← Chapters

အခန်း (၄၁)

Vol. 4 Ch. 41

အခန်း (၄၁)

Vol. 4 Ch. 41

ကျိုးရှောင်ရွှယ်က သူမိဘများကို မပြောဘဲ အလုပ်လျှောက်ခဲ့ခြင်းမဟုတ်ပေ။

သူမကဲ့သို့ မိသားစုက မိန်းကလေးတစ်ယောက်အတွက် သူ့မိဘများက အလွန်ပင် ပွင့်လင်းမြင်သာမှုရှိပြီး အရင်းအမြစ်များနှင့် ဆက်သွယ်မှုများနှင့် ပတ်သတ်၍လည်း သိသင့်သလောက် သိကြပေသည်။ သမီးတစ်ယောက်အနေဖြင့် အဖေဖြစ်သူ၏ ရယူပိုင်ဆိုင်မှုများကို မမှီခိုဘဲ ကိုယ်ဒူးကိုယ် ချွန်လိုလျှင်လည်း ခွင့်ပြုပေးမည်ဖြစ်သည်။

ပင်ပန်းနွမ်းနယ်ပြီး ရုန်းကန်ရချိန်များ၌ အမြဲ ပြန်လာလိုမြဲဖြစ်ပေ၏။

ကျိုးမိဘများကိုယ်တိုင်လည်း သူတို့သမီးလေးဟာ ခေါင်းမာသည့် ကလေးတစ်ယောက်ဖြစ်သူဟု မျှော်လင့်ထားပြီးသားဖြစ်သည်။ သူ့ကိုယ်ပိုင်အလုပ်အပေါ် အားကိုးရမည်ဟု သူမက ပြောလေ့ရှိသည်။ သူမသည် ပစ္စည်းများကို သယ်သွားပြီး ပေါင်ရှန်းအလုပ်သမားစင်တာတွင် နေ့စဉ် မှတ်စုများ ရေးခဲ့သည်။ သူမ၏အဖေသည် ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး ထိုကဲ့သို့သော သမီးမျိုးကို ပိုင်ဆိုင်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိသည်။

သူမ ဖခင်သည် ကျေးလက်တောရွာတွင် ဆင်းရဲသားကလေးငယ်အဖြစ် မွေးဖွားခဲ့သည်။ ဆယ်ကျော်သက်အရွယ်တွင် မြစ်ဆိပ်တွင် အိတ်များထမ်းကာ ငွေအလုံအလောက် စုဆောင်းပြီး ယဉ်ကျေးမှုများ လေ့လာရန် ကျောင်းတက်ခဲ့ရသည်။ နောက်ပိုင်းတွင် သူ၏ လေ့လာတက်မြောက်မှုများကြောင့် ယခုကဲ့သို့ အခြေအနေမျိုးကို ရောက်ရှိခဲ့ရသည်။

သူမ၏မိခင်သည် သစ္စာရှိ ရဲဘော်တစ်ဦးဖြစ်ပြီး ကျိုးရှောင်ရွှယ်တွင် ဦးလေးသုံးယောက်ရှိသည်။ အကြီးဆုံးဦးလေးနှင့် ဒုတိယဦးလေးမှာ အာဇာနည်များဖြစ်ပြီး တတိယဦးလေးမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှူးဖြစ်သည်။ သူမအပြင် မိသားစုတွင် အစ်ကိုနှစ်ယောက်ရှိသေးသည်။

ကျိုး‌ရှောင်ရွှယ်ကလည်း လင်းယောင်ကဲ့သို့ သူမ၏ မိသားစု အခြေအနေနဲ့ ပတ်သက်ပြီး ဝါးပြွန်ခွက်ထဲသို့ ပဲစေ့များ လောင်းထည့်နေသကဲ့သို့ အရာအားလုံးကို ပြောပြခဲ့လေသည်။

လင်းယောင်သည် ဤကဲ့သို့ ရိုးရိုးရှင်းရှင်း အပြစ်ကင်းစင်ပြီး ဖော်ရွေတတ်သော မိန်းကလေးမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပေ၏။

လင်းယောင်သည် ကျိုး‌ရှောင်ရွှယ်ကို အလွန် သဘောကျပေသည်။ ကျိုးရှောင်ရွှယ်မှာ သာမာန်အသွင်အပြင်ရှိပြီး ထူထဲသောအနက်ရောင် ကျစ်ဆံမြီးတစ်စုံ ဘဲဥပုံ ခပ်ဝိုင်းဝိုင်း မျက်နှာအသွင်ရှိသည်။ သူမသည် ပန်းရောင်ရှပ်အင်္ကျီနှင့် စစ်စိမ်းရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားကာ သန့်ရှင်းသပ်ရပ်စွာ ဆေးကြောထားသည့် ဟွေအာလဲ့အမှတ်တံဆိပ်၏ အဖြူရောင် ဖိနပ်အဖြူတစ်ရံကို ဝတ်ဆင်ထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူမသည် မိသားစု မျိုးကောင်းရိုးကောင်းမှ ဆင်းသက်လာသူဖြစ်ကြောင်း ထင်ရှားပေသည်။

ထိုခေတ်တွင် အဖြူရောင် အပြေးဖိနပ်အဖြူတစ်ရံသည် ၃ ယွမ်ရှိသည်။ ၎င်းသည် ကျေးလက်ဒေသခံတစ်ဦးအတွက် ဆယ်ရက်လုပ်ခနှင့် ညီမျှပေသည်။ သာမန်လူများအတွက် တစ်နေ့လုပ်တစ်နေ့စား ဖြစ်သဖြင့် ထိုကဲ့သို့ဈေးကြီးသည့် ဇိမ်ခံဖိနပ်များဝယ်ရန် မည်သို့ လောက်ငှပါမည်နည်း။

သုန်ဇီသည် အဖြူရောင်ဖိနပ်တစ်ရံပိုင်ဆိုင်ရန် အမြဲ စိတ်ကူးယဉ်ခဲ့ဖူးသည်။ ယင်းမှာ ကျန်းဆွေ့လန် သူ့သားအတွက် ဖိနပ်မဝယ်ပေး၍ မဟုတ်ချေ။ သုန်ဇီသည် သစ်ပင်တက် မြစ်များကို လက်ပစ်ကူးကာ တစ်နေကုန် ဆော့ကစားနေတတ်သော ကောင်စုတ်ကလေးဖြစ်သည်။ ဖိနပ်အသစ်တစ်ရံ သူ့ခြေထောက်ဆီ ရောက်သည်နှင့် ကောင်းကင်မှာ ဖိနပ်များကို ဝါးမျိုနေသည့် အပေါက်ကြီးတစ်ခုရှိသို့ပင် ကုမိသားစုတွင် ရှိသမျှပိုက်ဆံမှာ ကောင်စုတ်ကလေးဖိနပ်ဝယ်ဖို့ တင်းတိမ်သည်ဟူ၍ မရှိပေ။

လင်းယောင်တွင် အဖြူရောင် ဖိနပ်များရှိသော်လည်း ၎င်းမှာ နောက်ပိတ်ကြိုးချည်ဖိနပ် မဟုတ်ချေ။

ယခုတွင်မူ ကျိုးရှောင်ရွှယ်သည် အလွန်အင်တိုက်အားတိုက် ဝတ်ထားသည်ကို မြင်လိုက်ရပြီး‌နောက် ရက်အနည်းငယ်အကြာတွင် ပစ္စည်းတင်သွင်းခြင်းနှင့် စျေးကွက်ဖြန့်ချိရေး သမဝါယမသို့ သွားပြီး သုန်ဇီအတွက် တစ်စုံဝယ်ပေးရန် တွေးမိသည်။

လင်းယောင်သည် ကျိုး‌ရှောင်ရွှယ်နှင့် စကားစမြည်ပြောရင်း ရယ်မောလျက် အထည်စက်ရုံ တံခါးဝကို ရောက်လာလေ၏။

ကျိုး‌ရှောင်ရွှယ်သည် သူမရှေ့တွင်ရပ်နေသော မိန်းမလှလေး လင်းယောင်သည် လက်ထပ်ပြီးသားဖြစ်သည်ဟု ကြားသိရသောအခါ နှမြောလွန်း၍ ကိုယ့်ခြေဖဝါးနဲ့ ရင်ဘတ်ကိုပင် ရိုက်ချင်မိသည်။

လင်းယောင်သည် သူ့ယောင်းမကဲ့သို့ နွားချေးပုံတွင်ကပ်နေသည့် ပန်းတစ်ပွင့်မဟုတ်ချေ။

ကျိုး‌ရှောင်ရွှယ်အမြင်တွင်မူ သူ့အစ်ကိုအကြီးဆုံးမှာ နံစော်နေသော နွားချေးတစ်ပုံသာ ဖြစ်သည်။ ချောမောလှပသည့် ယောင်းမနှင့် လက်ထပ်ခဲ့ရသည်မှာ ယခင်ဘဝတွင် ကုသိုလ်ကောင်းမှု များများ လုပ်ခဲ့သောကြောင့်သာ ဖြစ်ပေမည်။

အချိန်မှာဆယ့်တစ်နာရီကျော်နေပြီဖြစ်ပြီး မွန်းတည့်ချိန် ရောက်လုနီးပြီဖြစ်သည်။ ယွမ်ရွှေကောင်တီ၏ လမ်းမများမှာ နေရောင်များ ထိုးတောက်နေပေ၏။ လူအများလည်း လမ်းမပေါ်တွင် စည်းကားလျက်ရှိပြီး အဆာပြေမုန့်ရောင်းသည့် ဈေးသည်များလည်း ရှိလေသည်။

ယွမ်ရွှေကောင်တီ၌ ရှေးဆိုရိုးတစ်ခုရှီပေၑ။ " ဇူလိုင်လမှာ သစ်တော်သီးနဲ့ စွံပလွံ၊ သြဂုတ်လမှာ ဆူးနှင်းဆီ၊ စက်တင်ဘာလမှာ သစ်အယ်သီး….."

တစ်နှစ်ပတ်လုံး သစ်အယ်သီး သီးချိန်ဖြစ်၍ ဆောင်းဦးတွင် တိုက်ခတ်လာသော လေအေးသည် သစ်အယ်သီးမွှေးရနံ့ကို ဆောင်ကြဉ်းလာပေ၏။ လမ်းမပေါ်တွင် သကြားလုံးများ ရောင်းသည့် ဘိုးဘိုးကြီးများလည်း ရှိပေသည်။

ဖြတ်သွားသော ကလေးများသည် သကြားလုံး သစ်အယ်သီးကို စားလို၍ အော်ဟစ်နေကြသည်။

သားသမီးများကို အလိုလိုက်သည့် မိဘများမှာလည်း သားသမီးအတွက် နှစ်ယောက်စလုံးကို ဝယ်ကျွေးဖို့ ၂၀ဆင့် ကုန်ကျရပေသည်။

အိတ်ကပ်ထဲတွင် ပိုက်ဆံမရှိသော မိဘများက သူတို့၏ ဂျစ်ကန်ကန်သားသမီးများကို ဆွဲခေါ်သွားကြကာ ဆူပူကြိမ်းမောင်း ရိုက်နှက်ကြသည်။

ငါ့ဇနီး‌လေးကသစ်အယ််သီးသကြားလုံးစားရတာကိုအကြိုက်ဆုံးပဲ။ လက်ထောက် ဒါရိုက်တာကုသည် သစ်အယ်သီးဝယ်ရန် မိဘတစ်စုနှင့်လည်း တန်းစီ၍ ဝယ်ယူပြီးနောက် သစ်အယ်သီးသကြားလုံး သုံးလုံးဝယ်ယူခဲ့လေသည်။

လင်းယောင်သည် အထည်စက်ရုံ တံခါးဝမှ ထွက်လိုက်သည်နှင့် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော သစ်အယ်သီးများ၏ ချိုမြိန်ပြီး မွှေးကြိုင်သောရနံ့က ဆွဲဆောင်နေလေ၏။

သူ့ဘေးနားက ကျိုး‌ရှောင်ရွှယ်ကလည်း စားချင်စိတ်များ တဖွားဖွား ဖြစ်နေသည်။

လမ်းတွင် သစ်အယ်သီးရောင်းသည့် ဦးလေးဟာ လက်ထဲမှာ ယောက်မများကို ကိုင်လျက် သံအိုးထဲက သစ်အယ်သီးများကို အော်ဟစ်၍ ရောင်းနေလေ၏။

လင်းယောင်သည် သူမ၏ ပိုက်ဆံအိတ်သေးသေးလေးကို ကိုင်လိုက်ပြီး ခေါင်းကို ဘယ်ညာ လှည့်ကြည့်လိုက်သည်။လက်ထောက်ဒါရိုက်တာကုသည် အနီးအနားတွင် မရှိချေ။ လင်းယောင်သည် တစ်ဒေါ်လာကို ထုတ်ကာ လက်ကိုဝှေ့ယမ်းပြလေသည်။ " သစ်အယ်သီး သကြားလုံးခြောက်ထုပ်…."

ထိုစဉ် လင်းယောင်နောက်တွင် စက်ဘီးဘဲသံများ မြည်လာသည်။ ကုရှီအန်းသည် သစ်အယ်သီးသကြားလုံးများကို စက်ဘီးလက်ကိုင်တွင် ချိတ်ထားလျက် စက်ဘီးကို တွန်းလာသည်။ "ယောင်ယောင်…."

လင်းယောင်သည် ခေါင်းလေးကို ဆတ်ခနဲလှည့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူမ၏ အပြစ်ရှိစိတ်မှာ ယခုမူ ရှင်းလင်းသွားပြီဖြစ်၏။

ကုရှီအန်းသည်လည်း နှုတ်ခမ်းထောင့်စွန်းလေး ကွေးသွားသည်ထိ ပြုံးလိုက်သည်။ လင်းယောင်နှင့် သုန်ဇီတို့သည် အိမ်တွင် သကြားလုံးများစားသည့်အခါ ဖွက်စားလေ့ရှိပေသည်။

အချိုစားများလျှင် သွားနာတတ်ပေသည်။

ထို့နောက် နှစ်ဦးသား ကုရှီအန်း၏ အခွင့်အရေးကို အမိအရယူကာ အိမ်သို့ ပြန်လာခဲ့ကြသည်။

အချိုများခိုးစားလိုသော လင်းယောင်မှာ မိသွားပြီး လက်ထောက်ဒါရိုက်တာကုနှင့်အတူ အိမ်သို့ ပြန်ခဲ့ရသည်။ ထိုစဉ်မှာပဲ ကျိုးရှောင်ရွှယ်သည်လည်း ကံဆိုးစွာ သူ့အကိုကြီးနှင့် ပက်ပင်းတိုးခဲ့လေသည်။

ကျိုးမိသားစု၏ အကြီးဆုံးသားသည် အသက်၃၀ခန့်ရှိပြီ ဖြစ်ပြီး ရုပ်ရည်ကြည့်ကောင်းသူဖြစ်သည်။ ထိုကဲ့သို့သော အသွင်အပြင်မျိုးနှင့်လူကို ညီမဖြစ်သူမှ နွားချေးပုံဟု အဘယ်ကြောင့် ခေါ်သည်ကို နားမလည်နိုင်တော့ပေ။

မိန်းမငယ်လေးနှစ်ယောက်အား သက်ဆိုင်ရာအုပ်ထိန်းသူများက အိမ်သို့ ပြန်ခေါ်သွားခဲ့ကြသည်။

လင်းယောင်သည် သစ်အယ်သီးသကြားလုံးများကို စားထားပြီး အားအင်အပြည့်ဖြစ်နေလေ၏။ သစ်အယ်သီးသကြားလုံး၏ ချိုအီအီအရသာက သူမ၏ လျှာဖျားတွင် အရသာအပြည့် နေရာယူထားပေသည်။ တစ်ကိုက်ကိုက်ရုံဖြင့်ပင် သစ်အယ်သီးရနံ့က ထုံသင်းသွားပေ၏။

အချိန်အတန်ကြာသောအခါ မိန်းမငယ်လေးသည် ခေါင်းကိုခါယမ်းလျက် ပြုံးလေသည်။

လူငယ်စုံတွဲလေးသည် အိမ်သို့ အတူပြန်လာခဲ့ကြပြီး ကုမိသားစုမှာ အိမ်ကို ရှင်းလင်းနေကြသည်။ ပုံမှန်အားဖြင့် မိသားစုမှာ အလုပ်သွားသူကသွား ကျောင်းသွားသူကသွား ဖြစ်၍ သန့်ရှင်းရေးကို နိုင်နင်းစွာ မလုပ်ဖြစ်ကြချေ။

ယခုမူ မိသားစုဝင်များ အားလုံး တစုတဝေးဖြင့် လုပ်အားပေးနေကြသည်။ ကျန်းဆွေ့လန်သည် ပင့်ကူအိမ်များနှင့် ချောင်ကြိုချောင်ကြားမှ ဖုန်များကို ရှင်းလင်းရန် ညွှန်ကြားနေပေသည်။

ပတ်ဝန်းကျင်ရာသီဥတုမှာလည်း အေးစိမ့်စိမ့်ရှိပြီး နွေဦးမိုးပေါက်များနှင့်အတူ ညအခါတွင် လေအေးများ တိုက်ခတ်လေ့ရှိသည်။

ခြံဝင်းကျယ်ကြီးတစ်ခုလုံးမှာ ညအခါ၌ ဂွမ်းမွေးများဖြင့် ဖုံးလွှမ်းနေပေ၏။ ရာသီဥတု ကောင်းမွန်ချိန်ကို အခွင့်ကောင်းယူကာ ကုမိသားစုသည် ဘောင်းဘီရှည်၊ ချည်သားအပေါ်ဝတ်အင်္ကျီ၊ ချည်သားဘောင်းဘီနှင့် အိပ်ရာခင်းများကို အခြောက်ခံလှမ်းကြလသည်။

လင်းယောင်လည်း အိမ်ပြန်ရောက်သောအခါ သန့်ရှင်းရေးကို လုပ်အားပေးခဲ့သည်။

မိသားစုဝင်များသည် စာမေးပွဲအခြေအနေမည်သို့ရှိသည်ကို မေးမြန်းကြသည်။

ထိုအခါ လင်းယောင်သည် အရာအားလုံးကို ထိန်းချုပ်ထားသကဲ့သို့ မေးစေ့ကို မော့လိုက်သည်။

မျက်နှာပေါ်တွင် အပြုံးပန်းတစ်ပွင့်နှင့်အတူ ကျန်းဆွေ့လန်သည် အိမ်၌ ဝတ်ပြုဆုတောင်းပေးနေခဲ့သည်။ "မြတ်ဗုဒ္ဓကို ပူဇောကန်တော့ပါတယ်။ ကွမ်ရင်မယ်တော်ကို ပူဇော်ကန်တော့ပါတယ်…..။"

၎င်းကို ကြားသောအခါ ကုမန်ဆန်က ပြောသည်။ "အဘွားကြီး မင်းက အခုမှ ဝတ်ပြုဆုတောင်းနေတာ။ ယောင်ယောင်တောင် စာမေးပွဲအောင်တော့မှာကို မင်းဟာ နောက်မကျလွန်းဘူးလားကွ။"

ကျန့်ဆွေ့လန်သည် ကုမန်ဆန်ဘက်သို့ အကြည့်များလှည့်လိုက်သည်။ "ရှင်ဘာမှ မသိပါဘူး။ တိုက်ပွဲမှာ ကိုင်စွဲတဲ့လက်နက်ကိုသာ ချွန်အောင်သွေးထားရင် မပျော်ရွှင်မှုတွေကို အဆုံးသတ်နိုင်မယ်ဆိုတဲ့ စကားပုံကို ရှင်မကြားဖူးဘူးလား။"

သူမသည် နတ်ဘုရားများအား ဆုတောင်းဝတ်ပြုလေ့ရှိပြီး ယောင်ယောင်မှာလည်း ကံကောင်းမှုများရလေ့ရှိပေသည်။

မိသားစုတစ်ခုလုံးမှာ အလုပ်များနေကြရာ ကုရှီအန်းလည်း ထိုင်ကြည့်မနေနိုင်ပေ။ ကုရှီအန်းသည် အရပ်ရှည်သူဖြစ်ရာ ကုချွင်မေသည် မျက်နှာအုပ်ရန် ခေါင်းစီးပုဝါအား သူ့အကိုဆီသို့ လှမ်းပေးကာ အိမ်တောင်ပံထောင့်စွန်းရှိဖုန်များကို လှည်းကျင်းပေးရန် အကူအညီတောင်းလေသည်။

လက်ထောက်ဒါရိုက်တာကုမှာ အိမ်နံရံများကို ရှင်းလင်းရင်း အလုပ်များနေပုံကို ကြည့်ပြီး လင်းယောင် ရယ်မောမိသည်။

ညနေခင်းပိုင်း၌ လင်းယောင် ရေချိုးပြီးနောက် သူမ၏ ခြေတံဖွေးဖွေးလေးကို အိပ်ယာခင်းပေါ်တင်ကာ ဆိုဗီယက်ဝတ္ထုများကို ဖတ်နေလေသည်။

လင်းယောင်သည် အိမ်တွင် ဆိုဗီယက်ဝတ္ထုများအားလုံးကို ဖတ်မည်ဟု စီစဉ်ထားလေသည်။ သူမ ဖတ်ပြီးသည်နှင့် သံဇလုံထဲတွင် တိတ်တဆိတ် မီးရှို့ပစ်လေသည်။

အကယ်၍ မီးရှို့၍ လက်စဖျောက်မပစ်လျှင် သင်ကိုယ်တိုင်လည်း ထိုဝတ္တုများကဲ့သို့ ပြုမူခံရမည်ဖြစ်ပြီး အလုပ်ကြမ်းများလုပ်ရန် ယာတောသို့ အပို့ခံရမည်ဖြစ်သည်။

ကုရှီအန်းသည် သူ့စားပွဲပေါ်ရှိ အချက်အလက်များကို ဖတ်ရှုပြီး မှတ်စုစာအုပ်ထဲတွင် ချက်ချင်းချမှတ်လေသည်။ ကုရှီအန်းမှာ အလွန်အလေးအနက်ထားကာ အလုပ်လုပ်နေပေ၏။

ယခုတလော အမျိုးသားဖြစ်သူ မည်သည်တို့ ဖြစ်နေသည်ကို မသိပေ။ ယခင်က အချိန်ပိုအလုပ်လုပ်တတ်သူသည် ပြည်သူ့လုံခြုံရေးဌာနတွင် အလုပ်များမနေတော့ပေ။

နေ့စဉ် ဌာနမှ စာရွက်စာတမ်းများကို ယူကာ သန်းခေါင်ယံဆီဖြင့် မီးရှို့ပေသည်။

ကုရှီအန်းသည် ညဆယ်နာရီအထိ အလုပ်လုပ်သည်။ သူရေချိုးပြီးသည်နှင့် တံခါးကိုဖွင့်ကာ အေးစက်စက်အသက်ရှုသံဖြင့် အိပ်ခန်းသို့ ဝင်လာလေ့ရှိသည်။

လင်းယောင်မှာလည်း ဘာတစ်ခုကိုမျှ ဂရုပြုခြင်းမရှိဘဲ အိပ်မောကျနေပေ၏။ မိန်းမငယ်လေးမှာ မခုခံသော ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ ချိုမြိန်စွာ အိပ်စက်နေလေ၏။ သူမ၏ ဖြူဖွေးဖွေး သွေးသွယ်သွယ်ခါးလေးကို ပန်းပွင့်ပုံညအိပ်ဝတ်စုံလေးက အထင်းသားပေါ်လွင်စေသည်။ ထိုကဲ့သို့သော ယုန်မလေးသည် နေ့အချိန်များတွင်သာ သူမ၏ သွားများနှင့် လက်သည်းများကို ထုတ်ပြပေသည်။

ကုရှီအန်း ညင်သာစွာ လဲလျောင်းလိုက်ပြီး နားရွက်ဖြူဖြူသေးသေးလေးကို ကိုက်လိုက်သည်။ လင်းယောင်မှာ အိပ်နေရာမှ ဆတ်ခနဲ နိုးသွားလေ၏။

အမျိုးသားဖြစ်သူက သူမ၏ နူးညံ့လှသော နှုတ်ခမ်းလေးများကို ထိလိုက်သည့်အခါ လင်းယောင် ရုတ်တရတ်နိုးသွားသည်။

ထိုည၌ အိမ်၏ အရှေ့ဘက်ဆောင်ရှိ သစ်သားကုတင်မှာ ခါတိုင်းညများထက် တကျွီကျွီမြည်နေတော့လေသည်။

နောက်နေ့မနက်၌ လင်းယောင်သည် သူမ၏ ခါးလေးကိုကိုင်ကာ နံရံကို အမှီပြုလျက် လမ်းလျှောက်လာရာ ကုရှီတုန်းအား အံအားသင့်သွားစေသည်။

"ဘုရားရေ….မရီး...ဘာဖြစ်နေတာပါလိမ့်။ ကျွန်တော့်ခါးကိုကျွန်တော်ပြန်ကိုင်ပြီး လမ်းလျှောက်ဖူးတယ်။ ဒါပေမယ့် အဲ့တုန်းကအဆစ်လွဲနေလို့လေ….."

ခြံဝင်းထဲရှိ ဘေးအိမ်က လူတစ်ဦးလည်း အဆစ်လွဲဖူးသည်။ ထိုစဉ်က သူနေမကောင်းဖြစ်နေပြီး အိပ်ရာထဲ လဲလျောင်းကာ အော်နေခဲ့ရဖူးလေသည်။

ကုရှီတုန်းသည် အိမ်တွင်းသို့ ပြေးဝင်ကာ သူ့အမေအား အော်ပြောသည်။ "အမေ….မရီး ခါးနာနေတာ။ သူ့အတွက် တက်နိုင်သလောက် မြန်မြန်လေး ဆေးဝယ်ပေးလိုက်ပါဦး…."

ဤအသံသည် ကုမိသားစုအား စိုးရိမ်ပူပန်မှု များသွားစေသည်။

ကျန်းဆွေ့လန်သည် သူ့ချွေးမနှင့် တိတ်တဆိတ် သွားရောက် မေးမြန်းသောအခါမှသာ နားလည်မှုလွဲမှန်း သဘောပေါက်ခဲ့လေသည်။

ထိုအရာများအားလုံးသည် ကောင်စုတ်ကလေး သုန်ဇီကြောင့် ဖြစ်ပေ၏။

သုန်ဇီက သူ့အသံကို မြှင့်ပြီး ခြံဝင်းထဲတွင် အော်ပြန်သည်။ ကျန်းဆွေ့လန်မှာ ပိုက်ဆံများသိမ်းထားသည့် လက်ကိုင်ပုဝါကို ထုတ်ယူပြီး သားဖြစ်သူကို ငါးဆင့်ပေးကာ လမ်းမှာ သကြားလုံးသွားဝယ်ခိုင်းလိုက်ရလေသည်။

သကြားလုံးကျွေးပြီး သူ့ဖင်ကို ပိတ်ရပေမည်။

ကုရှီတုန်းသည် သူ့အမေ ဆိုလိုသည့် အဓိပ္ပာယ်အား မသိပေ။ သူ့မရီးကို ကြင်နာသည့်အတွက် ကျန်းဆွေ့လန်က သူ့အား ဆုချသည်ဟု ထင်နေပေသည်။

ကောင်စုတ်ကလေးမှာ သူ့မရီးအား ဝိုင်းကြီးပတ်ပတ် လှည့်နေတော့လေ၏။ သူ့မရီးကို ပတ်ကြည့်ရင်း ရှာဖွေ့တွေ့ရှိမှုကြီးတစ်ခုကို ရှာတွေ့ခဲ့လေသည်။

သူ့မရီးအား နောက်ယောင်ခံနေသည့် လိပ်ဥမှာ မည်သူဖြစ်သည်ကို ကောင်စုတ်ကလေး သိသွားခဲ့ပေသည်။

All Chapters