သူတော်စင်အဆင့်
Vol. 3 Ch. 42
ယွဲ့ဝူယောင်တို့ လေးဦးသည် ပထမအဆင့်ကို အောင်မြင်ရန်မှာ တစ်မိနစ်ပင်အချိန်မယူခဲ့ရချေ။
ထို့နောက် ဒုတိယအဆင့်သို့ရောက်ရှိလာခဲ့ကြသည်။ ပုံရိပ်ယောင်ကျားသစ်နက် ကို လက်ဝါးများ လက်သီးများ ဖြင့်သာ တစ်ချက်စီထိုးခဲ့ ရိုက်ခဲ့ ပြီး တတိယအဆင့် လှေကားသို့ရောက်ရှိလာခဲ့ကြသည်။
ထို့နောက် ထိုလေးဦးသည် မုန့်ချန်အာထက်ပင် မြန်သည့်အမြန်နှုန်း နှင့် လှေကားထစ်များအပေါ် ပြေးတက်ခဲ့ကြသည်။ ထိပ်ဆုံးသို့ရောက်ရန် သုံးမိနစ်ပင် မပြည့်ခဲ့ချေ။ ကွင်းပြင်တစ်ခုလုံးသည် သုသာန်ပြင်အလား တိတ်ဆိတ်နေခဲ့၏။ ပထမဆုံး အောင်မြင်ခဲ့သည့် ထျန်းလုံပင် အဆင့်သုံးခုလုံးကို အောင်မြင်ရန် တစ်ရက်ကြာခဲ့၏။ သို့သော် ထိုလေးယောက်သည် ငါးမိနစ်ပင်မပြည့်ချေ။
သို့သော် ထိုအရာသည် မလွန်ကျုးချေ။ သူတို့ အားလုံးသည် နတ်ဘုရားနယ်မြေနှင့် ပတ်သတ်နေခြင်းကြောင့်ဖြစ်သည်။ ယွဲ့ဝူယောင်သည် အဆင့်လွန် အဆင့် ခရမ်းလကျင့်စဉ်ကို ကျင့်ကြံထားသည်။ လုချောင်းယန်သည် နတ်ဘုရားကျင့်စဉ်ဖြစ်သည် ငရဲကိုးဘုံမီးတောက်ကျင့်စဉ်ကျင့်ကြံထသည်။ ပိုင်ကျန်ယွီသည် ဓားသန္ဓေ နှင့် နတ်ဘုရားနယ်မြေ၏ ဓားသမားဖြစ်သည် ဓားနတ်ဆိုး၏ လမ်းစဉ်ကို ကျင့်ကြံထားသည့်အပြင် ဓားနတ်ဆိုး၏ စိတ်ဝိညာဉ်ပါ စုပ်ယူထားသူဖြစ်၏။ ထို့အပြင် စိတ်စွမ်းအင်နှင့် ပတ်သတ်လျှင်တော့ လျှိုမင်ယွမ်ကို ဘယ်သူမျှလိုက်မမှီချေ။ နတ်ဘုရားကျင့်စဉ်တစ်ခုဖြစ်သည့် စိတ်ဝိညာဉ်ပေါင်းစည်းခြင်းကျင့်စဉ်ကို ကျင့်ကြံထားခြင်းဖြစ်သည်။ သူတို့ကို အဆင့်တူတွင် မည်သူနှင့် ယှဉ်ရမည်နည်း။
လုချောင်းယန်သည် မုန့်ချန်အာ အနားသို့ရောက်ရှိလာပြီး သူမကို ချီစွမ်းအင်များ ထည့်သွင်းပေးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် မလုပ်စဖူး လုပ်ရသည် ပြင်းထန်မှုများကြောင့် သတိမေ့နေခြင်းဖြစ်သည်။ လုချောင်းယန်သည် အလွန်ပင် ဒေါသထွက်လာခဲ့သည်။ မုန်ချန်အာ အလွန်ပင်ကြိုးစားခဲ့သော်လည်း စည်းမျဉ်းကြောင့် ထိုက်ရွှမ်ဂိုဏ်းထဲ မဝင်နိုင်တော့ချေ။ ထို့ကြောင့် သူထပြောရန်ပြင်လိုက်သည့်အချိန်မှာပဲ ယွဲ့ဝူယောင်၏ အသံကို ကြားလိုက်ရသည်။
"ရှင်က ထိုက်ရွှမ်ဂိုဏ်းချုပ်လား" ယွဲ့ဝူယောင်သည် ခမ်းနားလှသည့် စင်မြင့်ထက်ရှိ ထိုက်ဟုန်ကျွင်းကို ကြည့်ကာမေးလိုက်၏။ သူမသည် လေးစားမှု မပြချေ။
"ဒီမိန်းကလေးကရဲတင်းလွန်းတယ်၊ သူမအသက်ကို မနှမြောဘူးလား" ပရိတ်သတ်များသည် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြ၏။ လဲ့ရွှမ်ယန်သည် မျက်နှာပျက်သွားသော်လည်း လဲ့သားအဖသည် ကြိတ်ကာ ပျော်ရွှင်နေကြသည်။ သူတို့သတ်စရာမလိုပဲ သေရတော့မည်ဖြစ်သည်။
"ဟုတ်တယ် ကျုပ်ပဲ" ထိုက်ဟုန်ကျွင်းသည် မည်သို့မျှ ဒေါသမထွက်ပဲ ဖြေလိုက်၏။
"ရှင်တို့ စည်းမျဉ်းကြောင့် ဂိုဏ်းထဲ ဝင်ရမဲ့သူတစ်ယောက် နစ်နာသွားတယ်၊ ရှင်တို့ စည်းမျဉ်းကို ပြင်ပေးနိုင်မလား" ယွဲ့ဝူယောင်သည် တောင်းဆိုသည့်ပုံပေါ်သော်လည်း လေသံသည် သူမကဲ့သို့ အေးစက်နေ၏။
"မင်းလို မိန်းကလေးက စည်းမျဉ်းကို ပြင်ခိုင်းလို့ ငါတို့ပြင်လိုက်ရင် ထိုက်ရွှမ်ဂိုဏ်းက လူရယ်စရာဖြစ်သွားမှာပေါ့၊ အဲ့လိုလုပ်ချင်ရင် မင်းမှာ လုပ်နိုင်တဲ့စွမ်းအားရှိမှရမယ်"
ထိုက်ဟုန်ကျွင်းသည် အစကတည်းက မုန့်ချန်အာကို ဂိုဏ်းအတွင်း ခေါ်မည်ဟုဆုံးဖြတ်ထားခြင်းဖြစ်သည်။ သို့သော် ဤကလေးများ၏ ယုံကြည်မှု ဘယ်ကလာလဲဆိုတာသိချင်သောကြောင့်ပြောလိုက်သည်။
"ကောင်းပြီ၊ ကျွန်မ ထိုက်ရွှမ်ဂိုဏ်းကို စိန်ခေါ်မယ်၊ ထျယ်ရှန်းထက် အစွမ်းတဲ့သူ ဘယ်သူပဲ ဖြစ်ဖြစ် တိုက်ခိုက်ဖို့ ကျွန်မ စိန်ခေါ်မယ်" ယွဲ့ဝူယောင်၏ ပြတ်သားသည့်အသံသည် ရှေးနဂါးရင်ပြင်ကြီးတစ်ခုလုံးပျံ့နှံ့သွားသည်။ သူ၏ ဆရာတူမောင်လေးသုံးဦးသည်လည်း သွေးများဆူပွက်လာသည်။
သူမ၏စကားသံကြောင့်ရင်ပြင်တစ်ခုလုံးတိတ်ဆိတ်ကာဆွံ့အကုန်ကြ၏။
"ထျယ်ရှန်းထက် အစွမ်းထက်တဲ့သူဆိုရင်တော့ မင်းတိုက်ခိုက်လို့မရမှာစိုးတယ်၊ သူက သူတော်စင်အဆင့်ရောက်နေပြီ၊ အဲ့တော့ မင်းနောက်မှ ပြန်လာခဲ့" ထိုက်ဟုန်ကျွင်းသည် ရှောင်ထျန်းကို ရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်သည်။
"ကောင်းပြီ၊ ခဏစောင့်ပေး" ယွဲ့ဝူယောင်သည် ထိုသို့ ပြောပြီးနောက် တင်ပလ္လင်ချိတ်ကာထိုင်ချလိုက်သည်။
ထိုက်ဟုန်ကျွင်းနည်းတူ ရင်ပြင်တစ်ခုလုံးရှိလူများ မျက်မှောင် ကြုတ်သွားကြသည်။
"သူမဘာလုပ်ချင်နေတာလဲ"
"ထိုက်ရွှမ်ဂိုဏ်းကို စိန်ခေါ်ပြီး ဘာလုပ်ချင်နေတာလဲ"
"သူမ အဆင့်တက်ဖို့ကြိုးစားနေတာလား"
တိတ်ဆိတ်ဆွံ့အနေသည့် ပရိတ်သတ်သံများ ဆူညံသွားကြပြန်သည်။
"အစ်မကြီးကတော့ လုပ်ချလိုက်ပြန်ပြီ" လျှိုမင်ယွမ်နှင့်ပိုင်ကျန့်ယွီတို့သည့် ယွဲ့ဝူယောင် ထိုင်နေသည့်အနားသို့ရောက်လာပြီး တစ်ဖက် တစ်ချက်စီတွင် ကျောပေးကာရပ်လိုက်၏။ လုရှင်းယန်သည် သူမ၏ နောက်တွင် မုန့်ချန်အာကို ထိန်းထားသောကြောင့် မထနိုင်ပေ။ သို့သော် သူသည် ယွဲ့ဝူယောင်ကို ကျောပေးလိုက်ပြီး သူမ၏ အနောက်ဘက်ကို စောင့်ကြပ်လိုက်၏။ စိတ်အာရုံသုံးခုသည် အရပ်လေးမျက်နှာကို စောင်ကြည့်နေသည့်အလား ပျံ့လွင့်နေသည်။
"တကယ့်စည်းလုံးမှုဆိုတာဒါပဲ" ထိုက်ဟုန်ကျွင်းသည် ချီးကြူးလိုက်၏။ ထိုကလေးများ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲဆိုတာကိုသူသိချင်နေ၏။
"တစ်လကျော်လေးနဲ့ ဒီမိန်းမ ဒီလောက်တောင် အစွမ်းထက်နေပြီလား၊ ဒါပေမဲ့ အစွမ်းထက်လဲ အလကားပါပဲ ထိုက်ရွှမ်ဂိုဏ်းကို အပြစ်ပြုပြီးပြီ၊ သူမသေတော့မှာပဲ" လဲ့ကျန်းသည် သူ့အတွေးများရောက်ယက်ခက်နေသည်။
ယွဲ့ဝူယောင်သည် သူတော်စင်အဆင့်ရောက်ရန် သူမ၏ ဒန်တျန်ကို ဝိညာဉ်ပင်လယ်နှင့် ချိတ်ဆက်ရန်သာ လိုအပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ချိတ်ဆက်ရန်ပြင်လိုက်သည်။ ချိတ်ဆက်ရာတွင် တစ်ခုလေးမှားယွင်းသွားရင်တောင် ပေါက်ကွဲပြီးသေဆုံးနိုင်ပေမည်။ ထို့နောက်တွင် သူမ၏ ဝိညာဉ်ပင်လယ်ဆီမှ ဝိညာဉ်စွမ်းအင်များကို ဒန်တျန်ဆီသို့ ဖြည်းညှင်းစွာပို့လွှတ်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူမ၏ စွမ်းအင်စီးဆင်းမှုသည်ချောမွေ့လာပြီး ပိုမိုမြန်ဆန်လာသည်။ ထိုအချိန်တွင် ရှေးနဂါးရင်ပြင်ကြီး တစ်ခုလုံး အအေးဓာတ်များ ပျံ့လွင့်လာသည်။ အဆင့်နိမ့်ကျင့်ကြံသူများသည် တုန်ယင်လာခဲ့သည်။
"ကြောက်စရာကောင်းလိုက်တဲ့ အအေးဓာတ်" နတ်ဘုရားတစ်ပိုင်း ရှဲ့လန်ပင် မျက်မှောင်ကြုတ်မိသွားသည်။
ထို့နောက် ယွဲ့ဝူယောင်၏တစ်ကိုယ်လုံး ခရမ်းရောင်ရေခဲများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
"ရေခဲက ခရမ်းရောင်တွေလား"
"ကျုပ်ကို အံ့အားသင့်စေမိတာပဲ" ထိုက်ဟုန်ကျွင်းသည် ပြောလိုက်၏။
"သူမကို စတွေ့ဖူးတာ နှစ်ပတ်ကျော်လောက်ပဲရှိဦးမယ် အသက်ကလဲ ဆယ်ခြောက်နှစ်ကျော်ပဲရှိသေးတယ်၊ သူတော်စင်အဆင့်ကို တက်နိုင်နေပြီ" ရှဲ့လန်သည် ပြန်ပြောလိုက်၏။
ကွင်းပြင်ထဲက လူများခဲမတက်ဖြစ်နေသောကြောင့် ထိုက်ဟုန်ကျွင်းနှင့် အဆင့်မြင့်ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအင်များသုံးကာ နေရာများစွာသို့ ကာကွယ်ထားကြသည်။
"ဝုန်း.."
ယွဲ့ဝူယောင်ကို ဖုံးအုပ်ထားသည့် ခရမ်းရောင်ရေခဲများ ကွာကျသွားလေသည်။ သူမ၏နောက်တွင် ခရမ်းရောင်အလင်းလှိုင်းများစွာပေါ်ထွက်လာသည်။ ထိုအလင်းလှိုင်းများသည် စူးရှလွန်းသောကြောင့် ကြည့်ရှုသူများ သည် ခဏတာ အမြင်အာရုံကွယ်သွားခဲ့သည်။ သို့သော် နတ်ဘုရင်နှင့် နတ်ဘုရားတစ်ပိုင်း၏ အမြင်ကိုတော့ မဖုံးကွယ်နိုင်ချေ။ ထိုအလင်းတန်းများသည် သူမ၏ ခေါင်းထက်တွင် အချိန်အနည်းငယ်ကြာပျံဝဲနေပြီးနောက် သူမ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ဝင်ရောက်သွားခဲ့သည်။ သူမသည် သူတော်စင်အဆင့် ကျင့်ကြံသူ ဖြစ်သွားလေပြီ။
"သူမက အဆင့်ကို ဖိနှိပ်ထားတာပဲ" ထိုင်ဟုန်ကျွင်းသည် သတိထားမိသွားကာပြောလိုက်၏။
"ဒါကြောင့်ကိုး ထျယ်ရှန်း မနိုင်ခဲ့တာ မဆန်းပါဘူး" ရှဲ့လန်သည် သဘောပေါက်သွားသည့်အလားခေါင်းညိတ်လိုက်၏။
"ဖြောင်း..ဖြောင်း..ဖြောင်း.."
ပရိတ်သတ်များသည် သူတို့၏ အမြင်အာရုံများပွင့်လာပြီးနောက် ယွဲ့ဝူယောင်ကို လပ်ခုပ်များတီးကာ ချီးကျုးလိုက်ကြသည်။ ကျင့်ကြံသူများသည် အဆင့်တက်ရာတွင် နှောက်ယှက်ခံရမည်ဆိုးသောကြောင့် တိတ်ဆိတ်သည့်နေရာရွေးက တစ်ဦးတည်း အဆင့်တက်ကြ၏။ သူမသည် လူသိန်းချီရှိသည့်နေရာ တွင် အဆင့်တက်ရဲသည့် သတ္တိနဲ့ပင် ချီးကျုးရန် ထိုက်တန်နေပြီဖြစ်သည်။
ယွဲ့ဝူယောင်၏ လှပသည့်မျက်လုံးအစုံသည် ပွင့်လာပြီးနောက် သူမ၏ ခန္ဓကိုယ်ကိုစစ်ဆေးကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ပိုမိုသန့်စင်လာပြီး ဝိညာဉ်စွမ်းအင်များနှင့် ထပ်တူကျအလား ပေါ့ပါးနေသည်။ သူမ၏ အမြင်အာရုံသည် အလွန်ပင် ကျယ်ပြန့်လာပြီး စိတ်အာရုံသည်လည်း အတော်မြင့်မားလာသည်။
"ဒါသူတော်စင်အဆင့် စွမ်းအားလား"
"အစ်မကြီး အောင်မြင်သွားရင် အအေးဓာတ်တွေထိန်းသိမ်းပေးဦး ကျုပ်တို့ခဲနေပြီ"
ပိုင်ကျန့်ယွီသည် ခိုက်ခိုက်တုန်နေသည့်လေသံဖြင့်ပြောလိုက်၏။ ပရိတ်သတ်များသည် စွမ်းအင် အကာကွယ်များ ဖြင့် ကာကွယ်ပေးခံရထားမှုကြောင့် သိပ်မသက်ရောက်တော့ချေ။ သို့သော် သူတို့သည်တော့ ယွဲ့ဝူယောင်နှင့် အနီးဆုံးနေရာတွင် ရှိနေကြခြင်းဖြစ်သည်။ မည်သည့်အကာကွယ်မျှလဲ မရပေ။ လျှိုမင်ယွမ်သည် ပါးစပ်ပင်မဟနိုင်တော့ချေ။ လုရှင်းယန်တွင် ငရဲကိုးဘုံမီးတောက်ရှိသေးသောကြောင့် အနည်းငယ်သက်သာရာရ၏။ ထိုမီးတောက်အငွေ့သတ်ဖြင့် မုန့်ချန်အာကိုပါ လွှမ်းခြုံပေးထား၏။
"ကျွန်မ အဆင့်မှီရဲ့လား" ယွဲ့ဝူယောင်သည် သူမ၏ အရှိန်ဝါများ သိမ်းဆည်းလိုက်ပြီးနောက် ထိုက်ဟုန်ကျွင်းကို ကြည့်ကာမေးလိုက်၏။ အစောကနှင့်ယှဉ်လျှင် ပိုမိုအေးစက်နေပြီး ပိုမိုတည်ငြိမ်လွန်းနေသည်။