← Chapters

ချုးယွီဟွာ၏ ပါရမီ

Vol. 3 Ch. 31

ချုးယွီဟွာ၏ ပါရမီ

Vol. 3 Ch. 31

“ဘုန်း...”

“ဒီလို အဆင့်နိမ့် အဆောင်လေးတောင် ငါမလုပ်နိုင်ဘူးဆိုတာ မယုံနိုင်ဘူး”

ဟွမ်းသည် တည်ငြိမ်လှသည့် သူ၏ မျက်နှာတွင် တွေ့ရခဲသည့် စိတ်ဓာတ်ကျ မှုများ ပြည့်နှက်နေသည်။ သူသည် အိမ်တော်သို့ ပြန်ရောက်ပြီးကတည်းက ဥယျာဉ်ထဲတွင် အဆောင်ရေးဆွဲခြင်းကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့သော် သူဆွဲလိုက်တိုင်း ပေါက်ကွဲသွားသည်သာ။ ထိုဥယျာဉ်ထဲတွင် အဆောင်စာရွက်များသည်လည်း စုတ်ပြဲ ပြန့်ကျဲနေသည်။ ထိုအဆောင်စာရွက်များသည် သူ၏ အပင်ပန်းခံ၍ ရှာဖွေထားရသော သလင်းကျောက်များနှင့် ဝယ်ယူထားရခြင်းဖြစ်သည်။ သူ့ရင်ထဲတွင်တော့ သွေးစိမ်းရှင်ရှင် ယိုစီးနေပြီဖြစ်သည်။

အဆောင်များသည် ကျင့်ကြံသူများအတွက် အတော်လေးအသုံးဝင်သည့် ပညာရပ်တစ်ခုဖြစ်သည်။ တိုက်ခိုက်ရေးအဆောင်များ၊ ကာကွယ်ရေးအဆောင်များ၊ စွမ်းရည်မြှင့်ပေးသည်အဆောင်များ စသည်တို့သည် ကျင့်ကြံသူများ အတွက် သေရေးရှင်ရေး တိုက်ပွဲများတွင် ကြီးမားသည့် အလှည့်အပြောင်းအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။ ထို့အပြင် ရေးဆွဲရခြင်းသည် အရမ်းလွယ်ကူသည်။ သို့သော် အောင်မြင်အောင် ရေးဆွဲနိုင်ခြင်းက ရှားပါ၏။ အဘယ့်ကြောင့်ဆိုသော် နက်နဲသည့် စွမ်းအင် စည်းမျဉ်းများ နှင့် လုံလောက်သည့် ဝိညာဉ် စွမ်းအားများ လိုအပ်ခြင်းကြောင့်ဖြစ်သည်။

“လာစမ်း...”

“ဘုန်း...”

“ဒီအဖိုးကြီး အသုံးမကျလိုက်တာ၊ ရှင်းရှင်းလင်းလင်းဖြစ်အောင် ရေးမထားဘူး” သူသည် ခြောက်လက်မလောက်ထူသည့် စာအုပ်ကြီးကိုကြည့်ရင်း ငြီးတွားလိုက်မိသည်။ ထိုစာအုပ်ထဲ တွင် တိုက်ခိုက်ရေးအဆောင်များ၊ ကာကွယ်ရေးအဆောင်များ နှင် စွမ်းရည်မြင့် အဆောင်များစွာ စုစည်းရေးသားထားသည့် အဆောင်ရေးဆွဲနည်း စာအုပ်ဖြစ်သည်။

“စီနီယာကို တွေ့ချင်လို့တဲ့၊ ချီယင်းအိမ်တော်သခင်နဲ့ သခင်မလေး ရောက်လာတယ်” လုချောင်းယန် သည် အပြေးလွှား အကြောင်းလာခြင်းဖြစ်သည်။ လူငယ်ငါးဦးလုံးသည် ကျင့်ကြံနေကြသောကြောင့် ဤအိမ်တော်တွင် သူသည် တောက်တိုမယ်ရ ဖြစ်နေသည်။ သို့သော်ဥယျာဉ်ထဲ အရောက်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ မီးကျွမ်းနေသည့် အဆောင်များနှင့် ပြည့်နှက်နေခြင်းကြောင့်ဖြစ်သည်။

“ကောင်းပြီ ဒီခေါ်ခဲ့လိုက်” ဟွမ်း၏ မျက်နှာသည် မူလအတိုင်း ပြန်လည်တည်ငြိမ်သွား၏။

ခဏအကြာတွင် ချုးသားအဖ ရောက်လာပြီးနောက် လုချောင်းယန် ဖြစ်ဖူးသည့် အမူယာအတိုင်း ဖြစ်သွားခဲ့လေသည်။ ထို့နောက် ချုးထန်သည် ချက်ချင်းပင် မိတ်ဆက်စကားဆိုလိုက်၏။

“စီနီယာ ကျုပ်က ချီယင်းအိမ်တော်သခင် ချုးထန်ပါ၊ ကျောက်စိမ်းမြို့မှာ ကျုပ်သမီးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ကိစ္စမရှိဘူး၊ ကျုပ်အလကားလုပ်ပေးခဲ့တာမဟုတ်ဘူးလေ” ဟွမ်းသည် လေသံအတက်ကျမရှိပြောလိုက်၏။

“ထိုက်ရွှမ်မြို့မှာ စီနီယာ လိုအပ်တာရှိရင် ကျုပ်ကိုပြေပါ၊ အားနာစရာမလိုပါဘူး” ချုးထန်သည် ဆက်ပြောလိုက်၏။

“ကောင်းပြီ”

“စီနီယာ အဆောင်ရေးဆွဲနည်း လေ့လာနေတာလား” ချုးယွီဟွာသည် ပတ်ဝန်းကျင် အနေထားကိုကြည့်ပြီး အံဩစွာမေးလိုက်၏။ သူမသည် အစိမ်းနုရောင်ပိုးသားဝတ်စုံနှင့် အတော်ပင်တင့်တယ်လှသည်။ ထို့ပြင် သူမ၏ မျက်နှာသည်လည်း ကြယ်များ လင်းလက်နေသည့်အလား တောက်ပနေသည်။

“ဟုတ်တယ် အောင်မြင်ခါနီးတိုင်းပေါက်ကွဲသွားတာလေ” ဟွမ်းသည် သက်ပြင်းချကာပြောလိုက်၏။

“စီနီယာ စိတ်ဓာတ်မကျပါနဲ့ သေချာကြိုးစားလိုက်ရင် အောင်မြင်လာနိုင်ပါတယ်” ချုးယွီဟွာသည် နှစ်သိမ့်စကားဆိုလိုက်၏။

ဟွမ်းသည် ခေါင်းငြိမ့်ယုံသာငြိမ့်ပြလိုက်၏။ ‘ဒီစကား ရင်းနှီးနေသလိုပဲ၊ အထင်မှားတာနေမှာပါ’

“စီနီယာ တစ်ခုလောက်တောင်းဆိုကြည့်လို့ရမလား” ချုးယွီဟွာသည် တုံ့ဆိုင်းကာ မေးလိုက်၏။

“ဘာကိစ္စလဲ..” ဟွမ်းသည် မေးလိုက်၏။

“ကျွန်မ အဲ့ဒီ အဆောင်ရေးဆွဲနည်းစာအုပ်ကို လေ့လာကြည့်လို့ရမလား၊ အဆင်မပြေဘူးဆိုလဲရပါတယ် ကျွန်မက မေးကြည့်ယုံပါ”

ချုးယွီဟွာသည် စားပွဲပေါ်ရှိ ခြောက်လက်မခန့် ထူသော စာအုပ်ကို ကြည့်ရင်း မေးလိုက်၏။ သူမသည် ဤနေရာသို့ စရောက်သည်ကတည်းက ထိုစာအုပ်ကို စိတ်ဝင်စားနေခြင်းဖြစ်သည်။ သို့သော် သည်လို နည်းစနစ် စာအုပ်များသည် ခွင့်ပြုချက်မရှိလျှင် ကြည့်ရှု့လို့ရမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤအရာများသည် ဖန်တီးသူ၏ အသက် သွေးကြောများ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ချုးယွီဟွာသည် အတင့်ရဲစွာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ဒါက..” ဟွမ်းသည် အနည်းငယ် အခက်တွေ့သွားခဲ့၏။ အကြောင်းမှာ ဤစာအုပ်သည် သူ၏ အပိုင်မဟုတ်သောကြောင့်ဖြစ်သည်။

“အဆင်မပြေရင် စီနီယာကို ခက်ခဲအောင် မလုပ်တော့ပါဘူး” ချုးယွီဟွာ သည် အနည်းငယ်ဝမ်းနည်းသွားသော်လည်း သူမတက်နိုင်သည့်အရာမရှိချေ။

“မင်း ဒီမှာလေ့လာလို့တော့ ရတယ်” ဟွမ်းသည် ဆုံးဖြတ်ချက်ချပြီးနောက် ထိုစာအုပ်ကို သူမအနား တိုးပေးပြီး ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်စီနီယာ” သူမသည် ထခုန်လုမတက်ပင် ဝမ်းသာသွားခဲ့၏။ ထို့နောက် စတင်ဖက်ရှုလေတော့သည်။ မိနစ်အတော်ကြာသည်အထိ သူမသည် ပြင်ပလောက နှင့် အဆက်သွယ်ပြတ်တောက်သွားသည့်အလား ဖြစ်သွားသည်။ သူမသည် ထိုစာအုပ်ထဲတွင် နစ်မြုပ်သွား၏။

“စီနီယာ သူမကို ဒီမှာပဲ ထားခဲ့လို့ရမလား”

ချုးထန်သည် အခက်တွေ့နေသည့် အမူရာဖြင့်မေးလိုက်၏။ သူ၏ သမီးဖြစ်သူ ဤသို့ ဖြစ်နေခြင်းကို တစ်ခါမျှ မတွေ့မြင်ဖူးခဲ့ပေ။ သူကိုယ်တိုင်လည်း အတော်ပင်ထူးဆန်းနေ၏။

“ရတယ်” ဟွမ်းသည် ရိုးရိုးရှင်းရှင်းသာ ဖြေလိုက်၏။ ဤစာအုပ်တွင် သူမကဲ့သို့ နစ်မြုပ်သွားသည့်လူတစ်ဦးသာရှိခဲ့ဖူးသည်။ ထိုစာအုပ်ပိုင်ရှင် အဖိုးကြီးပင် ဖြစ်၏။ ထို့ကြောင့် သူသည် အနည်းငယ်စိတ်ဝင်စားဟန်ရှိသွားသည်။

ထို့နောက် ချုထန်းသည် လေးစားမှုပြကာ ထွက်သွား၏။

“မြို့သခင်လု ဒီစီနီယာ ဘယ်ကလာတာလဲ သိလား”

သူ့အား အိမ်တော်အပေါက်ဝသို့ လိုက်ပို့နေသည် လုချောင်းယန်ကို မေးလိုက်၏။ ချုးထန်သည် မြို့သခင်လုနှင့် မဆုံဖူးသော်လည်း စီးပွားရေးအရ ပတ်သတ်မှုများစွာရှိခဲ့သည်။

“အဲ့ဒါနဲ့ပတ်သတ်ပြီး ကျုပ်အတိကျ မသိပါဘူး”

လုချောင်းယန်သည် ချိုသာစွာပြောလိုက်သည်။ တုဟယ်မြို့သခင်အဆင့်နှင့် ချုးထန်ကို တွေ့ရှိရန်မလွယ်ကူသော်လည်း ယခုတွင်တော့ သူရှိရာအိမ်တော်သို့လာရောက်နေခြင်းဖြစ်သည်။ တကယ်တမ်တွင်တော့ ဟွမ်းကို လာရောက်တွေ့ဆုံခြင်းသာ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်ယူရတာပါပဲ။

“မြို့သခင်တု ကျုပ်သွားဦးမယ်၊ နောက်ကျရင် တုဟယ်မြို့နဲ့ ချီယင်းအိမ်တော်ကို စီးပွားရေးမိတ်ဖက်အဖြစ်ပူးပေါင်းကြရအောင်” ချုးထန် ပြန်ခါနီးတွင် ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် အိမ်တော်သခင်ချုး၊ ကျုပ်ဝမ်းပန်းတသာနဲ့ ပူးပေါင်းမှာပါ၊ ဂရုစိုက်ပြန်ပါ”

လုချောင်းယန်သည် သူ၏အပြုံးများကို မဖုံးကွယ်နိုင်။ လင်းယွမ်နယ်မြေရဲ့ စီးပွားရေး အင်ပါယာနှင့် မိတ်ဖက်ပူးပေါင်းရန်မှာ လူတိုင်း အလိုရှိနေကြသည့် ဆန္ဒဖြစ်သည်။ လုချောင်းယန် ပြုံးပျော်နေသည်မှာ မထူးဆန်းပေ။

ချုးယွီဟွာသည် အဆောင်ရေးဆွဲခြင်းနည်းစနစ်စာအုပ်မှ မျက်နှာ မခွာခဲ့ပေ။ စိတ်ဝင်တစားလေ့လာနေသည်။ ထို့နောက် သူမသိသမျှကို ဟွမ်းကို ပြောလိုက်သည်။

“စီနီယာ ဒီအဆောင်တွေ ရေးဆွဲနိုင်ဖို့ဆိုရင် ဝိညာဉ်စွမ်းအင်ကို အကောင်းဆုံးထိန်းသိမ်းနိုင်တဲ့ အဆင့်မြင့်စာရွက်တွေလိုတယ်၊ ဒါမှ အကျိုးသက်ရောက်မှုက မလျော့ကျတော့မှာ၊ ဒီနယ်မြေမှာက အဆောင်ဆရာတွေရှားတယ်လေ၊ ဒါကြောင့် အဆောင်ရေးဆွဲဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ကောင်းကောင်းမရှိဘူး” ချုးယွီဝမ်သည် တစ်ချက်ချင်းထောက်ပြလိုက်သည်။

“ဟုတ်တယ် အဲ့ဒါကို သတိထားမိတယ်၊ ဒါပေမဲ့ အဲ့ဒီ အဆောင်တွေကို ဝိညာဉ်စွမ်းအင်နဲ့ ပြုပြင်ပြီးသား” ဟွမ်းသည် အတော်လေးအံ့ဩသွား၏။ အချိန် ခဏလေးအတွင်းတွင် သူမသည် ဤအရာများကို သတိပြုမိနေသည်။ ဟွမ်းသည် အဆင့်နိမ့်အဆောင်များကို သူကိုယ်တိုင်ပင် အဆင့်မြှင့်တင်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ချေ။

“စီနီယာ အဆင့်မြင့်ထားတဲ့ အဆောင်စာရွက်ပေါ်မှာ ကျွန်မ ရေးဆွဲကြည့်လို့ရမလား” သူမသည် အဆောင်ရေးဆွဲရန် စိတ်အား ထက်သန်နေပြီဖြစ်သည်။

“ကောင်းပြီ စမ်းကြည့်လေ” ဟွမ်းသည် အဆင့်နိမ့်အဆောင်စာရွက်ကို အဆင့်မြင့်တင်ပေးလိုက်သည်။

ထို့နောက် ချုးယွီဟွာ သည် စတင်ရေးဆွဲတော့သည်။ အဆောင်ရေးဆွဲရာတွင် စိတ်ကို အမြင့်ဆုံးအထိ စုစည်းပြီး စိတ်တည်ငြိမ်နေစေရန် လိုအပ်ပေသည်။ ရေးဆွဲနေစဉ် အတွေးအာရုံတွေ လွင့်ပါးသွားခြင်း၊ စိတ်ရှုပ်ထွေးသွားခြင်းတို့သည် ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး အဆောင် ပျက်စီးသွားစေနိုင်သည်။

ချုးယွီဟွာသည် သူမ၏ ဝိညာဉ်စွမ်းအင်များကို ဂရုတစိုက် လည်ပတ်စေကာ လက်ဖျားထိပ်တွင် စုစည်းလိုက်သည်။ ထို့နောက် အနီးပတ်ဝန်းကျင်ရှိ လောက၏ စွမ်းအင်များသည် သူမ အနီးတွင် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူမ၏ လက်ညိုးသည် အဆောင်စာရွက်ပေါ်တွင် ဆက်တိုက်လှုပ်ရှားနေပြီး အဆောင်နှင့် သတ်ဆိုင်သည့် နည်းစနစ်များကို ရေးသားနေသည်။ ဤအဆင့်တွင် ဝိညာဉ်စွမ်းအင် စီးဆင်းမှု မပြတ်တောက်စေရန်လိုအပ်သည်။ ထို့အပြင် တစ်ချက်မမှားပဲ တိကျမှန်ကန်ပြီး လျှင်မြန်စွာ ရေးဆွဲနိုင်ရန်လိုအပ်သည်။ သူမသည် ဝိညာဉ်စွမ်းအင်ကုန်ခမ်းလာမှုကြောင့် သူမ၏ ကျော့ရှင်းသည့် မျက်နှာထက်တွင် ချွေးသီးငယ်လေးများ ဖြစ်ပေါ်လာသည်။ သူမသည် ငါးမိနစ်ခန့် ရေးဆွဲပြီးနောက် အဆောင်စာရွက်တွက် ရောင်စုံအလင်းတန်းများ ပေါ်ထွက်လာသည်။

“သူမအောင်မြင်တော့မှာလား” ဟွမ်း၏ တည်ငြိမ်လှသည် မျက်လုံးအစုံသည် ပြူးကျယ်သွား၏။

All Chapters