ကျုပ်လက်မခံဘူး
Vol. 3 Ch. 41
မုန့်ချန်အာသည် ဒုတိယအဆင့်ကို ဖြတ်ကျော်ရန် အချိန်များစွာ ယူခဲ့ရသည်။ ထို့ကြောင့် သူမသည် အလွန်နောက်ကျနေပြီဖြစ်သည်။ သူမသည် တတိယအဆင့် လှေကားကို တွေ့ရှိပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။အကြောင်းမှာ လှေကား ထိပ်ဆုံးသို့ ရောက်ရှိနေသူ အတော်များများရှိနေပြီဖြစ်သောကြောင့်ဖြစ်သည်။
ထျန်းလုံသည် ပထမဆုံးအောင်မြင်ခဲ့သူဖြစ်သည်။ ထိုအခိုက်တန့်တွင် ပွဲကြည့်ပရိတ်သတ်များစွာသည် တုန်လှုပ်သွားကြသည်။ အခြေခံအုတ်မြစ်နှင့် ပထမဆုံးအောင်မြင်သူ ဖြစ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုက်ရွှမ်ဂိုဏ်းအတွက်တော့ အဆန်းတကျယ် မဟုတ်ချေ။ ထိုသို့ အဖြစ်ပျက်များ များစွာရှိခဲ့သောကြောင့်ဖြစ်သည်။
လဲ့ကျန်းသည်လည်း နှစ်ဆယ့်တစ်ယောက်မြောက် အောင်မြင်သူ ဖြစ်ခဲ့သည်။ သစ်စိမ်းမြို့လို မြို့ငယ်လေးကလာသည့်အတွက် အတော်လေးပါရမီကောင်းသည်ဟုပြောရပေမည်။ ထို့အပြင် အောင်မြင်သူ အယောက်ရှစ်ဆယ်ကျော်ရှိနေပြီဖြစ်ပြီး လှေခါးကိုးဆယ်ကိုးထစ် တွင်ရောက်ရှိနေကြသူတော်တော်များများရှိနေပြီဖြစ်သည်။
မုန့်ချန်အာသည် ပထမဆုံးလှေကားထစ်ကို ခြေလှမ်းလိုက်၏။ သို့သော် သူမသည် ချက်ချင်းပင် လေးငါးထစ်ဆက်တက်လိုက်သည်။ ထို့နောက် လှေကားထစ်များကို ပြေးတက်လိုက်တော့သည်။ အချိန်ခဏလေးအတွင်းမှာ တွင် လှေခါးသုံးဆယ်သို့ရောက်ရှိလာပြီဖြစ်သည်။
“ဘာ မဖြစ်နိုင်တာ”
ပြိုင်ပွဲဝင်များသည် ချက်ချင်းပင်မျက်လုံးပြူးကျယ်ကုန်ကြ၏။ သူတို့သည် ပထမ လှေကားဆယ်ထစ်ကိုပင် အတော်တက်လှမ်းခဲ့ရသည်။ အမြင်အာရုံတွင် နှောက်ယှက်မှု မျိုးစုံပေါ်လာခဲ့သောကြောင့် နှောင့်နှေးခဲ့ရသည်။ ဖိအားကလဲရှိသေး ဖိနှိပ်ထားသေးသည်။
‘ဒီမိန်းကလေးက တိုက်ခိုက်ရေး မထူးချွန်ဘူး၊ သူမ စိတ်ဝိညာဉ်က ထူးခြားနေတာလား’ ချန်လုံသည် ထိုသို့တွေးလိုက်မိ၏။ ထိုလှေကားထစ်များကို သူတက်စဉ်ကပင် သူမကဲ့သို့ပြေးတက်နိုင်ခြင်း မရှိခဲ့ချေ။
“အစ်မမုန့် ဒီတိုင်းဆို ဂိုဏ်းထဲဝင်နိုင်ပြီ” ပိုင်ကျန့်ယွီသည် စိတ်လှုပ်ရှားစွာပြောလိုက်၏။
“မဟုတ်သေးဘူး၊ ဂိုဏ်းက သတ်မှတ်ချက်ပြည့်တော့မယ်” ယွဲ့ဝူယောင်သည် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။ မုန့်ချန်အာသည် ပေါ့ပေါ့ပါးပါးပြေးလွှားတက်လှမ်းနေသော်လည်း လှေကားများသည် အထစ်တစ်ရာ ဖြစ်၏။ သူမသည် ပြေးတက်နေသည်မှာ လှေကားတစ်ဝက်ကျိုး နေပြီဖြစ်သော်လည်း နောက်ထပ် အထစ်ငါးဆယ်ခန့်ကျန်နေသေး၏။
လုရှင်းယန်သည် မည်သည့်စကားမျှ မပြောနိုင်ချေ။ မုန့်ချန်အာ လှေကားထိပ် အမြန်ရောက်စေရန်သာ ဆုတောင်းနေမိ၏။
ပွဲကြည့်ပရိတ်သတ်များသည်လည်း စင်မြင့်ထက်မှ အလွန် အံ့ဩနေပြီး ယခုနောက်တစ်ကြိမ် သူမကို အားပေးနေကြပြန်သည်။
“ဂိုဏ်းရဲ့ သတ်မှတ်ချက်က ပြည့်တော့မယ်
နှမြောစရာပဲ...၊ သူမသာ ဂိုဏ်းကန့်သတ်ချက်ပြည့်ပြီးမှ ရောက်လာရင်ရော၊ စဉ်းမျဉ်းဖောက်ဖျတ်ပြီးလက်ခံမလား” ရှဲ့လန်သည် ထိုက်ဟုန်ကျွင်းကို မေးခွန်းထုတ်လိုက်၏။
“ထိုက်ရွှမ်ဂိုဏ်းက စဉ်းမျဉ်းတွေကို အစ်ကိုကြီးက အလေးထားတယ်၊ ဒါပေမဲ့ ကျုပ်က အစ်ကိုကြီးမှ မဟုတ်တာ၊ အဲ့ဒီတော့ ကျုပ်ဆုံးဖြတ်လိုက်ပြီ သတ်မှတ်ချက်ပြည့်ပြီး ဘယ်လောက်မှရောက်ရောက် အဲ့ဒီမိန်းကလေးကို ဂိုဏ်းထဲခေါ်မယ်”
ထိုက်ဟုန်ကျွင်းသည် ဆုံးဖြတ်ပြီးသည်အလား ပြောလိုက်၏။ မုန့်ချန်အာသည် လှေကားထစ် ခုနှစ်ဆယ်ကျော်တက်ရောက်ပြီးနေပြီဖြစ်သည်။ ထို့ကြောင့် အနည်းငယ်နောက်ကျရင်တောင် အဲ့ဒီလိုပါရမီရှင်တစ်ဦးကို စည်းမျဉ်းတွေ ဖျတ်ပြီးခေါ်ရမှာအမှန်ပင်။
‘တိုက်ခိုက်မှု မကျွမ်းကျင်တာက ပြသနာမဟုတ်တော့ဘူး၊ ပထမအဆင့်နဲ့ တတိယအဆင့်ကို မပင်မပန်းပြေးလွှားနေနိုင်တယ်လေ’
ဂိုဏ်းသားသစ်ရွှေးချယ်ခဲ့သည့် တစ်လျောက်လုံး သူမကဲ့သို့ ထူးခြားသူကို မမြင်ဖူးသေးခြေ။
“အစ်ကိုကြီးက မင်းကို ရိုက်မယ်ထင်တယ်” ရှဲ့လန်သည် အတိတ်ကို မြင်ယောင်သည့်အလားပြောလိုက်၏။
“ကျုပ်က ဂိုဏ်းချုပ်လေ၊ သူစဉ်းမျည်းတွေကို အလေးထားတယ်ဆိုရင် မရိုက်လောက်ပါဘူး၊ ဟုတ်တယ်မို့လား ဒုတိယအစ်ကို” ထိုက်ဟုန်ကျွင်း၏လေသံသည် မတည်ငြိမ်ပေ။
မုန့်ချန်အာသည် အတော်လေးမောပန်းနေပြီဖြစ်သည်။ ဤလောက်ရှည်လျှားသည့် လှေကားကြီးတစ်ခုကို တောက်လျှောက်ပြေးတက်ခဲ့ရသောကြောင့်ဖြစ်သည်။ လှေခါး အထစ်တစ်ရာသည် ခြေလှမ်းတစ်ရာ သာ လှမ်းရမည်ဖြစ်သည်။ သို့သော် ဒုတိယအဆင့်တိုက်ပွဲကြောင့် ချီစွမ်းအင်နည်းပါးနေခဲ့ခြင်းကြောင့်ရော ခြေလှမ်းတစ်ရာသည် လှေကားအတွက် လှမ်းရခြင်း ကြောင့်ပါ အလွန်ပင်ပန်းလာခဲ့သည်။ သို့သော် သူမသည် အားမလျော့ချေ။ ဆက်လက်တက်လှမ်းနေသည်။
ပရိတ်သတ်များသည် မျက်တောင်ပင်မခက် ကြည့်ရှုနေကြသည်။ လုရှင်းယန်သည် အသက်ရှုရပ်မတက်ပင်ဖြစ်နေ၏။
သူမသည် လှေကားကိုးဆယ်ကျော်လာပြီး အောင်မြင်ရန် နှစ်ထပ်ပဲ လိုတော့သည့် အချိန်တွင် ကြေညာသံ ထွက်လာခဲ့သည်။
“ထိုက်ရွှမ်ဂိုဏ်းသားသစ် တစ်ရာ သတ်မှတ်ချက်ပြည့်သွားပါပြီ၊ ကျရှုံးသူများလည်း ဆက်လက်ပြီး တက်နိုင်ပါသေးတယ်၊အောင်မြင်သွားရင်တော့ ဂိုဏ်းထဲတော့ ဝင်ခွင့်မရှိပါဘူး၊ ဒါပေမဲ့ တစ်ခြားဂိုဏ်းတွေကိုလမ်းညွှန်ပေးပါမယ်၊ “
ချီလင်းဟောင်၏ အသံသည်ထွက်ပေါ်လာခဲ့သည်။ချီလင်းဟောင်သည် သူ၏စကားဆုံးသည်နှင့် လှေကား ထိပ်တွင် လှဲကျသွားသည့်အသံကြားလိုက်ရသည်။ မုန့်ချန်အာသည် အလွန်ပင်စိတ်ထိခိုက်သွားခဲ့ပြီး လက်ကျန်လှေကားနှစ်ထစ်ကို ဆက်တက်ပြီးနောက် လဲကျသွားခဲ့တော့သည်။
“လက်မခံတဲ့သူရှိလား” ချီလင်းဟောင်သည် ကျန်သေးသည့် ပြိုင်ပွဲဝင်များကို ကြည့်ကာမေးလိုက်၏။
“ကျုပ်လက်မခံဘူး”
ချီလင်းဟောင်သည် အသံလာရာသို့ ကြည့်လိုက်ရာ ပြိုင်ပွဲဝင်များဆီမှ မဟုတ်ပဲ လူငယ်တစ်ဦး၏ အသံဖြစ်နေလေသည်။
ထိုလူငယ်သည် လုရှင်းယန်ပင်ဖြစ်ပေတော့သည်။ သူ၏ မျက်လုံးများ သည် မီးတောက်များ ပေါ်ထွက်နေသည့်အလားပင်။ သူသည် ပွဲကြည့်စင်မြင့်ထက်မှ ဆင်းလာခဲ့လေသည်။ သူ၏နောက်တွင် အစ်မကြီးဖြစ်သူနှင့် ညီငယ်နှစ်ဦးသည်လည်း အဆင်သင့်ပါပြီးသားပင်။ လုချောင်းယန်သည် တားရန် စဉ်းစားမိသော်လည်း မတားခဲ့ချေ။
လုချောင်းယန်၏ စကားသံကြောင့် ရှေးနဂါး ရင်ပြင်ရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားလေသည်။ အားလုံး၏ အကြည့်များသည် သူတို့ပေါ်တွင် ကျရောက်လာခဲ့သည်။
“ငယ်ငယ်လေးတွေပဲရှိကြသေးတယ် ဒီကောင်တွေအရူးတွေလား”
“မိန်းကလေးက အရမ်းလှတယ်၊ ဒါပေမဲ့ အရူးကောင်ရဲ့ အဖွဲ့ကဖြစ်နေတယ်”
“ဟိုနောက်ကကောင်လေးဆို အရမ်းချောတာလေ၊ ဘာလို့ အရူးနောက်လိုက်နေတာလဲမသိဘူး”
“ဟိုအစိမ်းဝတ်နဲ့ကောင်က သူတို့အုပ်ထိန်းသူဖြစ်မယ် ကလေးတွေကို မတားတဲ့အပြင် သူကပါ ဆင်းလာသေးတယ်”
ပရိတ်သတ်များသည် သူတို့လေးဦးကို ကြည့်ကာ တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသည်။ ထိုအဖွဲ့ကိုကြည့်ပြီးတုန်လှုပ်သွားသူများမှာ လဲ့ မျိုးရိုးသာရှိပေသည်။
“ဒီမိန်းမ တကယ်ကို မသေသေးဘူးပဲ”
လဲ့ကျန်း၏ မျက်လုံးအစုံတွင် ယွဲ့ဝူယောင်ကို တွေ့သွားပြီး တုန်လှုပ်သွားခဲ့သည်။ လဲ့ရှီးဟန်၏ မျက်လုံးများသည်လည်း သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာသည်။ သို့သော် လဲ့ရွှမ်ယန်သည်တော့ စိတ်အေးသွားသည့်အလား သက်ပြင်းချလိုက်လေသည်။
“စိတ်ဝင်စားစရာကောင်းတယ်၊ သူတို့ကမှ တကယ့်ပါရမီရှင်တွေ” ထိုက်ဟုန်ကျွင်း၏ မျက်လုံးများ တောက်ပလာသည်။
“ရှောင်ကျွင်း ငါပြောတာ အဲ့လေးယောက်ရဲ့ ဆရာပဲ” ရှဲ့လန်သည် ပြောလိုက်သည်။
ထိုက်ဟုန်ကျွင်းသည် စိတ်ပျက်သွားလေသည်။ ‘ဆရာရှိပြီးသားတဲ့လား’
“မင်း မှာ ထိုက်ရွှမ်ဂိုဏ်းကို ဝေဖန်နိုင်တဲ့ စွမ်းရည်ရှိတယ်များ ထင်နေလား” ချီလင်းဟောင်သည် ထိုသို့ပြောပြီးနောက် သူ၏ သူတော်စင် အထွတ်ထိပ် အရှိန်ဝါကို ထုတ်လွှတ်လိုက်၏။ သို့သော် မျက်မှောင်ကြုတ်သွားရသည်။ ထိုလေးဦးသည် မည့်အရာမျှ မဖြစ်သည့်အလား ဒုတိယစမ်းသတ်ချက် အစီရင် သို့ ဦးတည်သွားနေကြ၏။ ထို့နောက် အစီရင်အတွင်းသို့ဝင်လိုက်ကြသည်။
“မင်းတို့ ဘာလုပ်ချင်တာလဲ” ချီလင်းဟောင်သည် ဒေါသထွက်လာခဲ့၏။
“သူတို့ ခွင့်ပြုပေးလိုက်” ရှဲ့လန်သည် တစ်ကွင်းလုံးကြားလောက်သည့် အသံဖြင့်ပြောလိုက်သည်။ စို့သော် ဝိညာဉ်စွမ်းအင်သုံးပြီးပြောခြင်းဖြစ်သောကြောင့် အသံသည် မစူးရှပေ။
“အငယ်ဆုံးလေး မင်းနဲ့ငါ ပြိုင်မလား” ပိုင်ကျန့်ယွီသည် ပြောလိုက်၏။
“ကောင်းပြီ” လျှိုမင်ယွမ်သည် ခေါင်းညိတ်လိုက်၏။
ထို့နောက် လေးယောက်သား တိုင်ပင်ထားလျှင်တောင်မှ လွဲနိုင်ပေမည်။ ပြိုင်တူ ပထမအဆင့် မြူခိုး အစီရင်ထဲသို့ပြေးဝင်သွားကြသည်။
ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့သည် သူမသာကိုယ်မသာ ဖြစ်နေသော်လည်း ယွဲ့ဝူယောင်သည် ဦးဆောင်ထား၏။
“အစ်မကြီးကတော့ အစ်မကြီးပဲ”
ခုရှင်းယန်သည် သူမနှင့် ခြေလှမ်းအနည်းငယ်သာကွာ၏။
“ဒီအစီရင်က သူတို့အပေါ်ကန့်သတ်ချက်မရှိတာလား၊ သူတို့အဖွဲ့ကလဲ ဟိုမိန်းကလေးနဲ့ တူတူပဲလား”
“သူတို့က အခြေတည်ဝိညာဉ်အဆင့်တွေပဲ၊ မိန်းကလေးက အထွတ်ထိပ်မှာ၊ အရူးကောင် နဲ့ အုပ်ထိန်းသူက အထွတ်ထိပ်ကိုရောက်ခါစတွေ၊ အချောဆုံးကောင်လေးက အလယ်လတ်အဆင့်မှာ၊ လူသားတွေမှ ဟုတ်ရဲ့လား”
သူတော်စင်အဆင့်အိမ်တော် အကြီးကဲတစ်ဦးသည် အော်ပြောလိုက်၏။ ပရိတ်သတ်အပေါင်းတို့ အံ့ဩကုန်ကြပြန်သည်။
“ဒါကြောင့် သူတို့က ဖိအားမသက်ရောက်တာလား ပရိတ်သတ်ထဲမှ လူတစ်ဦးသည် ချီလင်းဟောင်ကို လှမ်းမေးလိုက်၏။
“မဟုတ်ဘူး၊ ဒီအစီရင်က အဆင့်ပေါ်မူမတည်ဘူး၊ အခြေတည်ဝိညာဉ်အဆင့်ဆိုရင်တောင် အခြေတည်ဝိညာဉ်အဆင့်ကို ဖိနှိပ်တဲ့ ဖိအား သက်ရောက်မှာပဲ” ချီလင်းဟောင်သည်ရှင်းပြလိုက်၏။
ပရိတ်သတ်အပေါင်းတို့ ထပ်မံအံ့ဩရပြန်သည်။
လဲ့သားအဖ၏ မျက်နှာသည်တော့ အလွန်ပင် ရုပ်ဆိုးအကျဉ်းတန်နေ၏။