အခန်း (၈၂)
Vol. 6 Ch. 82
ချန်ဟယ်က ဝိုင်းစက်ပြူးကျယ်နေတဲ့ မျက်ဝန်းအစုံနဲ့ ပိုင်လင်းကို ကြည့်လာတယ်။
သူမလက်တွေကို ပြန်ရုန်းဖို့ မေ့နေပုံပါပဲ။ ပိုင်လင်းက နူးညံ့ပြီး ချောမွေ့နေတဲ့ လက်နှစ်ဖက်ကို ခပ်ဖွဖွညစ်လိုက်ပြီး အသာအယာ ပြောလိုက်တယ်။
“မင်းစိတ်ထဲမှာ ဘာအတွက်မှ အပြစ်ရှိသလို ခံစားနေစရာ မလိုဘူး အားလုံးက ဖြစ်သင့် ဖြစ်ထိုက်လို့ ဖြစ်သွားတာတွေချည်းပဲ ကိုယ်အလေးနက်ပြောမယ် သေချာနားထောင် မင်းသာလက်ခံမယ်ဆိုရင် ကိုယ်ကတဘဝလုံး မင်းကိုစောင့်ရှောက်သွားမယ်”
ချန်ဟယ်ရဲ့မျက်လုံးအစုံက တဖြေးဖြေး မျက်ရည်တွေနဲ့ ပြည့်လာပြီး မျက်ရည်စက်တွေက နူးညံ့တဲ့ပါးပြင်ပေါ် စီးကျသွားတယ်။ သူမစိတ်ထဲမှာတော့ ပျော်ရွှင်နေမိတယ်။ အနည်းဆုံးတော့ သူမအပေါ် ပိုင်လင်းရဲ့သဘောထားက သူမနဲ့ ထပ်တူကျနေခဲ့တယ်မဟုတ်လား။
“မငိုနဲ့တော့ အမွေနှစ်တုန်းက ကိစ္စတွေ မသိချင်ဘူးလား ပြန်ပြောပြမယ်”
ပိုင်လင်းက သူမရဲ့မျက်ရည်ကို သုတ်ပေးလိုက်ပြီး အမွေနှစ်ကိစ္စအချို့ ပြောပြလိုက်တယ်။ တန်လုနဲ့ ချီယောင့်အကြောင်းတော့ မပါဘူးပေါ့လေ။ သူကမထင်မှတ်ပဲ ပညာရှင်နဲ့တွေ့ပြီး အမွေနှစ်ကို လက်ခံခဲ့ရတဲ့အကြောင်း ပြီးတော့ လက်ခံစဥ်မှာပဲ အပြင်ကိုရောက်လာတာဖြစ်တဲ့ အကြောင်း ရှင်းပြတယ်။
“အဲ့မတိုင်ခင်က ကိုယ်လည်း အရင်းအမြစ်အချို့ ရခဲ့ပါတယ် အင်း အတိကျဆို မင်းတို့ရတာထက်တောင် ပိုများသေးတယ်”
ချန်ဟယ်က မယုံနိင်ဟန်နဲ့ ကြည့်နေခဲ့တယ်။ ဒီအမျိုးသားလေးက ဘယ်လောက်တောင် ကံကောင်းခဲ့လဲ။ ပိုင်လင်းက ဆက်ပြောလာတယ်။
“အဲ့အရင်းမြစ်တွေကို အခုထိမသုံးရသေးဘူး”
ချန်ဟယ်လည်း ခေါင်းညိတ်လိုက်ပြီး ငြိမ်သက်သွားတယ်။
“နောက်ထပ်ဘာလုပ်ဖို့ စဥ်းစားထားလဲ”
ချန်ဟယ်ရဲ့အမေးကို ပိုင်လင်းက
“နောက်နှစ်နှစ်ပြည့်ရင် ကိုယ်စန်းလော်တိုက်ကြီးကို သွားဖို့ဆုံးဖြတ်ထားတယ် မင်းဆန္ဒရှိမယ်ဆိုရင် လိုက်ခဲ့လို့ရတယ်”
“နှစ်နှစ်လား”
ချန်ဟယ်တယောက် အလေးနက်တွေးနေတယ် နှစ်နှစ်က တိုတောင်းလွန်းပြီး အချိန်တိုအတွင်း ကျင့်ကြံဆင့်မြင့်တင်ရင်တောင် သိုင်းသခင် အလယ်လတ်က အမြင့်ဆုံးရောက်နိုင်တဲ့ အဆင့်ပါ။ ရှုပ်ထွေးနေတဲ့ ကျင့်ကြံရေးလောကရဲ့ အခြေနေမှာ သူမကချန်အိမ်တော်ကို စွန့်ခွာနိုင်မယ်တဲ့လား။
“အရမ်းမတွေးနဲ့ အချိန်တွေအများကြီး ကျန်သေးတယ် ဒီအချိန်အတွင်း မင်းတို့ညီအစ်မ နှစ်ယောက်ရဲ့ ကျင့်ကြံမှုကို ကိုယ်ကူညီပေးမယ်”
ပိုင်လင်းရဲ့စကားကိုကြားတော့ ချန်ဟယ်က ခေါင်းညိတ်ပြလိုက်တယ်။ ပြီးနောက် နှစ်ယောက်သား အခြားအကြောင်းအရာချို့ ဆက်ပြီးဆွေးနွေးရင်း တနေ့တာ ကုန်သွားတော့တယ်။
“မမက တကယ်ပဲအစ်ကိုပိုင်ကို ချစ်နေတာလား”
ချန်ရှင်းက မိခင်ဖြစ်သူရဲ့ ခါးကိုဖက်ထားပြီး သိချင်ဟန်အပြည့်နဲ့ မေးတယ်။
“သမီးကငယ်သေးတော့ တချို့အရာတွေကို ခန့်မှန်းနိုင်ဦးမှာ မဟုတ်ဘူး”
“အင်း..”
သခင်မလင်းက ချန်ရှင်းဘက်လှည့်ပြီး ရုတ်တရက်မေးလာတယ်။
“သမီးကကော ကောင်လေးပိုင်ကို ဘယ်လိုသဘောထားလဲ”
ရုတ်တရက်ဆန်တဲ့မေးခွန်းကြောင့် သူမလေး ကြောင်အသွားတယ်။ ဒါပေမယ့် ပွင့်လင်းပြီး ချစ်ရဲမုန်းရဲသူဖြစ်လို့ အနည်းငယ်ရှက်နေပေမဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေတယ်။
“သမီးသူ့ကို သဘောကျတယ် သူ့ဘက်က သမီးအပေါ် အမှန်တကယ် သဘောကျရင် သူ့ကိုပဲလက်ထပ်မှာပါ”
“အင်း.. ထူးချွန်တဲ့ ယောက်ျားတွေက မိန်းမအများကြီးရှိတာ မထူးဆန်းပါဘူး သမီးအဖေတုန်းက အမေတင်းကျပ်ထားခဲ့သလို ငါ့သမီးတွေကို တင်းကျပ်စေချင်ပေမယ့် သမီးတို့သဘောပါပဲ ဒါနဲ့ သူ့ရဲ့ဆန္ဒကိုကော သမီးကိုယ်တိုင်မေးမှာလား”
ချန်ရှင်းက တနေရာကို ငေးကြည့်လိုက်ပြီး
“မမနဲ့ အစ်ကိုပိုင်တို့အဆင်ပြေနေပြီ မဟုတ်လား အခုချိန်မှာတော့ မမေးချင်သေးဘူး ဒါပေမဲ့ အချိန်ကျလာတဲ့အခါ သမီးတို့ညီအစ်မကို သူ့ဘက်က လက်ထပ်ဖို့ ဆန္ဒရှိမရှိ အမေတို့ မေးပြီး သူမငြင်းရင်တော့ ဒါကသမီးကိုသူလက်ခံတာပဲလို့ ယူဆတယ်”
သခင်မလင်းလည်း သမီးဖြစ်သူရဲ့ ဦးခေါင်းကို ပွတ်သပ်လိုက်ပြီး သမီးအငယ်က အချစ်ရေးမှာ ပွင့်လင်းပေမယ့် အစ်မဖြစ်သူကို ငဲ့ညှာနေမှန်း သူမသတိပြုမိတယ်လေ။
နောက်တနေ့မှာတော့ ပိုင်လင်းတယောက် စောစီးစွာနိုးထလာတယ်။ မနေ့က ချန်ဟယ်နဲ့ တနေကုန်စကားပြောနေခဲ့ပြီး မိုးချုပ်မှပြန်လာတဲ့ သူ့ကိုကျိလင်က ဘာမှမမေးခဲ့ပါဘူး။ သိတတ်စွာနဲ့ သူနဲ့အတူ အိပ်ရာဝင်ခဲ့ပြီး အဆုံးမှာတော့ မနေနိုင်တဲ့သူက အကြောင်းစုံရှင်းပြတော့လည်း သူမက အသာတကြည်ပဲ လက်ခံခဲ့တယ်။
ဒါကြောင့် အနောက်ဆောင်ရဲ့ ပထမခြေလှမ်း အောင်မြင်ပြီလို့ ယူဆလို့ရတာပေါ့လေ။
…………………………………………………