← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

လက်ထောက်ဒါရိုက်တာကုသည် သူ့၏ချစ်ခင်တွယ်တာခြင်းကို ပြသည့်နေရာတွင် အလွန်တော်သည်။

ဒီနေ့ဆွယ်တာအင်္ကျီ၊ မနက်ဖြန် ထမင်းဘူး၊ သဘက်ခါ မုန့်များလုပ်ပေးသည်။

ပြည်သူ့လုံခြုံရေးဌာနရှိ လူပျိုလူလွတ်များမှာ အန်သည်အထိပင် ခွေးစာများကို စားရလေသည်။

နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်နေသော လင်းယောင်မှာ ဒီလူကိုသည်းမခံနိုင်တော့ပဲ ကုရှီအန်းအားကြမ်းပြင်ပေါ်တွင် ရက်အနည်းငယ် အိပ်စေရန် မောင်းထုတ်လိုက်သည်။

တစ်ယောက်ယောက်မှာ ရပ်တန့်သွားတော့သည်။

ထိုသည်ကလွဲလျှင် အခုတလော ကုရှီအန်းကစိတ်ကောင်းဝင်နေခဲ့သည်။

ပြည်သူ့လုံခြုံရေးဌာနတွင်ရှိသည့် အလုပ်သည် ယခင်ကလောက် အခုရက်ပိုင်း အရေးမကြီးပေ။ ဌာနမှာရှိသည့် ရဲသားများက ပုံမှန်အားဖြင့် အမှားတစုံတရာလုပ်ပြီးလျှင် အဆူခံရမည်ကို ကြောက်ကြသည်။

မထင်မှတ်စွာဖြင့် ဒုတိယဒါရိုက်တာကုသည် အရင်ကလို မဟုတ်ပဲ နူးညံ့နေခဲ့ပြီး အပြစ်လုပ်ထားသော ရဲသားများကို နောက်တစ်ခါ အလုပ်သေချာလုပ်ဖို့သာပြောခဲ့သည်။

နံနက်ခင်း ကုရှီတုန်းသည်သူ၏ အကိုနှင့် လမ်းလျှောက်ထွက်ရန် ပျင်းနေသောအခါတွင်လည်း သူ၏တင်ပါးပေါ်တွင်ကျလာသော ဒါရိုက်တာကု၏ လက်ဝါးရာက အရင်လောက် မပြင်းထန်တော့ပါ။

နံနက်ခင်းတစ်ခုတွင်လည်း ကုရှီတုန်းကို ဒါရိုက်တာကုက ကြက်ဥမွှေကြော်ကြော်ကျွေးသည်။

ကုရှီတုန်းသည်ပင် အံ့ဩသွားခဲ့သည်။

မိသားစု အကုန်လုံးကတော့ကြည့်ပြီး ပျော်ရွှင်ပီတိဖြစ်နေခဲ့သည်။

ပြည်သူ့လုံခြုံရေးဌာနမှ ရဲသားများသည်လည်း မြန်မြန်လက်ထက်ရန် စိတ်စောနေကြသည်။ သူတို့သည် blind date တွေသွား၊ မိန်းကလေးများကို ပိုးလိုက်ဖြင့် ပြည်သူ့လုံခြုံရေးဌာန၌ အတွဲများစွာရှိနေခဲ့သည်။

လင်းယောင်သည် ပြည်သူ့လုံခြုံရေး ဌာနအကြောင်း ဘာမှမသိခဲ့ပါ။ သူမသည် လက်ရှိတွင် စာရွက်စာတမ်းဖတ်၍ အလုပ်စာမေးပွဲ ဖြေရန်သာကြိုးစားနေခဲ့သည်။

ယခုခေတ်တွင် ကျေးလက်ဒေသမှ အမျိုးသမီးကိုလက်ထပ်ပါက ထိုအမျိုးသမီးသည်လည်း မြို့ပေါ်သို့လိုက်ရောက်နေထိုင်ရသည်။ သက်ဆိုင်ရာကျေးလက်မြို့မှပေးသော ဆန်စပါးစာအုပ်များ သူတို့တွင်ရှိကြသည်။ ထိုစာအုပ်ဖြင့် မြို့ပေါ်တွင် အစားအသောက်ဝယ်ယူနိုင်သည်။

အကယ်၍ မိမိ၌မြို့ပေါ်မှ အလုပ်မရှိလျှင် မြို့နေခံလူ အဖြစ် စာရင်းသွင်းခံရမည်မဟုတ်ပါ။ကလေးများရှိလျှင်လည်း ထိုကလေးသည် မိခင်၏ စာရင်းသွင်းခံထားရသော အမျိူးအစား (ဥပမာ-ကျေးလက်ဒေသခံ)အလျောက်သာ စာရင်းသွင်းခံရမည်ဖြစ်သည်။

ထို့ကြောင့်လည်း မြို့ပေါ်မှသူအများစုက ကျေးလက်မှအမျိူးသမီးများကို လက်ထပ်မယူလိုခြင်းဖြစ်သည်။

လင်းယောင်သည် ထိုမြို့နေခံလူ အဖြစ် အသိအမှတ်ပြုခံ စာရင်းသွင်းခံရခြင်းကို စိတ်မဝင်စားပေ။ သို့သော် သူမ၏ ကလေးအတွက်တော့ လိုအပ်လာပေလိမ့်မည်။

သူမ၌လောလောဆယ် ကလေးမရှိသော်လည်း တချိန်တွင်ရလာမည့်ကလေး အတွက်စဉ်းစားရသည်။

မိိမိကလေး၏ အနာဂတ်ခိုင်မာဖို့အတွက် ယခုခေတ်မိဘများသည် လူလတ်ပိုင်းမှစ၍ အသက်ကြီးသည်အထိ အလုပ်များ ကြိုးစားလုပ်ကိုင်ကြသည်။ လင်းယောင်သည် ထို့သို့ကြိုးစားလုပ်ကိုင်မည့်အစား ရေရှည်အတွက် တည်တံ့မည့်အလုပ်မျိုးသာ လုပ်ချင်သည်။

ကုမန်ဆန်နှင့် သူ၏ဇနီးတို့မှာတော့ လင်းယောင် ယခုလိုအလုပ်စာမေးပွဲ ဖြေခြင်းအပေါ် အားရဝမ်းသာကြသည်။ ထိုသို့ဖြေဆိုခြင်းသည် ရေရှည် အလုပ်မျိုးရစေရန် ပို၍အထောက်အကူဖြစ်နိုင်ပြီး မိသားစုအတွက်လည်း စိတ်အေးရသည်။ ယခုခေတ်တွင် မိန်းကလေးများက ရင်ဘောင်တန်း အလုပ်လုပ်နိုင်သည့်အတွက်လည်းဂုဏ်ယူကြသည်။

ကျန်းဆွေ့လန်သည် စိတ်ဓာတ်ခိုင်မာပြီး ယုံကြည်မှုရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ကုမန်ဆန်သည်လည်း အလုပ်ကြိုးစားကာ အလုပ်ထဲတွင် အကြိုးစားဆုံးဖြစ်သည်။ လင်းယောင်သည်လည်း ထိုကဲ့သို့ပင် မိမိကိုယ်ကို ယုံကြည်မှုရှိသည်။

ကုမန်ဆန်နှင့် သူ၏ဇနီးသည် လင်းယောင်အတွက် အလုပ်ကိစ္စနှင့် ပတ်သက်၍ အချက်အလက်များရှာပေးသည်။ ကုရှီအန်းသည်လည်း လင်းယောင်အတွက် “အထည်စက်ရုံများ ပေါ်ပေါက်လာမှုသမိုင်း”၊ “အထည်စက်ရုံ စွယ်စုံကျမ်း “ ၊ “ထောက်ပံ့ရေးဌာန စည်းမျဉ်းစည်းကမ်းများ “ စသည့် အလုပ်သင်စာမေးပွဲအတွက် အချက်အလက်များကို ကောင်တီစာကြည့်တိုက်မှရှာဖွေပေးသည်။

ကုချွင်မေသည်လည်း အိမ်သို့ပြန်ကာ အချက်အလက်များရှာပေးသည်။ လင်းယောင်၏ စားပွဲပေါ်တွင် ကြည့်စရာလိုအပ်သော အချက်အလက်များ တောင်လိုပုံလာသည်။ လင်းယောင်သည် သူမကောလိပ်တက်စဉ်တုန်းက စာကြည့်ခဲ့သလို စာတမ်းများကိုဘယူကြည့်လိုက်သည်။ ထိုသို့ကြိုးစားသော်လည်း တခါတရံအိပ်ချင်ပြီး စားပွဲပေါ်တွင် အိပ်ပျော်သွားတက်သည်။

သူမနိုးလာသောအချိန်တွင် စာအုပ်များပြည့်နေသော အခန်းတစ်ခုကို တွေ့လိုက်ရသည်။ သူမသည် ကုရှီအန်း၏ လက်မောင်းပေါ်၌ အိပ်ပျော်နေခဲ့ပြီး သူမ၏ခြေတစ်ဖက်သည် ကုရှီအန်း၏ ခါးပေါ်တွင်ဖြစ်နေသည်။

ချက်ချင်းပဲ လင်းယောင်၏ မျက်နှာမှာ ရဲတက်လာသည်။ သူမကို မနေ့ညက တစ်ဦးဦးက လူးလှိမ့်နေရအောင်လုပ်ခဲ့သည်။ သူမတစ်ကိုယ်လုံး အားနည်းနေပြီး အသံမထွက်စေရန် နှုတ်ခမ်းကိုကိုက်ထားခဲ့သည်။

ထို့နောက်ဒေါသတကြီးဖြင့် ကုရှီအန်း၏ မျက်နှာကိုဆွဲလှည့်လိုက်သည်။ ကုရှီအန်းသည် မျက်လုံးဖွင့်လိုက်ပြီး စူးရှနက်မှောင်သည့် အကြည့်တို့ဖြင့် ကြည့်လာသည်။

လင်းယောင်သည် ချက်ချင်းစောင်အောက်ထဲသို့ဝင်လိုက်ပြီး အိပ်ချယောင်ဆောင်လိုက်သည်။ ပို၍ သဘာဝကျစေရန် သုန်ဇီလိုပင် ဟောက်သေးသည်။

“ဝက်ကလေးက ဟောက်နေတာပဲ”

ဆွဲဆောင်မှုရှိသော အသံဩဩတစ်ခုက သူမ၏နားထဲသို့ဝင်လာခဲ့သည်။ လင်းယောင်သည် အလန့်တကြားထခုန်ပြီး စိတ်တိုတိုဖြင့် လိုက်ကုတ်လေသည်။

“ရှင်ကမှ ဝက်!”

ကုရှီအန်းက ပြုံးပြီးကောင်မလေးကို ဆွဲခေါ်လိုက်ကာဖက်လိုက်သည်။ အနမ်းများလည်း ပေးခဲ့သည်။

အတန်ကြာအနမ်းများပေးပြီးသည့်အခါ ကုရှီတုန်းက ညစာစားရန် လှမ်းခေါ်သည်။ လင်းယောင်လည်း အလန့်တကြားထ၍ ပြေးလေသည်။

ကုရှီအန်းသည် အင်္ကျီသေသေသပ်သပ်ဖြစ်အောင် ပြန်လုပ်လိုက်ပြီး သူ၏နှုတ်ခမ်းပါးပါးက ကော့ညွတ်သွားသည်။ ထို့နောက် တံခါးဆီသို့ ပြေးထွက်ခဲ့သည်။

အထည်စက်ရုံ၏ အလုပ်စာမေးပွဲသည် လကုန်တွင်ကျင်းပမည်ဖြစ်သည်။ ထိုနေ့က စနေနေ့ဖြစ်လိမ့်မည်။ကုရှီအန်းသည် နံနက်စောစောနိုးနေခဲ့ပြီး ကုရှီတုန်းကိုအပြင်ထွက်ဖို့ ခေါ်သွားခဲ့သည်။ ကုရှီတုန်းမှာတော့ တနေ့လုံးသမ်းနေခဲ့သည်။

လင်းယောင် ဒီနေ့အလုပ်စာမေးပွဲ သွားရမည်ဖြစ်သည်။ကုရှီတုန်းသည် လင်းယောင် တစ်နေကုန်မပြေးလွှားပဲဘယ်လိုနေနိုင်မလဲဟု တွေးနေသည်။

ဆောင်းဦးဖြစ်သည့်အတွက် ကုရှီအန်းက အပြင်ပေးမထွက်သောကြောင့် လင်းယောင် ဝင်ခွင့်သွားဖြေသည်ကို ကုရှီတုန်း မလိုက်ခဲ့ရပေ။

စက်တင်ဘာလအကုန်ဖြစ်သောကြောင့်ရာသီဥတုမှာအေးစက်လာခဲ့သည်။ နေ့ခင်းဖက်တွင် သိပ်မသိသာ။ နေ့လည်ဖက်တွင် အင်္ကျီလက်တိုကိုဝတ်ဆင်ပြီးနံနက်ခင်းတွင် အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်တို့ကိုဝတ်ဆင်သည်။ အိမ်သို့စောစောပြန်ရောက်လျှင်လည်း အအေးမမိစေရန် အင်္ကျီမြန်မြန်လဲရသည်။

ကျန်းဆွေ့လန် စောစောနိုးနေခဲ့သည်။ နိုင်ငံ‌တော်ပိုင်စားသောက်ဆိုင်သို့သွားခဲ့ပြီး တို့ဖူးပူတင်းအချို နှစ်ပွဲနှင့် ပူနွေးသော ဂျုံချောင်းကြော်များ ဝယ်လာခဲ့သည်။ ပဲအချိုသည် တစ်ပွဲလျှင် ၅ ဆင့် ကျသင့်ပြီး ဂျုံချောင်းကြော်သည် တခုလျှင် ၇ ဆင့် တောင်ကျခဲ့သည်။ ပုံမှန်ဆိုလျှင် ပိုက်ဆံကုန်မည့် အလုပ်မလုပ်သော်လည်း လင်းယောင်အတွက် ထိုမနက်စာကို ဝယ်ခဲ့သည်။

တို့ဖူးပူတင်းအချိုမှာ ပဲစစ်စစ်အနံ့သင်းပျံ့နေပြီးလန်းဆန်းစေသည်။ လင်းယောင်သည် တကြိုက်တည်းမော့သောက်လိုက်ပြီး ဂျုံချောင်းကြော် ၃ခုစားလိုက်သည်။ ထို့နောက် ဗိုက်ပြည့်သွား၍ သူမ၏ဗိုက်ကိုပုတ်လိုက်လေသည်။

ကျန်းဆွေ့လန်သည် လင်းယောင်၏ ဗိုက်ကိုကြည့်ပြီး ဂျုံချောင်းကြော် နောက်တစ်ခု ထပ်ယူလိုက်သည်။

“ယောင်ယောင်။ ဘာလို့နည်းနည်းပဲ စားတာလဲ။စာမေးပွဲက ကြာမှာ။ အစာမရှိရင် အင်အားရှိမှာမဟုတ်ဘူး”

ကုရှီတုန်း ဟင်းချက်နေရင်း ပြောလိုက်သည်။ “မရီး အပြင်မှာ ကပ်ဘေးတွေဖြစ်နေတာ။ မြောက်ပိုင်းက လူတွေဆိုတောင်ပိုင်းကို လာရပြီ။ အနာဂတ်မှာ စားစရာရှိချင်မှရှိမှာ စားလို့ရတုန်း မြန်မြန်စားထား"

ထိုကောင်စုတ်လေး စကားပြောသည်မှာ ကြမ်းတမ်း‌သော်လည်း လင်းယောင် ချက်ချင်းပဲ ဂျုံချောင်းကြော် ၂ခုထပ်စားခဲ့သည်။

အခုတလော ကန်တင်းမှ အစားအစာများသည် တနေ့ထက်တနေ့ ပိုဆိုးလာခဲ့သည်။ နေ့တိုင်းသောက်ရသည်မှာ ဆန်ပြုတ်သာသာ ဖြစ်သည်။ ထိုသို့နေ့တိုင်းသာစားနေရင် အစားအသောက် ပျက်ကြမှာပင်ဖြစ်သည်။

စစ်တပ်ထဲတွင် ကြီးပျင်းလာသော ကုရှီအန်းမှာ အလွန်စားနိုင်သောသူဖြစ်သည်။ တစ်နပ်စာကိုပင် ၂ ပန်းကန် ၃ ပန်းကန် ဘယ်သူက စားနိုင်မည်နည်း။

စားသောက်တန်းမှ ဟင်းသီးဟင်းရွက်ပြုတ် ပေါက်စီသည် အလွန်စားချင်စရာမကောင်းပဲ ကြမ်းတမ်းလှသည်။ ကုရှီအန်းသာ စားနိုင်သည်။ သူသည် ပေါက်စီ သုံးလေးငါးလုံးလောက် တခါတည်းဝါးပြီး ချက်ချင်းကုန်အောင်စားခဲ့သည်။

စားသောက်ပြီးသောအခါ ကုရှီအန်းသည် စက်ဘီးဖြင့် လင်းယောင်ကို အထည်စက်ရုံသို့ ပို့ပေးခဲ့သည်။

ကုမိသားစုလည်း တံခါးနားလာရပ်ကြသည်။ စက်ဘီးလေးတရွေ့ရွေ့ ထွက်ခွါသွားသည်ကို ရပ်ကြည့်နေကြလေသည်။

ကောင်တီ အထည်စက်ရုံသို့ ရောက်ရှိရန် နာရီဝက်လောက် မောင်းနှင်ရသည်။ အချိန်မှာ ၇ နာရီသာရှိသေးသည်။ ဝင်ခွင့်စာမေးပွဲသည်ကား ၉ နာရီဖြစ်သည်။ ကုရှီအန်း နင်းနေသော စက်ဘီးသည် အရမ်းကြီးတော့ မမြန်ဆန်ခဲ့ပေ။

လင်းယောင်သည် ကုရှီအန်းအနောက်တွင် လက်သေးသေးလေးဖြင့် ခါးကိုဖက်ကာ ဟိုကြည့်ဒီကြည့်ဖြင့် စကားစမြည် ပြောနေခဲ့သည်။

အပြင်လူတွေဆိုလျှင် တချက်ကြည့်တာနှင့် အလွန်ချစ်သော အတွဲတွေမှန်းသိနိုင်သည်။

လမ်း၏တစ်နေရာတွင် ပုန်းနေသော လင်းဟုန်နသည် ထိုမြင်ကွင်းကို မြင်သွားခဲ့သည်။ သူမ၏သွေးများဆူပွက်လာပြီး မျက်လုံးအိမ်တို့ ကျုံ့သွားကာ အံကိုနာနာကြိတ်လိုက်လေသည်။

ကုမိသားစု၏ သတင်းကိုကြားလျှင် သူမ၏ရင်ထဲ၌ပူလောင်ရသည်။ မအိပ်နိုင် မစားနိုင်ပင်ဖြစ်ခဲ့သည်။

လင်းဟုန်နသည် ကုရှီအန်းကို မကြိုက်ပါ။ သို့သော် လက်ထောက်ဒါရိုက်တာ၏ ဇနီးဆိုသော နေရာသည်သူမအလွန်မက်မောသော အရာဖြစ်သည်။ ထို့ကြောင့် မရှုနိုင်မကယ်နိုင်အောင် ခံစားခဲ့ရသည်။

လင်းယောင်သာ ကုရှီအန်းနှင့် လက်မထပ်ခဲ့လျှင် စက်ဘီးနောက်ဘက်၌ ထိုင်နေသောသူသည် သူမသာဖြစ်လိမ့်မည်။

လက်ထောက်ဒါရိုက်တာတစ်ဦး၏ တစ်လဝင်ငွေသည်ဒေါ်လာပေါင်းရာချီပင် ဖြစ်သည်။ ကုရှီအန်းသည် ရုံးပိုင်းဆ်ိုင်ရာမှဖြစ်ပြီး အမှုတော်တော်များများကိုဆက်တိုက်ကိုင်တွယ်သည်ဟု ကြားသိရသည်။‌ ကောင်တီလူမှုတိုးတက်ရေးဘကော်မတီမှလည်း ဘောက်ဆူးများပေးသည်ဟု ပြောကြသည်။ ထိုပိုက်ဆံအားလုံးသည် လင်းယောင်လက်ထဲသို့ ရောက်ပေလိမ့်မည်။

မထူးဆန်းပါ။လလင်းယောင်သည်အလွန်လှပသောမိန်းကလေးဖြစ်ပြီး ပန်းကလေးကဲ့သို့ နူးညံ့သိမ်မွေ့သည်။ စန္ဒပန်းလေးနှင့်အလားတူပြီး လူတကာက ပိုင်ဆိုင်လိုကြသည်။

ဘာလို့ လက်ထောက်ဒါရိုက်တာကု၏ ဇနီးက အားလုံးအားကျစရာဖြစ်နေတာလဲ။

လင်းဟုန်နသည် လင်းယောင် လက်မထပ်ခင်ကတည်းက ပြည့်ပြည့်စုံစုံ နေခဲ့ရသည်ကို တွေးမိခဲ့ပြီး သူမ၏မျက်လုံးများက ပို၍တင်းထန်သွားခဲ့သည်။

ဆိုရိုးစကားအတိုင်း အခက်အခဲများကို ရင်ဆိုင်နိုင်လျှင် အခြားသူထက်သာလိမ့်မည်ဟုဆိုသည်။

သူမ ပြန်လည်မွေးဖွားလာခဲ့ပြီ။ ဒီထက်ပိုပြီး ခက်ခဲကြမ်းတမ်းတာတွေကို မမှုတော့ပေ။

သူမ၏ဘဝသည် နဂိုတည်းက ဆိုးရွားခဲ့ပြီး လင်းယောင်ကတော့ နဂိုတည်းက ကောင်းမွန်သောဘဝကိုရခဲ့သည်။

သူမသာ လင်းယောင် ကုမိသားစု၏ သားနှင့်လက်ထပ်မည့်အကြောင်းကိုသိခဲ့လျှင် လက်ထပ်ပွဲကို တားခဲ့မှာ အမှန်ပင်။

လင်းဟုန်နအတွက် ကုမိသားစုမှာ စက်ဆုပ်ဖွယ်ရာအမှိုက်လို ဖြစ်တည်မှုမျိုးဖြစ်ပြီး လင်းယောင်အတွက်တော့ ဆုလာဘ်တစ်ပါးဖြစ်လေသည်။

လင်းဟုန်နသည် စုံစမ်းမေးမြန်းပြီး လင်းယောင်သည် ကုမိသားစုဝင်နှင့် လက်ထပ်သွားမှန်းကြားသိရသောအခါ အလွန်စိတ်ဝင်စားသွားခဲ့သည်။ လင်းယောင်သည် နံနက်စောစောထစရာမလို၊ အဝတ်လျှော်စရာလည်းမလို၊ အိမ်သာဆေးရန်လည်းမလို၊ ကုရှီအန်းသည်အဝတ်များ ကူလျှော်ပေးသည်။

သူမမှာတော့ နေ့ပိုင်းတွင်စက်ရုံ၌ ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြီးစနေ၊တနင်္ဂနွေများတွင် နေရပ်သို့ပြန်ပြီးမီးဖိုနားတွင်သာ နွားတစ်ကောင်လို အလုပ်များလုပ်ရသည်။

ကံတရားက မမျှတပါ။ ထို့ကြောင့် သူမဘာသာ မျှတအောင်လုပ်ရန် ကြံစည်လိုက်သည်။

လင်းဟုန်နသည် လမ်းလျှောက်သွားသော လင်းယောင်ကို မုန်းတီးသော မျက်လုံးများနှင့် ကြည့်နေခဲ့သည်။

နာရီဝက်အကြာ ကုရှီအန်းနှင့်လင်းယောင် အထည်စက်ရုံ အဝင်တံခါးနား ရောက်ရှိခဲ့သည်။

ထိုအချိန်တွင် စက်ရုံ၌ လူအများရောက်နေခဲ့ပြီး များသောဖြင့် ငယ်ရွယ်ပြီး ချောမောလှပသောမိန်းမပျိုများဖြစ်ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်သည့်အချိန်မှစ၍ ယခုအခါသည်အထည်စက်ရုံ၌ ပထမဦးဆုံး မြို့အပြင်ဘက်မှ အလုပ်သမားများခေါ်ခြင်းဖြစ်သည်။

အထည်စက်ရုံသည်လူ ၃ ဦးသာ ခန့်မည်ဖြစ်သော်လည်း အယောက်၃၀ အထက်လာရောက်လျှောက်ထားကြသည်။ ယောကျ်ားလေး ၄ ၊၅ ယောက်လည်းပါပြီး အကုန်လုံးမှာ အထက်တန်း အောင်ထားသူများဖြစ်ကြသည်။

ဘယ်နှစ်ယောက်ကများ အထက်တန်းတက်နေတုန်းလို့ပါလို့လဲ။

ယခုခေတ်တွက် အထက်တန်းတက်နိုင်သောသူများကရှားပါးနေပေပြီ။

အခြားသူများသည် စိတ်လှုပ်ရှား၍ ဇောချွေးများပင်ပြန်နေခဲ့သည်။ လင်းယောင်သည် တစက်လေးမျှ စိတ်မလှုပ်ရှားခဲ့။ သူမ၏ကောလိပ်စာမေးပွဲနှင့် ယှဉ်လျှင်အသေးအဖွဲ့လေးသာ ဖြစ်သည်။ သူမသည် တချက်လှည့်ပြီး စက်ရုံအပေါက်ဝတွင် စောင့်နေသော ဒါရိုက်တာကုကို ပြုံးပြလိုက်သည်။

ကုရှီအန်း ငြိမ်သက်စွာ စောင့်နေခဲ့သည်။ စာမေးပွဲအခန်းသို့ဝင်ခါနီး ကောင်မလေးတစ်ယောက် ချော်ကျမလိုဖြစ်ခဲ့သည်။

လင်းယောင်သည် ထိုကောင်မလေးကို ဆွဲထူပေးခဲ့သည်။ ကောင်မလေးက ရှက်ရှက်ဖြင့် ကျေးဇူးတင်နေလေသည်။

စာမေးပွဲစာရွက်ရသောအခါ လင်းယောင်သည် မေးခွန်းများကိုထပ်ခါထပ်ခါ ဖတ်ခဲ့သည်။ သူမ၏မျက်နှာတွင်အပြုံးတပွင့် ပန်ဆင်ထားသည်။ စာအများကြီးကြည့်ခဲ့ရကျိူးနပ်လေပြီ။ သူမသည် လဝက်လောက်အထိစာအုပ်များစွာ ဖတ်ခဲ့သည့်အတွက် အကုန်မှတ်မိနေသည်။

၂နာရီနှင့် မိနစ် ၃၀ ကုန်ဆုံးသွားခဲ့သည်။

စာမေးပွဲပြီးဆုံးသွားပြီး ဖြေဆိုသူများ၏ ပျော်ရွှင်သံ၊စိတ်ညစ်သံများ ပြည့်နှက်လာသည်။

လင်းယောင်သည် အိတ်အသေးလေးကို ကိုင်ဆောင်ထားပြီး အခန်းရှေ့ကို ဖြည်းဖြည်း လျှောက်လာခဲ့သည်။အခန်း၏ အနံ့အသက်ကို သူမမကြိုက်ပေ။ သူမရှေ့တွင်ထိုင်သောလူသည် ရက်အတန်ကြာ ရေမချိူးထားဟန်ရှိပြီး ထိုသူထံမှ ချွေးနံ့သည် သူမကိုမူးဝေစေသည်။ကံကောင်းစွာဖြင့် သူမထိုင်ရသောနေရာသည် ပြတင်းပေါက်ဘေးပင် ဖြစ်သည်။

သူမကူညီပေးခဲ့သော ကောင်မလေးသည် ပြုံးနေခဲ့ပြီး စာမေးပွဲဖြေနိုင်ပုံပင် ဖြစ်သည်။

သူမသည် လင်းယောင်ကို လာနှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်းပြောသည်။ သူမ၏ နာမည်မှာ ကျိုးရှောင်ရွှယ်ဖြစ်ပြီး မိဘနှစ်ပါးလုံးမှာ အသိုင်းအဝိုင်းကြီးထဲကပင် ဖြစ်သည်။

ဖခင်ဖြစ်သူမှာ အထည်စက်ရုံ၏ ဒါရိုက်တာဖြစ်ပြီး မိခင်သည် ကုန်ပစ္စည်းနှင့် ဈေးကွက်ဖြန့်ချိရေးဒါရိုက်တာဖြစ်သည်။ သူမမိဘများက အလုပ်ရရင် စီစဉ်ပေးသော်လည်း သူမ၏ စိတ်အားထက်သန်မှုကြောင့်အကူအညီမယူဘဲ မိမိကိုယ်တိုင်သာ ဝင်ခွင့်ဖြေဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုလေသည်။

All Chapters