အဆုံးအဖြတ်တိုက်ပွဲ
Vol. 3 Ch. 45
ထျယ်ရှန်းသည် သူဆိုတာသေချာနေသောကြောင့် ခေါင်းယမ်းကာ အောက်သို့ဆင်းရန်ပြင်လိုက်သည်။ သို့သော် လုရှင်းယန်၏ လက်ညိုးသည် သူ့အပေါ်တွင် မရှိချေ။ ရှောင်ထျန်း ကို ဦးတည်ထားချင်းဖြစ်သည်။ အားလုံးသည် စိတ်ဝင်တစား အကြည့်များဖြင့်ကြည့်နေကြသည်။
“မရဘူး” ထိုက်ဟုန်ကျွင်းသည် ငြင်းလိုက်၏။
“ကျုပ်စိန်ခေါ်တယ်၊ ခင်ဗျားလက်ခံရဲလား” လုရှင်းယန်သည် ထိုက်ဟုန်ကျွင်းကို လျစ်လျုရှုကာ ရှောင်ထျန်းကို တိုက်ရိုက်မေးလိုက်၏။ လုရှင်းယန်သည်သောက်ရေးမပါသည့်စည်းမျဉ်းများကြောင့် ထိုက်ဟုန်ကျွင်း အပေါ် အမြင်မကြည်ပေ။ ထို့ကြောင့် ဂရုလဲ မစိုက်ချေ။
ပရိတ်သတ်များ “...” ရင်ပြင်တစ်ခုလုံးအေးခဲသွားသည့်အလား တိတ်ဆိတ်သွား၏။ လုချောင်းယန်သည် သက်ပျင်းတိုးတိုးသာချ လိုက်၏။
“ဒီကောင်တွေ ထိုက်ရွှမ်ဂိုဏ်းချုပ်က ငါဆိုတာ သိတာသေချာရဲ့လား” ထိုက်ဟုန်ကျွင်းသည် သံသရများနှင့် ရေရွတ်လိုက်၏။
“ဟိုမိန်းကလေးဆိုရင်တော့ ငါနဲ့တိုက်ဖို့ အရည်ချင်းရှိပေမဲ့ မင်းကမမှီသေးဘူး” ရှောင်ထျန်းသည် တုန့်ပြန်လိုက်၏။
“မှားနေပြီ မင်းက ငါ့အမကြီးနဲ့ တိုက်ခိုက်ဖို့ အဆင့်မမှီဘူး” လုရှင်းယန်သည် တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“ဒီကောင်ကို အစကတည်းက အရူးဆိုတာ သိပေမဲ့ ဒီလောက် ရူးနေမယ်မှန်းမထင်ခဲ့ဘူး”
“ဒီကောင်တွေ တစ်အုပ်စုလုံးက မောက်မာလွန်းတယ်”
ပရိတ်သတ်များသည် အခြေတင်ဆွေးနွေးကြပြန်သည်။
“ကောင်းပြီ၊ မင်းရဲ့ မောက်မာတဲ့ စကားကြောင့်၊ မင်းတို့နှစ်ယောက်လုံးကို အနိုင်ယူပြမယ်၊ ဂိုဏ်းချုပ် ခွင့်ပြုပေးပါ” ရှောင်ထျန်းသည် ဒေါသထွက်သွားခဲ့သည်။ ထို့ကြောင့် ဆုံးမပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
“ကောင်လေး၊ မင်းဒဏ်ရာရသွားရင် ငါတို့က အနိုင်ကျင့်တာလို့တော့မပြောနဲ့” ထိုက်ဟုန်ကျွင်းသည် မတက်သာသည့်ပုံစံဖြင့် ခွင့်ပြုပေးလိုက်သည်။ အခြေတည်ဝိညာဉ်အထွတ်ထိပ်အဆင့်နှင့် သူတော်စင်ကနဦးအဆင့်တို့သည် တစ်ဆင့်သာကွာသော်လည်း ကွာခြားချက်ကြီးမားလွန်းသည်။
“ခင်ဗျားစိတ်ပူပေးစရာမလိုဘူး” လုရှင်းယန်သည် ရှောင်ထျန်းကို သာဆင်းလာဖို့ပြောလိုက်သည်။
“အကိုကြီးနှစ်ယောက် ကျုပ်ဒီကောင်လေးအပေါ် ဘာအပြစ်များပြုမိထားလို့လဲ” ထိုက်ဟုန်ကျွင်းသည် မောက်မာသူများစွာကိုမြင်ဖူးခဲ့သော်လည်း သူ၏ ဘဝတစ်လျှောက် ဤကဲ့သို့ မထီမဲ့မြင်လုပ်ရဲသူမရှိဖူးချေ။ ငယ်စဉ်ကတည်းက ပါရမီရှင်ဖြစ်ခဲ့ပြီး လူအများ၏ ချီးကျုးမှု၊ ကြောက်လှန့်မှု များခံခဲ့ရသည်။ သို့သော် သူ့လက်ဝါးတစ်ချက်နဲ့တင် အသက်ထွက်သွားနိုင်သည့် လူငယ်လေးရဲ့ လျစ်လျုရှုမှုကို ခံစားနေရသည်။
“ဟိုမိန်းကလေးက သူ့ကောင်မလေးထင်တယ်” ရှဲ့လန်သည် သက်ပျင်းချကာပြောလိုက်၏။
“ဘဝင်မြင့်နေတဲ့ကောင်သက်သက်ပါ၊ ရှောင်ထျန်းက ကျောင်းမှန်းကန်မှန်း သိအောင်ပြပေးလိုက်လိမ့်မယ်” ကျင်းဝူတောက်သည် သူ့တပည့်ကို နှိမ့်ချနေသည်ကို ခံပြင်းနေ၏။ သူသေဖို့တောင်းဆိုနေမှတော့ သေပါစေပေါ့။ သူ့တပည့်နှင့်ပတ်သတ်လျင် စည်းမျဉ်းများလဲ ဂရုမစိုက်နိုင်ချေ။ ထို့ကြောင့် မတားခြင်းဖြစ်သည်။
“ငါ့နာမည်ရှောင်ထျန်း၊ ကောင်လေး နောက်ဆုတ်ရင်မှီသေးတယ်” ရှောင်ထျန်းသည် စင်ပေါ်တက်လာပြီးပြောလိုက်၏။
“လုရှင်းယန်”
သို့သော် လုရှင်းယန်၏ လက်သီးသည် ရှောင်ထျန်း၏ မျက်နှာရှေ့ဝင်လာပြီဖြစ်သည်။
“ဘုန်း..” ထိုလက်သီးကို ရှောင်ထျန်းသည် သူ၏ လက်ဝါးနှင့် အသာယာ တားစီးလိုက်၏။ သို့သော် သူ၏ လက်သည် အနည်းငယ်ပူလောင်သည်ဟု ခံစားလိုက်ရသည်။
ထို့နောက် လုရှင်းယန်သည် နောက်သို့ ခုန်ဆုတ်သွားလိုက်သည်။ သူ၏ လက်သီးကို တားဆီးနိုင်သည်ကို မအံ့ဩပေ။ အဆင့်ကွာခြားမှုကြောင့် ဖြစ်သည်။
ထို့နောက် လုရှင်းယန်သည် သူ၏ ဝိညာဉ်စွမ်းအင်သုံးပြီး မီးလှံတစ်ချောင်း ထုတ်ဖော်လိုက်သည်။
“မီးကျင့်ကြံသူ” ရှောင်ထျန်း၏ မျက်လုံးများ မှေးစင်းသွား၏။
လုရှင်းယန်သည် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူ၏ မီးလှံဖြင့် ရှောင်ထျန်း၏ ဦးခေါင်းကို လွဲရိုက်လိုက်၏။ ရှောင်ထျန်းသည် သူ့လက်ထဲ တွင် ဓားတစ်ချောင်းပေါ်လာခဲ့သည်။ လုရှင်းယန်၏ ရိုက်ချက်ကို ကာကွယ်လိုက်သည်။
“ဝုန်း” စွမ်းအင်နှင့်ပြုလုပ်ထားသည့် လှံနှင့် ဓားအစစ်တစ်ချောင်း ချောင်းတို့ ထိပ်တိုက်တွေ့ဆုံသွားပြီး စွမ်းအင်ပေါက်ကွဲသံထွက်ပေါ်လာသည်။ လုရှင်းယန်သည် သူ၏ လှံနှင့် ဆက်တိုက်ပင် တိုက်ခိုက်နေသည်။ သူ၏ လှံကို ဘက်ပေါင်းစုံမှ ထိုးသွင်းတိုက်ခိုက်နေသည်။ သို့သော် ရှောင်ထျန်းသည် သူ၏ တိုက်ခိုက်မှုများကို အသာယာပင် တားစီးထားနိုင်သည်။
“လုံလောက်ပြီ ပွဲသိမ်းပေးတာပေါ့” စွမ်းအား ကွာခြားချက်ကြောင့် လုရှင်းယန်နှင့် ဆက်တိုက်ရန် စိတ်မဝင်စားတော့ချေ။ ထို့ကြောင့် အဆုံးသတ်ရန်ကြံလိုက်သည်။
ရှောင်ထျန်း၏ ခန္ဓာကိုယ်မှ လေစွမ်းအင်များစွာပေါ်ထွက်လာသည်။ ထိုပြင်လေထုထဲရှိလေများသည် သိပ်သည်းကျစ်လစ်လာသည်။ သူသည် အချိန်အနည်းငယ် စုစည်းပြီးနောက် သူ၏ဓားတွင် လေစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်သူ၏ ဓားကို ခုတ်လွှဲလိုက်သည်။
ကြောက်စရာကောင်းလွန်းလှသည် လေစွမ်းအင်များသည် ဆယ်ပေနီးပါးရှည်သည့် လေစွမ်းအင်ဓားကြီးပေါ်ထွက်လာပြီး လုရှင်းယန်ဆီ ဦးတည်သွားခဲ့သည်။ ပွဲကြည့်စင်မြင့်မှ အခြေတည်ဝိညာဉ်အဆင့်အောက်အားလုံးသည် ရင်ထိတ်မှုကို ခံစားလိုက်ရသည်။
လုရှင်းယန်သည် ထိုလေဓားကြီး သူ့ဆီအရှိန်ပြင်းပြင်းနှင့် လာနေသည်ကို မြင်လိုက်ပြီးနောက် မီးစွမ်းအင်များ စုစည်းပြီးနောက် မီးအကာကွယ်တစ်ခု ဖန်တီးပြီး ခုခံလိုက်သည်။
“ဝုန်း..” ထိုလေဓားကြီးသည် လုရှင်းယန်၏ အကာကွယ်ကို ဖောက်ထွင်းသွားပြီး သူကို့ ထိမှန်သွားခဲ့သည်။ လုရှင်းယန်သည် သွေးအချို့ အန်လိုက်ရ၏။ သို့သော် ကြံကြံခံ ရပ်နေလေသည်။ ရှောင်ထျန်းသည် ထိုအရာကို မြင်ပြီး မျှက်မှောင်ကြုတ်သွားခဲ့သည်။
“သူတော်စင်အဆင့် တစ်ယောက်ရဲ့စွမ်းရည်က ဒါအကုန်ပဲလိုတော့ မပြောနဲ့နော်” လုရှင်းယန်သည် လှောင်ရယ်လိုက်၏။
“သက်ညာပေးမှုကို ကျေးဇူးတင်ရကောင်းမှန်းမသိဘူးပဲ” ရှောင်ထျန်းသည် ထိုသို့ပြောလိုက်သော်လည်း အစောက တိုက်ကွက်ထဲတွင် သူ၏ စွမ်းရည် များစွာသုံးစွဲထားခြင်းဖြစ်သည်။ အနည်းငယ်အံ့ဩမိသည်မှာတော့ အမှန်ပင်။
ရှောင်ထျန်းသည် ရုတ်တရက်ပင် လုရှင်းယန် ဘေးဘက်ကနေပေါ်လာ၏။ ထို့နောက် လုရှင်းယန်ကို ခုတ်ချလိုက်သည်။ အလွန်ပင် တိကျပြီး မြန်လွန်းသည်။ လုရှင်းယန်ကို ထိုဓားဖြင့် အနိုင်ယူရန်ကြိုးစားလိုက်သည်။
လုရှင်းယန်၏ အမြန်နှုန်းသည် ရှောင်ထျန်းကို မမှီပေ။ သို့သော် သူ၏ လှံကို ထုတ်ဖော်လိုက်ပြီး ကာကွယ်လိုက်သည်။ ထို့နောက် ရှောင်ထျန်းသည် လေလိုပင် ပေါ့ပါးစွာဖြင့် လုရှင်းယန်ကို ဆက်တိုက် ဖိအားပေး တိုက်ခိုက်လိုက်သည်။ လုရှင်းယန်သည် နောက်သို့ ဆက်တိုက်ဆုတ်နေရပြီး ခုခံနေသည်။
ထို့နောက် လုရှင်းယန်သည် နောက်သို့ခုန်ဆုတ်လိုက်ပြီး အကွာဝေးထိန်းနိုင်ရန်ကြိုးစားလိုက်သည်။ ထို့နောက် သူ၏ မီးစွမ်းအင် များကို ဖန်တီးထားသည့် လှံတွင် စုစည်းပြီးနောက် ရှောင်ထျန်း ထံ ပစ်လွှတ်လိုက်သည်။
ထိုမီးလှံသည် လျင်လျင်မြန်မြန်ပင် ရှောင်ထျန်းဆီဉီးတည်သွားခဲ့သည်။ ရှောင်ထျန်းသည် ချက်ချင်းပင် သူ၏ ဓားအတွင်းလေစွမ်းအင်များစုစည်းပြီး ခုတ်ပိုင်းလိုက်သည်။ အစောကတိုက်ကွက်ထက် ပို၍ များပြားလှသည့်စွမ်းအင် များထည့်သွင်းလိုက်ခြင်းဖြစ်သည်။ လခြမ်းပုံစံ လေစွမ်းအင်လှိုင်း သည် လုရှင်းယန်၏ လှံကို တားစီးရန်ထွက်ခွာသွားသည်။
“ဝုန်း..” စွမ်းအင်နှစ်ခုထိခိုက်မိပြီး ကြီးမားလှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ပြိုင်ပွဲကွင်းတစ်ခုလုံး စွမ်းအင် အငွေ့သတ်များနှင့် ဖုံးလွမ်းသွားသည်။
ခဏကြာ ငြိမ်သက်သွားပြီးနောက် ရှောင်ထျန်း၏ မျက်နှာ ထက်တွင် ပင်ပန်းနေသည့်ပုံပေါက်လာသည်။
သို့သော် လုရှင်းယန်သည်တော့ သွေးများ ထပ်မံအန်နေပြီဖြစ်သည်။
“အရှုံးပေးလိုက်တော့” ရှောင်ထျန်းသည် လုရှင်းယန် ကဒီလောက်ထိ တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူသည် ခက်ခက်ခဲခဲအနိုင်ယူလိုက်ရခြင်းဖြစ်သည်။
“အရှုံးပေးရမှာဟုတ်လား” အသာရယ်လိုက်ပြီးနောက် လေထုတစ်ခုလုံးလောင်ကျွမ်းနေသည် အလား အပူချိန်များ မြင့်တက်လာခဲ့သည်။
“ဒီကောင်လေးဆီကတော့မဟုတ်ဘူးမလား”
ပရိတ်သတ်များသည်လည်း ချွေးများပင် ကျစီးလာခဲ့သည်။
“ဘာလို့စွမ်းအင်မီးတောက်က အဲ့လောက် အပူချိန်မြင့်လာရတာလဲ” ရှဲ့လန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မဟုတ်ဘူး ဒါက မီးတောက်တစ်ခုပဲ” ထိုက်ဟုန်ကျွင်းသည် ပြောလိုက်၏။ ကျင်းဝူတောက်သည်လည်း မျက်မှောင်ကြုတ်ကာကြည့်လိုက်၏။
“တိုက်ပွဲက ခုမှစမှာ” လုရှင်းယန်သည် ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ငရဲကိုးဘုံမီးတောက်သည် လွှမ်းခြုံသွား၏။ ထို့နောက် ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း ပြိုင်ပွဲစင်မြင့်တွင် မီးလောင်ကျွမ်းထားသည် ခြေရာများကျန်နေခဲ့သည်။
“ငါအတည်တိုက်ခဲ့တာတောင် မင်းကို လျော့တွက်မိတယ်လို့ထင်မိတုန်းပဲ” ရှောင်ထျန်းသည် သူ၏ သူတော်စင်အဆင့် လေစွမ်းအင်များ ထုတ်လွှတ်လိုက်သည်။ သူ၏ စွမ်းအင်ဖိအားကြောင့် လုရှင်းယန်၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။ ထို့နောက် လုရှင်းယန်သည် ရှောင်ထျန်းကို ကြည့်ကာပြောလိုက်သည်။
“အဆုံးဖြတ်တိုက်ပွဲတိုက်မယ်”