဆိုးကြီးကြောင့် ကျုပ်တို့မြို့က အင်အားလျော့ကျသွားတယ် ဒီအချိန်မှာ အရင်လိုပဲ တကွဲတပြားဆက်နေမယ်ဆိုရင် တိုးတက်လာနေတဲ့ ရွှေခေတ်ကြီးမှာ ပြင်ပရန်သူတွေကို ရင်ဆိုင်ဖို့ခက်မှာ ကြောက်မိတယ် ဒါကြောင့် ကျုပ်တွေးတာက ကျုပ်တို့စုပေါင်းပြီး အဖွဲ့တခုလုပ်သင့်တယ် ဆိုတာပဲ ခင်ဗျားတို့ ဘယ်လိုသဘောရလဲ”

ချန်ထန်းရဲ့စကားဆုံးတော့ အကုန်လုံးကလဲ လေးနက်သွားကြတယ်။ ကျောက်တွင်းကိစ္စကို ဖုံးကွယ်ထိန်းချုပ်ထားပေမယ့် ချူကျန်းရှန် သေဆုံးမှုက ချူမိသားစုကို တုန့်ပြန်လာစေပြီး ဒါကပြင်ပအင်အားစုတွေ တုန့်ပြန်လာနိုင်တာလို့ သဘောသက်ရောက်နေတယ်။ ဒီချိန်မှာ အားနည်းနေတဲ့ လက်ရှိအင်အားစုတွေသာ မပေါင်းစည်းထားရင် အချိန်တိုအတွင်းမှာပဲ သင်းပျံ့ကောင်းကင်မြို့က ပျက်စီးသွားရမှာပါ။

“ကျွန်မလည်း အဲ့လိုတွေးမိတယ်”

ပန်းတရာဂိုဏ်းချုပ်က ဝင်ပြောလာတယ်။ သူမတို့ဂိုဏ်းက လျှို့ဝှက်ပေမယ့် ကျောက်တွင်းကိစ္စမှာ အရည်ချင်းရှိတဲ့ ကျင့်ကြံသူတွေ ဆုံးရှုံးပြီးနောက် ရပ်တည်ဖို့ ခက်ခဲနေခဲ့တာပါ။

တစ္ဆေဂိုဏ်းချုပ်က ဝင်ပြောလာတယ်။

“ကျုပ်တို့ထိန်းချုပ်ထားတဲ့ တစ္ဆေမြို့နဲ့ ဒီမြို့ကို ပေါင်းစည်းပြီး အင်အားစုတခု လုပ်တာကောင်းတယ်လို့ ကျုပ်ယူဆတယ်”

အကုန်လုံးက မငြင်းပယ်တာကြောင့် နောက်ဆုံးမှာတော့ ချန်ထန်းရဲ့အကြည့်က ပိုင်လင်းဆီရောက်လာတယ်။

“ကောင်လေးပိုင် မင်းကောဘယ်လိုထင်မိလဲ”

“ကျုပ်က.. အင်း.. တချို့အပိုင်းတွေ နားမလည်ပေမယ့် လက်ရှိမှာ စုစည်းနေတာတော့ အမှန်ပဲ ဒါကြောင့် ကောင်းမယ်ထင်တာ လုပ်ကြပါ သဘောတူပါတယ်”

ပိုင်လင်းရဲ့စကားကြားတော့ ချန်ထန်းက

“ကောင်းပြီ ဒါဆိုယာယီသဘောတူညီမှုလို့ သက်မှတ်ပြီး ကျန်တာကိုနောက်တကြိမ် ဆက်ဆွေးနွေးကြတာပေါ့”

အကုန်လုံးလည်း ခေါင်းညိတ်လိုက်ကြပြီး ပြန်လည်ထွက်ခွာသွားကြတယ်။ ပိုင်လင်းလဲ ထွက်သွားမယ်လုပ်တော့ သခင်မလင်းက အနားကပ်လာပြီး တီးတိုးပြောလာတယ်။

“ကောင်လေးပိုင် မင်းမှာအချိန်ရှိရင် အဒေါ့်သမီးဆီ သွားပေးလို့ရမလား”

ပိုင်လင်းကြောင်သွားတယ်။ ဒါပေမယ့် သခင်မလင်းက သူ့ကိုယ်သူအဒေါ်လို့ သုံးနှုန်းခဲ့တာကြောင့် ပိုင်လင်းလည်း ထိုအသုံးအနှုန်းတိုင်း ပြန်တုန့်ပြန်လိုက်တယ်။

“ကောင်းပါပြီအဒေါ် ကျတော်အခုပဲ သွားတွေ့လိုက်ပါ့မယ်”

…………………………………………………

All Chapters