အခန်း (၃၉)
Vol. 4 Ch. 39
လင်းယောင်က မူမမှန်စွာ အိပ်ပျော်နေပြီး သူမရဲ့လက်ထဲမှာ တစ်ခုခုကို ကိုင်ထားခဲ့သည်။
အတိတ်မှာတုန်းက၊ သူမက တစ်ယောက်တည်းအိပ်ခဲ့ရသည်။ ညဘက်မှာ၊ သူမက အိမ်ကိုပြန်ပြီး တံခါးဂျက်ချကာ နေရာလွတ်ထဲက ယုန်အရုပ်ကိုယူပြီး အိပ်ရင်အိပ်၊ မဟုတ်ရင် ခေါင်းအုံးအသေးလေးကို ဖက်ပြီး အိပ်တတ်သည်။
အခု ကုရှီအန်းက အနားမှာရှိနေတော့၊ လင်းယောင်က ချက်ချင်း ခေါင်းအုံးအသေးကို စွန့်ပစ်လိုက်ပြီး နေ့တိုင်း သူ့ရဲ့ ကျောပေါ်မှာပဲ အိပ်တော့သည်။
ဒါတင်မကပဲ၊ သူမက အိပ်တဲ့အခါ လှိမ့်ရတာကိုကြိုက်သည်။ တစ်ခါတစ်ရံ၊ အိပ်ယာဘေးစွန်းမှာ အိပ်ပြီး တစ်ခါတစ်ရံ အိပ်ယာအလယ်ကိုလဲ တွန်းဝင်တတ်သည်။ ကုရှီအန်းကို ကုတင်ပေါ်က ကန်ချမိမလို ဖြစ်တာ အခေါက်ပေါင်း မနည်းတော့ပေ။
မနေ့က ညသန်းခေါင်မှာ၊ နူးညံ့ပျော့ပျောင်းတဲ့လက်လေးက ဆန့်ထုတ်ပြီး ဖက်ကာ သူ့ကို ကိုက်ခဲလိုက်တဲ့အချိန်က ကုရှီအန်း အိပ်ပျော်ကာစပဲ ရှိသေးသည်။ နောက်ဆုံးတော့၊ တစ်ယောက်ယောက်က သူ့ရဲ့ နှုတ်ခမ်းပါးကို ကိုက်ပြီး သူ့ဘာသာသူ တတွတ်တွတ်ပြောနေခဲ့သည်။ " သူဌေး ဒီဝက်ခြေထောက်တွေက အရသာမရှိဘူး။ အရမ်း နူးညံ့နေတယ်။ ဝက်ခြေထောက်က ပိုပြီး ဝနေသင့်တာလေ။ "
အဲ့လိုပြောပြီးနောက်မှာ၊ ကောင်မလေးက သူမရဲ့ နှုတ်ခမ်းတွေကို ဖျတ်ခနဲ ရိုက်လိုက်ပြီး၊ ကုရှီအန်းကို ကန်ကာ တစ်ဖက်ကိုလှည့်ပြီး တစ်ဖန် အိပ်ပျော်သွားပြန်သည်။
တစ်ကိုယ်လုံး ပူကျက်နေပြီဖြစ်တဲ့ လက်ထောက်ဒါရိုက်တာကုက ညနက်ကြီးမှာ လေကောင်းလေသန့်ရှူဖို့ ထွက်သွားခဲ့ပြီး ညသန်းခေါင်ကြီးမှာ ရေအေးအေးနဲ့ ရေချိုးဖို့ ခြံထဲကို ဆင်းလာခဲ့သည်။
ရက်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ၊ ကုရှီအန်းက အသားကျလာခဲ့သည်။ သူ့ရဲ့ခါးပေါ်ကို ရစ်ပတ်ထားတဲ့ လက်ဖြူဖြူ သေးသေးလေးကို ညင်ညင်သာသာလေး ဖယ်ပြီးတော့ သူ့ရဲ့ခေါင်းကိုငုံ့ကာ လင်းယောင်ရဲ့ မျက်နှာလေးကို နမ်းလိုက်ပြီး တိတ်တဆိတ် အိပ်ယာထဲက ထွက်လာခဲ့သည်။
မကြာသေးမီက၊ ခရိုင်ပြည်သူ့လုံခြုံရေး ဌာနက မိန်းကလေးငယ်တွေကို လူကုန်ကူးနေတဲ့ အမှုကြီးကို ဖြေရှင်းနိုင်ခဲ့သည်။ သံသယရှိသူနှစ်ယောက်က မြို့တော်ကို ထွက်ပြေးသွားခဲ့သည်။ ဒီဝရမ်းပြေးနှစ်ယောက်ကို ဖမ်းဖို့အတွက်၊ ရက်အနည်းငယ်လောက် ရှင်းလင်းနေခဲ့တဲ့ ပြည်သူ့လုံခြုံရေးဌာနက တစ်ဖန် အလုပ်ရှုပ်လာပြန်သည်။
ရွှီရှန်းချန်က စက်ဘီးစီးကာ သူနဲ့အတူ အလုပ်သွားဖို့ သူ့ယောက်ဖကို ခြံထဲကို ခေါ်ခဲ့သည်။
သူ့မှာ ကျန်းဆွေ့လန်ကို နှုတ်ဆက်ဖို့ပဲ အချိန်ရှိပြီး ကုရှီအန်းနောက်ကို စက်ဘီးစီးကာ အမြန်လိုက်သွားခဲ့ရသည်။
ကျန်းဆွေ့လန်က တံခါးနားအထိ လိုက်သွားကာ အော်ခဲ့သည်။ " ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်၊ ထမင်းစားဖို့မမေ့နဲ့နော်။ ကျန်းမာရေးက အရေးကြီးတယ်။ တစ်ခုခုလုပ်စရာရှိရင်၊ မိသားစုကို ပြောနော်၊ ဒါမှ အမေတို့စိတ်ချရမှာ "
ကုရှီအန်းက လက်ပြရင်း နားလည်ကြောင်း ပြသည်။ လင်းယောင်က တစ်ရေးအိပ်ရာက နိုးလာပြီး နူးညံ့တဲ့အိပ်ယာပေါ်က လှိမ့်ချကာ အိပ်ချင်မူးတူးဖြစ်နေတဲ့မျက်လုံးတွေနဲ့ အိပ်ယာက ထလာခဲ့သည်။
အရှေ့ပိုင်းက တိတ်ဆိတ်နေပြီး စစ်အစိမ်းရောင်စောင်တွေကိုလဲ တို့ဖူးတုံးလေးတွေအတိုင်း ခေါက်ထားသည်။ ဌာနမှာ အလုပ်ရှုပ်နေတာကြောင့် လက်ထောက်ဒါရိုက်တာကု နောက်တစ်ခေါက် ထပ်သွားရပုံပေါ်သည်။
ခြံဝင်းကျယ်ကြီးထဲမှာ၊ ဘေးအိမ်က ဦးလေးတာ့ဖုက အိမ်မှာ အနားယူသည်မှာ ရှားသည်။ သူက အဝတ်ကြမ်းဘောင်းဘီတစ်ထည်၊ လတ်ပြတ်အင်္ကျီ နဲ့ ပုခုံးပေါ်မှာ တဘတ်တစ်ထည်တင်ထားပြီး သူ့ရဲ့ လက်ထဲမှာ ကြွေခွက်ကြီးတစ်ခုကို ကိုင်ထားသည်။ မနက်ခင်းမှာ လက်ဖက်ရည်အေးရနံ့က ခြံထဲမှာ လှည့်ပတ်နေသည်။
အဒေါ်တာ့ဖုက သူ့ကို ရိုက်လိုက်ပြီး ဦးလေးတာ့ဖုမှာ နာကျင်မှုကြောင့် ထခုန်လိုက်သည်။ " အဖွားကြီး၊ မင်းဘာလုပ်တာလဲ။ "
" ရှင် ဘာလုပ်နေတာလဲ။ ရှင့်ကိုယ်ရှင် ဘာလုပ်နေတယ် ထင်လဲ။ ရှင်က အရှက်မရှိတဲ့ အဖိုးကြီးတစ်ယောက်ပဲ။ နေ့ခင်းကြောင်တောင်ကြီးမှာ အင်္ကျီမပါပဲလျှောက်သွားနေတယ်။ ခြံထဲမှာ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးတွေလဲ ရှိတယ်။ ရှင်က လူတွေကို အပြင်ထွက်လို့မရအောင် လုပ်နေတာပဲ။ "
သူဌေးဦးလေးက နည်းနည်းရှက်သွားခဲ့တာကြောင့် အိမ်ထဲကို အမြန်ဝင်သွားပြီး သူရဲ့စွပ်ကျယ်ကို ဝတ်လိုက်သည်။ သူက တစ်နေ့လုံး အလုပ်ရုံထဲမှာ လူကြီးလူငယ်တွေနဲ့ နေရသည်။ သူတို့အကုန်လုံးက ယောကျ်ားရင့်မာကြီးတွေ ဖြစ်ကြတာကြောင့် သူ့အတွက် ပြဿနာမရှိပေ။
ရာသီဥတုပူတဲ့အခါ သူက အင်္ကျီချွတ်ထားတတ်သည်။ သူက နေရာပေါင်းစုံသွားရတာကြောင့် ဒါကအိမ်မှာဆိုတာ သူမေ့သွားသည်။ ဦးလေးတာ့ဖုက လောင်ကုရဲ့အိမ်ကို တစ်ချက်ကြည့်လိုက်ပြီး အခန်းတံခါးတွေအကုန် ပိတ်ထားတယ်ဆိုတာ တွေ့ခဲ့ရသည်။
ဒါကြောင့် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူရဲ့လက်ထဲမှာ လက်ဖက်ရည်တစ်ခွက်နဲ့ ခုံတန်းရှည်ပေါ်မှာထိုင်ခဲ့သည်။ ပြီးတော့ သူ့ခြေထောက်တွေကို ထပ်ထားကာ လှဲချခဲ့သည်။
အဒေါ်တာ့ဖုက လိုက်ကာတွေကို "ရွှိ" ခနဲ ပိတ်လိုက်ပြီး အခန်းထဲမှာ သူမကိုယ်သူမ ယပ်တောင်ခပ်နေခဲ့သည်။
မကြာသေးခင်က သတင်းနဲ့ပတ်သက်ပြီး တစ်ခုခုတော့ မှားနေသည်။ ကျောင်းတွေက စက်တင်ဘာလ တစ်ရက်နေ့မှာ စဖွင့်တော့မည်။ ဒါပေမယ့် ကောင်တီက မူလတန်းနဲ့ အလယ်တန်းကျောင်းတွေက ကျောင်းဖွင့်ဖို့ မလုပ်ကြသေးဘူး။ အဲ့ဒီအစား၊ နောက်ခံမိသားစုမကောင်းတဲ့ ဆရာမများစွာကို အလုပ်မှ ရပ်နားထားခဲ့သည်။
အဆင့်မြင့်မျိုးရိုးတွေက သံမဏိထုတ်လုပ်ရေးက အကောင်းဆုံးဆိုတာကို ပြောပြီး သံမဏိထုတ်လုပ်ရေးစက်ရုံမှာ အလုပ်ဝင်ဖို့ ကောင်တီက မူလတန်းနဲ့ အလယ်တန်းကလေးတွေကို လိုချင်ကြသည်။
ယွင်ရွှေကောင်တီက လူတွေက အရမ်းစိတ်တိုနေခဲ့ကြပြီး အိမ်မှာ ဆဲဆိုနေကြသည်။
ကလေးတွေက ကလေးတွေပဲလေ။ သူတို့ကို ထမင်းကောင်းကောင်းမကျွေးနိုင်ရင် ဒါမှမဟုတ် ကျောင်းမသွားခိုင်းရင်၊ ဘာအဓိပ္ပာယ် ရှိမှာလဲ။ ကလေးတစ်ယောက်မှာ လူကြီးတစ်ယောက်လို ကာယဗလနဲ့ခွန်အားတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။
ပျင်းစရာကောင်းလိုက်တာ။
လူတိုင်းက ပြောစရာစကားပျောက်ဆုံးနေကြပြီး တစ်ချို့က ပျာယာခတ်နေကြသည်။ ဒါကြောင့် သူတို့က မြို့တော်ကို သွားပြီး သတင်းစုံစမ်းကြသည်။ မြောက်ပိုင်းဒေသတော်တော်များများက ဘေးဒုက္ခတွေကို ပြန်လည်မပြင်ဆင်ရသေးပါဘူး ဒါကြောင့် သူတို့ ကျေးလက်ဒေသက မှောင်ခိုဈေးကို အိမ်အတွက် အစားအစာတွေဝယ်ဖို့ လျို့ဝှက်စွာ သွားခဲ့ကြသည်။
ကျန်းဆွေ့လန်ကလဲ အစားအစာတွေ ဝယ်ပြီး မွေးရပ်မြေမှာ စုဆောင်းထားဖို့ ကုမန်ဆန်နဲ့ ဆွေးနွေးနေသည်။
အသက်ကြီးကြီး ဇနီးမောင်နှံက အေးချမ်းနေတဲ့အချိန်မှာ အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားပြီး အန္တရာယ်ကို သတိထားနေကြသည်။
ဒါကိုကြားပြီးနောက် လင်းယောင်က လျို့ဝှက်စွာနဲ့ ပျော်ရွှင်နေခဲ့သည်။ အစားအစာ ပြတ်တောက်မှုအတွက် ကြိုတင်ပြင်ဆင်ဖို့ အစားအစာတွေ ဝယ်ထားရန် သူမရဲ့ မိသားစုဝင်တွေကို ပြောပြဖို့ နည်းလမ်းကို ကြိုးကြိုးစားစား ရှာနေခဲ့သည်။
ကံမကောင်းစွာပဲ၊ သူမ မပြောလိုက်ရပဲ သူမရဲ့ မိဘတွေက သိသွားခဲ့ကြသည်။ ပြီးတော့ ကုရှီအန်း၏ ညီမနှင့်ညီလေးတို့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အလွန်ထောက်ခံကြသည်။
ကုရှီအန်းက သန်မာပြီး လေးနက်တဲ့ လူတစ်ယောက်ဖြစ်ပြီး အိမ်မှာ သူ့အမေက သူ့ကို ဆူလေ့ရှိပေမယ့်၊ ဒါက သူ စာအုပ်ကြီးအတိုင်း လုပ်တတ်ပြီး အသိတရားမရှိဘူးလို့ မဆိုလိုပေ။
ဆန့်ကျင်ဘက်အနေနဲ့၊ သူက စေ့စေ့စပ်စပ်ရှိပြီး ဥပမာတစ်ခုကနေ နောက်တစ်ခုကို ကောက်ချက်ဆွဲနိုင်သည်။ ပြီးတော့ ရန်သူရဲ့ အားနည်းချက်ကို တိတ်တဆိတ်ရှာနိုင်စွမ်းရှိသည်။
ဒီလိုမဟုတ်ရင်၊ နှစ်အနည်းငယ်အတွင်း စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ရင်း လက်ထောက်တပ်မှူးရာထူးကို ပေးအပ်ခြင်းခံခဲ့ရမှာ မဟုတ်ပေ။
ကုချွင်မေကလည်း အလွန်ဉာဏ်ကောင်းသည်။ သူမအလုပ်လုပ်သည့် ပစ္စည်းတင်သွင်းခြင်းနှင့်နဲ့ ဈေးကွက်ဖြန့်ချိရေးသမဝါယမနဲ့ ကောင်တီ စပါးသိုလှောင်ရေးရုံးဟာ လုံးဝ ပြောင်းပြန်ဖြစ်သည်။
အရင်နှစ်တွေမှာ၊ အစားအစာတွေ ပေါများခဲ့တုန်းက၊ စပါးသိုလှောင်ရုံဝင်ပေါက်မှာ ကောက်ပဲသီးနှံပို့ ကုန်တင်ကားတွေ တစ်စီးပြီးတစ်စီး လာကြသည်။ ပြီးတော့ ထမင်းနဲ့ ခေါက်ဆွဲဝယ်ဖို့ တန်းစီနေကြတဲ့လူတွေကလဲ အထုတ်အပိုးအပြည့်နဲ့ အိမ်ကိုပြန်လာခဲ့ကြသည်။
ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်ကစပြီး၊ စပါးသိုလှောင်ရုံရှေ့မှာ ကုန်တင်ကား တစ်စီးနှစ်စီးသာလျှင် ရှိတော့သည်။ တစ်ခါတုန်းက၊ ကုန်လှောင်ရုံကလူတွေက ကုန်လှောင်ရုံရဲ့ကန်တင်းက အစားအစာတွေက မကောင်းဘူးဆိုပြီး နေ့တိုင်း အရက်မူးကာ မကျေမနပ်ပြောနေကြတာကို ကုချွင်မေ ကြားခဲ့ရသည်။
ကုန်လှောင်ရုံရဲ့ ကန်တင်းကတောင် ဒီလိုပဲ။ ဒါကြောင့် အပြင်ဘက်မှာ ဘာတွေဖြစ်နေလဲဆိုတာ မှန်းကြည့်လို့ရပါသည်။
မိသားစုတွေ တိုင်ပင်ပြီးတဲ့နောက်မှာတော့၊ သူတို့တွေ အလုပ်စလုပ်ကြတော့သည်။
ညနေခင်းမှာ၊ ကုရှီအန်း အလုပ်ကပြန်လာတဲ့အချိန်၊ ကုမိသားစုကြီးက ပုံမှန်အတိုင်း စားသောက်နေကြပြီး မီးတွေပိတ်ကာ အိပ်ယာဝင်ကြတော့သည်။
ညသန်းခေါင် ဆယ့်နှစ်နာရီထိုးတဲ့အချိန်မှာ၊ ဘာကိုမှ သေသေချာချာမသိတဲ့ ကုရှီတုန်းက အိမ်မောကျနေခဲ့သည်။
ကုမိသားစုဝင်တွေ အားလုံးကတော့ အိမ်အပြင်ကို ထွက်လာခဲ့ကြသည်။
လင်းယောင်က ကြောင်လေးတစ်ကောင်လို ဟန်ဆောင်ကာ ခြံထဲမှာ နှစ်ခေါက်လောက် အော်နေခဲ့သည်။ ညအမှောင်က တိတ်ဆိတ်နေခဲ့သည်။
ကုချွင်မေက စိတ်ပူနေခဲ့ပြီး ခြံထဲက ဘဲတစ်ကောင်လို စတင်အော်တော့သည်။ ခြံဝင်းကြီးက လုံးဝတိတ်ဆိတ်နေပြီး လူတွေ အပြင်ကို မထွက်ရဲခဲ့ကြပါ။
ဒီအချိန်မှာ၊ လက်ထောက်ဒါရိုက်တာကုက စတင်လှုပ်ရှားတော့သည်။ ပြတင်းပေါက်မှန်ပေါ်မှာ သူ့ရဲ့လက်ချောင်းတွေနဲ့ စည်းချက်မှန်မှန် ခေါက်လိုက်သည်။ " ဒေါက်-" " ဒေါက်- " " ဒေါက်- "
အသံတော်တော်များများ ပြုပြီးတဲ့နောက်မှာ၊ ခြံဝင်းကြီးက တိတ်ဆိတ်နေဆဲပါပဲ။
ဟုတ်ပြီ၊ အခုတော့ ကုမိသားစုကြီး စိတ်သက်သာရာရသွားကြသည်။ ကုမန်ဆန်က အရှေ့လမ်းကို ဖွင့်ပေးခဲ့ပြီး ကုရှီအန်းနဲ့ လမ်းခွဲပြီးနောက် သားအဖနှစ်ယောက် ညအမှောင်ထဲမှာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။
ကောင်တီမှာ စပါးကုန်သည်တစ်ဦး ရှိသည်။ မလွတ်မြောက်ခင်ကာလမှာ၊ သူ့မိသားစုရဲ့ဆန်ဆိုင်ကို ဆွေ့တာ့လျန်လို့ ခေါ်ခဲ့သည်။ လွတ်မြောက်ပြီးကာလမှာ၊ သူ့မိသားစုရဲ့ ဆန်ဆိုင်ဟာ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခြင်း ခံလိုက်ရသည်။ အစိုးရက ဆွေ့တာ့လျန်အတွက် အလုပ်တစ်ခု စီစဉ်ပေးခဲ့သည်။ ဆွေ့တာ့လျန်က ပျင်းရိကာ အချောင်ခိုနေသည်။ အလုပ်ကိုမသွားချင်ဘူး ငါ့ကို သူများတွေ စောက်ရှောက်ခွင့်ပေးလိုက်ပါ။
အစိုးရက ဆွေ့တာ့လျန်ကို ဆန်ဆိုင်သိမ်းယူလိုက်ခြင်းအတွက် နစ်နာကြေးအနေနဲ့ ပိုက်ဆံအချို့ ပေးခဲ့သည်။
ဆွေ့တာ့လျန်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မှောင်ခိုဈေးကွက်ထဲမှာ အောင်မြင်လာခဲ့သည်။ သူက အဆက်အသွယ်တွေ လိုအပ်သည်။ ကောင်တီထဲက စပါးဝယ်ချင်တဲ့ ဘယ်သူမဆို သူ့ဆီကို လာကြသည်။
ဆွေ့တာ့လျန်လို စပါးကုန်သည်က နေ့နဲ့ည အလုပ်ချိန်ပြောင်းပြန်ရှိသည်။ ပြီးတော့ သူ့ရဲ့နားတွေက ခွေးတွေလို နားပါးသည်။ ကုရှီအန်းနဲ့ သူ့သားတို့ ဆန်တွေအများကြီးဝယ်လာခဲ့တာကြောင့် သူအရမ်းပျော်နေခဲ့ပြီး မြည်းလှည်းအဟောင်းကို စပါးတွေတင်ပြီး ညဘက်မှာ မောင်းဖို့ ပြန်လည်ပြင်ဆင်နေခဲ့သည်။
ကုမိသားစုရဲ့ အိမ်ဟောင်းကို ရောက်သွားခဲ့ပြီး၊ ကုမိသားစုအိမ်ရဲ့ မြေအောက်ခန်းကို သန့်ရှင်းရေးလုပ်ထားတာ ကြာပြီပင်။ ကုမိသားစုက ဆန်ကြမ်း သုံးရာကီလိုဂရမ်၊ ဆန်ချော ငါးဆယ်ကီလိုဂရမ်၊ ကန်စွန်းဥ ငါးခြင်း၊ အာလူး သုံးခြင်း စတာတွေ ဝယ်ခဲ့ပြီး၊ ဆန်ကြမ်းတွေနဲ့ ဆန်ချောတွေကို ဆန်အိုးအလွတ်တွေထဲမှာ ထည့်ခဲ့သည်။ ဆန်အိုးတွေအပြည့်ဖြစ်သွားပြီး သစ်သားအဖုံး အကြီးနဲ့ အုပ်ထားခဲ့သည်။
ကန်စွန်းဥတွေနဲ့ အာလူးတွေကို ခြင်းထဲမှာ ထည့်ထားခဲ့ပြီး သပ်သပ်ရပ်ရပ် စီထားခဲ့သည်။
ကုမိသားစု အိမ်ဟောင်းရဲ့ မြေအောက်ခန်းက ထောင့်လေးထောင့်မှာ လေဝင်လေထွက်ပေါက်တွေ တူးထားသည်။ မြေအောက်ခန်းထဲမှာ မီးအလင်းရောင်မရှိပေ။ ထို့ကြောင့် အစားအစာတွေက ဆောင်းရာသီမှာတောင် မှိုတက်တော့မှာ မဟုတ်ပေ။
သားအဖနှစ်ယောက် နေရာချလိုက်ပြီး အိမ်အဟောင်းရဲ့ တံခါးတွေကိုပိတ်ကာ ကောင်တီဆီကို မရပ်မနားပဲ မြည်းလှည်း အဟောင်းလေးနဲ့ ပြန်လာခဲ့ကြသည်။
ညပေါင်းများစွာ ကုန်လွန်ပြီး၊ မနက် ခြောက်နာရီမှာ ကောင်းကင်ကြီးက လင်းထိန်နေပြီး မနက်ခင်းမြူနှင်းတွေကြားမှာ သားအဖနှစ်ယောက် အိမ်ကို မောမောပန်းပန်းနဲ့ ပြန်ရောက်လာခဲ့ကြသည်။
တစ်မိသားစုလုံး အိမ်မှာ စောင့်နေခဲ့ကြသည်။ လင်းယောင်က ဂျုံလုံးလေးတွေကို အရွယ်မျိုးစုံ လုံးခဲ့သည်။ ခေါက်ဆွဲတွေကို အိုးထဲက ဆယ်ခဲ့သည်။ ခေါက်ဆွဲဗန်းထဲက အဖြူရောင် ခေါက်ဆွဲဖက်လေးတွေကို ပန်းကန်တစ်ဝက်စာလောက် ယူထည့်လိုက်သည်။
သခွားသီးကို ပါးပါးလေးတွေ လှီးလိုက်ပြီး ကြက်သွန်ဖြူကို ထောင်းလိုက်သည်။ ကြက်ဥနဲ့ ခရမ်းချဉ်သီးကို ခေါက်လိုက်သည်။ အိုးထဲမှာ ရေနွေးတည်လိုက်သည်။ ခေါက်ဆွဲတွေကို အိုးထဲကို ထည့်လိုက်ပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို လက်တစ်ဆုပ်စာ ယူထည့်လိုက်သည်။
ရေနွေးကို အိုးထဲမှာ သုံးကြိမ်လောက် တည်ထားသည်။ လင်းယောင်က ဇွန်းတစ်ချောင်းနဲ့ နှစ်ခါလောက် မွှေလိုက်သည်။ ကျက်ခါနီးနေပြီဖြစ်ပြီး ကုရှီအန်းကို လာဖို့ခေါ်ကာ ခေါက်ဆွဲတွေကို ဆယ်ခိုင်းခဲ့သည်။
ကုရှီအန်းက သူ့ရဲ့လက်တွေနဲ့ ဆယ်ယူခဲ့ပြီး ခေါက်ဆွဲပန်းကန်ကြီး နှစ်ပန်းကန်ထဲကို အမြန်ထည့်လိုက်သည်။
သားအဖနှစ်ယောက်က စားချင်စိတ်ဖြစ်စေတဲ့ အသီးအရွက်အစုံပါတဲ့ ခေါက်ဆွဲတွေနဲ့ သခွားသီးခြစ်လေးတွေပါတဲ့ ခေါက်ဆွဲပန်းကန်ကြီး နှစ်လုံးကို တစ်ပန်းကန်စီ စားလိုက်ကြသည်။
သားအဖနှစ်ယောက် ခေါက်ဆွဲတွေကို မြိုချခဲ့ကြပြီးတဲ့နောက် အတူတူထိုင်ပြီး အနားမယူခင် ရေခွက်ကြီးနှစ်ခွက်လောက်ကို မော့သောက်ခဲ့ကြသည်။
စက်တင်ဘာလထဲက ဆောင်းဦးမိုးက မကြာခင် လာတော့မည်။ ပြီးတော့ အပြင်ဘက်က အရာအားလုံးကို မမြင်ရလောက်အောင်အထိ မိုးရွာလာခဲ့သည်။
မိသားစုဝင်တွေက တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြပြီး ညတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် သေသေချာချာ မေးနေခဲ့သည်။ အကုန်လုံးကို သေချာစီစဉ်ထားခဲ့တယ်ဆိုတာ သူတို့သိကြသည်။ ပြီးတော့ သူတို့အားလုံး မျက်လုံးလေးတွေ မှိတ်အောင်ထိ ပြုံးနေခဲ့ကြသည်။
ကျန်းဆွေ့လန်က သူ့ရဲ့ပေါင်ကို ရိုက်လိုက်ပြီး ကောက်ပဲသီးနှံနဲ့ ဆီ မှတ်တမ်းစာအုပ်ကို ယူဖို့ အိမ်ကိုပြန်သွားခဲ့သည်။ ပြီးတော့ သူမ ဆန် ဘယ်လောက် ဝယ်ခဲ့လဲဆိုတာကို ဖြတ်ပိုင်းတွေကနေ ပြန်စစ်ကြည့်ခဲ့သည်။
မူလက၊ ကုမိသားစုကြီးကို သူတို့ဝယ်နိုင်သလောက် အစားအစာတွေ ဝယ်ထားစေချင်ပေမယ့် ဆွေ့တာ့လျန်က အဲ့လောက် စာရင်းအများကြီး မရှိပေ။ ဒါကြောင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ နောက်တစ်ခေါက် သူတို့ လာတဲ့အချိန် စားစရာတွေဝယ်ရန် ခရီးတိုလေးထွက်ဖို့ စီစဉ်နေကြသညိ။
နေ့လည်ခင်း အပြင်ဘက်မှာ မိုးရွာနေသည်။ လင်းယောင်က သူမရဲ့ အဖိုးတန်ယုန်လေး အေးခဲနေမှာကို ကြောက်နေမိသည်။ ဒါကြောင့် သူမက ကုရှီအန်းကို ယုန်အသိုက်ဆီသွားပြီး ဖယောင်းပုဆိုးနဲ့ အုပ်ထားပြီး ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုခဲ့သည်။ ယုန်အမေကြီးက သူမရဲ့ကလေးလေးတွေကို ကိုယ်ဝန်ဆောင်ထားခဲ့သည်။ အေးခဲသွားမှာကို ကြောက်ပါသည်။
ကျောင်းမှာ၊ သူက နေ့ခင်းဘက် သံမဏိလုပ်ပြီး ညဘက် အိမ်ပြန်လာတဲ့အခါ၊ ကုရှီတုန်းက သူ့အစ်ကိုကြီးနဲ့ ခြံထဲမှာ ပတ်ပြေးရသည်။
ကောင်စုတ်လေးက သူ့ရဲ့ လက်တွေခြေထောက်တွေက သူ့အပိုင် မဟုတ်တော့လောက်အောင် အရမ်းပင်ပန်းနေသည်။ နောက်တစ်ရက်မှာ သူက အိပ်ယာထဲမှာ လှဲနေခဲ့ပြီး အိပ်ယာထဖို့တောင် ငြင်းဆန်နေခဲ့သည်။ သူ တစ်ကယ်ကို ပင်ပန်းနေပါသည်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ယောင်ကိုင်းနေသည်။
သူ ခုနစ်နှစ်၊ ရှစ်နှစ်လောက်က သူ့ရဲ့ ဒုတိယဦးလေးပြောခဲ့တဲ့၊ အိမ်ပိုင်ရှင်တွေနဲ့ ချမ်းသာတဲ့မြေပိုင်ရှင်တွေအတွက် လုပ်သားအဖြစ် သိုးတွေနဲ့ နွားတွေကို မွေးထားခဲ့သလို သူ ခံစားလိုက်ရသည်။ ရုတ်တစ်ရက် ဆိုးယုတ်တဲ့ ပတ်ဝန်းကျင်ကို ပြန်သွားချင်လာသည်။
ကုရှီတုန်းက သူ့အစ်ကိုကြီးရဲ့ နက်ရှိုင်းတဲ့ မေတ္တာကို ခံစားမိလိုက်ပြီး ချက်ချင်းပဲ အိမ်မှာရှိနေရတာထက် ကျောင်းသွားရတာက အများကြီး ပိုကောင်းတယ်ဆိုတာကို သိလိုက်သည်။
ကျောင်းကိုသွားရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ၊ သူ ကျောင်းသွားချင်နေတော့သည်။
နေ့တိုင်း အပြင်ဘက်မှာ တစ်ဖြည်းဖြည်း အေးလာပြီ၊ ဒါကြောင့် လင်းယောင်က ကျောက်မီးသွေးတွေ ကောက်ဖို့ သုန်ဇီနဲ့ မြို့ဝင်ဂိတ်အဆောက်အဦးဆီကို တစ်ခါတစ်လေ သွားခဲ့သည်။
ကုရှီအန်းက စိတ်သောကရောက်နေပြီး သူမကို သွားခွင့်မပြုခဲ့ပေ။
မိန်းမငယ်လေးတစ်ယောက်အတွက် ကျောက်မီးသွေးအပဲ့လေးတွေ ကောက်ဖို့နဲ့ တစ်နေ့လုံး အိမ်ပြန်မလာဖို့က မတန်ပါဘူး။
လင်းယောင်က ပြုံးခဲ့ပြီး ခေါင်းညိမ့်ခဲ့သည်။ ကျောက်မီးသွေး အပဲ့တစ်ခြင်းလေးအတွက်နဲ့ သူမ ဒါကို လုပ်ခဲ့တာမဟုတ်ပေ။ ပထမတစ်ချက်၊ အိမ်မှာ သူမ ဘာမှလုပ်စရာမရှိဘူး၊ ပြီးတော့ အထီးကျန်နေပြီး တစ်ချိန်တည်းမှာပဲ လေ့ကျင့်ခန်းလုပ်ပြီးသားလဲ ဖြစ်သည်။ ဒုတိယအနေနဲ့၊ သူမတစ်ယောက်တည်း အပြင်ထွက်တဲ့အခါ တစ်ယောက်ယောက်က သူမနောက်ကလိုက်နေတာကို မကြာသေးခင်က သိခဲ့ရသည်။
ဒါက ကိစ္စကြီးတစ်ခုပင်။ မိန်းမတစ်ယောက်ရဲ့ ဆဌအာရုံက လုံးဝတိကျသည်။
လင်းယောင်က အမြဲတမ်း နောက်ကိုလှည့်ကြည့်ပေမယ့်လဲ၊ သူမရဲ့ နောက်မှာ လမ်းသွားလမ်းလာတွေ ဖြတ်သွားနေတာကလွဲပြီး မူမမှန်တာ ဘာမှမရှိပါဘူး။
ဒါပေမယ့်၊ လျို့ဝှက်စွာစောင့်ကြည့်ခံနေရပြီး နောက်ယောင်ခံလိုက်ခံရတဲ့ ခံစားချက်ကတော့ မမှားနိုင်။
သူမတင် မဟုတ် ကုရှီတုန်းကလဲ သူ့မရီးနဲ့ အပြင်ထွက်တဲ့အချိန် သူ့နောက်ကနေ တစ်ယောက်ယောက် လိုက်ကြည့်နေတယ်ဆိုတာကို ခံစားရသည်။ ဒါပေမယ့်လဲ သူလှည့်ကြည့်လိုက်တဲ့အချိန်၊ ဘယ်သူမှ ရှိမနေပေ။
လူကြီး လူငယ် တွေပါတဲ့ လူအုပ်စုတစ်ခုက မတ်တပ်ရပ်နေကြပြီး သူ့နောက်ကို လိုက်နေတဲ့ ကလေးကို ဖမ်းဖို့ပဲ လမ်းပေါ်မှာ နေ့တိုင်း နှစ်ကြိမ်၊သုံးကြိမ်လောက် လျှောက်သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။
ကလေးကို ဖမ်းလို့မမိလိုက်ပေမယ့် မျှော်နေတဲ့ သတင်းကောင်းကို အရင်ကြားလိုက်ရသည်။
ကောင်တီအထည်အလိပ်စက်ရုံရဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနက အလုပ်သမားတွေ ခေါ်ယူနေပါသည်။
ဒီရက်တွေမှာ၊ အထည်အလိပ်စက်ရုံက စက်ရုံကြီးတစ်ခုဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်က သံစက်ရုံနဲ့ သံမဏိစက်ရုံတို့ထက် သာလွန်သည်။ ထောက်ပံ့ပို့ဆောင်ရေးဌာနကလဲ အားလပ်တဲ့ ဌာနတစ်ခုဖြစ်သည်။ ဆီ နဲ့ ရေ များများစားစားသုံးစရာမရှိဘူးဆိုတော့ အလုပ်က တစ်ကယ်ကို သက်တောင့်သက်သာရှိသည်။
လင်းယောင်က ဒီလိုအလုပ်အတွက် သင့်တော်သည်။ သူမက ကျေးလက်ဒေသကိုသွားပြီးနောက် လယ်အလုပ်ရော တစ်ခြား ဘာအလုပ်ကိုမှ မလုပ်နိုင်တဲ့ အရှူံးသမားတစ်ယောက်ဆိုတာကို သိခဲ့ရသည်။
လင်းယောင်က အလုပ်သမားခေါ်ယူရေး အချက်အလက်တွေကို စုံစမ်းနေချိန်မှာ၊ ကုရှီအန်းအတွက် ဆွယ်တာကို မထိုးပေးဖြစ်ခဲ့။
ဆောင်းဦးမိုးရွာလာပြီး စတင် အေးလာခဲ့သည်။ မိုးရွာလာခဲ့ပြီး အပြင်ဘက်က အပူချိန် လျော့ကျသွားခဲ့သည်။
ကုချွင်မေကလဲ အစ်ကိုကြီးထို့ထို့အတွက် မီးခိုးရောင်အနားသပ်နဲ့ ဆွယ်တာတစ်ထည် ထိုးပေးနေသည်။ ရွှီရှန်းချန်က အဲ့တာကို နေ့တိုင်းဝတ်ပြီး သူ့ကိုမြင်တဲ့လူတိုင်းကို ဆွယ်တာကြွားရင်း ပြည့်သူ့လုံခြုံရေးဌာနကလူတွေကို သူ့ရဲ့ အဝတ်အစားတွေကို ကြွားနေခဲ့သည်။
အထူးသဖြင့် သူ့အနာဂတ်ယောက်ဖရဲ့ ရှေ့မှာဆိုရင်၊ အစ်ကိုကြီးက အဘက်ဘက်က သူ့ရဲ့ပုံစံတွေကို ပြခဲ့ပြီး ထိုအမူအရာကြောင့် သူ့ကို တိုက်ရိုက်ကြည့်ဖို့ မဖြစ်နိုင်ခဲ့ပါ။
ကုရှီအန်းမှာ ချောမောတဲ့ ရုပ်ရည်ရှိပြီး အမူအရာတွေထုတ်မပြတတ်ပေ။ သူက အစ်ကိုကြီးကို ဆွဲပြီး ရိုက်နှက်လိုက်သည်။ သူပြန်ရောက်တဲ့အခါ၊ သူ့အတွက် ဆွယ်တာထိုးလို့ ပြီးမပြီးကို တိတ်တဆိတ် စစ်ဆေးခဲ့သည်။
လင်းယောင်က ဖြတ်သွားတာကို မြင်လိုက်ပေမယ့် ဘာမှမပြောပဲ စိတ်ထဲတွင်သာ ရယ်မောလိုက်သည်။
ဒီလူကြီးက အေးစက်ပြီး ရူးမိုက်သည်။ ဆွယ်တာအသစ်တစ်ထည် လိုချင်ရင်၊ ဘာလို့မပြောတာလဲ။ သူက ဝန်ခံရန် ငြင်းဆိုခြင်းဆိုတာကိုပဲ လက်ကိုင်ထားသည်။
နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရဖို့ပဲ ရှိသည်။
ဆောင်းဦးပွဲတော်ရက်မှာ၊ လက်ထောက်ဒါရိုက်တာကု စဉ်းစားထားတဲ့ ချစ်စရာဆွယ်တာလေးကို နောက်ဆုံးမှာ လုပ်လိုက်ပြီး မနက်စောစောမှာ တစ်ယောက်ယောက်က ဌာနကို ဝတ်လာခဲ့သည်။
ရွှီရှန်းချန်က သူ့ရဲ့ဆွယ်တာကို ကြွားနေတဲ့အချိန်၊ လက်ထောက်ဒါရိုက်တာကုက အနည်းငယ်ပြုံးခဲ့ပြီး နှိမ့်ချပြီး အဓိပ္ပာယ်ရှိတဲ့ အပြုအမူနဲ့ သူ့ရဲ့ ရဲဝတ်စုံအောက်က အနက်ရောင်ဆွယ်တာလေးကို ပြလိုက်သည်။