Chapters

အခန်း (၈၈)

Vol. 6 Ch. 88

အခန်း (၈၈)

Vol. 6 Ch. 88

မြို့တော်တခုဖြစ်တာနဲ့အညီ ဧရိယာကျယ်ဝန်းပြီး လူဦးရေကလည်း အတော်လေး ထူထပ်နေတယ်။

ပိုဆိုးတာက ကျင့်ကြံသူတွေကြား ပေါက်ကြားနေတဲ့ ကျောက်တွင်းကိစ္စကြောင့် ပိုပြီးအဝင်အထွက်များနေတယ်လို့ ယူဆနိုင်တယ်။

ပိုင်လင်းတို့က မြို့ဝင်ကြေးပေးဆောင်ပြီးနောက် မြို့ထဲတိုက်ရိုက်ပဲ ဝင်သွားကြတယ်။ လမ်းမှာ ဆယ်ရက်ကျော်ဆက်တိုက် မနားပဲသွားခဲ့တာကြောင့် တရက်တော့နားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်

“အဆင့်မြင့်သလင်းကျောက်တဲ့လား မဖြစ်နိုင်တာပဲ”

“ဘာလို့လဲ အခြေနေတွေက ပြောင်းလဲနေပြီ မဟုတ်လား”

ပိုင်လင်းက ကုတင်ပေါ်တင်ပျဥ်ခွေထိုင် ကျင့်ကြံနေရင်း ချီယောင်နဲ့စကားပြောနေခဲ့တယ်။

“အဆင့်မြင့်သလင်းကျောက်တခုက ဘယ်လောက်တန်ဖိုးကြီးလဲ နင်မှမသိတာ သူ့အထက်မှာ အင်မော်တယ်ကျောက်ပဲ ရှိတော့တယ်”

“ကေျာက်တွင်းက တကယ်ကော အဆင့်မြင့်ကျောက်တွင်း ဟုတ်ပါ့မလား ကျုပ်စိုးရိမ်တာက ကျုပ်တို့ဖြစ်သလိုမျိုး ထပ်ဖြစ်မှာကိုပဲ”

ပိုင်လင်းရဲ့စကားကို ချီယောင်က

“ဖြစ်နိုင်ချေများတယ် ဒါပေမဲ့ နင်တွေးရမှာက အင်အာစုကြီးတွေက ဘာလို့ဒီသတင်းကို မပိတ်ဆို့တာလဲ”

“ဟုတ်တယ် ဘာအတွက်လဲ သူတို့မှာမကောင်းတဲ့ အစီစဥ်တခုခုများ ရှိနေတာလား”

“ခန့်မှန်းလို့ပဲရမယ် အတိကျပြောမရဘူး နင်ကိုယ်တိုင်သွားကြည့်သင့်တယ်”

ပိုင်လင်းက ခေါင်းညိတ်ပြလိုက်ပြီး သဘောတူလိုက်တယ်။

“မနက်ဖန် လင်းမိသားစုဆီ သွားဖို့ချန်ဟယ်က ပြောနေတယ် ဒါကလင်းမိသားစုရဲ့ အတွင်းခြေနေကို သိနိုင်တဲ့အခွင့်ရေးပဲ”

ပိုင်လင်းက ထိုသို့တွေးပြီးနောက် ချန်ဟယ်နဲ့ တိုင်ပင်ပြီး နောက်တနေ့မှာ လင်းအိမ်တော်ဆီ ထွက်လာကြတယ်။ မော့ပေကိုတော့ ကျောက်တွင်းသတင်း ဆက်စုံစမ်းဖို့ ထားခဲ့လိုက်တယ်။

လင်းအိမ်တော်က ချန်မြို့တော်အလယ်နား လောက်မှာရှိပြီး ဧကတရာနီးပါး ကျယ်ဝန်းတဲ့ မြေနေရာကောင်းတခုမှာ ထည်ထည်ဝါဝါ ဆောက်လုပ်ထားတယ်။ အဆောက်ဦးတွေကလည်း အတော်လေးအဆင့်မြင့်တာကို တွေ့လိုက်ရတယ်။

ပိုင်လင်းနဲ့ချန်ဟယ်တို့ လင်းအိမ်တော်အဝကို ရောက်သွားတော့ အိမ်တော်ရဲ့အစောင့်က မေးလာတယ်။

“ဘယ်သူနဲ့တွေ့ချင်လို့လဲ”

အစောင့်ရဲ့အမေးကို ချန်ဟယ်က

“ကျွန်မအဖိုးနဲ့ တွေ့ချင်လို့ပါ ချန်ဟယ်ရောက်လာတယ်လို့ အကြောင်းကြားပေးရင် ရပါပြီ”

အစောင့်က ဇာပုဝါတပ်ထားတဲ့ ချန်ဟယ်ကို မယုံသက်ာနဲ့ ကြည့်လာတာကြောင့် သူမလည်း မျက်နှာအကာကို ဖယ်ပြလိုက်တယ်။

“ကောင်းပြီ ခနစောင့်ပါ”

အစောင့်က ချန်ဟယ်တို့ညီအစ်မအကြောင်းကို အနည်းငယ်သိထားပုံရပြီး ချန်ဟယ်ရဲမိခင်ကလည်း သိပ်မကြာခင်က တကြိမ်ရောက်လာသေးတဲ့အတွက် သူမက လင်းအိမ်တော်ကဖြစ်မှန်း တွက်ဆနိုင်ပါတယ်။

ဒါကြောင့် တခြားအတည်ပြုစရာတွေ ထပ်မမေးတော့ပဲ အိမ်တော်ထဲပြန်ဝင်သွားတယ်။ ခနကြာတော့ ပြန်ရောက်လာပြီး အထဲကိုဖိတ်ခေါ်လိုက်တဲ့အကြောင်း အသိပေးပြီး ပိုင်လင်းတို့ကိုလည်း အိမ်တော်ရဲ့ခန်းမဆီ ခေါ်ဆောင်သွားတယ်။

ခန်းမကိုရောက်တော့ လင်းမိသားစုခေါင်းဆောင်နဲ့ အကြီးအကဲအချို့ ရှိနေပြီး ချန်ဟယ်ကိုမြင်တော့ အကြီးအကဲတွေက မနှစ်မြို့ဟန်အမူအရာ ပြလာကြတယ်။ သေချာတာက သူမကိုကြိုဆိုချင်ပုံ မရပါဘူး။

လင်းမိသားစုခေါင်းကတော့ မြေးဖြစ်သူကို အတန်ကြာတဲ့ထိ စိုက်ကြည့်နေတယ်။

“မြေးချန်ဟယ်က အဖိုးကိုနှုတ်ဆက်ပါတယ်”

“ဂျူနီယာပိုင်လင်းက စီနီယာအဖိုးကို နှုတ်ဆက်ပါတယ်”

နှစ်ယောက်သားနှုတ်ဆက်စကားပြောပြီးမှ လင်းမိသားစုခေါင်းဆောင်က အသိဝင်လာတယ်။ ပြီးနောက် ချက်ချင်းပဲ အကြီးအကဲတွေကို အပြင်ထွက်ခိုင်းတော့တယ်။

အတန်ကြာတော့

“ငါ့မြေးရောက်လာတာ သိပ်ကောင်းတယ် အဖိုးကမင်းတို့ညီအစ်မကို သတိရနေခဲ့တာ”

ထိုလူအိုကြီးက အဆင့်မြင့်ကျင့်ကြံသူနဲ့ မတူတော့ပဲ မြေးတွေကိုတုန်နေအောင်ချစ်တဲ့ အဖိုးတယောက်ရဲ့ ဟန်ပန်ဖြစ်လာတယ်။

“သမီးတို့လည်း အဖိုးကိုသတိရနေတာပါ မေမေနဲ့ညီမလေးဆို အဖိုးအကြောင်းခဏခဏ ပြောဖြစ်ကြတယ်”

ချန်ဟယ့်စကားကြားတော့ လင်းဝေက ရီဝေတဲ့မျက်လုံးအစုံနဲ့ တချက်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။

“ဘာကိစ္စကြောင့်ရောက်လာတာလဲ”

လင်းဝေရဲ့အမေးကို ချန်ဟယ်က

“ကိစ္စကတော့ အရေးကြီးတယ်လို့လည်း ပြောမရသလို အရေးမကြီးဘူးလို့လည်း ပြောမရဘူး”

လင်းဝေက အတန်ကြာငြိမ်သက်သွားပြီးနောက် ပြောလာတယ်။

“မြေးတို့နှစ်ယောက် အဖိုးရဲ့ခြံဝန်းဆီလိုက်ခဲ့”

………………………………………………..