အဓိကစမ်းသပ်ချက်
Vol. 3 Ch. 39
တတိယနေ့ နေ့တစ်ဝက်ကုန်သွားပြီးနောက် လူငါးရာသာ ကျန်ခဲ့တော့သည်။ ပရိတ်သတ်များသည်လည်း အလွန်ပင် အံ့ဩနေကြတော့သည်။
“ပထမစမ်းသပ်ချက်တင်ကိုက ဒီလောက်ထိ ပြိုင်ပွဲဝင်တွေလျော့သွားစေတာလား”
“အဲ့လောက်ထိ ခက်ခဲတာလား”
“ဒါက ခက်တာ မခက်တာနဲ့ မဆိုင်သေးဘူး၊ ကိုယ့်ရဲ့ စိတ်ဓာတ်ကြံခံမှုနဲ့ပဲ ဆိုင်တာ ဟိုမယ်ကြည့်ပါ့လား အခြေခံအုတ်မြတ် အဆင့်လေး ခုထိ မထွက်ရသေးဘူး”
“ဒါလဲဟုတ်တာပဲ၊ ထွက်လိုက်ရတဲ့ လူငယ်တွေက နှမြောစရာပဲ”
ကြည့်ရှုသူများသည် စင်မြင့်ထက်မှ တစ်မျိုးစီဝေဖန်လေကန်၍ ဆွေးနွေးနေကြသည်။
“ထျမ်းယွမ်နယ်မြေရဲ့ လူငယ်ကျင့်ကြံသူများအတွက် သာမညစမ်းသပ်ချက် ပြီးဆုံးသွားပြီ၊ ပါဝင်ယှဉ်ပြိုင်သူ အရေအတွက် တစ်သောင်းကျော်ကနေ နှမြောစရာကောင်းစွာနဲ့ သာမညစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့သူဦးရေ အယောက်သုံးရာပဲရှိခဲ့တယ်၊ ဒါကြောင့် အောင်မြင်ခဲ့တဲ့ အယောက်သုံးရာအတွက် ပြန်လည်အားဖြည့်ဖို တစ်ရက်အချိန်ပေးထားပါတယ်၊ နောက်နေ့မှာ အဓိကစမ်းသပ်ချက်ကို စတင်ပါလိမ့်မယ်”
ချီလင်းဟောင်သည် ကြေညာလိုက်၏။ ထိုအချိန်တွင် ပရိတ်သတ်များ၏ တီးတိုးပြောသံများ ပေါ်ထွက်လာသည်။ တစ်ချို့ ကျင့်ကြံသူများသည်လည်း နောက်နေ့မှ ပြန်လာရန် ထွက်ခွာသွားကြပြီဖြစ်သည်။ အဆင့်နိမ့်ကျင့်ကြံသူများအတွက် ပြန်လည်အားဖြည့်ရန်လိုအပ်သည်။ တစ်ချို့သည့်လည်း မပြန်ကြပေ။ ရွှေအမြူတေကျင့်ကြံသူများနှင့် အထက်အဆင့်များသည် အစားအသောက်နှင့် အိပ်စက်ခြင်းအပေါ်တွင် မှီခိုမှုနည်းပါးသွားသည်။ ထို့ကြောင့် ပြသနာမရှိချေ။
“ဒုတိယအစ်ကို ဘာဆွေးနွေးဖို့ရှိတာလဲ” ထိုက်ဟုန်ကျွင်းသည် ရှဲ့လန်ကို မေးလိုက်၏။ သူတို့သည် အဓိကစမ်းသပ်ချက် သည်နောက်နေ့မှဖြစ်သောကြာင့် ရှဲ့လန်၏ အိမ်တော်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
“ရှောင်ကျွင်း မင်းငါ့ကို သာမန်လက်သီးတစ်ချက်နဲ့ ပြန်မတုန့်ပြန်နိုင်ပဲ ဒဏ်ရာရအောင် တိုက်ခိုက်နိုင်လား၊ ပြီးတော့ အရှိန်က ငါ့ရဲ့ဝိညာဉ်စွမ်းရည်ပါ ထုတ်သုံးချိန်မရလောက်တဲ့အမြန်နှုန်းနဲ့” ရှဲ့လန်သည် အလေးနက်ဖြစ်ကာမေးလိုက်၏။
ထိုက်ဟုန်ကျွင်း “လုပ်နိုင်တယ်လေ”
ရှဲ့လန် “...”
“ဒါပေမဲ့ ဒုတိယ အစ်ကို မခုခံပဲနေမှ လုပ်နိုင်မှာ၊ ကျုပ်ဘယ်လောက်မြန်မြန် ဒုတိယအစ်ကိုလဲ နတ်ဘုရားတစ်ပိုင်းအဆင့်လေ၊ ပြီးတော့ သာမန်လက်သီးနဲ့က ဒုတိယအစ်ရဲ့ အသားတောင် အနည်းငယ် နာကျင်မှုလောက်ပဲပေးနိုင်မှာလေ” ထိုက်ဟုန်ကျွင်းသည် အဖက်ဖက်မှ တွေးတောက သုံးသပ်ပြလိုက်၏။ ထို့နောက်ပြန်လည်မေးခွန်းထုတ်လိုက်၏။
“ဒုတိယအစ်ကို ဘာလို့မေးတာလဲ”
“ထိုက်ရွှမ်မြို့ထဲမှာ ငါ့ကို အဲ့လိုလုပ်နိုင်တဲ့သူတစ်ဦးလွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ရောက်လာတယ်” ရှဲ့လန်သည် တိုးလျစွာပြောလိုက်၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲ့ဒီလူက ကျန်တဲ့ နတ်အင်ပါယာသုံးဦးထဲကလား” ထိုက်ဟုန်းကျွင်းသည် မျက်မှောင်ကြုတ်သွားပြီးမေးလိုက်၏။ အင်ပါယာ လေးပါးတွင် တစ်ပါးက ထိုက်ရွှမ်ဂိုဏ်းချုပ်ဟောင်း နတ်အင်ပါယာထျန်းရှီပင်ဖြစ်သည်။
“မဟုတ်ဘူး နတ်အင်ပါယာသုံးဦးကို ငါတွေ့ဖူးတယ်လေ၊ ပြီးတော့ သူတို့က ဒီလိုနေရာမျိုး လာစရာမှ အကြောင်းမရှိတာ၊ လာရင်တောင် မင်းသိမှာပဲလေ” ရှဲ့လန်သည် ခေါင်းခါရမ်းကာပြောလိုက်၏။ ထိုက်ဟုန်ကျွင်းသည် သဘောတူသည့်အလား ခေါင်းငြိတ်လိုက်၏။ ထို့နောက် သိချင်စိတ်ပြင်းပြလာကာမေးလိုက်၏။
“ဒါဆို အဲ့ဒါဘယ်သူလဲ”
“ဒီကိစ္စက ထျယ်ရှန်းကနေစတာ..” ရှဲ့လန်သည် ဖြစ်စဉ်ကို အစဆုံးရှင်းပြလိုက်သည်။ ထိုက်ဟုန်ကျွင်းသည် အံ့ဩသွားသော်လည်း အလွန်းအမင်းတော့ မဟုတ်ပေ။ ထိုလူသည် နတ်ဘုရင် အထွတ်ထိပ်အဆင့်ကို ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်လောက်မည်ဟုသာ ကောက်ချက်ချလိုက်သည်။ ထို့နောက် တီးတိုးရေရွတ်လိုက်၏။
“အဲ့ဒီလူနဲ့ လက်ရည်စမ်းကြည့်ချင်မိတယ်”
ရှဲ့လန်သည် ထိုစကားကြားပြီး စွံအသွား၏။ သူသည် တပည့်ဖြစ်သူ ထျယ်ရှန်းကိုပင် ထိန်း၍ မနိုင်ချေ။
‘ထျယ်ရှန်းက မင်းတပည့်လို့ ပြောရင် လူတွေယုံလောက်မယ်၊ အကိုကြီးကို အကြောင်းကြားထားလိုက်ရင် ကောင်းမလား’
…
တစ်ရက်တာသည် လျှင်လျှင်မြန်မြန်ပင်ကုန်ဆုံးသွားခဲ့သည်။ ယွဲ့ဝူယောင်တို့ တပည့်လေးဦးသည် မပြန်ခဲ့ကြချေ။ ထိုင်ခုံတွင်သာ တစ်လျှောက်လုံးထိုင်နေခဲ့သည်။ မုန့်ချန်အာ ပြိုင်ပွဲဝင်ရတော့မည်ကို တွေးရင်း လုရှင်းယန်သည် အလွန်ပင်စိတ်လှုပ်ရှားနေပုံပေါ်သည်။ ပိုင်ကျန့်ယွီသည် သူ၏ ဒုတိယအစ်ကို ကိုကြည့်ကာ ခေါင်းခါရမ်းပြီး တီးတိုးရေရွတ်လိုက်၏။
“လူငယ်တွေရဲ့ နှလုံးသားကတော့ တက်ကြွနေတော့တာပဲ”
လျှိုမင်ယွမ် “...”
‘တတိယအကိုက အသက်ဘယ်လောက်ရှိပြီမို့ ဒီစကားပြောတာတုန်း၊ ဒုတိယအစ်ကို ကြားမှ ထရိုက်နေဦးမယ်’
သို့သော်လုရှင်းယန်သည် မကြားပေ။ သူ၏ အကြားအာရုံနှင့် အမြင်အာရုံသည် အဓိကစမ်းသပ်ချက် ပြိုင်ပွဲအတွင်းဝင်ရောက်လာသည့် မုန့်ချန်အာ အပေါ်တွင် ရောက်ရှိနေသောကြောင့် ဖြစ်သည်။
“အားလုံးပဲ၊ အဓိကစမ်းသပ်ချက်အတွက် ပြိုင်ပွဲဝင်ပေါင်း ခြောက်ရာနီးပါးလောက်ရှိတယ်၊ အဆင်သင့်ဖြစ်ရင် ပြိုင်ပွဲနေရာဖြစ်တဲ့ အစီရင်ထဲမှာ နေရာယူပေးကြပါ” ချီလင်းဟောင်၏ ကြေညာသံထွက်ပေါ်လာခဲ့သည်။
အဓိကစမ်းသပ်ချက်တွင် အဆင့် သုံးဆင့် ရှိလေသည်။ ပထမအဆင့်သည် သာမညစမ်းသပ်ချက် အတိုင်းသာဖြစ်၏။ ကွာခြားချက်မှာ မည်သည့်ရက်ပေါင်းမျှ ကြာအောင် နေစရာမလိုချေ။ သို့သော် စိတ်ဝိညာဉ်ဖိအားသည် သာမညစမ်းသပ်ချက်ထက် ဆယ်ဆမျှ ပြင်းထန်သည်။ သာမညစမ်းသပ်ချက် ထိုဖိအားပြင်းထန်သည့် လမ်းကြောင်းကို ကျော်ဖြတ်ရမည်ဖြစ်သည်။ ထို့အပြင် ထိုလမ်းကြောင်းတွင် မြူများထူထပ်စွာရှိနေပြီး စိတ်ရှုပ်ထွေးစေရန်ပြုလုပ်ထားသည်။ ထိုလမ်းအဆုံးထိ လျှောက်နိုင်မှသာလျှင် ဒုတိယအဆင့်သို့ရောက်မည်ဖြစ်သည်။
ပြိုင်ပွဲဝင်များနေရာယူပြီးသည်နှင့် အစီအရင်ကိုစတင်လိုက်တော့သည်။ ချက်ချင်းပင် ထိုအစီရင်ထဲတွင် မြူခိုးများပေါ်လာပြီးနောက် ရှေ့သို့ မြင်နိုင်ရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် ဖိအားဒဏ်လဲ ခံစားနေရသောကြောင့် ပြိုင်ပွဲဝင်တစ်ချို့၏ စိတ်များ ရှုပ်ထွေးလာခဲ့သည်။ တစ်ချို့ဆိုလျှင် လမ်းတောင် မလျှောက်နိုင်ကြချေ။
ထျန်းလုံသည် ပြိုင်ပွဲဝင်အားလုံးထဲတွင် သူတစ်ယောက်သာ အခြေံအုတ်မြစ် အဆင့်ပါဝင်လေသည်။ ဖိအားဒဏ် ခံစားရသည့်ပုံပေါ်နေသော်လည်း တစ်ခြားသူများထက်ပင် မြန်ဆန်စွာ လျှောက်လှမ်းနေသည်။ ထို့အပြင် မြူခိုးများ ကိုမမှုပဲ လမ်းကို မြင်တွေ့နေရသည့်အလား လျှောက်လှမ်းနေခြင်းဖြစ်သည်။
ပရိတ်သတ်များသည်လည်း လွန်စွာပင် အံ့ဩနေကြသည်။
“ဒီကောင်လေးက ဘယ်သူလဲ”
သို့သော် ရှေးနဂါးရင်ပြင်အတွင်းရှိ မည်သူမျှပင် သူ့ကို မသိချေ။
လဲ့အိမ်တော်တွင် ယွဲ့ဝူယောင်၏ ဝင်ခွင့်ကို လုယူခဲ့သော လဲ့ကျန်းသည်လည်း အဓိကစမ်းသတ်ချက်တွင် ပါဝင်လာပြီဖြစ်သည်။ သူသည်လည်း ပါရမီရှင်တစ်ဦးဖြစ်သည့်အလျောက် ပထမအဆင့်ကို ကောင်းမွန်စွာ ကျော်ဖြတ်နေသည်။ ချွေးအနည်းငယ် စီးကျနေသော်လည်း သက်တောင့်သက်သာဖြင့် သွားနေသည်။ သို့သော်သူသည် မြူခိုးများကြောင့်စိတ်မရှုပ်ထွေးစေရန် သတိထား၍ လျှောက်လှမ်းနေသည်။
အားလုံးထဲ တွင်အထူးခြားဆုံးမှာ မုန့်ချန်အာပင် ဖြစ်လေသည်။ သူမ၏ အလှသည် ပရိတ်သတ်များ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူမသည် ယှဉ်ပြိုင်သူများထဲတွင် အဆင့်အနိမ့်ဆုံး မဟုတ်သလို အမြင့်ဆုံးလဲ မဟုတ်ချေ။ သို့သော် သူမသည် ဖိအားဒဏ်လဲ မခံစားရသလို မြူခိုးများလည်း မရှိသည့်အလား လျှောက်လှမ်းနေသည်။ သူမ၏ ပုံစံမှာ ပန်းခြံထဲ လမ်းလျှောက်ထွက်နေသလိုပင်။
‘ဒီမှာ ဘာဖိအားမှ မခံစားရဘူးလား၊ အငွေ့တစ်ချို့တော့ရှိပေမယ့် ထွက်ပေါက်ကိုမြင်နေရတယ်၊ ဘာကြောင့်ပါလိမ့်’ သူမကိုယ်တိုင်ပင် မရေရာ ဖြစ်နေသည်။ သို့သော် ဆက်မတွေးတော့ပဲ ထွက်ပေါက်သို့ ဦးတည်လိုက်သည်။ ထိုအစီရင် လမ်းကြောင်း အဆုံးရှိ ထွက်ပေါက်သည် အရှေ့တည့်တည့်တွင်သာရှိပေသည်။
“ဒီမိန်းကလေးက ချွေးတောင်မထွက်ဘူးလား”
“သူမက ဘယ်အိမ်တော်ကလဲ”
ပရိတ်သတ်များသည် သူမကို အဓိက စမ်းသတ်ချက်မှပါဝင်လာသောကြောင့် အိမ်တော် တစ်ခုခု၏ သခင်မလေးဖြစ်မည်ဟုတွေးမိနေကြသည်။
“အစ်မမုန့် တော်တယ်” ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့သည် အော်ဟစ်ကာ အားပေးနေကြသည်။ သူတို့သည် မုန့်ချန်အာနှင့် စကားများစွာ ဆက်ဆံမပြောဆိုဖူးကြသော်လည်း သူမသည် အနာဂတ်၏ မရီးလောင်း ဖြစ်လာနိုင်သူဖြစ်သည်။ ထို့အပြင် သူတို့သည် ဤနေရာသို့ ရောက်ရှိနေသည့် အဓိက အကြောင်းရင်းမှာ မုန့်ချန်အာကို အားပေးရန်အတွက်သာဖြစ်သည်။
လုရှင်းယန်သည် မုန့်ချန်အာ၏ လှုပ်ရှားမှုများကို လွတ်သွားမှာ စိုးသည့်အလား မျက်တောင် မခက်ပဲ ကြည့်နေသည်။
ယွဲ့ဝူယောင်သည် နှုတ်မှ ထုတ်မပြောသော်လည်း ချီးကျုးသည့် အကြည့်ဖြင့် မုန့်ချန်အာကို စိုက်ကြည့်နေသည်။ သူမသည် လဲ့ကျန်းကို ဝင်ခွင့်ထဲတွင်ပါဝင်နေသည်ကို တွေ့လိုက်သော်လည်း ဂရုမစိုက်တော့ချေ။
‘လဲ့ကျန်းသာ ငါကို ကြေးစားများငှားပြီး သတ်ဖြတ်ဖို့မလုပ်ခဲ့ရင် ငါ့ရဲ့ ဆရာနဲ့တွေ့နိုင်မှာမဟုတ်ဘူး’
သူမ၏လက်ရှိအနေထားနှင့် လက်စားချေရန်လည်းမလိုအပ်ပေ။ သို့သော် သူမ မသိသည်မှာ လဲ့ကျန်း သတ်ဖြတ်ဖို့ မလုပ်လျှင်တောင် ဟွမ်းသည် သူမကို လာရှာမည်ဆိုတာကိုပင်။
“ရှောင်ကျွင်း အဲ့ဒီမိန်းကလေးကို ဘယ်လိုမြင်လဲ” ရှဲ့လန်သည် ထိုက်ဟုန်ကျွင်းကို မေးလိုက်သည်။
“ထူးခြားတာတော့အမှန်ပဲ ဒါပေမဲ့ ပြောဖို့တော့ စောပါသေးတယ်” သူသည်လည်း ထိုသို့ လူငယ်များစွာကို မြင်ဖူးလေသည်။ သို့ပေမဲ့ အဆုံးသတ်ထိအောင်နိုင်မှသာလျှင် အစစ်မှန် ပါရမီရှင်ဟု ခေါ်ဆိုနိုင်မည်။
နာရီဝက်ကြာပြီးနောက် ပထမအဆင့်မှာပင် သတိလစ်ကုန်၍ လူများစွာထွက်ရပြန်သည်။ တစ်ချို့သည်လည်း မြူခိုးအစီရင်ထဲက မထွက်နိုင်သေးပေ။ လမ်းပျောက်နေဆဲပင်။ လူသုံးရာလောက်သည် ဒုတိယအဆင့်သို့ရောက်ရှိနေကြပြီဖြစ်သည်။