အခန်း (၈၇)
Vol. 6 Ch. 87
“တုံမင်မြို့က အဓိကအင်အားစုတွေအကုန် စီချွမ်နဲ့ ချန်မြို့တော်က အင်အားစုတွေနဲ့ ပူးပေါင်းသွားတာ်လို့ ကြားတယ်”
မော့ပေက သတင်းအချို့ပြောလာတယ်။
“ဘာအတွက်လဲ”
“အဓိက ယွမ်မိသားစုလို ဖြစ်မှာကြောက်လို့ပဲ တော်ဝင်မိသားစုတွေကလည်း ပြည်နယ်ရဲ့အခြားဒေသတွေကို အာရုံစိုက်ပြီး ချန်မြို့တော်နဲ့ ဒီဘက်အပိုင်းက ဒေသတွေကို ဘာကြောင့်လျစ်လျူရှုထားလဲဆိုတာ ငါတွေးမရဘူး”
မော့ပေရဲ့စကားက တွေးစရာတွေပါလာတယ်။ ပထမ ယွမ်မိသားစု နောက်တော့ အင်အားစုအကုန် စုပေါင်းလိုက်ခြင်း။ ဒါတွေက နောက်ကွယ်မှာ တစုံတခုဖြစ်နေပြီလို့ ညွှန်ပြနေတာပဲ မဟုတ်လား။
“ဘယ်မိသားစုက အဓိကဦးဆောင်တာလဲ”
ပိုင်လင်းရဲ့အမေးကို မော့ပေက
“ဟုန်မိသားစုနဲ့ လင်းမိသားစု”
“ဘာပြောတယ်”
လင်းမိသားစုက ဘာတွေလုပ်နေတာလဲ။ ဟုန်နဲ့ လင်းမိသားဆိုတာ ကမ္ဘာ့ရန်လို ကိုက်နေကြတဲ့ အပြိုင်အဆိုင်မိသားစုတွေ မဟုတ်လား။
“လင်းအိမ်တော်က သတင်းတွေကိုပိတ်ဆို့ထားလို့ ငါဒီလောက်ပဲ စုံစမ်းလို့ရခဲ့တယ်”
မော့ပေရဲ့စကားဆုံးတော့ ပိုင်လင်းက ခေါင်းညိတ်ပြလိုက်ပြီး
“ကောင်းပြီ မင်းနားတော့ မနက်ဖန်ငါနဲ့လိုက်ခဲ့ ချန်မြို့တော်ကို သွားမယ်”
မော့ပေလည်း ခေါင်းညိတ်ပြပြီး ထွက်သွားတယ်။ ထိုအကြောင်းကို ပိုင်လင်းက ချန်ထန်းတို့မိသားစုနဲ့ ဆက်ဆွေးနွေးရပြန်တယ်။
“အဖေက ဟုန်မိသားစုနဲ့ ဘယ်တော့မှ ပူးပေါင်းမှာမဟုတ်ဘူး ဒီကိစ္စတခုခုတော့ မှားနေပြီလို့ အဒေါ်ထင်တယ်”
“ငါကောပဲ ငါ့ယောက္ခထီးက ရှေးရိုးစွဲပေမယ့် ရန်သူမိတ်ဆွေစည်းတားတဲ့နေရာမှာ အရမ်းပြတ်သားတယ် ဘယ်လိုအကျိုးအမြတ် တွေနဲ့ဆွဲဆောင်ခံရလို့ ပူးပေါင်းလိုက်တာလဲဆို တာတော့ငါမသိဘူး ဖြစ်နိုင်ချေကတော့ နည်းတယ် ဒါလင်းပင်ချန်စနက်ပဲ ဖြစ်ရမယ်”
“ဖြစ်နိုင်တယ် ဦးလေးတို့က လင်းအိမ်တော်ကို ချုပ်ကိုင်ထားတာကြာပြီ မဟုတ်လား”
သူတို့ရဲ့စကားတွေကို နားထောင်ပြီးနောက် အဖြစ်ပျက်တွေက လင်းအိမ်တော်ရဲ့ ရှုပ်ထွေးမှုနဲ့ အင်အားကြီးတွေစုပေါင်းပြီး တစုံတရာလုပ်နေတယ်လို့ ပိုင်လင်းယူဆသွားတယ်။
“ကျတော်တို့သွားရင် တခုခုသိရမှာပါ”
ထိုနေ့က ပြန်လာပြီးတာနဲ့ ပိုင်လင်းလည်း ကျင့်ကြံရေးကို ပြန်လုပ်ရတယ်။ နောက်ပြီး သူ့အတွက်ကျိလင်က လိုအပ်တာတွေအကုန် ပြင်ဆင်ပေးထားတဲ့အတွက် အဆင်ပြေနေတယ် မဟုတ်လား။
“ယောက်ျား ဂရုစိုက်ပါ”
ကျိလင်က ထိုမျှသာပြောပြီး ပိုင်လင်းကိုအနည်းငယ်မျှတောင် မတားဆီးခဲ့ချေ။ တဖက်မှာ နောက်ထပ်ဇနီးလောင်းတဦးနဲ့ ခရီးသွားတဲ့အပေါ် သူမဘယ်လိုခံစားနေရမလဲ ပိုင်လင်းမတွေးနိုင်ခဲ့ဘူး။
နောက်ရက်မှာတော့ ပိုင်လင်း မော့ပေနဲ့ ချန်ဟယ်တို့ မြို့ကနေစထွက်လာကြတယ်။ လမ်းတလျှောက် ညအိပ်ချိန်ကလွဲပြီး အနားမယူကြပဲ ပိုများတဲ့အချက်အလက်တွေ ရနိုင်ဖို့ ရွာတွေကိုပါ ဖြတ်သန်းကြတယ်။
တစ္ဆေမြို့အထိ အခြေနေတွေက ပုံမှန်ရှိနေပြီး တစ္ဆေဂိုဏ်းကလည်း မြို့ကိုအတော်လေး စနစ်တကျထိန်းချုပ်ထားနိုင်တာ တွေ့ရတယ်။ ဒါပေမယ့် တစ္ဆေမြို့ကျော်လာတဲ့ အချိန်မှာတော့ ထူးဆန်းလာတယ်။
သာမန်နေရာလေးတွေမှာ အဆင့်မြင့်ကျင့်ကြံသူအချို့ စတွေ့လာရပြီး အများအားဖြင့် ထိုကညာရှင်တွေက အပြင်ထွက်လေ့မရှိကြပါဘူး။
“ဟေ့ ချန်မြို့တော်ကသတင်းကြားပြီးပြီလား”
“ဘာသတင်းလဲ ပြောစမ်းပါဦး”
“ချန်မြို့တော်ရဲ့ အနောက်ဘက်တောင်တွေပေါ်မှာ အဆင့်မြင့်သလင်းကျောက်တွင်း ပေါ်တဲ့သတင်းလေ”
“ဘာ အဆင့်မြင့်သလင်းကျောက်ဟုတ်လား”
“ဟုတ်တယ် အဲ့သတင်းကိုကြားပြီး ကျင့်ကြံသူတွေ ချန်မြို့တော်ဆီ သွားကြတာမနည်းဘူးပဲ”
“မဖြစ်နိုင်တာပဲ ဟုန်နဲ့လင်းမိသားစုတွေကို သူတို့ဘယ်နားသွားထားကြလဲ”
“အသားမစားရရင်တောင် အရိုးကိုက်ရလည်း မနည်းဘူးလေကွာ”
“ဒါနဲ့ ကျောက်တွင်းကို ဘယ်တော့စဖွင့်ကြမှာတဲ့လဲ”
“လာမယ့်တလအတွင်းပဲ ရက်အတိကျတော့ ငါလည်းမသိဘူး”
ပိုင်လင်းတို့က စားသောက်ဆိုင်တခုမှာ နေ့လည်စာစားရင်း သတင်းကိုမသိမသာ နားစွင့်နေခဲ့တယ်။ ချန်ဟယ်က သူမရဲ့ပုံစံကို သတိထားမိမှာစိုးတာကြောင့် အနည်းငယ်ပုံဖျက်ထားပြီး မျက်နှာကိုလည်း အမဲရောင်အကာတခု တပ်ဆင်ထားတယ်။
“ဒါကြောင့် အင်အားစုတွေ စုပေါင်းလိုက်တာလား”
ပိုင်လင်းက တီးတိုးရေရွတ်လိုက်တယ်။
“ဖြစ်နိုင်တယ် အဆင့်မြင့်သလင်းကျောက် ကိစ္စက တကယ့်သတင်းပဲ အင်အားစုငယ်တွေအနေနဲ့ မပူးပေါင်းရင် အနံ့တောင်ရှုခွင့်ရလိုက်မှာ မဟုတ်ဘူး”
ချန်ဟယ်က
“အစ်ကိုမော့ပေပြောတာ မှန်တယ် ကျွန်မတို့ ချန်မြို့တော်ကို မြန်မြန်သွားရအောင်”
ချန်ဟယ်ရဲ့စကားဆုံးတော့ ပိုင်လင်းလည်း ခေါင်းညိတ်ပြလိုက်ပြီး
“သွားကြတာပေါ့ ဒါပေမယ့်အတတ်နိုင်ဆုံး ဖုန်းကွယ်ပြီးနေရမယ်”
ထိုနေ့ညက စားသောက်ခန်းကတည်းခိုရာ နေရာမှာပဲ တညတည်းလိုက်ကြပြီး နောက်တနေ့မနက်စောစောမှာတော့ ချန်မြို့တော်ကို ပြန်ထွက်ကြတယ်။
……………………………………………….