အခန်း (၄၂)
Vol. 4 Ch. 42
အောက်တိုဘာလမှာ၊ ဆောင်းဦးလေက မှိုင်းညို့နေပြီးတော့ ရွှေရောင်သန်းနေတဲ့ ဆောင်းဦးအရောင်လေးတွေက ယွင်ရွှေကောင်တီတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ကုမိသားစုကြီးက ဂွမ်းအနွေးထည်ကြီးတွေ၊ ချည်ဘောင်းဘီတွေ နဲ့ မွေ့ယာတွေကို တစ်စစီဖြုတ်ကာ လျှော်ဖွတ်ဖို့ လုပ်ကြသည်။ ဆောင်းရာသီမှာ ခြုံဖို့သုံးကြတဲ့ ချည်ထည်အဟောင်းတွေကိုလဲ ပိုင်လီဟူးထုန်မှာ ချည်ဆွဲဖို့ သုံးခဲ့ကြသည်။ ချည်ထည်အပါးစလေးတွေကို စောင်ဖြင့်အုပ်ကာ ချုပ်ရိုးချုပ်သားဖြင့် ချုပ်ထားပြီး နေပူလှန်းဖို့ တစ်ရက်၊နှစ်ရက်လောက် ခြံထဲမှာ နေပြထားခဲ့ကြသည်။
တစ်မိသားစုလုံး ဆောင်းတွင်းတစ်တွင်းလုံး ဒီစောင်တွေပေါ်မှာ အာရုံစိုက်ထားခဲ့ကြသည်။ သမီးလေးက လက်ထပ်တော့မည်။ပြီးတော့ ကျန်းဆွေ့လန်နဲ့ သူမ၏ ခင်ပွန်းတို့ အရမ်းအလုပ်များနေခဲ့ကြသည်။ အရင်တစ်ပတ်က ရွှီမိသားစု စုံတွဲက တရားဝင်လက်ထပ်ဖို့ ကုမိသားစုအတွက် လက်ဆောင်လေးခု ယူလာခဲ့သည်။
အဲ့ဒီ လက်ဆောင်လေးခုက သကြားတစ်ပေါင်၊ ပြောင်းနှံအရက်ဝိုင်၊ မု့န်ထုတ်နှစ်ထုတ် နဲ့ ဝက်ဗိုက်သားအကောင်းစားနှစ်ပေါင်တို့ ဖြစ်ကြသည်။
ဒါက ယွင်ရွှေကောင်တီရဲ့ ရိုးရာဓလေ့ဟောင်းတစ်ခုဖြစ်သည်။ မိသားစုတိုင်း ပျော်စရာပွဲတော်ကို ကျင်းပကြသည်။ တစ်သက်တာမှာ တစ်ခါသာ ကျင်းပရတဲ့ ပျော်စရာပွဲတော်ကြီးတစ်ခုဖြစ်သည်။
ဒါ့အပြင်၊ မိသားစုက ဝင်ငွေနှစ်ခုရှိတဲ့ မိသားစုဖြစ်သည်။ ရွှီရှန်းချန်ကလဲ နှစ်နှစ် (သို့) သုံးနှစ်လောက် အလုပ်လုပ်နေခဲ့သည်။ ရွှီအမေက ကျန်းမာရေးမကောင်းတာကြောင့် ဆေးခွင့်စောစောယူခဲ့သည်။ ယနေ့ခေတ်မှာတော့၊ ဆေးခွင့်အတွက် ပင်စင်လစာမရှိတော့ပေမယ့် ရွှီအမေက သူမရဲ့ တာဝန်ထမ်းဆောင်မှုကြာမြင့်မှုကြောင့် စက်ရုံကနေ လျော်ကြေးငွေပေးအပ်ခဲ့ပါသည်။
ဒါက မိသားစုနဲ့ သူတို့ရဲ့သားတို့ကသာ တစ်လကို ယွမ်တစ်ရာ ရရှိသည့် ကိစ္စဖြစ်သည်။ ဒီလစာက ကောင်တီထဲက မိသားစုသုံးခုကို ထောက်ပံ့ဖို့ လိုတာထက်တောင် ပိုသည်။ ရွှီအမေက အိမ်နီးချင်းတွေထဲမှာ ငွေရှာတော်လို့ နာမည်ကြီးသည်။ သူမ ကလေးအရွယ်တုန်းက၊ အိမ်အတွက် ဟင်းရွက်၊ ကြာပန်းရှာထွက်၊ မြစ်ထဲက ရွှံ့တွေသယ်ရပြီး ခန်းဝင်ပစ္စည်းတွေအတွက် ကြာပန်းတွေ ရောင်းပြီး ပိုက်ဆံစုရသည်။
ရွှီအမေက အိမ်မှူကိစ္စလုပ်နေစဉ်မှာ၊ စက္ကူဘူးတွေပြုလုပ်ပြီး ကတ်ထူပြားတွေခေါက်ကာ အိမ်မှာလဲ အလုပ်ရှုပ်နေသည်။ သူမက ကျန်းဆွေ့လန်နှင့် စကားစမြည်ပြောရင်းဖြင့် သူမ တစ်လကို ယွမ်များစွာ ရသည်။ ပြီးတော့ ဒါက သူမကိုယ်တိုင်အတွက် စားဖို့သောက်ဖို့ လုံလောက်ပြီး ချွင်မေကိုလဲ မုန့်ဖိုးအနည်းငယ်ပေးနိုင်သည်။
ပြီးတော့ ကုမိသားစုကြီးကလဲ ချွေးမလေး ရောက်လာပြီးတဲ့နောက်မှာ၊ လူငယ်ဇနီးမောင်နှံက သီးသန့်နေထိုင်ရမည်ဖြစ်ပြီး အနာဂတ်အတွက် ဘာလစာမှ ရှိတော့မည်မဟုတ်ကြောင်းကို စောစီးစွာ အသိပေးထားခဲ့သည်။လက်လွှဲပေးလိုက်ပြီး ကလေးနှစ်ယောက်အတွက် ပန်းတွေကို ထိန်းသိမ်းရုံပါပဲ။
ရွှီမိသားစုက ရိုးသားပြီး ကုမိသားစုကလည်းအားကျမခံပေ။ တစ်မိသားစုလုံးက သူတို့ရဲ့ သမီးကို လက်ထပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြသည်။
ကုရှီအန်းနဲ့ တစ်ခြားသူတွေ လက်ထပ်တုန်းကနဲ့ အခုက မတူတော့ပါ။
အဲ့ဒီအချိန်တုန်းက၊ မိန်းကလေးတွေက သူတို့ရဲ့ မင်္ဂလာပွဲအတွက် တိတိကျကျ စေ့စပ်မှုရှိနေကြတုန်းပင်။ အိမ်မှာ သူတို့ရဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေကို ဖော်ရွေတဲ့အပြုအမူတွေနဲ့ ဧည့်ခံဖို့ စားသောက်ပွဲတွေများစွာ ပြင်ဆင်ထားလိမ့်မည်။
လုရှန်းညီလာခံကတည်းက၊ နိုင်ငံရေးဦးတည်ချက်တွေက ရုတ်တစ်ရက် ပြောင်းလဲ သွားခဲ့သည်။ ယနေ့ခေတ်ကြီးမှာ၊ ကောင်တီမှာ မင်္ဂလာပွဲ ကျင်းပတဲ့အခါ၊ တစ်ယောက်ယောက်က ကိစ္စကြီးတစ်ခုလုပ်လိုက်ရင်၊ ဓနရှင် လူတန်းစားတွေနဲ့ ချိတ်ဆက်နေသည်။
ချန်းထို့ကောင်တီမှ ဝူဝာာ့ဟု၏ မိသားစုကို သူတို့ရဲ့ နေ့စဉ်ဘဝက ပြဿနာတွေကြောင့် ရှင်းကျန်းမှာ လယ်လုပ်ဖို့ စေလွှတ်လိုက်သည်။
ဒီကိစ္စဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက်၊ ယွင်ရွှေကောင်တီက ပြည်သူတွေ အထိတ်တလန့်ဖြစ်ကုန်ကြသည်။
ကလေးနှစ်ယောက် မင်္ဂလာဆောင်ပြီး လက်ထပ်စာချုပ်ရပြီးတဲ့နောက်မှာ မိသားစုတစ်ခုအနေနဲ့ ပြန်လည်ပေါင်းစည်းကြပြီး အိမ်နီးချင်းတွေကို ဝေပေးဖို့ အသီးချိုချဉ်တွေနဲ့ သခွားမွှေးအစေ့တစ်ချို့ ဝယ်မယ်ဆိုတာကို နှစ်ဖက်မိဘတွေ သဘောတူထားခဲ့ကြသည်။
ရွှီရှန်းချန်က ချွင်မေကို လက်ထပ်ဖို့ အချိန်အကြာကြီး စောင့်မျှော်နေခဲ့သည်။ လောင်ကုက သူ့ရဲ့ရှေ့မှာ ကြင်နာပြနေမှုကြီးကို တစ်နေကုန် ကြည့်ရင်း၊ အချဉ်တောင် ပေါက်တော့မည်။
သူ့ဇနီးလေးကို အိမ်ခေါ်လာနိုင်ခဲ့တာနဲ့ တစ်ပြိုင်နက် အစ်ကိုကြီးထို့ထို့မှာ ဘာကန့်ကွက်မှုမှ မရှိတော့ပါဘူး။
အိမ်ထောင်ကျပြီး ဘဝကို ရှင်သန်နေထိုင်ရတဲ့အခါ၊ စိတ်ကူးယဉ်ဆန်တဲ့ အရာတွေတော့ သိပ်မများလှပေ။ ဒါက မင်းရဲ့ ဘဝကို လက်တွေ့ကျကျနေထိုင်ဖို့ အခွင့်အရေးဖြစ်သည်။
လောင်ကုရဲ့ ဘက်မှာတော့၊ ပရုတ်ဆီတစ်သေတ္တာ၊ အိပ်ယာခင်းတွေ၊ ခေါင်းအုံးတွေ၊ ရေနွေးဓာတ်ဘူး၊ နဲ့ ကြွေဇလုံတွေကို အသင့်ပြင်ထားပြီးပြီ။ ထိုမှသာ ကျန်းဆွေ့လန်က သူ့ရဲ့သားကြီးကို စစ်ရွှေဟူးထုန်သို့ ကောက်ရိုးနဲ့ပြုလုပ်ထားတဲ့အရာတွေကို ဝယ်ရန် စေလွှတ်နိုင်ဖို့အတွက် အချိန်ရခဲ့သည်။
ကျေးလက်ဒေသကနေ ကောက်ရိုးကို အဓိကဝယ်တဲ့ လူတွေ စစ်ရွှေဟူးထုန်မှာ ရှိသည်။ သူတို့က တစ်လှည်းကို တစ်ကျပ်ခွဲပေးပြီး၊ ကောင်တီဆီကို ယူလာကာ၊ သေသေချာချာ အခြောက်လှမ်းပြီး ကောင်တီထဲက ပြည်သူတွေကို ပြန်လည်ရောင်းချကြသည်။
ကောင်တီက ပြည်သူတွေက ကောက်ရိုးတွေကိုဝယ်ပြီး အိမ်ကိုပြန်ကာ အိပ်ယာကြမ်းခင်းပေါ်မှာ အဝတ်ကြမ်းတစ်ထည်ခင်းပြီး အဲ့အပေါ်မှာ မွေ့ယာတစ်ထပ်ခင်းလိုက်ကြသည်။ သူတို့က အဲ့ဒီမှာ အိပ်ကြပြီး ကောက်ရိုးရဲ့ သဘာဝရနံ့ကို ရှူရှိူက်ကြသည်။ နွေးနွေးထွေးထွေး၊ သက်တောင့်သက်သာနဲ့ အိပ်ပျော်သွားကြသည်။
ဒါကလဲ သာမန်ပြည်သူတွေရဲ့ ဉာဏ်ပညာပဲဖြစ်သည်။ လင်းယောင်က မာကျောတဲ့ သစ်သားအိပ်ယာပေါ်မှာ အိပ်ရတာကို အသားမကျသေးပေ။ ပြီးတော့ တစ်နေ့လုံး နိုးနေပြီးတဲ့နောက်၊ သူမက အသားမကျနိုင်သေးပါ။
သုန်ဇီက စစ်ရွှေဟူးထုန်ကို ကောက်ရိုးတွေဝယ်ဖို့ သွားခဲ့ပြီး သူမကတော့ အိမ်က စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေကို ခူးနေခဲ့သည်။ သူမက ဒီနှစ်ရဲ့ နောက်ဆုံး ခရမ်းချဉ်သီးခင်းကို ရိတ်သိမ်းသွားခဲ့သည်။ သူမက နှင်းမခဲခင် ခရမ်းချဉ်သီးပျိုးပင်တွေကို ဆွဲနှုတ်ကာ မုန်လာဥ နဲ့ ဂေါ်ဖီထုပ် တွေ စိုက်ပျိုးဖို့ စိုက်ခင်းကို မြေဆွနေခဲ့သည်။
ပေါက်စီနဲ့ ပန်ကိတ်တွေ စားတဲ့အခါ တို့စားလို့ကောင်းမယ့် ခရမ်းချဉ်သီးအနှစ်ကို ခရမ်းချဉ်သီးတစ်ခြင်းလုံးနဲ့ လုပ်မယ်လို့ လင်းယောင်က စီစဉ်ထားသည်။
ကုမိသားစုမှာ အိမ်လေးအိမ်နဲ့ သစ်သားအိပ်ယာလေးလုံးက မိသားစုဝင်ခြောက်ယောက်နဲ့ မိသားစုကြီး ရှိသည်။ တစ်စည်းလျှင် နှစ်ဆင့်ကျသင့်ပြီး ဆယ်စည်းလျှင် ဆင့်နှစ်ဆယ်ကျသင့်မည့် ကောက်ရိုး ဆယ်စည်း ဝယ်လာခဲ့ရုံပါပဲ။
ကျန်းဆွေ့လန်က သူမရဲ့သားကို ကောက်ရိုးဝယ်ဖို့ နှစ်ပြားနဲ့ ကျန်တာကို ဈေးဝယ်ပေးခ စုစုပေါင်း ဆင့်သုံးဆယ် ပေးလိုက်သည်။
ကုရှီတုန်းက ပြုံးစိစိလုပ်နေခဲ့သည်။ ရဲဘော်ဆွေ့လန်က ဒီနေ့ ရက်ရောနေတာ။
ကောင်စုတ်လေးက မြန်မြန်လျှောက်သွားခဲ့သည်။ သူ ပထမဆုံး ကောက်ရိုးဆယ်စည်းမှာယူကာ ပိုက်ဆံရှင်းခဲ့ပြီး သူ့ရဲ့ လိပ်စာကိုပြောပြရန် စစ်ရွှေဟူးထုန်ကို သွားခဲ့သည်၊ အဲ့ဒီနောက်မှာ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမဆီသို့ တန်းတန်းလျှောက်သွားခဲ့သည်။
ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမရဲ့ သုံးပေကောင်တာပေါ်မှာ၊ ကြက်သားကိတ်မုန့်၊ သစ်သီးချိုချဉ်တွေ၊ နွားနို့၊ စပျစ်ခြောက်နဲ့ ရွှေရောင်ကြက်သားဘီစကစ်တွေ ကဲ့သို့သော အဆာပြေစားစရာတွေ များစွာ ရှိသည်။
ဘာမှလုပ်စရာမရှိတဲ့အချိန်မှာ၊ ကလေးက ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမကို သွားလေ့ရှိသည်။ ပြီးတော့ သူ့အိတ်ကပ်ထဲမှာ တစ်ပြားမှမပါပဲ သူ့ရဲ့လက်ကိုနောက်ပစ်ကာ လျှောက်သွားလေ့ရှိပြီး သူ့ကို မကြည်သလိုအကြည့်တွေနဲ့ကြည့်မယ့် အရောင်းသမား တစ်ယောက်မှမရှိပေ။ ဦးလေးကြီးက သူ့ကိုအစ်ကိုလေးလို့ခေါ်စေပြီး အဲ့ဒီကောင်လေးကို နေ့တိုင်းလာစေချင်တာကြောင့် အရောင်းသမားလက်ထောက်တွေကို လှလှပပလေး ပြုံးခိုင်းသည်။
အဲ့ဒီအချိန်မှာ၊ ကုရှီတုန်းက နှစ်ဆင့်နဲ့ဝယ်ခဲ့တဲ့ နို့ချိုချဉ်ကို လျက်နေပြီး အိတ်ကပ်ထဲက လက်မှတ်မလိုတဲ့ အနာအဆာပါသော ခဲတံအိတ်နဲ့ ကျေနပ်စွာ သမဝါယမကနေ ထွက်လာခဲ့သည်။
ဒါဟာ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမက လျို့ဝှက်ကုန်ပစ္စည်းတစ်ခုဖြစ်သည်။ သူသာ အဒေါ်ကြီးနဲ့ ဆက်ဆံရေးမကောင်းခဲ့ရင်၊ သူမက ဒီလောက်ဈေးပေါပေါနဲ့ သူ့ကို ရောင်းပေးလိုက်မှာ မဟုတ်ပါပေ။
ကောင်စုတ်လေးက မိနစ်အနည်းငယ်လောက် လျှောက်ကြည့်နေခဲ့ပြီး သူ ဗိုက်က အသံမြည်လာခဲ့သည်။
ဒီမနက်က ဖရဲသီး စားခဲ့တယ်၊ ပြီးတော့ ဗိုက်အောင့်လာပြီ။
ကုရှီတုန်းက သူ့ရဲ့ ဗိုက်နဲ့ တင်ပါးကို ကိုင်ကာ၊ လမ်းဘေးက သန့်စင်ခန်းထဲကို ပြေးဝင်သွားခဲ့သည်။
ဒီအချိန်မှာ၊ အိမ်သာတွေအကုန်လုံးက နှစ်ခန်းတွဲတိုင်းကို လူတစ်ဝက်အမြင့်လောက်ရှိတဲ့ နံရံနဲ့ကာထားပြီး အထိုင်ကျင်းများအတန်းလိုက်ရှိသော ရိုးရိုးသန့်စင်ခန်းဖြစ်သည်။
ကုရှီတုန်းက သူ့ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ဖြေရှင်းပြီး သူ့ရဲ့ဘောင်းဘီကို ဝတ်ပြီးတဲ့နောက်မှာ၊ အိမ်သာနောက်က ထောင့်ကနေ ယောင်္ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက် စကားပြောနေသကဲ့သို့ တစ်ရှပ်ရှပ်အသံကြားနေရသည်။
ကောင်စုတ်လေးက ပြောလိုက်သည်။ "ရပ်လိုက်"
ပြီးတော့ ဒါက မြေဩဇာတွင်းနောက်မှာ မန်ဒရင်းဘဲရိုင်းတွေ ဖြတ်ပြေးသွားတာပဲ ဖြစ်လိမ့်မယ်ဟု တွေးကာ သူ့ရဲ့ ဘောင်းဘီကိုကိုင်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။
နံရံနောက်က လာတဲ့ အသံတွေက တစ်ကယ်တော့ လီအိုက်ဖုန်းနဲ့ လင်းတာ့ကော်တို့ရဲ့ အသံတွေ ဖြစ်သည်။
ကောင်စုတ်လေးက အမြန်ဝပ်လိုက်ပြီး အသာအယာလှုပ်ရှားကာ၊ အနံ့အသက်ကို ခံနိုင်ရည်ရှိရန် သူ့ရဲ့ နှာခေါင်းကိုညစ်ထားပြီး ခိုးနားထောင်ရန် နားစွင့်နေခဲ့သည်။
လင်းတာ့ကော်က အိမ်သာရဲ့ အနံ့အသက်ကြောင့် မူးဝေလာပြီး လီအိုက်ဖုန်းကတောင် သူ့ကို အသိဝင်ဖို့ ဆွဲထားပေးရသည်။
စိတ်တိုလာကာ၊ သူ့ရဲ့ နှာခေါင်းကို ပိတ်ပြီး ဆဲဆိုလိုက်သည်။ " မသွားနဲ့။ မင်းက ငါ့ကို သေစေချင်နေတာလား။"
လီအိုက်လဲ မျက်နှာမကောင်းပါ။ သူမက မျက်မှောင်ကြုတ်ပြီး ဆဲလိုက်သည်။ " ခွေးတွေတောင် အလေးမသွားတဲ့ ဒီနေရာကို ကျွန်မက လာချင်တယ် ထင်နေလို့လား။ လမ်းပေါ်မှာ လူတွေအပြည့်ပဲ။ တိတ်ဆိတ်တဲ့နေရာကို ရှင်ဘာလို့ မရှာခဲ့တာလဲ။ "
လင်းတာ့ကော်က သူ့ရဲ့ ယောက္ခမကြီးလို ပွစိပွစိလုပ်နေခဲ့သည်။
လီအိုက်ဖုန်းက သူ့ကို ဆွဲဆိတ်လိုက်ပြီး စကားပြောတာ ရပ်ဖို့ ပြောလိုက်သည်။
" ဒီကိစ္စကို ဟိုကောင်မ လင်းယောင် ကြားအောင်လုပ်လိုက်ရင် ဘယ်လိုလဲ။ "
လင်းယောင်ကို စကားပြောနေတဲ့ လင်းတာ့ကော်ရဲ့ မျက်လုံးတွေက ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့သည်။ ပထမတုန်းက၊ သူ့သမီးက ဇီဇာကြောင်ပြီး ကုမိသားစုကလူနဲ့ လက်မထပ်ချင်ခဲ့ပေ။
ဦးလေးတစ်ယောက်အနေနဲ့၊ သူ့တူမကို ကုမိသားစုကလူနဲ့ အိမ်ထောင်ချပေးတာကလွဲပြီး ရွေးချယ်စရာမရှိခဲ့။
ဘာပဲဖြစ်ဖြစ်၊ တူမလေးက လက်တွဲဖော်မရှိသေးတော့ ငါက ဘယ်သူနဲ့ လက်ထပ်ပေးရမလဲ။
အစားထိုး အိမ်ထောင်ရေးကိစ္စတွေက ဒီမိသားစုကို ပြဿနာကြီးတွေ ဖြစ်စေလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မည်နည်း။
ပုပ်သိုးနေတဲ့ နှလုံးသားနဲ့ ယုတ်ညံ့တဲ့ လူဖြစ်တာကြောင့်၊ သူ့တူမကို ဂုတ်သွေးစုပ်ကာ ကိုယ်ကျင့်သိက္ခာမရှိတဲ့အရာတွေများစွာလုပ်တဲ့အတွက်နဲ့ သူ့ကို တစ်ရွာလုံးကမကောင်းသည့်ကောင်ဟု နောက်ကွယ်တွင်ဆိုကြသည်။ အနာဂတ်မှာ သူကောင်းကောင်း အဆုံးသတ်မှာ မဟုတ်ပေ။
ဒီကောင်တွေက ဘာသိလို့လဲ။ အခု ငါ့တူမ ရှင်သန်နေရတဲ့ ဘဝကို ကြည့်လိုက်။ ဒုက္ခတွင်းထဲမှာမဟုတ်ပဲ၊ ပျားရည်အိုးထဲမှာ နေနေရတာ ရှင်းနေတာပဲ။
လီအိုက်ဖုန်းက လင်းယောင်အကြောင်းတွေးနေပြီး၊ လင်းယောင်က သူ့အမေလို မြေခွေးမ၊ စုန်းမ၊ ဖြားယောင်းတတ်တဲ့မိန်းမ စတဲ့ ညစ်ညမ်းတဲ့စကားလုံးတွေကို ဆက်တိုက် ရေရွတ်နေသည်။ ဒီလိုပါပဲ၊ သူမလဲ ယောကျ်ားတွေကို ဘယ်လိုဖြားယောင်းရမလဲဆိုတာ သိသည်။ သူမသာသိခဲ့လျှင် လင်းယောင်ကို အပေါင်အနှံအနေနှင့်ပြည့်တန်ဆာအိမ်မှာ ရောင်းစားခဲ့မည်ပင်။
ဘာကိစ္စပဲရှိရှိ၊ လင်းယောင်က လင်းမိသားစုဝင်ဖြစ်နေတုန်းပင်။ လီအိုက်ဖုန်းက လင်းမိသားစုရဲ့ ဘိုးဘေးတွေကိုတောင် ဆူပူနေသေးသည်။ လင်းတာ့ကော်က စိတ်တိုလာပြီး သူ့ရဲ့လက်ဝါးကိုမြှောက်ကာ ပါးစပ်ပိတ်ရင်ပိတ်၊ မပိတ်ရင် သူမကို ရိုက်မည်ဟု ပြောလိုက်သည်။
လီအိုက်ဖုန်းက သူမရဲ့ ပါးစပ်ကိုဒေါသတကြီး ပိတ်လိုက်ကာ လုံးဝ စကားမပြောရဲတော့ပေ။ ပြောရရင်၊ သူမက လင်းယောင်ကို သဘောမကျပါ။ သူမရဲ့ ဘဝကောင်းမဟုတ်ပဲ၊ တစ်ခြားအကြောင်းပြချက် ရှိနေပါသေးသည်။
အောင်သွယ်တော်က လီမိသားစုနဲ့ လက်ထပ်ကြောင်းလမ်းဖို့ လုပ်ခဲ့တဲ့အချိန်မှာ လီအိုက်ဖုန်းက လင်းယောင်ရဲ့ အဖေ လင်းဝေကော်ကို ချစ်မိသွားခဲ့သည်။ ဒါပေမယ့် လင်းဝေကော်က သူမကို မကြိုက်တာကြောင့် လီအိုက်ဖုန်းကို ဖယ်ထုတ်ကာ လင်းယောင်ရဲ့ အမေကိုသာ လက်ထပ်ယူခဲ့သည်။
လီအိုက်ဖုန်းက ဒီအကြောင်းအရာကို မမေ့ပစ်နိုင်သေးတာကြောင့်၊ စိတ်တိုတိုနဲ့ အသုံးမကျတဲ့ လင်းတာ့ကော်ကို လက်ထပ်ခဲ့သည်။
တစ်ခြားဘာအတွက်ကြောင့်မှ မဟုတ်ပဲ လင်းဝေကော်ကို နောင်တရအောင်လုပ်ဖို့သာ ဖြစ်ခဲ့သည်။
ရလဒ်အနေနဲ့ လင်းဝေကော်က နောင်တမရရုံတင်မဟုတ်ပဲ၊ အဲ့ဒီကောင်မနဲ့ လိုက်ဖက်ညီပြီး လှပတဲ့ဘဝမှာ နေထိုင်နေရသည်၊ ဒါပေမယ့် သူမရဲ့ဘဝကတော့ ဖော်ပြဖို့တောင် ခက်ခဲနေခဲ့သည်။
နောက်ပိုင်းမှာ လင်းဝေကော်နဲ့ သူ့ရဲ့ဇနီးတို့ အနောက်ပိုင်းကို ပြန်လာခဲ့သည်။ အဲ့ဒီအချိန်တုန်းက လင်းယောင်က ရှက်တတ်တဲ့ကလေးမလေးဖြစ်ခဲ့ပြီးတော့ လင်းမိသားစုအိမ်မှာ တစ်နေ့လုံး အသံတောင် မထွက်ခဲ့ပါ။ အိမ်ထဲမှာ အလုပ်လုပ်ဖို့နဲ့ ပုန်းဖို့ သူမက ခေါင်းကိုတောင် ငုံ့ထားခဲ့သည်။ လီအိုက်ဖုန်းက ဘာမှလုပ်စရာမရှိခဲ့ပါ။
သူမရဲ့ဒေါသကြီးမှုကြောင့်၊ သူက ရိုက်နှက်ကာ ဆူပူနေခဲ့သည်။ ကလေးမလေးက ဒဏ်ရာပေါ် ဒဏ်ရာထပ်ကာ အပြင်မှာ စကားမပြောရဲတော့ပေ၊ ဒါကြောင့် အခန်းထဲမှာပဲ သူမ ခိုးငိုလေ့ရှိသည်။
အဲ့အချိန်တုန်းက၊ ဘဝကြီးဟာ စိတ်လှုပ်ရှားဖို့ကောင်းခဲ့သည်။ လီအိုက်ဖုန်းက သူမရဲ့ အိပ်မက်တွေကနေ အပြုံးနဲ့ နိုးထနိုင်ခဲ့သည်။ အခုတော့ ဘာတွေဖြစ်ကုန်တာလဲ။
လီအိုက်ဖုန်းက သူမရဲ့ သွားတွေနဲ့ အံကြိတ်ထားပြီး လင်းတာ့ကော်နဲ့ ဆွေးနွေးဖို့ သူမရဲ့ အသံကို နှိမ့်ထားခဲ့သည်။ " ဟုန်နက ပြောတယ်၊ အဲ့ကောင်မစုတ်လေးက အုတ်ဂျုံနို့၊ သကြားညိုနဲ့ ကြက်ဥတွေကို နေ့တိုင်း စားရတယ်။ သူ့အမျိုးသားက ပြည်သူ့လုံခြုံရေးဌာနရဲ့ လက်ထောက်ဒါရိုက်တာဖြစ်ပြီး သူ့ကို အလုပ်ခိုင်းတဲ့ လူက အလုပ်ခန့်အပ်ထားခြင်းမရှိဘူးတဲ့။ ကြီးကြီးငယ်ငယ်၊ သူမရဲ့လက်ထဲမှာ ကောင်းတာတွေ ကိုင်ထားဖို့ အသုံးမဝင်ဘူး။ ကျွန်မတို့က လင်းယောင်ရဲ့ အကြီးအကဲတွေ၊ ပြီးတော့ ငါတို့ သူမကို သားသမီးအနေနဲ့ နေခိုင်းလို့ရတယ်။ "
မွေးကတည်းက ငကြောက်ဖြစ်နေတဲ့ လင်းတာ့ကော်ကတော့ တွန့်ဆုတ်နေတုန်းပင်။
ကုမိသားစုကြီးက မဆိုစလောက်နဲ့ သွားထိရမယ့်သူတွေမဟုတ်ဘူး။ သူတို့သာသိသွားခဲ့ရင်တော့.....
လီအိုက်ဖုန်းက သူ့ကို အချိန်တိုင်း အဲ့လိုမြင်နေရတာကို သည်းမခံနိုင်တော့တာကြောင့်၊ အမြန်ပြေးသွားပြီး ဆဲလိုက်သည်။ " ရှင့်ကိုယ်ရှင် ကြည့်လိုက်စမ်း၊ ရှင်က ဝက်ဝံတစ်ကောင်လိုပဲ။ လင်းယောင်က ရှင့်ရဲ့ တူမပဲ၊ ရှင့်ရဲ့ ပုခုံးတွေ၊ လက်တွေကို ရှင်မသယ်နိုင်ဘူးလား။ ရှင်က လူကြီးပါ။ အဲ့ကောင်မစုတ်လေး မြင်သွားရင်တောင်၊ သူမရဲ့ မျက်နှာကို ရိုက်လိုက်ပေါ့၊ ဘာဖြစ်လဲ။ "
လင်းတာ့ကော်ရဲ့ မျက်နှာကို လီအိုက်ဖုန်းတံတွေးနဲ့ ပစင်သွားသည်။ သူ့ရဲ့ မျက်လုံးတွေ ကြောက်စရာကောင်းလာပြီး " ဟုတ်ပြီ၊ ငါ မင်းပြောတဲ့အတိုင်းလုပ်မယ်။ "
ထိုအခါမှသာ လီအိုက်ဖုန်းရဲ့ မျက်နှာကြည်လင်လာသည်။ သူမက လင်းယောင်ဆီက ယွမ်ငါးရာ ငွေညှစ်မည်ဟု စဉ်းစားထားသည်။ တစ်ဝက်က ဟုန်ဝူရဲ့ လောင်းကစားအကြွေးတွေ ပေးရန်ဖြစ်ပြီး ကျန်တစ်ဝက်က သူမအတွက် သိမ်းထားရန်ဖြစ်သည်။
အခုခေတ်မှာ၊ သားရေဖိနပ်ကို မြို့ထဲမှာ ဖက်ရှင်ကျကျ ဝတ်ဆင်လာကြသည်။ ဖိနပ်တစ်ရံကို ငါးယွမ်ကျသည်။
သူမရဲ့ လက်ထဲမှာ ပိုက်ဆံသာရှိပြီး ဖိနပ်တစ်ရံ မပိုင်ဆိုင်ပါ။ သူမ ကြွားဖို့ ထွက်သွားခဲ့သည်။ စကားမစပ်၊ ရွာထဲက အတင်းပြောတဲ့ မိန်းကလေးသုံးတဲ့ စန္ဒပန်းခေါင်းစွပ်က အရမ်းလှတာကြောင့် သူမလည်းဝယ်ဝတ်မည်။ ပြီးတော့ အချိန်ကျရင်၊ သူမရဲ့ မိသားစုကို ထောက်ပံ့ဖို့ ယွမ်နှစ်ဆယ် သုံးမည်။
ကောင်မစုတ်လေး လင်းယောင် ပိုက်ဆံမပေးရင်၊ သူမရဲ့ တူလေးကို ကောင်မစုတ်(လင်းယောင်)ကို ဖျက်ဆီးခိုင်းလိုက်မည်။ ကုမိသားစုက လင်းယောင်ကို သဘောကျတယ်ဆိုရင်တောင်၊ တစ်ခြားသူတွေ ဖျက်ဆီးထားတဲ့ ဖိနပ်အပျက်တစ်ရံကို ဘယ်သူကမှ မလိုချင်မှာမဟုတ်ပေ။
နနက ကုမိသားစုနဲ့ လက်ထပ်လို့ ရကောင်းရနိုင်ရင်၊ သူမက လက်ထောက်ဒါရိုက်တာရဲ့ ယောက္ခမ ဖြစ်လာမည် မဟုတ်ပါလား။
လင်းယောင် အတွက်ကတော့၊ သူမရဲ့ တူနဲ့ လက်ထပ်ရင်း လီမိသားစုရဲ့ မိသားစုမျိုးရိုး ပြဿနာအဆက်ဆက်ကို ဖြေရှင်းဖို့ အာရုံစိုက်ပေးနိုင်ပါသည်။
လီအိုက်ဖုန်းရဲ့ မိသားစုက အလွန်ဆင်းရဲသည်။ ပြီးတော့ တစ်မိသားစုလုံးက ပျင်းကြသည်။ လောဘကြီးကြပြီး အလုပ်မလုပ်ချင်ကြပေ။ သူမရဲ့ တူမှာ သမင်ခေါင်းနဲ့ ကြွက်မျက်လုံးတွေရှိပြီး အဲ့ဒီမိသားစုက ဘယ်မိန်းကလေးကမှ သူ့ကို လက်ထပ်မည်မဟုတ်ပါ။
နန မှန်ပါသည်။ ဒီအချိန်မှာ လင်းယောင်က အချိန်ကောင်းမှာ နေဖို့ မထိုက်တန်ပေ။ သူမရဲ့ တူကို လက်ထပ်တာကမှ အဲ့ဒီကောင်မစုတ်အတွက် အကျိုးရှိလိမ့်မည်။
လီအိုက်ဖုန်းက ဒါကို တွေးရင်း စိတ်နှလုံးတင်းကြပ်နေတာက ပြေလျော့သွားခဲ့သည်။ ကုရှီတုန်းက အိမ်ကို ပြေးသွားနှင့်ပြီဆိုတာကို သူမ မသိခဲ့ပါ။
ကုရှီတုန်းက အော်ကာ သူ့အိမ်ကို ကျားတစ်ကောင်လို သူ့ရဲ့ခွန်အားတွေ အကုန်သုံးပြီး ပြေးသွားခဲ့သည်။
သူနဲ့ သူ့မရီး ကျောက်မီးသွေးကောက်ဖို့ အပြင်ထွက်တဲ့အချိန် တစ်ယောက်ယောက် နောက်ကနေလိုက်နေတယ်လို့ ခံစားရတာ အံ့ဩစရာ မရှိတော့ပေ။
လက်စသတ်တော့ လင်းတာ့ကော်မှာ လိပ်ဥ ၂ လုံးရှိနေတာကိုး!
သူတို့ မရီးဆီကိုလဲ အန္တရာယ်ပေးပြီး ငွေညှစ်ချင်သေးသည်။ သူတို့ အိမ်ကိုသွားပြီး သူတို့ရဲ့ အစ်ကိုကြီးကို ဒီလူယုတ်မာနှစ်ယောက်အား ဖမ်းပြီး ထောင်ချရန် ပြောရမည်!
*
ခြံဝင်းထဲမှာ၊ လင်းယောင်က ခူးထားတဲ့ ခရမ်းချဉ်သီးတွေကို ရေဆေးပြီး ခြင်းတစ်ခုထဲကိုထည့်ကာ ရေစစ်ထားခဲ့သည်။ နေ့လည်ခင်းမှာ၊ အစ်မချွင်မေကို ခဏလောက်ခေါ်ပြီးနောက်၊ သူမက ခရမ်းချဉ်သီးတွေကို လှီးကာ ခရမ်းချဉ်သီးအနှစ် ပြုလုပ်ခဲ့သည်။
မနေ့က အထည်ချုပ်စက်ရုံကနေ သတင်းကောင်းတစ်ခု ကြားခဲ့ရသည်။ လင်းယောင်က စာမေးပွဲကို အကောင်းဆုံးအောင်မြင်ခဲ့ကာ ကျိုးရှောင်ရွှယ်ရယ် တစ်ခြား မိန်းကလေးတစ်ယောက်ရယ်နဲ့ အတူ အထည်ချုပ်စက်ရုံကို ဝင်ခွင့်ရခဲ့သည်။
ဒီအချိန်မှာ၊ အထည်ချုပ်စက်ရုံက အလုပ်သမား စုဆောင်းနေသည်။ အထည်ချုပ်စက်ရုံရဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနမှာ နေရာနှစ်နေရာရှိသည်၊ ပြီးတော့ စာရင်းကိုင်ဌာန မှာလဲ ငွေကိုင်တစ်ယောက် လိုအပ်နေသည်။
အထည်ချုပ်စက်ရုံ ခေါင်းဆောင်က လင်းယောင်နဲ့ ကျိုးရှောင်ရွှယ်ကို ထောက်ပံ့ပို့ဆောင်ရေးဌာနကို သွားစေချင်ပြီး အခြားမိန်းကလေးကို စာရင်းကိုင်ဌာနသို့ ပို့ချင်သည်။
အဲ့ဒီ မိန်းကလေးရဲ့ အမေက စာရင်းကိုင်ဟောင်းတစ်ယောက်ဖြစ်သည်ဟု ကြားရသည်။
မိန်းကလေးက ပေသီးတွက်တတ်ပြီး စာရင်းကိုင်လုပ်တတ်သည်။ သူမက စာရင်းကိုင်ဌာနမှာ အလုပ်ဝင်ဖို့ လင်းယောင်နဲ့ တစ်ခြားသူတွေထက် ပိုပြီး သင့်တော်သည်။
ကျန်းဆွေ့လန်နဲ့ သူမရဲ့ အမျိုးသားတို့ သတင်းကောင်းကို သိသွားတဲ့အခါမှာ၊ သူတို့နှုတ်ခမ်းတွေပေါ်က အပြုံးကို မဖျောက်နိုင်ခဲ့ကြပေ။ ကောင်စုတ်လေးသုန်ဇီက အဝေးကို အကြာကြီး ထွက်လည်နေတာတောင် မကျိန်ဆဲခဲ့ပေ။
မကျိန်ဆဲခဲ့ရုံသာမက လက်ထောက်ဒါရိုက်တာကု အိမ်ပြန်လာတဲ့အချိန်မှာလဲ၊ ပထမဆုံးအနေနဲ့ သူ့အမေဆီက အပြုံးလေးကို မြင်လိုက်ရပါသည်။
" အိုး၊ ငါတို့ သားကြီး ပြန်လာပြီလား။ "
ကုရှီအန်းကတော့ အရင်ကလိုပဲ မျက်နှာတည်ကြီးဖြင့်သာ ရှိနေသည်။
သူ့ရဲ့ အမေက သူ့ကို မဆူပဲ၊ အိမ်ထဲကိုတောင်ကိုယ်တိုင် လိုက်ပို့သည်။
" ယောင်ယောင်က အိမ်ထဲမှာ။ မနက်တုန်းက ခရမ်းချဉ်သီးတွေ တစ်ခြင်းလုံးခူးထားလို့ ပင်ပန်းနေရှာတယ်။ အိမ်ကိုပြန်သွားပြီး ယောင်ယောင်ကို နေရ သက်သာအောင် ပုခုံးလေးတွေ နှိပ်ပေးလိုက်ပါဦး။ "
ကုရှီအန်းက သဘာဝကျကျ ခေါင်းငြိမ့်ခဲ့သည်။ ဘာပဲဖြစ်ဖြစ်၊ အိမ်မှာ၊ ကလေးမလေးရဲ့ ကျောကို နှိပ်ပေးခဲ့ပြီး သူမရဲ့ ခြေထောက်လေးတွေကို ဆေးပေးခဲ့သည်။
လင်းယောင်က အခန်းထဲမှာ ရှိနေပြီး အိပ်ယာပေါ်မှာ စာအုပ်ဖတ်နေသည်။ ကုရှီအန်းက ဖရဲသီးတစ်ပန်းကန်စာ လှီးလာခဲ့ပြီး သူမကို တစ်လုပ်ပြီးတစ်လုပ် ခွံ့ကျွေးခဲ့သည်။
သုန်ဇီရောက်လာတဲ့အခါ၊ လင်းယောင်က လက်ထောက်ဒါရိုက်တာကုရဲ့ လက်မောင်းကို မှီကာ သက်တောင့်သက်သာရှိနေပါသည်။