သိမ်မွေ့သောဓား
Vol. 3 Ch. 44
“ကျုပ်တို့ အရှုံးပေးတယ်”
ထိုစွမ်းအင်နဂါးသည် ရွှေယင်ကို ထိလုဆဲဆဲတွင် ကျင်းဝူတောက်သည် ရွှေယင်ရှေ့တွင်ပေါ်လာပြီး ပြောလိုက်သည်။ ထို့နောက် ထိုစွမ်းအင်နဂါးကို သူ၏ ဝိညာဉ်စွမ်းအင်သုံး၍ အသာယာ ကာကွယ်လိုက်သည်။ ထိုမမြင်ရသည့် စွမ်းအင်နဂါးသည် လေထုထဲ အစရှာမရသလို ပျောက်ကွယ်သွား၏။ ရွှေယင်သည် အလွန်းမင်း ထိပ်လန့်တုန်လှုပ်နေသည်။
လျှိုမင်ယွမ်သည် သူ၏ တိုက်ကွက်ကို အသာယာ ခုခံလိုက်သည် ကျင်းဝူတောက်ကို ကြည့်လိုက်၏။ ထို့နောက် လေးစားမှုပြကာ စင်ပေါ်မှ ဆင်းသွားသည့်။
“အငယ်ဆုံးလေး မိန်းကလေး တစ်ယောက်အပေါ် ဂရုဏာ ထားသင့်တယ်” ပိုင်ကျန့်ယွီသည် လျှိုမင်ယွမ်ကို ပြောလိုက်၏။ သူ၏ တိုက်ကွက်သည် အလွန်ပင်ရက်စက်၏။ ရွှေယင်ကိုသာ ထိမှန်သွားပါက သူမ၏ စိတ်ဝိညာဉ်ပင်လယ် ပင်ပျက်စီးသွားနိုင်သည်။
“တိုက်ပွဲပဲလေ သူမကို ညှာလိုက်ရင် ကျုပ်သေသွားမှာပေါ့” လျှိုမင်ယွမ်သည် ပခုံးတွန့်ကာပြောလိုက်၏။
စင်မြင့်ထက်မှာ ပရိတ်သတ်အပေါင်းတို့သည် အတော်ပင် စွံအကုန်ကြသည်။ ထိုက်ရွှမ်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်တစ်ဦး အနေနှင့် ထိုလူချောလေးကို မနိုင်ခဲ့ချေ။ အနိုင်ရရှိခဲ့တဲ့ ထိုလူချောလေးကို လက်ခုပ်တီးအားပေးရန်လည်း မသင့်လျှော်ချေ။ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ သို့သော် သူတို့သည် လျှိုမင်ယွမ်၏ စွမ်းရည်ကို အသိမှတ်ပြုခဲ့ကြသည်။
“အစ်ကိုကြီး ကျွန်မ မနိုင်ခဲ့ဘူး” ရွှေယင်သည် ရှောင်ထျန်း ရှေ့တွင် ခေါင်းလေးငုံကာ ပြောလိုက်၏။
“ဘာမှမဖြစ်ပါဘူး သူ့လို စိတ်ဝိညာဉ်ကျင့်ကြံသူနဲ့ တိုက်ခိုက်ရင် ငါတောင် အနည်းငယ်ခက်ခဲမိမှာစိုးတယ်” ရှောင်ထျန်းသည် နှစ်သိမ့်ပေးလိုက်၏။ သို့သော် သူသည် လျှိုမင်ယွမ်ကို အနိုင်ယူနိုင်သည့် ပုံစံပေါက်နေသည်။
“ကျုပ်သွားလိုက်မယ် သူတို့ထဲက တစ်ယောက်မှာ ဓားကျင့်ကြံသူပါတယ်” ဓားရှည်တစ်ချောင်းလွယ်ထားသည့်လူတစ်ဦးသည် ပြိုင်ကွင်း ပေါ်သို့တက်လာခဲ့သည်။ သူသည် လည်း ဂိုဏ်းဝတ်စုံနှင့် အတော်ပင်ကြည့်ကောင်းသည်။
‘ဒါဆိုငါက လုရှင်းယန်နဲ့ တိုက်ရမှာလား’ ထျယ်ရှန်းသည် စွံ့အနေ၏။
“ဒီက ရောင်းရင်း ဓားချင်းဖလှယ်ရအောင်” သူသည် ပိုင်ကျန့်ယွီကို ညွှန်ပြလိုက်သည်။
“ပိုင်ကျန့်ယွီ” ပိုင်ကျန့်ယွီသည် စင်ပေါ်သို့ ခုန်တက်လာပြီး သူ၏နာမည်ပြောလိုက်၏။
“ပိုင်ကျန့်ယွီတဲ့လား”
“သူက အုပ်ထိန်းသူမဟုတ်လားဘူး”
စင်ပေါ်တက်လာတဲ့ ပိုင်ကျန့်ယွီသည် ပရိတ်သတ်များ၏ ဆွေးနွေးသံကို ကြားပြီး သွေးအန်ချင်စိတ်ပင်ပေါက်သွားခဲ့သည်။
‘ငါရုပ်က အဲ့လောက်တောင် အိုနေလို့လား’
သူသည် ထိုလူကို တိမ်လွှာဓါး ထုတ်ပြီး ပြေးခုတ်ချင်စိတ်ကို မနည်းထိန်းထားရ၏။
“ယန်ဖုန်းယဲ့ ပါ၊ ရောင်းရင်းရဲ့ ဓားကို ထုတ်လိုက်ပါ” ယန်ဖုန်းယဲ့သည် သူ၏ ဓားကို ကိုင်ထားပြီးနောက် ပိုင်ကျန့်ယွီကို ဓားထုတ်ရန်ပြောဆိုလိုက်၏။
“ငါ ဓားထုတ်လိုက်ရင် မင်းအခွင့်ရေး မရှိတော့မှာစိုးတယ်” ပိုင်ကျန့်ယွီသည် အလေးနက်ပြောလိုက်၏။
“ကျုပ်ကို အထင်သေးတာလား” ယန်ဖုန်းယဲ့သည် မျက်မှောင်ကြတ်လိုက်ပြီးနောင် အလိုမကျဖြစ်သွားခဲ့သည်။
“မဟုတ်ဘူး ကျုပ်ရဲ့ ဓားက ကြောက်စရာကောင်းလို့” သူ၏ တိမ်လွာဓားသည် သာမန်ဓားများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည့် အရာမဟုတ်ချေ။ ထို့ကြောင့် သတိပေးလိုက်ခြင်းသာဖြစ်သည်။ ထို့အပြင် အရင်အဆင့်အတိုင်းပြန်မရောက်သေးသော်လည်း ဤရက်ပိုင်းအတွင်းတွင် ရှောင်ယွင်သည် ဆက်တိုက် စွမ်းအင်များ စုစည်းနေခဲ့၏။
“ဓားသမားအချင်းချင်းကို ဓားထုတ်ပြီး မတိုက်ရင် မလေးစားတာပဲ” ယန်ဖုန်းယဲ့သည် ယှဉ်ပြိုင်လိုစိတ်များ ပြင်းထန်လာသည်။
“အုပ်ထိန်းသူက ဘဝင်လေဟပ်နေတဲ့ကောင်ပဲ”
“ဟုတ်ပါ့” ပရိတ်သတ်များသည် စိတ်မရှည်တော့ချေ။ ၎င်းတို့သည် မတိုက်သေးပဲ စကားများလွန်းကြ၏။
ပိုင်ကျန့်ယွီ သည်ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ တိမ်လွှာဓါးကို ဝိညာဉ်ပင်လယ်အတွင်းမှ ထုတ်ယူလိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ဝှိုက်တွင် တိမ်များစွာစုဝေးလာပြီးနောက် အက်ကြောင်းများနှင့် ဓါးတစ်ချောင်းပေါ်ထွက်လာခဲ့သည်။ ထိုဓား၏ အရှိန်ဝါကြောင့် ပရိတ်သတ်များသည် သူတို့၏ စိတ်ဝိညာဉ်ကို ဓားဖြင့် စိုက်ခံရသည့်အလား နာကျင်မှုများ ဖြစ်ပေါ်လာသည်။
“ဒီဓားက ဘယ်လိုအဆင့်မျိုးလဲ” ကျင်းဝူတောက်သည် မျက်လုံးမှေးကျင်းသွားပြီး ကြည့်လိုက်သည်။ ထိုဓားတွင် သိမ်မွေ့သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
“ဒီဓားက နူးညံတယ်ထင်ရပေမဲ့ ထက်ရှလွန်းနေတယ်” ထိုက်ဟုန်ကျွင်းသည် သုံးသပ်လိုက်၏။
“တကယ်ကောင်းတဲ့ဓားပဲ” ယန်ဖုန်းယဲ့သည် ချီုးကျုးလိုက်၏။ သို့သော် အနည်းငယ် စိုးထိတ်မှုကို ခံစားနေရ၏။
ယန်ဖုန်းယဲ့သည် ဓားကျင့်ကြံသူပီပီ ဓားများနှင့် တိုက်ပွဲကို ဆာလောင်နေသည့်အလား တိုက်ခိုက်ချင်စိတ်ပြင်းထန်လာခဲ့သည်။ သူ၏ဓားကို ဝှေ့ယမ်းလိုက်ပြီး တိုက်ခိုက်ရန် ပြေးလာခဲ့သည်။ ထို့နောက် သူ၏ ဓားနှင့် ပိုင်ကျန့်ယွီ၏ လည်တိုင်ကို ပြေးခုတ်လိုက်သည်။ သို့သော် လေကိုသာ ခုတ်မိသွားခဲ့သည်။ ပိုင်ကျန့်ယွီသည် သူ၏ ခုတ်ချက်ကို အသာယာပင် ရှောင်တိမ်းသွားခဲ့သည်။
ယန်ဖုန်းယဲ့သည် ချက်ချင်း ပိုင်ကျန့်ယွီ ရှောင်တိမ်းသွားသည့်ဘက်ကို သူ၏ ဓားကိုဦးတည်လိုက်သည်။ ထို့နောက် လျှင်မြန်စွာ သူ၏ဓားအပြားနှင့် ရိုက်ချလိုက်သည်။
“ဝှီး..”ပြင်းထန်သည် လေတိုးသံများထွက်ပေါ်လာသည်။
ထိုရိုက်ချက်တွင် သူ၏ စွမ်းအင်များစွာ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့အပြင် သူ့စွမ်းအင်များသည် သူ့ဓားနှင့် ပေါင်းစပ်စီးဆင်းစေသောကြောင့် အတော်ပင်ပြင်းထန်လွန်းလှ၏။
ထိုအရာကို မြင်ပြီးနောက် လျှိုမင်ယွမ်သည် ဝိညာဉ်စွမ်းအင်များ သူ၏ ဘယ်ဘက်လက်တွင် စုစည်းလိုက်ပြီး ထိုရိုက်ချက်ကို ကာကွယ်လိုက်သည်။
လျှိုမင်ယွမ်သည် ထိုရိုက်ချက်ကို တိုက်ရိုက် ခုခံလိုက်သောကြောင့် သူသည်နောက်သို့ ခြေငါးလှမ်းခန့်ဆုတ်လိုက်ရသည်။
“မင်းဘာလို့ ဓားနဲ့ မတိုက်တာလဲ” ယန်ဖုန်းယဲ့သည်မေးလိုက်၏။
“မင်းဘာလို့ ဓားသွားနဲ့ မခုတ်တာလဲ” ပိုင်ကျန့်ယွီ သည် ပြန်လည်မေးခွန်းထုတ်လိုက်၏။
“လက်ရည်စမ်းပွဲလေ သေခြင်းရှင်ခြင်း တိုက်ပွဲမှ မဟုတ်တာ” ယန်ဖုန်းယဲ့သည် ခေါင်းယန်းခါဖြေလိုက်၏။ ထို့ကြောင့်သူသည် ဒုတိယတိုက်ခိုက်မှုတွင် ဓားစွမ်းအင်များစွာ ထည့်သွင်းထားသော်လည်း ဓားအသွားနှင့် မခုတ်ခဲ့ချေ။ သို့သော် သူအံ့ဩရသည်မှာ ပိုင်ကျန့်ယွီသည် လက်နှင့် တိုက်ရိုက် ခုခံခဲ့တာတောင် ခြေလှမ်း ငါးလှမ်းလောက်သာ ဆုတ်ခဲ့ရသည်။ မည်သို့မျှ ခံစားရပုံမပေါ်ချေ။ သာမန်ကျင့်ကြံသူဆိုလျှင်တော့ အနည်းနဲ့အများ ဒဏ်ရာရသွားမှာတော့ကျိန်းသေပင်။ ထို့နောက်မှ သူသည် သဘောပေါက်သွားပြီး ထပ်ပြောလိုက်၏။
“အဆုံးဖြတ် တိုက်ပွဲ တစ်ခု တိုက်ကြစို့”
“ကောင်းပြီ” ပိုင်ကျန့်ယွီသည်ခေါင်းညိတ်ပြလိုက်၏။
ယန်ဖုန်းယဲ့သည် သူ၏ ဓားကို အောက်မှ အထက်သို့ စက်ဝိုင်းပုံစံ လှည့်ယမ်းလိုက်သည်။ ထို့နောက် ဓားစွမ်းအင်များသည် သူ၏ ဓားအတွင်းဝင်ရောက်လာသည်။ ထိုအပြင် သူ၏ ဓားစွမ်းအင်များသည် ကြမ်းတမ်းလွန်းသည်။ လေထုထဲတွင်လည်း “တဝှီးဝှီး” မြည်သံများ ပေါ်ထွက်နေသည်။ ထိုဓားစွမ်းအင်များနှင့် ဓားကို ကိုင်ပြီး အရှိန်ယူကာ ပိုင်ကျန့်ယွီထံဦးတည်လိုက်သည်။
“ရောင်စဉ်ဖြာ ထိုးဖောက်ခြင်း”
ပိုင်ကျန့်ယွီသည် ချက်ချင်ပင်း သူ၏ ဓားဆန္ဒကို ထုတ်ဖော်လိုက်၏။ သို့သော် သူ၏ ဓားစွမ်းအင်သည် ယန်ဖုန်းယဲ့နှင့် မတူပေ။ အလွန်ပင် နူးညံ့ဟန်ရှိသော်လည်း ထက်ရှလွန်းလှသည်။ ထို့နောက် တိမ်လွှာဓားသည် အစိမ်းရောင် အလင်းတန်းများ တောက်ပလာခဲ့သည်။ ထို့နောက် သူသည် ယန်ဖုန်းယဲ့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
“ထန်”
“ခရက်” ဓားနှစ်ချောင်း ထိပ်တိုက်ဆုံတွေ့သံ ထွက်ပေါ်လာပြီး နောက် ဓားအက်သံတစ်ခုပါ ထွက်ပေါ်လာခဲ့သည်။ အသံများသည် မကျယ်လောင်ပေ။ သို့သော် လူတိုင်းတိတ်ဆိတ်စွာ ကြည့်ရှုနေကြသောကြောင့် ရှင်းလင်းပြတ်သားစွာကြားရပေသည်။ ပိုင်ကျန့်ယွီသည် ယန်ဖုန်းယဲ့၏ နောက်သို့ရောက်နေပြီဖြစ်သည်။ သူတို့နှစ်ဦး ကျောချင်းပေးထားသည့်အတိုင်းပင်။
ထိုအချိန်တွင် ယန်ဖုန်းယဲ့၏ ဓားသည် ကြေမွပျက်စီးသွားခဲ့သည်။
“ကျုပ်ရှုံးသွားပြီ၊ သက်ညှာပေးလို့ကျေးဇူးတင်ပါတယ်” ယန်ဖုန်းယဲ့သည် ပိုင်ကျန့်ယွီ ရှိရာဘက်သို့ လှည့်၍ ဝန်ခံလိုက်၏။ ပိုက်ကျန့်ယွီ မည်သို့ ခုတ်ပိုင်းသွားမှန်း သူမသိခဲ့ချေ။ အလွန်မြန်ဆန်လှသည်။ ထို့ကြောင့် ပိုင်ကျန့်ယွီ ဓားမထုတ်ခြင်းသည် မောက်မာမှုကြောင့် မဟုတ်မှန်းသိသွားခဲ့သည်။
“ဒီကောင်လေးရဲ့ဓားစွမ်းရည်ရော ဓားရောက တကယ်ကို ကြောက်စရာကောင်းတာပဲ” ရှဲ့လန်သည် ပြောလိုက်၏။
“တကယ်ထူးချွန်တဲ့ တပည့်တွေကို မွေးထုတ်ပေးထားတာပဲ” ထိုက်ဟုန်ကျွင်းသည် ပြောလိုက်၏။
“သူတို့ကို ငါတို့ဂိုဏ်းထဲဝင်အောင်ပြောရမယ်” ကျင်းဝူတောက်၏ မျက်လုံးများ တောက်ပနေသည်။
ထိုက်ဟုန်ကျွင်း၊ ရှဲ့လန် “...”
“အုပ်ထိန်းသူက ကြမ်းတာပဲ”
“ကျုပ်က ဓားသမားတွေရဲ့ ပွဲဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ် ထင်တာ ခနလေး နဲ့ ပြီးသွားတယ်”
“အုပ်ထိန်းသူက ဒီလောက်ထိ ကြမ်းမယ်မှန်းမထင်ထားဘူး”
ပရိတ်သတ်များသည် တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသည်။
‘ငါစင်ပေါ်တက်ပြီး ခုတ်လိုက်ရမလား’ ပိုင်ကျန့်ယွီသည် အလွန်ပင်ဒေါသထွက်နေ၏။ အဘယ်ကြောင့် ဤသို့ခေါ်နေကြသနည်း။ ထို့နောက် ယန်ဖုန်းယဲ့ကို လေးစာမှုပြကာ စင်အောင် သို့ဆင်းသွား၏။ ထိုအချိန်တွင် လုရှင်းယန် စင်ပေါ်တက်လာပြီး လက်ညိုးထိုးကာ ပြောလိုက်၏။
“ကျုပ် သူ့ကို စိန်ခေါ်တယ်”