← Chapters

အခန်း (၈၆)

Vol. 6 Ch. 86

အခန်း (၈၆)

Vol. 6 Ch. 86

ပိုင်လင်းတယောက် ခြံဝန်းထဲထိုင်ရင်း ကျိလင်တို့ကို လေ့ကျင်ရာမှာ ကူညီပေးနေခဲ့တယ်။

ထိုရက်တွေမှာ သူ့အနေနဲ့ ခေါင်းတခုလုံး ကိုက်ခဲသွားတဲ့ထိ ဆေးဖော်စပ်နေခဲ့ပြီး လျှပ်စီးခြေလှမ်းကိုတောင် မလေ့ကျင့်ဖြစ်ခဲဘူး

ကျိလင်က အဆင့်၄ ထိရောက်ရှိသွားခဲ့ပြီး မော့ပေ လျှိုချင်းဖုန်း ရှန်ယုနဲ့ ထျန်းနင် ထျင်းချင်တို့ကတော့ အဆင့်တစ် အစောပိုင်းမှာ ရပ်တန့်နေကြတယ်။

“အဆင့်တစ်ကနေ သိုင်းသခင်အဆင့်ကို တက်ဖို့ဆိုတာ မလွယ်ဘူး နိယာမသဘောတရားတွေ ကျင့်ကြံမှုတွေရဲ့ နက်နဲတဲ့လမ်းစဥ်တွေ အများကြီးလိုအပ်တယ် စိတ်ပိုင်းဆိုင်ရာ သန်မာဖို့ကတော့ အဓိကပေါ့လေ”

ချီယောင်ရဲ့ စကားကြားတော့ ပိုင်လင်းလည်း ထိုစကားကိုလက်ခံဟန်နဲ့ ခေါင်းညိတ်ပြတယ်။ ကျင့်ကြံရေးလမ်းစဥ်ကို လျှောက်လှမ်းရာမှာ ဘယ်လောက်ပါရမီရှိရှိ အရင်းအမြစ်တွေ တောင်လိုပုံထနေပါစေ သန်မာတဲ့စိတ်ပိုင်းဆိုင်ရာ မရှိရင် အဆင့်မြင့် အဆင့်တွေကို ရောက်ဖို့မဖြစ်နိုင်တော့ဘူး။

တနည်းအားဖြင့် သေရေးရှင်ရေး အတွေ့အကြုံ တခုလိုတဲ့သဘောပေါ့လေ။ တခါတလေမှာ နက်နဲတဲ့ပါရမီအခံမရှိပဲ ကံတရားတချက်ကိုယ့် ဘက်ပါပြီး တိုးတက်သွားတာမျိုးလည်း ရှိသေးတယ်။ ဒါကတော့ ရှားပါးပြီး ချွင်းချက်လို့ ပြောရမယ်။

နေ့လည်ပိုင်းလောက်ထိ ကျိလင်တို့ကို ကူညီပေးပြီးနောက် ချန်ဟယ်နဲ့တွေ့ဖို့ ချန်အိမ်တော်ဆီ ထွက်လာတယ်။

နောက်ထပ်အလယ်ဆင့်ဆေးလုံးတွေ မဖော်စပ်ခင် အပြင်နည်းနည်းထွက်ပြီး အနီးနားက မြို့အခြေနေကို စစ်ဆေးမယ်လို့ သူတွေးထားတယ်။

အခြေနေတွေက အပေါ်ယံမှာတည်ငြိမ်နေပြီး အတွင်းမှာတော့ ကြောက်မက်ဖွယ်ရာ အဖြစ်ပျက်တွေ သေချာပေါက်ဖြစ်နေမှာပါ။

ချန်အိမ်တော်ကိုရောက်တော့ ပိုင်လင်းကိုသိနေကြတဲ့ အိမ်တော်ရဲ့အစောင့်တွေက အဓိကခန်းမဆီ တိုက်ရိုက်ပဲ လိုက်ပို့ပေးကြတယ်။

“ဖေဖေ သမီးဒီရက်တွေမှာ အပြင်ထွက်ပြီး အခြေနေတွေကို လေ့လာမယ်လို့ တွေးထားတယ်”

ချန်ဟယ်က ဖခင်ဖြစ်သူကို အသိပေးလိုက်တယ်။ ချန်ထန်းလည်း တခဏ စဥ်းစားဟန်ပြုပြီးနောက်

“ဘယ်မြို့အထိသွားဖို့တွေးလဲ အရမ်းဝေးဝေး နေရာထိတော့ သမီးမသွားသင့်ဘူး”

“စိတ်ချပါ ချန်မြို့တော်ကိုပဲ သွားမှာ သမီးသိချင်နေတာ ယွမ်မိသားစုကိစ္စဘယ်လို ဖြစ်သွားလဲပေါ့”

လင်းချင်ကျူးလည်း ယွမ်မိသားစုဆိုတဲ့ စကားကြားတော့ လင်းအိမ်တော်ကို သတိရမိသွားတယ်။ သူမကို အစ်ကိုဖြစ်သူ လင်းပင်ချန်နဲ့ အကြီးအကဲအချို့က လက်မခံပေမယ့် ဖခင်ဖြစ်သူ လင်းဝေ ကတော့ သံယောဇဥ်မပြတ်နိုင်ဘူးဆိုတာ သူမသိနေခဲ့တယ်။

“အင်း သမီးချန်မြို့တော်ကိုရောက်ရင် လင်းအိမ်တော်အကြောင်း စုံစမ်းခဲ့ပေးပါ”

လင်းချင်းကျူက ပြောလိုက်တယ်။ ထိုအချိန် ချန်ထန်းက ခန်းမအဝင်ကို တချက်ကြည့်ပြီး ပြုံးရင်းပြောလာတယ်။

“ကောင်လေးပိုင်ရောက်လာတာကိုး လာကွာထိုင်ဦး”

ပိုင်လင်းလည်း ချန်ဟယ်ဘေးနေရာတခုမှာ ထိုင်လိုက်တယ်။ ပြီးတော့ချန်လင်မယားကို ရိုရိုသေသေပဲ နှုတ်ဆက်လိုက်တယ်။

“ထုံးတမ်းတွေခနဖယ်ထားဦး ငါ့သမီးက အပြင်ထွက်ဖို့ စီစဥ်နေတယ် အဲ့ဒါမင်းအားရင် အဖော်လိုက်ပေးလို့ရမလား”

ချန်ထန်းရဲ့စကားကြားတော့ ပိုင်လင်းက ချန်ဟာ်ကိုလှည့်ကြည့်ရင်း မေးတယ်။

“အပြင်က အခြေနေတွေကိုသိချင်လို့လား ဘယ်ထိသွားဖို့စိတ်ကူးလဲ”

“ချန်မြို့တော်အထိပါပဲ ယွမ်မိသားစုကိစ္စကို မရိုးရှင်းဘူးလို့ ကျွန်မခံစားနေရလို့ပါ”

သူ ခေါင်းတချက်ငြိမ့်လိုက်ပြီး စဥ်းစားတယ်။ သူလည်း မော့ပေကနေတဆင့် သတင်းအချို့ ရထားပေမယ့် အတိအကျတော့မဟုတ်သေးတဲ့ အတွက် အပြင်ထွက်ဖို့တွေးနေခဲ့တာပါ။

“အဲ့ဒါဆို ကိုယ်ပါလိုက်ခဲ့မယ်”

ချန်ဟယ်က ခေါင်းညိတ်ပြလိုက်တယ်။ သူမအနေနဲ့ ငြင်းစရာမရှိပါဘူး။ ထိုအရာကိုမြင်တော့ လင်းချင်းကျူက ပိုင်လင်းကိုပြုံးရင်း မေးလာတယ်။

“ကောင်လေးပိုင် ကျောက်တွင်းပြဿနာဖြစ်ပြီး ခဲ့တာလည်းနှစ်ဝက်နီးပါးရှိပြီ မြို့ကလည်း တည်ငြိမ်နေပြီဆိုတော့ အပြင်ကသာ ပြဿနာမဝင်ခဲ့ရင် နောက်နှစ်နည်းနည်းထိ ဘာမှမဖြစ်နိုင်ဘူးလို့ အဒေါ်တွေးမိတယ် ဒီ့အတွက် ကောင်လေးပိုင်တို့ မဂ်လာကိစ္စကို အဒေါ်တို့ဒီနှစ်ကုန်မှာ စီစဥ်ကြရင်မကောင်းဘူးလား”

သူမရဲ့လေသံက မေးတဲ့သဘောဆိုပေမယ့် မငြင်းသာတဲ့ ဖိအားအချို့ကို ချန်ဟယ်ဆီက သူခံစားနေရတယ်။

“ကိစ္စမရှိပါဘူး ကျတော်လည်းအဲ့ကိစ္စပြောဖို့ ထွက်လာခဲ့တာ မဂ်လာပွဲကို ချန်ဟယ်စိတ်တိုင်းကျ လုပ်လို့ရပါတယ် ကျတော်သဘောတူပါတယ်”

ဒါပဲ။ သူတို့ဘာသာ အစ်မပဲပေးပေး နှစ်ယောက်လုံးပဲပေးပေး သူ့ဘက်က ငြင်းစရာ အကြောင်းမရှိတဲ့အတွက် သင့်တော်သလိုစီမံ ခွင့်ကိုပါ ပေးလိုက်တော့တယ်။

“ကောင်းပြီ ဒါဆိုလာမယ့်နှစ်ကုန်မှာ မဂ်လာပွဲလုပ်ကြတာပေါ့ ဒါနဲ့ ဘယ်နေ့စထွက်ကြမှာလဲ သမီး”

ချန်ထန်းဆီက သဘောတူညီချက်ရသွားပြီ ဖြစ်တဲ့အတွက် မဂ်လာကိစ္စက အဆုံးသတ်သွား ခဲ့ပါပြီ။

“မနက်ဖန်ထွက်ဖို့ စဥ်းစားထားတယ် ဖေဖေ”

ချန်ထန်းလည်း ခေါင်းညိတ်လိုက်ပြီး

“ကောင်းတယ် မြန်မြန်သွားပြီး မြန်မြန်ပြန်လာ ခဲ့ကြ ကောင်းကင်မဟာမိတ်က ကိစ္စတွေကို အဖေတို့စီမံထားပေးမယ်”

ပိုင်လင်းလည်း ချန်ဟယ်နဲ့အချိန်တချို့ ဆွေးနွေးခဲ့ကြပြီး ဒီတကြိမ်အပြင်ထွက်တဲ့ ကိစ္စမှာ မော့ပေကိုသာ ခေါ်သွားဖို့ဆုံးဖြတ်လိုက် ကြတော့တယ်။

လက်ရှိကောင်းကင်မဟာမိတ်က တည်ငြိမ်နေပြီ ဆိုပေမယ့် အလုပ်ကတော့များနေတုန်းပဲ။ ဒါကြောင့်လည်း ပိုင်လင်းက ရှန်ယုတို့ ထျန်းနင်တို့ကို မခေါ်တော့တာပါ။

…………………………………………………

All Chapters